Padamyar FM

ဒီနေ့အတွက်စကား

နေ့စဉ်ဘဝအတွက် စိတ်ခွန်အားပေးမည့် စကားလုံးများနှင့် အတွေးအမြင်များ။

Koniecznie odwiedź stronę podcastu i wesprzyj twórcę: padamyarfm.com.mm

Autor

Padamyar FM

Kategoria

Education

Strona podcastu

padamyarfm.com.mm

Ostatni odcinek

5 paź 2026

Gdzie słuchać?

Podcasty w aplikacji Replaio Radio Już wkrótce

Podcasty trafią do aplikacji już wkrótce. Zainstaluj teraz i jako pierwszy zobacz nowe podejście do podcastów

Pobierz z Google Play Zainstaluj za darmo Android prawie 10 mln pobrań · ocena 4,8 iOS niedługo

Odcinki

To be a successful young person, the first thing you need to change is yourself.          20.03.2026

ငယ်ငယ်ရွယ်ရွယ်နဲ့ လမ်းကြောင်းတစ်ခု ပေါ်ရောက်ပြီးအောင်မြင်နေကြသူတွေကို ကြည့်ရင် အားကျစရာပါပဲ။ ဒီလို အောင်မြင်တဲ့ လူငယ်တစ်ယောက် ဖြစ်ဖို့ အရင်ဆုံး ပြောင်းလဲရမှာကတော့ သင်ကိုယ်တိုင်ပါ။ လူငယ်ဘဝမှာ တန်ဖိုးရှိတဲ့အချိန်တွေကို ဖြုန်းတီး မပစ်ပဲ ခိုင်မာပြတ်သားတဲ့ ရည်မှန်းချက် ၊ မဆုတ်မနစ်တဲ့ကြိုးစားအားထုတ်မှုတွေနဲ့ အောင်မြင်မှုလမ်းကြောင်း ပေါ်ရောက်အောင် ဆွဲခေါ်ရမှာသင်ကိုယ်တိုင်ပဲ ဖြစ်ပါတယ်။  အောင်မြင်ချင်ရင် န...

You need to live your life in your own way and on your own terms. 19.03.2026

ကိုယ် ပြောင်းလဲချင်တဲ့အရာ (သို့) လိုချင်တဲ့အရွေ့တစ်ခုကို အကောင်အထည်ဖော်တဲ့နေရာမှာ Patience(စိတ်ရှည်မှု)၊ Consistency(တစိုက်မတ်မတ်လုပ်ဆောင်မှု) နဲ့ Practice (လေ့ကျင့်မှု)တို့ လိုအပ်ပါတယ်။ ကျွန်တော်တို့ဟာ များသောအားဖြင့် သူစိမ်းတရံတွေနဲ့ဆိုရင်ကိုယ့်ရဲ့ Boundary သတ်သတ်မှတ်မှတ် ထားနိုင်ပေမယ့်ကိုယ်ချစ်ခင်တန်ဖိုးထားရတဲ့ မိသားစုဝင်တွေနဲ့ ဆိုရင်တော့ Boundary ထားဖို့ အခက်အခဲရှိပါတယ်။ကိုယ်က ထားလို့မရတာရော၊...

Live as you truly feel. 18.03.2026

ခံစားမှုအစစ်အမှန်အတိုင်း ရှင်သန်ပါ။ People Pleasing ဆိုကတည်းက ကိုယ့်လိုအင်၊ ကိုယ့်ခံစားချက်၊ ကိုယ်ဖြစ်ချင်တဲ့ဆန္ဒတွေကိုစတေးပြီး အများအကြိုက် လိုက်လျောဦးစားပေးတတ်တာမျိုးပေါ့။ သူကြိုက်သလို နေလိုက်မယ်၊သူဖြစ်စေချင်သလို ဖြစ်ပေးလိုက် မယ်၊ သူပြောသလို လက်ခံလိုက်မယ်၊ သူတောင်းဆိုသလိုလိုက်လျောလိုက်မယ် စသဖြင့် ကိုယ့်ရဲ့ ခံစားချက် “အစစ်အမှန်” တွေကို ဖိနှိပ်ထားပြီး တစ်ဖက် ကျေနပ်အောင်အမြဲခေါင်းငြိမ့်နေတာမျိုးပါ။...

Do The Job Professionally. Be Open And Honest. 17.03.2026

လုပ်ငန်းခွင်မှာ အလုပ်တာဝန်ပြီးမြောက်အောင်လုပ်ဆောင်ချင်တယ်ဆိုရင်တော့ နိုး လို့ ငြင်းရမှာ အားမနာပါနဲ့။ လူတစ်ယောက်မှာခံနိုင်ရည်ဆိုတာ အတိုင်းအတာတစ်ခုအထိပဲရှိပါတယ်။ ကိုယ့်ရဲ့ အလုပ်တာဝန်မဟုတ်ဘဲ အပို တာဝန်တွေပေးအပ်လာတဲ့အခါမှာ ကိုယ် လုပ်နိုင်တယ်ဆိုမှ လက်ခံပါ။ ငြင်းရမှာ အားနာတဲ့အခါ ကျွန်တော်တို့ရဲ့အားလပ်ချိန်တွေ၊ နားချိန်တွေ ကုန်ဆုံးသွားပါလိမ့်မယ်။ ဥပမာ ဆိုကြပါစို့။ ကျွန်တော်တို့နေ့လည်စာ စားချိန်မှာ မီတင်တ...

Always Keep Work And Personal Life Separated. 16.03.2026

လုပ်ငန်းခွင်မှာ အလုပ်လုပ်ကိုင်တဲ့အခါအရေးအကြီးဆုံး အချက်ကတော့ အလုပ် နဲ့ ကိုယ်ရေး ကိုယ်တာ ခွဲခြားထား ခြင်းပဲဖြစ်ပါတယ်။အလုပ် နဲ့ ကိုယ်ရေး ကိုယ်တာကို မခွဲခြားထားတဲ့အခါ ခံစားရမယ့် အကျိုးအပြစ်များကဘာတွေ ဖြစ်မလဲဆိုတာ သိပါသလား။                                                                                                      စိတ်ဖိစီးမှုများလာခြင်း၊ မိမိရဲ့ စွမ်းဆောင်ရည်ကျလာခြင်း၊ အလုပ် မနိုင်ဝန်များ ထမ...

Behind Every Success, There Are Many Things That Pay Off. 15.03.2026

ယနေ့မှာ အောင်မြင်နေသူတွေကို ကြည့်လိုက်ပါ။အကုန်လုံးက နေ့ချင်းညချင်း လွယ်လွယ်ကူကူ အောင်မြင်လာကြ တာမဟုတ်ပါဘူး။ သူတို့ရဲ့အောင်မြင်မှုနောက်ကွယ်မှာ ပေးဆပ်ခဲ့ရတဲ့ အရာတွေ ရှိပါတယ်။ လူတိုင်းက အောင်မြင် တိုးတက်ချင်တယ်ဆိုတာအသေအချာပါပဲ။ ဒါပေမယ့် လူတိုင်းက အောင်မြင်နေတာ မဟုတ်တာကို တွေ့ရမှာပါ။ ကျွန်တော်တို့အနေနဲ့သတ်မှတ်ထားတဲ့ ပန်းတိုင်တွေ၊ အောင်မြင်မှုတွေ ရယူပိုင်ဆိုင်ချင်တယ်ဆိုရင်အောင်မြင်ဖို့ဆို ရင် မှန်ကန်သေ...

Self-Discipline Can Lead To Success In Life. 14.03.2026

Self-Discipline လို့ သုံးနှုန်းကြတဲ့ မိမိကိုယ်ကိုစည်ကမ်းရှိခြင်းက လူတိုင်းအတွက် လိုအပ်တဲ့ အရာတစ်ခုဖြစ်ပါတယ်။မိမိကိုယ်ကိုယ်စည်းကမ်းရှိခြင်းဆိုတာ ကဏ္ဍအလိုက် အဓိပ္ပါယ်အမျိုးမျိုးသတ်မှတ်နိုင်သော်လည်း ယေဘုယျ အားဖြင့် တော့ မိမိရဲ့ အတွေးအခေါ်၊ အပြုအမူနဲ့ကိုယ့်ရဲ့ ခံစားချက်များကို ကိုယ်တိုင်ထိန်းချုပ်နိုင်တဲ့ စွမ်းရည်တစ်ခုပဲ ဖြစ်ပါ တယ်။ကိုယ်လုပ်ချင်တဲ့ အရာတွေထက် ကိုယ်လုပ်သင့်တဲ့အရာ၊ မှန်ကန်တဲ့ လမ်းကြောင်း...

You Can Never Get Ahead Of Others Just By Sitting. 13.03.2026

အခုလက်ရှိမှာ မိမိအမှန်တကယ်လိုချင်တဲ့နေရာကို ရောက်ရှိနေပါသလား။ ကြိုးစားအားထုတ်မှုတွေ၊ အချိန်ကို ကောင်း ကောင်းအသုံးချမှုပေါ်မူတည်ပြီး လူတွေရဲ့ဘဝအခြေအနေတွေက ကွာခြားသွားပါတယ်။ လူတိုင်းတိုးတက်အောင်မြင် တဲ့သူ ဖြစ်ချင်ကြတာချည်းပါပဲ။ ဘယ်လောက်ပဲအောင်မြင်တိုးတတ်ချင်ပါတယ်ပြောပြော လက်တွေ့ ကြိုးစားအား ထုတ်မှု မရှိဘဲထိုင်နေရင်တော့ ဘယ်တော့မှ ရှေ့ကိုရောက်ပြီး အောင်မြင်နိုင်မှာ မဟုတ်ပါဘူး။   ကမ္ဘာပေါ်မှာ လူတိုင်းအ...

Living better in the present than in the past or future can help you avoid regrets and 12.03.2026

လူတော်တော်များများဟာ What If ဆိုတဲ့စကားလုံးကိုကိုယ့်ဘဝရဲ့ အတိတ်နဲ့အနာဂတ်အပေါ်မှာ သုံးလေ့ရှိတတ်ကြတယ်။ အကယ်၍များစောစောသာ လုပ်ခဲ့မိရင် အကယ်၍များ ပိုပြီး ဂရုစိုက်ခဲ့မိရင် အကယ်၍များအချိန်များများသာ ရခဲ့လိုက် ရင် ဒါတွေဟာ အချိန်လွန်နောင်တတွေ၊ အားမရမှု တွေနဲ့အတူပြန်လည်ပြင်ဆင်ခွင့်မရှိတော့တဲ့အရာတွေအပေါ် မျှော် လင့်တောင့်တမိတတ်တဲ့စကားလုံးတွေပေါ့။ ဒီလိုပဲ ဖြစ်မလာသေးတဲ့ အနာဂတ်အပေါ်ဆိုရင်လည်းအကယ်၍များ အဆိုး တွ...

Accept that you cannot change. Accept that you cannot control. Accept the reality of the situation. 11.03.2026

ပြောင်းလဲလို့မရတာကို လက်ခံလိုက်ပါ။ ထိန်းချုပ်လို့မရတာကိုလက်ခံလိုက်ပါ။ အခြေအနေအမှန်ကို လက်ခံလိုက် ပါ။ လက်ခံလိုက်ပါ ဆိုတဲ့ စကားလေးကသာလွယ်ကူရိုးရှင်းပြီး အကောင်းဆုံးအဖြေတွေဆီ ခေါ်ဆောင် သွားနိုင်တာ မှန်ပေမယ့်လည်းတကယ့်တကယ် ကိုယ်တိုင်ကိုယ်ကျ ပါဝင်ပတ်သက်နေတဲ့ အခြေ အနေတွေအပေါ် လက်ခံနိုင်ဖို့ ဆိုရာမှာတော့ဖြတ်သန်းရတဲ့လူအတွက် ခက်ခဲလွန်း လှပါတယ်။                                           အန္တရာယ်တွေကြုံလာရင်တ...

If you have an idea, don't be afraid to take risks. 10.03.2026

စွန့်ဦးတီထွင်နဲ့ အိုင်ဒီယာ ဘယ်လိုမျိုးဆက်စပ်နေလဲ? ရှုထောင့်တစ်ခုကကြည့်ရင် စွန့်ဦးတီထွင်တွေအတွက်တော့ အိုင်ဒီယာကအရာရာလို့ ပြောလို့ရပါတယ်။ စွန့်ဦးတီထွင်ဆိုတာ စွန့်စားမှုတွေ ပြုလုပ်ပြီးကိုယ့်ရဲ့ ကိုယ်ပိုင်လုပ်ငန်း ကို စတင်ရတာပါပဲ။ကိုယ်တိုင်က ဦးဆောင်ရပြီး ကိုယ့်ရဲ့ကိုယ်ပိုင် ဆုံးဖြတ်ချက်တွေကို ကိုယ်တိုင်ပြုလုပ်ရတာမျိုး ပါပဲ။ အလုပ်တွေကိုကြိုးစားလုပ်ပြီး ဘယ်တော့မှ အရှုံးမပေးဖို့ လိုအပ်တဲ့ အရာမျိုး ဖြစ်ပါ...

Achieve Daily Success By Integration. 09.03.2026

အရာအားလုံးကဆက်စပ်နေကြတယ်၊ပစ္စည်းတစ်ခုထုတ်လုပ်ဖို့ အစအဆုံးဆိုရင် လေ့လာထားတဲ့ဘာသာရပ်တွေပေါင်းစပ် ထားကြ တယ်၊ဥပမာ ကုန်ပစ္စည်းတစ်ခုထုတ်ကြမယ်ဆိုပါစို့။ စက်ရုံတွေမှာ နယ်ပယ်စုံကကျွမ်းကျင်သူတွေကိုခေါ်ထည့်ထားရ တယ်မဟုတ် လား။ ဘယ်အပိုင်းက စက်ပိုင်းဆိုင်ရာကိုကြီးကြပ်၊ ဘယ်အပိုင်းက ဒီဇိုင်းအပိုင်း၊ အချိုးအစားရောထည့်ရမည့် အပိုင်းစသဖြင့်လူစုံ သက်စုံအောင်ပါပဲ။ ပေါင်းစပ်လုပ်ကိုင်ခြင်း integration ဆိုတဲ့၀ေါဟာရဟာလူတွေရ...

Register, Release and Return. 08.03.2026

စိတ်ပိုင်းဆိုင်ရာကြံ့ခိုင်မှုအတွက်ဘာတွေလုပ်ကြမလဲ? ရုပ်ပိုင်းဆိုင်ကြံ့ခိုင်ဖို့အတွက်ဆိုရင်ကျွန်တော်တို့က Gymဆော့ကြတယ်Body Bulidingလုပ်ကြတယ် ရေကူးတာတို့ ပြေးတာတို့စသဖြင့်ပေါ့အစားသောက်နဲ့လည်းထိန်းကြတယ် ဒါပေမယ့် ရုပ်ပိုင်း ဆိုင်ရာ ဘယ်လောက်ကြံ့ခိုင်ကြံ့ခိုင် စိတ်ပိုင်းဆိုင်ရာကြံ့ခိုင်မှုမရှိရင်ခဏလေးအတောအတွင်းမှာတင်ပြိုလဲပြီး နလန်မထူနိုင်တော့အောင်ကို ဖြစ်တာပဲ။                                            ...

   The Feeling of not being Recognized Can Lead To Resentment And 07.03.2026

 ကိုယ့်ကို ဘယ်သူကမှ အသိအမှတ်မပြုဘူးလို့ ခံစားနေရပြီလား။ ကိုယ့်ကိုလေးစားအထင်ကြီးခံရဖို့ဆိုတာ ခက်ခဲသလို အချိန်​တွေနဲ့ ကိုယ်တိုင်စိုက်ထုတ်ရတဲ့ကြိုးစားမှု တွေ များစွာလိုအပ်ပါ တယ်။ အဲ့တာ​​တွေကို လူ​တွေက သတိမထားမိတဲ့အခါ၊သတိမပြုမိတဲ့ အခါတွေမှာ​တော့ ကိုယ့်ကိုအသိအမှတ်မပြုကြသလို၊ တန်ဖိုးမထားကြသလိုခံစားရနိုင်ပါတယ်။ ကိုယ့်ကို အသိ အမှတ်ပြုမခံရဘူး ဆိုတဲ့ခံစားချက်က မ​ကျေမချမ်းမှုresentment နဲ့ ​ဒေါသ​တွေကိုဖြစ်လာ...

Don't do it later so you don't regret it. 20.02.2026

ဘ၀မှာ အရွယ် (၃)ပါးရှိတဲ့အလျောက်ဘယ်အရွယ်အပိုင်းအခြားမှာ ဘာတွေလုပ်နေသင့်သလဲဆိုတာလေးတွေရှိပါတယ်။ ဒီ တော့ရရှိထားတဲ့ ဘ၀ရဲ့ အချိန်တွေကို ပြည့်၀စွာ ခံစားစံစားဖို့လုပ်သင့်လုပ်ထိုက်တာတွေကို လုပ်ကြပါလို့ ဆိုချင်ပါတယ်။ နောင်တမရဖို့နောင်ကျမှမလုပ်ပါနဲ့။                                                                                                                                         ကိုယ့်အတွေးထဲမှာရှိနေတဲ...

It took five years for the bamboo to take root underground so that it could see the view from the height of eighty feet 19.02.2026

တာထွက်မှာတင် အပြစ်ကင်းချင်ရင် ရှေ့မရောက်တတ်ဘူး။ ဘယ်အလုပ်မဆိုအစပိုင်းမှာ အမြဲခက်လေ့ရှိတယ်။ ဒါကြောင့် ရှေ့ ရောက်ချင်ရင် တာထွက်မှာအပြစ်ကင်းစရာမလိုဘူး။ အလုပ်စစဝင်ချင်းမှာ အမှားကင်းဖို့ လိုချင်မှ လိုချင်မယ်။ ဝလုံးစစရေးချင်းမှာ မဝိုင်းတာ အပြစ်ဖြစ်ချင်မှ ဖြစ်မယ်။အပြောင်းအလဲ စစလုပ်ချင်းမှာရလဒ်မတွေ့ရဖို့ သေချာသလောက်ရှိတယ်။ အရေးကြီးတာက ဒီနေ့လုပ်ခဲ့တဲ့ အလုပ်ကိုမနက်ဖြန်များစွာမှာ အထွန့်မတက်ဘဲ ယုံယုံကြည်ကြည်နဲ...

If you want to enjoy the outcome of your efforts, you must be persistent and diligent. 18.02.2026

လူသားတိုင်းက ဘဝမှာ အောင်မြင်မှု အနှစ်သာရကိုခံစားချင်ကြသူတွေချည်းပါပဲ။ ကြိုးစားမှုရဲ့ အသီးအပွင့်ကို ရရှိပိုင်ဆိုင် ချင် တယ်ဆိုရင်တော့မဆုတ်မနစ်တဲ့ ဇွဲနဲ့ လုံ့လ ဝီရိယ စိုက်ထုတ်တတ်ရမှာဖြစ်ပါတယ်။ ဒီလိုမှ မဟုတ်ဘဲလမ်းတစ်ဝက်မှာ အရှုံး ပေးလိုက်မယ်ဆိုရင်တော့ အရှေ့ပိုင်းမှာ ကြိုးစားထားသမျှတွေသဲထဲ ရေသွန် ဖြစ်သွားမှာ အသေအချာပါပဲ။ တကယ်အောင်မြင်ချင်တယ်ဆိုရင် “မဖြစ်ဖြစ်အောင် လုပ်မယ်ကွာ၊ ချမယ်ကွာ” ဆိုတဲ့တုံးတိုက်တ...

It's okay to be happy alone. 17.02.2026

တချို့သောလူတွေက တစ်ယောက်တည်းလည်း နေရတာ အဆင်ပြေပြီးပျော်ပေမယ့် အချို့သူတွေအတွက်တော့ တစ်ကိုယ် တည်း အဆင်ပြေဖို့ ပျော်ဖို့ကစိန်ခေါ်မှုတစ်ခုပါ။ ချစ်ခင်ရသူတွေရဲ့ အနားမှာရှိပြီး ဘဝကို အတူတူဖြတ်သန်းရခြင်းကအမှန်တကယ်ကို ပျော်ရွှင်မှု တစ်ခုပါ။ ဒါပေမယ့် အကြောင်းအမျိုးမျိုးကြောင့်သော်လည်းကောင်း၊ကိုယ်တိုင်ရွေးချယ်မှုကြောင့် သော်လည်းကောင်း တစ်ကိုယ်တော် ဖြတ်သန်းဖို့ဆုံးဖြတ်တဲ့အခါမှာ ဘာမှမစိုးရိမ်ပါနဲ့။ လုပ်ဆောင်ရ...

Uncertainty is the only certainty there is, and knowing how to live with insecurity is the only security. 16.02.2026

ထိန်းချုပ်လို့ရတဲ့အရာတွေပေါ်မှာပဲအာရုံစိုက်ပါ။စိတ်တွေမပျော်ရတဲ့အချက်တစ်ခုက ကျွန်တော်တို့ ရဲ့ထိန်းချုပ်မှု အောက်မှာမရှိနေတဲ့အရာတွေကို သွားပြီး ထိန်းချုပ်ချင်ကြတဲ့ အကျင့်တွေကြောင့်ဖြစ်ပါတယ်။အဓိကတော့ ကိုယ်ဖြစ်စေချင်သလို မဖြစ် လာတဲ့အခါ စိတ်ထဲမချမ်းမကျေ ဖြစ်ကြတယ်။ မဖြစ်လာမဲ့အရာတွေကိုတွေးပူပြီး ကြောက်ရွံ့နေခြင်း။ ကျွန်တော်တို့ယာဥ်တွေစီးပြီး ခရီးသွားကြ တဲ့အခါ ကြုံရတဲ့အချက်လေး တွေရှိတယ်။ အဲ့ဒါက လေယာဥ်၊ကား...

Blame is a main source of problems that can grow. 15.02.2026

 ကျွန်တော်တို့ လုပ်ငန်းခွင်မှာပဲဖြစ်စေ ၊ ပတ်ဝန်းကျင်မှာပဲဖြစ်စေတအားကို အပြစ်တင်တတ်တဲ့သူတွေကို ကြုံတွေ့ခဲ့ရဖူးပါလိမ့် မယ်။ ရံဖန်ရံခါမှာကိုယ့်ဘာသာတောင် မသိပဲနဲ့ ကိုယ်ဟာ ဒီလူတွေထဲမှာ ပါဝင်သွားတတ်ပါတယ်။ အခုလိုမျိုးအခက်အခဲတွေ စိတ်ဖိဆီးစရာတွေများပြားလာတဲ့အချိန် ၊ အခြေအနေ အရပ်ရပ်က ခက်ခဲတဲ့အချိန်၊ ကိုယ့်အတွက် ဖိအားတွေများလာတဲ့အချိန် တွေမှာ လူတွေဟာ အလွယ်တကူ အပြစ်တတ်ကြပါတယ်။ဒီလိုအပြစ်တင်လိုက်ခြင်းအားဖြင့် က...

It doesn't matter how someone treats you. The important thing is not to accept it. 14.02.2026

တစ်စုံတစ်ယောက်ကြောင့် စိတ်ထိခိုက်နာကျင်ခံစားရဖူးပါလား။ သူတို့ရဲ့ ပြောစကား၊ လုပ်ရပ်တွေက သိမ်ငယ် အား နည်း သွားစေပါသလား။ ဒီလို မဖြစ်အောင် ဘယ်လိုပြောင်းလဲလို့ ရနိုင်မလဲ။ ပထမဆုံးအချက်ကကိုယ်တိုင်က ခွင့် မပြုရင် ကိုယ့်ကို ဘယ်သူကမှ ထိခိုက်ခံစားရအောင်မလုပ်နိုင်ဘူးဆိုတာပါပဲ။ ကိုယ်တိုင်က ခွင့်ပြုပေးထားမှသာ ဖြစ်နိုင် တာပါ။ ကိုယ့်အနေနဲ့ဘယ်လိုတုံ့ပြန်မလဲဆိုတာကို စိတ်တိုင်းကျ ရွေးချယ်နိုင်ပါတယ်။ ဒေါသဖြစ်မလား၊စိတ...

Treat money like a friend. 12.02.2026

အတွေးအခေါ်တွေက ဘဝအပေါ်မှာ သက်ရောက်မှုရှိတာကိုသတိထားမိပါသလား။ ခေါင်းထဲ မှာ ရှိတဲ့ တွေးခေါ် စဉ်းစားမှု တွေကငွေကြေးအခြေအနေအပါအဝင် ဘဝကို အဆုံးအဖြတ်ပေးနိုင်ပါတယ်။ ချမ်းသာချင်တယ်ဆိုရင်ငွေကြေးနဲ့ပတ်သက်တဲ့ အတွေး အခေါ်တွေကို အရင်ဆုံးသတိထားဂရုစိုက်ဖို့ လိုပါတယ်။ငွေကြေးနဲ့ပတ်သက်ပြီး မကောင်းတဲ့ အတွေးအခေါ် အယူ အဆတွေ ရှိနေမယ်ဆိုရင် အမြန်ဆုံးပြောင်းလဲပစ်ဖို့ လိုပါတယ်။  နားဆင်သူလည်း ချမ်းသာနိုင်တယ်လို့ ယုံကြည်ထား...

Hope is the belief in living life. It can be said that it is a small support that gives energy. 11.02.2026

မျှော်လင့်ချက်ဆိုတဲ့ စကားလုံးအပေါ်အဓိပ္ပာယ်ဖွင့်ရရင် အကောင်းဆုံးတွေဖြစ်လာနိုင်မယ့်အချိန်တစ်ခု (ဒါမှ မဟုတ်) ကိုယ် ဖြစ်ချင်တဲ့ဆန္ဒတစ်ခုဖြစ်မြောက်ဖို့ကို ကိုယ်တိုင်အလုပ်မလုပ်ပဲ မျှော်လင့်စောင့်ဆိုင်းနေခြင်းမျိုးလို့ မဆိုလိုချင်ပါဘူး။ ကိုယ် ဖြစ်ချင်တဲ့ ဆန္ဒလေးတစ်ခု အကောင်အထည်ဖော်နိုင်ဖို့အတွက် မျှော်လင့်ချက်ကိုဆွဲကိုင်ရင်း ကိုယ်တိုင်ကြိုးစားစွမ်းဆောင် နေခြင်းလို့ ခံယူ ထားပါတယ်။                        ...

We didn't come into this world just to work. 10.02.2026

ကျွန်တော်တို့ဟာ စိတ်ရော ၊ လူပါ မဖြစ်မနေအနားယူဖို့ လိုအပ်ပါတယ်။ ပျော်စရာအချိန်အတွက် အနားယူဖို့လိုတယ် ၊ စိတ်ကိုအနားပေးဖို့လိုပါတယ် ၊၊ ရည်မှန်းချက်ကြီးသူတွေဟာ တစ်ခုခုကို စိတ်အားထက်သန်နေတဲ့အခါအနားယူဖို့ မေ့သွား တတ်ကြ ပါတယ်။ နားလိုက်ရင် သူများထက်နောက်ကျသွားမှာ ၊ဆုံးရှုံးသွားမှာ ကြောက်ကြပါတယ် ။အလုပ်ကို မနားမနေလုပ်နေတဲ့အချိန် ၊ ထမင်းမေ့ဟင်းမေ့ ဖြစ်သွားကြပါတယ် ။ ဒါကြောင့် ကျန်းမာရေးတွေ ထိခိုက်စေတယ်။ မိသား...

Feeling inferior can be a source of strength to move forward, and it can also be that you can't get out of the deep feelings. 09.02.2026

သိမ်ငယ်စိတ်ဆိုတာ လူတိုင်းနီးပါးကြုံဖူး၊ခံစားဖူးကြတဲ့ ခံစားချက်တခုပါ။ အခြားသူများနဲ့ယှဉ်ပြီး ကိုယ့်ကိုယ်ကိုမပြည့်စုံဘူး၊ အသုံးမကျဘူး၊ ချို့ယွင်းချက်တွေရှိတယ် အစရှိသဖြင့် ခံစားရတဲ့အချိန်တွေ ရှိကောင်းရှိနိုင်ပါတယ်။ ဒါဟာ အလုပ်မှာ မိမိတို့ မျှော်လင့်ထားသလောက်ရည်မှန်းချက်ပန်းတိုင်သို့ ရောက်ရှိအောင် မစွမ်း ဆောင်နိုင်တာကြောင့်ပဲဖြစ်စေ၊စာမေးပွဲမှာ အမှတ်နည်း လို့ပဲဖြစ်စေ၊ ကိုယ်နဲ့ သက်တူရွယ်တူတွေလောက်မဖြစ်မြ...

Słuchaj podcastu ဒီနေ့အတွက်စကား w Replaio

Radio i podcasty w jednej aplikacji - za darmo, bez zakładania konta. Zainstaluj już dziś i nie przegap premiery

Pobierz z Google Play

Replaio nie jest wydawcą podcastów; nazwy audycji, okładki i audio należą do ich autorów i są rozpowszechniane przez publiczne kanały RSS