Padamyar FM
ဒီနေ့အတွက်စကား
နေ့စဉ်ဘဝအတွက် စိတ်ခွန်အားပေးမည့် စကားလုံးများနှင့် အတွေးအမြင်များ။
Be sure to visit the podcast's website and support the creator: padamyarfm.com.mm
Where to listen?
Podcasts in the app Replaio Radio Coming soonPodcasts are coming to the app soon. Install now and be the first to see a whole new take on podcasts
Episodes
We Don’t Need Other People Opinion. 21.11.2026 3:00
ကိုယ့်ကိုလူတွေဘယ်လိုမြင်စေချင်တာလဲ။ လူတွေကကိုယ့်ကိုယ်သဘောကောင်းသူလို့မြင်ကြသလား၊သဘောဆိုးသူလို့မြင်ကြ သလား။အတ္တကြီးသူလို့မြင်တတ်သလား၊ ပရစိတ်ရှိသူလို့မြင်ကြသလား။ ကိုယ့်ရဲ့အပြုအမူအပြောအဆိုအနေအထိုင်တွေနဲ့ ပတ်သက်ပြီးသူတို့ဘာတွေပြောကြသလဲ။ “ကိုယ့်ရဲ့အပြုအမူအပြောအဆိုအနေအထိုင်မှန်မမှန်ဆိုတာကို တိုင်းတာပေးနိုင်တဲ့ အရာမရှိပါဘူး။ ...
Your Pain is valid – but your behavior still matters. We all have bad days, but that doesn’t excuse bad behavior. 20.11.2026 3:00
ကိုယ့်ရဲ့ခံစားချက်တွေကို တခြားသူတွေအပေါ် ပုံချဖူးသလား။ တစ်ခါတစ်လေ ကိုယ်စိတ်မကျေနပ်တာတွေကို ကိုယ့်ရဲ့ အရင်းနှီး ဆုံး သူတွေကိုပြောပြရင်ဖွင့် တိုင်ပင်လို့ရပေမယ့် သူတို့အပေါ်ကိုတော့ ဒေါသတွေပုံချပစ်လို့ မရပါဘူး။ ဒါဟာ မရင့်ကျတ်တဲ့ အပြုအမှုဖြစ်ပြီး အများအမြင်မှာ ရိုင်းတယ်လို့ ထင်ခံရတတ်ပါတယ်။ ကျွန်တော်တို့တွေ အကုန်လုံးမှာ ခက်ခဲတဲ့ နေ့ရက်တွေ ရှိတယ်၊အဆင်မပြေတဲ့ နေ့ရက်တွေရှိတယ်။ မွန်းကြပ်ပြီး ဘာလုပ်လို့ ဘာကိ...
Atleast We Should Detox Our Mind and body. 19.11.2026 3:00
ပူပင်စရာများတဲ့ လောကကြီးမှာ အနည်းဆုံးတော့ ကိုယ့်စိတ်ကို အေးချမ်းအောင် ထားတက်ဖို့ အရေးကြီးပါတယ်။ စိတ်ထောင်း ရင် ကိုယ်ကြေတယ်လို့ ပြောကြတဲ့ အတိုင်းပါပဲ။ စိတ်ပိုင်းဆိုင်ရာ အဆင်မပြေမှုတွေ ၊အတွင်းစိတ်ရဲ့ ပူလောင်မှုတွေဟာ နေ့စဉ်ဘဝထဲက ပျော်ရွှင်မှု ၊ အေးချမ်းမှုနဲ့အလုံးကျန်းမာရေးတွေကို တရိပ်ရိပ် တိုက်စားနေတာပါ။ ဆိုရှယ်မီဒီယာလျှော့သုံးပါ။ အားရင်အားသလို ဖုန်းချည်းပဲ ပွတ်နေမိမယ်ဆိုရင် စိတ်ဖိစီးမှု ပိုများစေ...
Everything will be OK only when You’re Happy. 18.11.2026 3:00
Mood မကောင်းတဲ့ နေ့တွေ ကြုံဖူးကြမယ် ထင်ပါတယ်။ စိတ်ခံစားချက်တွေ မကောင်းနေရင် ဘာလုပ်လုပ်အဆင်မပြေနိုင်ပါဘူး။စိတ်ကလေးပျော်မှ အရာရာအဆင်ပြေ ပျော်ရွှင်မှာပါ။ ဒီတော့ စိတ်ပျော် အောင်ဘာတွေလုပ်ရမလဲ ? ကိုယ့်ကိုယ်ကိုယ် စိတ်ရှည်ပါ။ Mood မကောင်းတဲ့ နေ့တွေက တစ်ယောက်တည်း ကြုံရတာ မဟုတ်ပါဘူး။ လူတိုင်းလူတိုင်းအဆင်မပြေတဲ့နေ့စွဲတွေ အခက်အခဲတွေနဲ့ ဗျာပါဓများနေတဲ့နေ့စွဲတွေဆိုတာ လူသားတိုင်း လူ...
Try for Self-Date. 17.11.2026 3:00
ကျွန်တော်တို့ဟာ ဘဝမှာ တခြားသူတွေကို ဦးစားပေး ချစ်ခင်သလောက် ကိုယ့်ကိုယ်ကိုယ်ကျ ချစ်တက်ဖို့ကို မေ့နေကြပါတယ်။ တစ်ယောက်တည်း ဖြစ်နေတာဟာ အထီးကျန်တယ်လို့ ခံစားကောင်း ခံစားရနိုင်ပေမယ့် တစ်ဖက်က ပြန်ကြည့်ရင်တော့ ကိုယ့်အတွက်ကို ပိုပြီး ဂရုစိုက်ချိန် ၊ ချစ်ခင်ကြင်နာဖို့ အချိန်တွေ ပိုရစေပါတယ်။ ဘဝမှာ ကိုယ့်ကိုယ်ကိုယ်သေချာလေး အချိန်ပေးပြီး ပျော်စရာကောင်းတဲ့ အခိုက်အတန့်တစ်ခု ဖန်တီးနိုင်မယ့် Self-Date လုပ်ဖူးပါသလာ...
Put Your Best Friends in Priority List, Be Authentic and Be Real. 16.11.2026 3:00
သူငယ်ချင်းဆိုတာ ဒုတိယမိသားစုဝင်ပဲ မဟုတ်လား ?ငယ်ရွယ်စဉ်က စလို့ အရွယ်ရောက်တဲ့အထိ ဘဝမှာ ပုံစံစရိုက် အမျိုးမျိုး သောသူငယ်ချင်းတွေကို ကြုံဆုံခဲ့ကြရမှာပါ။ ကောင်းတဲ့ သူငယ်ချင်းတွေရှိသသူငယ်ချင်းအတုအယောင်တွေလည်း အများကြီး ရှိတာ သဘာဝပါပဲ။ ကိုယ့်အပေါ်တကယ် စစ်မှန်တဲ့သူငယ်ချင်းကောင်း ဆိုရင်တော့ လုံးဝ ဆုံးရှုံးမခံသင့်ပါဘူး။ ဦးစားပေး စာရင်းထဲမှာ ထည့်ထားပါ။ အသက်တွေကြီးလာရင်ဘဝထဲမှာ ဦးစားပေးရတဲ့ အရာတွေ ပြောင်းလာပါ...
Being Cheated Is Not Only Problem, There Are Some Things Worse Than Cheating. 15.11.2026 3:00
Relationship တစ်ခုမှာဖောက်ပြန်ခံရသူက ဆိုးရွားတဲ့ နာကျင်မှုနဲ့အတူ ထရော်မာတွေ ခံစားရတာ သဘာဝပါပဲ။ဒါပေမယ့် ဖောက်ပြန်တာပဲ ပြဿနာ မဟုတ်ပါဘူး။ မဖောက်ပြန်ပဲ ခံစားရအောင် လုပ်တဲ့အနုနည်းတွေ အများကြီးပါ။ လူတစ်ယောက်ကို ဖောက်ပြန် တာထက်ဆိုးတဲ့ စိတ်ကင်ဆာရစေမယ့်အချက်တွေက ဘာတွေဖြစ်မလဲ။ ဆိုးဆိုးရွားရွား လျစ်လျူရှုခံရတာ၊ ပြောရရင် အကြောင်းမဲ့သပ်သပ်လျစ်လျူရှုထားတဲ့ အခြေအနေကို ဆိုလိုပါတယ်။ လူတိုင်းက ကိုယ်ချစ်တဲ့သူဆီကနေက...
You Will Never Fail Unless You Give Up. 14.11.2026 3:00
မျှော်လင့်ရည်မှန်းထားတာတွေ ဖြစ်မလာတဲ့အခါ စိတ်ဓာတ်ကျပြီး ဘယ်လိုရှေ့ဆက်ရမလဲ မသိအောင် ပျောက်ဆုံး သွားရ တတ်တယ်မဟုတ်လား? အထူးသဖြင့် အကျပ်အတည်းကာလမျိုးမှာ ရည်မှန်းချက်တွေဝေဝါးပြီး ရှေ့ဆက်ဖို့ စိတ်ခွန်အားတွေ ယုတ်လျော့နေတာမျိုး ကြုံရနိုင်ပါတယ်။ ပတ်ဝန်းကျင်အပြောင်းအလဲလုပ်ပါ။ ပတ်ဝန်းကျင်အပြောင်းအလဲလုပ်ပါဆိုလို့ လက်ရှိနေနေတဲ့နေရာကနေ တခြား တစ်နေရာကိုပြောင်းရွှေ့ရမှာလားလို့ မထင်လိုက်ပါနဲ့။ ကိုယ်နေတဲ့အခန...
Everythings Is Temporary. Relax and Get Back When You’re Ready. 13.11.2026 3:00
မျှော်လင့်ရည်မှန်းထားတာတွေ ဖြစ်မလာတဲ့အခါ စိတ်ဓာတ်ကျပြီး ဘယ်လိုရှေ့ဆက်ရမလဲ မသိအောင် ပျောက်ဆုံး သွားရ တတ်တယ် မဟုတ်လား? အထူးသဖြင့် အကျပ်အတည်းကာလမျိုးမှာ ရည်မှန်းချက်တွေဝေဝါးပြီး ရှေ့ဆက်ဖို့ စိတ်ခွန်အားတွေ ယုတ်လျော့နေတာမျိုး ကြုံရနိုင်ပါတယ်။ ခဏတာအခြေအနေပဲဆိုတာလက်ခံပါ။ စိတ်ဓာတ်ကျပြီဆိုရင် လူတိုင်းနီးပါး ကိုယ့်ကိုယ်ကိုယ် ဒါမှမဟုတ် အခြေအနေအပေါ် အပြစ်တင်တဲ့ အတွေးတွေထဲမှာပဲ တဝဲလည်လည် လမ်းပျောက်တတ်ကြပါတယ...
Time Never Wait. 12.11.2026 3:00
အချိန်ဆိုတာ ဘယ်သူ့ကိုမှမစောင့်တဲ့ အရာတစ်ခုပါ။လူတိုင်းမှာ တစ်ရက်ကို ၂၄ နာရီပဲရှိလို့ ဒီအချိန်တွေကို ဘယ်လိုသုံးမလဲ ဆိုတာက ကိုယ့်ဘဝရဲ့အောင်မြင်မှုနဲ့ ပျော်ရွှင်မှုကို ဆုံးဖြတ်ပေးပါတယ်။ အခုခေတ်မှာ အချိန်ကို စနစ်တကျစီမံခန့်ခွဲနိုင်တာက မရှိမဖြစ်လိုအပ်တဲ့ အရည်အချင်းတစ်ခုဖြစ်လာပါပြီ။ ဦးစားပေးသတ်မှတ်ပါ။ အချိန်ကိုကောင်းကောင်းအသုံးချဖို့ဆိုရင် ဘာကအရေးကြီးတာလဲ၊ ဘာကနောက်မှလုပ်လို့ ရလဲဆိုတာ ခွဲခြားသိဖို့လို...
Do Meaningful And Enjoy The Life. 11.11.2026 3:00
အောင်မြင်မှုတို့ ပျော်ရွှင်မှုတို့ဆိုတာတစ်ယောက်ပေတံနဲ့တစ်ယောက် တူညီမှာမဟုတ်ပါဘူး။ ဘယ်အတိုင်းအတာဆို အောင်မြင် တယ်လို့ ဆိုမှာလဲ? ဘယ်အရာက ပျော်ရွှင်စေတာလဲဆိုတာတွေက တစ်ဦးတစ်ယောက်ချင်းစီရဲ့ အတွေး အမြင်ပဲ ဖြစ်ပါတယ်။ ဒါပေမဲ့ ယေဘုယျအားဖြင့်အောင်မြင်ခြင်းဆိုတာ ပြင်ပကလာတဲ့အရာဖြစ်ပြီး ပျော်ရွှင်မှုက တော့ အတွင်း (ကိုယ့်ရဲ့ စိတ်) က လာတာဖြစ်ပါတယ်။ ...
Make Your Workplace Healthy And Happy. 10.11.2026 3:00
လုပ်ငန်းခွင်မှာ ယုံကြည်မှုတည်ဆောက်ကြမယ်။ ပျော်စရာကောင်းတဲ့လုပ်ငန်းခွင်လေးဖြစ်ဖို့ဆိုရင် ယုံကြည်မှုက အဓိက အခန်း ကဏ္ဍတစ်ခုအနေနဲ့ ပါဝင်နေပါတယ်။ ယုံကြည်မှုဟာလုပ်ငန်းခွင်တစ်ခုလုံးကို အကျိုးသက်ရောက်နိုင်တဲ့ အဓိကအုတ်မြစ် တစ်ခုပါပဲ။ ဒါပေမဲ့ယုံကြည်မှုတစ်ခုတည်ဆောက်ဖို့တော့ ချက်ချင်းမရနိုင်ပါဘူး။ ယုံကြည်မှုကိုလုပ်ဖော်ကိုင်ဖက်တစ်ဦးနဲ့တစ်ဦး ပြောဆိုဆက်ဆံမှုတွေကနေ စတင်တည်ဆောက်နိုင်ပါတယ်။အားကောင်းလာအောင် လည်း ပု...
We Have To Use Social Media In A Healthy Way. 09.11.2026 3:00
Social Media ဆိုတာ သုံးတက်ရင်ဆေးမသုံးတက်ရင်ဘေးပါ။ နည်းပညာခေတ်မှာ လူတိုင်းနီးပါး နေ့စဉ် Social Media ကိုထိတွေ့သုံးစွဲနေကြပြီး အချို့ကတော့ SocialMedia စွဲလမ်းမှု ပြဿနာ ကြုံနေကြရပါတယ်။ တစ်ရက်တစ်ရက် Social Media ကို နာရီပေါင်းများစွာ သုံးစွဲတဲ့အခါ Social Media ပေါ်ကအပျက်သဘောဆောင်တဲ့ သတင်းတွေ ၊ သတင်းအချက်အလက်အမှား တွေနဲ့ ဘာပွဲညာပွဲဂယက်တွေ ၊ လူတွေအားကျအောင် ဖန်တီးလုပ်ယူထားတဲ့ ဘဝအတုတွေကိုလိုက်ကြည့်လိုက်ခ...
Please Try To Change The Unfit Shoe. 08.11.2026 3:00
ကိုယ်နဲ့ မတော်တဲ့ ဖိနပ်တစ်ရံကို ဆက်စီးနေရင်မကြာခဏ စိတ်အနှောင့်အယှက် ဖြစ်ရသလိုပါပဲ။ ကိုယ့်အတွက် မဟုတ်တဲ့သူ ၊ကိုယ်နဲ့မကိုက်တဲ့ လက်တစ်စုံကို ဖမ်းဆုပ်ထားမိတဲ့ အခါမှာလည်း အကြိမ်ကြိမ်အသည်းကွဲရ တက်ပါတယ်။ ဒါကြောင့် ချစ်တော့ ချစ်ပါ။ ကိုယ်ချစ်တဲ့သူက ကိုယ့်အတွက် မှန်ကန်တဲ့လူတစ်ယောက် ဟုတ်မဟုတ် ၊ စစ်မှန်တဲ့ လူဟုတ်မဟုတ် ဆိုတာကိုလည်း သေချာလေး သုံးသပ်ဖို့လိုပါမယ်။ ...
Music is the universal language of mankind. 07.11.2026 3:00
တေးဂီတကို လူတိုင်းနှစ်သက်ကြတယ် မဟုတ်လားဗျ။ကျွန်တော်လည်း ကြိုက်တယ် ဒီအစီအစဉ်ကို နားထောင်နေတဲ့ နားဆင်သူ ပရိသတ်တွေအားလုံးလည်း တေးဂီတ အမျိုးအစား တစ်ခုမဟုတ်တစ်ခုကိုတော့ ရင်ခုန်နှစ်သက်ကြမှာသေချာပါတယ်။ဒါကြောင့် ကဗျာဆန်ဆန် ပြောရမယ်ဆိုရင် ကျွန်တော်တို့လူသားတွေအားလုံးမှာ နူးညံ့သိမ့်မွေ့တဲ့ ပညာရပ်ကတော့ ဂီတ အနုပညာပါ။ ဘယ်လောက်ပဲ ကြမ်းတမ်းခက်ထန်တဲ့သူဖြစ်ပါစေ။တေးဂီတသံကို ကြားမိရင်တော့ အလိုလိုနားစိုက်ထောင်တတ်ပြ...
In Character, in manner, in style, in all things, the supreme excellence is simplicity. 06.11.2026 3:00
အရာအားလုံးမှာအဓိကအကျဆုံးအချက်နဲ့ပတ်သက်တဲ့စကားကိုပြောခဲ့တဲ့သူကအမေရိကန်လူမျိုး ကဗျာဆရာ Henry WadsworthLongfellow ပါ။ စရိုက်တွင်ဖြစ်စေ၊ အပြုအမူများမှာဖြစ်စေ၊ ဟန်အမူအရာမှာဖြစ်စေ၊အရာအားလုံးမှာ အဓိကအကျ ဆုံးအချက်မှာ ရိုးသားခြင်းပင်ဖြစ်ပါသည်လို့ ဒီနေ့အတွက်စကားက အဓိပ္ပာယ်ရပါတယ်။ ဒီစကားအရတော့ ရိုးသားခြင်းကအရာအားလုံးနဲ့ သက်ဆိုင်ပါတယ်လို့ Longf...
Iron rusts from disuse, stagnant water loses its purity and in cold weather becomes frozen; even so does inaction sap the vigours of the mind. 05.11.2026 3:00
သံထည်ပစ္စည်းတွေ အသုံးမပြုတာကြာမြင့်လာတဲ့အချိန်မှာသံချေးတွေတက်ရာကနေ သံရဲ့ ခံနိုင်ရည်စွမ်းတွေကျဆင်းလာတတ် တာအားလုံးမျက်မြင်ကိုယ်တွေ့ကြုံဖူးကြမှာပါ။ ဘယ်သူပဲဖြစ်ဖြစ် ဘယ်ပစ္စည်းကိုမဆိုအကောင်းတိုင်းပကတိမရှိနေတဲ့ ချို့ယွင်းနေတဲ့ အရာကိုအသုံးမပြုချင်ကြဖူး မဟုတ်လားဗျ။အသုံးမပြုတာကြာမြင့်လာတဲ့ သံတွေကလည်း ထိတွေ့နေရတဲ့ လေထုထဲက အောက်ဆီဂျင်ကြောင့်ချေးတက်ပြီး ပျက်စီးယိုယွင်းလာရပါတယ်။ ဒီလိုပါပဲ စီးဆင်းခြင်းမရှိတဲ့ ရ...
We are born for cooperation, as are the feet, the hands, the eyelids and the upper and lower jaws. 04.11.2026 3:00
လောကမှာ ဘာပဲလုပ်လုပ် တသီးပုဂ္ဂလဆန်ဆန်လုပ်လို့ရတဲ့အလုပ်တွေဆိုတာအင်မတန်မှရှားပါးပါတယ်။ မွေးကင်းစအရွယ် ကတည်းက ကျွန်တော်တို့သက်ရှိတွေမှာသွေးလည်ပတ်စီးဆင်းဖို့အတွက် နှလုံး၊ သွေးလွတ်ကြောတွေ၊ နောက် သွေးပြန်ကြော တွေ၊အောက်ဆီဂျင်ကင်းမဲ့လို့ ညစ်ညမ်းသွားတဲ့သွေးတွေကို သန့်စင်ပေးဖို့ အဆုတ် စတာတွေကပူးပေါင်းလုပ်ဆောင်ရပါတယ်။ ကျွန်တော်တို့ရဲ့ ဇီဝကမ္မဖြစ်စဉ်တွေထဲက အဓိကကျတဲ့အစာစားခြင်းမှာလည်း အစာကို သယ်ဆောင်မယ့်လက်တွေ...
There will always be people in your life who treat you wrong. Be sure to thank them for making you strong. 03.11.2026 3:00
လောကကြီးမှာလူရယ်လို့ဖြစ်လာရင် ပေါင်းသင်းဆက်ဆံရေးဆိုတာတကယ့်ကိုအရေးပါတဲ့ အခန်းကဏ္ဍတစ်ခုပါ။တစ်ဦးတစ် ယောက်တည်းရှင်သန်ရပ်တည်လို့မရတဲ့အသိုင်းအဝိုင်း ပတ်ဝန်းကျင်နဲ့ လုပ်ကိုင်နေထိုင်ကြတဲ့ လူသားတွေအတွက် ချစ်ခင်ရင်းနှီး မှုဆိုတာတစ်ဦးပေါ်တစ်ဦးထားရှိရမယ့်အပြန်အလှန်မေတ္တာတရားပါ။ ဒါပေမယ့် လောကမှာလူအမျိုးမျိုးစိတ်အထွေထွေ ဖြစ်တဲ့ အတွက် အသိုင်းအဝိုင်းတစ်ခုအတွင်းမှာလူတိုင်းစေ့နဲ့ အဆင်ပြေဖို့ဆိုတာလွယ်ကူတဲ့ ကိစ္စ မဟု...
If you love life, don’t waste time, for time is what life is made up of. 02.11.2026 3:00
အချိန်တွေကို ဘဝတစ်ခုကို တန်ဖိုးထားဖို့ သင့်တဲ့အကြောင်းဒီစကားလေးကိုတော့ တရုတ်လူမျိုးကမ္ဘာကျော်အက်ရှင်မင်းသား Bruce Lee ပဲဖြစ်ပါတယ်။ လူတိုင်းလူတိုင်းကိုယ့်ရဲ့ ဘဝကို မြတ်နိုးတန်ဖိုးထားတတ်ကြပါတယ်။ကိုယ့်ရဲ့ဘဝကို အောင်မြင် တိုးတက်ချင်ကြတယ်။ စည်းစိမ်ဥစ္စာတွေနဲ့ ဘဝကို ကြောင့်ကြမှုကင်းကင်းနဲ့ဖြတ်သန်းနိုင်ခွင့်ကိုလူတိုင်း လိုချင်တပ်မက် ကြပါတယ်။ ဒါပေမယ့် လူတိုင်းတော့မအောင်မြင်ကြပါဘူး။ လိုချင်ကြတဲ့ စည်းစိမ်ဥစ...
The greatest glory in living lies not in never falling; but in rising every time we fall. 01.11.2026 3:00
ကမ္ဘာ့ငြိမ်းချမ်းရေး နိုဘယ်ဆုအပါအဝင် ငြိမ်းချမ်းရေးဆိုင်ရာဆုတံဆိပ်ပေါင်းများစွာကိုချီးမြှောက်ခြင်းခံရတဲ့တောင်အာဖရိကရဲ့ ပထမဆုံးသောသမ္မတကြီး Nelson Mandela ပြောကြားခဲ့တဲ့စကားတစ်ခွန်းဖြစ်ပါတယ်။ ဒီစကားလေးကတော့ ဘဝမှာ ဘယ်လိုအရာကအောင်မြင်မှုဆိုတာကိုထင်ထင်ရှားရှားပြောပြပေးနေတဲ့စကားတစ်ခွန်းပါ။ လောကမှာတစ်ချို့တစ်ချို့သောကံအလွန်ကောင်းတယ်လို့ ယူဆရတဲ့သူတစ်ချို့ရှိကောင်းရှိပါလိမ့်မယ်။ မွေးကတည်းက ဘယ် အရာကိုမှ...
Follow One Course Until Successful. 31.10.2026 3:00
ကိစ္စရပ်တစ်ခုကိုအောင်မြင်ပြီးမြောက်တဲ့အထိ ပြုလုပ်ဖို့လိုအပ်တဲ့အကြောင်းလေးပါ။တစ်ချို့လူတွေရှိပါတယ်။ ကိစ္စတစ်ခုကို မပြီးပြတ်သေးခင်မှာဘဲတစ်ခြားအလုပ်တစ်ခုကိုလုပ်တတ်ကြပါတယ်။အဲဒီအခါမှာအာရုံတွေထွေပြားပြီးအရင်အလုပ်လည်း မပြီးနောက်အလုပ်ကလည်းတန်းလန်းနဲ့ဘယ်အရာမှာမှ အောင်မြင်ပြီးမြောက်မှုမရဖြစ်တတ်ပါတယ်။ ကျွန်တော်တို့တတွေ တက္ကသိုလ်ဝင်တန်းဖြေဆိုပြီးချိန်အသက်မွေးဝမ်းကျောင်းတက္ကသိုလ် တက်ဖို့ စောင့်ဆိုင်းနေတဲ့အချ...
Never forget the responsibility you have over the words you speak. 30.10.2026 3:00
ကိုယ်ပြောလိုက်တဲ့စကားဘာဖြစ်သွားမလဲဆိုတာကိုမစဉ်းစားဘဲနဲ့ စိတ်ထင်ရာပြောတတ်တဲ့သူတွေကိုသတိပေးထားတဲ့စကားပါ။လောကမှာလူသားတိုင်းလူသားတိုင်းဟိုးအမြင့်ဆုံး နိုင်ငံကိုအုပ်ချုပ်နေတဲ့ ဘုရင်တို့ သမ္မတတို့လိုလူတန်းစားကနေအောက်ဆုံး အောက်ခြေလူတန်းစားအထိနေ့စဉ်နဲ့အမျှ စကားတွေပြောနေကျရပါတယ်။ ဒါပေမယ့် ကိုယ်နေ့စဉ်နေ့တိုင်းပြောလိုက်တဲ့စကားတစ်ခွန်းစီရဲ့ အကျိုးသက်ရောက်မှုကိုသတိထားဖို့လိုပါတယ်။ ...
The Age of 20 is a Very Important Time In Life. 29.10.2026 3:00
အသက်(၂၀) ပြည့်ပြီဆိုတာနဲ့ ဘဝတခု စတယ်လို့ ပြောရမှာပါ။ တာဝန်ယူမှု၊ တာဝန်ခံမှုတွေ ရှိလာရတယ်။ပိုပြီးတော့ ဆင်ခြင်တုံ တရား ရှိလာတယ်၊ ပိုပြီးတော့ ရင့်ကျက်လာတယ်။ ဆယ်စုနှစ် ၂ခုစာကိုကျော်ဖြတ်ခဲ့ပြီးဖြစ်လို့ ခုကစပြီး အရာရာကို အလေးထား လုပ်ဆောင်ရတော့မှာ ဖြစ်ပါတယ် သေချာတာတခုကတော့ကျွန်တော်တို့ အမှားတွေလုပ်မိကြမယ်။ ဒါပေမယ့် အမှားတခုချင်း စီတိုင်းကနေသင်ခန်းစာယူနိုင်ရင် ဒါဟာ အမြတ်ပါဘဲ။ အသက်(၂၀)ကျော်ကာလတွေဟာ အောင...
Don’t Focus On The One Who Suffers Must Be The One Who Wins. 28.10.2026 3:00
ကျွန်တော်တို့ရဲ့ မြန်မာစကားပုံလေးတစ်ခုရှိပါတယ်။အနာခံမှ အသာစံတဲ့။ အနာခံရင် အသာစံရမယ်ဆိုတာ လူတိုင်း သဘော ပေါက်နားလည်ကြပါတယ်။ဒါပေမယ့် လူတွေ ပိုပြီး အာရုံစိုက်တာကကျတော့ ငါ အသာစံဖို့အတွက် အနာခံရမယ် ၊တစ်နည်း အားဖြင့် နာမှ ဖြစ်မယ်ဆိုတဲ့ အတွေး ကျွန်တော်တို့ ဝင်လာကြတယ်။ နာမှဖြစ်မယ်လို့ တွေးထားတဲ့အတွက်ကြောင့် နာလာပြီ ဆိုရင် အသာစံရတော့မယ်ဆိုတဲ့ခံစားချက်ဝင်လာတယ်။ ဒါပေမယ့် အနာခံပြီးတော့ အသာမစံရတဲ့အချိန်ကျရင်တေ...
Similar podcasts
Replaio is not a podcast publisher; show names, artwork and audio belong to their authors and are distributed through public RSS feeds.