Padamyar FM

ဒီနေ့အတွက်စကား

နေ့စဉ်ဘဝအတွက် စိတ်ခွန်အားပေးမည့် စကားလုံးများနှင့် အတွေးအမြင်များ။

No dejes de visitar la web del podcast y apoyar a su creador: padamyarfm.com.mm

Autor

Padamyar FM

Categoría

Education

Web del podcast

padamyarfm.com.mm

Último episodio

2 de oct. de 2026

¿Dónde escuchar?

Podcasts en la app Replaio Radio Muy pronto

Los podcasts llegarán muy pronto a la app. Instálala ahora y sé el primero en descubrir una forma totalmente nueva de vivir los podcasts

Descárgala en Google Play Instálala gratis Android casi 10 M de descargas · valoración de 4,8 iOS muy pronto

Episodios

Life may change, but you will learn, you will grow and you will have a chance to love even better. Take It. 02.10.2026

ကမ္ဘာကျော်စာရေးဆရာမ Kristen Butler ပြောကြားခဲ့တဲ့ ဒီစကားကတော့ ဘဝတစ်သက်တာမှာရင်ဆိုင်ဖြတ်ကျော်ရမယ့် အခက်အခဲတွေအကြောင်းနဲ့ အမြဲတမ်း တစ်သတ်မှတ်တည်း ဒုက္ခဆိုတာကိုမတွေ့ရအောင် ဘယ်လိုနေထိုင်ရမလဲဆိုတာကို ပြောပြထားတဲ့စကားပါ။သင်ဘယ်တော့မှအရာအားလုံးကိုမဆုံးရှုံးပါဘူး။ကြောက်ရွံ့မနေပါနဲ့။ ဘဝဆိုတာပြောင်းလဲနေတယ်။ သင်ယူရမယ်။ ကြီးပြင်း လာမယ်။ နောက်ထပ်အချစ်တစ်ခုကိုလည်းရဖို့အခွင့်အလမ်းရှိပါသေးတယ်တဲ့။တစ်ခါတစ်လေမှာ ကျွန...

The most important thing is to enjoy your life – to be happy – it’s all that matter. 01.10.2026

တစ်ခါတစ်လေမှာတော့ ကျွန်တော်တို့တတွေကိုယ့်ရဲ့အခုလက်ရှိဘဝကို မနှစ်မြိုသလိုခံစားရတာမျိုးတွေဖြစ်တတ်ပါတယ်။ အထူးသဖြင့် အစစအရာရာအဆင်ပြေနေတဲ့သူတွေကို ကြည့်ရင်း၊ ကိုယ့်ဘက်မှာတော့ အရာတိုင်းနိမ့်ကျတယ်လို့ခံစားနေမိတဲ့အခါမျိုးတွေမှာပါ။ ဒါပေမယ့် ကျမ်းဂန်တွေရဲ့အဆိုအရ အခုလက်ရှိလူသားဘဝဖြစ်တည်နေပြီဆိုကတည်းကဝမ်းမြောက်ဝမ်းသာ ဖြစ်နေရမှာပါ။ ဆင်းရဲသည် ချမ်းသာသည်ဆိုတာက ကိုယ်ကြိုးစားရင်ကြိုးစားသလောက်အရာထင်ဖြစ်တည်လာနိုင်ပါ...

Stop thinking too much. It’s alright not to know all the answers. They will come to you when you least expect it. 30.09.2026

အနှိုင်းမဲ့ ဘုရားရှင်မဟုတ်တဲ့လူသားတွေအဖို့အရာခပ်သိမ်းကို သိမြင်နိုင်ဖို့ဆိုတာ မလွယ်ကူပါဘူး။ အဲဒီအခါမှာလောကရဲ့ စိန်ခေါ်မှုမေးခွန်းတွေကိုမဖြေနိုင်တဲ့ အခိုက်အတန့်တွေလည်းရှိမှာပါ။ အဲဒီလိုမေးခွန်းတွေက ကိုယ့်အတွက် ခက်ခဲလွန်းတဲ့အခါမှာ တအားကြီး စဉ်းစားပြီး စိတ်ရှုပ်ထွေးတတ်ပါတယ်။ စိတ်ထဲက ရှုပ်ထွေးလေလေ ပိုပြီး စဉ်းစားတဲ့အခါမှာခေါင်းတွေကိုက်တဲ့အထိ ဖြစ်လာနိုင်ပါတယ်။ အဲဒီရဲ့ နောက်ဆက်တွဲဒေါသ တွေဖြစ်လာတတ်ပါတယ်။က...

Family is like branches on a tree, we all grow in different directions, but our roots remain as one. 29.09.2026

မိသားစု။ မိသားစုတစ်စုမှာအဖိုးအဖွားကနေစလို့ အဖေ၊အမေ၊ ဦးလေး၊ အဒေါ်၊ ညီအကိုမောင်နှမ၊ သားသမီးစသဖြင့် အစုံစုံအလင်လင် ရှိတတ်ကြစမြဲပါ။အဲဒီလို မိသားစုဝင် အတွင်းမှာပဲတစ်ယောက်နဲ့တစ်ယောက် ဗီဇတွေ၊ ဝါသနာတွေ၊ အတွေးအခေါ်တွေမတူညီနိုင်ကြပါဘူး။ မိသားစုထဲကမိသားစု ဝင်တစ်ယောက် က အနုပညာဝါသနာပါပေမယ့် ကျန်တစ်ယောက်ကအနုပညာနဲ့ပတ်သက်ရင် စိတ်ဝင်စားချင်မှ စိတ်ဝင်စား ပါလိမ့်မယ်။ တစ်ယောက်ကအားကစားကိုခုံမင်ပေမယ့်ကျန်တစ်ယောက်ကတော့...

The three C’s of life: Choices, Chances, Changes. You must make a choice to take a chance or your life will never change. 28.09.2026

Choice ရွေးချယ်မှု။ ကိုယ့်ဘဝတက်လမ်းကိုကိုယ်ကိုတိုင် ရွေးချယ်ရပါမယ်။ အဓိကကတော့ မှန်မှန်ကန်ကန်ရွေးချယ်ဖို့ပါပဲ။ တစ်ခါတစ်လေမှာကျွန်တော်တို့တတွေ ရွေးချယ်စရာ လမ်းစ တွေ များလာတဲ့အခါမျိုးတွေကို တွေ့ကြုံရတတ်ပါတယ်။တက္ကသိုလ်ဝင်တန်း အောင်မြင်ပြီး ဘယ်တက္ကသိုလ်ကို တက်ရမလဲလို့ စဉ်းစားတဲ့အခါမှာလည်းမှန်မှန်ကန်ကန်ရွေးချယ်ဖို့လိုပါ တယ်။ ကိုယ့်တက်မယ့်တက္ကသိုလ်က ကိုယ့်ဘဝအသက်မွေးဝမ်းကျောင်းအတွက် ဘယ်လိုပညာရပ်တွေသင်ပေးမ...

People think being alone makes you lonely, but I don’t think that’s true. Being surrounded by the wrong people is the loneliest thing in the world. 27.09.2026

Lonely။အထီးကျန်ခြင်းဆိုတဲ့ ဝေါဟာရကို လူတွေက တစ်ဦး တည်းနေရာတစ်ခုဒါမှမဟုတ်အချိန်အကြာကြီးရှိနေခြင်းလို့အဓိပ္ပာယ်ဖွင့်တတ်ကြပါတယ်။ ဒါပေမယ့် လောကမှာ တစ်ဦးတည်း ရပ်တည်ရှင်သန်နေတဲ့သူတွေ အောင်မြင်နေကြတာအများ ကြီး ပါပဲ။ အဓိကက လူမှန်နေရာမှန်ဖြစ်ဖို့က အရေးကြီးတယ်လို့ယူဆပါတယ်။ ဆိုလိုချင်တာကကိုယ့်အနေနဲ့ တစ်ယောက် တည် းရှိနေပေမယ့် ကိုယ့်ရှိနေတဲ့နေရာမှာ ကိုယ့်ဘာသာ ပျော်ရွှင်အောင်နေထိုင်နိုင်ခြင်းက လူများပြီး ပွဲမစည...

Two things define you. Your patience when you have nothing. Your attitude when you have everything. 26.09.2026

ဘဝအဓိပ္ပာယ်ကိုဖော်ဆောင်နေတဲ့အရာနှစ်ခု။ ကိုယ့်ဆီမှာ ဘာမှမရှိတဲ့အချိန်မှာထားတဲ့သည်းခံနိုင်စွမ်း။ ဘာမှမရှိဘူးဆိုတာမှာ အောင်မြင်မှုမရှိတာလည်းပါပါတယ်။ ငွေကြေး ဓနဥစ္စာပစ္စည်းမရှိတာလည်းပါပါတယ်။ပညာမရှိတာလည်း ပါပါတယ်။ အင်အားမရှိတာလည်းပါပါတယ်။အဲဒီလိုဘာဆိုဘာမှ မရှိတဲ့အချိန်မျိုးမှာတစ်ခုသောအရာတော့ ရှိရပါမယ်။ အဲဒါကတော့ သည်းခံတဲ့စိတ်ပါ။ ရှေးစကားပုံတစ်ခုလိုပဲ နေရိပ်ကိုလိုချင်ရင် နေပူထဲကနေစောင့်ရပါမယ်။ ဥပမာ တစ်ခု...

Health does not always come from medicine. Most of the time it comes from peace of mind, peace in the heart, peace of soul. It comes from laughter and love. 25.09.2026

အာရောဂျံပရံမံလာဘံ။ ကျန်းမာခြင်းဟာ လာဘ်လာဘတစ်ပါးပါ။ကျန်းမာခြင်းကို လူတိုင်း လိုချင်ကြပါတယ်။ သက်ရှည်ကျန်းမာ နေမှလည်း ဘဝမှာ လုပ်စရာ ရှိတာတွေကိုရာနှုန်းပြည့် အောင်မြင်တဲ့အထိလုပ်ဆောင်နိုင်မှာဖြစ်ပါတယ်။ ကျန်းမာခြင်းဆိုတဲ့ နေရာမှာ ကိုယ်ခန္ဓာရဲ့ ကျန်းမာခြင်းကိုသာ လူတော်တော် များများ သတိထားမိတတ်ပါတယ်။ ကိုယ်တွေလက်တွေကိုက်ခဲနာကျင်တာ၊ ဖျားနာတာ၊ အနာ တွေပေါက်တာ၊ သွေးထွက် သံယိုဖြစ်တာ အဲဒါတွေကို ကောင်းမွန်စေအောင်...

Sometimes you need to be alone and have a serious conversation with your heart. 24.09.2026

ဒီစကားကတော့ မိမိရဲ့စိတ်ထဲ ဖြစ်ချင်တဲ့အကြောင်းအရာတွေကိုကိုယ်တိုင်ကသေသေချာချာနားလည်အောင် ကိုယ်တိုင်ပဲ ကြိုး စား သင့်တဲ့အကြောင်းကိုပြောပြထားတဲ့စကားတစ်ခွန်းပါ။တစ်ခါတစ်လေမှာတော့သင်တစ်ယောက်တည်းနေပြီးသင့်နှလုံးသားနဲ့ လေးလေးနက်နက်စကားတွေပြောဖို့လိုပါတယ်တဲ့။တစ်ခါတစ်လေမှာပေါင်းသင်းဆက်ဆံရေးဆိုတဲ့ကျယ်ပြောနက်နဲတဲ့ နယ်ပယ် ကြီးထဲမှာလူသားတွေ အနေနဲ့ အမျိုးမျိုးသောစိတ်ရောင်စုံရှိတဲ့လူသားတွေကိုတွေ့ဆုံရမယ်။ အဲဒီလူတွေ...

Life has a way of testing a persons will, either by having nothing happen at all or by having everything happen at once. 23.09.2026

ဒီစကားကိုပြောကြားခဲ့တဲ့ မဟာလူသားကတော့ဘရာဇီးလူမျိုး စာရေးဆရာနဲ့ ကဗျာဆရာ Paulo Coelho ပဲဖြစ်ပါတယ်။ ဘဝနဲ့ပတ်သက်တဲ့ ဒဿနစကားတစ်ခွန်းဖြစ်ပါတယ်။လူရယ်လို့ဖြစ်လာရင် ဖြစ်လာတဲ့ဘဝကိုအကောင်း ဆုံးဖြစ်အောင် ထုဆစ် ဖော်ဆောင်ရမှာ ကျွန်တော်တို့အားလုံးရဲ့တာဝန်ပါ။ဘဝကတော့ လူသားတိုင်းရဲ့ ခံနိုင်ရည်စွမ်းနဲ့ စိတ် ဓါတ်ပိုင်းဆိုင်ရာခံယူမှုတွေကို စမ်းသပ်မှာပါပဲ။ဘဝရဲ့စမ်းသပ်မှုတွေကို အောင်မြင်အောင်ကျော်ဖြတ်နိုင်မှလည်း လူတော်တ...

Ten years from now, make sure you can say that you chose your life, you didn’t settle for it. 22.09.2026

ဒီကနေစလို့နောင်၁၀နှစ်အကြာမှာသင့်ဘဝကိုသင်ကိုယ်တိုင်ရွေးချယ်ခဲ့တယ်လို့ပြောနိုင်အောင်ကြိုးစားပါ။ဘဝကိုဖြစ်သလိုအခြေချခဲ့ရတာမျိုးမဖြစ်ပါစေနဲ့။ဒီစကားကတော့မိမိကိုယ်ကိုဘဝကိုတည်ဆောက်နိုင်တဲ့သူ၊ကိုယ့်ရဲ့ရွေးချယ်မှုနဲ့ဆန္ဒအတိုင်း ဘဝကို တည်ဆောက်တဲ့သူတွေအတွက်အားပေးထားတဲ့စကားတစ်ခွန်းဖြစ်ပါတယ်။       ကျွန်တော်တို့တတွေဘဝဆိုတဲ့တိုက်ပွဲလိုခက်ခဲနက်နဲတဲ့အချိန်ကာလကြီးကိုဖြတ်သန်းကျော်လွှားတဲ့နေရာမှာကိုယ့်ရဲ့ဆန္ဒအတိုင်းရ...

You can’t change how people treat you or what they say about you. All you can change is how you react to it. 21.09.2026

ပြောင်းလဲခြင်း၊ တကယ့်ကိုမှ လောကမှာထပ်မံလို့အရေးပါနေတဲ့ အချက်တစ်ခုပါ။ ဘာလို့လည်းဆိုတော့လူတွေကတပါးသူတွေ ကိုလွှမ်းမှိုးပြောင်းလဲနိုင်ဖို့အကြိုးစားဆုံးလူတွေဖြစ်နေလို့ပါပဲ။ ဒါပေမယ့် ပြောင်းလဲတယ်ဆိုတဲ့နေရာကောင်းမွန်တဲ့နေရာ၊ကောင်းမွန်တဲ့ရည်ရွယ်ချက်၊ ကောင်းမွန်ပြီးဓမ္မဓိဌာန် ကျကျ စိတ်ဓါတ် နဲ့  ပြောင်းလဲနိုင်ဖို့လိုပါတယ်။ ထို့နည်းတူစွာပဲသူများကိုပဲ ပြောင်းလဲဖို့ကြိုးစားနေမယ့်အစားမိမိကိုယ်တိုင်ရောဘယ်လိုပြော...

Think like a queen. A queen is not afraid to fail. Failure is another stepping stone to greatness. 20.09.2026

ဘုရင်မတစ်ယောက်လို့တွေးတောပါ။ ဘုရင်မကဘယ်တော့မှရှုံးနိမ့်မှာကိုမကြောက်တတ်ပါဘူး။ ရှုံးနိမ့်ခြင်းဆိုတာကြီးကျယ် အောင်မြင်ခြင်းဆီကိုပို့ဆောင်ပေးမယ့်နောက်ထပ်ခုတုံးတစ်ခုပါတဲ့။ ဒီစကားကိုပြောကြားထားတဲ့သူကတော့ နာမည်ကျော် လူမည်းအမျိုးသမီးအစီအစဉ်တင်ဆက်သူOprah Winfrey ပဲဖြစ်ပါတယ်။ လူမည်းအမျိုးသမီး၊ အမျိုးသားတွေကို ခွဲခြား ဆက်ဆံတတ်တဲ့ခေတ်ကတည်းကကြိုးစားမှုကိုအရင်းတည်ခဲ့တဲ့အတွက် ဒီနေ့ကမ္ဘာကျော် အမျိုးသမီးတစ်ယောက်ဖ...

A friend who understands your tears is much more valuable than a lot of friends who only knew your smile. 19.09.2026

ကဗျာဆန်ဆန်နဲ့ မိတ်ဆွေကောင်းမိတ်ဆွေစစ်ဆိုတာဘယ်လိုလူစားမျိုးလည်းဆိုတာကိုကွက်ကွက်ကွင်းကွင်းမြင်အောင် ပြောပြထားတဲ့စကားတစ်ခွန်းပါ။ကျွန် တော်တို့တတွေမွေးဖွားပြီးအရွယ်ရောက်ကြီးပြင်းတဲ့အချိန်ကနေသေဆုံးသွားတဲ့အချိန်အထိလူဘောင်အဖွဲ့အစည်းထဲမှာနေထိုင်ရှင်သန်နေရင်းသူငယ်ချင်းဆိုတဲ့ မျိုးနွယ်တူလူသားတွေနဲ့တွေ့ဆုံပေါင်းသင်းရမှာပါ။ အဲဒီလိုသူငယ်ချင်းတွေကိုပေါင်းသင်းတယ်ဆိုတဲ့နေရာမှာလည်းကိုယ့်အတွက်ကောင်းကျိုးကိုလိုလားတဲ...

Do it because you want to, because it’s fun, because it makes you happy. 18.09.2026

ဒီစကားကတော့အရာတိုင်းမှာဖြေရှင်းစရာမလိုဘူးဆိုတာကိုပြောပြထားတာပါ။တချို့သောသူတွေကကိုယ့်ရဲ့လုပ်ရပ်တွေတိုင်းမှာဖြေရှင်းနေရမှာကိုစိုးရွံ့နေတတ်ကြပါတယ်။ဒီလိုနဲ့ပဲဘယ်အရာကိုပဲဖြစ်ဖြစ်ကိုယ့်စိတ်ကိုယ့်အကြံနဲ့ကြံစည်လုပ်ဆောင်မှုတွေမစွမ်းဆောင်နိုင်တော့ပါဘူး။တကယ်တော့ကိုယ်လုပ်လိုက်တဲ့အရာတွေအတွက်ကိုယ်တိုင်ဖြေရှင်းနေရတာမျိုးထက်ကိုယ်တိုင်တာဝန်ခံတာဝန်ယူနိုင်ဖို့ပဲလိုပါတယ်။ ကိုယ်ရဲ့လုပ်ဆောင်မှုကအကောင်းနဲ့အဆိုး၂မျိုးထဲက...

No one is perfect , we all make mistakes. Despite our failings, we still deserve respect. Don’t let anyone put you down. 17.09.2026

လောကမှာရှင်သန်နေထိုင်တဲ့လူသားတိုင်းလူသားတိုင်းမည်သူတစ်ဦးတစ်ယောက်ကမှ ရာနှုန်းပြည့် ပြီးပြည့်စုံတဲ့သူဆိုတာမရှိ ပါဘူး။ ရှင်သန်ရာဘဝတစ်ကွေ့မှာအမှားအယွင်းတစ်စုံတစ်ရာကိုလုပ်ဖူးတဲ့သူတွေချည်းပါပဲ။ဒါကြောင့် ကိုယ်လည်းမှားဖူး၊ သူလည်းမှားဖူးတဲ့ ဒီလောကပတ်ဝန်းကျင်မှာဘယ်သူ့ကိုမှ အပြစ်ကြီးကြီးမားမားတင်နေလို့လည်းမရနိုင်ပါဘူး။ အဓိကကတော့ မှားခဲ့ဖူးတဲ့အမှားတွေကိုအချိန်မှီအမှန်ပြင် နိုင်ဖို့သာလိုပါတယ်။ကိုယ်ရဲ့အမှားတွေက...

It’s never too late to be whoever you want to be. 16.09.2026

သင်ဖြစ်ချင်တဲ့အတိုင်းနေထိုင်ဖို့အတွက်ဆိုရင်အစဉ်ထာဝရထိုက်တန်ပါတယ်။သင်ကိုယ်တိုင်ဂုဏ်ယူရတဲ့ဘဝမှာနေထိုင်တာမျိုးပဲဖြစ်စေချင်သလို၊တကယ်လို့သင်ဖြစ်စေချင်တဲ့အတိုင်းဖြစ်မလာခဲ့ရင်လည်းပြန်လည်ကြိုးစားကြည့်ဖို့အင်အားတွေရှိနေပါစေတဲ့။ဒီစကားကတော့ကိုယ့်ရဲ့ဘဝကိုကိုယ်တိုင်ကျေနပ်ဂုဏ်ယူစွာနဲ့နေထိုင်နိုင်ဖို့ကအရေးကြီးတဲ့အကြောင်းကိုပြောပြထားတာဖြစ်ပါတယ်။ဒီစကားကိုတော့အမေရိကန်လူမျိုးပြဇာတ်နဲ့စာရေးဆရာ F. Scott Fitzgerald ကပြ...

Just because you are struggling does not mean you are failing. Keep believing and good things will happen. 15.09.2026

လောကမှာရှင်သန်နေကြတဲ့လူသားတိုင်းအခက်အခဲတွေ၊အတားအဆီးတွေ၊ပြဿနာပေါင်းစုံတွေကိုဖြတ်ကျော်နေရပါတယ်။မိခင်ဝမ်းကြာတိုက်မှာရှိနေတဲ့အချိန်မှာကတည်းကအသက်ရှင်နိုင်ဖို့အတွက်ရုန်းကန်ရပါတယ်။လူရယ်လို့ဖြစ်လာတဲ့အချိန်မှာလည်းသူ့အရွယ်နဲ့အလိုက်ရင်ဆိုင်ဖြတ်ကျော်ရတဲ့ဘဝကပေးတဲ့ပြဿနာတွေကတန်းစီနေပါတယ်။သင့်အနေနဲ့ရုန်းကန်နေရတယ်ဆိုတာကျရှုံးနေခြင်းကြောင့်လို့အဓိပာယ်မသတ်မှတ်နိုင်ပါဘူး။ဆက်လက်ပြီးယုံကြည်မှုထားပါ။ကောင်းသောအရာတွေဖြစ်လ...

Be careful who share your deepest feeling with. Not everyone who appears sincere is a friend. 14.09.2026

ဒီစကားထဲမှာဆိုရင်ပေါင်းသင်းဆက်ဆံရေးနဲ့ပတ်သက်ပြီးသတိထားရမယ့်အချက်တစ်ခုကိုပြောပြထားပါတယ်။တခါတလေမှာကျွန်တော်တို့အနေနဲ့ကိုယ်ခံစားရတဲ့ခံစားချက်တွေကမွန်းကြပ်လွန်းတဲ့အခါမျိုးတွေမှာတီးတိုးတိုင်ပင်စရာတခြားသူတွေကိုရှာဖွေပြီးရင်ဖွင့်လေ့ရှိကြပါတယ်။ဒါပေမယ့်အဲဒီရင်ဖွင့်ဖော်ကကိုယ့်ရဲ့ရင်ဖွင့်စကားသံတွေကိုအသုံးချပြီးသူ့အတွက်ကောင်းကျိုး၊ကိုယ့်အတွက်ဆိုးကျိုးတွေကိုလုပ်ဆောင်သွားနိုင်တာကိုလည်းကျွန်တော်တို့သတိထားရပါမယ်။...

No matter what you do, you are going to be judged, so might as well do what makes you happy. 13.09.2026

သင်ဘာပဲလုပ်လုပ်တပါးသူတွေကအကဲဖြတ်ခြင်းကိုခံရမှာပါပဲ။ဒါကြောင့်သင့်ကိုသင်ပျော်ရွှင်စေမယ့်အရာတွေကိုပဲလုပ်ဆောင်ပါတဲ့။မိမိကိုယ်ကိုပျော်ရွှင်အောင်နေတတ်ဖို့၊လောကရဲ့အမျိုးမျိုးသောပြောဆိုမှုတွေတိုင်းကိုလိုက်ခံစားမနေဖို့သတိပေးထားတဲ့စကားတစ်ခွန်းပါ။လောကမှာရှင်သန်နေထိုင်နေသမျှကာလပတ်တစ်ခုလုံးမှာလူတိုင်းလူတိုင်းအလုပ်လုပ်နေရပါတယ်။အလုပ်လုပ်နေမှစားဝတ်နေရေးအတွက်ဖြေရှင်းဖို့ငွေကြေးရမှာပါ။အဲဒီလိုနဲ့အသက်မွေးဝမ်းကြောင်းမ...

All men make mistakes, but only wise man learnt from their mistakes. 12.09.2026

လူသားအားလုံးအမှားနဲ့မကင်းပါဘူး။ဒါပေမယ့်ပညာရှိတဲ့သူတွေကတော့သူတို့မှားခဲ့တဲ့အမှားတွေကနေသင်ခန်းစာယူလေ့ရှိပါတယ်။ဒီစကားကိုတော့ဗြိတိသျှဝန်ကြီးချုပ်Winston Churchill ကပြောကြားခဲ့တာပဲ ဖြစ်ပါတယ်။ ဒီလောကကြီးမှာရှင်သန်ကြတဲ့သက်ရှိလူသားတိုင်းပြီးပြည့်စုံတဲ့သူအမှားကင်းတဲ့သူဆိုတာမရှိပါဘူး။ဘယ်လောက်ပဲအရာရာမှာထူးချွန်ထက်မြက်တဲ့သူဖြစ်နေပါစေရှင်သန်ခဲ့တဲ့ဘဝခရီးတစ်လျှောက်မှာတော့တစ်ကြိမ်တစ်ခါလောက်တောင်မမှားဖူးတဲ့သူဆိုတာ...

All life is an experiment. The more experiments you make the better. 11.09.2026

  ဘဝ။စကားလုံးကတော့နှစ်လုံးထဲပါ။ဒါပေမယ့်အဲဒီဘဝဆိုတဲ့အရာဟာဖြတ်သန်းရမယ့်လူသားတိုင်းအတွက်တော့စမ်းသပ်မှုတွေချည်းပါပဲ။လူ့လောကရဲ့စမ်းသပ်မှုတွေဘဝရဲ့ပြဿနာတော်တော်များများရဲ့အပေါ်ယံကိုကြည့်ရင်မတူကွဲပြားသယောင်ရှိပေမယ့်အရင်းအမြစ်ကိုကြည့်တဲ့အခါမှာတော့ဖြေရှင်းပုံဖြေရှင်းနည်းတွေကတော့တစ်ခါတစ်လေသံတူကြောင်းကွဲတွေဖြစ်နေတတ်ပါတယ်။    ကိုယ့်ဘဝမှာကြုံခဲ့ဖူး၊ဖြတ်ကျော်ခဲ့ဖူးတဲ့စမ်းသပ်မှုတွေကိုမှတ်သင့်တာတွေကိုမှတ်ထားမယ်ဆို...

Be strong now because things will get better. It might be stormy now, but it can’t rain forever. 10.09.2026

ဒီနေ့အတွက်စကားကိုတော့အခုလက်ရှိအခက်အခဲတွေကိုကြိုးစားဖြတ်ကျော်နေရင်းခြေကုန်လက်ပန်းကျနေတဲ့သူတွေအတွက်ရည်ရွယ်လို့ဝေမျှပေးခဲ့တာဖြစ်ပါတယ်။အကယ်လို့များဘဝရဲ့တွန်းတိုက်မှုတွေ၊စိန်ခေါ်မှုတွေအခက်အခဲတွေကိုတွေ့ကြုံရင်ဆိုင်ဖြတ်သန်းနေရတဲ့သူတွေအနေနဲ့လွယ်လင့်တကူအရှုံးမပေးပဲနောက်ဆုံးအောင်မြင်တဲ့အချိန်အထိရင်ဆိုင်ကျော်ဖြတ်သွားဖို့အတွက်အကြံပြုလိုပါတယ်။       အခုအချိန်မှာသန်မာအောင်နေပါ။မကြာခင်မှာအရာတိုင်းဟာအခုထက်ပိုပြီး...

Always have a target and ambition. 09.09.2026

လူ့ဘဝမှာကိုယ်ဖြစ်ချင်တဲ့အရာတစ်ခုအတွက်တိကျတဲ့ရည်ရွယ်ချက်တစ်ခုကိုခိုင်ခိုင်မာမာချမှတ်ဖို့ဆိုတာ ဘယ် လောက်အထိ အရေးကြီးတယ်လို့ထင်ပါသလဲ။ ကိုယ်လိုချင်တဲ့ အရာကို တိတိကျကျ သတ်မှတ်ထားပြီးတော့ အဲ့ဒီအရာကိုရရှိနိုင်ဖို့အတွက် ကြိုးစားလုပ်ဆောင်နေရတာဟာ တကယ့်ကို အဓိပ္ပါယ်ရှိပါတယ်။ အဓိပ္ပာယ်ရှိတဲ့ကြိုးစားဆောင်ရွက်မှုကနေ ရလာတဲ့ အောင်မြင်မှုဆိုတာကလည်း သိပ်ကိုမှချိုမြိန်လှပါတယ်။ အဓိကျတဲ့ ရည်ရွယ်ချက် တိတိကျကျ မရှိတဲ့သူ...

Everythings happen for a reason. 08.09.2026

လမ်းလျှောက်ရင်းလမ်းပျောက်သလိုလိုဖြစ်တာ၊တစ်ယောက်တည်းနေများလို့လူက ဟုန်သွားတာ၊ နေရာတစ်နေရာထဲ ကြာကြာ နေထိုင်ရတဲ့အခါမွန်းကျပ်သွားတာ။ ဘေးမှာစကားပြောဖော်မရှိ၊ ဖုန်းခေါ်ဖို့ ဖုန်းကိုင်ပေးမဲ့လူမရှိ၊မိသားစု၀င်တွေတောင် အလှမ်း ဝေးနေတဲ့အခါ သူတို့နဲ့ ချိတ်ဆက်ဖို့က စာပို့ရုံကလွဲလို့အချိန်လုယူနေရတာ၊ စတဲ့ဘ၀မှာ အဖော်မဲ့တစ်ယောက်တည်း ဖြစ်နေရ တာမျိုးကြုံဖူးကြမယ်လို့ထင်ပါတယ်။ကြောက်စရာမကောင်းဘူးလား? ဘ၀ရဲ့ တန်ဖိုးရှိလှတ...

Escucha el podcast ဒီနေ့အတွက်စကား en Replaio

Radio y podcasts en una sola app - gratis y sin registro. Instálala hoy y no te pierdas el estreno

Descárgala en Google Play

Replaio no es editor de podcasts; los nombres de los programas, las portadas y el audio pertenecen a sus autores y se distribuyen a través de canales RSS públicos