Burma Podcast Network
Straight Forward by Shoon Naing
Straight Forward by Shoon Naing ရွှန်းနိုင် တဲ့တိုး ပြောပြီပေါ့လေ၊ ဒါမှမဟုတ်လည်း တုတ်ထိုး အိုးပေါက် ပြောတတ်သူ ရွှန်းနိုင်ပေါ့။ နာမည်မှာက အရှိန်တစ်ခုပါတယ်လို့ ခံစားမိလိမ့်မယ်။ လူငယ်တွေမှာ အရှိန်တစ်ခုရှိတယ်။ ဒါကို လူငယ်ဖြစ်ဖူးကြတဲ့သူတိုင်း သိကြပါတယ်။ လူငယ်ဘဝမှာ လူကြီးကြိုက်အောင် နေခဲ့သူတွေကတော့ ဒီအရှိန်ကို နားလည်ချင်မှ နားလည်လိမ့်မယ်။ အဲ့အရှိန်ဆိုတာကြီးက မှန်တာ/မှားတာ တရားတာ/မတရားတာ မဟုတ်ဘူး ပြင်းအားသက်သက်ပါပဲ။ လူ့အဖွဲ့အစည်းရဲ့ တံတိုင်းတွေ၊ ချည်နှောင်မှုတွေ၊ သံကွန်ချာတွေကို ဒီအရှိန်နဲ့ပဲ ရုန်းထွက်ကြတယ်။ အခု Podcast မှာ ဒီအရှိန်တစ်ခုကို ကောင်းကောင်းကြီး ခံစားရမယ်လို့ အာမခံပါတယ်။
Koniecznie odwiedź stronę podcastu i wesprzyj twórcę: podcasters.spotify.com
Autor
Burma Podcast Network
Kategoria
Strona podcastu
Ostatni odcinek
4 paź 2025
Gdzie słuchać?
Podcasty w aplikacji Replaio Radio Już wkrótcePodcasty trafią do aplikacji już wkrótce. Zainstaluj teraz i jako pierwszy zobacz nowe podejście do podcastów
Odcinki
EP 004: ခရီးသွားတဲ့မှို 04.10.2025 50:44
ဒီတစ်ပတ်ရွှန်းနိုင်ရဲ့အစီစဉ်က စိတ်ဝင်စားစရာတွေနဲ့ ပြည့်နှက်နေတယ်။ ပြည့်နေဆို စကားဝိုင်းထဲမှာ ညိုကီ FM က ကိုဗဟိန်းကလည်းပါတာကိုး။ ဒါပေမဲ့ အဓိက ဇာတ်လိုက်ကျော်ကြီးကတော့ ခရီးသည်ညိုကီတစ်ဦးပါပဲ။ သူတို့ဆွေးနွေးထားတဲ့အကြောင်းအရာက ခရီးသွားတဲ့မှို အကြောင်းပါ။ အဲ့ဒီမှိုစားပြီးနောက်မှာ ခံစားရတဲ့အခြေအနေကို ဗန်းစကားအနေနဲ့ Trip တယ်၊ ခရီးသွားတယ်လို့ သုံးကြတယ်။ ဒီအပိုင်းမှာ မှိုခရီးသည်ကြီးရဲ့ ဒေသန္တရအတွေ့အကြုံတွေ န...
EP 003: ဝိသမလောကသား 09.08.2025 32:10
ဝိသမလောဘနဲ့ မျက်စိမှားနေကြပြီလား။ တကယ်က ဝိလို့ခေါ်ကြတဲ့ ဆေးခြောက်ကို သမကြတဲ့ လောကအကြောင်းကို တင်ဆက်မယ့်အပိုင်းပါ။ ဒါ့အပြင် တစ်ချိန်ကမြန်မာပြည်မှာ မိတ်ဆွေတို့ ဝယ်ယူစားသုံးခဲ့ကြတဲ့ “သင့်ရဲ့ပုံမှန်မဟုတ်သောချော့ကလက်ကိတ်မုန့်” ဖြစ်လာပုံကိုလည်း အလွမ်းပြေနားဆင်ကြရမှာဖြစ်ပါတယ်။ ဒီအစီအစဉ်မှာတင်ဆက်တဲ့အကြောင်းအရာတွေက မူးယစ်ထုံထိုင်းစေတဲ့အရာတွေနဲ့ပတ်သက်ပြီး လူတစ်ဦးချင်းစီတွေရဲ့ တွေ့ကြုံခံစားရပုံတွေနဲ့ ဖြတ်သန်...
EP 002: ဆရာကြီးပြောတဲ့ မူးယစ်ဆေးနဲ့လောင်းကစား 28.06.2025 46:59
ဒီတစ်ပတ် Podcast မှာတော့ အာဏာသိမ်းပြီးခါစ ဆန္ဒပြချိန်ကာလတွေနဲ့ နောက်ပိုင်းကာလ ရန်ကုန်မြို့ပြထဲ ပေါ်ပေါက်လာတဲ့ Night Life ပုံစံအသစ်၊ အဲ့ကနေမှတဆင့် လောက်ကိုင်မြို့မှာ ရှိနေတဲ့ ကာစီနိုရုံတွေ အကြောင်း၊ မူးယစ်ဆေးဝါးတွေအကြောင်းကို ကိုယ်တိုင်ကြုံတွေ့ဖြတ်သန်းခဲ့တဲ့ "ဆရာကြီး” လို့ အမည်ဝှက်ခေါ်တဲ့ လူငယ်တစ်ယောက်နဲ့ ရွှန်းနိုင်က တဲ့မေးထားတာတွေကို နားဆင်ရမှာပါ။ ဒီလိုအကြောင်းအရာတွေ တင်ဆက်နိုင်ဖို့ အချိန်အတ...
EP 001: ဘိန်းစားတစ်ယောက်အကြောင်း 17.05.2025 44:40
ဘိန်းစား တယ်ဆိုတာ မူးယစ်ဆေးဝါး သုံးသူတွေထဲမှာ အတော်အဆင့်မြင့်တဲ့ အထဲပါတယ်လို့ ပြောလို့ရတယ်။ ငွေကြေးလိုအပ်ချက်ရယ်၊ အသက်အန္တရာယ်ရယ်၊ နှစ်ရှည် ထောင်ကျနိုင်တဲ့ပုဒ်မတွေရယ်၊ ဒါတွေအားလုံးကို ရင်းပြီးမှ "ဘိန်းစား" ဖြစ်ခွင့်ရှိကြတာ။ ရုပ်ရှင်တွေ၊ စာအုပ်တွေ၊ ကျန်းမာရေး ပညာပေးတွေက ပြောတဲ့ ဘိန်းစားတဲ့ ဇာတ်ကြောင်းနဲ့ ကိုယ်တိုင်ဘိန်းစားတစ်ဦးအဖြစ် ကျေနပ်ကြည်ဖြူစွာ လက်ခံထားသူ လူငယ်တစ်ဦးရဲ့ ဇာတ်ကြောင်းဟာ ဘာတွေ ကွာခ...
တဲ့တိုးပြောမယ့် ရွှန်းနိုင် မိတ်ဆက် 16.05.2025 9:14
နားထောင်နေကြတဲ့ မိတ်ဆွေတွေ မင်္ဂလာပါ။ ကျွန်မ ရွှန်းနိုင်ပါ။ မူးယစ်ဆေးဝါးလို့ ပြောလိုက်ရင် ငယ်ငယ်က ပညာပေး အစီအစဉ်ပေါင်းများစွာကို ကျွန်မလိုပဲ အသိအာရုံထဲ စွဲနေကြမယ့်သူတွေ များမယ်ထင်တယ်။ မူးယစ်ဆေးဝါး တစ်ခုတည်းမှ မဟုတ်ပါဘူး။ နိုင်ငံပိုင် ရုပ်သံတွေကနေလွှင့်တဲ့ ခေါက်ရိုးကျိုး ပညာပေး အစီအစဉ်တွေ၊ ပြီးတော့ တက်တူးထိုး၍ လက်ဖြတ်လိုက်ရသူ အကြောင်းတို့၊ ငရဲမင်းကြီးနဲ့ တွေ့ခဲ့သူတို့ ဘာညာစတဲ့ ယုတ္တိမရှိတဲ့ ဝါဒဖြန့...
Podobne podcasty
Replaio nie jest wydawcą podcastów; nazwy audycji, okładki i audio należą do ich autorów i są rozpowszechniane przez publiczne kanały RSS