စိတ်အိမ်လေး (Sate Eain Lay)

စိတ်အိမ်လေး (A Small Home for the Mind)

Society MY ↓ Odcinki: 36

စိတ်ပင်ပန်းနေတဲ့အချိန်တွေမှာအေးအေးလေး နားထောင်နိုင်တဲ့ နားခိုရာ Podcast လေးတစ်ခုပါ။ခဏလေး နားပြီးကိုယ့်စိတ်ကို နားလည်ပေးနိုင်ဖို့၊နည်းနည်းလေးပဲဖြစ်ဖြစ်စိတ်ရဲ့ စွမ်းအား ပြန်လည်ဖြည့်တင်းနိုင်ဖို့စကားချိုချိုလေးတွေ မျှဝေထားပါတယ်။Sate Eain Lay is a calming podcast for anyone feeling tired or needing a safe space. Let’s listen slowly — a small home for the mind. Calm • Healing • Mind

Koniecznie odwiedź stronę podcastu i wesprzyj twórcę: podcasters.spotify.com

Autor

စိတ်အိမ်လေး (Sate Eain Lay)

Kategoria

Society

Strona podcastu

podcasters.spotify.com

Ostatni odcinek

24 wrz 2026

Gdzie słuchać?

Podcasty w aplikacji Replaio Radio Już wkrótce

Podcasty trafią do aplikacji już wkrótce. Zainstaluj teraz i jako pierwszy zobacz nowe podejście do podcastów

Pobierz z Google Play Zainstaluj za darmo Android prawie 10 mln pobrań · ocena 4,8 iOS niedługo

Odcinki

Unopened Letters 01 — မပို့ဖြစ်ခဲ့တဲ့စာများ 24.09.2026

တစ်ချို့စကားတွေက ပြောဖို့ထက် ရေးဖို့ ပိုလွယ်တတ်တယ်… မပို့ဖြစ်ခဲ့တဲ့စာတွေ၊ မပြောဖြစ်ခဲ့တဲ့စကားတွေနဲ့ ကိုယ့်စိတ်ထဲမှာ တိတ်တိတ်လေး သိမ်းထားခဲ့တဲ့ ခံစားချက်တွေအကြောင်း… ဒါကတော့ “Unopened Letters” မပို့ဖြစ်ခဲ့တဲ့ စာတွေအကြောင်းပါ 💌 Podcast: စိတ်အိမ်လေး (Sate Eain Lay) Calm • Healing • Mind 🎧 Listen on YouTube: https://youtube.com/@sateeainlay

ထမင်းစားခန်း | အတူစားခဲ့ကြတဲ့ ထမင်းဝိုင်းများ | House of Memories 03 20.09.2026

ဒီစားပွဲဝိုင်းလေးမှာပဲ စကားတွေ၊ ရယ်မောမှုတွေနဲ့ မိသားစုအချိန်လေးတွေကို မျှဝေခဲ့ကြတယ် တစ်ချိန်က ရိုးရိုးလေးလို့ ထင်ခဲ့တဲ့ မိသားစုထမင်းဝိုင်းလေးက အခုတော့ ပြန်လွမ်းမိတဲ့ အမှတ်တရတစ်ခု ဖြစ်လာခဲ့တယ် ဒီအခန်းလေးက… တစ်ချိန်က အတူတူထိုင်ခဲ့ဖူးတဲ့ ထမင်းဝိုင်းလေးတွေအတွက်ပါ ရှေ့ဆက်မယ့်နေ့ရက်တွေမှာလည်း… ကိုယ့်ဘေးနားက လူတွေနဲ့အတူ ဒီလို အခိုက်အတန့်ရိုးရိုးလေးတွေကို တန်ဖိုးထားရင်း ဖြတ်သန်းနိုင်ပါစေ…🤍 Podcast: စိတ်...

Mirror Talk #3 — အသစ်ကနေ ပြန်စတင်ခြင်း 10.09.2026

တစ်ခါတလေ… အသစ်ကနေ ပြန်စတင်ခြင်းဆိုတာ စိတ်လှုပ်ရှားစရာ အစအသစ်တစ်ခု မဟုတ်ပါဘူး။ ပင်ပန်းနေတဲ့အချိန်မှာတောင် တစ်ခါထပ်ပြီး ပြန်စရတဲ့ ခြေလှမ်းတစ်ခု ဖြစ်နိုင်ပါတယ်။ မြို့အသစ်၊ ဘာသာစကားအသစ်၊ အလုပ်အသစ်… အရင်က ရင်းနှီးခဲ့တဲ့ နေရာတွေနဲ့ လူတွေကို ထားခဲ့ပြီး ဘဝတစ်ခုကို ပြန်တည်ဆောက်ရတဲ့အခါ ကြောက်စိတ်တွေလည်း ရှိလာတတ်ပါတယ်။ ဒီနေ့ Mirror Talk မှာ… အသစ်ကနေ ပြန်စတင်ရတဲ့ အတွေ့အကြုံ၊ အတိတ်ကို ကျော်ဖြတ်ပြီး ရှေ့ဆက်ဖို့...

မမေ့နိုင်သေးတဲ့ အိပ်မက်တစ်ခု 🌙 | The Teeth Dream | Dream Stories 02 21.08.2026

ကျွန်မက အိပ်မက်တွေကို မကြာခဏ မက်တတ်ပါတယ်။ ထူးဆန်းတဲ့အိပ်မက်တွေ၊ အမှတ်တရဖြစ်နေတဲ့အိပ်မက်တွေဆိုရင် မနက်နိုးလာတာနဲ့ ချရေးထားတတ်ပါတယ်။ ဒီတစ်ခါတော့ လွန်ခဲ့တဲ့ နှစ်တော်တော်ကြာက မက်ခဲ့ဖူးတဲ့ သွားအိပ်မက်တစ်ခု အကြောင်း ပြန်လည်မျှဝေထားပါတယ်။ တစ်ခါတလေ အိပ်မက်တွေက message လေးတစ်ခုလို ခံစားရတယ်။ ကိုယ်မသတိထားမိသေးတဲ့အရာတစ်ခုကို တိတ်တိတ်လေး လာပြောပြနေသလိုမျိုး… ဒီ episode လေးကို နားထောင်ပြီး ကိုယ့်ကိုယ်ကိုယ် ခဏရ...

ဧည့်ခန်း | အမှတ်တရတွေ စုဝေးနေတဲ့အခန်း | House of Memories 02 13.08.2026

တစ်ခါတလေ အမှတ်တရတွေဆိုတာ ကြီးမားတဲ့အဖြစ်အပျက်တွေ မဟုတ်ပါဘူး... အတူတူကြည့်ခဲ့တဲ့ TV၊ မီးပျက်တဲ့ညတွေ၊ ကိုယ်စီ ထိုင်နေကျ နေရာလေးတွေ… ဒီလို သာမန်အချိန်လေးတွေကပဲ နှစ်တွေကြာလာတဲ့အခါ အမှတ်တရတွေ ဖြစ်လာတတ်ပါတယ်... ဒီအခန်းလေးမှာတော့… ကိုယ့်ဘေးနားမှာ တစ်ချိန်တစ်ခါ အတူရှိခဲ့ဖူးတဲ့သူတွေကို ခဏလောက် ပြန်သတိရကြရအောင် 🌙 🎧 Listen on YouTube: https://youtube.com/@sateeainlay Calm • Healing • Mind

ဒီနေ့ကို ဒီညမှာပဲ ထားခဲ့လိုက်ပါ... | စိတ်အိမ်လေး Sleep Series 02 08.08.2026

ဒီနေ့ရဲ့ ပင်ပန်းမှုတွေကို ဒီညအထိ သယ်ဆောင်မလာပဲ... အတွေးတွေကို ခဏအနားပေးပြီး စိတ်ရော ကိုယ်ရော အနားယူလိုက်ပါ... ဒီနေ့ကို ဒီနေရာမှာပဲ အဆုံးသတ်ခွင့်ပေးလိုက်ပါ… 🌙🤍 🎧 Listen on YouTube: https://youtube.com/@sateeainlay Calm • Healing • Mind

အိမ်ရှေ့တံခါး | တွေ့ဆုံခြင်းများနှင့် နှုတ်ဆက်ခြင်းများ | House of Memories 01 30.07.2026

တချို့လူတွေက… ကျွန်မတို့ဘဝထဲကို ဝင်လာပြီး တစ်သက်လုံး အမှတ်တရဖြစ်သွားတတ်ပါတယ်။ တချို့ကတော့… နှုတ်ဆက်ခြင်းမရှိဘဲ တိတ်တိတ်လေး ဝေးသွားတတ်ပါတယ်။ ဒီအခန်းလေးမှာ… Tuesdays with Morrie ထဲက Morrie နဲ့ Mitch ရဲ့ ဆက်နွယ်မှုကနေ တွေ့ဆုံခြင်း၊ ချစ်ခြင်းနဲ့ အမှတ်တရတွေအကြောင်း အတူတူ စဉ်းစားကြည့်ရအောင်။ 🎧 Listen on YouTube: https://youtube.com/@sateeainlay Calm • Healing • Mind

Mirror Talk #2 — အဝေးကွာနေခြင်း ☁️ 22.07.2026

တစ်ခါတလေ… အဝေးဆိုတာ ကီလိုမီတာနဲ့ တိုင်းတာလို့ရတဲ့ အကွာအဝေးတစ်ခုတည်း မဟုတ်ပါဘူး။ တစ်ယောက်နဲ့တစ်ယောက်ကြားက ဆက်ဆံရေး… တစ်ချိန်က ဖြစ်ခဲ့တဲ့ ကိုယ်နဲ့ အခု ဖြစ်လာတဲ့ ကိုယ်ကြားက အကွာအဝေးလည်း ဖြစ်နိုင်ပါတယ်။ အိမ်နဲ့ ဝေးလာတဲ့အခါ… လူတွေ ပြောင်းလဲလာတယ်။ အမှတ်တရတွေ ပြောင်းလဲလာတယ်။ “အိမ်” ဆိုတဲ့ အဓိပ္ပာယ်လည်း တဖြည်းဖြည်း ပြောင်းလဲလာတတ်ပါတယ်။ ဒီနေ့ Mirror Talk မှာ… အရင်က “အိမ်” နဲ့ အခုရောက်နေတဲ့ “ဒုတိယအိမ်” အကြေ...

အချိန်က ကုစားပေးလိမ့်မယ် | The Returning Light | Quiet Stories for the Night 15 08.07.2026

တစ်ချို့ဆုံးရှုံးမှုတွေကို… အချိန်ကပဲ ဖြည်းဖြည်းချင်း ကုစားပေးတတ်ပါတယ်... အရာအားလုံးက… အမြဲတမ်း ဒီအတိုင်း မနေပါဘူး... မိုးရွာပြီးရင် နေရောင် ပြန်ထွက်လာသလို… ဆုံးရှုံးမှုနောက်မှာလည်း အလင်းရောင်က တစ်နေ့တော့ ပြန်ရောက်လာတတ်ပါတယ်... ဒီညရဲ့ episode မှာ… အတိတ်ကို လက်လွှတ်ပေးဖို့ အသစ်တစ်ခု ဝင်လာနိုင်ဖို့ ဘဝထဲမှာ နေရာလွတ်လေးတစ်ခု ချန်ထားကြည့်ရအောင်... Quiet Stories for the Night 🌙 Calm • Healing • Mind 🎧...

မပြီးသေးတဲ့ ပန်းချီကားတစ်ချပ် | The Unfinished Self | Quiet Stories for the Night 14 01.07.2026

တစ်ခါတလေ… ကိုယ်က နောက်ကျနေသလို ခံစားရတတ်တယ်... လူတိုင်းက ရှေ့ရောက်နေပြီး… ကိုယ်တစ်ယောက်တည်း ကျန်နေသလို... ဒီည episode မှာတော့ “မပြီးပြည့်သေးတဲ့ ကိုယ်” အကြောင်း ပြောထားပါတယ် မပြီးသေးတာဟာ အားနည်းချက် မဟုတ်ပါဘူး သင်ဟာ… ဆေးခြယ်နေဆဲ ပန်းချီကားပါ ထုဆစ်နေဆဲ ရုပ်တုပါ ဖြစ်လာနေဆဲ လူတစ်ယောက်ပါ ဖြည်းဖြည်းချင်း ကိုယ့်ပုံစံနဲ့ ကိုယ် ဖြစ်လာလိုက်ပါ… 🤍🌿 ကောင်းသောညပါ… Quiet Stories for the Night 🌙 🎧 Listen on Y...

Mirror Talk #1 — နေခဲ့ဖူးတဲ့ မြို့လေး 🌥️ 24.06.2026

တစ်ခါတလေ… အရင်တုန်းက မြင်ခဲ့တဲ့ မြင်ကွင်းတွေ၊ လျှောက်ခဲ့တဲ့ လမ်းတွေ၊ ကြားခဲ့တဲ့ အသံတွေကို သတိရမိတယ်။ ဒီ Mirror Talk 1 လေးမှာ ကျွန်မ နေခဲ့ဖူးတဲ့ မြို့လေး၊ မိသားစု၊ သူငယ်ချင်းတွေ၊ နေ့စဉ်ဘဝရဲ့ အမှတ်တရလေးတွေအကြောင်း ပြောပြထားပါတယ်။ အဝေးကို ထွက်လာခဲ့သူတွေအတွက်လည်း… အဲ့ဒီနေရာမှာပဲ ကျန်နေခဲ့သူတွေအတွက်လည်း… ဒီအမှတ်တရလေးတွေထဲမှာ ကိုယ့်ကိုယ်ကို ပြန်တွေ့နိုင်မယ်လို့ မျှော်လင့်ပါတယ်။ 🌤️ Podcast: စိတ်အိမ်လေး (...

ပခုံးပေါ်က ဝန်ထုပ် | The Weight You Carry | Quiet Stories for the Night 13 17.06.2026

တစ်ခါတလေ… ပင်ပန်းနေတာက အားနည်းလို့ မဟုတ်ပါဘူး အချိန်အတော်ကြာ ကြိုးစားခဲ့လို့ပါ... ဒီနေ့ရဲ့ episode မှာ… သင်တစ်ယောက်တည်း ထမ်းထားမိတဲ့ ဝန်တွေ၊ မလိုအပ်တော့တဲ့ တာဝန်ယူမှုတွေ၊ အနားယူခြင်းရဲ့ အဓိပ္ပါယ်ကို တိတ်တိတ်လေး အတူတူ စဉ်းစားကြည့်ကြရအောင်... အရာအားလုံးကို သင်တစ်ယောက်တည်း သယ်ထားစရာမလိုပါဘူး 🤍🌿 Quiet Stories for the Night 🌙 🎧 Listen on YouTube: https://youtube.com/@sateeainlay

အိပ်မပျော်တဲ့ ညများအတွက်... 🌙 | Sleep Series 10.06.2026

ဒီည… အိပ်မပျော်သေးဘူးလား… အတွေးတွေ များနေသေးလား… ဒီ Sleep Series ကနေ ည...မှာ အနားယူနိုင်ဖို့ နူးနူးညံ့ညံ့ စကားပြောပေးထားပါတယ်။ အခုညအတွက်တော့… မနက်ဖြန်ရဲ့ အရာတွေကို ခဏလောက် ထားထားလိုက်ရအောင်… ဒီညရဲ့ သင်ကတော့… နားရုံပဲ နားလိုက်ပါ… 🌙🤍 🎧 Listen on YouTube: https://youtube.com/@sateeainlay

တိတ်ဆိတ်တဲ့ ခွန်အား | Silent Resilience | Quiet Stories for the Night 12 03.06.2026

ကျယ်လောင်တဲ့ အသံတွေထက်… တိတ်ဆိတ်တဲ့ ခွန်အားက ပိုပြီး အေးချမ်းတယ်။ ဒီနေ့အထိ ရောက်လာနိုင်ခဲ့တာက… သင့်ရဲ့ တိတ်ဆိတ်တဲ့ ခွန်အားကြောင့်ပါပဲ။ Quiet Stories for the Night 🌙 🎧 Listen on YouTube: https://youtube.com/@sateeainlay

ကျိုးပဲ့ခဲ့တဲ့ လမ်း 🌠 | Regret & Past Mistakes | Quiet Stories for the Night 11 27.05.2026

ဒီညမှာ… အတိတ်က အမှားတွေ၊ မပြောသင့်ခဲ့တဲ့ စကားတွေ၊ မလုပ်ဖြစ်ခဲ့တဲ့ အရာတွေကို ပြန်တွေးနေမိပါသလား… ဒီ Episode လေးမှာ နောင်တ၊ အမှား၊ ကိုယ့်ကိုယ်ကို ခွင့်လွှတ်ခြင်းအကြောင်း တိတ်တိတ်လေး ပြောပြထားပါတယ်… Quiet Stories for the Night 🌙 Podcast: စိတ် အိမ်လေး (Sate Eain Lay) 🎧 Listen on YouTube: https://youtube.com/@sateeainlay

လမ်းတစ်လျှောက်က အလှတရား | The Journey Continues | Quiet Stories for the Night 10 23.05.2026

ဒီ episode မှာ ဘဝဟာ အဆုံးမှတ်တစ်ခုကိုပဲ သွားနေတာမဟုတ်ပါဘူး… လမ်းတစ်လျှောက်က အလှတရားတွေ၊ အမှတ်တရတွေ... လက်ရှိအခိုက်အတန့်တွေအကြောင်း အတူတူ အေးအေးဆေးဆေး တွေးကြည့်ကြရအောင်… 🌿 Quiet Stories for the Night 🌙 Podcast: စိတ် အိမ်လေး (Sate Eain Lay) 🎧 Listen on YouTube: https://youtube.com/@sateeainlay

စိတ်ထဲက ဥယျာဉ်တစ်ခု | The Garden of Gratitude | Quiet Stories for the Night 09 13.05.2026

တစ်ခါတလေမှာ မရှိသေးတာတွေကိုပဲ အာရုံထားနေမိတတ်ပြီး ရှိပြီးသားအရာလေးတွေကို သတိမထားမိတတ်ကြပါဘူး... ဒီ episode မှာတော့ ကိုယ့်စိတ်ထဲက အတွေးတွေ… ခံစားချက်တွေ… မျှော်လင့်ချက်တွေ… ကျေးဇူးတင်မှုတွေနဲ့ ပြည့်နေတဲ့ “ဥယျာဉ်လေး” ကို ခဏလေး ရပ်ပြီး ကြည့်ကြရအောင်… တစ်ကယ်တော့… ကျေးဇူးတင်ခြင်းဆိုတာ အရာအားလုံးကို ပိုင်ဆိုင်ထားခြင်းမဟုတ်ပါဘူး… ကိုယ့်မှာ ရှိနေပြီးသားအရာတွေကို ကျေနပ်လာခြင်းပါပဲ… Quiet Stories for the Ni...

တိတ်ဆိတ်မှုထဲက ပျော်ရွှင်မှု | The Music in the Silence | Quiet Stories for the Night 08 06.05.2026

တစ်ခါတစ်လေ… ဘဝက ထိန်းချုပ်လို့မရတဲ့ ပင်လယ်ကြီးလို ဖြစ်နေတတ်ပါတယ်။ ဒီ episode မှာတော့ ဘဝကို ဘယ်လို အေးအေးဆေးဆေး တုံ့ပြန်နိုင်မလဲ… တိတ်ဆိတ်မှုထဲမှာ ပျော်ရွှင်မှုကို ဘယ်လိုရှာတွေ့နိုင်မလဲဆိုတာကို အေးအေးလေး နားထောင်ကြည့်ရအောင် 🍃 Quiet Stories for the Night 🌙 🎧 Listen on YouTube: https://youtube.com/@sateeainlay

အမှောင်ထဲက အလင်း | Courage in the Unknown | Quiet Stories for the Night 07 02.05.2026

တစ်ခါတစ်လေ ကိုယ်သွားချင်တဲ့လမ်းရှိပေမယ့် ပထမခြေလှမ်းကို မလှမ်းနိုင်တဲ့အချိန်တွေ ရှိတတ်ပါတယ်… ဒီ Episode မှာ ရဲစွမ်းသတ္တိဆိုတာ Ready ဖြစ်မှ မဟုတ်ပဲ မသေချာတဲ့အချိန်မှာတောင် လှမ်းလိုက်တဲ့ ခြေလှမ်းဖြစ်ကြောင်းကို တိတ်တိတ်လေးပြောထားပါတယ်… Quiet Stories for the Night 🌙 🎧 Listen on YouTube: https://youtube.com/@sateeainlay

နှလုံးသားတွေကြားက တံတားတစ်စင်း | The Bridge Between Hearts | Quiet Stories for the Night 06 22.04.2026

တစ်ခါတလေ ကျွန်မတို့ မပြောဖြစ်တဲ့ စကားတွေက နှလုံးသားတွေကြားမှာ အကွာအဝေးတွေ ဖြစ်စေနိုင်ပါတယ်။ ဒီ Episode မှာ ဆက်ဆံရေးဆိုတာ တံတားတစ်စင်းလိုဖြစ်ပြီး မထိန်းသိမ်းရင် ဆက်ဆံရေးတွေ ဘယ်လို ပျက်စီးသွားနိုင်လဲဆိုတာကို တိတ်တိတ်လေး မျှဝေထားပါတယ်။ ဒီည… ကိုယ်ချစ်တဲ့သူတွေနဲ့ အတူရှိနိုင်ပါစေ။ မပြောဖြစ်တဲ့ စကားတွေကိုလည်း တစ်နေ့တော့ ပြောနိုင်ပါစေ… ✨ Quiet Stories for the Night 🌙 Podcast: စိတ် အိမ်လေး (Sate Eain Lay...

နှလုံးသားထဲက ကြေးမုံ 🪞 | The Mirror in the Heart | Quiet Stories for the Night 05 15.04.2026

တစ်ခါတစ်လေ… ကျွန်မတို့ဟာ သူများကိုသာ ကြည့်နေပြီး ကိုယ့်ကိုယ်ကိုယ် မကြည့်ဖြစ်တာတွေ ရှိတတ်ပါတယ်… ဒီ Episode မှာ ကိုယ့်ကိုယ်ကို သိမြင်ခြင်း၊ လက်ခံနိုင်ခြင်းနဲ့ အတွင်းစိတ် အေးချမ်းမှုအကြောင်းကို နူးညံ့စွာ ဝေမျှထားပါတယ်... ဒီည နှလုံးသားထဲက ကြေးမုံတစ်ခုပေါ်မှာ ကိုယ့်ကိုယ်ကို တိတ်တဆိတ် ကြည့်လိုက်ပါ… သင် လုံလောက်ပြီးသားပါ ✨ Quiet Stories for the Night 🌙 Podcast: စိတ်အိမ်လေး (Sate Eain Lay) 🎧 Listen on...

ကန္တာရထဲက ရေတစ်စက် 💧 | The Water in the Desert | Quiet Stories for the Night 04 08.04.2026

တစ်ခါတစ်လေ… ဘဝဟာ ကန္တာရတစ်ခုလို ခံစားရတတ်ပါတယ်။ ခြောက်သွေ့ပြီး… လမ်းမမြင်ရသလို… တိတ်ဆိတ်နေတဲ့အချိန်တွေ… ဒါပေမယ့်… ကန္တာရထဲမှာတောင် ဝှက်ထားတဲ့ ရေရှိနေတတ်သလို အခက်အခဲတွေထဲမှာတောင် မျှော်လင့်ချက် ရှိနေတတ်ပါတယ်။ ဒီ episode မှာ မျှော်လင့်ချက်နဲ့ ဇွဲလုံ့လကို ဘယ်လိုတွဲဖက်ပြီး ဆက်လျှောက်မလဲဆိုတာ မျှဝေထားပါတယ် 🌙 တစ်ခါတစ်လေ အရာကြီးတွေ မလိုပါဘူး… ရေတစ်စက်လေးလို သေးငယ်တဲ့ မျှော်လင့်ချက်တစ်ခုကပဲ နောက်တစ်လှမ်း...

ကျောက်တုံးအောက်က မျိုးစေ့ 🌱 | The Seed Under the Stone | Quiet Stories for the Night 03 02.04.2026

ဒီည… သင် မအောင်မြင်မှုတွေကြောင့် စိတ်ပင်ပန်းနေတဲ့အချိန်… သင်ဟာ ကျောက်တုံးအောက်က မျိုးစေ့လို ဖိခံထားရသလို ခံစားနေရနိုင်ပါတယ်။ ဒါပေမယ့်… မျိုးစေ့တွေဟာ အမှောင်ထဲမှာပဲ သူတို့ရဲ့အားကို စုဆောင်းတတ်ကြတယ်… ဒီ episode မှာ Helen Keller ရဲ့ ဇာတ်လမ်းမှတစ်ဆင့် အခက်အခဲတွေကို အင်အားအဖြစ် ပြောင်းလဲနိုင်တဲ့ အကြောင်းကို မျှဝေထားပါတယ်။ 🌱 သင့်ဘဝမှာရှိတဲ့ “ကျောက်တုံး” က သင့်ရဲ့ အဆုံးသတ်မဟုတ်ပါဘူး… ဒါဟာ သင့်ကို တိုးတက...

Dream 01: The Moving Land of Blue Roofs — အပြာရောင်ခေါင်မိုးများ၏ လှုပ်ရှားနေသောမြေ 28.03.2026

ကျွန်မက အိပ်မက်တွေကို မကြာခဏ မက်တတ်ပါတယ်။ ထူးဆန်းတဲ့အိပ်မက်တွေ၊ အမှတ်တရဖြစ်နေတဲ့အိပ်မက်တွေဆိုရင် မနက်နိုးလာတာနဲ့ စာအုပ်ထဲမှာပဲ ဖြစ်ဖြစ်၊ ဖုန်းထဲမှာပဲ ဖြစ်ဖြစ် ချရေးထားတတ်တဲ့ အကျင့်ရှိပါတယ်။ ကိုယ့်အိပ်မက်လေးတွေကို အချိန်ကြာတဲ့ထိ မမေ့မလျော့အောင်ရယ်၊ ပုံပြင်လေးတစ်ပုဒ်လို ပြန်လည် မျှဝေချင်တဲ့စိတ်နဲ့ ဒီ video လေးကို ပြုလုပ်ထားတာပါ။ ဒီအိပ်မက်လေးကတော့ ဒီနှစ်အစပိုင်းမှာ မက်ခဲ့တဲ့ အမှတ်တရတစ်ခုပါ။ အိပ်မက်တစ...

စိုးရိမ်ပူပင်နေရတဲ့ည | Boat in the Storm 🌊 | Quiet Stories for the Night 02 25.03.2026

ဒီည… စိတ်ပင်ပန်းနေတဲ့ အချိန်တွေ၊ ဘဝက မုန်တိုင်းတစ်ခုလို ဖြစ်နေတဲ့အခါတွေအတွက်ပါ။ တစ်ခါတလေ ကိုယ်ကိုယ်တိုင် လှိုင်းတွေကြားထဲမှာ လမ်းမတွေ့တဲ့ လှေငယ်တစ်စင်းလို ခံစားရတတ်ပါတယ်… ဒါပေမယ့်  မုန်တိုင်းကို မထိန်းနိုင်လည်း ဘယ်လို တုံပြန်မလဲဆိုတာကိုတော့ သင်ပဲ ရွေးချယ်နိုင်ပါတယ်။ ဒီည  တိတ်တိတ်လေး နားထောင်ပြီး စိတ်အေးအေးနဲ့ အနားယူနိုင်ပါစေ။ Quiet Stories for the Night 🌙 Podcast: စိတ် အိမ်လေး (Sate Eain Lay) 🎧...

Słuchaj podcastu စိတ်အိမ်လေး (A Small Home for the Mind) w Replaio

Radio i podcasty w jednej aplikacji - za darmo, bez zakładania konta. Zainstaluj już dziś i nie przegap premiery

Pobierz z Google Play

Replaio nie jest wydawcą podcastów; nazwy audycji, okładki i audio należą do ich autorów i są rozpowszechniane przez publiczne kanały RSS