စိတ်အိမ်လေး (Sate Eain Lay)
စိတ်အိမ်လေး (A Small Home for the Mind)
စိတ်ပင်ပန်းနေတဲ့အချိန်တွေမှာအေးအေးလေး နားထောင်နိုင်တဲ့ နားခိုရာ Podcast လေးတစ်ခုပါ။ခဏလေး နားပြီးကိုယ့်စိတ်ကို နားလည်ပေးနိုင်ဖို့၊နည်းနည်းလေးပဲဖြစ်ဖြစ်စိတ်ရဲ့ စွမ်းအား ပြန်လည်ဖြည့်တင်းနိုင်ဖို့စကားချိုချိုလေးတွေ မျှဝေထားပါတယ်။Sate Eain Lay is a calming podcast for anyone feeling tired or needing a safe space. Let’s listen slowly — a small home for the mind. Calm • Healing • Mind
Author
စိတ်အိမ်လေး (Sate Eain Lay)
Category
Podcast website
Latest episode
Jul 8, 2026
Where to listen?
Podcasts in the app Replaio Radio Coming soonPodcasts are coming to the app soon. Install now and be the first to see a whole new take on podcasts
Episodes
အချိန်က ကုစားပေးလိမ့်မယ် | The Returning Light | Quiet Stories for the Night 15 08.07.2026 7:56
တစ်ချို့ဆုံးရှုံးမှုတွေကို… အချိန်ကပဲ ဖြည်းဖြည်းချင်း ကုစားပေးတတ်ပါတယ်... အရာအားလုံးက… အမြဲတမ်း ဒီအတိုင်း မနေပါဘူး... မိုးရွာပြီးရင် နေရောင် ပြန်ထွက်လာသလို… ဆုံးရှုံးမှုနောက်မှာလည်း အလင်းရောင်က တစ်နေ့တော့ ပြန်ရောက်လာတတ်ပါတယ်... ဒီညရဲ့ episode မှာ… အတိတ်ကို လက်လွှတ်ပေးဖို့ အသစ်တစ်ခု ဝင်လာနိုင်ဖို့ ဘဝထဲမှာ နေရာလွတ်လေးတစ်ခု ချန်ထားကြည့်ရအောင်... Quiet Stories for the Night 🌙 Calm • Healing • Mind 🎧...
မပြီးသေးတဲ့ ပန်းချီကားတစ်ချပ် | The Unfinished Self | Quiet Stories for the Night 14 01.07.2026 5:48
တစ်ခါတလေ… ကိုယ်က နောက်ကျနေသလို ခံစားရတတ်တယ်... လူတိုင်းက ရှေ့ရောက်နေပြီး… ကိုယ်တစ်ယောက်တည်း ကျန်နေသလို... ဒီည episode မှာတော့ “မပြီးပြည့်သေးတဲ့ ကိုယ်” အကြောင်း ပြောထားပါတယ် မပြီးသေးတာဟာ အားနည်းချက် မဟုတ်ပါဘူး သင်ဟာ… ဆေးခြယ်နေဆဲ ပန်းချီကားပါ ထုဆစ်နေဆဲ ရုပ်တုပါ ဖြစ်လာနေဆဲ လူတစ်ယောက်ပါ ဖြည်းဖြည်းချင်း ကိုယ့်ပုံစံနဲ့ ကိုယ် ဖြစ်လာလိုက်ပါ… 🤍🌿 ကောင်းသောညပါ… Quiet Stories for the Night 🌙 🎧 Listen on Y...
Mirror Talk #1 — နေခဲ့ဖူးတဲ့ မြို့လေး 🌥️ 24.06.2026 4:47
တစ်ခါတလေ… အရင်တုန်းက မြင်ခဲ့တဲ့ မြင်ကွင်းတွေ၊ လျှောက်ခဲ့တဲ့ လမ်းတွေ၊ ကြားခဲ့တဲ့ အသံတွေကို သတိရမိတယ်။ ဒီ Mirror Talk 1 လေးမှာ ကျွန်မ နေခဲ့ဖူးတဲ့ မြို့လေး၊ မိသားစု၊ သူငယ်ချင်းတွေ၊ နေ့စဉ်ဘဝရဲ့ အမှတ်တရလေးတွေအကြောင်း ပြောပြထားပါတယ်။ အဝေးကို ထွက်လာခဲ့သူတွေအတွက်လည်း… အဲ့ဒီနေရာမှာပဲ ကျန်နေခဲ့သူတွေအတွက်လည်း… ဒီအမှတ်တရလေးတွေထဲမှာ ကိုယ့်ကိုယ်ကို ပြန်တွေ့နိုင်မယ်လို့ မျှော်လင့်ပါတယ်။ 🌤️ Podcast: စိတ်အိမ်လေး (...
ပခုံးပေါ်က ဝန်ထုပ် | The Weight You Carry | Quiet Stories for the Night 13 17.06.2026 7:40
တစ်ခါတလေ… ပင်ပန်းနေတာက အားနည်းလို့ မဟုတ်ပါဘူး အချိန်အတော်ကြာ ကြိုးစားခဲ့လို့ပါ... ဒီနေ့ရဲ့ episode မှာ… သင်တစ်ယောက်တည်း ထမ်းထားမိတဲ့ ဝန်တွေ၊ မလိုအပ်တော့တဲ့ တာဝန်ယူမှုတွေ၊ အနားယူခြင်းရဲ့ အဓိပ္ပါယ်ကို တိတ်တိတ်လေး အတူတူ စဉ်းစားကြည့်ကြရအောင်... အရာအားလုံးကို သင်တစ်ယောက်တည်း သယ်ထားစရာမလိုပါဘူး 🤍🌿 Quiet Stories for the Night 🌙 🎧 Listen on YouTube: https://youtube.com/@sateeainlay
အိပ်မပျော်တဲ့ ညများအတွက်... 🌙 | Sleep Series 10.06.2026 8:12
ဒီည… အိပ်မပျော်သေးဘူးလား… အတွေးတွေ များနေသေးလား… ဒီ Sleep Series ကနေ ည...မှာ အနားယူနိုင်ဖို့ နူးနူးညံ့ညံ့ စကားပြောပေးထားပါတယ်။ အခုညအတွက်တော့… မနက်ဖြန်ရဲ့ အရာတွေကို ခဏလောက် ထားထားလိုက်ရအောင်… ဒီညရဲ့ သင်ကတော့… နားရုံပဲ နားလိုက်ပါ… 🌙🤍 🎧 Listen on YouTube: https://youtube.com/@sateeainlay
တိတ်ဆိတ်တဲ့ ခွန်အား | Silent Resilience | Quiet Stories for the Night 12 03.06.2026 8:18
ကျယ်လောင်တဲ့ အသံတွေထက်… တိတ်ဆိတ်တဲ့ ခွန်အားက ပိုပြီး အေးချမ်းတယ်။ ဒီနေ့အထိ ရောက်လာနိုင်ခဲ့တာက… သင့်ရဲ့ တိတ်ဆိတ်တဲ့ ခွန်အားကြောင့်ပါပဲ။ Quiet Stories for the Night 🌙 🎧 Listen on YouTube: https://youtube.com/@sateeainlay
ကျိုးပဲ့ခဲ့တဲ့ လမ်း 🌠 | Regret & Past Mistakes | Quiet Stories for the Night 11 27.05.2026 5:34
ဒီညမှာ… အတိတ်က အမှားတွေ၊ မပြောသင့်ခဲ့တဲ့ စကားတွေ၊ မလုပ်ဖြစ်ခဲ့တဲ့ အရာတွေကို ပြန်တွေးနေမိပါသလား… ဒီ Episode လေးမှာ နောင်တ၊ အမှား၊ ကိုယ့်ကိုယ်ကို ခွင့်လွှတ်ခြင်းအကြောင်း တိတ်တိတ်လေး ပြောပြထားပါတယ်… Quiet Stories for the Night 🌙 Podcast: စိတ် အိမ်လေး (Sate Eain Lay) 🎧 Listen on YouTube: https://youtube.com/@sateeainlay
လမ်းတစ်လျှောက်က အလှတရား | The Journey Continues | Quiet Stories for the Night 10 23.05.2026 6:35
ဒီ episode မှာ ဘဝဟာ အဆုံးမှတ်တစ်ခုကိုပဲ သွားနေတာမဟုတ်ပါဘူး… လမ်းတစ်လျှောက်က အလှတရားတွေ၊ အမှတ်တရတွေ... လက်ရှိအခိုက်အတန့်တွေအကြောင်း အတူတူ အေးအေးဆေးဆေး တွေးကြည့်ကြရအောင်… 🌿 Quiet Stories for the Night 🌙 Podcast: စိတ် အိမ်လေး (Sate Eain Lay) 🎧 Listen on YouTube: https://youtube.com/@sateeainlay
စိတ်ထဲက ဥယျာဉ်တစ်ခု | The Garden of Gratitude | Quiet Stories for the Night 09 13.05.2026 5:28
တစ်ခါတလေမှာ မရှိသေးတာတွေကိုပဲ အာရုံထားနေမိတတ်ပြီး ရှိပြီးသားအရာလေးတွေကို သတိမထားမိတတ်ကြပါဘူး... ဒီ episode မှာတော့ ကိုယ့်စိတ်ထဲက အတွေးတွေ… ခံစားချက်တွေ… မျှော်လင့်ချက်တွေ… ကျေးဇူးတင်မှုတွေနဲ့ ပြည့်နေတဲ့ “ဥယျာဉ်လေး” ကို ခဏလေး ရပ်ပြီး ကြည့်ကြရအောင်… တစ်ကယ်တော့… ကျေးဇူးတင်ခြင်းဆိုတာ အရာအားလုံးကို ပိုင်ဆိုင်ထားခြင်းမဟုတ်ပါဘူး… ကိုယ့်မှာ ရှိနေပြီးသားအရာတွေကို ကျေနပ်လာခြင်းပါပဲ… Quiet Stories for the Ni...
တိတ်ဆိတ်မှုထဲက ပျော်ရွှင်မှု | The Music in the Silence | Quiet Stories for the Night 08 06.05.2026 4:34
တစ်ခါတစ်လေ… ဘဝက ထိန်းချုပ်လို့မရတဲ့ ပင်လယ်ကြီးလို ဖြစ်နေတတ်ပါတယ်။ ဒီ episode မှာတော့ ဘဝကို ဘယ်လို အေးအေးဆေးဆေး တုံ့ပြန်နိုင်မလဲ… တိတ်ဆိတ်မှုထဲမှာ ပျော်ရွှင်မှုကို ဘယ်လိုရှာတွေ့နိုင်မလဲဆိုတာကို အေးအေးလေး နားထောင်ကြည့်ရအောင် 🍃 Quiet Stories for the Night 🌙 🎧 Listen on YouTube: https://youtube.com/@sateeainlay
အမှောင်ထဲက အလင်း | Courage in the Unknown | Quiet Stories for the Night 07 02.05.2026 5:03
တစ်ခါတစ်လေ ကိုယ်သွားချင်တဲ့လမ်းရှိပေမယ့် ပထမခြေလှမ်းကို မလှမ်းနိုင်တဲ့အချိန်တွေ ရှိတတ်ပါတယ်… ဒီ Episode မှာ ရဲစွမ်းသတ္တိဆိုတာ Ready ဖြစ်မှ မဟုတ်ပဲ မသေချာတဲ့အချိန်မှာတောင် လှမ်းလိုက်တဲ့ ခြေလှမ်းဖြစ်ကြောင်းကို တိတ်တိတ်လေးပြောထားပါတယ်… Quiet Stories for the Night 🌙 🎧 Listen on YouTube: https://youtube.com/@sateeainlay
နှလုံးသားတွေကြားက တံတားတစ်စင်း | The Bridge Between Hearts | Quiet Stories for the Night 06 22.04.2026 6:30
တစ်ခါတလေ ကျွန်မတို့ မပြောဖြစ်တဲ့ စကားတွေက နှလုံးသားတွေကြားမှာ အကွာအဝေးတွေ ဖြစ်စေနိုင်ပါတယ်။ ဒီ Episode မှာ ဆက်ဆံရေးဆိုတာ တံတားတစ်စင်းလိုဖြစ်ပြီး မထိန်းသိမ်းရင် ဆက်ဆံရေးတွေ ဘယ်လို ပျက်စီးသွားနိုင်လဲဆိုတာကို တိတ်တိတ်လေး မျှဝေထားပါတယ်။ ဒီည… ကိုယ်ချစ်တဲ့သူတွေနဲ့ အတူရှိနိုင်ပါစေ။ မပြောဖြစ်တဲ့ စကားတွေကိုလည်း တစ်နေ့တော့ ပြောနိုင်ပါစေ… ✨ Quiet Stories for the Night 🌙 Podcast: စိတ် အိမ်လေး (Sate Eain Lay...
နှလုံးသားထဲက ကြေးမုံ 🪞 | The Mirror in the Heart | Quiet Stories for the Night 05 15.04.2026 4:40
တစ်ခါတစ်လေ… ကျွန်မတို့ဟာ သူများကိုသာ ကြည့်နေပြီး ကိုယ့်ကိုယ်ကိုယ် မကြည့်ဖြစ်တာတွေ ရှိတတ်ပါတယ်… ဒီ Episode မှာ ကိုယ့်ကိုယ်ကို သိမြင်ခြင်း၊ လက်ခံနိုင်ခြင်းနဲ့ အတွင်းစိတ် အေးချမ်းမှုအကြောင်းကို နူးညံ့စွာ ဝေမျှထားပါတယ်... ဒီည နှလုံးသားထဲက ကြေးမုံတစ်ခုပေါ်မှာ ကိုယ့်ကိုယ်ကို တိတ်တဆိတ် ကြည့်လိုက်ပါ… သင် လုံလောက်ပြီးသားပါ ✨ Quiet Stories for the Night 🌙 Podcast: စိတ်အိမ်လေး (Sate Eain Lay) 🎧 Listen on...
ကန္တာရထဲက ရေတစ်စက် 💧 | The Water in the Desert | Quiet Stories for the Night 04 08.04.2026 7:17
တစ်ခါတစ်လေ… ဘဝဟာ ကန္တာရတစ်ခုလို ခံစားရတတ်ပါတယ်။ ခြောက်သွေ့ပြီး… လမ်းမမြင်ရသလို… တိတ်ဆိတ်နေတဲ့အချိန်တွေ… ဒါပေမယ့်… ကန္တာရထဲမှာတောင် ဝှက်ထားတဲ့ ရေရှိနေတတ်သလို အခက်အခဲတွေထဲမှာတောင် မျှော်လင့်ချက် ရှိနေတတ်ပါတယ်။ ဒီ episode မှာ မျှော်လင့်ချက်နဲ့ ဇွဲလုံ့လကို ဘယ်လိုတွဲဖက်ပြီး ဆက်လျှောက်မလဲဆိုတာ မျှဝေထားပါတယ် 🌙 တစ်ခါတစ်လေ အရာကြီးတွေ မလိုပါဘူး… ရေတစ်စက်လေးလို သေးငယ်တဲ့ မျှော်လင့်ချက်တစ်ခုကပဲ နောက်တစ်လှမ်း...
ကျောက်တုံးအောက်က မျိုးစေ့ 🌱 | The Seed Under the Stone | Quiet Stories for the Night 03 02.04.2026 5:55
ဒီည… သင် မအောင်မြင်မှုတွေကြောင့် စိတ်ပင်ပန်းနေတဲ့အချိန်… သင်ဟာ ကျောက်တုံးအောက်က မျိုးစေ့လို ဖိခံထားရသလို ခံစားနေရနိုင်ပါတယ်။ ဒါပေမယ့်… မျိုးစေ့တွေဟာ အမှောင်ထဲမှာပဲ သူတို့ရဲ့အားကို စုဆောင်းတတ်ကြတယ်… ဒီ episode မှာ Helen Keller ရဲ့ ဇာတ်လမ်းမှတစ်ဆင့် အခက်အခဲတွေကို အင်အားအဖြစ် ပြောင်းလဲနိုင်တဲ့ အကြောင်းကို မျှဝေထားပါတယ်။ 🌱 သင့်ဘဝမှာရှိတဲ့ “ကျောက်တုံး” က သင့်ရဲ့ အဆုံးသတ်မဟုတ်ပါဘူး… ဒါဟာ သင့်ကို တိုးတက...
Dream 01: The Moving Land of Blue Roofs — အပြာရောင်ခေါင်မိုးများ၏ လှုပ်ရှားနေသောမြေ 28.03.2026 5:14
ကျွန်မက အိပ်မက်တွေကို မကြာခဏ မက်တတ်ပါတယ်။ ထူးဆန်းတဲ့အိပ်မက်တွေ၊ အမှတ်တရဖြစ်နေတဲ့အိပ်မက်တွေဆိုရင် မနက်နိုးလာတာနဲ့ စာအုပ်ထဲမှာပဲ ဖြစ်ဖြစ်၊ ဖုန်းထဲမှာပဲ ဖြစ်ဖြစ် ချရေးထားတတ်တဲ့ အကျင့်ရှိပါတယ်။ ကိုယ့်အိပ်မက်လေးတွေကို အချိန်ကြာတဲ့ထိ မမေ့မလျော့အောင်ရယ်၊ ပုံပြင်လေးတစ်ပုဒ်လို ပြန်လည် မျှဝေချင်တဲ့စိတ်နဲ့ ဒီ video လေးကို ပြုလုပ်ထားတာပါ။ ဒီအိပ်မက်လေးကတော့ ဒီနှစ်အစပိုင်းမှာ မက်ခဲ့တဲ့ အမှတ်တရတစ်ခုပါ။ အိပ်မက်တစ...
စိုးရိမ်ပူပင်နေရတဲ့ည | Boat in the Storm 🌊 | Quiet Stories for the Night 02 25.03.2026 5:35
ဒီည… စိတ်ပင်ပန်းနေတဲ့ အချိန်တွေ၊ ဘဝက မုန်တိုင်းတစ်ခုလို ဖြစ်နေတဲ့အခါတွေအတွက်ပါ။ တစ်ခါတလေ ကိုယ်ကိုယ်တိုင် လှိုင်းတွေကြားထဲမှာ လမ်းမတွေ့တဲ့ လှေငယ်တစ်စင်းလို ခံစားရတတ်ပါတယ်… ဒါပေမယ့် မုန်တိုင်းကို မထိန်းနိုင်လည်း ဘယ်လို တုံပြန်မလဲဆိုတာကိုတော့ သင်ပဲ ရွေးချယ်နိုင်ပါတယ်။ ဒီည တိတ်တိတ်လေး နားထောင်ပြီး စိတ်အေးအေးနဲ့ အနားယူနိုင်ပါစေ။ Quiet Stories for the Night 🌙 Podcast: စိတ် အိမ်လေး (Sate Eain Lay) 🎧...
သင် တစ်ယောက်တည်း မဟုတ်ပါဘူး | You Are Not Alone 🌙 | Quiet Stories for the Night 01 18.03.2026 8:33
ဒီည… သင် တစ်ယောက်တည်းလို ခံစားနေရလား? လူတွေကြားထဲမှာတောင် တစ်ယောက်တည်းလို ခံစားရတဲ့ အချိန်တွေ လူတိုင်းမှာ ရှိတတ်ပါတယ်။ ဒါပေမယ့်… ဒီ Podcast လေးက သင့်ကို တစ်ခုကို ပြောပြပေးချင်ပါတယ်။ သင် တစ်ယောက်တည်း မဟုတ်ပါဘူး။ ဒီည တိတ်တိတ်လေး နားထောင်ပြီး စိတ်အေးအေးနဲ့ အနားယူနိုင်ပါစေ။ Quiet Stories for the Night 🌙 Podcast: စိတ် အိမ်လေး (Sate Eain Lay) 🎧 Listen on YouTube: https://youtube.com/@sateeainlay?si=...
Episode 10: မှောင်မိုက်တဲ့ လမ်းထဲက မီးအလင်းငယ်လေး (Light Inside the Tunnel) 11.03.2026 8:26
ဘဝမှာ မှောင်မိုက်တဲ့ လမ်းထဲမှာ လျှောက်နေသလို ခံစားရတတ်ပါတယ်။ ရှေ့ကို ဘယ်လိုဆက်သွားရမလဲ မသေချာတဲ့အချိန်တွေ ရှိနိုင်ပါတယ်။ Season 1 ရဲ့ နောက်ဆုံး episode ဖြစ်တဲ့ “မှောင်မိုက်တဲ့ လမ်းထဲက မီးအလင်းငယ်လေး” မှာ ဘဝရဲ့ လမ်းဆုံတွေ၊ သံသယတွေ၊ ယုံကြည်ချက်နဲ့ မျှော်လင့်ချက်အကြောင်း တိတ်တိတ်လေး ပြောထားပါတယ်။ တစ်ခါတစ်လေ ရှေ့ကို ဆက်သွားနိုင်ဖို့ မီးအလင်းလေးတစ်ခုလောက်ပဲ လုံလောက်ပါတယ် ... 🤍 🎧 Listen on YouTube: ht...
Episode 9: Boundary ထားတာ တစ်ကိုယ်ကောင်းဆန်တာ မဟုတ်ပါဘူး (Boundaries Are Not Selfish) 04.03.2026 6:41
ငယ်စဉ်ကတည်းက မိဘ၊ မိသားစု၊ သူငယ်ချင်းတွေ နောက်ကို လိုက်နေရင်း . . . “ငါ့ကိုယ်ငါ ဘာလိုချင်လဲ?”လို့ ကိုယ့်ကိုယ်ကို မေးဖူးကြသလား။ ဒီ Episode မှာ Yes လို့ အမြဲပြောနေရတဲ့အကြောင်း၊ “အားနာ” လို့ဆိုပြီး ကိုယ်မလုပ်ချင်တဲ့အရာတွေ လုပ်ပေးနေရတဲ့အကြောင်း၊ နောက်ဆုံးမှာ နယ်နိမိတ် (Boundary) ကို ဘာကြောင့် လိုအပ်လာတာလဲ ဆိုတာကို တိုးတိုးလေးပြောထားပါတယ်။ ကိုယ့်ကိုယ်ကို ဦးစားပေးခြင်းဟာ တစ်ကိုယ်ကောင်းဆန်ခြင်းမဟုတ်ပါဘူး...
Episode 8: ကူညီပေးနိုင်တဲ့ လူတွေကို ဘယ်လိုရှာမလဲ (Finding Your People) 25.02.2026 7:17
လူတွေ အများကြီးကြားမှာရှိနေပေမယ့်တစ်ယောက်တည်းလို ခံစားရဖူးလား? ... Support ဆိုတာ အကြံပေးနိုင်တဲ့သူ မဟုတ်ပါဘူး။ သင့်အောင်မြင်မှုကို ပြိုင်ဆိုင်မှုလို မမြင်တဲ့သူ၊ သင့်နယ်နိမိတ်ကို လေးစားတဲ့သူ၊ သင့်ဘေးမှာ တည်ငြိမ်စွာ ရပ်တည်ပေးနိုင်တဲ့သူတွေပါ။ ဒီ episode မှာ Healthy community ဆိုတာ ဘာလဲ၊ "Red flags နဲ့ Safe people" ကို ဘယ်လိုခွဲခြားမလဲဆိုတာ နူးညံ့စွာ ဆွေးနွေးထားပါတယ်။ မင်းရဲ့ လူတွေကို ရှာဖို...
Episode 7: ကိုယ့်ကိုယ်ကို နားလည်ခြင်း (Self-Awareness & Personal Growth) 18.02.2026 6:02
အသက်ကြီးလာတဲ့အခါ ကိုယ့်အတိတ်ကို ပြန်လှန်ကြည့်မိလာတယ်။ ဒီ episode မှာ ကိုယ့်ကိုယ်ကို နားလည်လာခြင်း၊ ကိုယ့်အမှားတွေကို အပြစ်မတင်ဘဲ လက်ခံနိုင်ခြင်း၊ အတင်းမလုပ်ဘဲ တိုးတက်နိုင်ခြင်းအကြောင်း နူးညံ့စွာ မျှဝေထားပါတယ်။ Self-awareness ဆိုတာ ကိုယ့်အမှားကို ရှာဖွေတာမဟုတ်ဘဲ ကိုယ့်ကိုယ်ကို ပိုနားလည်လာခြင်းပါ။ ✨ “ငါဟာ အခု ရောက်နေတဲ့ နေရာက ရောက်သင့်တဲ့ နေရာပဲ” ဒီ episode က ကိုယ့်လမ်းကို ယုံကြည်ဖို့၊ ကိုယ့်ကိုယ်က...
Episode 6: ကလေးဘဝက စိတ်ဒဏ်ရာတွေ (Childhood emotional wounds) 11.02.2026 7:03
ကလေးတိုင်းမှာ ကိုယ့်အတွက် အရေးကြီးဆုံး အရာတစ်ခုရှိတယ်။ လုံခြုံမှု၊ နားထောင်ခံရခြင်း၊ ယုံကြည်မှု၊ ချစ်ခြင်း… အဲ့ဒီအရာတွေ မရဘဲ ... အကြိမ်ကြိမ် ခံစားခဲ့ရတဲ့အခါ အသံမထွက်တဲ့ ဒဏ်ရာတွေ ဖြစ်လာနိုင်ပါတယ်။ ဒီ episode မှာ ကလေးဘဝက emotional wounds တွေ အရွယ်ရောက်ပြီးနောက် ဘယ်လိုပုံစံနဲ့ ပေါ်လာနိုင်လဲ နဲ့ နူးညံ့စွာ ဘယ်လို သတိပြုနိုင်လဲ ဆိုတာကို တိတ်တိတ်လေး ဆွေးနွေးထားပါတယ်။ ဒီ အပိုင်းက အားလုံးနားထောင်ဖို့ မလိုပ...
Episode 5: အတွေး → လုပ်ရပ် → အကျင့် → ကိုယ်ရည်ကိုယ်သွေး (Thought → Act → Habit → Character) 04.02.2026 6:37
အတွေးသေးသေးလေးတွေက ကိုယ့်ဘဝရဲ့ ဦးတည်ရာကို တဖြည်းဖြည်း ဖန်တီးနေပါတယ်။ ဒီ episode မှာ အတွေး → စကား → လုပ်ရပ် → အကျင့် ဆိုတဲ့ chain လေးတစ်ခုက ကံကြမ္မာအထိ ဘယ်လို ချိတ်ဆက်နေသလဲဆိုတာကို ရိုးရိုးလေးနဲ့ မျှဝေထားပါတယ်။ ဒီနေ့ ကိုယ့်အတွေးကို နည်းနည်းလေး သတိထားကြည့်ဖို့ပါ။ 🎧 Listen on YouTube: https://youtube.com/@sateeainlay?si=aTdj8n5pkwlo-bU- 🌱 Podcast: စိတ် အိမ်လေး (Sate Eain Lay) Calm • Healing • Mind
Episode 4: စတင်ရခက်တဲ့နေ့တွေ (When starting feels hard) 28.01.2026 6:40
အလုပ်ကို စတင်ဖို့ ခက်နေသူတွေ၊ စိတ်ဖိစီးမှုနဲ့ အားနည်းမှု ခံစားနေသူတွေ အတွက် အေးအေးဆေးဆေး နားဆင်နိုင်တဲ့ podcast လေးပါ။ “You’re protecting yourself, not failing”
Similar podcasts
Replaio is not a podcast publisher; show names, artwork and audio belong to their authors and are distributed through public RSS feeds.