စိတ်အိမ်လေး (Sate Eain Lay)

စိတ်အိမ်လေး (A Small Home for the Mind)

Society MY ↓ 36 episodes

စိတ်ပင်ပန်းနေတဲ့အချိန်တွေမှာအေးအေးလေး နားထောင်နိုင်တဲ့ နားခိုရာ Podcast လေးတစ်ခုပါ။ခဏလေး နားပြီးကိုယ့်စိတ်ကို နားလည်ပေးနိုင်ဖို့၊နည်းနည်းလေးပဲဖြစ်ဖြစ်စိတ်ရဲ့ စွမ်းအား ပြန်လည်ဖြည့်တင်းနိုင်ဖို့စကားချိုချိုလေးတွေ မျှဝေထားပါတယ်။Sate Eain Lay is a calming podcast for anyone feeling tired or needing a safe space. Let’s listen slowly — a small home for the mind. Calm • Healing • Mind

Be sure to visit the podcast's website and support the creator: podcasters.spotify.com

Author

စိတ်အိမ်လေး (Sate Eain Lay)

Category

Society

Podcast website

podcasters.spotify.com

Latest episode

Sep 24, 2026

Where to listen?

Podcasts in the app Replaio Radio Coming soon

Podcasts are coming to the app soon. Install now and be the first to see a whole new take on podcasts

Get it on Google Play Install for free Android almost 10M downloads · 4.8 rating iOS soon

Episodes

သင် တစ်ယောက်တည်း မဟုတ်ပါဘူး | You Are Not Alone 🌙 | Quiet Stories for the Night 01 18.03.2026

ဒီည… သင် တစ်ယောက်တည်းလို ခံစားနေရလား? လူတွေကြားထဲမှာတောင် တစ်ယောက်တည်းလို ခံစားရတဲ့ အချိန်တွေ လူတိုင်းမှာ ရှိတတ်ပါတယ်။ ဒါပေမယ့်… ဒီ Podcast လေးက သင့်ကို တစ်ခုကို ပြောပြပေးချင်ပါတယ်။ သင် တစ်ယောက်တည်း မဟုတ်ပါဘူး။  ဒီည  တိတ်တိတ်လေး နားထောင်ပြီး စိတ်အေးအေးနဲ့ အနားယူနိုင်ပါစေ။ Quiet Stories for the Night 🌙 Podcast: စိတ် အိမ်လေး (Sate Eain Lay) 🎧 Listen on YouTube: https://youtube.com/@sateeainlay?si=...

Episode 10: မှောင်မိုက်တဲ့ လမ်းထဲက မီးအလင်းငယ်လေး (Light Inside the Tunnel) 11.03.2026

ဘဝမှာ မှောင်မိုက်တဲ့ လမ်းထဲမှာ လျှောက်နေသလို ခံစားရတတ်ပါတယ်။ ရှေ့ကို ဘယ်လိုဆက်သွားရမလဲ မသေချာတဲ့အချိန်တွေ ရှိနိုင်ပါတယ်။ Season 1 ရဲ့ နောက်ဆုံး episode ဖြစ်တဲ့ “မှောင်မိုက်တဲ့ လမ်းထဲက မီးအလင်းငယ်လေး” မှာ ဘဝရဲ့ လမ်းဆုံတွေ၊ သံသယတွေ၊ ယုံကြည်ချက်နဲ့ မျှော်လင့်ချက်အကြောင်း တိတ်တိတ်လေး ပြောထားပါတယ်။ တစ်ခါတစ်လေ ရှေ့ကို ဆက်သွားနိုင်ဖို့ မီးအလင်းလေးတစ်ခုလောက်ပဲ လုံလောက်ပါတယ် ... 🤍 🎧 Listen on YouTube: ht...

Episode 9: Boundary ထားတာ တစ်ကိုယ်ကောင်းဆန်တာ မဟုတ်ပါဘူး (Boundaries Are Not Selfish) 04.03.2026

ငယ်စဉ်ကတည်းက မိဘ၊ မိသားစု၊ သူငယ်ချင်းတွေ နောက်ကို လိုက်နေရင်း . . . “ငါ့ကိုယ်ငါ ဘာလိုချင်လဲ?”လို့ ကိုယ့်ကိုယ်ကို မေးဖူးကြသလား။ ဒီ Episode မှာ Yes လို့ အမြဲပြောနေရတဲ့အကြောင်း၊ “အားနာ” လို့ဆိုပြီး ကိုယ်မလုပ်ချင်တဲ့အရာတွေ လုပ်ပေးနေရတဲ့အကြောင်း၊ နောက်ဆုံးမှာ နယ်နိမိတ် (Boundary) ကို ဘာကြောင့် လိုအပ်လာတာလဲ ဆိုတာကို တိုးတိုးလေးပြောထားပါတယ်။ ကိုယ့်ကိုယ်ကို ဦးစားပေးခြင်းဟာ တစ်ကိုယ်ကောင်းဆန်ခြင်းမဟုတ်ပါဘူး...

Episode 8: ကူညီပေးနိုင်တဲ့ လူတွေကို ဘယ်လိုရှာမလဲ (Finding Your People) 25.02.2026

လူတွေ အများကြီးကြားမှာရှိနေပေမယ့်တစ်ယောက်တည်းလို ခံစားရဖူးလား? ... Support ဆိုတာ အကြံပေးနိုင်တဲ့သူ မဟုတ်ပါဘူး။ သင့်အောင်မြင်မှုကို ပြိုင်ဆိုင်မှုလို မမြင်တဲ့သူ၊ သင့်နယ်နိမိတ်ကို လေးစားတဲ့သူ၊ သင့်ဘေးမှာ တည်ငြိမ်စွာ ရပ်တည်ပေးနိုင်တဲ့သူတွေပါ။ ဒီ episode မှာ Healthy community ဆိုတာ ဘာလဲ၊ "Red flags နဲ့ Safe people" ကို ဘယ်လိုခွဲခြားမလဲဆိုတာ နူးညံ့စွာ ဆွေးနွေးထားပါတယ်။ မင်းရဲ့ လူတွေကို ရှာဖို...

Episode 7: ကိုယ့်ကိုယ်ကို နားလည်ခြင်း (Self-Awareness & Personal Growth) 18.02.2026

အသက်ကြီးလာတဲ့အခါ ကိုယ့်အတိတ်ကို ပြန်လှန်ကြည့်မိလာတယ်။ ဒီ episode မှာ ကိုယ့်ကိုယ်ကို နားလည်လာခြင်း၊ ကိုယ့်အမှားတွေကို အပြစ်မတင်ဘဲ လက်ခံနိုင်ခြင်း၊ အတင်းမလုပ်ဘဲ တိုးတက်နိုင်ခြင်းအကြောင်း နူးညံ့စွာ မျှဝေထားပါတယ်။ Self-awareness ဆိုတာ ကိုယ့်အမှားကို ရှာဖွေတာမဟုတ်ဘဲ ကိုယ့်ကိုယ်ကို ပိုနားလည်လာခြင်းပါ။ ✨ “ငါဟာ အခု ရောက်နေတဲ့ နေရာက ရောက်သင့်တဲ့ နေရာပဲ” ဒီ episode က ကိုယ့်လမ်းကို ယုံကြည်ဖို့၊ ကိုယ့်ကိုယ်က...

Episode 6: ကလေးဘဝက စိတ်ဒဏ်ရာတွေ (Childhood emotional wounds) 11.02.2026

ကလေးတိုင်းမှာ ကိုယ့်အတွက် အရေးကြီးဆုံး အရာတစ်ခုရှိတယ်။ လုံခြုံမှု၊ နားထောင်ခံရခြင်း၊ ယုံကြည်မှု၊ ချစ်ခြင်း… အဲ့ဒီအရာတွေ မရဘဲ ... အကြိမ်ကြိမ် ခံစားခဲ့ရတဲ့အခါ အသံမထွက်တဲ့ ဒဏ်ရာတွေ ဖြစ်လာနိုင်ပါတယ်။ ဒီ episode မှာ ကလေးဘဝက emotional wounds တွေ အရွယ်ရောက်ပြီးနောက် ဘယ်လိုပုံစံနဲ့ ပေါ်လာနိုင်လဲ နဲ့ နူးညံ့စွာ ဘယ်လို သတိပြုနိုင်လဲ ဆိုတာကို တိတ်တိတ်လေး ဆွေးနွေးထားပါတယ်။ ဒီ အပိုင်းက အားလုံးနားထောင်ဖို့ မလိုပ...

Episode 5: အတွေး → လုပ်ရပ် → အကျင့် → ကိုယ်ရည်ကိုယ်သွေး (Thought → Act → Habit → Character) 04.02.2026

အတွေးသေးသေးလေးတွေက ကိုယ့်ဘဝရဲ့ ဦးတည်ရာကို တဖြည်းဖြည်း ဖန်တီးနေပါတယ်။ ဒီ episode မှာ အတွေး → စကား → လုပ်ရပ် → အကျင့် ဆိုတဲ့ chain လေးတစ်ခုက ကံကြမ္မာအထိ ဘယ်လို ချိတ်ဆက်နေသလဲဆိုတာကို ရိုးရိုးလေးနဲ့ မျှဝေထားပါတယ်။ ဒီနေ့ ကိုယ့်အတွေးကို နည်းနည်းလေး သတိထားကြည့်ဖို့ပါ။ 🎧 Listen on YouTube: https://youtube.com/@sateeainlay?si=aTdj8n5pkwlo-bU- 🌱 Podcast: စိတ် အိမ်လေး (Sate Eain Lay) Calm • Healing • Mind

Episode 4: စတင်ရခက်တဲ့နေ့တွေ (When starting feels hard) 28.01.2026

အလုပ်ကို စတင်ဖို့ ခက်နေသူတွေ၊ စိတ်ဖိစီးမှုနဲ့ အားနည်းမှု ခံစားနေသူတွေ အတွက် အေးအေးဆေးဆေး နားဆင်နိုင်တဲ့ podcast လေးပါ။ “You’re protecting yourself, not failing” 

Episode 3: ကိုယ့်ကိုယ်ကို မထိခိုက်အောင် ဘယ်လိုစကားပြောမလဲ (How we talk to ourselves) 21.01.2026

ဒီ episode မှာတော့ ကိုယ့်ကိုယ်ကို မထိခိုက်အောင် ကိုယ့်အတွင်းစိတ်နဲ့ ဘယ်လို စကားပြောရမလဲဆိုတာကို နူးညံ့စွာ မျှဝေထားပါတယ်။ Inner voice နှစ်မျိုး— တားဆီးတဲ့ အသံနဲ့ အားပေးတဲ့ အသံ— ကို ဘယ်လို နားထောင်ရမလဲ . . . ဒီ episode က ကိုယ့်ကိုယ်ကို ပြောင်းခိုင်းတာ မဟုတ်ပါဘူး။ ကိုယ့်ကိုယ်ကို နူးညံ့စွာ နားထောင်တတ်ဖို့ပါ 🤍 🎧 Listen on YouTube: https://youtube.com/@sateeainlay?si=aTdj8n5pkwlo-bU- 🌱 Podcast: စိတ်အ...

Episode 2: စိတ်က စွမ်းအားဖြစ်နိုင်သလို ဝန်လည်းဖြစ်နိုင်တယ် (The mind can be power, or weight) 14.01.2026

တစ်ခါတလေ စိတ်က ကိုယ့်ကိုယ်ကို ရှေ့ကို ဆွဲခေါ်ပေးတဲ့ စွမ်းအားဖြစ်နိုင်သလို တစ်ခါတလေတော့ မမြင်ရတဲ့ ဝန်ထုပ်ဝန်ပိုးတစ်ခုလို ကိုယ့်ကိုယ်ကို ဆွဲချထားတတ်ပါတယ်။ ဒီ episode မှာ နေ့စဉ်ဘဝထဲမှာ စိတ်က ဘယ်လို သက်ရောက်နေလဲ၊ မသိမသာ ဝင်လာတဲ့ အတွေးတွေက ဘဝကို ဘယ်လို ပြောင်းလဲစေနိုင်လဲ ဆိုတာ ပြောသွားချင်ပါတယ်။ စိတ်ပင်ပန်းနေတဲ့နေ့တွေမှာ ခဏလေး နားခိုနိုင်တဲ့ အသံတစ်ခု ဖြစ်ပါစေ 🤍 Your mind can be your strength, or the w...

Episode 1: ပင်ပန်းနေတာက မင်း အမှားမဟုတ်ပါဘူး (Being tired doesn’t mean you’re weak) 06.01.2026

ဒီ Episode မှာ ပင်ပန်းနေတာက အားနည်းချက် မဟုတ်ဘူးဆိုတာ တိတ်တိတ်လေး နားထောင်ကြမယ်။ မင်း မမှားပါဘူး၊ မင်း မကျန်ခဲ့ပါဘူး၊ ဒီနေရာမှာ မင်း လုံလောက်ပါတယ်။ စိတ်ပင်ပန်းနေတဲ့အချိန်မှာ ကိုယ့်ကိုယ်ကို နည်းနည်းလေး နားလည်ပေးနိုင်ဖို့ ဒီနေရာကို ရောက်လာခဲ့ရင် လုံလောက်ပါတယ်။ Take a small pause, listen quietly to yourself, and remember: you are enough.

Listen to the စိတ်အိမ်လေး (A Small Home for the Mind) podcast in Replaio

Radio and podcasts in one app - free, with no sign-up. Install today and do not miss the launch

Get it on Google Play

Replaio is not a podcast publisher; show names, artwork and audio belong to their authors and are distributed through public RSS feeds.