The Irrawaddy
The Irrawaddy Newscast - Burmese Edition
The Irrawaddy Newscast - Burmese Edition သည် ဧရာဝတီ သတင်းဌာန၏ Podcast အသံလွှင့်အစီအစဉ် ဖြစ်ပြီး မြန်မာ့နိုင်ငံရေး စီးပွားရေးနှင့် လူမှုရေးရာ အဖြာဖြာပေါ် သတင်းဝေဖန်သုံးသပ်ချက်၊ တွေ့ဆုံမေးမြန်းခန်း များနှင့် သတင်းဆောင်းပါးများကို နားဆင်နိုင်ပါသည်။
Be sure to visit the podcast's website and support the creator: burma.irrawaddy.com
Where to listen?
Podcasts in the app Replaio Radio Coming soonPodcasts are coming to the app soon. Install now and be the first to see a whole new take on podcasts
Episodes
Editorial Talk: “တပ်မြေတွေကိုပါ တပ်ချုပ်က ပြန်သိမ်းနေတာ၊ ဒါဟာအဂတိလိုက်စားမှုဖြစ်တယ်” 22.01.2022 15:34
ဧရာဝတီရဲ့ ဒီတပတ် Editorial Talk အစီအစဉ်မှာတော့ “တပ်မြေတွေကိုပါ တပ်ချုပ်က ပြန်သိမ်းနေတာ၊ ဒါဟာအဂတိလိုက်စားမှုဖြစ်တယ်” ဆိုတာနဲ့ ပတ်သက်ပြီး ဧရာဝတီအယ်ဒီတာချုပ် အောင်ဇော်နဲ့ မြန်မာပိုင်း သတင်းထောက်ချုပ် ကျော်ခ တို့က ဆွေးနွေးထားတာဖြစ်ပါတယ်။
Saturday Roundtable: စစ်ကိုင်းတိုင်းဟာ လွတ်မြောက်နယ်မြေ ဖြစ်လာမယ်နဲ့ စနေစကားဝိုင်း 22.01.2022 45:02
ဒီတပတ် Saturday Roundtable စနေသတင်းစကားဝိုင်းမှာ စစ်ကိုင်းက ဗိုလ်နဂါးဆိုတာ ဘယ်သူလဲ၊ တရုတ်အကျိုးစီးပွားတွေကို PDF က ရည်ရွယ်တိုက်ခိုက်ပြီလား၊ စစ်ကိုင်းတိုင်းဟာ ပြည်သူ့အာဏာ အုပ်ချုပ်ရေးရဲ့ အစလို့ ဆိုလိုက်တဲ့ NUG ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်နဲ့ သီးသန့်အင်တာဗျူး အပိုင်း ၁ တို့ကို ဧရာဝတီဝိုင်းတော်သားတွေဖြစ်တဲ့ ရဲနည်၊ အောင်သီဟနဲ့ သဇင်လှိုင်တို့က တင်ပြဆွေးနွေးထားကြပါတယ်။
Editorial Talk: “ဟွန်ဆန်ရဲ့ ကောင်းဘွိုင်ဒီပလိုမေစီ ကျဆုံးခန်းကို စတွေ့ရတာပေါ့” 15.01.2022 16:15
ဧရာဝတီရဲ့ ဒီတပတ် Editorial Talk အစီအစဉ်မှာတော့ မြန်မာ့အရေး အာစီယံ အခြေအနေတွေနဲ့ ပတ်သက်ပြီး ဧရာဝတီအယ်ဒီတာချုပ် အောင်ဇော်နဲ့ မြန်မာပိုင်း သတင်းထောက်ချုပ် ကျော်ခ တို့က ဆွေးနွေးထားတာဖြစ်ပါတယ်။
Saturday Roundtable: တပ်မတော်လို့ဆိုရင် အကြမ်းဖက်အဖွဲ့လို့ ကမ္ဘာက မှတ်ထင်သွားပြီနဲ့ စနေစကားဝိုင်း 15.01.2022 50:36
ဒီတပတ် Saturday Roundtable စနေသတင်းစကားဝိုင်းမှာ မြန်မာစစ်တပ်နဲ့ PDF တွေကြား တိုက်ပွဲတွေအပေါ် လုံခြုံရေးဆိုင်ရာ ပညာရှင် ဒေါ်မီမီဝင်းဘတ်ရဲ့ သုံးသပ်ချက်၊ ၂၀၂၂ ခုနှစ် မြန်မာ့စီးပွားရေးရှုမြင်ချက်၊ ကလေးငယ်တွေကို မြန်မာစစ်တပ်က စစ်ပွဲအတွင်း သတ်ဖြတ်နေပြီ စတဲ့ အကြောင်းအရာတွေကို ဧရာဝတီဝိုင်းတော်သားတွေဖြစ်တဲ့ ရဲနည်၊ အောင်သီဟနဲ့ သဇင်လှိုင်တို့က ဆွေးနွေးတင်ပြထားပါတယ်။
Saturday Roundtable: စာခြောက်ရုပ်နှင့် သူ၏ ဂုဏ်ထူးဆောင် ဘွဲ့တံဆိပ်များအပါအဝင် စနေစကားဝိုင်း 08.01.2022 27:34
ဒီတပတ် Saturday Roundtable စနေသတင်းစကားဝိုင်းမှာ စာခြောက်ရုပ်နှင့် သူ၏ ဂုဏ်ထူးဆောင်ဘွဲ့တံဆိပ်များ၊ နွေရာသီမတိုင်ခင် ပျက်လာသော လျှပ်စစ်မီးနဲ့ စစ်ကောင်စီ၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုများ စတဲ့အကြောင်းအရာတွေကို ဧရာဝတီဝိုင်းတော်သားတွေဖြစ်တဲ့ ရဲနည်၊ အောင်သီဟနဲ့ သဇင်လှိုင်တို့က ဆွေးနွေးတင်ပြထားပါတယ်။
Editorial Talk: “NLD ကို ၂၀၂၃ မတိုင်ခင် သပ်လျှိုထိုးခွဲမယ့် အစီအစဉ်တွေ စစ်ကောင်စီမှာရှိနေတယ်“ 08.01.2022 20:37
ဧရာဝတီရဲ့ ဒီတပတ် Editorial Talk အစီအစဉ်မှာတော့ “NLD ကို ၂၀၂၃ မတိုင်ခင် သပ်လျှိုထိုးခွဲမယ့် အစီအစဉ်တွေ စစ်ကောင်စီမှာရှိနေတယ်“ ဆိုတာနဲ့ ပတ်သက်ပြီး ဧရာဝတီအယ်ဒီတာချုပ် အောင်ဇော်နဲ့ မြန်မာပိုင်း သတင်းထောက်ချုပ် ကျော်ခ တို့က ဆွေးနွေးထားတာဖြစ်ပါတယ်။
Editorial Talk: “မြန်မာစစ်တပ်က ညီညွတ်ရေးကို တည်ဆောက်ခဲ့တဲ့ စစ်တပ်မဟုတ်ဘူး” 26.12.2021 10:45
ဧရာဝတီရဲ့ ဒီတပတ် Editorial Talk အစီအစဉ်မှာတော့ “အာဏာသိမ်းစစ်တပ်က လေကြောင်းတိုက်ခိုက်မှုတွေ ဘာကြောင့် ပိုအားပြုလာသလဲ” ဆိုတာနဲ့ ပတ်သက်ပြီး ဧရာဝတီအယ်ဒီတာချုပ် အောင်ဇော်နဲ့ မြန်မာပိုင်း သတင်းထောက်ချုပ် ကျော်ခ တို့က ဆွေးနွေးထားတာဖြစ်ပါတယ်။
Saturday Roundtable: ကြည်းတပ် အထိနာလို့ လေတပ် အားကိုးလာနေတဲ့ စစ်ကောင်စီနဲ့ စနေသတင်းစကားဝိုင်း 25.12.2021 38:26
ဒီတပတ် Saturday Roundtable စနေသတင်းစကားဝိုင်းမှာ လူသေပြီးရင်း သေနေတဲ့ ဖားကန့်ကျောက်စိမ်းမြေ၊ ကြည်းတပ်တွေ အသေအပျောက်များလွန်းလို့ လေတပ်ကို အားကိုးလာနေတဲ့ စစ်ကောင်စီ၊ ၂၀၂၁ ခုနှစ်ကို ပြန်လည်ဖြတ်သန်းခြင်း Year End Review တို့ကို ဧရာဝတီဝိုင်းတော်သားတွေ ဖြစ်တဲ့ ရဲနည်၊ အောင်သီဟနဲ့ သဇင်လှိုင်တို့က တင်ပြဆွေးနွေးထားပါတယ်။
Editorial Talk: “လေ့ကေ့ကော် စစ်မီးစ ဘယ်လောက်ထိပြန့်သွားနိုင်သလဲ” 18.12.2021 19:30
ဧရာဝတီရဲ့ ဒီတပတ် Editorial Talk အစီအစဉ်မှာတော့ “လေ့ကေ့ကော် စစ်မီးစ ဘယ်လောက်ထိပြန့်သွားနိုင်သလဲ” ဆိုတာနဲ့ ပတ်သက်ပြီး ဧရာဝတီအယ်ဒီတာချုပ် အောင်ဇော်နဲ့ မြန်မာပိုင်း သတင်းထောက်ချုပ် ကျော်ခ တို့က ဆွေးနွေးထားတာဖြစ်ပါတယ်။
Saturday Roundtable: ဘာလဲဟဲ့ NUG ရဲ့ ဒစ်ဂျစ်တယ် ဒေါ်လာနဲ့ စနေစကားဝိုင်း 18.12.2021 33:44
ဒီတပတ် Saturday Roundtable စနေစကားဝိုင်းမှာ မငြိမ်းချမ်းတော့တဲ့ ငြိမ်းချမ်းရေးမြို့သစ် လေးကေကော်၊ မြန်မာစစ်တပ်ရဲ့ စီးပွားရေးလုပ်ငန်းတွေကို Facebook က ပေးမသုံးတဲ့အခါ၊ ဘာလဲဟဲ့ NUG ရဲ့ ဒစ်ဂျစ်တယ် ဒေါ်လာ စတဲ့အကြောင်းတွေကို ဧရာဝတီဝိုင်းတော်သားတွေဖြစ်တဲ့ ရဲနည်၊ အောင်သီဟနဲ့ သဇင်လှိုင်တို့က ဆွေးနွေးတင်ပြထားကြပါတယ်။
Saturday Roundtable: ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံရေးက ဖယ်ထုတ်နိုင်သတဲ့လားနှင့် စနေစကားဝိုင်း 11.12.2021 37:10
ဒီတပတ် Saturday Roundtable စနေစကားဝိုင်းမှာ ဆားလင်းကြီး ဒုန်းတောရွာက အစုလိုက်အပြုံလိုက် ဖမ်းဆီးနှိပ်စက် မီးရှို့သတ်ဖြတ်မှု၊ ဒီဇင်ဘာ ၁၀ ရက်က ခမ်းနားကြီးကျယ်ခဲ့တဲ့ Silent strike အသံတိတ်သပိတ်၊ ဒေါ်အောင်ဆန်းစုကြည်ရဲ့ နိုင်ငံရေးခေါင်းဆောင်မှု ပြီးဆုံးသွားပြီလား စတဲ့အကြောင်းအရာတွေကို ဧရာဝတီဝိုင်းတော်သားတွေ ဖြစ်တဲ့ ရဲနည်၊ အောင်သီဟနဲ့ သဇင်လှိုင်တို့က တင်ပြဆွေးနွေးထားကြပါတယ်။
Editorial Talk: “စစ်တပ်အနေနဲ့ နိုင်ငံတနိုင်ငံကို စီမံအုပ်ချုပ်နိုင်တဲ့ အရည်အချင်းရော၊ အဆင့်အတန်းရောမရှိဘူး” 04.12.2021 17:51
ဧရာဝတီရဲ့ ဒီတပတ် Editorial Talk အစီအစဉ်မှာတော့ “စစ်တပ်က အာဏာသိမ်းလိုက်တဲ့ ၁၀ လပြည့်” အခြေအနေနဲ့ ပတ်သက်ပြီး ဧရာဝတီအယ်ဒီတာချုပ် အောင်ဇော်နဲ့ မြန်မာပိုင်း သတင်းထောက်ချုပ် ကျော်ခ တို့က ဆွေးနွေးထားတာဖြစ်ပါတယ်။
Saturday Roundtable: စစ်သားချိုင်းထောက် ဗိုလ်ချုပ်တိုက်ဆောက်စေတဲ့ ဦးပိုင်ကုမ္ပဏီနဲ့ စနေစကားဝိုင်း 04.12.2021 41:32
ဒီတပတ် Saturday Roundtable စနေသတင်းစကားဝိုင်းမှာ ထိုင်းကို အလုံးအရင်းနဲ့ ဝင်နေကြတဲ့ မြန်မာ ရွှေ့ပြောင်းလုပ်သားတွေ၊ စစ်သားချိုင်းထောက် ဗိုလ်ချုပ်တိုက်ဆောက်စေတဲ့ ဦးပိုင်ကုမ္ပဏီရဲ့ အကျိုးအမြတ်များ၊ ကျွန်ဝယ်ရာ အဆစ်ပါတဲ့ စစ်သားမယားနဲ့ မိသားစုတွေ အကြောင်းတွေကို ဧရာဝတီဝိုင်းတော်သားတွေ ဖြစ်တဲ့ ရဲနည်၊ အောင်သီဟနဲ့ သဇင်လှိုင်တို့က ဆွေးနွေးတင်ပြထားပါတယ်။
Editorial Talk: “စတုတ္ထမဏ္ဍိုင်ကို ဖြိုလှဲဖို့ ကြိုးစားနေတဲ့ အာဏာသိမ်း စစ်ကောင်စီ” 27.11.2021 19:39
ဧရာဝတီရဲ့ ဒီတပတ် Editorial Talk အစီအစဉ်မှာတော့ “စတုတ္ထမဏ္ဍိုင်ကို ဖြိုလှဲဖို့ ကြိုးစားနေတဲ့ အာဏာသိမ်း စစ်ကောင်စီ” ဆိုတာနဲ့ ပတ်သက်ပြီး ဧရာဝတီအယ်ဒီတာချုပ် အောင်ဇော်နဲ့ မြန်မာပိုင်း သတင်းထောက်ချုပ် ကျော်ခ တို့က ဆွေးနွေးထားတာဖြစ်ပါတယ်။
Saturday Roundtable: မြန်မာဘီယာကို ကီရင်နဲ့ ဦးပိုင် ဘယ်လိုအမွေခွဲမလဲနဲ့ စနေစကားဝိုင်း 27.11.2021 36:35
ဒီတပတ် စစ်ကြောရေး သို့မဟုတ် မြန်မာပြည်က ငရဲခန်းများ၊ ကလေး PDF က ဖမ်းဆီးခံရတဲ့ ဆေးတပ်သား အမျိုးသမီးတွေ ဘယ်မှာလဲ၊ မြန်မာဘီယာကို ကီရင်နဲ့ ဦးပိုင် အမွေဆိုင်အမှု စတဲ့အကြောင်းအရာတွေကို ဧရာဝတီ ဝိုင်းတော်သားတွေဖြစ်တဲ့ ရဲနည်၊ အောင်သီဟနဲ့ သဇင်လှိုင်တို့က ဆွေးနွေးတင်ပြထားကြပါတယ်။
Editorial Talk: “မြန်မာနိုင်ငံရဲ့ သံတမန်ရေးရာ အထီးကျန်မှုအဆုံးသတ်ပြီလား” 22.11.2021 20:20
ဧရာဝတီရဲ့ ဒီတပတ် Editorial Talk အစီအစဉ်မှာတော့ “မြန်မာနိုင်ငံရဲ့ သံတမန်ရေးရာ အထီးကျန်မှုအဆုံးသတ်ပြီလား” ဆိုတာနဲ့ ပတ်သက်ပြီး ဧရာဝတီအယ်ဒီတာချုပ် အောင်ဇော်နဲ့ မြန်မာပိုင်း သတင်းထောက်ချုပ် ကျော်ခ တို့က ဆွေးနွေးထားတာဖြစ်ပါတယ်။
Saturday Roundtable: တီးတိန်မှာ မုဒိန်းကျင့်တဲ့ စစ်သားတွေ ဘယ်မှာလဲနှင့် စနေသတင်းစကားဝိုင်း 20.11.2021 35:14
ဒီတပတ် Saturday Roundtable စနေသတင်းစကားဝိုင်းမှာ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ထိပ်သီးအစည်းအဝေးနဲ့ ဒုတိယအကြိမ် လွဲပြန်ပြီ၊ NUG ရဲ့ လုပ်ကြံသတ်ဖြတ်ဖို့ စာရင်းဆိုတာ စိတ်ကူးယဉ်လား၊ ချင်းပြည်နယ် တီးတိန်မြို့နယ်ထဲမှာ ကိုယ်ဝန်ဆောင်နဲ့ မီးဖွားပြီးစ အမျိုးသမီးတွေကို တပ်မ ၂၂ က စစ်သားတွေ မုဒိန်းကျင့်ပြီး ပစ္စည်းဥစ္စာပါ လုယက်တဲ့ သတင်းတွေကို ဧရာဝတီဝိုင်းတော်သားတွေဖြစ်တဲ့ ရဲနည်၊ အောင်သီဟနဲ့ သဇင်လှိုင်တို့က...
Editorial Talk: “NLD အစိုးရခေါင်းဆောင်တွေကို နှစ်ရှည်ထောင်ဒဏ် ချက်မှတ်မှု ဘယ်လိုသက်ရောက်မှုတွေ ရှိလာမလဲ” 14.11.2021 16:26
ဧရာဝတီရဲ့ ဒီတပတ် Editorial Talk အစီအစဉ်မှာတော့ “NLD အစိုးရခေါင်းဆောင်တွေကို နှစ်ရှည်ထောင်ဒဏ် ချက်မှတ်မှု ဘယ်လိုသက်ရောက်မှုတွေ ရှိလာမလဲ” ဆိုတာနဲ့ ပတ်သက်ပြီး ဧရာဝတီအယ်ဒီတာချုပ် အောင်ဇော်နဲ့ မြန်မာပိုင်း သတင်းထောက်ချုပ် ကျော်ခ တို့က ဆွေးနွေးထားတာဖြစ်ပါတယ်။
Saturday Roundtable: ဒဒွေး ဒလန် အသေမြန်နှင့် စနေသတင်းစကားဝိုင်း 13.11.2021 32:12
ဒီတပတ် Saturday Roundtable စနေသတင်းစကားဝိုင်းမှာ ဒလန်ရှင်းလင်းရေးနဲ့ လူ့အခွင့်အရေး၊ တယ်လီနောကို ခရိုနီတွေ ဝယ်တော့မလား၊ မင်းတပ်-မတူပီကားလမ်းပေါ်က တိုက်ပွဲမှာ ကျဆုံးသွားတဲ့ အသက် ၇၃ နှစ်အရွယ် ချင်း PDF ရဲဘော်ကြီး ဦးနိန်ကီးယောတို့ အကြောင်းတွေကို ဧရာဝတီဝိုင်းတော်သားတွေဖြစ်တဲ့ ရဲနည်၊ အောင်သီဟနဲ့ သဇင်လှိုင်တို့က ဆွေးနွေးတင်ပြထားကြပါတယ်။
Editorial Talk: “စစ်ကောင်စီက လက်နက်ကိုင် ခုခံမှုတွေ သုံးလအတွင်းရှင်းမယ်ဆိုတာ ဖြစ်နိုင်ပါ့မလား” 07.11.2021 18:56
ဧရာဝတီရဲ့ ဒီတပတ် Editorial Talk အစီအစဉ်မှာတော့ “စစ်ကောင်စီက လက်နက်ကိုင် ခုခံမှုတွေ သုံးလအတွင်းရှင်းမယ်ဆိုတာ ဖြစ်နိုင်ပါ့မလား”ဆိုတာနဲ့ ပတ်သက်ပြီး ဧရာဝတီအယ်ဒီတာချုပ် အောင်ဇော်နဲ့ မြန်မာပိုင်း သတင်းထောက်ချုပ် ကျော်ခ တို့က ဆွေးနွေးထားတာဖြစ်ပါတယ်။
Saturday Roundtable: လျှပ်စစ်ရထားကြီး လာပြီနှင့် စနေသတင်းစကားဝိုင်း 06.11.2021 29:50
ဒီအပတ် Saturday Roundtable စနေသတင်းစကားဝိုင်းမှာ အာဏာသိမ်းစစ်ခေါင်းဆောင်ရဲ့ လျှပ်စစ်ရထားအိပ်မက် တကယ်အကောင်အထည် ပေါ်လာမှာလား၊ မြန်မာနိုင်ငံသားတွေရဲ့ ရင်ကို ကြိမ်မီးအုံးမျှ လောင်ကျွမ်းခဲ့ရတဲ့ ချင်းပြည်နယ် ထန်တလန်မြို့က မီး၊ အရင်ကလိုပဲ အခု အာဏာသိမ်းစစ်ကောင်စီကိုလည်း Economic Sanctions စီးပွားရေး ဒဏ်ခတ်ပိတ်ဆို့တာတွေ ပြန်လုပ်လာတော့မလား စတဲ့အကြောင်းအရာတွေကို ဧရာဝတီဝိုင်းတော်သားတွေဖြစ်တဲ့ ရဲနည်၊ သဇင်လှို...
Editorial Talk: “အာဏာသိမ်းမှုကြောင့် တိုင်းပြည်က အရမ်းနာနေတဲ့ အနေအထားတခုကို ရောက်သွားပြီ ” 30.10.2021 21:52
ဧရာဝတီရဲ့ ဒီတပတ် Editorial Talk အစီအစဉ်မှာတော့ အရပ်သား အစိုးရဆီကနေ စစ်တပ်က အာဏာသိမ်းလိုက်တဲ့ ၉ လပြည့် အခြေအနေနဲ့ ပတ်သက်ပြီး ဧရာဝတီအယ်ဒီတာချုပ် အောင်ဇော်နဲ့ မြန်မာပိုင်း သတင်းထောက်ချုပ် ကျော်ခ တို့က ဆွေးနွေးထားတာဖြစ်ပါတယ်။
Saturday Roundtable: သံတမန်ရေး ကျရှုံးနေတဲ့ စစ်ကောင်စီ၊ ပါးစပ်ပိတ်ခံရတဲ့ ရှေ့နေတွေနဲ့ တိုးလာနေတဲ့ ထိုင်းကို ခိုးဝင်သူတွေ 30.10.2021 23:28
ဒီတပတ် Saturday Roundtable စနေစကားဝိုင်းမှာ အိမ်နီးချင်းတွေကတောင် အသိအမှတ်မပြုတဲ့ အာဏာသိမ်းစစ်ကောင်စီမှာ မိတ်ဆွေရှားလာနေတာ၊ ဦးဝင်းမြင့်နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ရဲ့ ရှေ့နေတွေကို သတင်းမီဒီယာမှာ ဖြေကြားခွင့် ပိတ်လိုက်တာဟာ ဥပဒေနဲ့ မညီညွတ်တာနဲ့ ထိုင်းထဲကို ခိုးဝင်ကြသူ မြန်မာ ရွှေ့ပြောင်းအလုပ်သမားတွေ ပိုပိုပြီး တိုးလာနေကြတာတွေကို ဧရာဝတီဝိုင်းတော်သားတွေ ဖြစ်တဲ့ ရဲနည်၊ အောင်သီဟနဲ့ သဇင်လှိုင်တို့က ဆွေးနွ...
Editorial Talk: “ဒီပွဲကတော့ မင်းအောင်လှိုင် ကျောကော့အောင် ခံရတဲ့ပွဲပဲ” 24.10.2021 22:02
ဧရာဝတီရဲ့ ဒီတပတ် Editorial Talk အစီအစဉ်မှာတော့မြန်မာ့အရေး အာဆီယံဆုံဖြတ်ချက်ပြည်တွင်းပြည်ပမှာ ဘယ်လိုရိုက်ခတ်မှု ရှိလာမလဲ ဆိုတဲ့အချက်နဲ့ ပတ်သက်ပြီး ဧရာဝတီအယ်ဒီတာချုပ် အောင်ဇော်နဲ့ မြန်မာပိုင်း သတင်းထောက်ချုပ် ကျော်ခ တို့က ဆွေးနွေးထားတာဖြစ်ပါတယ်။
Saturday Roundtable: ဗိုလ်ချုပ်မှူးကြီးကို ပထုတ်လိုက်တဲ့ အာဆီယံ၊ မလွတ်ငြိမ်းသူများနှင့် တိုးရစ်တွေ ပြန်လာမတဲ့လား 23.10.2021 32:48
ဒီတပတ် စနေ သတင်းစကားဝိုင်းမှာ မြန်မာစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို ထိပ်သီးအစည်းအဝေးက ပထုတ်လိုက်တဲ့ အာဆီယံနဲ့ မြန်မာ ဆက်ဆံရေး ဘာဆက်ဖြစ်မလဲ၊ လွှတ်ပေးမယ်ပြောပြီး ပြန်အဖမ်းခံရတဲ့ နိုင်ငံရေးအကျဉ်းသားတွေ၊ ၂၀၂၂ နှစ်ဆန်းမှာ တိုးရစ်တွေ ပြန်ဝင်လာနိုင်မလား စတဲ့အကြောင်းတွေကို ဧရာဝတီဝိုင်းတော်သားတွေဖြစ်တဲ့ ရဲနည်၊ သဇင်လှိုင်နဲ့ အောင်သီဟတို့ ဆွေးနွေးထားပါတယ်။
Similar podcasts
Replaio is not a podcast publisher; show names, artwork and audio belong to their authors and are distributed through public RSS feeds.