The Irrawaddy
The Irrawaddy Newscast - Burmese Edition
The Irrawaddy Newscast - Burmese Edition သည် ဧရာဝတီ သတင်းဌာန၏ Podcast အသံလွှင့်အစီအစဉ် ဖြစ်ပြီး မြန်မာ့နိုင်ငံရေး စီးပွားရေးနှင့် လူမှုရေးရာ အဖြာဖြာပေါ် သတင်းဝေဖန်သုံးသပ်ချက်၊ တွေ့ဆုံမေးမြန်းခန်း များနှင့် သတင်းဆောင်းပါးများကို နားဆင်နိုင်ပါသည်။
Be sure to visit the podcast's website and support the creator: burma.irrawaddy.com
Where to listen?
Podcasts in the app Replaio Radio Coming soonPodcasts are coming to the app soon. Install now and be the first to see a whole new take on podcasts
Episodes
Editorial Talk: “ပွင့်လင်းရာသီ စစ်ဆင်ရေးတွေ စတော့မလား” 16.10.2021 20:48
ဧရာဝတီရဲ့ ဒီတပတ် Editorial Talk အစီအစဉ်မှာတော့ “ပွင့်လင်းရာသီ စစ်ဆင်ရေးတွေ စတော့မလား” ဆိုတာနဲ့ ပတ်သက်ပြီး ဧရာဝတီအယ်ဒီတာချုပ် အောင်ဇော်နဲ့ မြန်မာပိုင်း သတင်းထောက်ချုပ် ကျော်ခ တို့က ဆွေးနွေးထားတာဖြစ်ပါတယ်။
Saturday Roundtable: အသေသာခံမယ့် သမ္မတ၊ မီးတွေပြတ်တော့မယ်နှင့် ဂျာနယ်လစ်တွေ ဘဝ 16.10.2021 32:11
ဒီတပတ် စနေစကားဝိုင်းမှာ အသက်သာ အသေခံသွားမယ်လို့ အာဏာသိမ်းစစ်ဗိုလ်ချုပ်တွေကို ပြန်ပြောခဲ့တဲ့ ဖမ်းဆီးခံ သမ္မတကြီး ဦးဝင်းမြင့်အကြောင်း၊ ဟိုအရင်တုန်းကလို အလှည့်ကျစနစ်နဲ့ လျှပ်စစ်မီးတွေ ပြန်ပေးရတော့မယ့်အကြောင်းနဲ့ အာဏာသိမ်းစစ်ကောင်စီအောက်က သတင်းမီဒီယာသမားတွေရဲ့ ဘဝအကြောင်းတွေကို ဧရာဝတီဝိုင်းတော်သားတွေဖြစ်တဲ့ ရဲနည်၊ အောင်သီဟနဲ့ သဇင်လှိုင်တို့က ဆွေးနွေးတင်ပြထားကြပါတယ်။
Editorial Talk: “အာဆီယံ အထူးသံတမန်ကို ဒေါ်အောင်ဆန်းစုကြည်နဲ့ ဘာကြောင့် ပေးမတွေ့ရဲသလဲ” 10.10.2021 15:33
ဧရာဝတီရဲ့ ဒီတပတ် Editorial Talk အစီအစဉ်မှာတော့ အာဆီယံ အထူးသံတမန်ကို ဒေါ်အောင်ဆန်းစုကြည်နဲ့ ဘာကြောင့် ပေးမတွေ့ရဲသလဲ ဆိုတဲ့အချက်နဲ့ ပတ်သက်ပြီး ဧရာဝတီအယ်ဒီတာချုပ် အောင်ဇော်နဲ့ မြန်မာပိုင်း သတင်းထောက်ချုပ် ကျော်ခ တို့က ဆွေးနွေးထားတာဖြစ်ပါတယ်။
Saturday Roundtable: ဖော်ကောင် ဦးဖြိုးမင်းသိန်း၊ နေရပ်စွန့် ကလေးငယ်များနှင့် ကျားပေါက် အင်တာဗျူး 09.10.2021 33:41
ဒီတပတ် နားထောင်ရမယ့် အကြောင်းအရာတွေကတော့ နေပြည်တော်က ဒေါ်အောင်ဆန်းစုကြည် တရားခွင်မှာ သက်သေအဖြစ် ပေါ်လာသူ ရန်ကုန်တိုင်းဝန်ကြီးချုပ်ဟောင်း ဦးဖြိုးမင်းသိန်း၊ နိုင်ငံတဝှမ်း လက်နက်ကိုင် မငြိမ်မသက်မှုတွေကြောင့် ကိုယ့်နေအိမ် ကိုယ့်နေရပ်ကို စွန့်ခွာ ထွက်ပြေးနေရတဲ့ ကလေးငယ်တွေအကြောင်းနဲ့ နွေဦးတော်လှန်ရေးထဲက အဆိုတော်ကျားပေါက် အင်တာဗျူးတို့ပါ။ ဧရာဝတီဝိုင်းတော်သားတွေ ဖြစ်တဲ့ ရဲနည်၊ သဇင်လှိုင်နဲ့ ယူဖြူဟန်တို့က...
Editorial Talk: စစ်ကောင်စီ ထွက်ပေါက်ပိတ်နေပြီ 02.10.2021 18:45
ဧရာဝတီရဲ့ ဒီတပတ် Editorial Talk အစီအစဉ်မှာတော့ စစ်တပ်က အာဏာသိမ်း ၈ လပြည့်အခြေအနေတွေနဲ့ ပတ်သက်ပြီး ဧရာဝတီအယ်ဒီတာချုပ် အောင်ဇော်နဲ့ မြန်မာပိုင်း သတင်းထောက်ချုပ် ကျော်ခ တို့က ဆွေးနွေးထားတာဖြစ်ပါတယ်။
Saturday Roundtable: အပစ်ရပ် ၅ လ ဘာလဲ ဘယ်လဲနဲ့ ကျပ်ငွေတန်ဘိုး ကျဆင်းမှု ဂယက် 02.10.2021 26:03
ဒီတပတ် အပစ်ရပ် ၅ လ ဘာလဲ ဘယ်လဲ၊ ကျပ်ငွေတန်ဘိုး ကျဆင်းမှု ဂယက်နဲ့ လူမဆန်စွာ သေဆုံးခဲ့ရတဲ့ မန္တလေးက ကိုသန်းထွန်းဦးတို့အကြောင်းကို ဧရာဝတီဝိုင်းတော်သားတွေ ဖြစ်တဲ့ ရဲနည်၊ အောင်သီဟနဲ့ သဇင်လှိုင်တို့က ဆွေးနွေးတင်ပြထားကြပါတယ်။
Editorial Talk: အာဏာရှင်အောက်မှာ ကြီးထွားလာမယ့် ခရိုနီလက်သစ်များ 27.09.2021 28:00
ဧရာဝတီရဲ့ ဒီတပတ် Editorial Talk အစီအစဉ်မှာတော့ အာဏာသိမ်း စစ်ကောင်စီလက်ထက်မှာ ကြီးထွားလာမယ့် ခရိုနီလက်သစ်တွေအကြောင်းကို ဧရာဝတီအယ်ဒီတာချုပ် အောင်ဇော်နဲ့ မြန်မာပိုင်း သတင်းထောက်ချုပ် ကျော်ခ တို့က ဆွေးနွေးထားတာဖြစ်ပါတယ်။
Saturday Roundtable: ဒေါ်အောင်ဆန်းစုကြည်က လက်နက်ကိုင်တော်လှန်ရေးကို ထောက်ခံသတဲ့လား 27.09.2021 27:00
ဒေါ်အောင်ဆန်းစုကြည်က လက်နက်ကိုင်တော်လှန်ဖို့ ထောက်ခံသလား၊ ရှေ့တလှမ်းတိုးလာတဲ့ တရုတ်ရဲ့ ရင်းနှီးမြှုပ်နှံမှုနဲ့ လက်မလျှော့တဲ့ အမျိုးသမီးတွေ စတဲ့အကြောင်းအရာတွေကို ဧရာဝတီ အယ်ဒီတာ ရဲနည်၊ သတင်းထောက်များဖြစ်ကြတဲ့ အောင်သီဟနဲ့ သဇင်လှိုင်တို့က ဆွေးနွေးတင်ပြထားပါတယ်
Editorial Talk: စစ်ကောင်စီဟာ လုံခြုံရေးအတွက် အကြီးအကျယ် စိန်ခေါ်မှုကို ခံနေရပြီ 23.09.2021 16:19
NUG က စစ်ကောင်စီကို စစ်ကြေညာပြီးနောက်ပိုင်းမှာ လက်နက်ကိုင်တိုက်ခိုက်မှုတွေ တောနယ်ရော မြို့ကြီးတွေမှာပါ တိုးလာနေတဲ့အကြောင်း ဧရာဝတီ အယ်ဒီတာချုပ် အောင်ဇော်နဲ့ သတင်းထောက်ချုပ် ကျော်ခတို့ ဆွေးနွေးထားပါတယ်။
Editorial Talk: မြန်မာအပေါ် တရုတ် သြဇာ လွှမ်းမိုးမှု ပိုဆိုးလာမလား 23.09.2021 15:43
တရုတ်က စစ်တပ်ရော တိုင်းရင်းသားလက်နက်ကိုင်တွေရောအပြင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကိုပါ ဆက်ဆံရေးလမ်းကြောင်းတွေ ထိန်းထားရင်း မြန်မာကို သူလိုချင်တဲ့ လမ်းကြောင်းပေါ် တွန်းတင်နေတဲ့အကြောင်း ဧရာဝတီ အယ်ဒီတာချုပ် အောင်ဇော်နဲ့ သတင်းထောက်ချုပ် ကျော်ခတို့ ဆွေးနွေးထားပါတယ်။
Saturday Roundtable: ဦးကျော်မိုးထွန်းအပေါ် တရုတ်သဘောထားနဲ့ စစ်ကောင်စီက စီးပွားရေးနာလန်ထူစေမတဲ့လား 22.09.2021 27:18
ဦးကျော်မိုးထွန်းအပေါ် တရုတ်သဘောထား၊ စစ်ကောင်စီက စီးပွားရေးနာလန်ထူစေမတဲ့လားနဲ့ ပီဒီအက်ဖ်မဟုတ်တဲ့ လူငယ်တွေပါ ပစ်သတ်ခံနေရတဲ့ အကြောင်းတွေကို ဧရာဝတီ အယ်ဒီတာ ရဲနည်၊ သတင်းထောက်များဖြစ်ကြတဲ့ အောင်သီဟနဲ့ သဇင်လှိုင်တို့က ဆွေးနွေးတင်ပြထားပါတယ်
Editorial Talk: တရုတ် အထူးသံတမန်ရဲ့ မြန်မာပြည်ခရီးစဉ်ကို စစ်ကောင်စီ ဘာကြောင့် ထိန်ချန်ခဲ့သလဲ 22.09.2021 18:16
တရုတ်နိုင်ငံ၏ အာရှဆိုင်ရာ အထူးကိုယ်စားလှယ် ဆွန်ကော့ရှန် နေပြည်တော်မှာ တပတ်ကြာ နေသွားတဲ့အကြောင်း ဘာဖြစ်လို့ စစ်ကောင်စီက မဖော်ပြခဲ့တာလဲဆိုတာ ဧရာဝတီ အယ်ဒီတာချုပ် အောင်ဇော်နဲ့ သတင်းထောက်ချုပ် ကျော်ခတို့ ဆွေးနွေးထားပါတယ်။
Saturday Roundtable: ကုလသမဂ္ဂက မြန်မာ့ဒီဒေး၊ အောင်ဘာလေထီ တစခန်း ရပ်မလားနဲ့ ၄၄ လမ်းက ပန်းသီး 22.09.2021 33:02
ကုလသမဂ္ဂက မြန်မာ့ဒီဒေး၊ အောင်ဘာလေတစခန်းရပ်မလားနဲ့ ၄၄ လမ်းက ပန်းသီး စတဲ့အကြောင်းအရာတွေကို ဧရာဝတီ အယ်ဒီတာ ရဲနည်၊ သတင်းထောက်များဖြစ်ကြတဲ့ အောင်သီဟနဲ့ သဇင်လှိုင်တို့က ဆွေးနွေးတင်ပြထားပါတယ်
Saturday Roundtable: တိုးတိုးတိတ်တိတ် တရုတ်သံတမန် ခရီးနဲ့ အသစ်ရိုက်တဲ့ ငွေစက္ကူတွေ 22.09.2021 29:03
တိုးတိုးတိတ်တိတ် တရုတ်သံတမန် ခရီး၊ အသစ်ရိုက်တဲ့ ငွေစက္ကူတွေနဲ့ကိုယ်ဝန်ဆောင်ပါမကျန် ပစ်ခံနေရတဲ့အကြောင်းအရာတွေကို ဧရာဝတီ အယ်ဒီတာ ရဲနည်၊ သတင်းထောက်များဖြစ်ကြတဲ့ အောင်သီဟနဲ့ သဇင်လှိုင်တို့က ဆွေးနွေးတင်ပြထားပါတယ်
Saturday Roundtable: NUG တိုက်ပွဲခေါ်သံ၊ အမြင့်ပျံ ဈေးနှုန်းများနဲ့ လူငယ်တွေ သေကုန်ပြီ 22.09.2021 24:56
NUG က စစ်ကောင်စီကို စစ်ကြေညာခြင်း၊ မိုးပျံနေတဲ့ ဒေါ်လာဈေး ရွှေဈေးနဲ့ မြင်သားရွာက လူသူလက်နက်အင်အားမမျှဘဲ ပစ်သတ်ခံရတဲ့ လူငယ်လေးတွေရဲ့ အကြောင်းတွေကို ဧရာဝတီ အယ်ဒီတာ ရဲနည်၊ သတင်းထောက်များဖြစ်ကြတဲ့ အောင်သီဟနဲ့ သဇင်လှိုင်တို့က ဆွေးနွေးတင်ပြထားပါတယ်
Similar podcasts
Replaio is not a podcast publisher; show names, artwork and audio belong to their authors and are distributed through public RSS feeds.