The Irrawaddy

The Irrawaddy Newscast - Burmese Edition

News EN ↓ Odcinki: 540

The Irrawaddy Newscast - Burmese Edition သည် ဧရာဝတီ သတင်းဌာန၏ Podcast အသံလွှင့်အစီအစဉ် ဖြစ်ပြီး မြန်မာ့နိုင်ငံရေး စီးပွားရေးနှင့် လူမှုရေးရာ အဖြာဖြာပေါ် သတင်းဝေဖန်သုံးသပ်ချက်၊ တွေ့ဆုံမေးမြန်းခန်း များနှင့် သတင်းဆောင်းပါးများကို နားဆင်နိုင်ပါသည်။

Koniecznie odwiedź stronę podcastu i wesprzyj twórcę: burma.irrawaddy.com

Autor

The Irrawaddy

Kategoria

News

Strona podcastu

burma.irrawaddy.com

Ostatni odcinek

11 lip 2026

Gdzie słuchać?

Podcasty w aplikacji Replaio Radio Już wkrótce

Podcasty trafią do aplikacji już wkrótce. Zainstaluj teraz i jako pierwszy zobacz nowe podejście do podcastów

Pobierz z Google Play Zainstaluj za darmo Android 5 mln+ pobrań · ocena 4,8 iOS niedługo

Odcinki

လျက်ဆားစီးပွားရေးနှင့် "ဟုတ်ကဲ့ အဘ" ပညာရှင်များ 11.07.2026

ဒီတပတ် စနေသတင်းစကားဝိုင်းမှာ သမ္မတတဖြစ်လဲ အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ သွင်းကုန်အစားထိုး ကုန်ထုတ်လုပ်ရေးအခြေခံ မြန်မာ့စီးပွားရေးအပေါ် စာရေးဆရာ တင်မောင်သန်း (သင့်ဘဝ) နှင့် သုံးသပ်ဆွေးနွေးထားပါတယ်။

Editorial Talk : " ဧရာဝတီမြစ်ကြီး တရုတ်ကိုပေးလိုက်ရတော့မလား" 06.07.2026

ဧရာဝတီရဲ့ ဒီတပတ် အယ်ဒီတာ့ စကားဝိုင်း အစီအစဉ်မှာတော့ "ဧရာဝတီမြစ်ကြီးတရုတ်ကိုပေးလိုက်ရတော့မလား" ဆိုတဲ့ ခေါင်းစဉ်နဲ့ ဧရာဝတီ အယ်ဒီတာချုပ် အောင်ဇော်၊မြန်မာပိုင်း အယ်ဒီတာ ကျော်ခ တို့က ဆွေးနွေးထားပါတယ်။

စစ်ပွဲကြားက ရခိုင်ပြည် 04.07.2026

ဒီတပတ် စနေသတင်းစကားဝိုင်းမှာ စစ်ပွဲကြားက ရခိုင်ပြည်နယ်မှာ လူထုတွေ ဘယ်လို စားသောက်နေထိုင်နေကြသလဲ၊ ရခိုင်ပြည်သူ့တော်လှန်ရေးအစိုးရက သတင်းသမားတွေကို ဘယ်လို ဆက်ဆံသလဲ၊ မွတ်ဆလင် ရိုဟင်ဂျာတွေကို တော်လှန်ရေးအစိုးရက ဘယ်လိုကိုင်တွယ်နေလဲ စတဲ့ အကြောင်းအရာတွေအပေါ် ရခိုင်ပြည် အခြေစိုက် ဒီအမ်ဂျီသတင်းဌာနရဲ့ အယ်ဒီတာချုပ်နဲ့ အမှုဆောင်ဒါရိုက်တာ ကိုအောင်မန်းဦးနဲ့ ဆက်သွယ်မေးမြန်းထားပါတယ်။ 

Editorial Talk : " ထမနဲ ဂြိုဟ်တုနဲ့ အာလူးဖုတ်သူများ " 29.06.2026

ဧရာဝတီရဲ့ ဒီတပတ် အယ်ဒီတာ့ စကားဝိုင်း အစီအစဉ်မှာတော့ "ထမနဲဂြိုဟ်တုနဲ့အာလူးဖုတ်သူများ  " ဆိုတဲ့ ခေါင်းစဉ်နဲ့ ဧရာဝတီ အယ်ဒီတာချုပ် အောင်ဇော်၊မြန်မာပိုင်း အယ်ဒီတာ ကျော်ခ တို့က ဆွေးနွေးထားပါတယ်။

စိန်ခေါ်မှုတွေ ပိုကြုံလာမယ် 27.06.2026

ဒီတပတ်စနေသတင်းစကားဝိုင်းမှာ တရုတ်နဲ့ အိန္ဒိယတို့ရဲ့ တရားဝင်အသိအမှတ်ပြုခံလိုက်ရတဲ့ မြန်မာစစ်အာဏာသိမ်းခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ အစိုးရသစ်ဟာ အာဆီယံနဲ့ ကုလသမဂ္ဂတို့ဆီ နေရာပြန်ရယူရေး ခြေလှမ်းတွေ လှမ်းလာတာ၊ တဖက်မှာလည်း တော်လှန်ရေးအဖွဲ့အချင်းချင်းကြား စည်းလုံးညီညွတ်မှု မရှိသေးတာတွေအပေါ် အမျိုးသားညီညွတ်ရေးအစိုးရရဲ့ နိုင်ငံခြားရေးဝန်ကြီးဖြစ်သူ ဒေါ်ဇင်မာအောင်နဲ့ မေးမြန်းဆွေးနွေးထားပါတယ်။

Editorial Talk : " မင်းအောင်လှိုင်ရဲ့ တရုတ်ခရီးစဉ်က အချက်ပေးခေါင်းလောင်းသံ" 22.06.2026

ဧရာဝတီရဲ့ ဒီတပတ် အယ်ဒီတာ့ စကားဝိုင်း အစီအစဉ်မှာတော့ "မင်းအောင်လှိုင်ရဲ့တရုတ်ခရီးစဉ်ကအချက်ပေးခေါင်းလောင်းသံ " ဆိုတဲ့ ခေါင်းစဉ်နဲ့ ဧရာဝတီ အယ်ဒီတာချုပ် အောင်ဇော်၊အမှုဆောင် အယ်ဒီတာ ရဲနည် တို့က ဆွေးနွေးထားပါတယ်။

တရုတ်ဟာ ဆက်လက်လူမုန်းများနေဦးမှာပဲ 20.06.2026

ဒီတပတ်စနေသတင်းစကားဝိုင်းမှာ စာရေးဆရာ တင်မောင်သန်း(သင့်ဘဝ) နဲ့ တရုတ်ပြည် ကူမင်းမြို့မှာ သူလျှိုမှုနဲ့ စွပ်စွဲပြီး အဖမ်းခံထားရတဲ့ ISP-Myanmar ရဲ့ အမှုဆောင်ဒါရိုက်တာ ဦးမင်းဇင်နဲ့ပတ်သက်ပြီး ဆွေးနွေးထားပါတယ်။

Editorial Talk : "တရုတ်အစိုးရက ISP-Myanmar အမှုဆောင် ဒါရိုက်တာ ဦးမင်းဇင် ကို ဘာကြောင့်ဖမ်းလဲ"" 15.06.2026

ဧရာဝတီရဲ့ ဒီတပတ် အယ်ဒီတာ့ စကားဝိုင်း အစီအစဉ်မှာတော့ "တရုတ်အစိုးရက ISP-Myanmar အမှုဆောင်ဒါရိုက်တာဦးမင်းဇင်ကိုဘာကြောင့်ဖမ်းလဲ " ဆိုတဲ့ ခေါင်းစဉ်နဲ့ ဧရာဝတီ အယ်ဒီတာချုပ် အောင်ဇော်၊မြန်မာပိုင်း အယ်ဒီတာ ကျော်ခ တို့က ဆွေးနွေးထားပါတယ်။

ဒေါ်အောင်ဆန်းစုကြည် လျှောက်ခဲ့တဲ့ နိုင်ငံရေးခရီး 13.06.2026

ဇွန်လ ၁၉ ရက်မှာ ကျရောက်တဲ့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက် ၈၁ နှစ်ပြည့် မွေးနေ့အထိမ်းအမှတ်အဖြစ် အမျိုးသမီးစာရေးဆရာတွေ ဖြစ်တဲ့ မသီတာ (စမ်းချောင်း) ၊ မွန်မွန်မြတ်တို့နဲ့ အမှတ်တရစကားဝိုင်း ဧရာဝတီက ဒီတပတ် တွေ့ဆုံမေးမြန်းခန်းကဏ္ဍမှာ ပြောဆိုထားပါတယ်။ 

Editorial Talk : " အိန္ဒိယက ဈေးဦးဖောက်လိုက်တဲ့ မင်းအောင်လှိုင်" 08.06.2026

ဧရာဝတီရဲ့ ဒီတပတ် အယ်ဒီတာ့ စကားဝိုင်း အစီအစဉ်မှာတော့ "အိန္ဒိယကဈေးဦးဖောက်လိုက်တဲ့မင်းအောင်လှိုင် " ဆိုတဲ့ ခေါင်းစဉ်နဲ့ ဧရာဝတီ အယ်ဒီတာချုပ် အောင်ဇော်၊အမှုဆောင် အယ်ဒီတာ ရဲနည် တို့က ဆွေးနွေးထားပါတယ်။

စစ်တပ်က တော်လှန်ရေးသီချင်းကို ခိုးတဲ့အခါ 06.06.2026

ကွယ်လွန်သူဂီတအနုပညာရှင် ထူးအိမ်သင် ရေးသားပြီး အဆိုတော် မွန်းအောင်နဲ့ အဖွဲ့က သီဆိုခဲ့တဲ့ အရေးကြီးပြီသီချင်းဟာ စစ်တပ်ပိုင် စစ်ချီသီချင်းဆိုပြီး စစ်တပ်ဝါဒဖြန့် မြဝတီရုပ်သံလိုင်းက လိမ်ညာထုတ်လွှင့်သွားတဲ့အပေါ် မြန်မာ့ခေတ်ပေါ်ဂီတကို လေ့လာသူတဦးဖြစ်သူ ကိုငြိမ်းချမ်းအေးနဲ့  ဒီတပတ်စနေသတင်းစကားဝိုင်းမှာ တွေ့ဆုံဆွေးနွေးထားပါတယ်။ 

Editorial Talk : " မြန်မာဟာ ဘယ်နိုင်ငံရဲ့ ခြေကုပ်စခန်းလဲ " 01.06.2026

ဧရာဝတီရဲ့ ဒီတပတ် အယ်ဒီတာ့ စကားဝိုင်း အစီအစဉ်မှာတော့ "မြန်မာဟာဘယ်နိုင်ငံရဲ့ခြေကုပ်စခန်းလဲ " ဆိုတဲ့ ခေါင်းစဉ်နဲ့ ဧရာဝတီ အယ်ဒီတာချုပ် အောင်ဇော်၊ရေဒီယို သတင်းစာဆရာ အယ်ဒီတာ ဦးကျော်ဇံသာ တို့က ဆွေးနွေးထားပါတယ်။

လူသိရှင်ကြား ထုတ်ဖော်ဂုဏ်ပြုကြမယ် 30.05.2026

ဒီတပတ် စနေသတင်းစကားဝိုင်းမှာ ၁၇ နှစ်မြောက်ခဲ့ပြီ ဖြစ်တဲ့ ပြည်သူ့ဂုဏ်ရည်အသင်း စတင်ဖွဲ့စည်း တည်ထောင်သူတဦးဖြစ်တဲ့ ဦးကျော်ဝဏ္ဏက အသင်းဖွဲ့စည်းတည်ထောင်ဖြစ်ပုံ၊ အသင်းရဲ့ နှစ်စဉ်ဆု ရွေးချယ်ရေး စံနှုန်းတွေနဲ့ အသင်းရန်ပုံငွေအကြောင်းတွေကို ပြောပြထားပါတယ်။

Editorial Talk : " မြန်မာအာဆီယံက ထွက်မှာလား" 25.05.2026

ဧရာဝတီရဲ့ ဒီတပတ် အယ်ဒီတာ့ စကားဝိုင်း အစီအစဉ်မှာတော့ "မြန်မာအာဆီယံကထွက်မှာလား" ဆိုတဲ့ ခေါင်းစဉ်နဲ့ ဧရာဝတီ အယ်ဒီတာချုပ် အောင်ဇော်၊ မြန်မာပိုင်း အယ်ဒီတာ ကျော်ခ တို့က ဆွေးနွေးထားပါတယ်။

တရုတ်-မြန်မာ စီးပွားရေးစင်္ကြံ မင်းအောင်လှိုင် အကောင်အထည်ဖော်နိုင်မလား 23.05.2026

ဒီအပတ် စနေသတင်းစကားဝိုင်းမှာ တရုတ်-မြန်မာ စီးပွားရေးစင်္ကြံကို အရပ်သားအသွင်ယူ သမ္မတ ဦးမင်းအောင်လှိုင် တကယ်အကောင်အထည်ဖော်နိုင်မလား ဆိုတဲ့အပေါ်  စာရေးဆရာ၊ အယ်ဒီတာ တင်မောင်သန်း (သင့်ဘဝ) ရဲ့ ဆွေးနွေးချက်ကို နားဆင်နိုင်ပါတယ်။ 

Editorial Talk : "ထရမ့်နဲ့ ရှီတို့ရဲ့ ထိပ်သီးဆွေးနွေးပွဲ မြန်မာအတွက် ဘာထူးသလဲ " 18.05.2026

ဧရာဝတီရဲ့ ဒီတပတ် အယ်ဒီတာ့ စကားဝိုင်း အစီအစဉ်မှာတော့ "ထရမ့်နဲ့ရှီတို့ရဲ့ထိပ်သီးဆွေးနွေးပွဲမြန်မာအတွက်ဘာထူးသလဲ " ဆိုတဲ့ ခေါင်းစဉ်နဲ့ ဧရာဝတီ အယ်ဒီတာချုပ် အောင်ဇော်၊ အမှုဆောင် အယ်ဒီတာ ရဲနည် တို့က ဆွေးနွေးထားပါတယ်။

တရုတ်စင်္ကြံလမ်း ရှမ်းမြောက်ကို ဝင်လာတဲ့အခါ 16.05.2026

ရှမ်းပြည်မြောက်ပိုင်းကို တရုတ်-မြန်မာ စီးပွားရေးစင်္ကြံလမ်း ဝင်လာတော့မှာဖြစ်ပြီး အဲဒီအကြို တရုတ်ဦးစီးတဲ့ အပစ်ရပ်ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကလည်း ရှောင်လွှဲမရဘူးလို့ ရှမ်းသံတော်ဆင့် သတင်းဌာနရဲ့ အယ်ဒီတာချုပ် ကိုစိုင်းမိဏ်းက ဒီတပတ်စနေသတင်းစကားဝိုင်းမှာ သတိပေးလိုက်ပါတယ်။

Editorial Talk : " အာဆီယံက ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ခွင့်ရမလား" 10.05.2026

ဧရာဝတီရဲ့ ဒီတပတ် အယ်ဒီတာ့ စကားဝိုင်း အစီအစဉ်မှာတော့ "အာဆီယံကဒေါ်အောင်ဆန်းစုကြည်နဲ့တွေ့ခွင့်ရမလား" ဆိုတဲ့ ခေါင်းစဉ်နဲ့ ဧရာဝတီ အယ်ဒီတာချုပ် အောင်ဇော်၊ မြန်မာပိုင်း အယ်ဒီတာ ကျော်ခ တို့က ဆွေးနွေးထားပါတယ်။

တရုတ်-မြန်မာ စီးပွားရေးစင်္ကြံနှင့် ဒေါ်အောင်ဆန်းစုကြည် 09.05.2026

ဒီတပတ် စနေသတင်းစကားဝိုင်းမှာ တရုတ်-မြန်မာ စီးပွားရေးစင်္ကြံ (CMEC) နဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အခန်းကဏ္ဍအကြောင်း စီးပွားရေးပညာရှင် ဦးစိန်ဌေးရဲ့ ဆွေးနွေးချက်တွေကို နားဆင်နိုင်ပါတယ်။

Editorial Talk : " မင်းအောင်လှိုင်က သူ့ကိုယ်သူ ယုံကြည်မှုမရှိဘူး" 04.05.2026

ဧရာဝတီရဲ့ ဒီတပတ် အယ်ဒီတာ့ စကားဝိုင်း အစီအစဉ်မှာတော့ "မင်းအောင်လှိုင်ကသူ့ကိုယ်သူယုံကြည်မှုမရှိဘူး" ဆိုတဲ့ ခေါင်းစဉ်နဲ့ ဧရာဝတီ အယ်ဒီတာချုပ် အောင်ဇော်၊ ရေဒီယို သတင်းစာဆရာ ဦးကျော်ဇံသာ တို့က ဆွေးနွေးထားပါတယ်။

ဦးနေဝင်းနဲ့ မင်းအောင်လှိုင် ဘာတွေတူလဲ 02.05.2026

ဒီတပတ် စနေသတင်းစကားဝိုင်းမှာ အညာစစ်မျက်နှာက အခုထိ လက်နက်ကိုင်နွေဦးတော်လှန်ရေးမှာ အရေးပါတုန်းလား၊ အာရက္ခတပ်တော်က ဖယ်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စုပေါ်ထွန်းရေး ဦးဆောင်ကော်မတီမှာ ဘာလို့ မပါလဲ၊ အာဏာရှင်ဟောင်း ဦးနေဝင်းနဲ့ အာဏာရှင်လက်သစ် ဦးမင်းအောင်လှိုင် ဘာတွေတူလဲ၊ ဒေါ်အောင်ဆန်းစုကြည် ပြန်လွတ်မှာလားစတဲ့အကြောင်းအရာတွေအပေါ် ဝါရှင်တန်ဒီစီအခြေစိုက် နိုင်ငံရေးသုတေသီ ကိုရဲမျိုးဟိန်းရဲ့ သုံးသပ်ချက်တွေကို နားဆင်န...

Editorial Talk : " အာဃာတနဲ့ ဖိတ်ခေါ်တဲ့ အာဏာသိမ်းသမ္မတရဲ့ ရက် ၁၀၀ အစီအစဉ်" 27.04.2026

ဧရာဝတီရဲ့ ဒီတပတ် အယ်ဒီတာ့ စကားဝိုင်း အစီအစဉ်မှာတော့ "အာဃာတနဲ့ဖိတ်ခေါ်တဲ့အာဏာသိမ်းသမ္မတရဲ့ရက်၁၀၀အစီအစဉ်" ဆိုတဲ့ ခေါင်းစဉ်နဲ့ ဧရာဝတီ အယ်ဒီတာချုပ် အောင်ဇော်၊ မြန်မာပိုင်း အယ်ဒီတာ ကျော်ခ တို့က ဆွေးနွေးထားပါတယ်။

တရုတ်ကြောင့် ဒေါ်အောင်ဆန်းစုကြည် လွတ်လာခဲ့သော် 25.04.2026

ဒီတပတ်စနေသတင်းစကားဝိုင်းမှာ ဖမ်းဆီးခံ သမ္မတ ဦးဝင်းမြင့် လွတ်လာအပြီး မြန်မာ့နိုင်ငံရေး ဘယ်ဆီဦးတည်နေလဲ၊ တရုတ်ကြောင့် ဒေါ်အောင်ဆန်းစုကြည် လွတ်လာခဲ့သော် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နိုင်ငံရေးလုပ်ပိုင်ခွင့် ဘယ်လောက်ရမလဲ စတဲ့အကြောင်းတွေ စာရေးဆရာတင်မောင်သန်းရဲ့ ဆွေးနွေးချက်တွေကို နားဆင်နိုင်ပါတယ်။ #ဧရာဝတီ #စနေသတင်းစကားဝိုင်း #သမ္မတ #ဦးဝင်းမြင့်  #ဒေါ်အောင်ဆန်းစုကြည် #အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် #တင်မ...

Editorial Talk : " ဒေါ်အောင်ဆန်းစုကြည် ဘယ်တော့လွတ်မလဲ" 20.04.2026

ဧရာဝတီရဲ့ ဒီတပတ် အယ်ဒီတာ့ စကားဝိုင်း အစီအစဉ်မှာတော့ "ဒေါ်အောင်ဆန်းစုကြည်ဘယ်တော့လွတ်မလဲ" ဆိုတဲ့ ခေါင်းစဉ်နဲ့ ဧရာဝတီ အယ်ဒီတာချုပ် အောင်ဇော်၊ အမှုဆောင်အယ်ဒီတာ ရဲနည် တို့က ဆွေးနွေးထားပါတယ်။

အတ္ထုပ္ပတ္တိ ဇာတ်လမ်းတွေ ရိုက်ချင်တဲ့ ဒေါင်း 18.04.2026

ဒီတပတ်စနေသတင်းစကားဝိုင်းမှာ ရုပ်ရှင်သရုပ်ဆောင် ဒေါင်းက သူ နောက်ဆုံးရိုက်ကူးထားတဲ့ ရုပ်သံစီးရီး၊ ထိုင်းနိုင်ငံရောက် သရုပ်ဆောင်ဘဝနဲ့ မြန်မာရုပ်ရှင်အပေါ် သူ့အမြင်တွေအကြောင်း ပြောပြထားတာ နားဆင်နိုင်ပါတယ်။

Słuchaj podcastu The Irrawaddy Newscast - Burmese Edition w Replaio

Radio i podcasty w jednej aplikacji - za darmo, bez zakładania konta. Zainstaluj już dziś i nie przegap premiery

Pobierz z Google Play

Replaio nie jest wydawcą podcastów; nazwy audycji, okładki i audio należą do ich autorów i są rozpowszechniane przez publiczne kanały RSS