The Irrawaddy
The Irrawaddy Newscast - Burmese Edition
The Irrawaddy Newscast - Burmese Edition သည် ဧရာဝတီ သတင်းဌာန၏ Podcast အသံလွှင့်အစီအစဉ် ဖြစ်ပြီး မြန်မာ့နိုင်ငံရေး စီးပွားရေးနှင့် လူမှုရေးရာ အဖြာဖြာပေါ် သတင်းဝေဖန်သုံးသပ်ချက်၊ တွေ့ဆုံမေးမြန်းခန်း များနှင့် သတင်းဆောင်းပါးများကို နားဆင်နိုင်ပါသည်။
Be sure to visit the podcast's website and support the creator: burma.irrawaddy.com
Where to listen?
Podcasts in the app Replaio Radio Coming soonPodcasts are coming to the app soon. Install now and be the first to see a whole new take on podcasts
Episodes
Saturday Roundtable: သံခင်းတမန်ခင်းကြားက NUG ဝန်ကြီး ဒေါ်ဇင်မာအောင်နဲ့ စနေစကားဝိုင်း 14.05.2022 37:50
ဒီတပတ် ဧရာဝတီရဲ့ Saturday Roundtable စနေသတင်းစကားဝိုင်းမှာ လူမဆန်တဲ့ အာဏာသိမ်းစစ်ကောင်စီကို လူသားချင်းစာနာမှု အကူအညီတွေ အာဆီယံက ပေးမတဲ့လား၊ စစ်ကောင်စီလက်ထဲ အနေကျပ်လာတဲ့ တိုင်ကွန်းသူဌေးကြီးများနဲ့ သံခင်းတမန်ခင်းကြားက NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင် အင်တာဗျူးတွေကို နားဆင်ကြရပါမယ်။
Editorial Talk: ‘‘မြန်မာ့အရေး အာစီယံ သံတမန်ရေးဆောင်ရွက်မှု အောင်မြင်ပါ့မလား’’ 07.05.2022 20:04
ဧရာဝတီရဲ့ ဒီတပတ် Editorial Talk အစီအစဉ်မှာတော့ ‘‘မြန်မာ့အရေး အာစီယံ သံတမန်ရေးဆောင်ရွက်မှု အောင်မြင်ပါ့မလား’’ ဆိုတာနဲ့ ပတ်သက်ပြီး ဧရာဝတီအယ်ဒီတာချုပ် အောင်ဇော်နဲ့ မြန်မာပိုင်း သတင်းထောက်ချုပ် ကျော်ခ တို့က ဆွေးနွေးထားတာဖြစ်ပါတယ်။
Saturday Roundtable: ဒေါ်အောင်ဆန်းစုကြည်ကို မြန်မာ့နိုင်ငံရေးက ဖယ်ထုတ်လို့ ရသလားနဲ့ စနေစကားဝိုင်း 07.05.2022 18:20
ဒီတပတ် ဧရာဝတီရဲ့ Saturday Roundtable စနေသတင်းစကားဝိုင်းမှာ မြန်မာ့နိုင်ငံရေးကနေ ဒေါ်အောင်ဆန်းစုကြည်ကို ပထုတ်လိုက်လို့ ရသလားနဲ့ ဝရုန်းသုန်းကား ထိုးတက်နေတဲ့ မြန်မာ့ကုန်ဈေးနှုန်းတွေ အကြောင်းတို့ကို ဆွေးနွေးတင်ပြထားတာ နားဆင်နိုင်ကြပါတယ်။
Saturday Roundtable: လုပ်ကြံသတ်ဖြတ်ရေး စစ်ကောင်စီ အားပေးလာပြီနဲ့ စနေစကားဝိုင်း 30.04.2022 37:25
ဒီတပတ် ဧရာဝတီရဲ့ Saturday Roundtable စနေသတင်းစကားဝိုင်းမှာ အာဏာသိမ်းစစ်ကောင်စီအောက် ပျောက်ဆုံးသွားတဲ့ အလုပ်သမားအခွင့်အရေးနဲ့ ရပိုင်ခွင့်တွေ၊ လုပ်ကြံသတ်ဖြတ်ရေး စစ်ကောင်စီ အားပေးလာပြီနဲ့ စစ်အာဏာသိမ်းခေါင်းဆောင်ရဲ့ ငြိမ်းချမ်းရေးဖိတ်ခေါ်ချက် ဘာလဲ ဘယ်လဲ ဆိုတဲ့အကြောင်းတွေကို နားဆင်ကြရပါမယ်။
Saturday Roundtable: စစ်ဘေးရှောင်ဒုက္ခသည်တွေကို တောင်းပန်လိုက်တဲ့ ဒေါက်တာဝင်းမြတ်အေးနှင့် စနေစကားဝိုင်း 23.04.2022 41:15
ဒီတပတ် ဧရာဝတီရဲ့ Saturday Roundtable စနေသတင်းစကားဝိုင်းမှာ ပြည်တွင်းစစ် ဘေးဒဏ်ခံ ဒုက္ခသည်တွေကို NUG အစိုးရ ဘယ်လိုကူညီနေလဲ၊ ဒေါ်လာဈေးကန့်သတ်မှုကြောင့် ဖြစ်လာရတဲ့ စက်သုံးဆီပြတ်လပ်မှုနဲ့ ပြည်သူ့အချစ်တော် ပန်ဒါကြီး ကိုဝေမိုးနိုင်တို့ရဲ့အကြောင်းတွေကို နားဆင်နိုင်ကြပါပြီ။
Saturday Roundtable: သမိုင်းနဲ့ချီပြီး စစ်တပ်က ကြောက်ရွံတဲ့ သံချပ် 09.04.2022 37:19
ဒီတပတ် Saturday Roundtable စနေသတင်းစကားဝိုင်းမှာ တရုတ်က မြန်မာအပေါ်ထားတဲ့ ခြေလှမ်းသစ်၊ သမိုင်းနဲ့ချီပြီး စစ်တပ်က ကြောက်ရွံတဲ့ သံချပ်၊ အာဏာသိမ်း စစ်ကောင်စီလက်အောက်က တော်လှန်သင်္ကြန်နဲ့ ကျားပေါက်ပြောတဲ့ သင်္ကြန်အလွမ်း စတဲ့အကြောင်းတွေကို နားဆင်နိုင်ကြပါပြီ။
Saturday Roundtable: စစ်ဗိုလ်ချုပ်တွေ အချင်းချင်း စားခွက်လုနေသည် 02.04.2022 13:20
ဒီတပတ် Saturday Roundtable စနေသတင်းစကားဝိုင်းမှာ စစ်ကောင်စီအောက် ရှေ့နေတွေ ဘာမျှော်လင့်ကြလဲ၊ စစ်ဗိုလ်ချုပ်တွေ အချင်းချင်း စားခွက်လုနေပြီနဲ့ စစ်တပ်က သမိုင်းနဲ့ ချီ ထည့်လာတဲ့ ဂျင်းများ အကြောင်းတွေကို နားဆင်နိုင်ကြပါပြီ။
Editorial Talk: “တပ်ထဲမှာ အကြောက်တရားတွေနဲ့ လွှမ်းမိုးနေတာတွေ့ရတယ်” 02.04.2022 13:20
ဧရာဝတီရဲ့ ဒီတပတ် Editorial Talk အစီအစဉ်မှာတော့ “တပ်ထဲမှာ အကြောက်တရားတွေနဲ့ လွှမ်းမိုးနေတာတွေ့ရတယ်” ဆိုတာနဲ့ ပတ်သက်ပြီး ဧရာဝတီအယ်ဒီတာချုပ် အောင်ဇော်နဲ့ မြန်မာပိုင်း သတင်းထောက်ချုပ် ကျော်ခ တို့က ဆွေးနွေးထားတာဖြစ်ပါတယ်။
Editorial Talk: ‘‘တပ်မတော်ထဲမှာက ဘယ်သူခွဲခွဲ ဒို့မကွဲအမြဲစည်းလုံးမည်မဟုတ်တော့ဘူး’’ 27.03.2022 17:37
ဧရာဝတီရဲ့ ဒီတပတ် Editorial Talk အစီအစဉ်မှာတော့ ‘‘တပ်မတော်ထဲမှာက ဘယ်သူခွဲခွဲ ဒို့မကွဲအမြဲစည်းလုံးမည်မဟုတ်တော့ဘူး’’ ဆိုတာနဲ့ ပတ်သက်ပြီး ဧရာဝတီအယ်ဒီတာချုပ် အောင်ဇော်နဲ့ မြန်မာပိုင်း သတင်းထောက်ချုပ် ကျော်ခ တို့က ဆွေးနွေးထားတာဖြစ်ပါတယ်။
Saturday Roundtable: တပ်မတော်နေ့ဆိုပြီး ဖက်ဆစ်တော်လှန်ရေးသမိုင်းကို ဖျောက်ဖျက်မရ 26.03.2022 38:16
ဒီတပတ် Saturday Roundtable စနေသတင်းစကားဝိုင်းမှာ ကရင်နီ/ကယားပြည်နယ်ထဲက စစ်ပွဲနဲ့ စစ်ရှောင်ဒုက္ခသည်တွေ၊ စစ်ကောင်စီရဲ့ သင်္ကြန် ဘယ်လောက်စည်မှာလဲနဲ့ ဖက်ဆစ်တော်လှန်ရေးနေ့ကနေ တပ်မတော်နေ့လို့ ပြောင်းလဲသွားပုံ သမိုင်းတွေကို နားဆင်ကြရပါမယ်။
Saturday Roundtable: စစ်ကိုင်း PDF တွေ အချင်းချင်း ပြန်သတ်ကြသတဲ့လားနှင့် စနေစကားဝိုင်း 19.03.2022 56:19
ဒီတပတ် Saturday Roundtable စနေသတင်းစကားဝိုင်းမှာ စစ်ကိုင်းတိုင်းက PDF တွေ အချင်းချင်းပြန်သတ်သတဲ့လား၊ သတင်းအမှောင်ချချင်လို့ စစ်ကောင်စီက အင်တာနက်ဖြတ်တောက်နေသည်၊ ငြိမ်းချမ်းရေးတိုက်ပွဲ တေးစီးရီး နှစ် ၃၀ ပြည့် အဆိုတော် မွန်းအောင်နဲ့ အမှတ်တရ စကားစမြည် အပိုင်း ၂ တို့ကို နားဆင်နိုင်ကြပါပြီ။
Editorial Talk: မြန်မာပြည်နဲ့ ပတ်သက်ပြီး စိတ်ဝင်စားမှုတွေ လျော့ကျလာတာ အမှန်ပဲ 19.03.2022 13:34
ဧရာဝတီရဲ့ ဒီတပတ် Editorial Talk အစီအစဉ်မှာတော့ "မြန်မာပြည်နဲ့ ပတ်သက်ပြီး စိတ်ဝင်စားမှုတွေ လျော့ကျလာတာ အမှန်ပဲ" ဆိုတဲ့ခေါင်းစဉ်အပေါ် ဧရာဝတီအယ်ဒီတာချုပ် အောင်ဇော်နဲ့ မြန်မာပိုင်း သတင်းထောက်ချုပ် ကျော်ခ တို့က ဆွေးနွေးထားတာဖြစ်ပါတယ်။
Editorial Talk: "တမာပင် စိုက်ပြီး သကြားသီးစားချင်လို့မရဘူး" 12.03.2022 18:04
ဧရာဝတီရဲ့ ဒီတပတ် Editorial Talk အစီအစဉ်မှာတော့ "တမာပင် စိုက်ပြီး သကြားသီးစားချင်လို့မရဘူး" ဆိုတာနဲ့ ပတ်သက်ပြီး ဧရာဝတီအယ်ဒီတာချုပ် အောင်ဇော်နဲ့ မြန်မာပိုင်း သတင်းထောက်ချုပ် ကျော်ခ တို့က ဆွေးနွေးထားတာဖြစ်ပါတယ်။
Saturday Roundtable: မုဒိန်းကျင့် လူသတ်လာနေတဲ့ စစ်ကောင်စီတပ်တွေနဲ့ စနေစကားဝိုင်း 12.03.2022 1:01:25
ဒီတပတ် Saturday Roundtable စနေသတင်းစကားဝိုင်းမှာ မုဒိန်းကျင့် လူသတ်လာတဲ့ စစ်ကောင်စီတပ်တွေ၊ မြန်မာပြည်မှာ ခိုးဆိုးလုယက်တွေ ပြန်ခေါင်းထောင်နေပြီနဲ့ ငြိမ်းချမ်းရေးတိုက်ပွဲ တေးစီးရီး နှစ် ၃၀ ပြည့် အဆိုတော် မွန်းအောင်နဲ့ အမှတ်တရ စကားစမြည် တို့ကို နားဆင်ကြရပါမယ်။
Editorial Talk: “ရုရှား ကျူးကျော်စစ်နဲ့ မြန်မာ့ ရပ်တည်ချက်” 05.03.2022 17:59
ဧရာဝတီရဲ့ ဒီတပတ် Editorial Talk အစီအစဉ်မှာတော့ “ရုရှား ကျူးကျော်စစ်နဲ့ မြန်မာ့ ရပ်တည်ချက်” ဆိုတာနဲ့ ပတ်သက်ပြီး ဧရာဝတီအယ်ဒီတာချုပ် အောင်ဇော်နဲ့ မြန်မာပိုင်း သတင်းထောက်ချုပ် ကျော်ခ တို့က ဆွေးနွေးထားတာဖြစ်ပါတယ်။
Saturday Roundtable: စစ်ကောင်စီက အိမ်တွေကို မီးရှို့ ဖျက်ဆီးနေသည်နှင့် စနေစကားဝိုင်း 05.03.2022 36:19
ဒီတပတ် Saturday Roundtable စနေသတင်းစကားဝိုင်းမှာ ယူကရိန်း-ရုရှစစ်ပွဲက မြန်မာပြည်အတွက် ဘာသယ်ဆောင်ယူလာမလဲ၊ စစ်ကောင်စီက အိမ်တွေကို မီးရှို့ဖျက်ဆီးနေသည်နဲ့ ICJ မှာ ဂမ်ဘီယာနိုင်မှလို့ ဆိုလိုက်တဲ့ ရှေ့နေဦးအောင်ထူးနဲ့ အင်တာဗျူးတွေကို နားဆင်နိုင်ကြပါတယ်။
Saturday Roundtable: ရှမ်းလက်နက်ကိုင်ခေါင်းဆောင် စဝ်ရွက်ဆစ် အနားယူသွားနိုင်သလားနဲ့ စနေစကားဝိုင်း 26.02.2022 31:52
ဒီတပတ် Saturday Roundtable စနေသတင်းစကားဝိုင်းမှာ လတ်တလော ပြင်းပြင်းထန်ထန် ဖြစ်ပွားနေတဲ့ ကရင်နီ/ကယားပြည်နယ်က တိုက်ပွဲတွေ၊ ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အဖွဲ့ဝင်တွေ ကိုယ်နှိုက်က မြန်မာစစ်တပ်ကို လက်နက်တွေ ရောင်းနေတာနဲ့ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS ရဲ့ ဥက္ကဋ္ဌ စဝ်ရွက်ဆစ် နိုင်ငံရေးက အနားယူသွားရနိုင်သလား စတဲ့ အကြောင်းတွေကို ဧရာဝတီဝိုင်းတော်သားတွေက တင်ပြဆွေးနွေးထားပါတယ်။
Editorial Talk: “အခုဟာ တိုင်းပြည်မှာ ငရဲခွေးကြီးလွတ်နေတဲ့ အချိန်” 19.02.2022 15:04
ဧရာဝတီရဲ့ ဒီတပတ် Editorial Talk အစီအစဉ်မှာတော့ “အခုဟာ တိုင်းပြည်မှာ ငရဲခွေးကြီးလွတ်နေတဲ့ အချိန်” ဆိုတာနဲ့ ပတ်သက်ပြီး ဧရာဝတီအယ်ဒီတာချုပ် အောင်ဇော်နဲ့ မြန်မာပိုင်း သတင်းထောက်ချုပ် ကျော်ခ တို့က ဆွေးနွေးထားတာဖြစ်ပါတယ်။
Saturday Roundtable: မီးလောင်ပြင်ကြားက အညာသူအညာသားတွေနဲ့ စနေစကားဝိုင်း 19.02.2022 30:54
ဒီတပတ် Saturday Roundtable စနေသတင်းစကားဝိုင်းမှာ ကိုယ့်အားကိုယ်ကိုးကြရဦးမယ့် ကိုဗစ်စတုတ္ထလှိုင်း၊ မြန်မာပြည်က ပြန်ထွက်တော့မယ့် တယ်လီနောနဲ့ စစ်တပ်က မီးလောင်တိုက်သွင်းခံနေရတဲ့ အညာသူအညာသားတွေ ဆိုတဲ့အကြောင်းတွေကို ဧရာဝတီဝိုင်းတော်သားတွေ ဖြစ်တဲ့ ရဲနည်၊ အောင်သီဟနဲ့ သဇင်လှိုင်တို့က ဆွေးနွေးတင်ပြထားပါတယ်။
Editorial Talk: “တိုင်းရင်းသားတွေ ခွဲထွက်ချင်အောင် လုပ်နေတာဘယ်သူလဲ” 12.02.2022 16:31
ဧရာဝတီရဲ့ ဒီတပတ် Editorial Talk အစီအစဉ်မှာတော့ “တိုင်းရင်းသားတွေ ခွဲထွက်ချင်အောင် လုပ်နေတာဘယ်သူလဲ” ဆိုတာနဲ့ ပတ်သက်ပြီး ဧရာဝတီအယ်ဒီတာချုပ် အောင်ဇော်နဲ့ မြန်မာပိုင်း သတင်းထောက်ချုပ် ကျော်ခ တို့က ဆွေးနွေးထားတာဖြစ်ပါတယ်။
Saturday Roundtable: ပြည်ထောင်စုနေ့သည် တသွေးတသံတမိန့်တကိုယ်တော်နေ့ မဟုတ် 12.02.2022 28:45
ဒီတပတ် Saturday Roundtable စနေသတင်းစကားဝိုင်းကို ၇၅ နှစ်ပြည့် ပြည်ထောင်စုနေ့ အထိမ်းအမှတ် အထူးအစီအစဉ်အနေနဲ့ တောင်တန်းပြည်မ သဘောတူခဲ့တဲ့ ပင်လုံစာချုပ်ပါ ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးသည် သမိုင်းပေးတာဝန်ဆိုတာ ဧရာဝတီဝိုင်းတော်သားတွေဖြစ်တဲ့ ရဲနည်၊ အောင်သီဟနဲ့ သဇင်လှိုင်တို့က ဆွေးနွေးတင်ပြထားပါတယ်။
Saturday Roundtable: ဗိုလ်ရှုခံသဘင်၊ ပြည်ထောင်စုနေ့နဲ့ စစ်ခေါင်းဆောင်ရဲ့ သမ္မတရူး အိပ်မက် အပါအဝင် စနေစကားဝိုင်း 05.02.2022 37:40
ဒီတပတ် Saturday Roundtable စနေသတင်းစကားဝိုင်းမှာ ဖေဖော်ဝါရီ စစ်အာဏာသိမ်းဆန့်ကျင်ရေးအတွင်း ကျဆုံးသူများ၊ အာဏာသိမ်းတနှစ်အတွင်း မြန်မာစစ်တပ်ရဲ့ ထိခိုက်ကျဆုံးမှုနဲ့ မင်းအောင်လှိုင် သမ္မတရူး ရူးနေသလား စတဲ့အကြောင်းအရာတွေကို ဧရာဝတီဝိုင်းတော်သားတွေဖြစ်တဲ့ ရဲနည်၊ အောင်သီဟနဲ့ သဇင်လှိုင်တို့က ဆွေးနွေးတင်ပြထားကြပါတယ်။
Editorial Talk: “မြန်မာ့အရေး ကုလကိုယ်စားလှယ် စွမ်းဆောင်နိုင်ပါ့မလား” 05.02.2022 15:44
ဧရာဝတီရဲ့ ဒီတပတ် Editorial Talk အစီအစဉ်မှာတော့ “မြန်မာ့အရေး ကုလကိုယ်စားလှယ် စွမ်းဆောင်နိုင်ပါ့မလား” ဆိုတာနဲ့ ပတ်သက်ပြီး ဧရာဝတီအယ်ဒီတာချုပ် အောင်ဇော်နဲ့ မြန်မာပိုင်း သတင်းထောက်ချုပ် ကျော်ခ တို့က ဆွေးနွေးထားတာဖြစ်ပါတယ်။
Editorial Talk: “စစ်အာဏာသိမ်းမှုကြောင့် တိုင်းပြည်မှာ ဘာတွေ ပျက်စီးကုန်သလဲ“ 30.01.2022 21:36
ဧရာဝတီရဲ့ ဒီတပတ် Editorial Talk အစီအစဉ်မှာတော့ “စစ်အာဏာသိမ်းမှုကြောင့် တိုင်းပြည်မှာ ဘာတွေ ပျက်စီးကုန်သလဲ“ ဆိုတာနဲ့ ပတ်သက်ပြီး ဧရာဝတီအယ်ဒီတာချုပ် အောင်ဇော်နဲ့ မြန်မာပိုင်း သတင်းထောက်ချုပ် ကျော်ခ တို့က ဆွေးနွေးထားတာဖြစ်ပါတယ်။
Saturday Roundtable: စစ်ကျွန်မခံချင်လို့ CDM လုပ်သူများနှင့် စနေစကားဝိုင်း 29.01.2022 40:56
ဒီတပတ် Saturday Roundtable စနေသတင်းစကားဝိုင်းမှာ အာဏာသိမ်းစစ်ကောင်စီကို စိန်ခေါ်နေဆဲ CDM လူထုအာဏာဖီဆန်ရေးလှုပ်ရှားမှု၊ မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့ MOGE ကို ဆန်ရှင် Sanctions ဝင်ရင် ဘာဆက်ဖြစ်မလဲ၊ "ဖက်ဒရယ်တပ်မတော်သစ် စနေပြီ" လို့ဆိုလိုက်တဲ့ NUG ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်နဲ့ အင်တာဗျူး အပိုင်း ၂ တို့ကို ဧရာဝတီဝိုင်းတော်သားတွေဖြစ်တဲ့ ရဲနည်၊ အောင်သီဟနဲ့ သဇင်လှိုင်တို့က တင်ပြဆွေးနွေးထားပါတယ်။
Similar podcasts
Replaio is not a podcast publisher; show names, artwork and audio belong to their authors and are distributed through public RSS feeds.