The Irrawaddy

The Irrawaddy Newscast - Burmese Edition

News EN ↓ 540 episodes

The Irrawaddy Newscast - Burmese Edition သည် ဧရာဝတီ သတင်းဌာန၏ Podcast အသံလွှင့်အစီအစဉ် ဖြစ်ပြီး မြန်မာ့နိုင်ငံရေး စီးပွားရေးနှင့် လူမှုရေးရာ အဖြာဖြာပေါ် သတင်းဝေဖန်သုံးသပ်ချက်၊ တွေ့ဆုံမေးမြန်းခန်း များနှင့် သတင်းဆောင်းပါးများကို နားဆင်နိုင်ပါသည်။

Author

The Irrawaddy

Category

News

Podcast website

burma.irrawaddy.com

Latest episode

Jul 11, 2026

Where to listen?

Podcasts in the app Replaio Radio Coming soon

Podcasts are coming to the app soon. Install now and be the first to see a whole new take on podcasts

Get it on Google Play Install for free Android 5M+ downloads · 4.8 rating iOS soon

Episodes

Editorial Talk: "ဖေဖော်ဝါရီတရက်နေ့မှာ ဘာတွေအပြောင်းအလဲရှိမလဲ" 22.01.2023

ဧရာဝတီရဲ့ ဒီတပတ် အယ်ဒီတာ့ စကားဝိုင်း အစီအစဉ်မှာတော့ "ဖေဖော်ဝါရီတရက်နေ့မှာ ဘာတွေအပြောင်းအလဲရှိမလဲ" ဆိုတဲ့ ခေါင်းစဉ်နဲ့ ပတ်သက်ပြီး ဧရာဝတီအယ်ဒီတာချုပ် အောင်ဇော်နဲ့ မြန်မာပိုင်း သတင်းထောက်ချုပ် ကျော်ခ တို့က ဆွေးနွေးထားတာဖြစ်ပါတယ်။

CDM လုပ်လို့ ဘယ်တော့မှ နောင်တရမှာ မဟုတ်ဘူး 22.01.2023

ဒီတပတ် “ပြည်သူ့စစ်သား ရင်တွင်းစကား” အစီအစဉ်မှာတော့ ကျွန်ဝယ်ရာ အဆစ်ပါနေရတဲ့ တပ်တွင်းမိသားစုတွေရဲ့ ဘဝအကြောင်းတွေ၊ အထက်အရာရှိနဲ့ အခြားအဆင့်တွေကြားက အမျိုးမျိုးသော ဖိနှိပ်ခွဲခြားဆက်ဆံမှုတွေနဲ့ ပတ်သက်ပြီး CDM ဗိုလ်ကြီး ထက်မြက်နဲ့ လေတပ် CDM အုပ်ခွဲတပ်ကြပ်ကြီး နေဝင်းအောင်ရဲ့ ဇနီး မနွေးနွေးတို့ရဲ့ အတွေ့အကြုံတွေကို နားဆင်ရမှာ ဖြစ်ပါတယ်။

Saturday Roundtable: အရေးပေါ်အခြေအနေကာလ ၂ နှစ်ပြည့်တဲ့အခါ 21.01.2023

ဒီတပတ် ဧရာဝတီရဲ့ Saturday Roundtable စနေသတင်းစကားဝိုင်းမှာ မြေပြင်လူဦးရေစာရင်းကောက်တာ PDF ဖော်ထုတ်ရေးတဲ့လား၊ နိုင်ငံကူးလက်မှတ်တွေ ဘာကြောင့် မထုတ်ပေးတော့တာလဲနဲ့ အရေးပေါ်အခြေအနေကာလ ၂ နှစ်ပြည့်တဲ့အခါ ဆိုတဲ့ အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။

Editorial Talk: "မင်းအောင်လှိုင် သားသမီးတွေပိုင်ဆိုင်မှု ရာဇဝတ်မှုကျူးလွန်သူရဲ့ လက်ထဲမှာတွေ့တာ အရေးကြီးတဲ့အချက်ပဲ" 15.01.2023

ဧရာဝတီရဲ့ ဒီတပတ် အယ်ဒီတာ့ စကားဝိုင်း အစီအစဉ်မှာတော့ "ခရိုနီ ဦးထွန်းမင်းလတ်နဲ့ စစ်ခေါင်းဆောင် မိသားစု ဘယ်လိုပတ်သက်နေသလဲ" ဆိုတဲ့ ခေါင်းစဉ်နဲ့ ပတ်သက်ပြီး ဧရာဝတီအယ်ဒီတာချုပ် အောင်ဇော်နဲ့ မြန်မာပိုင်း သတင်းထောက်ချုပ် ကျော်ခ တို့က ဆွေးနွေးထားတာဖြစ်ပါတယ်။

တပ်တွင်းက ကျွန်ဝယ်ရာအဆစ်ပါနေရတဲ့ ဘဝတွေ 15.01.2023

ဒီတပတ် ဧရာဝတီရဲ့ "ပြည်သူ့စစ်သား ရင်တွင်းစကား" အစီအစဉ်မှာတော့ တပ်တွင်းမှာ လိုက်နေရတဲ့ စစ်သားတွေရဲ့ ဇနီးမယားတွေအပေါ် အရာရှိကတော်တွေရဲ့ အနိုင်ကျင့်ခိုင်းစေမှုတွေ၊ နှိမ့်ချဆက်ဆံမှုတွေ၊ အထက်အရာရှိနဲ့ အခြားအဆင့်တွေကြား ပညာရေးကစလို့ ဘာသာရေး၊ လူမှုရေး စတာတွေအဆုံး ခွဲခြားဆက်ဆံခံရမှုတွေ စတဲ့ တပ်တွင်းမိသားစုတွေရဲ့ ဘဝအကြောင်းတွေကို နားဆင်ရမှာ ဖြစ်ပါတယ်။

Saturday Roundtable: စစ်ကောင်စီနဲ့ တရုတ် ခွာပြဲပြီလား 14.01.2023

ဒီတပတ် ဧရာဝတီရဲ့ Saturday Roundtable စနေသတင်းစကားဝိုင်းမှာ စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ သားသမီးတွေ မူးယစ်ဆေးမှောင်ခိုလုပ်ကြသလား၊ ကိုဗစ်ကပ်ရောဂါအလွန် တရုတ်နဲ့ စီးပွားဆက်ဆံရေး စစ်ကောင်စီ ဘာမှ မပြင်ဆင်ထားတာနဲ့ စစ်ကောင်စီနဲ့ တရုတ် ခွာပြဲပြီလား ဆိုတဲ့ အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။

မင်းအောင်လှိုင်ဟာ ဘုရင်ရူး၊ သမ္မတရူး ရူးနေတဲ့ လူတယောက်ပဲ 08.01.2023

ဒီတပတ် ဧရာဝတီရဲ့ "ပြည်သူ့စစ်သား ရင်တွင်းစကား" အစီအစဉ်မှာတော့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်တယောက် သမ္မတအဆောင်အယောင်တွေ ဆင်မြန်း၊ ဘွဲ့တံဆိပ်တွေချီးမြှင့်ပြီး သမ္မတရူး ရူးနေတဲ့အကြောင်း၊ စစ်ဘက်ဆိုင်ရာဘွဲ့တံဆိပ်တွေကို ပေါပေါပဲပဲ လျှောက်ပေးပြီး အပေါစားစည်းရုံးမှုတွေ လုပ်နေသလို သူတို့ ထောက်ခံသူတွေနဲ့ စစ်သားမိသားစုတွေကို လိမ်လည် ဝါဒဖြန့်ချင်လို့ ဒီဘွဲ့တံဆိပ်တွေကို အသုံးချနေတာ စတဲ့ အကြောင်းအရာတွ...

Editorial Talk: "လူထုမပါတဲ့ လွတ်လပ်ရေးနေ့" 08.01.2023

ဧရာဝတီရဲ့ ဒီတပတ် အယ်ဒီတာ့ စကားဝိုင်း အစီအစဉ်မှာတော့ "လွတ်လပ်ရေးနေ့နဲ့ ၂၀၂၃ မျှော်လင့်ချက်" ဆိုတဲ့ ခေါင်းစဉ်နဲ့ ပတ်သက်ပြီး ဧရာဝတီအယ်ဒီတာချုပ် အောင်ဇော်နဲ့ မြန်မာပိုင်း သတင်းထောက်ချုပ် ကျော်ခ တို့က ဆွေးနွေးထားတာဖြစ်ပါတယ်။

Saturday Roundtable: သမ္မတရူး မင်းအောင်လှိုင်ရဲ့ အလိမ်အညာ ရွေးကောက်ပွဲ လာတော့မယ် 07.01.2023

ဒီတပတ် ဧရာဝတီရဲ့ Saturday Roundtable စနေသတင်းစကားဝိုင်းမှာ သမ္မတရူး မင်းအောင်လှိုင်ရဲ့ အလိမ်အညာ ရွေးကောက်ပွဲ လာတော့မယ်၊ စစ်ကောင်စီက စစ်အသုံးစရိတ်တွေ တိုးချဲ့လာနေတယ်နဲ့ လွတ်လပ်ရေးနေ့ လွတ်ငြိမ်းမှာ နိုင်ငံရေးအကျဉ်းသား အနည်းငယ်မျှသာ ပါဝင်တယ် စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။ 

Editorial Talk: "၂၀၂၃ မှာ ဘာတွေ မျှော်လင့်နိုင်မလဲ" 01.01.2023

ဧရာဝတီရဲ့ ဒီတပတ် အယ်ဒီတာ့ စကားဝိုင်း အစီအစဉ်မှာတော့ "၂၀၂၃ မှာ ဘာတွေ မျှော်လင့်နိုင်မလဲ"ဆိုတဲ့ ခေါင်းစဉ်နဲ့ ပတ်သက်ပြီး ဧရာဝတီအယ်ဒီတာချုပ် အောင်ဇော်နဲ့ မြန်မာပိုင်း သတင်းထောက်ချုပ် ကျော်ခ တို့က ဆွေးနွေးထားတာဖြစ်ပါတယ်။

တပ်သားသစ်စုဆောင်းရေးနဲ့ လူမှောင်ခိုဈေးကွက် 25.12.2022

ဒီတပတ် ဧရာဝတီရဲ့ "ပြည်သူ့စစ်သား ရင်တွင်းစကား" အစီအစဉ်မှာတော့ စစ်တပ်ထဲက ပြုန်းတီးအင်အားတွေကို ပြန်ဖြည့်တင်းဖို့ အဆင့်ဆင့်သော စစ်ဗိုလ်အရာရှိတွေဟာ လူအရောင်းအဝယ်လုပ်တာ၊ လူအချေးအငှား လုပ်တာတွေအပြင် သတ်မှတ် အရေအတွက် ပြည့်မီရေး သူခိုးဂျပိုးပါမချန် ပေမမီထောက်မမီ အကုန်ဆွဲလွဲပြီး တပ်သားသစ် စုဆောင်းမှုတွေ ပြုလုပ်နေတဲ့ အကြောင်းတွေကို နားဆင်ရမှာ ဖြစ်ပါတယ်။  

"သံတမန်ရေးရာမှာ စစ်ကောင်စီ ပိုပြီး အထီးကျန်သွားလိမ့်မယ်" 24.12.2022

ဧရာဝတီရဲ့ ဒီတပတ် အယ်ဒီတာ့ စကားဝိုင်း အစီအစဉ်မှာတော့ "မြန်မာ့အရေး နိုင်ငံတကာ ပြန်ခေါင်းထောင်လာပြီလား" ဆိုတဲ့ ခေါင်းစဉ်နဲ့ ပတ်သက်ပြီး ဧရာဝတီအယ်ဒီတာချုပ် အောင်ဇော်နဲ့ မြန်မာပိုင်း သတင်းထောက်ချုပ် ကျော်ခ တို့က ဆွေးနွေးထားတာဖြစ်ပါတယ်။

Saturday Roundtable: နမ့်ဆန် ကုန်းသာတိုက်ပွဲ အလိမ်အညာသတင်းရဲ့နောက်ကွယ် 24.12.2022

စစ်ကောင်စီရဲ့ ဝါဒဖြန့်မီဒီယာတွေက တပ်လုံးပျောက်ခဲ့တဲ့ ရှမ်းပြည်နယ်မြောက်ပိုင်း ကုန်းသာတိုက်ပွဲ အောင်မြင်သလို အလိမ်အညာ သတင်းလုပ်ရတဲ့ နောက်ကွယ်က အကြောင်းအပြင် ဒီတပတ် ဧရာဝတီရဲ့ Saturday Roundtable စနေသတင်းစကားဝိုင်းမှာ တရုတ်ထက်သာလာနေတဲ့ ထိုင်း-မြန်မာ နယ်စပ်ကုန်သွယ်ရေး၊ စစ်ကောင်စီက အလုပ်သမားတွေကို လုပ်ခလစာ တကယ်တိုးပေးမှာလားနဲ့ ကွယ်လွန်သူ မှိုင်းရာပြည့်ကျောင်းသားခေါင်းဆောင် ကဗျာဆရာ မောင်မှိုင်းလွင်(အင်း...

သူခိုးက လူပြန်ဟစ်တာပါပဲ 18.12.2022

ဒီတပတ် ဧရာဝတီရဲ့ "ပြည်သူ့စစ်သား ရင်တွင်းစကား" အစီအစဉ်မှာတော့ အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကစလို့ သူ့အောက်က ခေါင်းဆောင်တွေ၊ အောက်ခြေစစ်သားတွေအဆုံး အာဏာအလွဲသုံးစားလုပ်ပြီး ခြိမ်းခြောက်ငွေညှစ်တာ၊ တပ်ရေးတပ်ရာကိစ္စတွေထက် တရားမဝင် မှောင်ခိုလုပ်ငန်းကိစ္စတွေကိုပဲ ပိုပြီး စိတ်ဝင်စားတာ၊ အာဏာသိမ်းဖြစ်စဉ်နောက်ပိုင်း ပြည်သူတွေရဲ့ ပစ္စည်းဥစ္စာတွေကို ခိုးဆိုးလုယက်ပြီး ချမ်းသာကြွယ်ဝသွားတဲ့ စစ...

Editorial Talk: "စစ်ကောင်စီအတွက် အနုတ်လက္ခဏာပြတဲ့ အချက်ပဲ" 17.12.2022

ဧရာဝတီရဲ့ ဒီတပတ် အယ်ဒီတာ့ စကားဝိုင်း အစီအစဉ်မှာတော့ "စစ်ကောင်စီအတွက် အနုတ်လက္ခဏာပြတဲ့ အချက်ပဲ" ဆိုတဲ့ ခေါင်းစဉ်နဲ့ ပတ်သက်ပြီး ဧရာဝတီအယ်ဒီတာချုပ် အောင်ဇော်နဲ့ မြန်မာပိုင်း သတင်းထောက်ချုပ် ကျော်ခ တို့က ဆွေးနွေးထားတာဖြစ်ပါတယ်။

Saturday Roundtable: ARSA ကို ဘင်္ဂလားဒေ့ရှ်က ဖမ်းတာ ဝမ်းမနည်းဘူးလို့ ဆိုတဲ့ ရိုနေဆန်းလွင်နဲ့ စနေစကားဝိုင်း 17.12.2022

ဒီတပတ် ဧရာဝတီရဲ့ Saturday Roundtable စနေသတင်းစကားဝိုင်းမှာ သေဒဏ်ချခံရတဲ့ ဒဂုံတက္ကသိုလ်ကျောင်းသားတွေ၊ တပူပေါ် နှစ်ပူဆင့်လာတဲ့ ရွှေဘိုက တောင်သူလယ်သမားတွေနဲ့ ARSA နဲ့ ရိုဟင်ဂျာ မပတ်သက်တော့ဘူးလို့ ဆိုလိုက်တဲ့ ရိုနေဆန်းလွင်နဲ့ အင်တာဗျူးစတဲ့ အကြောင်းအရာတွေကို တင်ပြထားပါတယ်။ 

တပ်တွင်း အနိုင်ကျင့်ဗိုလ်ကျမှုတွေက ပြောမကုန်ဘူး 11.12.2022

ဒီတပတ် ဧရာဝတီရဲ့ "ပြည်သူ့စစ်သား ရင်တွင်းစကား" အစီအစဉ်မှာတော့ တပ်တွင်းမှာ ခွင့်ပြန်တာက အစ လုပ်သက်ပြည့်ရင် တပ်က ထွက်ခွင့် အဆုံး တပ်သားနဲ့ စစ်သည် ရပိုင်ခွင့်တွေအပေါ် ချိုးဖောက်ခံရတာ၊  ရာထူးနဲ့ လုပ်ပိုင်ခွင့်ကို အသုံးချပြီး အထက်အောက် အနိုင်ကျင့် ဗိုလ်ကျခံရတာ၊ စစ်သည်တွေရဲ့ မဖြစ်စလောက် လစာထဲကနေ ခေါင်းစဉ်အမျိုးမျိုးနဲ့ မထည့်မနေရ ဖြတ်တောက်ပြီး ခေါင်းပုံဖြတ် အမြတ်ထုတ်ခံရမှုတွေ စတဲ့ စတဲ့ အကြောင်းအ...

Saturday Roundtable: အိုးအိမ်မဲ့သွားသူတို့ရဲ့ ရင်ကွဲနာ 10.12.2022

ဒီတပတ် ဧရာဝတီရဲ့ စနေသတင်းစကားဝိုင်းမှာ စစ်တပ်က မီးရှို့တာကြောင့် အိုးအိမ်မဲ့ဖြစ်သွားသူတွေရဲ့ ရင်ကွဲနာကျပြီး စိတ်ဒဏ်ရာရသူတွေ၊ ကမ္ဘာ့ဖလားမှာ မြန်မာအလုပ်သမားတွေ အမြတ်ထုတ်ခံနေရတာ၊ စိတ်ပျက်လက်ပျက်ဖြစ်နေတဲ့ အာဆီယံကို စစ်ကောင်စီရွေးကောက်ပွဲက ဘယ်လောက်မြှူဆွယ်နိုင်မလဲ စတဲ့အကြောင်းအရာတွေကို တင်ပြဆွေးနွေးထားပါတယ်။

သူတို့ ကိုးကွယ်တာ အာဏာတခုတည်းပဲ 04.12.2022

ဒီတပတ် ဧရာဝတီရဲ့ "ပြည်သူ့စစ်သား ရင်တွင်းစကား" အစီအစဉ်မှာ စစ်ခေါင်းဆောင်တွေဟာ သူတို့ အာဏာတည်မြဲရေးအတွက် ဘာသာရေးအပေါ် အသုံးချမှုတွေ၊ အိမ်ထောင်သည်ရဲမေတွေ အနေနဲ့ တပ်က စစ်သားတွေ ရှေ့တန်းထွက်ပြီဆို တပ်တွင်းဓမ္မာရုံမှာ မဖြစ်မဖြစ် ဓမ္မစကြာရွတ်ရတာတွေ၊ ခေါင်းဆောင်ပိုင်းကစလို့ အောက်ခြေစစ်သားတွေထိ ဗေဒင်၊ ယတြာ အယူသီးမှုတွေ စတဲ့ အကြောင်းအရာတွေကို နားဆင်ရမှာ ဖြစ်ပါတယ်။

Saturday Roundtable: ဒုတိယမ္ပိ အပစ်ရပ်တဲ့ ရခိုင်စစ်ပွဲ ဘယ်လဲ ဘာလဲ 03.12.2022

ဒီတပတ် ဧရာဝတီရဲ့ Saturday Roundtable စနေသတင်းစကားဝိုင်းမှာ တနေ့တခြား ပိုဆိုးလာနေတဲ့ လျှပ်စစ်မီးပြတ်တောက်မှု၊ ရဲ့ ခေါင်းဆောင်မှု အပြောင်းအလဲနဲ့ ဒုတိယမ္ပိ အပစ်ရပ်တဲ့ ရခိုင်စစ်ပွဲ ဘယ်လဲ ဘာလဲ စတဲ့အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။ 

ဒေါ်အောင်ဆန်းစုကြည်အကြောင်း မဟုတ်မမှန် သင်ကြားတာတွေ ရှိတယ် 26.11.2022

ဒီတပတ် ဧရာဝတီရဲ့ "ပြည်သူ့စစ်သား ရင်တွင်းစကား" အစီအစဉ်မှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ ပတ်သက်လို့ စစ်ဗိုလ်ချုပ်၊ အရာရှိတွေ အပါအဝင် အောက်ခြေတပ်သားတွေရဲ့ အမြင်က ဘယ်လိုရှိလဲ၊ စစ်တပ်ထဲမှာ ဒေါ်အောင်ဆန်းစုကြည်အပေါ်  ယုံကြည်လေးစားမှု ကင်းမဲ့အောင် ဘယ်လို အပုပ်ချဝါဒဖြန့်မှုတွေ လုပ်ဆောင်ထားလဲ စတဲ့ အကြောင်းအရာတွေကို နားဆင်ရမှာ ဖြစ်ပါတယ်။

Editorial Talk: "စစ်တပ်အပေါ်မှာ ပြည်သူလူထုထောက်ခံမှုကတော့ ဇီးရိုးလို့ ပြောလို့ရတယ်" 26.11.2022

ဧရာဝတီရဲ့ ဒီတပတ် အယ်ဒီတာ့ စကားဝိုင်း အစီအစဉ်မှာတော့ ‘‘စစ်အာဏာရှင်တော်လှန်ရေးခရီး ဘယ်ထိရောက်နေပြီလဲ’’ ဆိုတဲ့ ခေါင်းစဉ်နဲ့ ပတ်သက်ပြီး ဧရာဝတီအယ်ဒီတာချုပ် အောင်ဇော်နဲ့ မြန်မာပိုင်း သတင်းထောက်ချုပ် ကျော်ခ တို့က ဆွေးနွေးထားတာဖြစ်ပါတယ်။

Saturday Roundtable: စစ်ကောင်စီဟာ အိမ်စောင့်အစိုးရမဟုတ် အိမ်ဖျက်အစိုးရ 26.11.2022

ဒီတပတ် ဧရာဝတီရဲ့ Saturday Roundtable စနေသတင်းစကားဝိုင်းမှာ ရန်ကုန်မှာ ရွှေလုပ်ငန်းရှင်တွေကို စစ်ကောင်စီက ခေါ်ယူစစ်ဆေးနေလို့ ဘာထူးမလဲ၊ စစ်ကောင်စီဟာ အိမ်စောင့်အစိုးရမဟုတ် အိမ်ဖျက်အစိုးရလို့ ခေါ်ရမယ်နဲ့ စစ်ကောင်စီကို တရစ်ချင်းကျပ်လာနေတဲ့ အာဆီယံ စတဲ့အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။

Editorial Talk: ‘‘အကျဉ်းသားလွှတ်ပေးမှုရဲ့ နောက်ကွယ်မှာ ဘယ်လိုအကြံအစည်တွေရှိနေမလဲ’’ 20.11.2022

ဧရာဝတီရဲ့ ဒီတပတ် အယ်ဒီတာ့ စကားဝိုင်း အစီအစဉ်မှာတော့ ‘‘နိုင်ငံရေးအကျဉ်းသားအားလုံးလွှတ်ပြီး အကြမ်းဖက်မှုတွေရပ်ရမယ်’’ဆိုတဲ့ ခေါင်းစဉ်နဲ့ ပတ်သက်ပြီး ဧရာဝတီအယ်ဒီတာချုပ် အောင်ဇော်နဲ့ မြန်မာပိုင်း သတင်းထောက်ချုပ် ကျော်ခ တို့က ဆွေးနွေးထားတာဖြစ်ပါတယ်။

ပထမနှစ် ဗိုလ်လောင်းဘဝက ငရဲပြည်မှာ နေရသလိုပါပဲ 19.11.2022

ဒီတပတ် ဧရာဝတီရဲ့ "ပြည်သူ့စစ်သား ရင်တွင်းစကား" အစီအစဉ်မှာ မေမြို့က DSA လို့ခေါ်တဲ့ စစ်တက္ကသိုလ်မှာ ဗိုလ်လောင်းတွေ အနေနဲ့ အဓိက ဘာတွေသင်ကြားကြရလဲ၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ ပတ်သက်လို့ ဘယ်လို ဝါဒမှိုင်းတွေ အသွင်းခံရလဲ၊ စီနီယာ-ဂျူနီယာ ကြီးနိုင်ငယ်ညှဉ်း နှိပ်စက်မှုတွေ စတဲ့အကြောင်းအရာတွေကို နားဆင်ရမှာ ဖြစ်ပါတယ်။ 

Listen to the The Irrawaddy Newscast - Burmese Edition podcast in Replaio

Radio and podcasts in one app - free, with no sign-up. Install today and do not miss the launch

Get it on Google Play

Replaio is not a podcast publisher; show names, artwork and audio belong to their authors and are distributed through public RSS feeds.