The Irrawaddy
The Irrawaddy Newscast - Burmese Edition
The Irrawaddy Newscast - Burmese Edition သည် ဧရာဝတီ သတင်းဌာန၏ Podcast အသံလွှင့်အစီအစဉ် ဖြစ်ပြီး မြန်မာ့နိုင်ငံရေး စီးပွားရေးနှင့် လူမှုရေးရာ အဖြာဖြာပေါ် သတင်းဝေဖန်သုံးသပ်ချက်၊ တွေ့ဆုံမေးမြန်းခန်း များနှင့် သတင်းဆောင်းပါးများကို နားဆင်နိုင်ပါသည်။
Be sure to visit the podcast's website and support the creator: burma.irrawaddy.com
Where to listen?
Podcasts in the app Replaio Radio Coming soonPodcasts are coming to the app soon. Install now and be the first to see a whole new take on podcasts
Episodes
Saturday Roundtable: စစ်ဗိုလ်လူထွက် မိုးကျရွှေကိုယ်ခေတ် ပြန်လာပြီ 19.11.2022 25:53
ဒီတပတ် ဧရာဝတီရဲ့ Saturday Roundtable စနေစကားဝိုင်းအစီအစဉ်မှာ နိုင်ငံရေးအကျဉ်းသားတွေကို စစ်ကောင်စီ ဘာကြောင့်လွှတ်ပေးလဲ၊ စစ်ကိုင်းနဲ့ မကွေးက စစ်ပြေးဒုက္ခသည်တွေ ဆေးဝါးပြတ်လပ်နေပြီနဲ့ စစ်ဗိုလ်လူထွက် မိုးကျရွှေကိုယ်ခေတ် ပြန်လာပြီ စတဲ့အကြောင်းတွေကို တင်ပြဆွေးနွေးထားပါတယ်။
Editorial Talk: ‘‘နိုင်ငံတကာ ဒဏ်ခတ်မှုတွေ တိုးလာဦးမယ်’’ 13.11.2022 15:39
ဧရာဝတီရဲ့ ဒီတပတ် အယ်ဒီတာ့ စကားဝိုင်း အစီအစဉ်မှာတော့ ‘‘စစ်တပ်နဲ့ အပေါင်းအပါတွေအပေါ် နိုင်ငံတကာ ဒဏ်ခတ်မှုတွေ တိုးလာဦးမယ်’’ ဆိုတဲ့ ခေါင်းစဉ်နဲ့ ပတ်သက်ပြီး ဧရာဝတီအယ်ဒီတာချုပ် အောင်ဇော်နဲ့ မြန်မာပိုင်း သတင်းထောက်ချုပ် ကျော်ခ တို့က ဆွေးနွေးထားတာဖြစ်ပါတယ်။
ရွေးကောက်ပွဲနဲ့ စစ်သား 13.11.2022 10:58
ဒီတပတ် ဧရာဝတီရဲ့ "ပြည်သူ့စစ်သား ရင်တွင်းစကား" အစီအစဉ်မှာ မဲမသမာမှု စွပ်စွဲချက်နဲ့ အာဏာသိမ်းခဲ့တဲ့ စစ်တပ်တွင်းက ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးပုံတွေ၊ အောက်ခြေစစ်သားတွေကို ဝါဒမှိုင်းရိုက်ထည့်ထားတာတွေ၊ တပ်တွင်းက မဲမသမာမှုတွေ၊ NLD ကို မဲပေးလို့ အပြစ်ပေးခံရတာတွေ စတဲ့အကြောင်းအရာတွေကို နားဆင်ရမှာ ဖြစ်ပါတယ်။
Saturday Roundtable: ဗုံးခိုကျင်းတွေ နက်နက်တူးထားကြနဲ့ စနေစကားဝိုင်း 12.11.2022 30:06
ဒီတပတ် ဧရာဝတီရဲ့ Saturday Roundtable စနေသတင်းစကားဝိုင်းမှာ စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှု အန္တရာယ်ကို ဘယ်လိုရင်ဆိုင်မလဲ၊ ပဋိပက္ခစစ်ပွဲကြားက ကိုယ်ဝန်ဆောင်အမျိုးသမီးတွေနဲ့ ကလေးငယ်တွေ၊ နိုင်ငံခြားဆန်တင်ပို့မှုကနေ ဘယ်သူတွေ ဘယ်လိုအကျိုးအမြတ်ရနေလဲ စတဲ့အကြောင်းတွေကို တင်ပြဆွေးနွေးထားပါတယ်။
"ပြည်သူ့စစ်သား ရင်တွင်းစကား" စတင်ထုတ်လွှင့်လိုက်ပြီ 06.11.2022 10:50
စီဒီအမ် စစ်သားတွေက တပ်တွင်းမှာ နေခဲ့စဉ် သူတို့ကြုံတွေ့လာရသမျှ မတရားမှု၊ မညီမျှမှု၊ အကျင့်ပျက်ခြစားမှုနဲ့ စစ်ရာဇဝတ်ကျူးလွန်မှုတွေကို ဧရာဝတီကတဆင့် ပြန်ပြောင်းပြောပြကြမယ့် အသံလွှင့်အစီအစဉ်သစ်ကို စတင်ထုတ်လွှင့်လိုက်ပါပြီ။ ဒီတပတ်မှာ စစ်သားတွေ ဘာကြောင့် အရပ်သားတွေကို သွေးအေးအေးနဲ့ ဘာကြောင့် သတ်ဖြတ်နေကြတာလဲဆိုတာ ဆွေးနွေးတင်ပြထားပါတယ်။
Editorial Talk: ‘‘မြန်မာ့အရေး အာဆီယံ ချဉ်းကပ်ပုံပြောင်းလာမလား’’ 05.11.2022 13:33
ဧရာဝတီရဲ့ ဒီတပတ် အယ်ဒီတာ့ စကားဝိုင်း အစီအစဉ်မှာတော့ ‘‘မြန်မာ့အရေး အာဆီယံ ချဉ်းကပ်ပုံပြောင်းလာမလား’’ ဆိုတဲ့ ခေါင်းစဉ်နဲ့ ပတ်သက်ပြီး ဧရာဝတီအယ်ဒီတာချုပ် အောင်ဇော်နဲ့ မြန်မာပိုင်း သတင်းထောက်ချုပ် ကျော်ခ တို့က ဆွေးနွေးထားတာဖြစ်ပါတယ်။
Saturday Roundtable: ခြိမ်းခြောက်ဖမ်းဆီးမှုတွေကြားက ဧရာဝတီ ဘာလဲ ဘယ်လဲ 05.11.2022 33:32
ဒီတပတ် ဧရာဝတီရဲ့ Saturday Roundtable စနေသတင်းစကားဝိုင်းမှာ ငွေကြေးခဝါချမှု စောင့်ကြည့်ရေးအဖွဲ့ရဲ့ နာမည်ပျက်စာရင်းသွင်းအပြီး ခက်ခဲနှောင့်နှေးလာနေတဲ့ မြန်မာပြည်နဲ့ ငွေအလွှဲအပြောင်း၊ စစ်ကောင်စီရဲ့ ဖိနှိပ်ခြိမ်းခြောက်မှုတွေကို ကြံ့ကြံ့ခံပြီး ဥပဒေရပိုင်ခွင့်တွေကို ကာကွယ်နေတဲ့ ရှေ့နေများ၊ စစ်ကောင်စီရဲ့ ခြိမ်းခြောက်ဖမ်းဆီးမှုတွေကြားက ဧရာဝတီ ဘာလဲ ဘယ်လဲဆိုတာ ရှင်းပြထားတဲ့ အယ်ဒီတာချုပ် ကိုအောင်ဇော်နဲ့ အင်တာ...
Editorial Talk: ‘‘အနန့်ပါ ဗုံးကြဲမှုဟာ ပွင့်လင်းရာသီအစရဲ့ စိန်ခေါ်မှုလို့ သုံးသပ်လို့ရပါတယ်’’ 29.10.2022 15:27
ဧရာဝတီရဲ့ ဒီတပတ် အယ်ဒီတာ့ စကားဝိုင်း အစီအစဉ်မှာတော့ ‘‘အနန့်ပါ ဗုံးကြဲတိုက်ခိုက်ခံရမှု ဘယ်လိုတုန့်ပြန်ကြလဲ’’ ဆိုတဲ့ ခေါင်းစဉ်နဲ့ ပတ်သက်ပြီး ဧရာဝတီအယ်ဒီတာချုပ် အောင်ဇော်နဲ့ မြန်မာပိုင်း သတင်းထောက်ချုပ် ကျော်ခ တို့က ဆွေးနွေးထားတာဖြစ်ပါတယ်။
Saturday Roundtable: အနန့်ပါက ရတဲ့ သင်ခဏ်းစာ 29.10.2022 43:12
ဒီတပတ် ဧရာဝတီရဲ့ Saturday Roundtable စနေသတင်းစကားဝိုင်းမှာ အထူးကဏ္ဍအနေနဲ့ အနန့်ပါ ဗုံးကြဲသတ်ဖြတ်ခံရမှုက ရတဲ့ သင်ခဏ်းစာ၊ သီးသန့်အမေးအဖြေ ကဏ္ဍအနေနဲ့ ကယန်းတိုင်းရင်းသူ လက်ဝှေ့ကျော် ဗရော်နီကာ အင်တာဗျူးတို့ကို နားဆင်နိုင်ကြပါတယ်။
Saturday Roundtable: ခေတ်ဟောင်းက ခရိုနီတွေ အရာကျကုန်ပြီနဲ့ စနေစကားဝိုင်း 23.10.2022 42:12
ဒီတပတ် ဧရာဝတီရဲ့ Saturday Roundtable စနေသတင်းစကားဝိုင်းမှာ ဦးသန်းရွှေခေတ်က မွေးဖွားပေးခဲ့တဲ့ စီးပွားရေးလုပ်ငန်းရှင်ကြီးတွေ အခု စစ်အုပ်စုခေတ်မှာ နောက်တန်းရောက်ကုန်ပြီ၊ အာဏာသိမ်းစစ်အုပ်စုရဲ့ လူမဆန်သော စစ်ကြောရေး ငရဲခန်းများ၊ အပြောတွေလျှော့ပြီး အလုပ်လုပ်ကြဖို့ တောင်းဆိုလိုက်တဲ့ ဒေါက်တာတေဇာစန်း အင်တာဗျူးတွေကို နားဆင်နိုင်ကြပါတယ်။
Editorial Talk: ‘‘စစ်တပ်နဲ့ သံယောဇဉ်မဖြတ်နိုင်တဲ့ ခရိုနီတွေ’’ 22.10.2022 20:16
ဧရာဝတီရဲ့ ဒီတပတ် အယ်ဒီတာ့ စကားဝိုင်း အစီအစဉ်မှာတော့ ‘‘စင်္ကာပူဟာ မြန်မာခရိုနီတွေအတွက် နိဗ္ဗာန်လား’’ ဆိုတဲ့ အကြောင်းအရာနဲ့ ပတ်သက်ပြီး ဧရာဝတီအယ်ဒီတာချုပ် အောင်ဇော်နဲ့ မြန်မာပိုင်း သတင်းထောက်ချုပ် ကျော်ခ တို့က ဆွေးနွေးထားတာဖြစ်ပါတယ်။
Saturday Roundtable: တကျော့ပြန် ရခိုင်စစ်ပွဲက လွတ်မြောက်နယ်မြေတခု ယူဆောင်လာနေတယ် 15.10.2022 29:52
ဒီတပတ် ဧရာဝတီရဲ့ Saturday Roundtable စနေသတင်းစကားဝိုင်းမှာ တိုယိုတာ ကားစက်ရုံ စတင်လည်ပတ်တော့ ကားဈေးတွေ ကျလာမလား၊ အထည်ချုပ် အလုပ်သမတွေနဲ့ အမျိုးသမီးအခွင့်အရေး၊ တကျော့ပြန် ရခိုင်စစ်ပွဲက လွတ်မြောက်နယ်မြေတခု ယူဆောင်လာနေတယ် စတဲ့အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။
Editorial Talk: ‘‘အာဆီယံ အဖွဲ့ထဲမှာ မြန်မာဟာ သောင်းကျန်းသူ၊ လူရမ်းကားဖြစ်နေပြီ’’ 15.10.2022 18:12
ဧရာဝတီရဲ့ ဒီတပတ် အယ်ဒီတာ့ စကားဝိုင်း အစီအစဉ်မှာတော့ ‘‘မြန်မာကို အာဆီယံ ဘယ်လိုအရေးယူနိုင်မလဲ’’ ဆိုတဲ့ အကြောင်းအရာနဲ့ ပတ်သက်ပြီး ဧရာဝတီအယ်ဒီတာချုပ် အောင်ဇော်နဲ့ မြန်မာပိုင်း သတင်းထောက်ချုပ် ကျော်ခ တို့က ဆွေးနွေးထားတာဖြစ်ပါတယ်။
Editorial Talk: ‘‘ကြံ့ခိုင်ရေးနဲ့ စကစ ဘယ်ခြေလှမ်း လှမ်းနေလဲ’’ 09.10.2022 16:08
ဧရာဝတီရဲ့ ဒီတပတ် အယ်ဒီတာ့ စကားဝိုင်း အစီအစဉ်မှာတော့ ‘‘ကြံ့ခိုင်ရေးနဲ့ စကစ ဘယ်ခြေလှမ်း လှမ်းနေလဲ’’ ဆိုတဲ့ အကြောင်းအရာနဲ့ ပတ်သက်ပြီး ဧရာဝတီအယ်ဒီတာချုပ် အောင်ဇော်နဲ့ မြန်မာပိုင်း သတင်းထောက်ချုပ် ကျော်ခ တို့က ဆွေးနွေးထားတာဖြစ်ပါတယ်။
Saturday Roundtable: အာဆီယံကနေ မြန်မာနုတ်ထွက်သွားနိုင်သလားနဲ့ စနေစကားဝိုင်း 08.10.2022 27:17
ဒီတပတ် ဧရာဝတီရဲ့ Saturday Roundtable စနေသတင်းစကားဝိုင်းမှာ ရွှေနဲ့ ဒေါ်လာဈေး ဘာကြောင့် အလှုပ်အရမ်းများနေရတာလဲ၊ စစ်ကောင်စီရဲ့ လူမဆန်တဲ့ စစ်ကြောရေးစခန်းများနဲ့ အာဆီယံအသင်းကနေ မြန်မာ ပြန်ထွက်သွားနိုင်လား စတဲ့ အကြောင်းအရာတွေကို တင်ပြဆွေးနွေးထားပါတယ်။
Editorial Talk: ‘‘လူငယ်တွေ တိုင်းပြည် အပြင်ကို ထွက်ကုန်ပြီ ’’ 01.10.2022 16:14
ဧရာဝတီရဲ့ ဒီတပတ် အယ်ဒီတာ့ စကားဝိုင်း အစီအစဉ်မှာတော့ ‘‘လူငယ်တွေ တိုင်းပြည် အပြင်ကို ထွက်ကုန်ပြီ ’’ ဆိုတဲ့ အကြောင်းအရာနဲ့ ပတ်သက်ပြီး ဧရာဝတီအယ်ဒီတာချုပ် အောင်ဇော်နဲ့ မြန်မာပိုင်း သတင်းထောက်ချုပ် ကျော်ခ တို့က ဆွေးနွေးထားတာဖြစ်ပါတယ်။
Saturday Roundtable: ၃၄ နှစ်ပြည့် NLD ပါတီ ဘာလဲ ဘယ်လဲနဲ့ စနေစကားဝိုင်း 01.10.2022 44:01
ဒီတပတ် ဧရာဝတီရဲ့ Saturday Roundtable စနေသတင်းစကားဝိုင်းမှာ ရုရှားရူဘယ်ငွေတွေ ဘယ်လိုသုံးကြမှာလဲ၊ စစ်ကောင်စီရဲ့ စစ်သားစုဆောင်းရေး အကျပ်ရိုက်နေပြီ၊ ၃၄ နှစ်ပြည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လာရာနဲ့ လားရာတွေအပေါ် NLD (လွတ်မြောက်နယ်မြေ) တည်ထောင်သူ ဦးအောင်စောဦးနဲ့ အမေးအဖြေ စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။
Saturday Roundtable: ခေါင်းဆောင်မဟုတ်တဲ့ ခေါင်းရှောင်ကြီး မင်းအောင်လှိုင်နဲ့ စနေစကားဝိုင်း 24.09.2022 35:39
ဒီတပတ် ဧရာဝတီရဲ့ Saturday Roundtable စနေသတင်းစကားဝိုင်းမှာ ခေါင်းဆောင်မဟုတ်တဲ့ ခေါင်းရှောင်ကြီး မင်းအောင်လှိုင်၊ စစ်ကောင်စီ ဗြောင်လိမ်တဲ့ လက်ယက်ကုန်းက ကလေးတွေကို သတ်ဖြတ်မှုနဲ့ အခြေခံလူတန်းစားတွေ ထမင်းမဝတော့ ဆိုတဲ့ အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။
Editorial Talk: ‘‘စာသင်ကျောင်းကို ပစ်တာ လူစိတ်ကင်းမဲ့တဲ့လုပ်ရပ်’’ 24.09.2022 18:37
ဧရာဝတီရဲ့ ဒီတပတ် အယ်ဒီတာ့ စကားဝိုင်း အစီအစဉ်မှာတော့ ‘‘စာသင်ကျောင်းကို ပစ်တာ လူစိတ်ကင်းမဲ့တဲ့လုပ်ရပ်’’ ဆိုတဲ့ ခေါင်းစဉ်နဲ့ ပတ်သက်ပြီး ဧရာဝတီအယ်ဒီတာချုပ် အောင်ဇော်နဲ့ မြန်မာပိုင်း သတင်းထောက်ချုပ် ကျော်ခ တို့က ဆွေးနွေးထားတာဖြစ်ပါတယ်။
Editorial Talk: ‘‘မင်းအောင်လှိုင်က ဦးသန်းရွှေလို ထွက်ပေါက်ရမှာမဟုတ်ဘူး’’ 18.09.2022 14:56
ဧရာဝတီရဲ့ ဒီတပတ် အယ်ဒီတာ့ စကားဝိုင်း အစီအစဉ်မှာတော့ ‘‘စကစ ပေါ်မှာ အာဏာရှင်ဟောင်း ဦးသန်းရွှေ ဩဇာသက်ရောက်နေဆဲလား’’ ဆိုတဲ့ ခေါင်းစဉ်နဲ့ ပတ်သက်ပြီး ဧရာဝတီအယ်ဒီတာချုပ် အောင်ဇော်နဲ့ မြန်မာပိုင်း သတင်းထောက်ချုပ် ကျော်ခ တို့က ဆွေးနွေးထားတာဖြစ်ပါတယ်။
Saturday Roundtable: ငါးထောင်စား လူမိုက်အဖွဲ့သာ ဖြစ်သွားတော့မယ့် ကြံ့ခိုင်ရေးပါတီ 17.09.2022 33:41
ဒီတပတ် ဧရာဝတီရဲ့ Saturday Roundtable စနေသတင်းစကားဝိုင်းမှာ ဦးခင်ရီသာ ဥက္ကဋ္ဌဖြစ်ရင် ကြံ့ခိုင်ရေးပါတီဟာ စွမ်းအားရှင်လူမိုက်အဖွဲ့သာသာလောက် ပြန်ဖြစ်သွားတော့မယ်၊ ဒေသခံ ကာကွယ်ရေးတပ်တွေအပေါ် NUG ဩဇာညောင်းရဲ့လား၊ နိုင်ငံ့စီးပွားကို တည်တည်ငြိမ်ငြိမ်နဲ့ ဖွံ့ဖြိုးတိုးတက်အောင် လုပ်ဆောင်နိုင်ခဲ့သူများ အကြောင်းတွေကို ဆွေးနွေးတင်ပြထားပါတယ်။
Editorial Talk: ‘‘ရုရှား မြန်မာ ဆက်ဆံရေး အပေါင်းလား၊ အနုတ်လား’’ 10.09.2022 17:13
ဧရာဝတီရဲ့ ဒီတပတ် အယ်ဒီတာ့ စကားဝိုင်း အစီအစဉ်မှာတော့ ‘‘ရုရှား-မြန်မာ ဆက်ဆံရေး အပေါင်းလား၊ အနုတ်လား’’ ဆိုတဲ့ ခေါင်းစဉ်နဲ့ ပတ်သက်ပြီး ဧရာဝတီအယ်ဒီတာချုပ် အောင်ဇော်နဲ့ မြန်မာပိုင်း သတင်းထောက်ချုပ် ကျော်ခ တို့က ဆွေးနွေးထားတာဖြစ်ပါတယ်။
Saturday Roundtable: ဗြိတိသျှသံအမတ်ဟောင်း ဗစ်ကီဘိုးမန်း ဘာကြောင့် အဖမ်းခံရတာလဲနဲ့ စနေစကားဝိုင်း 10.09.2022 35:59
ဒီတပတ် ဧရာဝတီရဲ့ Saturday Roundtable စနေသတင်းစကားဝိုင်းမှာ ဗြိတိသျှသံအမတ်ဟောင်း အဖမ်းခံရမှုအပေါ် ဧရာဝတီအယ်ဒီတာချုပ်ရဲ့ သုံးသပ်ချက်၊ ငွေကြေးခဝါချမှုနဲ့ မြန်မာကို နာမည်ပျက်စာရင်းသွင်းခံရတဲ့အခါ၊ စစ်တပ်က ဖန်တီးလာနေတဲ့ ဆိုရှယ်မီဒီယာ ဘာလဲ ဘယ်လဲအကြောင်းတွေကို ဆွေးနွေးတင်ပြထားပါတယ်။
‘Editorial Talk: ‘စစ်ကိုင်းတိုင်းကို စစ်ကောင်စီ ဘာကြောင့် ပစ်မှတ်ထား ဖိနှိပ်နေသလဲ’’ 05.09.2022 18:28
ဧရာဝတီရဲ့ ဒီတပတ် အယ်ဒီတာ့ စကားဝိုင်း အစီအစဉ်မှာတော့ ‘‘စစ်ကိုင်းတိုင်းကို စစ်ကောင်စီ ဘာကြောင့် ပစ်မှတ်ထား ဖိနှိပ်နေသလဲ’’ ဆိုတဲ့ ခေါင်းစဉ်နဲ့ ပတ်သက်ပြီး ဧရာဝတီအယ်ဒီတာချုပ် အောင်ဇော်နဲ့ မြန်မာပိုင်း သတင်းထောက်ချုပ် ကျော်ခ တို့က ဆွေးနွေးထားတာဖြစ်ပါတယ်။
Saturday Roundtable: လူကုန်ကူးမှု အရှုပ်တော်ပုံကြား ရွှေကုက္ကိုလ်နဲ့ စနေစကားဝိုင်း 03.09.2022 29:34
ဒီတပတ် ဧရာဝတီရဲ့ Saturday Roundtable စနေသတင်းစကားဝိုင်းမှာ ကျပ်ငွေတန်ဘိုးကျဆင်းနေမှုကို ဗဟိုဘဏ်ထိန်းနိုင်မလား၊ အထွေထွေအကျပ်အတည်းကြားမှာ စိတ်ကျန်းမာဖို့ အရေးကြီးတယ်နဲ့ အရှေ့တောင်အာရှ လူကုန်ကူးမှု အရှုပ်တော်ပုံကြားက ရွှေကုက္ကိုလ်အကြောင်းတွေကို ဆွေးနွေးတင်ပြထားပါတယ်။
Similar podcasts
Replaio is not a podcast publisher; show names, artwork and audio belong to their authors and are distributed through public RSS feeds.