The Irrawaddy

The Irrawaddy Newscast - Burmese Edition

News EN ↓ 540 episodes

The Irrawaddy Newscast - Burmese Edition သည် ဧရာဝတီ သတင်းဌာန၏ Podcast အသံလွှင့်အစီအစဉ် ဖြစ်ပြီး မြန်မာ့နိုင်ငံရေး စီးပွားရေးနှင့် လူမှုရေးရာ အဖြာဖြာပေါ် သတင်းဝေဖန်သုံးသပ်ချက်၊ တွေ့ဆုံမေးမြန်းခန်း များနှင့် သတင်းဆောင်းပါးများကို နားဆင်နိုင်ပါသည်။

Author

The Irrawaddy

Category

News

Podcast website

burma.irrawaddy.com

Latest episode

Jul 11, 2026

Where to listen?

Podcasts in the app Replaio Radio Coming soon

Podcasts are coming to the app soon. Install now and be the first to see a whole new take on podcasts

Get it on Google Play Install for free Android 5M+ downloads · 4.8 rating iOS soon

Episodes

Editorial Talk: “တပ်မတော်က တည်ဆောက်ခဲ့တာမဟုတ်ဘူး။ ဖျက်ဆီးခဲ့တာ" 25.03.2023

ဧရာဝတီရဲ့ ဒီတပတ် အယ်ဒီတာ့ စကားဝိုင်း အစီအစဉ်မှာတော့  “တပ်မတော်က တည်ဆောက်ခဲ့တာမဟုတ်ဘူး။ ဖျက်ဆီးခဲ့တာ" ဆိုတဲ့ ခေါင်းစဉ်နဲ့  ဧရာဝတီအယ်ဒီတာချုပ် အောင်ဇော်နဲ့ မြန်မာပိုင်း သတင်းထောက်ချုပ် ကျော်ခ တို့က ဆွေးနွေးထားတာဖြစ်ပါတယ်။

Saturday Roundtable: မြန်မာ့တပ်မတော်တဲ့လား၊ လူဆိုးဓားပြဂိုဏ်းပါ 25.03.2023

ဒီတပတ် ဧရာဝတီရဲ့  စနေသတင်းစကားဝိုင်းမှာ စစ်အာဏာသိမ်းအပြီး လူကုန်ကူးမှု အခြေအနေ ဘာလဲ ဘယ်လဲ၊ သဘာဝဓာတ်ငွေ့က စစ်ကောင်စီရတဲ့ ဝင်ငွေ အကျပ်ရိုက်နေပြီနဲ့ မြန်မာ့တပ်မတော်မှသည် လူဆိုးဂိုဏ်းဆီသို့ စတဲ့အကြောင်းအရာတွေ ဆွေးနွေးတင်ပြထားပါတယ်။

ကြောင်တရာကျော်နိုင် ဘယ်သူလဲ 19.03.2023

စစ်ခေါင်းဆောင်တွေဟာ အာဏာအတွက်၊ သူတို့ရဲ့ အကျိုးစီးပွားအတွက် ဗေဒင်ယတြာ၊ အဆောင်လက်ဖွဲ့တွေလို လောကီပညာ အစီအမံတွေကို အားကိုးအားထား ပြုတတ်သလို ဒီလိုပညာရပ်မျိုး တတ်ကျွမ်းသူတွေကိုလည်း ဘုရားတဆူဂူတလုံးလို ကိုးကွယ်ကြတဲ့အကြောင်း၊ စစ်ဗိုလ်ချုပ်တွေရဲ့ လက်စွဲတော် ကြောင်တရာကျော်နိုင်ဆိုတာ ဘယ်သူလဲ စတဲ့အကြောင်းအရာတွေကို ဒီတပတ် "ပြည်သူ့စစ်သား ရင်တွင်းစကား" အစီအစဉ်မှာ နားဆင်ရမှာ ဖြစ်ပါတယ်။

Saturday Roundtable: သတိကြီးကြီးထားရမယ့် တရုတ်အထူးသံရဲ့ ခြေလှမ်းများ 18.03.2023

ဒီတပတ် ဧရာဝတီရဲ့ Saturday Roundtable စနေသတင်းစကားဝိုင်းမှာ ရှမ်းပြည်တောင်ပိုင်း နမ်းနိန်းရွာ အပါအဝင် စစ်တပ်က ကျူးလွန်တဲ့ အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုတွေ၊ ထိခိုက်ကျဆုံးမှုများနေတဲ့ ကရင်နီပြည် စစ်ဆင်ရေးနဲ့ တရုတ်အထူးသံရဲ့ ငြိမ်းချမ်းရေးက စစ်ရာဇဝတ်တွေ ပိုများလာစေမလား စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။

ကျွန်ဝယ်ရာအဆစ်ပါရတဲ့အပြင် အိမ်ထောင်ဦးစီးကိုပါ အချိန်မရွေး ဆုံးရှုံးနိုင်တယ် 12.03.2023

ဒီတပတ်မှာတော့ CDM စစ်သည် ဇနီးတယောက်ရဲ့ တွေ့ကြုံဖြတ်သန်းမှုတွေ၊ စစ်သားတွေ CDM လုပ်ဖို့ ဇနီးသည်တွေရဲ့ အခန်းကဏ္ဍက ဘယ်လောက်ထိ အရေးပါသလဲ၊ စစ်ကျွန်ဘဝက ရုန်းထွက်ဖို့ ဘာကြောင့် တွန့်ဆုတ်နေကြတာလဲ စတဲ့ အကြောင်းအရာတွေကို နားဆင်ရမှာ ဖြစ်ပါတယ်။ 

Saturday Roundtable: NLD မှာ ဒေါ်အောင်ဆန်းစုကြည်ကို ကျော်မရဘူး 11.03.2023

ဒီတပတ် ဧရာဝတီရဲ့ Saturday Roundtable စနေသတင်းစကားဝိုင်း အစီအစဉ်မှာ စစ်ကိုင်းတိုင်း တာတိုင်ကျေးရွာမှာ စစ်တပ်က ကျူးလွန်တဲ့ မုဒိန်းကျင့်သတ်ဖြတ်မှုတွေ၊ တာတိုင်ကျေးရွာ အစုလိုက်အပြုံလိုက်သတ်ဖြတ်မှု ဘယ်သူတွေမှာ တာဝန်ရှိလဲနဲ့ NLD မှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အဆုံးအဖြတ်က အဓိကကျနေဆဲ စတဲ့အကြောင်းတွေကို ဆွေးနွေးတင်ပြထားပါတယ်။

နွေဦးတော်လှန်ရေးထဲက CDM စစ်သားနဲ့ ဖရဲသီးတွေ 05.03.2023

ဒီတပတ် "ပြည်သူ့စစ်သား ရင်တွင်းစကား" အစီအစဉ်မှာ အာဏာသိမ်း ၂ နှစ်တာကာလအတွင်း ဘက်ကူးပြောင်းလာတဲ့ CDM စစ်သားတွေ ဘယ်လောက် ရှိနေပြီလဲ၊ နွေဦးတော်လှန်ရေးမှာရော ဘယ်လို အခန်းကဏ္ဍကနေ ပါဝင်နေကြလဲ၊ တော်လှန်ရေးအတွက် အရေးပါတဲ့ တပ်တွင်းအမာခံတွေလို့ ဆိုနိုင်တဲ့ ဖရဲသီးတွေရဲ့အကြောင်း စတာတွေကို နားဆင်ရမှာ ဖြစ်ပါတယ်။

Editorial Talk: "အာဏာသိမ်းခဲ့တဲ့ အချိန်ကစပြီး ဒီနေ့ထိ တိုင်းပြည်က ချောက်ထဲကျခဲ့တာ" 04.03.2023

ဧရာဝတီရဲ့ ဒီတပတ် အယ်ဒီတာ့ စကားဝိုင်း အစီအစဉ်မှာတော့ "Standard Army လား၊ အကြမ်းဖက်အာမီလား" ဆိုတဲ့ ခေါင်းစဉ်နဲ့  ဧရာဝတီအယ်ဒီတာချုပ် အောင်ဇော်နဲ့ မြန်မာပိုင်း သတင်းထောက်ချုပ် ကျော်ခ တို့က ဆွေးနွေးထားတာဖြစ်ပါတယ်။

Saturday Roudtable: တရုတ်ရာဇဝတ်ဂိုဏ်းတွေကို KNU လည်း လက်ခံထားတယ် 04.03.2023

ဒီတပတ် ဧရာဝတီရဲ့ Saturday Roudtable စနေသတင်းစကားဝိုင်းမှာ မန္တလေးအိုးဘိုထောင်ထဲက အမျိုးသမီးနိုင်ငံရေးအကျဉ်းသားတွေ နှိပ်စက်ခံနေရ၊ စစ်ကောင်စီလက်ထက် ဖွတ်ကျောပြာစု လာနေကြတဲ့ တောင်သူလယ်သမားတွေနဲ့ တရုတ်ရာဇဝတ်ဂိုဏ်းတွေကို KNU လည်း လက်ခံထားတယ် စတဲ့အကြောင်းတွေကို သုံးသပ်တင်ပြထားပါတယ်။

Episode 03: The Irrawaddy Newscast 26.02.2023

In this week's episode of The Irrawaddy Newscast we hear about the new honeymoon between Russia and Myanmar's military. We also speak with journalist Oliver Slow about his new book 'Return of the Junta.' And at a study center in Thailand, Burmese students learn English — and about their fellow countrymen.

စစ်ကောင်စီ ထောက်ခံသူတိုင်း လက်နက်ကိုင်နိုင်ပြီ 26.02.2023

ဒီတပတ် “ပြည်သူ့စစ်သား ရင်တွင်းစကား” အစီအစဉ်မှာတော့ အရပ်သားလက်နက်ကိုင်ဆောင်ခွင့်မူကို စစ်ကောင်စီက ဘာရည်ရွယ်ချက်နဲ့ အတည်ပြုလိုက်တာလဲ၊ လက်နက်ကိုင်ဆောင်ခွင့်ရတဲ့သူတွေကို အာဏာသိမ်း စစ်တပ်က ဘယ်လို အသုံးချလာနိုင်သလဲ၊ တော်လှန်ရေးအင်အားစုတွေအပေါ်မှာရော ဘယ်လို သက်ရောက်မှုတွေ ရှိလာနိုင်မလဲ စတဲ့ အကြောင်းအရာတွေကို နားဆင်ရမှာ ဖြစ်ပါတယ်။

Saturday Roundtable: တရုတ်က ဒုက္ခသည်တွေကို ကူညီမတဲ့လား 25.02.2023

ဒီတပတ် ဧရာဝတီရဲ့  saturday Roundtable စနေသတင်းစကားဝိုင်းမှာ အန္တရာယ်ကြားက ကလေးသူငယ်များ၊ NUG ရဲ့ အခွန်မူဝါဒ ဘာလဲ ဘယ်လဲနဲ့ မြန်မာနိုင်ငံဆိုင်ရာ တရုတ်အထူးကိုယ်စားလှယ်ရဲ့ ခြေလှမ်းသစ် စတဲ့အကြောင်းတွေ ဆွေးနွေးသုံးသပ်ထားပါတယ်။

လေယာဉ်ဆီခိုးပြီး ဘယ်လို ခွဲဝေယူကြသလဲ 19.02.2023

ဒီတပတ် “ပြည်သူ့စစ်သား ရင်တွင်းစကား” အစီအစဉ်မှာတော့ လေယာဉ်ဆီ ခိုးထုတ်လို့ရလာတဲ့ အကျိုးအမြတ်တွေကို လေတပ်အရာရှိမှသည် အောက်ခြေစစ်သားတွေထိ ဘယ်လို ခွဲဝေယူကြသလဲ၊ လေယာဉ်ဆီကို ပလပ်စတစ်နဲ့ ခိုးရာကနေ ပုံးလိုက်၊ ဘောက်ဆာကားလိုက်ထိ အဆင့်မြင့်လာပုံ၊ လေယာဉ်ဆီအများဆုံး ခိုးရောင်းတဲ့လေတပ်က ဘယ်လေတပ် ဖြစ်မလဲ စတဲ့ အကြောင်းအရာတွေကို နားဆင်ရမှာ ဖြစ်ပါတယ်။

Editorial Talk: "ဘယ်ပန်းတိုင်ကို ချီကြမလဲ" 18.02.2023

ဧရာဝတီရဲ့ ဒီတပတ် အယ်ဒီတာ့ စကားဝိုင်း အစီအစဉ်မှာတော့ "ဘယ်ပန်းတိုင်ကို ချီကြမလဲ" ဆိုတဲ့ ခေါင်းစဉ်နဲ့  ဧရာဝတီအယ်ဒီတာချုပ် အောင်ဇော်နဲ့ မြန်မာပိုင်း သတင်းထောက်ချုပ် ကျော်ခ တို့က ဆွေးနွေးထားတာဖြစ်ပါတယ်။

Episode 02: The Irrawaddy Newscast 18.02.2023

In this week's episode, we hear from a representative of the National Unity Government about revolutionary investing. We also speak to Joshua Kurlantzick of the Council on Foreign Relations about ASEAN's disappointing response to war in the region. Also listen why leaders in Kayah State are not waiting for the end of the war to try local governance.

Saturday Roundtable: "ပါရာစီတမောက ခက်ဦးမယ်၊ မူးယစ်ဆေးဝါးက လိုသလောက် ရမယ်" 18.02.2023

ဒီတပတ် ဧရာဝတီရဲ့ Saturday Roundtable စနေသတင်းစကားဝိုင်းမှာ ထိုင်းရောက်မြန်မာတွေ တရားဝင်နေထိုင်ရေး စရိတ်ကြီးမြင့်လာနေပြီ၊ စိတ်ကြွမူးယစ်ဆေးတွေ တရားဝင်အလား ရောင်းချနေကြတဲ့ ရန်ကုန်က နိုက်ကလပ်တွေနဲ့ ကြံ့ဖွတ် တပါတီတည်း ကြီးစိုးရေး စစ်ကောင်စီရဲ့ ကလိမ်ကကျစ် အကြံ စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။

လေတပ်က လေယာဉ်ဆီ ဘယ်လိုခိုးသလဲ 12.02.2023

ဒီတပတ် “ပြည်သူ့စစ်သား ရင်တွင်းစကား” အစီအစဉ်မှာ လေတပ်အတွင်းက လေတပ်သားတွေရဲ့ လေယာဉ်ဆီ ခိုးရောင်းချပုံတွေ၊ မှောင်ခိုဝယ်တဲ့ အရပ်ဘက်စီးပွားရေးသမားတွေက လေယာဉ်ဆီကို ဘယ်လို နည်းလမ်းမျိုးတွေနဲ့ ပြန်အသုံးချကြလဲ စတဲ့ အကြောင်းအရာတွေကို နားဆင်ရမှာ ဖြစ်ပါတယ်။

Editorial Talk: "စစ်ကောင်စီကိုယ်တိုင်က နိုင်ငံရေးထွက်ပေါက်ပိတ်နေပြီ" 11.02.2023

ဧရာဝတီရဲ့ ဒီတပတ် အယ်ဒီတာ့ စကားဝိုင်း အစီအစဉ်မှာတော့ "စစ်အုပ်ချုပ်ရေးသက်တမ်းတိုးတာ အာဏာမထိမ်းနိုင်ဘူးဆိုတာ ဝန်ခံလိုက်တာ" ဆိုတဲ့ ခေါင်းစဉ်နဲ့  ဧရာဝတီအယ်ဒီတာချုပ် အောင်ဇော်နဲ့ မြန်မာပိုင်း သတင်းထောက်ချုပ် ကျော်ခ တို့က ဆွေးနွေးထားတာဖြစ်ပါတယ်။

Episode 01: The Irrawaddy Newscast in English 11.02.2023

In our first episode, we hear from U.S. Department of State Counselor Derek Chollet about how his country is countering Myanmar’s military. We speak to Irrawaddy editor Aung Zaw about what's surprised him most since the coup. And we share voices from some Burmese building a community while abroad.

Saturday Roundtable : လျှပ်စစ်ကားတွေ မြန်မာပြည်မှာ ဘယ်လောက်ခံမလဲ 11.02.2023

ဒီတပတ် ဧရာဝတီရဲ့ Saturday Roundtable စနေသတင်းစကားဝိုင်းမှာ  ဒစ်ဂျစ်တယ် အာဏာသိမ်းမှုဆိုတာ ဘာလဲ၊ လျှပ်စစ်ကားတွေ မြန်မာပြည်မှာ အလုပ်ဖြစ်မလားနဲ့ အာဆီယံ ဥက္ကဋ္ဌ အင်ဒိုနီးရှားက မြန်မာ့အရေး ဘယ်လိုကိုင်တွယ်မလဲ စတဲ့အကြောင်းတွေကို ဆွေးနွေးတင်ပြထားပါတယ်။

နိုင်မယ်ဆိုတဲ့ ယုံကြည်ချက် တခုတည်းနဲ့ လျှောက်လှမ်းနေတယ် 05.02.2023

နွေဦးတော်လှန်ရေး မပြီးမချင်း တဖက်တလမ်းကနေ ဆက်လက် ပါဝင်သွားမယ်ဆိုတဲ့ CDM စစ်သားတွေရဲ့ ပြတ်သားတဲ့ ခံယူချက်၊ အာဏာသိမ်းမှု ၂ နှစ်အတွင်း တော်လှန်ရေးအင်အားစုတွေရဲ့ စစ်ရေး၊ နိုင်ငံရေး တိုးတက်ပြောင်းလဲမှု၊ အင်အားချည့်နဲ့လာနေတဲ့ စစ်တပ် စတဲ့ အကြောင်းအရာတွေကို ဒီတပတ် "ပြည်သူ့စစ်သား ရင်တွင်းစကား" အစီအစဉ်မှာ နားဆင်ရမှာ ဖြစ်ပါတယ်။

Saturday Roundtable: စစ်ခေါင်းဆောင် မင်းအောင်လှိုင် လမ်းပျောက်သွားပြီ 04.02.2023

ဒီတပတ် ဧရာဝတီရဲ့ Saturday Roundtable စနေသတင်းစကားဝိုင်းမှာ နိုင်ငံတဝန်း စုပေါင်းဆင်နွှဲ အသံတိတ်သပိတ်တိုက်ပွဲ၊ စစ်အာဏာသိမ်း ၂ နှစ် စီးပွားရေးအကျပ်အတည်းကြားက ပြည်သူတွေနဲ့ စစ်ခေါင်းဆောင် မင်းအောင်လှိုင် လမ်းပျောက်သွားပြီ စတဲ့အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။

Editorial Talk: "စစ်တပ်က အာဏာသိမ်းတာ ကျရှုံးနေတယ်ဆိုတာကို ကျနော်တို့ အခုမြင်နေရတာ" 29.01.2023

ဧရာဝတီရဲ့ ဒီတပတ် အယ်ဒီတာ့ စကားဝိုင်း အစီအစဉ်မှာတော့ "စစ်တပ်က အာဏာသိမ်းတာ ခုထိ မအောင်မြင်သေးဘူး" ဆိုတဲ့ ခေါင်းစဉ်နဲ့  ဧရာဝတီအယ်ဒီတာချုပ် အောင်ဇော်နဲ့ မြန်မာပိုင်း သတင်းထောက်ချုပ် ကျော်ခ တို့က ဆွေးနွေးထားတာဖြစ်ပါတယ်။

ပြည်သူကို ပြည်သူလို့ မမြင်သရွေ့ ဆက်လက်ပြီး ကျရှုံးနေဦးမှာပဲ 29.01.2023

ဒီတပတ် “ပြည်သူ့စစ်သား ရင်တွင်းစကား” အစီအစဉ်မှာတော့ ၂ နှစ်အတွင်း တော်လှန်ရေးအင်အားစုတွေရဲ့ စစ်ရေး၊ နိုင်ငံရေး တိုးတက်မှု၊ အာဏာသိမ်း စစ်ကောင်စီရဲ့ ကျရှုံးမှု အခြေအနေ၊ ၂၀၂၃ နွေဦးတော်လှန်ရေးအပေါ် မျှော်လင့်ချက် စတဲ့ စစ်အာဏာသိမ်းမှု ၂ နှစ်ပြည့် CDM စစ်သားတွေရဲ့ စကားသံတွေကို နားဆင်ရမှာ ဖြစ်ပါတယ်။  

Saturday Roundtable: စစ်အာဏာသိမ်းဆန့်ကျင်ရေးလှုပ်ရှားမှု ဘယ်ခရီးရောက်ပြီလဲ 28.01.2023

ဒီတပတ် ဧရာဝတီရဲ့ Saturday Roundtable စနေသတင်းစကားဝိုင်းမှာ စစ်အာဏာသိမ်းဆန့်ကျင်ရေးလှုပ်ရှားမှုကို မောင်းနှင်နေတဲ့ ဂျန်ဇီတွေ၊ စစ်အာဏာသိမ်းအပြီး ခရိုနီဝါဒ ခေါင်းပြန်ထောင်နေပြီနဲ့ စစ်အာဏာသိမ်းဆန့်ကျင်ရေး ၂ နှစ်အတွင်း နွေဦးတော်လှန်ရေး ဘယ်ရောက်ပြီလဲ စတဲ့အကြောင်းတွေကို ဆွေးနွေးတင်ပြထားပါတယ်။

Listen to the The Irrawaddy Newscast - Burmese Edition podcast in Replaio

Radio and podcasts in one app - free, with no sign-up. Install today and do not miss the launch

Get it on Google Play

Replaio is not a podcast publisher; show names, artwork and audio belong to their authors and are distributed through public RSS feeds.