The Irrawaddy
The Irrawaddy Newscast - Burmese Edition
The Irrawaddy Newscast - Burmese Edition သည် ဧရာဝတီ သတင်းဌာန၏ Podcast အသံလွှင့်အစီအစဉ် ဖြစ်ပြီး မြန်မာ့နိုင်ငံရေး စီးပွားရေးနှင့် လူမှုရေးရာ အဖြာဖြာပေါ် သတင်းဝေဖန်သုံးသပ်ချက်၊ တွေ့ဆုံမေးမြန်းခန်း များနှင့် သတင်းဆောင်းပါးများကို နားဆင်နိုင်ပါသည်။
Be sure to visit the podcast's website and support the creator: burma.irrawaddy.com
Where to listen?
Podcasts in the app Replaio Radio Coming soonPodcasts are coming to the app soon. Install now and be the first to see a whole new take on podcasts
Episodes
ရွှေကုက္ကိုလ်နဲ့ တရုတ်မြို့သစ်တွေ ထိုင်းက မီးဖြတ်တဲ့အခါ 03.06.2023 31:02
ဒီတပတ် ဧရာဝတီရဲ့ စနေသတင်းစကားဝိုင်းမှာ တဒေါ်လာ ၃၀၀၀ ကျပ်ဖြစ်လာရခြင်းနောက်ကွယ်၊ လိုင်ဇာမှာ အဖမ်းခံထားရတဲ့ CDM ဗိုလ်ကြီး ဆိုင်ဂုံနဲ့ သူ့ရဲဘော်တွေ၊ အဆိုတော်ဗျူဟာနဲ့ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်၊ ရွှေကုက္ကိုလ်နဲ့ တရုတ်မြို့သစ်တွေ ထိုင်းက မီးဖြတ်ပြီ စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။
ကိုယ့်ခင်ပွန်းအလောင်းမြင်မှ နောင်တမရကြပါနဲ့ 28.05.2023 21:18
CDM ဗိုလ်မှူး ညွန့်နိုင်ရဲ့ ဇနီးဖြစ်သူ မသူဇာပြောပြတဲ့ တပ်တွင်းက ကြီးနိုင်ငယ်ညှဉ်းဖိနှိပ်မှုတွေ၊ CDM လုပ်ခဲ့တဲ့ အတွေ့အကြုံတွေနဲ့ လက်ရှိဘဝဖြတ်သန်းမှု အခြေအနေတွေကို ဒီတပတ်ရဲ့ “ပြည်သူ့စစ်သား ရင်တွင်းစကား” အစီအစဉ်မှာ နားဆင်နိုင်ပါပြီ။
စိန်ခေါ်မှု တပုံတပင်က KNU ခေါင်းဆောင်သစ်တွေကို စောင့်နေတယ် 27.05.2023 25:42
ဒီတပတ် ဧရာဝတီရဲ့ Saturday Roundtable စနေသတင်းစကားဝိုင်းမှာ မိုခါမုန်တိုင်းဒဏ်သင့် ချင်းပြည်နယ်မှာ ဘာဖြစ်နေသလဲ၊ မုန်တိုင်းဘေး ကူညီကယ်ဆယ်သူတွေကို စစ်ကောင်စီက ခြိမ်းခြောက်တားဆီးနေလားနဲ့ စိန်ခေါ်မှု တပုံတပင်က KNU ခေါင်းဆောင်သစ်တွေကို စောင့်နေတယ် စတဲ့ အကြောင်းအရာတွေကို တင်ပြဆွေးနွေးထားပါတယ်။
မိုခါကို ထိခိုက်မှု အနည်းဆုံးနဲ့ ကျော်လွှားနိုင်ခဲ့တာ မင်းအောင်လှိုင် စစ်တပ်ကြောင့် မဟုတ်ဘူး 21.05.2023 18:23
နာဂစ်ဆိုင်ကလုန်းမုန်တိုင်းတုန်းက ပြည်သူလူထုအပေါ် စေတနာမထားတဲ့ စစ်တပ်ရဲ့လုပ်ရပ်တွေ၊ ပြည်ပကလှူတဲ့ လူသားချင်းစာနာထောက်ထားမှု အကူအညီတွေအပေါ် ခေါင်းပုံဖြတ် အမြတ်ထုတ်မှုတွေ၊ မိုခါ ဆိုင်ကလုန်းမုန်တိုင်းမှာရော စစ်တပ်က နာမည်ကောင်းဝင်ယူရုံလုပ်နေတာလား စတဲ့ အကြောင်းအရာတွေကို ဒီတပတ်ရဲ့ “ပြည်သူ့စစ်သား ရင်တွင်းစကား” အစီအစဉ်မှာ ဝင်ရောက်နားဆင်နိုင်ပါပြီ။
Editorial Talk: "Move Forward Party အစိုးရဖွဲ့နိုင်မလား" 20.05.2023 13:38
ဧရာဝတီရဲ့ ဒီတပတ် အယ်ဒီတာ့ စကားဝိုင်း အစီအစဉ်မှာတော့ "Move Forward Party အစိုးရဖွဲ့နိုင်မလား" ဆိုတဲ့ ခေါင်းစဉ်နဲ့ ဧရာဝတီအယ်ဒီတာချုပ် အောင်ဇော်နဲ့ မြန်မာပိုင်း သတင်းထောက်ချုပ် ကျော်ခ တို့က ဆွေးနွေးထားတာ ဖြစ်ပါတယ်။
"ကံဆိုးမသွားရာ မိုးလိုက်ရွာ"ခဲ့တဲ့ မိုခါမုန်တိုင်း နောက်ဆက်တွဲ 20.05.2023 28:11
ဒီတပတ် ဧရာဝတီရဲ့ စနေသတင်းစကားဝိုင်းမှာ မေလ ၁၄ ရက်နေ့က ရခိုင်ပြည်နယ် စစ်တွေအနီးကို ဗဟိုပြုတိုက်ခတ်ခဲ့တဲ့ ဆိုင်ကလုန်းမိုခါရဲ့ နောက်ဆက်တွဲ အသေအပျောက် အပျက်အဆီးနဲ့ လူသားချင်းစာနာမှု အကူအညီတွေအကြောင်း အထူးအစီအစဉ်အနေနဲ့ ဆွေးနွေးတင်ပြထားပါတယ်။
Editorial Talk: "မြန်မာစစ်ဗိုလ်ချုပ်တွေလို ထိုင်းက ချောက်ထဲခုန်ချမှာမဟုတ်ဘူး" 14.05.2023 17:42
ဧရာဝတီရဲ့ ဒီတပတ် အယ်ဒီတာ့ စကားဝိုင်း အစီအစဉ်မှာတော့ "မြန်မာ့အပြောင်းအလဲအတွက် အရေးပါတဲ့ ထိုင်းရွေးကောက်ပွဲ" ဆိုတဲ့ ခေါင်းစဉ်နဲ့ ဧရာဝတီအယ်ဒီတာချုပ် အောင်ဇော်နဲ့ မြန်မာပိုင်း သတင်းထောက်ချုပ် ကျော်ခ တို့က ဆွေးနွေးထားတာဖြစ်ပါတယ်။
မင်းအောင်လှိုင် ရွေးစရာ မရှိတော့ဘူး 14.05.2023 18:00
တရုတ်နိုင်ငံခြားရေးဝန်ကြီးနဲ့ စစ်အာဏာရှင်ဟောင်း ဦးသန်းရွှေတို့ တွေ့ဆုံခဲ့မှုဟာ ရမ်းချင်တိုင်းရမ်းနေတဲ့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို ထိန်းကြောင်းနိုင်ဖို့ ဖိအားပေးမှုတခုလား၊ တရုတ်ရဲ့ ခပ်စိတ်စိတ်ဖြစ်လာနေတဲ့ ခြေလှမ်းတွေက ဘယ်ကိုဦးတည်နေလဲ၊ တော်လှန်ရေးခေါင်းဆောင်တွေဘက်ကရော ဘာတွေပြင်ဆင်ထားသင့်လဲ စသဖြင့် မစ္စတာချင်ကန်းရဲ့ ခရီးစဉ်နဲ့ပတ်သက်လို့ CDM ဗိုလ်ကြီးတဦးရဲ့ အမြင်သုံးသပ်ချက်တွေကို အခုတပတ်ရဲ့ “ပြ...
စစ်ကောင်စီလက်ထက် သဘာဝဘေးက ပိုအန္တရာယ်များတယ် 13.05.2023 26:14
ဒီတပတ် ဧရာဝတီရဲ့ စနေသတင်းစကားဝိုင်းမှာ ကျဆုံးစစ်သားတွေရဲ့ အသက်အာမခံကြေးတွေ ခေါင်းပုံဖြတ် အမြတ်ထုတ်ခံနေရတယ်၊ စစ်ကောင်စီလက်ထက် သဘာဝဘေးက ပိုအန္တရာယ်များတယ်နဲ့ ဘယ်အချိန်မှာ စစ်တပ်က ဆွေးနွေးဝိုင်း စကား စပြောမလဲ စတဲ့အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။
မဟုတ်တာလုပ်ကြတာချင်း အတူတူ တမူး ပိုရှူချင်နေတဲ့ စစ်သားတွေ 07.05.2023 20:00
ဗန်းမော်-လွယ်ဂျယ်လမ်းပိုင်းက ယောယုံစခန်းမှာ တာဝန်ထမ်းဆောင်ခဲ့စဉ် CDM ဗိုလ်ကြီးတဦး ကြုံတွေ့ခဲ့ရတဲ့ နွားမှောင်ခို၊ သစ်မှောင်ခိုသမားတွေအကြောင်း၊ ဂိတ်တွေမှာ စစ်တပ်၊ ရဲနဲ့ ဌာနဆိုင်ရာတွေရဲ့ ပါဝင်ပတ်သက်နေပုံတွေ၊ မှောင်ခိုသမားတွေအပေါ် စစ်သားတွေရဲ့ ခြိမ်းခြောက်ငွေညှစ်မှုတွေ စတဲ့ အကြောင်းအရာတွေကို ဒီတပတ်ရဲ့ “ပြည်သူ့စစ်သား ရင်တွင်းစကား” အစီအစဉ်မှာ နားဆင်နိုင်ပါပြီ။
Editorial Talk: "တရုတ်က စစ်ရာဇဝတ်ကောင်တွေဘက်က ရပ်မယ်ဆိုရင် မြန်မာပြည်သူတွေက လက်ခံမှာမဟုတ်ဘူး" 06.05.2023 27:25
ဧရာဝတီရဲ့ ဒီတပတ် အယ်ဒီတာ့စကားဝိုင်း အစီအစဉ်မှာတော့ "တရုတ်က ဦးသန်းရွှေကို ပွဲထုတ်နေသလား" ဆိုတဲ့ ခေါင်းစဉ်နဲ့ ဧရာဝတီရဲ့ အယ်ဒီတာချုပ် အောင်ဇော်နဲ့ မြန်မာပိုင်း သတင်းထောက်ချုပ် ကျော်ခ တို့က ဆွေးနွေးထားပါတယ်။
မင်းအောင်လှိုင် အနာဂတ် ဘာဖြစ်မလဲ 06.05.2023 25:46
ဒီတပတ် ဧရာဝတီရဲ့ Saturday Roundtable စနေသတင်းစကားဝိုင်းမှာ အသက်အန္တရာယ်ကြားမှာ စွန့်စားပြီး အလုပ်ဆက်လုပ်နေကြဆဲ သတင်းသမားတွေ၊ နိုင်ငံခြားအရံငွေ နည်းလာပေမယ့် စစ်ကောင်စီက စစ်အသုံးစရိတ် ကြမ်းနေတယ်နဲ့ တရုတ်စကား နားမထောင်ရင် မင်းအောင်လှိုင် ဘာဖြစ်မလဲ စတဲ့အကြောင်းအရာတွေကို တင်ပြဆွေးနွေးထားပါတယ်။
Editorial Talk: "မစ္စတာ ဘန်ကီမွန်းခရီးစဉ်မှာ အောင်မြင်မှု လမ်းစ မတွေ့ဘူး" 30.04.2023 19:09
ဧရာဝတီရဲ့ ဒီတပတ် အယ်ဒီတာ့ စကားဝိုင်း အစီအစဉ်မှာတော့ "မစ္စတာ ဘန်ကီမွန်းခရီးစဉ်မှာ အောင်မြင်မှု လမ်းစ မတွေ့ဘူး"ဆိုတဲ့ ခေါင်းစဉ်နဲ့ ဧရာဝတီအယ်ဒီတာချုပ် အောင်ဇော်နဲ့ မြန်မာပိုင်း သတင်းထောက်ချုပ် ကျော်ခ တို့က ဆွေးနွေးထားတာဖြစ်ပါတယ်။
တပ်ထဲမှာပဲ တသက်လုံးကျွန်ခံနေတော့မှာလား 30.04.2023 17:03
ပြည်သူ့ဘက်ကူးပြောင်းလာတဲ့ စစ်သားတဦးရဲ့ဇနီး ပြောပြတဲ့ အာဏာသိမ်းဖြစ်စဉ် အတွေ့အကြုံ၊ CDM လုပ်ဖို့ ဘာကြောင့် ကြန့်ကြာနေခဲ့ရလဲ၊ ဘက်ကူးပြောင်းလာပြီးနောက်ပိုင်း မိသားစုဘဝကို ဘယ်လိုရှင်သန်ရပ်တည်နေလဲ စတဲ့ အကြောင်းအရာတွေကို ဒီတပတ်ရဲ့ “ပြည်သူ့စစ်သား ရင်တွင်းစကား” အစီအစဉ်မှာ နားဆင်နိုင်ပါပြီ။
စစ်ကောင်စီဟာ သံတမန်ရေးမှာ ဗြဟ္မာကြီးဦးခေါင်း ဖြစ်လာနေပြီ 29.04.2023 28:48
ဒီတပတ် ဧရာဝတီရဲ့ Saturday Roundtable စနေသတင်းစကားဝိုင်းမှာ စစ်ကောင်စီကို ခြိမ်းခြောက်လာတဲ့ မန္တလေး ပီဒီအက်ဖ်၊ ပညာရေးနဲ့ ကျန်းမာရေးကို စစ်ကောင်စီ ပစ်မှတ် ပိုထားလာတယ်နဲ့ စစ်ကောင်စီဟာ သံတမန်ရေးမှာ ဗြဟ္မာကြီးဦးခေါင်း ဖြစ်လာနေပြီ စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။
Editorial Talk: "တိုက်ပွဲတွေ ပြင်းထန်လာဦးမယ့်နှစ်" 23.04.2023 16:22
ဧရာဝတီရဲ့ ဒီတပတ် အယ်ဒီတာ့ စကားဝိုင်း အစီအစဉ်မှာတော့ "တိုက်ပွဲတွေ ပြင်းထန်လာဦးမယ့်နှစ်" ဆိုတဲ့ ခေါင်းစဉ်နဲ့ ဧရာဝတီအယ်ဒီတာချုပ် အောင်ဇော်နဲ့ မြန်မာပိုင်း သတင်းထောက်ချုပ် ကျော်ခ တို့က ဆွေးနွေးထားတာဖြစ်ပါတယ်။
တပ်တွင်းစည်းလုံးညီညွတ်မှု မပျက်ပြားရေး နည်းမျိုးစုံ ထုတ်သုံးနေရ 23.04.2023 17:14
ပျက်ယွင်းလာနေတဲ့ တပ်တွင်းစည်းလုံးညီညွတ်ရေးကို စစ်ခေါင်းဆောင်တွေ ဘယ်လိုထိန်းနေရလဲ၊ တပ်ထဲမှာ အသုံးပြုခိုင်းနေတဲ့ "စွန့်လွှတ်စွန့်စားပြည်ချစ်သား" ဆိုတဲ့ အက်ပလီကေးရှင်းဆိုတာဘာလဲ၊ စစ်တပ်ရဲ့ စိတ်ဓာတ်စစ်ဆင်ရေးဗျူဟာ စတဲ့ အကြောင်းအရာတွေကို ဒီတပတ်ရဲ့“ပြည်သူ့စစ်သားရင်တွင်းစကား” အစီအစဉ်မှာ နားဆင်နိုင်ပါပြီ။
ပဇီကြီး လူသတ်ပွဲကို ဖုံးဖိဖျောက်ဖျက်လို့ မရ 22.04.2023 28:42
ဒီတပတ် ဧရာဝတီရဲ့ Saturday Roundtable စနေသတင်းစကားဝိုင်းမှာ အခြေအနေ ပိုဆိုးလာနေတဲ့ လျှပ်စစ်မီး၊ စစ်မြေပြင်ကို အပြောင်းအလဲ ဖြစ်စေတဲ့ ဒရုန်းတွေနဲ့ ပဇီကြီး အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုကို စစ်ကောင်စီ ဖုံးဖိဖျောက်ဖျက်ဖို့ ကြိုးစားနေတယ် စတဲ့အကြောင်းတွေကို ဆွေးနွေးတင်ပြထားပါတယ်။
Editorial Talk: သင်္ကြန်ကာလမှာ နိုင်ငံရေး အရောင်အသွေးတွေ ပိုပြီးကြွလာတာတွေ့ရတယ် 12.04.2023 19:06
ဧရာဝတီရဲ့ ဒီတပတ် အယ်ဒီတာ့ စကားဝိုင်း အစီအစဉ်မှာတော့ "မြန်မာ့ရိုးရာအတာသင်္ကြန် ခြောက်သွေ့သွားမလား" ဆိုတဲ့ ခေါင်းစဉ်နဲ့ ဧရာဝတီ အယ်ဒီတာချုပ် အောင်ဇော်နဲ့ မြန်မာပိုင်း သတင်းထောက်ချုပ် ကျော်ခ တို့က ဆွေးနွေးထားပါတယ်။
စစ်ခေါင်းဆောင်ရဲ့လူစားလဲဗျူဟာ တကယ်အလုပ်ဖြစ်မလား 09.04.2023 19:55
ကရင်ဘက်ကတိုက်ပွဲတွေမှာ အလဲလဲအကွဲကွဲကြုံနေရတဲ့ အာဏာသိမ်းစစ်တပ်၊ 'မင်းမလုပ်နိုင်ရင်ဖယ် တခြားလုပ်နိုင်မယ့်ကောင်နဲ့ အစားထိုးမယ်' ဆိုတဲ့ စစ်ခေါင်းဆောင်ရဲ့ဗျူဟာ တကယ်ပဲအလုပ်ဖြစ်မလား၊ မတရားသဖြင့် အမိန့်ပေးစေခိုင်းမှုတွေကြောင့် ခပ်စိတ်စိတ်ဖြစ်လာနေတဲ့ တပ်တွင်းက အာဏာဖီဆန်မှု၊ အမိန့်မနာခံမှုအခြေအနေတွေ စတဲ့အကြောင်းအရာတွေကို ဒီတပတ်ရဲ့ "ပြည်သူ့စစ်သားရင်တွင်းစကား" အစီအစဉ်မှာ နားဆင်နိုင်ပါပြီ။
တိတ်တိတ်လေးပဲ ပျော်ရတဲ့ သင်္ကြန် 08.04.2023 36:57
ဒီတပတ် ဧရာဝတီရဲ့ Saturday Roundtable စနေစကားဝိုင်းကို အတာသင်္ကြန် အထူးအစီအစဉ်အဖြစ် ပျော်စရာကင်းမဲ့သွားတဲ့ သင်္ကြန်၊ ရခိုင်နဲ့ မွန် တိုင်းရင်းသားတွေရဲ့ သင်္ကြန်၊ စစ်တပ်က ကြောက်တဲ့ သင်္ကြန်သံချပ်တွေအကြောင်း တင်ပြဆွေးနွေးထားပါတယ်။
သစ်မှောင်ခိုသမားတွေနဲ့ စစ်တပ်ဂိတ်တွေ ဘယ်လိုပေါင်းစားနေကြလဲ 02.04.2023 18:29
တန်ဖိုးကြီးသစ်မျိုးစုံကို ဆယ်ဘီး၊ ဆယ့်နှစ်ဘီးလိုကားကြီးတွေကစလို့ အိမ်စီးကားတွေအဆုံး ပုံစံမျိုးစုံနဲ့ မှောင်ခိုသယ်ယူမှုတွေ၊ ဒီလိုသစ်မှောင်ခိုကားတွေကို စစ်ဆေးတဲ့ စစ်တပ်ဂိတ်တွေရဲ့လုပ်ပုံလုပ်နည်းတွေ စသဖြင့် ဗန်းမော်-လွယ်ဂျယ်လမ်းပိုင်းက စစ်တပ်ဂိတ်တခုမှာ တာဝန်ယူခဲ့ဖူးတဲ့ CDM ဗိုလ်ကြီးတဦး ပြောပြတဲ့ အတွေ့အကြုံတွေကို အခုတပတ်ရဲ့ "ပြည်သူ့စစ်သားရင်တွင်းစကား" အစီအစဉ်မှာ နားဆင်နိုင်ပါပြီ။
Editorial Talk: "NLD ကို စစ်တပ်က ခုထိကြောက်နေတုန်းပဲ" 01.04.2023 14:58
ဧရာဝတီရဲ့ ဒီတပတ် အယ်ဒီတာ့ စကားဝိုင်း အစီအစဉ်မှာတော့ "NLD ပါတီကို ဖျက်သိမ်းတာ ပဋိပက္ခ ပိုကြီးထွားလာနိုင်သလား" ဆိုတဲ့ ခေါင်းစဉ်နဲ့ ဧရာဝတီအယ်ဒီတာချုပ် အောင်ဇော်နဲ့ မြန်မာပိုင်း သတင်းထောက်ချုပ် ကျော်ခ တို့က ဆွေးနွေးထားတာဖြစ်ပါတယ်။
LNG သင်္ဘောကြီးပြန်ထွက်သွားတဲ့အခါ 01.04.2023 21:42
ဒီတပတ် ဧရာဝတီရဲ့ စနေသတင်းစကားဝိုင်းမှာ အညာမီးလောင်ပြင်ထဲက ဒုက္ခသည်တွေကို ကူညီပါ၊ မြန်မာပြည်ကို အမှောင်ထဲမှာ LNG သင်္ဘောကြီး ချန်ထားခဲ့ပြီနဲ့ လူထုထောက်ခံမှု အများဆုံး နိုင်ငံရေးပါတီတွေကို ဖျက်သိမ်းတာ ဒီမိုကရေစီကို ဖျက်သိမ်းတာ စတဲ့ အကြောင်းအရာတွေကို တင်ပြဆွေးနွေးထားပါတယ်။
မှောင်ခိုလုပ်ငန်းတွေမှာ စစ်ဗိုလ်အရာရှိတွေ ဘယ်လိုပါဝင်ပတ်သက်နေလဲ 26.03.2023 19:13
ဗန်းမော်-လွယ်ဂျယ်လမ်းပိုင်းက စိန်လုံ ဆိုတဲ့ စုပေါင်းစစ်ဆေးရေးဂိတ်ကနေ နေ့စဉ်ဖြတ်သန်းနေတဲ့ သစ်၊ ကျောက်စိမ်း၊ မူးယစ်ဆေး စတဲ့ မှောင်ခိုလုပ်ငန်းတွေမှာ စစ်တပ်၊ ရဲနဲ့ ဌာနဆိုင်ရာတွေ ဘယ်လို ပါဝင်ပတ်သက်နေလဲ၊ ဖမ်းမိတဲ့မှောင်ခိုပစ္စည်းတွေ ဘာဆက်ဖြစ်သွားလဲ၊ နိုင်ငံ့သယံဇာတွေကို ဘယ်သူတွေက ခေါင်းပုံဖြတ်အမြတ်ထုတ်နေလဲ စတာတွေကို ဒီတပတ်ရဲ့ "ပြည်သူ့စစ်သားရင်တွင်းစကား" အစီအစဉ်မှာ နားဆင်နိုင်ပါပြီ။
Similar podcasts
Replaio is not a podcast publisher; show names, artwork and audio belong to their authors and are distributed through public RSS feeds.