The Irrawaddy
The Irrawaddy Newscast - Burmese Edition
The Irrawaddy Newscast - Burmese Edition သည် ဧရာဝတီ သတင်းဌာန၏ Podcast အသံလွှင့်အစီအစဉ် ဖြစ်ပြီး မြန်မာ့နိုင်ငံရေး စီးပွားရေးနှင့် လူမှုရေးရာ အဖြာဖြာပေါ် သတင်းဝေဖန်သုံးသပ်ချက်၊ တွေ့ဆုံမေးမြန်းခန်း များနှင့် သတင်းဆောင်းပါးများကို နားဆင်နိုင်ပါသည်။
Be sure to visit the podcast's website and support the creator: burma.irrawaddy.com
Where to listen?
Podcasts in the app Replaio Radio Coming soonPodcasts are coming to the app soon. Install now and be the first to see a whole new take on podcasts
Episodes
Editorial Talk: "စစ်ကောင်စီလုပ်မယ့်ရွေးကောက်ပွဲကို ပြည်တွင်း၊ ပြည်ပက လက်ခံမှာမဟုတ်ဘူး" 06.08.2023 15:40
ဧရာဝတီရဲ့ ဒီတပတ် အယ်ဒီတာ့ စကားဝိုင်း အစီအစဉ်မှာတော့ "အရေးပေါ်ကာလ သက်တမ်း ဘယ်ကိုလှမ်းဖို့ပြင်သလဲ" ဆိုတဲ့ ခေါင်းစဉ်နဲ့ ဧရာဝတီ အယ်ဒီတာချုပ် အောင်ဇော်၊ မြန်မာပိုင်း သတင်းထောက်ချုပ် ကျော်ခ တို့က ဆွေးနွေးထားပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ကို စစ်ကောင်စီက အသုံးချလို့ ရမလား 05.08.2023 21:42
ဒီတပတ် စနေသတင်းစကားဝိုင်းမှာ နိုင်ငံရေးအကျဉ်းသားတွေ ဘယ်တော့ပြန်လွတ်မလဲ၊ စစ်ကောင်စီရဲ့ ကုန်ဈေးနှုန်းကျဆင်းရေးအဖွဲ့ အလုပ်ဖြစ်မလားနဲ့ ဒီတကြိမ် ဒေါ်အောင်ဆန်းစုကြည်ကို စစ်တပ်က အသုံးချလို့ မရနိုင် စတဲ့အကြောင်းတွေကို တင်ပြဆွေးနွေးထားပါတယ်။
မြောက်ပိုင်းတိုင်းမှူး ဖမ်းဆီးစစ်ဆေးခံရအပြီး 30.07.2023 13:07
စစ်ဆေးခံနေရတဲ့ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် (မပခ) တိုင်းမှူးဟောင်းရဲ့ နောက်ဆုံးအခြေအနေ၊ သူ့နေရာမှာ အစားထိုးခန့်လိုက်တဲ့ မပခတိုင်းမှူးအသစ် ဗိုလ်ချုပ်စိုးလှိုင်ဆိုတာ ဘယ်လိုလူစားမျိုးလဲ၊ ရဲချုပ်တာဝန်ပေးခံရတဲ့အထိ စစ်ခေါင်းဆောင်ရဲ့ယုံကြည်မှုကိုရထားသူ တြိဂံဒေသတိုင်းမှူးဟောင်း ဗိုလ်ချုပ်နီလင်းအောင် စတဲ့ အကြောင်းအရာတွေကို ဒီတပတ်ရဲ့ “ပြည်သူ့စစ်သား ရင်တွင်းစကား” အစီအစဉ်မှာ နားဆင်နိုင်ပါပြီ။
Editorial Talk: စစ်ဗိုလ်ချုပ်တွေဟာ အာဏာတည်မြဲရေး အတွက် ယတြာကို အစဉ်အဆက်လုပ်ခဲ့တယ် 29.07.2023 20:23
ဧရာဝတီရဲ့ ဒီတပတ် အယ်ဒီတာ့ စကားဝိုင်း အစီအစဉ်မှာတော့ "အာဏာရှင်ဘုရား ခရိုနီကောင်းမှု" ဆိုတဲ့ ခေါင်းစဉ်နဲ့ ဧရာဝတီ အယ်ဒီတာချုပ် အောင်ဇော်၊ မြန်မာပိုင်း သတင်းထောက်ချုပ် ကျော်ခ တို့က ဆွေးနွေးထားပါတယ်။
Hyperinflation ငွေအကြီးအကျယ်ဖောင်းပွလာနိုင်တယ် 29.07.2023 41:36
ပြီးခဲ့တဲ့ ရက်သတ္တပတ်ထဲ ငွေစက္ကူသစ် ကျပ် ၂ သောင်းတန် ထုတ်ဝေမယ့် သတင်းကြောင့် ငွေဖောင်းပွလာမှာ စိုးရိမ်ပြီး ဈေးကွက်ထဲ ဝရုန်းသုန်းကားဖြစ်ခဲ့ပါတယ်။ စစ်ကောင်စီဘက်က မစိုးရိမ်ဖို့ ထွက်ပြောပေမယ့် Hyperinflation ငွေအကြီးအကျယ်ဖောင်းပွမှုဆီ ဦးတည်နေတယ်လို့ စီးပွားရေးပညာရှင် ဒေါ်မင်းမင်းသော်နဲ့ အင်တာဗျူးအပြင် ဒီတပတ် စနေသတင်းစကားဝိုင်းမှာ တယ်လီဂရမ် ဆိုရှယ်မီ
မွတ်ဆလင်ဖြစ်လို့ သူများတွေထက် ပိုအနှိမ်ခံရတယ် 23.07.2023 40:37
အာဏာသိမ်းစစ်တပ်ထဲမှာ အိမ်ထောင်ကျပြီးကတည်းက လိုက်နေခဲ့ရတဲ့အတောအတွင်း ဘာသာခြားဖြစ်လို့ တခြားသူတွေထက် ပိုပြီးခွဲခြားဆက်ဆံခံရ၊ ဖိနှိပ်ခံခဲ့ရတဲ့အကြောင်း အစ္စလာမ်ဘာသာဝင်ဇနီးသည်တဦးရဲ့ ရင်ဖွင့်သံကို ဒီတပတ်ရဲ့ “ပြည်သူ့စစ်သား ရင်တွင်းစကား” အစီအစဉ်မှာ နားဆင်နိုင်ပါပြီ။
Editorial Talk: ဖိထာဝန်ကြီးချုပ်မဖြစ်တဲ့အတွက် တော်တော်စိတ်ပျက်သွားကြတယ် 23.07.2023 19:15
ဧရာဝတီရဲ့ ဒီတပတ် အယ်ဒီတာ့ စကားဝိုင်း အစီအစဉ်မှာတော့ "ဖိထာဝန်ကြီးချုပ် မဖြစ်ရင် ဘယ်သူဖြစ်မှာလဲ" ဆိုတဲ့ ခေါင်းစဉ်နဲ့ ဧရာဝတီ အယ်ဒီတာချုပ် အောင်ဇော်၊ မြန်မာပိုင်း သတင်းထောက်ချုပ် ကျော်ခ တို့က ဆွေးနွေးထားပါတယ်။
NUG ရဲ့ နွေဦးဖွံ့ဖြိုးရေးဘဏ် ဘာလဲ ဘယ်လဲ 22.07.2023 30:26
ဒီတပတ် ဧရာဝတီရဲ့ စနေသတင်းစကားဝိုင်းမှာ ထိုင်းနိုင်ငံက နိုင်ငံမဲ့ကလေးတွေကို ဖမ်းဆီးတဲ့အခါ၊ NUG ရဲ့ နွေဦးဖွံ့ဖြိုးရေးဘဏ် ဘာလဲ ဘယ်လဲနဲ့ ဒိုင်နိုဆောစစ်တပ်ရဲ့ ခေတ်ကုန်သွားတဲ့ ဝါဒဖြန့်ချိရေး စတဲ့အကြောင်းတွေကို ဆွေးနွေးတင်ပြထားပါတယ်။
အထက်ကအမိန့်ပေးရင် ဘာမဆို လုပ်နေကြတာ 16.07.2023 16:12
ဒီတပတ်ရဲ့ “ပြည်သူ့စစ်သား ရင်တွင်းစကား” အစီအစဉ်မှာ နိုင်ငံတဝှမ်းကြုံတွေ့နေရတဲ့ လေကြောင်းဗုံးကြဲတိုက်ခိုက်မှုတွေကို ဘယ်လိုနည်းလမ်းတွေနဲ့ တန်ပြန်တိုက်ခိုက်နိုင်မလဲ၊ ဘောလခဲမြို့နယ်အတွင်းမှာ စစ်ကောင်စီလေယာဉ်ကို ကရင်နီပူးပေါင်းတပ်တွေ တကယ်ပဲပစ်ချနိုင်ခဲ့သလား စတဲ့ အကြောင်းအရာတွေကို နားဆင်နိုင်ပါပြီ။
Editorial Talk: "စစ်ကောင်စီက ဘေးကျပ်နံကျပ်ဖြစ်နေပြီ" 16.07.2023 21:00
ဧရာဝတီရဲ့ ဒီတပတ် အယ်ဒီတာ့ စကားဝိုင်း အစီအစဉ်မှာတော့ "ထိုင်းနိုင်ငံခြားရေးဝန်ကြီးကို ဒေါ်အောင်ဆန်းစုကြည်နဲ့ ဘာကြောင့်ပေးတွေ့ခဲ့သလဲ" ဆိုတဲ့ ခေါင်းစဉ်နဲ့ ဧရာဝတီ အယ်ဒီတာချုပ် အောင်ဇော်၊ မြန်မာပိုင်း သတင်းထောက်ချုပ် ကျော်ခ တို့က ဆွေးနွေးထားပါတယ်။
ဖိထာ ထိုင်းဝန်ကြီးချုပ် ဖြစ်မလာနိုင်တော့တဲ့နောက် 15.07.2023 24:52
ဒီတပတ် ဧရာဝတီရဲ့ စနေသတင်းစကားဝိုင်းမှာ ကလေးတွေမှာ အဖြစ်များနေတဲ့ ပြင်းထန်အဆုတ်ရောင်ရောဂါ၊ ထောင်ပြောင်းမယ်ဆိုပြီး သတ်ဖြတ်ခံလာနေရတဲ့ နိုင်ငံရေးအကျဉ်းသားတွေနဲ့ ဖိထာ ထိုင်းဝန်ကြီးချုပ် ဖြစ်မလာနိုင်တော့တဲ့နောက် စတဲ့အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။
ပိုင်းလော့အများစုက ဘယ်နေရာကို ဗုံးကြဲရမယ်ဆိုတာ ကြိုမသိကြဘူး 09.07.2023 25:56
ဒီတပတ်ရဲ့ “ပြည်သူ့စစ်သား ရင်တွင်းစကား” အစီအစဉ်မှာ အာဏာသိမ်းစစ်ကောင်စီလေတပ်ဖွဲ့စည်းပုံအကြောင်း အပါအဝင် နိုင်ငံတဝှမ်းဗုံးကြဲတိုက်ခိုက်နေတဲ့ စစ်ကောင်စီရဲ့ လေကြောင်းစစ်ဆင်ရေးတွေမှာ အသုံးပြုနေတဲ့ လေယာဉ်တွေနဲ့ ဗုံးအမျိုးအစားတွေ၊ ဗုံးအမျိုးအစားလိုက် ပြင်းအားနဲ့ထိခိုက်မှုတွေ၊ လေကြောင်းတိုက်ခိုက်မှုကို ဘယ်သူက တိုက်ရိုက်အမိန့်ပေးနေလဲ စတဲ့ အကြောင်းအရာတွေကို နားဆင်နိုင်ပါပြီ။
Editorial Talk: "ကရင်နီပြည်ဟာ နေပြည်တော်ကို စစ်ရေးအရ ခြိမ်းခြောက်နိုင်တဲ့ နေရာဖြစ်တယ်" 09.07.2023 15:11
ဧရာဝတီရဲ့ ဒီတပတ် အယ်ဒီတာ့ စကားဝိုင်း အစီအစဉ်မှာတော့ "စစ်ရေးအရှိန်မြင့်နေတဲ့ ကရင်နီစစ်မြေပြင်" ဆိုတဲ့ ခေါင်းစဉ်နဲ့ ဧရာဝတီ အယ်ဒီတာချုပ် အောင်ဇော်၊ မြန်မာပိုင်း သတင်းထောက်ချုပ် ကျော်ခ တို့က ဆွေးနွေးထားပါတယ်။
မိုးကြိုးပစ်တာ ထန်းလက်နဲ့ ကာနေတဲ့ စစ်ခေါင်းဆောင် မင်းအောင်လှိုင် 08.07.2023 26:24
ဒီတပတ် ဧရာဝတီရဲ့ Saturday Roundtable စနေသတင်းစကားဝိုင်းမှာ အသက်အန္တရာယ်ကြားက ကလေးလုပ်သားတွေ၊ စစ်ခေါင်းဆောင်က အမျိုးသမီးတွေကို ချီးကျူးဂုဏ်ပြုသတဲ့လားနဲ့ နိုင်ငံ့စီးပွားပြိုကျတာ သူ့အပြစ်မဟုတ်ဘူးလို့ မိုးကြိုးပစ်တာ ထန်းလက်နဲ့ ကာနေတဲ့ မင်းအောင်လှိုင် စတဲ့အကြောင်းတွေကို ဆွေးနွေးတင်ပြထားပါတယ်။
တိုက်ပွဲဖြစ်တာနဲ့ ထွက်ပြေးဖို့ပဲ ချောင်းနေတဲ့ စစ်သားတွေ 02.07.2023 15:43
အရှိန်မြင့်နေတဲ့ ကရင်နီဒေသစစ်ရေးအခြေအနေ၊ စိတ်ဓာတ်တွေအောက်တန်းကျပြီး ယိုယွင်းပျက်စီးလာနေတဲ့ အာဏာသိမ်းစစ်တပ်မှာ ခိုင်းတဲ့အတိုင်းမဖြစ်လာရင် ရာထူးကစလို့ အသက်အန္တရာယ်အဆုံး ခြိမ်းခြောက်ခံနေရတဲ့ အခြေအနေတွေ စတဲ့ အကြောင်းအရာတွေကို ဒီတပတ်ရဲ့ “ပြည်သူ့စစ်သား ရင်တွင်းစကား” အစီအစဉ်မှာ နားဆင်နိုင်ပါပြီ။
နွေဦးတော်လှန်ရေးမှာ ကရင်နီ စံပြဖြစ်လာပြီ 01.07.2023 29:42
ဒီတပတ် ဧရာဝတီရဲ့ Saturday Roundtable စနေသတင်းစကားဝိုင်းမှာ လိင်အကြမ်းဖက်ခံရတဲ့ အမျိုးသမီးတွေ နှုတ်ဆိတ်နေရချိန်၊ အလုပ်သမား လစာတိုးတောင်းတာ နိုင်ငံတော်အကြည်ညိုပျက်စေသတဲ့လားနဲ့ နွေဦးတော်လှန်ရေးမှာ ကရင်နီ စံပြဖြစ်လာပြီ စတဲ့အကြောင်းအရာတွေကို တင်ပြဆွေးနွေးထားပါတယ်။
စစ်တပ်ဟာ မရှုံးဖို့ ကြိုးစားနေရပြီ 25.06.2023 15:10
လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ ပန်းသပိတ်မှာ အာဏာသိမ်းစစ်တပ်ရဲ့လုပ်ရပ်က ဘာကိုဖော်ပြနေလဲ၊ အရှိန်မြင့်လာတဲ့ တော်လှန်ရေးကာလ စစ်တပ်ရဲ့ခြေလှမ်းတွေ၊ လက်ရှိအခြေအနေအရ စစ်တပ်ဟာ မရှုံးဖို့ကြိုးစားနေရပြီး တော်လှန်ရေးတပ်ဖွဲ့တွေကတော့ အနိုင်ယူဖို့ကြိုးစားနေတယ် စတဲ့ သုံးသပ်ချက်တွေကို ဒီတပတ်ရဲ့ "ပြည်သူ့စစ်သား ရင်တွင်းစကား" အစီအစဉ်မှာ ဝင်ရောက်နားဆင်နိုင်ပါပြီ။
စစ်ကောင်စီ ဒေဝါလီခံရနိုင်တယ် 24.06.2023 22:37
ဒီတပတ် ဧရာဝတီရဲ့ Saturday Roundtable စနေသတင်းစကားဝိုင်းမှာ ပန်းပန်တာ ရာဇဝတ်မှုတဲ့လား၊ ဘဏ် ၂ ဘဏ် ဆန်ရှင်ထိပြီးနောက်နဲ့ စစ်ကောင်စီ ဒေဝါလီခံရနိုင်တယ် စတဲ့အကြောင်းအရာတွေကို တင်ပြဆွေးနွေးထားပါတယ်။
Editorial Talk: "အကွဲအပြဲဖြစ်အောင်ဖန်တီးတတ်တဲ့ သဘောသဘာဝ စစ်ကောင်စီမှာရှိတယ်" 24.06.2023 16:20
ဧရာဝတီရဲ့ ဒီတပတ် အယ်ဒီတာ့စကားဝိုင်း အစီအစဉ်မှာတော့ "မြန်မာ့အရေး အာဆီယံ ၂ ခြမ်းကွဲနေပြီလား" ဆိုတဲ့ ခေါင်းစဉ်နဲ့ ဧရာဝတီရဲ့ အယ်ဒီတာချုပ် အောင်ဇော်နဲ့ မြန်မာပိုင်း သတင်းထောက်ချုပ် ကျော်ခ တို့က ဆွေးနွေးထားပါတယ်။
Editorial Talk: "အကြမ်းဖက်စစ်ဆင်ရေးတွေက အဖြေထွက်မယ်လို့ စစ်ကောင်စီ မျှော်လင့်နေသလား" 18.06.2023 17:17
ဧရာဝတီရဲ့ ဒီတပတ် အယ်ဒီတာ့ စကားဝိုင်း အစီအစဉ်မှာတော့ "အကြမ်းဖက်စစ်ဆင်ရေးတွေက အဖြေထွက်မယ်လို့ စစ်ကောင်စီ မျှော်လင့်နေသလား" ဆိုတဲ့ ခေါင်းစဉ်နဲ့ ဧရာဝတီ အယ်ဒီတာချုပ် အောင်ဇော်၊ မြန်မာပိုင်း သတင်းထောက်ချုပ် ကျော်ခ တို့က ဆွေးနွေးထားပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ကို မြန်မာ့နိုင်ငံရေးက ဖယ်ထုတ်လို့ မရ 17.06.2023 29:05
ဒီတပတ် ဧရာဝတီရဲ့saturday Roundtable စနေသတင်းစကားဝိုင်းမှာ ယွမ်ငွေသုံးလို့ စစ်ကောင်စီရဲ့ စီးပွားရေးကောင်းလာမလား၊ မိုခါမုန်တိုင်းတိုက်တာ တလကျော်ပေမယ့် နိုင်ငံတကာအကူအညီ ခွင့်မပြု၊ ဒေါ်အောင်ဆန်းစုကြည်ကို မြန်မာ့နိုင်ငံရေးက ဖယ်ရှားလို့ မရ စတဲ့အကြောင်းတွေကို ဆွေးနွေးတင်ပြထားပါတယ်။
တက်ညီလက်ညီနဲ့ကို ကလိမ်ကကျစ်လုပ်ကြတာ 11.06.2023 17:14
CDM ဗိုလ်ကြီးတဦး ပြောပြတဲ့ ဗန်းမော်-လွယ်ဂျယ်လမ်းပိုင်းက စိန်လုံဆိုတဲ့စုပေါင်းစစ်ဆေးရေးဂိတ်ကနေ နေ့စဉ် ဖြတ်သန်းနေတဲ့ တရားမဝင်လုပ်ငန်းမျိုးစုံအကြောင်း၊ အဲဒီဂိတ်မှာ တာဝန်ကျတဲ့ စစ်တပ်၊ ရဲ အပါအဝင် ဌာနဆိုင်ရာတွေရဲ့ ပါဝင်ပတ်သက်ပုံ၊ ရလာတဲ့ဝေစုကို ဘယ်လိုခွဲဝေယူကြလဲ စတဲ့အကြောင်းအရာတွေကို ဒီတပတ်ရဲ့ “ပြည်သူ့စစ်သား ရင်တွင်းစကား” အစီအစဉ်မှာ နားဆင်နိုင်ပါပြီ။
Editorial Talk: "မြန်မာပြည်သူ အများစုက လက်ရှိစစ်တပ်ကို သူတို့စစ်တပ်လို့ မသတ်မှတ်တော့ဘူး" 10.06.2023 14:07
ဧရာဝတီရဲ့ ဒီတပတ် အယ်ဒီတာ့ စကားဝိုင်း အစီအစဉ်မှာတော့ "တရုတ်စီစဉ်တဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲ အလုပ်ဖြစ်မှာလား" ဆိုတဲ့ ခေါင်းစဉ်နဲ့ ဧရာဝတီအယ်ဒီတာချုပ် အောင်ဇော်နဲ့ မြန်မာပိုင်း သတင်းထောက်ချုပ် ကျော်ခ တို့က ဆွေးနွေးထားတာ ဖြစ်ပါတယ်။
လီလီနိုင်ကျော် လုပ်ကြံသတ်ဖြတ်ခံရမှုနဲ့ အတောမသတ်နိုင်မယ့် သံသရာ 10.06.2023 31:42
ဒီတပတ် ဧရာဝတီရဲ့ Saturday Roundtable စနေစကားဝိုင်းမှာ အဆိုတော် လီလီနိုင်ကျော် လုပ်ကြံသတ်ဖြတ်ခံရမှုနဲ့ အတောမသတ်နိုင်မယ့် သံသရာ၊ အာဏာသိမ်း စစ်ကောင်စီအတွက် စစ်မတိုက်ပေးချင်တော့တဲ့ CDM စစ်သားတွေ၊ တရုတ်ရဲ့ မြန်မာပေါ်လစီ အလုပ်ဖြစ်ရဲ့လား စတဲ့အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။
Editorial Talk: "စစ်တပ် အင်အားချိနဲ့လာပြီလား" 04.06.2023 20:48
ဧရာဝတီရဲ့ ဒီတပတ် အယ်ဒီတာ့ စကားဝိုင်း အစီအစဉ်မှာတော့ "စစ်တပ် အင်အားချိနဲ့လာပြီလား" ဆိုတဲ့ ခေါင်းစဉ်နဲ့ ဧရာဝတီအယ်ဒီတာချုပ် အောင်ဇော်နဲ့ မြန်မာပိုင်း သတင်းထောက်ချုပ် ကျော်ခ တို့က ဆွေးနွေးထားတာ ဖြစ်ပါတယ်။
Similar podcasts
Replaio is not a podcast publisher; show names, artwork and audio belong to their authors and are distributed through public RSS feeds.