The Irrawaddy
The Irrawaddy Newscast - Burmese Edition
The Irrawaddy Newscast - Burmese Edition သည် ဧရာဝတီ သတင်းဌာန၏ Podcast အသံလွှင့်အစီအစဉ် ဖြစ်ပြီး မြန်မာ့နိုင်ငံရေး စီးပွားရေးနှင့် လူမှုရေးရာ အဖြာဖြာပေါ် သတင်းဝေဖန်သုံးသပ်ချက်၊ တွေ့ဆုံမေးမြန်းခန်း များနှင့် သတင်းဆောင်းပါးများကို နားဆင်နိုင်ပါသည်။
Be sure to visit the podcast's website and support the creator: burma.irrawaddy.com
Where to listen?
Podcasts in the app Replaio Radio Coming soonPodcasts are coming to the app soon. Install now and be the first to see a whole new take on podcasts
Episodes
Editorial Talk: "အာဏာသိမ်းတာက မအောင်မြင်ဘူး။ စစ်ကောင်စီက ပိုပြီးအထီးကျန်ဆန်လာတယ်" 01.10.2023 14:43
ဧရာဝတီရဲ့ ဒီတပတ် အယ်ဒီတာ့ စကားဝိုင်း အစီအစဉ်မှာတော့ "စစ်ခေါင်းဆောင်တွေကြား အားပြိုင်မှုတွေရှိနေသလား" ဆိုတဲ့ ခေါင်းစဉ်နဲ့ ဧရာဝတီ အယ်ဒီတာချုပ် အောင်ဇော်၊ မြန်မာပိုင်း သတင်းထောက်ချုပ် ကျော်ခ တို့က ဆွေးနွေးထားပါတယ်။
CDM Soldiers Talk: လွတ်လပ်ချင်ရင် ရုန်းထွက်ရဲဖို့လိုတယ် 01.10.2023 21:22
CDM လုပ်တာ ၂ နှစ်ခွဲကျော်ရှိလာပြီဖြစ်တဲ့ တပ်ကြပ်ကြီး ယဉ်လဲ့လဲ့ထွန်းရဲ့ စစ်တပ်အသိုင်းအဝိုင်းထဲကနေ ခက်ခက်ခဲခဲ စွန့်ခွာနိုင်ခဲ့ပုံ၊ CDM လုပ်ပြီးနောက်ပိုင်း ကြုံခဲ့ရတဲ့ အခက်အခဲဒုက္ခမျိုးစုံကို ကျော်ဖြတ်ပြီးသကာလ လက်ရှိဘဝကို အဆင်ပြေစွာနဲ့ ဘယ်လိုဖြတ်သန်းနေပြီလဲ စတဲ့ ကိုယ်တွေ့ပြောပြချက်တွေကို ဒီတပတ်ရဲ့ “ပြည်သူ့စစ်သား ရင်တွင်းစကား” အစီအစဉ်မှာ နားဆင်နိုင်ပါပြီ။
Saturday Roundtable: တိုင်းပြည်စီးပွား ပြိုကွဲပျက်စီးသွားနေတာ စစ်ကောင်စီ အဖတ်ပြန်မဆယ်နိုင် 30.09.2023 27:00
ဒီတပတ် ဧရာဝတီရဲ့ စနေသတင်းစကားဝိုင်းမှာ လိုက်လို့မမီတော့တဲ့ ကုန်ဈေးနှုန်းတွေ၊ တရုတ်မှာလည်း မြန်မာတွေ အလုပ်ထွက်ရှာကုန်ပြီနဲ့ တိုင်းပြည်စီးပွား ပြိုကွဲပျက်စီးသွားနေတာ စစ်ကောင်စီ အဖတ်ပြန်မဆယ်နိုင် စတဲ့အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။
CDM Soldiers Talk: ဦးပိုင်ဆိုတာ စစ်ခေါင်းဆောင်တွေ ကိုယ်ကျိုးစီးပွားရှာတဲ့ ကုမ္ပဏီတခုပဲ 24.09.2023 16:01
စစ်တပ်ထိပ်ပိုင်းခေါင်းဆောင်လူတစုရဲ့ အကျိုးအမြတ်အတွက် တည်ထောင်ထားတာဆိုတဲ့ ဦးပိုင်လီမိတက်မှာ အောက်ခြေ စစ်သည်၊ အရာရှိတွေအနေနဲ့ မဖြစ်မနေ လစာထဲကနေ ထည့်ဝင်နေကြရပေမယ့် အမြတ်ငွေနဲ့ အတိုးနှုန်းတွေ ခေါင်းပုံဖြတ်ခံရနေတဲ့ အခြေအနေ ကိုယ်တွေ့ပြောပြချက်တွေကို ဒီတပတ်ရဲ့ “ပြည်သူ့စစ်သား ရင်တွင်းစကား” အစီအစဉ်မှာ နားဆင်နိုင်ပါပြီ။
Saturday Roundtable: ဒုဗိုလ်ချုပ်ကြီးမိုးမြင့်ထွန်းအလှည့်ပြီးရင် စစ်ခေါင်းဆောင်မင်းအောင်လှိုင်လား 23.09.2023 26:30
ဒီတပတ် စနေသတင်းစကားဝိုင်းမှာ စစ်ခေါင်းဆောင်သမီးရဲ့ တကျော့ပြန် ဖျော်ဖြေရေးလုပ်ငန်း၊ မြန်မာဘီယာတောင် သေနတ်ပြရောင်းနေရပြီနဲ့ ဒုဗိုလ်ချုပ်ကြီးမိုးမြင့်ထွန်းအလှည့်ပြီးရင် စစ်ခေါင်းဆောင်မင်းအောင်လှိုင်လား စတဲ့အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။
CDM Soldiers Talk : စစ်တပ်က လာဖမ်းတဲ့အချိန် နိုင်ငံ့ခေါင်းဆောင်တွေ ဘယ်လိုတုံ့ပြန်ခဲ့လဲ 17.09.2023 13:38
ထိပ်ပိုင်းစစ်ခေါင်းဆောင်တွေရဲ့ လုံခြုံရေးသီးသန့်ဆောင်ရွက်ရတဲ့ နေပြည်တော်က တပ်ရင်းနှစ်ရင်းအကြောင်းနဲ့ အာဏာသိမ်းတဲ့နေ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်တို့ကို ဖမ်းဆီးတဲ့အချိန် ပါဝင်ခဲ့တဲ့ CDM တပ်ကြပ်တဦးရဲ့ အတွေ့အကြုံ စတဲ့ အကြောင်းအရာတွေကို ဒီတပတ်ရဲ့ "ပြည်သူ့စစ်သား ရင်တွင်းစကား" အစီအစဉ်မှာ နားဆင်ပါပြီ။
Saturday Roundtable: အပုပ်နံ့တွေလှိုင်နေတဲ့ နေပြည်တော် လူဖမ်းပွဲ 16.09.2023 27:37
ဒီတပတ် စနေသတင်းစကားဝိုင်းမှာ ဆန်စပါးကို နယ်ကျော်သယ်ယူရောင်းချခွင့်ကို စစ်ကောင်စီ ကန့်သတ်မယ်၊ ပြည်ပရောက်အလုပ်သမားတွေရဲ့ လစာ ၂၅ ရာခိုင်နှုန်း စစ်ကောင်စီကို ပေးရမယ်နဲ့ အပုပ်နံ့တွေလှိုင်နေတဲ့ နေပြည်တော်က အဂတိလိုက်စားမှု အဖမ်းအဆီး အကြောင်းတွေကို သုံးသပ်ဆွေးနွေးထားပါတယ်။
CDM Soldiers Talk: တနေ့တခြား မရှူနိုင်မကယ်နိုင် ဖြစ်လာနေတဲ့ မင်းအောင်လှိုင် 10.09.2023 14:13
ပြည်သူ့ခုခံတွန်းလှန်စစ် ၂ နှစ်ပြည့်ချိန် စစ်ရေးပိုင်းမှာ ဘာတွေသိသာပြောင်းလဲလာသလဲ၊ အာဏာသိမ်းစစ်တပ်နဲ့ တော်လှန်ရေးအင်အားစုတွေကြားက လက်ရှိအခြေအနေတွေ စတဲ့ သုံးသပ်ချက်တွေကို ဒီတပတ်ရဲ့ “ပြည်သူ့စစ်သား ရင်တွင်းစကား” အစီအစဉ်မှာ နားဆင်နိုင်ပါပြီ။
Editorial Talk: "ဒေါ်အောင်ဆန်းစုကြည်သဘောထားနဲ့ အာစီယံထိပ်သီးအစည်းအဝေး" 10.09.2023 15:47
ဧရာဝတီရဲ့ ဒီတပတ် အယ်ဒီတာ့ စကားဝိုင်း အစီအစဉ်မှာတော့ "ဒေါ်အောင်ဆန်းစုကြည်သဘောထားနဲ့ အာစီယံထိပ်သီးအစည်းအဝေး" ဆိုတဲ့ ခေါင်းစဉ်နဲ့ ဧရာဝတီ အယ်ဒီတာချုပ် အောင်ဇော်၊ မြန်မာပိုင်း သတင်းထောက်ချုပ် ကျော်ခ တို့က ဆွေးနွေးထားပါတယ်။
Saturday Roundtable: စစ်ကောင်စီ အရေးတကြီး ပြင်ဆင်လာတဲ့ ၂၀၂၅ ရွေးကောက်ပွဲ 09.09.2023 23:33
ဒီတပတ် ဧရာဝတီရဲ့ စနေသတင်းစကားဝိုင်းမှာ စစ်ကောင်စီ အရေးတကြီး ပြင်ဆင်လာတဲ့ ၂၀၂၅ ရွေးကောက်ပွဲ၊ ဆန်နဲ့ ဆီ တန်းစီ တိုးစားရတဲ့ခေတ် ပြန်ရောက်ပြီ၊ ပြီးသွားတဲ့ အာဆီယံထိပ်သီးဆွေးနွေးပွဲနဲ့ မြန်မာ့အရေး စတဲ့အကြောင်းတွေကို ဆွေးနွေးတင်ပြထားပါတယ်။
CDM Soldiers Talk: နည်းပညာကျောင်းဆင်းပြီး တပ်ရောက်တော့ စိုက်ခင်းစိုက်နေရတယ် 03.09.2023 16:54
တပ်မတော်သိပ္ပံနဲ့ နည်းပညာသုတေသနဌာနကနေ CDM လုပ်လာတဲ့ တပ်ကြပ်ကြီး ကိုဟိန်းတယောက် တပ်ထဲဘယ်လိုဝင်ဖြစ်ခဲ့လဲ၊ ကျည်ကာဦးထုပ်၊ ကျည်ကာအကျႌစတာတွေ ထုတ်လုပ်တဲ့ဓာတုဌာနမှာ တာဝန်ထမ်းဆောင်စဉ် ဘာတွေကြုံခဲ့ရလဲ စတဲ့ ကိုယ်တွေ့ပြောပြချက်တွေကို ဒီတပတ်ရဲ့ “ပြည်သူ့စစ်သား ရင်တွင်းစကား” အစီအစဉ်မှာ နားဆင်နိုင်ပါပြီ။
Editorial Talk: "ဒေဝဒတ်မှာ နောက်လိုက်တွေရှိသလို မင်းအောင်လှိုင်မှာလည်း ရှိတယ်" 02.09.2023 14:07
ဧရာဝတီရဲ့ ဒီတပတ် အယ်ဒီတာ့ စကားဝိုင်း အစီအစဉ်မှာတော့ "မင်းအောင်လှိုင် တိုင်းပြည်ကို အုပ်ချုပ်နိုင်မှာမဟုတ်ဘူး" ဆိုတဲ့ ခေါင်းစဉ်နဲ့ ဧရာဝတီ အယ်ဒီတာချုပ် အောင်ဇော်၊ မြန်မာပိုင်း သတင်းထောက်ချုပ် ကျော်ခ တို့က ဆွေးနွေးထားပါတယ်။
Saturday Roundtable: တရုတ်ရာဇဝတ်ဂိုဏ်းတွေ စစ်ကောင်စီ တကယ်တိုက်ဖျက်မှာလား 02.09.2023 29:43
ဒီတပတ် စနေစကားဝိုင်းမှာ မိုးယံဇွန်လို အမျိုးသမီးတွေကို မရိုက်ပါနဲ့၊ ကမ္ဘာကျော် H&M မြန်မာပြည်က ပြန်ထွက်တဲ့အခါနဲ့ တရုတ်ရာဇဝတ်ဂိုဏ်းတွေ စစ်ကောင်စီ တကယ်တိုက်ဖျက်မှာလား စတဲ့အကြောင်းအရာတွေကို တင်ပြဆွေးနွေးထားပါတယ်။
CDM Soldiers Talk: စီနီယာ ဂျူနီယာ စနစ်အောက်ကနေ အကြောက်တရားတွေ 27.08.2023 15:29
ဆယ်တန်းအောင်ပြီးနောက်ပိုင်း လူငယ်လူရွယ်တွေကို အဓိကထားစုဆောင်းနေတဲ့ စစ်တပ်ရဲ့ စစ်ကျောင်းတွေအကြောင်းနဲ့ အဲဒီစစ်ကျောင်းတွေမှာ စီနီယာ၊ ဂျူနီယာ အနိုင်ကျင့်ဗိုလ်ကျမှုတွေ၊ အရာရှိတွေရဲ့ အမြတ်ထုတ်ခေါင်းပုံဖြတ်မှုတွေအေကြာင်း ဒီတပတ်ရဲ့ “ပြည်သူ့စစ်သား ရင်တွင်းစကား” အစီအစဉ်မှာ နားဆင်နိုင်ပါပြီ။
Editorial Talk: "အသက်မရှုနိုင်တော့ဘူးလို့ စစ်ကောင်စီက ထိုင်းကိုပြောတာရှိတယ်" 27.08.2023 14:53
ဧရာဝတီရဲ့ ဒီတပတ် အယ်ဒီတာ့ စကားဝိုင်း အစီအစဉ်မှာတော့ "ပြည်တော်ပြန်လာတဲ့ ထိုင်းဝန်ကြီးချုပ်ဟောင်း" ဆိုတဲ့ ခေါင်းစဉ်နဲ့ ဧရာဝတီ အယ်ဒီတာချုပ် အောင်ဇော်၊ မြန်မာပိုင်း သတင်းထောက်ချုပ် ကျော်ခ တို့က ဆွေးနွေးထားပါတယ်။
Saturday Roundtable: ဈေးတွေ ကမောက်ကမဖြစ်တာ ဝိသမလောဘ စီးပွားရေးသမားတွေကြောင့်တဲ့လား 26.08.2023 32:12
ဒီတပတ် စနေသတင်းစကားဝိုင်းမှာ မန္တလေးက ပုဂ္ဂလိကကျောင်းနဲ့ ဆေးရုံတွေ စစ်ကောင်စီ ပိတ်သိမ်းနေ၊ လေယာဉ်ဆီ တင်သွင်းမှုကို အမေရိကန်က ဆန်ရှင်ချမှတ်တဲ့အခါနဲ့ ဈေးတွေ ကမောက်ကမဖြစ်တာ ဝိသမလောဘ စီးပွားရေးသမားတွေကြောင့်တဲ့လား စတဲ့အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။
Editorial Talk: အာစီယံ အလှည့်ကျ ဥက္ကဋ္ဌ မြန်မာယူမှာလား 22.08.2023 12:12
ဧရာဝတီရဲ့ ဒီတပတ် အယ်ဒီတာ့ စကားဝိုင်း အစီအစဉ်မှာတော့ "အာစီယံ အလှည့်ကျ ဥက္ကဋ္ဌ မြန်မာယူမှာလား" ဆိုတဲ့ ခေါင်းစဉ်နဲ့ ဧရာဝတီ အယ်ဒီတာချုပ် အောင်ဇော်၊ မြန်မာပိုင်း သတင်းထောက်ချုပ် ကျော်ခ တို့က ဆွေးနွေးထားပါတယ်။
CDM Soldier's Talk: လက်နက်အင်အား သာလွန်နေလို့သာ သက်ဆိုးရှည်နေကြတာ 20.08.2023 16:00
စစ်ကောင်စီတပ်က အသည်းအသန်ပြန်ရဖို့ ကြိုးစားနေတဲ့ လက်ခတ်တောင်တိုက်ပွဲ၊ နေပြည်တော်ကောင်စီနယ်မြေ ပျဉ်းမနားမြို့နယ်ထဲက ဘို့မသံတောင်စခန်း တိုက်ခိုက်သိမ်းပိုက်ခံရမှု အပါအဝင် အာဏာသိမ်းစစ်တပ်ရဲ့ လက်ရှိအခြေအနေ စတဲ့ အကြောင်းအရာတွေကို ဒီတပတ်ရဲ့ “ပြည်သူ့စစ်သား ရင်တွင်းစကား” အစီအစဉ်မှာ နားဆင်နိုင်ပါပြီ။
စစ်ကောင်စီဒေါ်လာအကျပ်အတည်းဖြစ်နေပြီ 19.08.2023 16:04
ဒီတပတ် ဧရာဝတီရဲ့ စနေသတင်းစကားဝိုင်းမှာ ကမ္ဘာပေါ်မှာ လူအများဆုံး သေနေတဲ့ ဖားကန့်ကျောက်စိမ်းမိုင်းတွင်းတွေက ကျောက်တူးသမားတွေအကြောင်းနဲ့ ဒေါ်လာကို လက်နက်အနေနဲ့ သုံးနေတယ်လို့တောင် ပြောလာရတဲ့ အာဏာသိမ်း စစ်ကောင်စီဟာ ဒေါ်လာအကျပ်အတည်းဆိုက်လာနေတဲ့အကြောင်းတွေကို ဆွေးနွေးတင်ပြထားပါတယ်။
ဗုံးတခါကြဲ ၅ သိန်းရနေတဲ့ ပိုင်းလော့တွေ 13.08.2023 17:57
နိုင်ငံတဝှမ်းဗုံးကြဲနေတဲ့ စစ်ကောင်စီလေတပ်က ပိုင်းလော့တွေဟာ ဗုံးတခါကြဲရင် ကျပ် ၅ သိန်း ရနေတယ်ဆိုတာ အပါအဝင် လူအစုလိုက်အပြုံလိုက်သေဆုံးစေခဲ့တဲ့ လေကြောင်းစစ်ဆင်ရေးတွေမှာ ဘယ်လိုပိုင်းလော့မျိုးတွေက ပါဝင်တိုက်ခိုက်ပေးနေလဲ စတဲ့ အကြောင်းအရာတွေကို ဒီတပတ်ရဲ့ “ပြည်သူ့စစ်သား ရင်တွင်းစကား” အစီအစဉ်မှာ နားဆင်နိုင်ပါပြီ။
Editorial Talk: "မြစ်ဆုံကို ပြန်စရင် ယမ်းအိုးကို မီးထိုးသလိုဖြစ်သွားလိမ့်မယ်" 13.08.2023 19:14
ဧရာဝတီရဲ့ ဒီတပတ် အယ်ဒီတာ့ စကားဝိုင်း အစီအစဉ်မှာတော့ "မြစ်ဆုံစီမံကိန်း ပြန်စဖို့ လေသံပစ်နေသလား" ဆိုတဲ့ ခေါင်းစဉ်နဲ့ ဧရာဝတီ အယ်ဒီတာချုပ် အောင်ဇော်၊ မြန်မာပိုင်း သတင်းထောက်ချုပ် ကျော်ခ တို့က ဆွေးနွေးထားပါတယ်။
အိန္ဒိယ လူမျိုးရေးအဓိကရုဏ်းက မြန်မာ ဒုက္ခသည်တွေကြောင့်တဲ့လား 12.08.2023 35:33
ဒီတပတ် စနေသတင်းစကားဝိုင်းမှာ မြဝတီ-ကော့ကရိတ် အာရှလမ်းမ ပြိုကျသွားတဲ့အခါ၊ စစ်တပ်အကူအညီနဲ့ ဝမ်ပေါင်ကုမ္ပဏီ ခြံခတ်နေတယ်နဲ့ အိန္ဒိယ လူမျိုးရေးအဓိကရုဏ်းက မြန်မာ ဒုက္ခသည်တွေကြောင့်တဲ့လား စတဲ့ အကြောင်းအရာတွေကို တင်ပြဆွေးနွေးထားပါတယ်။
တပ်ပျက်နေတဲ့အထဲ ရေတပ်လည်းပါတယ် 06.08.2023 15:28
အာဏာသိမ်းစစ်ကောင်စီရဲ့ ရေတပ်အတွင်းက အကျင့်ပျက်ခြစားမှုတွေ၊ အထက်အောက်ဖိနှိပ်မှု၊ အနိုင်ကျင့်မှုတွေ၊ ရေတပ်ရဲ့အခန်းကဏ္ဍနဲ့ လက်ရှိအင်အားအခြေအနေ စတဲ့ အကြောင်းအရာတွေကို ဒီတပတ်ရဲ့ “ပြည်သူ့စစ်သား ရင်တွင်းစကား” အစီအစဉ်မှာ နားဆင်နိုင်ပါပြီ။
Similar podcasts
Replaio is not a podcast publisher; show names, artwork and audio belong to their authors and are distributed through public RSS feeds.