The Irrawaddy

The Irrawaddy Newscast - Burmese Edition

News EN ↓ 540 episodes

The Irrawaddy Newscast - Burmese Edition သည် ဧရာဝတီ သတင်းဌာန၏ Podcast အသံလွှင့်အစီအစဉ် ဖြစ်ပြီး မြန်မာ့နိုင်ငံရေး စီးပွားရေးနှင့် လူမှုရေးရာ အဖြာဖြာပေါ် သတင်းဝေဖန်သုံးသပ်ချက်၊ တွေ့ဆုံမေးမြန်းခန်း များနှင့် သတင်းဆောင်းပါးများကို နားဆင်နိုင်ပါသည်။

Author

The Irrawaddy

Category

News

Podcast website

burma.irrawaddy.com

Latest episode

Jul 11, 2026

Where to listen?

Podcasts in the app Replaio Radio Coming soon

Podcasts are coming to the app soon. Install now and be the first to see a whole new take on podcasts

Get it on Google Play Install for free Android 5M+ downloads · 4.8 rating iOS soon

Episodes

CDM Soldiers Talk: အာဏာသိမ်းစစ်တပ် တပ်မှူးတွေ ခြေဦးတည့်ရာ ထွက်ပြေးနေရပြီ 24.12.2023

တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ တိုက်စွမ်းရည် စစ်ဗျူဟာ ကောင်းလာမှု၊ ရှမ်းမြောက်မှာ စစ်ကောင်စီ တပ်မမှူးတွေ၊ ဗျူဟာမှူးတွေအဆင့်ထိ ခြေဦးတည့်ရာ ထွက်ပြေးနေရတဲ့အပြင် ထွက်ပြေးလည်းမလွတ်တဲ့ အခြေအနေ၊ နေပြည်တော်နဲ့ ၁ နာရီလောက်သာဝေးတဲ့ လမ်းပိုင်းထိ PDF တွေ ရောက်လာမှု၊ စကခ ၆ က ခေါင်းဆောင်တွေ အထုအထောင်းခံနေရပြီလား စတဲ့ အကြောင်းအရာတွေကို ဒီတပတ်ရဲ့ “ပြည်သူ့စစ်သား ရင်တွင်းစကား” အစီအစဉ်မှာ နားဆင်နိုင်ပါပြီ။   -------------...

Saturday Roundtable: တော်လှန်ရေးအဆိုတော်မွန်းအောင်နှင့် စကားလက်ဆုံ အပိုင်း (၄) 22.12.2023

 တော်လှန်ရေးအဆိုတော် မွန်းအောင်နဲ့ ဇနီး မဆွေဆွေညွန့်တို့က ဒီအပိုင်းမှာ ၈၈ နဲ့ ၂၁ အရေးတော်ပုံတွေ ဆင်တူချက်နဲ့ ကွာခြားချက်၊ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို စကားလက်ဆောင်တို့ကို ပြောပြထားကြပါတယ်။

Saturday Roundtable: မန္တလေး၊ လွိုင်ကော်၊ လိုင်ဇာနှင့် သီချင်းသမားခရီးရှည် (သို့မဟုတ်) တော်လှန်ရေးအဆိုတော်မွန်းအောင်နှင့် စကားလက်ဆုံ အပိုင်း (၃) 19.12.2023

လိုင်ဇာကနေ ချင်းမိုင်ဆီ ရှမ်းပြည်မြောက်ပိုင်းကို ဖြတ်ထွက်ခဲ့ရာမှာ ကြုံခဲ့ရတဲ့ အမှတ်တရတွေအကြောင်း တော်လှန်ရေးအဆိုတော် မွန်းအောင်နဲ့ ဇနီး မဆွေဆွေညွန့်တို့က ဒီအပိုင်းမှာ ပြောပြထားကြပါတယ်။

CDM Soldiers Talk: အာဏာသိမ်းစစ်တပ် အကြံကုန်ဂဠုန်ဆားချက်နေရပြီ 17.12.2023

လက်ရုံးတပ်ကအင်အားတွေကို ရှေ့တန်းပို့၊ Non-CDM တွေကို စစ်မြေပြင်ပို့ဖို့ ကြံစည်မှုတွေအပြင် ခုနောက်ဆုံးမှာတော့ ခွင့်မဲ့စစ်ပြေးတွေကိုပါ တာဝန်ထမ်းဆောင်ခွင့်ပေးမယ် ဆိုတဲ့ အာဏာသိမ်းစစ်တပ်ရဲ့ အကြံကုန်ဂဠုန်ဆားချက်နေရတဲ့အကြောင်း၊ ရုပ်အလောင်း ပြန်ပေးတာတောင် မယူဘူးဆိုတဲ့ စစ်ဗိုလ် စိတ်ဓာတ်၊  စစ်ဗိုလ် မာနတွေအကြောင်းတွေကို ဒီတပတ်ရဲ့ “ပြည်သူ့စစ်သား ရင်တွင်းစကား” အစီအစဉ်မှာ နားဆင်နိုင်ပါပြီ။

Saturday Roundtable: မန္တလေး၊ လွိုင်ကော်၊ လိုင်ဇာနှင့် သီချင်းသမားခရီးရှည် (သို့မဟုတ်) တော်လှန်ရေးအဆိုတော်မွန်းအောင်နှင့် စကားလက်ဆုံ အပိုင်း (၂) 15.12.2023

KIA ဌာနချုပ် လိုင်ဇာမြို့မှာ နှစ်ချီအောင် နေထိုင်ခဲ့ကြတဲ့ တော်လှန်ရေးအဆိုတော် မွန်းအောင်နဲ့ ဇနီး မဆွေဆွေညွန့်တို့က ဧရာဝတီရဲ့ စတူဒီယိုထဲ လာပြီး Saturday Roundtable စနေစကားဝိုင်းအစီအစဉ်မှာ ကချင်တွေရဲ့ နွေဦးတော်လှန်ရေးအပေါ် သဘောထား၊ တရုတ်တွေနဲ့ ကချင်တွေနဲ့ကြား ဆက်ဆံရေး၊ လိုင်ဇာမြို့က အမှတ်ရစရာတွေအကြောင်း ဒီတပတ် ပြောပြထားပါတယ်။

Saturday Roundtable: အဆိုတော် မွန်းအောင်နဲ့ စနေစကားဝိုင်း အပိုင်း (၁) 12.12.2023

၂၀၂၁ ဖေဖော်ဝါရီ စစ်အာဏာသိမ်းဆန့်ကျင်ရေး မန္တလေး လူထုဆန္ဒပြပွဲမှာ "အရေးကြီးပြီ" သီချင်းကို လူထုနဲ့အတူ သံပြိုင်သီဆိုခဲ့ပုံတွေ၊ လွိုင်ကော်ကနေ မြို့ခံတွေနဲ့အတူ စစ်ရှောင်ခဲ့ရပုံတွေ၊ KIA ဌာနချုပ် လိုင်ဇာမြို့မှာ နေထိုင်ကြုံတွေ့ခဲ့ရတာတွေ၊ ချင်းမိုင်ဆီ ရှမ်းပြည်မြောက်ပိုင်းကို ရက် ၂၀ တောထဲတောင်ထဲ ဖြတ်ကျော်လာခဲ့ရပုံတွေကို တော်လှန်ရေးအဆိုတော် မွန်းအောင်နဲ့ ဇနီး မဆွေဆွေညွန့်တို့က ဧရာဝတီရဲ့ စတူဒီယို...

Editorial Talk: စစ်ပွဲရပ်ရန် တရုတ်ဆီ အကူအညီတောင်း 10.12.2023
CDM Soldiers Talk: ဒီတော်လှန်ရေး နိုင်ကိုနိုင်ရမယ်ဆိုတဲ့စိတ်နဲ့ပဲ ရပ်တည်နေတယ် 10.12.2023

လွတ်မြောက်နယ်မြေမှာ ပုန်းရှောင်ရင်း ကိုယ်ဝန်ပျက်ကျခဲ့ရတဲ့ မနွေဦးတယောက် စိတ်ပိုင်းရုပ်ပိုင်းဆိုင်ရာ ဘယ်လိုပြန်လည်ရုန်းထခဲ့လဲ၊ အိမ်ပြန်လို့ရမယ့်နည်းလမ်းက စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းသွားဖို့ပဲ ဖြစ်တယ်၊ နီးရာဓားလည်းကြောက်ရ၊ ပြည်သူတွေရဲ့အမုန်းကိုလည်း ခံနေရတဲ့ တပ်တွင်းမိသားစုတွေကို အမြန်ဆုံး ရုန်းထွက်စေချင်တယ်ဆိုတဲ့ CDM တပ်ကြပ်တဦးရဲ့ ဇနီးဖြစ်သူ မနွေဦးရဲ့ ပြောပြချက်တွေကို ဒီတပတ်ရဲ့ “ပြည်သူ့စစ်သား ရင်တွင်း...

Editorial Talk: 1027 စစ်ဆင်ရေး တလပြည့်နဲ့ အထိုင်ပျက်လာတဲ့ စစ်တပ် 03.12.2023
CDM Soldiers Talk: ဂျင်းထည့်ခံနေရတဲ့ တပ်တွင်းမိသားစုဝင်တွေ 03.12.2023

မွန်းကျပ်ပြီး ထွက်ပေါက်မရှိဖြစ်နေတဲ့၊ နီးရာဓားလည်း ကြောက်ရ၊ ပြည်သူတွေရဲ့ အမုန်းကိုလည်းခံရသလို ကိုယ့်ယောကျာ်းရှေ့တန်းမှာ အဖမ်းခံရ၊ အသတ်ခံလိုက်ရရင်တောင် သိခွင့်မရအောင် လိမ်ညာဖုံးဖိထားခံနေရတဲ့ တပ်တွင်းက မိသားစုဝင်တွေရဲ့ အခြေအနေတွေ စတဲ့ အကြောင်းအရာတွေကို ဒီတပတ်ရဲ့ “ပြည်သူ့စစ်သား ရင်တွင်းစကား” အစီအစဉ်မှာ နားဆင်နိုင်ပါပြီ။  

CDM Soldiers Talk: စစ်ရာဇဝတ်မှု ကျူးလွန်တဲ့သူတွေကို ဖမ်းမိတဲ့အခါ 26.11.2023

ဖမ်းမိထားတဲ့ အာဏာသိမ်းစစ်ကောင်စီတပ်ရဲ့ တိုက်လေယာဉ်မှူး ဗိုလ်မှူး ခိုင်သန့်မိုးဆီကနေ ဘယ်လိုတန်ဖိုးရှိတဲ့အချက်အလက်တွေ ရယူနိုင်မလဲ၊ စစ်ရာဇဝတ်မှု ကျူးလွန်တဲ့သူတွေကို ဖမ်းမိတဲ့အခါ ဘယ်လိုကိုင်တွယ်စီမံသင့်သလဲ၊ အာဏာသိမ်းစစ်ကောင်စီတပ်ရဲ့ စိတ်ဓာတ်စစ်ဆင်ရေး အလုပ်ဖြစ်သေးရဲ့လား စတဲ့ အကြောင်းအရာတွေကို ဒီတပတ်ရဲ့ “ပြည်သူ့စစ်သား ရင်တွင်းစကား” အစီအစဉ်မှာ နားဆင်နိုင်ပါပြီ။

Editorial Talk: တရုတ်ဆန့်ကျင်ရေး မီးမွှေးတာ စစ်ကောင်စီလို့ ပြောလို့ရတယ် 26.11.2023
Editorial Talk: "စစ်တပ်မှာ အောင်စိတ် မရှိတော့ဘူး" 19.11.2023
Editorial Talk: "မဟာမိတ်တပ်တွေက စစ်ပြင်နေချိန်မှာ စစ်ဗိုလ်တွေက နေပြည်တော်မှာ သူခိုးဖမ်းပွဲလုပ်နေတာ" 12.11.2023

ဧရာဝတီရဲ့ ဒီတပတ် အယ်ဒီတာ့ စကားဝိုင်း အစီအစဉ်မှာတော့ "စစ်တပ်ပြိုသွားနိုင်သလား" ဆိုတဲ့ ခေါင်းစဉ်နဲ့ ဧရာဝတီ အယ်ဒီတာချုပ် အောင်ဇော်၊ မြန်မာပိုင်း သတင်းထောက်ချုပ် ကျော်ခ တို့က ဆွေးနွေးထားပါတယ်။ 

CDM Soldiers Talk: မင်းအောင်လှိုင်ကို အရာရှိကြီးတွေကအစ အယုံအကြည်မရှိတော့ဘူး 12.11.2023

ရှမ်းမြောက် အပါအဝင် နေရာအနှံ့မှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေအတွင်း အထိနာနေတဲ့ အာဏာသိမ်းစစ်တပ်ထဲ ဘယ်လောက်ထိဂယက်ထနေလဲဆိုတဲ့ တပ်တွင်းသတင်းတွေနဲ့အတူ ပန်လုံဗျူဟာကုန်းတိုက်ပွဲမှာ သေဆုံးသွားခဲ့တဲ့ ၉၉ တပ်မမှူး ဗိုလ်မှူးကြီး အောင်ကျော်လွင်အကြောင်းနဲ့ ယတြာတွေ၊ အဆောင်လက်ဖွဲ့တွေက တကယ်ပဲ အသက်အန္တရာယ်ကနေ ကာကွယ်ပေးနိုင်မှာလား စတဲ့ အကြောင်းအရာတွေကို ဒီတပတ်ရဲ့ “ပြည်သူ့စစ်သား ရင်တွင်းစကား” အစီအစဉ်မှာ နားဆင်နိုင်ပါပြီ...

Editorial Talk: မြောက်ပိုင်းမဟာမိတ်စစ်ဆင်ရေးအပေါ် တရုတ်သဘောထား ဘယ်လိုရှိလဲ 05.11.2023
CDM Soldiers Talk: စုံလုံးကန်းထောက်ခံနေမယ့်အစား ကိုယ့်အသက်ကိုယ် ရှာကြံမွေးဖို့ အကြံပေးချင်တယ် 05.11.2023

မြောက်ပိုင်းမဟာမိတ်ညီနောင် ၃ ဖွဲ့ရဲ့ ၁၀၂၇ စစ်ဆင်ရေးက မီးမောင်းထိုးပြလိုက်တဲ့ အာဏာသိမ်းစစ်တပ်ရဲ့ ခြေလျင်ခြေမြန်တပ်တွေရဲ့ တိုက်စွမ်းရည်ကျဆင်းနေမှု၊ မကြာသေးခင်ကမှ ဘက်ကူးပြောင်းလာတဲ့ စစ်သားတွေပြောပြတဲ့ ရှေ့တန်းထွက်အခြေအနေနဲ့ စစ်တပ်ရဲ့ အနှိမ်ခံအသုံးချခံဘဝကနေ ရုန်းထွက်ကြပါဆိုတဲ့ CDM ဗိုလ်တကြီးရဲ့ တိုက်တွန်းချက် စတဲ့ အကြောင်းအရာတွေကို ဒီတပတ်ရဲ့ “ပြည်သူ့စစ်သား ရင်တွင်းစကား” အစီအစဉ်မှာ နားဆင်နိုင်ပါပြီ။

Editorial Talk: ရှမ်းပြည်နယ်မြောက်ပိုင်းက ၁၀၂၇ စစ်ဆင်ရေး 29.10.2023
CDM Soldiers Talk: အပြုတ်တိုက်မယ်ကြားရင် ကြက်ပေါင်းခွက်လေးကိုင်ထားတဲ့ မင်းအောင်လှိုင်ကိုပဲ ပြေးမြင်မိတယ် 29.10.2023

တိုက်တိုင်းရှုံးနေတဲ့ စစ်ကောင်စီတပ်မှာ မုဆိုးမတွေ များလာနေသလို အင်အားပြဖို့အတွက် အသက်အရွယ်ကြီးရင့်တဲ့ စစ်သားတွေကိုပါ ရှေ့တန်းလိုက်ခိုင်းနေတဲ့အကြောင်း၊ KIA ရဲ့ မဟာမိတ်တွေအပေါ် ကျေးဇူးတင်ဂုဏ်ပြုကြောင်း ထုတ်ဖော်ပြောဆိုမှုဟာ ဘာသဘောဆောင်နေပါသလဲ၊ ရေးဘက်က ဒေါနစစ်ကြောင်းနဲ့မဟာမိတ်တွေရဲ့ အောင်မြင်မှု စတဲ့ အကြောင်းအရာတွေကို ဒီတပတ်ရဲ့ “ပြည်သူ့စစ်သား ရင်တွင်းစကား” အစီအစဉ်မှာ နားဆင်နိုင်ပါပြီ။

Editorial Talk: "ငြိမ်းချမ်းရေးက ပိုပြီးတော့ အလှမ်းဝေးသွားတာကို တွေ့ရတယ်" 22.10.2023

ဧရာဝတီရဲ့ ဒီတပတ် အယ်ဒီတာ့ စကားဝိုင်း အစီအစဉ်မှာတော့ "တိုက်နေတဲ့ အဖွဲ့တွေ မတက်တဲ့ အပစ်ရပ် နှစ်ပတ်လည်ပွဲ" ဆိုတဲ့ ခေါင်းစဉ်နဲ့ ဧရာဝတီ အယ်ဒီတာချုပ် အောင်ဇော်၊ မြန်မာပိုင်း သတင်းထောက်ချုပ် ကျော်ခ တို့က ဆွေးနွေးထားပါတယ်။

CDM Soldiers Talk: သူတို့ရတဲ့နောင်တတွေဟာ အချိန်လွန်သွားပြီ 22.10.2023

တပ်တွင်းက အာဏာအလွဲသုံးစားလုပ် အပြစ်ပေးအရေးယူမှုတွေ၊ တသက်တကျွန်းချမှတ်ခံရတဲ့ ဒုဗိုလ်ချုပ်ကြီးဟောင်း မိုးမြင့်ထွန်းတို့အမှုနောက်ကွယ်မှာ ဘာတွေရှိနေလဲ၊ အောင်ဂျာတပ်စခန်းတိုက်ပွဲမှာ စစ်ကူမပေးဘဲ ဖောက်ထွက်ခိုင်းတာကနေ အသက်ပါပေးလိုက်ရတဲ့ တပ်ရင်းမှူး၊ ဖိအားဒဏ်မခံနိုင်လို့ မိမိကိုယ်ကိုယ် အဆုံးစီရင်သွားတဲ့ ဆေးဗိုလ်ကြီး စတဲ့ အကြောင်းအရာတွေကို ဒီတပတ်ရဲ့ “ပြည်သူ့စစ်သား ရင်တွင်းစကား” အစီအစဉ်မှာ နားဆင်နိုင်ပါပြီ။

Editorial Talk: "ကချင်ကိုဘာလို့ ဦးတည်ပြီး တိုက်နေသလဲ" 15.10.2023

ဧရာဝတီရဲ့ ဒီတပတ် အယ်ဒီတာ့ စကားဝိုင်း အစီအစဉ်မှာတော့ "အကြမ်းဖက်စစ်ဆင်ရေးနဲ့ ငြိမ်းချမ်းရေးရမှာမဟုတ်" ဆိုတဲ့ ခေါင်းစဉ်နဲ့ ဧရာဝတီ အယ်ဒီတာချုပ် အောင်ဇော်၊ မြန်မာပိုင်း သတင်းထောက်ချုပ် ကျော်ခ တို့က ဆွေးနွေးထားပါတယ်။

CDM Soldiers Talk: KIA ကို သူတို့ အပြုတ်မဖြုတ်နိုင်ဘူး 15.10.2023

ကလေးငယ်တွေ အပါအဝင် လူအစုလိုက်အပြုံလိုက် သေဆုံးစေခဲ့တဲ့ မုန်လိုင်ခက်စစ်ရှောင်စခန်း တိုက်ခိုက်ခံရမှု ဘာလက်နက်တွေအသုံးပြုခဲ့လဲ၊ စစ်တပ်က KIA ကို စစ်ရေးအရ ဘာကြောင့် ဖိအားပေးလာနေသလဲ စတဲ့ ဆွေးနွေးသုံးသပ်ချက်တွေကို ဒီတပတ်ရဲ့ “ပြည်သူ့စစ်သား ရင်တွင်းစကား” အစီအစဉ်မှာ နားဆင်နိုင်ပါပြီ။

Editorial Talk: "ပွဲလုပ်ရုံနဲ့ ငြိမ်းချမ်းရေးမရဘူး" 08.10.2023

ဧရာဝတီရဲ့ ဒီတပတ် အယ်ဒီတာ့ စကားဝိုင်း အစီအစဉ်မှာတော့ "စစ်ကောင်စီရဲ့ NCA နှစ်ပတ်လည်ပွဲ ဘယ်သူတွေ တက်မလဲ" ဆိုတဲ့ ခေါင်းစဉ်နဲ့ ဧရာဝတီ အယ်ဒီတာချုပ် အောင်ဇော်၊ မြန်မာပိုင်း သတင်းထောက်ချုပ် ကျော်ခ တို့က ဆွေးနွေးထားပါတယ်။

CDM Soldiers Talk: ပြည်သူ့စစ်ဆိုတာ အချင်းချင်းရန်တိုက်ပေးနေတာ  08.10.2023

 အာဏာသိမ်းစစ်တပ်ရဲ့ ပြည်သူ့စစ်ဖွဲ့စည်းမှု ဘာကိုဦးတည်နေသလဲ၊ ပြည်သူ့စစ်တွေ ပိုမိုစုဆောင်းလာနိုင်တဲ့အခါ၊ လိုသလောက် အင်အားတွေရလာတဲ့အခါ တော်လှန်ရေးအင်အားစုတွေအတွက် သတိထားစရာ၊ စိုးရိမ်စရာတွေက ဘာတွေဖြစ်မလဲ စတဲ့ အကြောင်းအရာတွေကို ဒီတပတ်ရဲ့ “ပြည်သူ့စစ်သား ရင်တွင်းစကား” အစီအစဉ်မှာ နားဆင်နိုင်ပါပြီ။

Listen to the The Irrawaddy Newscast - Burmese Edition podcast in Replaio

Radio and podcasts in one app - free, with no sign-up. Install today and do not miss the launch

Get it on Google Play

Replaio is not a podcast publisher; show names, artwork and audio belong to their authors and are distributed through public RSS feeds.