The Irrawaddy

The Irrawaddy Newscast - Burmese Edition

News EN ↓ 540 episodes

The Irrawaddy Newscast - Burmese Edition သည် ဧရာဝတီ သတင်းဌာန၏ Podcast အသံလွှင့်အစီအစဉ် ဖြစ်ပြီး မြန်မာ့နိုင်ငံရေး စီးပွားရေးနှင့် လူမှုရေးရာ အဖြာဖြာပေါ် သတင်းဝေဖန်သုံးသပ်ချက်၊ တွေ့ဆုံမေးမြန်းခန်း များနှင့် သတင်းဆောင်းပါးများကို နားဆင်နိုင်ပါသည်။

Author

The Irrawaddy

Category

News

Podcast website

burma.irrawaddy.com

Latest episode

Jul 11, 2026

Where to listen?

Podcasts in the app Replaio Radio Coming soon

Podcasts are coming to the app soon. Install now and be the first to see a whole new take on podcasts

Get it on Google Play Install for free Android 5M+ downloads · 4.8 rating iOS soon

Episodes

CDM Soldiers Talk: ယိုယွင်းလာတဲ့ စကစ လေတပ် 03.03.2024

ဖေဖော်ဝါရီ ၂၉ ရက်တုန်းက ပျက်ကျခဲ့တဲ့ MiG29 လေယာဉ်အကြောင်း အပါအဝင် လေတပ်စခန်းဌာနချုပ်တွေနဲ့ ဘယ်လေတပ်စခန်းက ဘယ်ဒေသတွေကို ဗုံးကြဲတိုက်ခိုက်နေလဲ၊ စက်ချို့ယွင်းမှုဖြစ်ပြီး ပျက်ကျမှုတွေ မကြာခဏ ဘာကြောင့်ဖြစ်နေလဲ စတဲ့ အကြောင်းအရာတွေကို ဒီတပတ်ရဲ့ “ပြည်သူ့စစ်သား ရင်တွင်းစကား” အစီအစဉ်မှာ နားဆင်နိုင်ပါပြီ။ This article is supported by the Transition Promotion Programme, Ministry of Foreign Affairs of the Czec...

Saturday Roundtable: ယာကူဇာနဲ့ ယူရေနီယမ် မှောင်ခိုမှုက ပေးတဲ့အတွေးများ 02.03.2024

ဒီတပတ်စနေသတင်းစကားဝိုင်းမှာ တဒေါ်လာ ၃၉၀၀ ကျပ်ဆီ ပြန်ရောက်နိုင်လား၊ ယာကူဇာနဲ့ ယူရေနီယမ် မှောင်ခိုမှုက ပေးတဲ့အတွေးများအကြောင်းတွေ သုံးသပ်ဆွေးနွေးထားတာ နားဆင်နိုင်ပါတယ်။

Editorial Talk: နိုင်ငံကနေ ထွက်ခွာဖို့ ကြိုးစားနေတဲ့ လူတန်းစား အသစ်တရပ်ပေါ်လာပြီ 25.02.2024

ဧရာဝတီရဲ့ ဒီတပတ် အယ်ဒီတာ စကားဝိုင်းမှာ "မြန်မာရဲ့ စစ်မှုထမ်း ဥပဒေရိုက်ခတ်မှု ထိုင်းဘယ်လိုကိုင်တွယ်မလဲ " ဆိုတဲ့ ခေါင်းစဉ်နဲ့ ဧရာဝတီရဲ့ အယ်ဒီတာချုပ် အောင်ဇော်နဲ့ မြန်မာပိုင်း အယ်ဒီတာ ကျော်ခ တို့က ဆွေးနွေးထားပါတယ်။

CDM Soldiers Talk: စကစ ဆက်သွယ်ရေးတပ်က ဘယ်လောက် အရေးပါလဲ 25.02.2024

ဆက်သွယ်ရေးတပ်ကနေ CDM လုပ်လာတဲ့ ဗိုလ်ကြီးတဦးပြောပြတဲ့ ဆက်သွယ်ရေးတပ်၊ ရှေ့တန်းနဲ့ နောက်တန်း ဆက်သွယ်မှုကွန်ရက်နဲ့ ကြားဖြတ်ဖမ်းယူမှုတွေကို ဘယ်လိုရှောင်ရှားနိုင်မလဲ စတဲ့ အကြောင်းအရာတွေကို ဒီတပတ်ရဲ့ “ပြည်သူ့စစ်သား ရင်တွင်းစကား” အစီအစဉ်မှာ နားဆင်နိုင်ပါပြီ။

Saturday Roundtable: မြန်မာတွေ အကုန်လုံး ပြည်ပထွက်တော့မယ် 24.02.2024

ဒီတပတ် စနေသတင်းစကားဝိုင်းမှာ စစ်ကောင်စီက ကမူးရှူးထိုးနဲ့ အတင်းအဓမ္မ ပြဌာန်းလာတဲ့ စစ်မှုမထမ်းမနေရ ဥပဒေရဲ့ နောက်ဆက်တွဲအကျိုးဆက်တွေအကြောင်း အထူးပြုဆွေးနွေးထားတာကို နားဆင်နိုင်ပါတယ်။

Editorial Talk: မိဘတွေက သူတို့ရဲ့ သားသမီးတွေကို သတ်ကွင်းပို့မှာ စိုးရိမ်နေကြတယ် 18.02.2024

ဧရာဝတီရဲ့ ဒီတပတ် အယ်ဒီတာ့စကားဝိုင်း အစီအစဉ်မှာ "စစ်မှုထမ်းဥပဒေကို ဘယ်လိုတုန့်ပြန်ကြမလဲ" ဆိုတဲ့ ခေါင်းစဉ်နဲ့ ဧရာဝတီ မြန်မာပိုင်း အယ်ဒီတာ ကျော်ခ၊ အယ်ဒီတာချုပ် အောင်ဇော် တို့က ဆွေးနွေးထားပါတယ်။ 

CDM Soldiers Talk: စကစ ရှုံးနေပါပြီလို့ ဝန်ခံလိုက်တာပဲ 18.02.2024

စစ်မှုထမ်းဥပဒေ အသက်ငင်နေတဲ့ စစ်တပ်အတွက် တကယ် အသုံးဝင်နိုင်မလား၊ တော်လှန်ရေးအင်အားစုတွေဘက်ကိုရော ဘယ်လိုရိုက်ခတ်မှုတွေ ရှိလာနိုင်လဲ စတဲ့ CDM ဗိုလ်ကြီး ထက်မြက်ရဲ့ ဆွေးနွေးချက်တွေကို ဒီတပတ်ရဲ့ “ပြည်သူ့စစ်သား ရင်တွင်းစကား” အစီအစဉ်မှာ နားဆင်နိုင်ပါပြီ။

Saturday Roundtable: စစ်ကောင်စီ သွေးရူးသွေးတန်း ဖြစ်နေပြီ 17.02.2024

ဒီတပတ် စနေသတင်းစကားဝိုင်းမှာ စစ်ကောင်စီ သွေးရူးသွေးတန်းနဲ့ စစ်သားစုဆောင်းနေတယ်၊ စစ်အာဏာရှင်စနစ်အလွန် ပြည်ထောင်စုသစ် ဘာလဲ ဘယ်လဲ၊ ဖယ်ဒရယ်နဲ့မပြီး ဒီမိုကရေစီပါ လိုတယ်ဆိုတဲ့ SNLD တွဲဖက်အတွင်းရေးမှူး စိုင်းကျော်ညွန့် အင်တာဗျူးတွေကို နားဆင်နိုင်ကြပါတယ်။

Editorial Talk: စစ်ကောင်စီ အနေနဲ့ သူ့ရဲ့သေတွင်း သူတူးနေတယ်လို့ သုံးသပ်လို့ရပါတယ် 14.02.2024

ဧရာဝတီရဲ့ ဒီတပတ် အယ်ဒီတာ့ စကားဝိုင်းအစီအစဉ်မှာတော့ "ပြည်သူတွေ စိုးရိမ်နေတဲ့ ပြည်သူ့စစ်မှုထမ်း ဥပဒေ" ဆိုတဲ့ ခေါင်းစဉ်နဲ့ ဧရာဝတီ မြန်မာပိုင်း အယ်ဒီတာ ကျော်ခနဲ့ အယ်ဒီတာချုပ် အောင်ဇော် တို့က ဆွေးနွေးထားပါတယ်။ 

Editorial Talk: စစ်တပ်ကို အရေးယူဖို့ ကိစ္စမှာ နိုင်ငံတကာကတော့ သွားမပါတဲ့ ကျားဖြစ်နေတာပေါ့ 11.02.2024

ဧရာဝတီရဲ့ ဒီတပတ် အယ်ဒီတာ့ စကားဝိုင်းအစီအစဉ်မှာတော့ "စစ်တပ်ကျူးလွန်တဲ့ ရာဇဝတ်မှုတွေကို ဘယ်သူက အရေးယူမှာလဲ" ဆိုတဲ့ ခေါင်းစဉ်နဲ့ ဧရာဝတီ မြန်မာပိုင်း အယ်ဒီတာ ကျော်ခနဲ့ အယ်ဒီတာချုပ် အောင်ဇော် တို့က ဆွေးနွေးထားပါတယ်။

CDM Soldiers Talk: ရဲဘက်စခန်းကနေ ထွက်ပြေးလွတ်မြောက်လာတဲ့ CDM ဗိုလ်ကြီး 11.02.2024

အာဏာသိမ်းပြီးခါစ CDM မလုပ်ခင် ဝါဒဖြန့်ချိရေး တာဝန်တွေ ထမ်းဆောင်ခဲ့ရပြီး လွှတ်တော်ကိုယ်စားလှယ် ဖြစ်ခဲ့တဲ့ ဆက်သွယ်ရေးတပ်က ဗိုလ်ကြီး ဘုဏ်းသိုက်ရဲ့ စွန့်စားခန်းတွေအကြောင်း ကိုယ်တွေ့ပြောပြတာ ဒီတပတ် နားဆင်နိုင်ပါတယ်။

Saturday Roundtable: AA က အနိုင်ယူလာတဲ့ ရခိုင်စစ်မျက်နှာ 10.02.2024

ဒီတပတ် စနေစကားဝိုင်းမှာ တရိပ်ရိပ်တက်နေတဲ့ ကုန်ဈေးနှုန်းတွေ၊ ဆိုရှယ်မီဒီယာမှာ တိတ်ဆိတ်နေတဲ့ အကယ်ဒမီ ဆုပေးပွဲနဲ့ AA က အနိုင်ယူလာတဲ့ ရခိုင်စစ်မျက်နှာ အကြောင်းတွေကို နားဆင်နိုင်ကြပါတယ်။

Editorial Talk: ၆ လသက်တမ်း ၅ ခါတိုးတော့ တိုင်းပြည်က နှစ် ၃၀ နောက်ပြန်ရောက်သွားတာပေါ့ 04.02.2024

ဧရာဝတီက အပတ်စဉ်တင်ဆက်နေတဲ့ အယ်ဒီတာစကားဝိုင်းရဲ့ ဒီတပတ်အစီအစဉ်မှာတော့ "၆ လသက်တမ်းတိုးတော့ သာမန်အခြေအနေပြန်ရောက်မှာလား" ဆိုတဲ့ ခေါင်းစဉ်နဲ့ ဧရာဝတီ ရဲ့ အယ်ဒီတာချုပ် အောင်ဇော်နဲ့ မြန်မာပိုင်း အယ်ဒီတာ ကျော်ခ တို့က ဆွေးနွေးထားပါတယ်။ 

Saturday Roundtable: နိုင်ငံတော်သစ္စာဖောက်တာ ၃ နှစ်ရှိပြီ 03.02.2024

ဒီတပတ် စနေသတင်းစကားဝိုင်းမှာ မင်းအောင်လှိုင် နိုင်ငံတော်ကို သစ္စာဖောက်တာ ၃ နှစ်ရှိပြီ၊ တရုတ်ကို ကြောက်နေရတဲ့ နေပြည်တော်စစ်ကောင်စီနဲ့ ဂေးသင်္ဘောကြီးပေါ်က ဥက္ကာမင်းမောင် အင်တာဗျူးတွေကို နားဆင်နိုင်ပါတယ်။ 

CDM Soldiers Talk: လေတပ်လည်း တုန်လှုပ်ခြောက်ခြားနေပြီ 28.01.2024

 လေတပ် တစီးပြီးတစီး ပစ်ချခံနေရတဲ့ အခြေအနေ၊ လေတပ်က ဗုံးခိုကျင်းတူးနေရတဲ့အဖြစ်၊ လေတပ်က စစ်သားတွေ ဘက်ကူးပြောင်းဖို့ ဆက်သွယ်လာနေပြီ ဆိုတဲ့ အခြေအနေတွေကို ဒီတပတ် နားဆင်နိုင်ပါပြီ။

Saturday Roundtable: ကရင် BGF တပ်တွေ မြဝတီပြန်ဆုတ်တဲ့အခါ 27.01.2024

ဒီတပတ် စနေသတင်းစကားဝိုင်းမှာ ကရင်နယ်ခြားစောင့်တပ်တွေကို စောချစ်သူ ဘာကြောင့် ပြန်ဆုတ်ခိုင်းတာလဲ၊ ဒေါ်လာဈေးတွေ တက်လာပြန်ပြီနဲ့ စစ်ခေါင်းဆောင် မင်းအောင်လှိုင် ရှေ့ရေး ဘာလဲ ဘယ်လဲ ဧရာဝတီ အယ်ဒီတာချုပ် အောင်ဇော်ရဲ့ သုံးသပ်ချက်တွေကို နားဆင်နိုင်ကြပါတယ်။

CDM Soldiers Talk: တပ်တွင်းပုန်ကန်မှု ဖြစ်လာတော့မလား 21.01.2024

အာဏာသိမ်းစစ်တပ်အနေနဲ့ မြို့တွေနဲ့စခန်းပေါင်းများစွာ လက်လွှတ်ဆုံးရှုံးရပြီး စစ်ရေးအရ အရေးနိမ့်နေချိန် စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို တပ်ချုပ်ရာထူးကနေ နုတ်ထွက်ဖို့၊ တပ်ချုပ်ရာထူးကို ဒုတပ်ချုပ်ထံအပ်ဖို့ စစ်တပ်ထောက်ခံသူတွေနဲ့ မသဘသတွေကိုယ်တိုင်က တောင်းဆိုလာနေမှု တပ်တွင်းမှာ ပုန်ကန်မှုတွေ ဖြစ်လာတော့မလား၊ ဖြစ်သမျှအရာအားလုံး စစ်ခေါင်းဆောင်အပေါ် ထိုးချဖို့ ကြံနေကြတာလား စတဲ့ CDM ဗိုလ်က...

Saturday Roundtable: စစ်တွေက နေ့လားညလား ဖြစ်နေပြီ 20.01.2024

ဒီတပတ် စနေသတင်းစကားဝိုင်းမှာ မြန်မာ့အရေး ထိုင်းအစိုးရရဲ့ မူဝါဒသစ်၊ စစ်တွေက နေ့လားညလားဖြစ်နေပြီနဲ့ ရှမ်းမြောက်စစ်ပွဲအပေါ် ရှမ်းလူထုသဘောထားတို့ကို ဆွေးနွေးတင်ပြထားပါတယ်။

Editorial Talk: တရုတ်က ဒီစစ်ပွဲကို ရပ်ခိုင်းလို့ ရပ်မယ်ဆိုတာ မဖြစ်နိုင်ဘူး 16.01.2024

ဧရာဝတီရဲ့ ဒီတပတ် အယ်ဒီတာ့ စကားဝိုင်း အစီအစဉ်မှာတော့ "တရုတ်ဖိအားနဲ့ ၁၀၂၇ စစ်ဆင်ရေး ရပ်သွားမလား" ဆိုတဲ့ ခေါင်းစဉ်နဲ့ ဧရာဝတီ အယ်ဒီတာချုပ် အောင်ဇော်၊ မြန်မာပိုင်း အယ်ဒီတာ ကျော်ခ တို့က ဆွေးနွေးထားပါတယ်။

Editorial Talk: စစ်တပ်က စနစ်တကျ ပြိုကွဲနေတဲ့ လက်နက်ကိုင်အဖွဲ့အစည်းတခုဖြစ်တယ် 14.01.2024

ဧရာဝတီရဲ့ ဒီတပတ် အယ်ဒီတာ့ စကားဝိုင်း အစီအစဉ်မှာတော့ "အလံဖြူထောင်တဲ့ စစ်တပ်ဖြစ်သွားပြီ" ဆိုတဲ့ ခေါင်းစဉ်နဲ့ ဧရာဝတီ အယ်ဒီတာချုပ် အောင်ဇော်၊ မြန်မာပိုင်း အယ်ဒီတာ ကျော်ခ တို့က ဆွေးနွေးထားပါတယ်။

CDM Soldiers Talk: အပူပေါ် အပူဆင့်နေတဲ့ စစ်ခေါင်းဆောင် မင်းအောင်လှိုင် 14.01.2024

ဒကစ လောက်ကိုင် လက်နက်ချအညံ့ခံမှု စစ်ခေါင်းဆောင်အတွက် ဘယ်လောက်ထိ အကျပ်ရိုက်နေပြီလဲ၊ အောက်ခြေစစ်သားတွေ အချင်းချင်းကြားက သွေးကွဲမှုနဲ့ ဖရိုဖရဲအခြေအနေတွေ၊ တပ်မ ၁၀၁ တပ်မမှူး ဗိုလ်မှူးချုပ် မင်းမင်းထွန်းလို အဆင့်မြင့်အရာကြီးတယောက် တော်လှန်ရေးတပ်ဖွဲ့တွေလက်ထဲ အရှင်လတ်လတ် ရောက်လာမှုဟာ စစ်ခေါင်းဆောင်ရဲ့ စွမ်းဆောင်ရည်ညံ့ဖျင်းမှုကို ပြသနေတယ် စသဖြင့် CDM ဗိုလ်ကြီး ထက်မြက်ရဲ့ သုံးသပ်ပြောဆိုချက်တွေကို ဒီတပတ်ရဲ့...

Saturday Roundtable: လားရှိုးကို တရုတ်ကယ်လိုက်တယ် 13.01.2024

ဧရာဝတီ ပြန်လည်ထုတ်လွှင့်လိုက်တဲ့ ဒီတပတ် ဧရာဝတီရဲ့ စနေသတင်းစကားဝိုင်းမှာ တရုတ်က ဖိအားပေး အပစ်ရပ်ခိုင်းတဲ့ ရှမ်းမြောက်စစ်ပွဲ၊ စစ်ရှုံးနေတဲ့ စစ်ကောင်စီက ဘာသာရေးကို ခုတုံးလုပ်နေတယ်နဲ့ ကွယ်လွန်သူ အဆိုတော်ကြီး ဒေါ်မာမာအေး အမှတ်တရ အကြောင်းတွေကို ဆွေးနွေးတင်ပြထားပါတယ်။

Editorial Talk: "ရှမ်းမြောက်ကို စစ်တပ်က ပြန်တိုက်ဖို့ခက်ခဲမယ်" 07.01.2024

ဧရာဝတီရဲ့ ဒီတပတ် အယ်ဒီတာ့ စကားဝိုင်း အစီအစဉ်မှာတော့ "နိုင်ငံရေး၊ စစ်ရေး အကြပ်အတည်းတွေ ကြုံတွေ့ရဦးမယ့် ၂၀၂၄ " ဆိုတဲ့ ခေါင်းစဉ်နဲ့ ဧရာဝတီ အယ်ဒီတာချုပ် အောင်ဇော်၊ မြန်မာပိုင်း သတင်းထောက်ချုပ် ကျော်ခ တို့က ဆွေးနွေးထားပါတယ်။

CDM Soldiers Talk: ပြေးတာထက် လက်နက်ချအညံ့ခံတာက အကောင်းဆုံးပဲ 07.01.2024

အာဏာသိမ်းမှုဖြစ်စဉ်နောက်ပိုင်း KIA က သုံးစီးမြောက် ပစ်ချနိုင်ခဲ့တဲ့ စစ်တပ်ရဲ့ ထောက်ပို့ရဟတ်ယာဉ်၊ သံဘိုစခန်း တိုက်ခိုက်သိမ်းပိုက်ခံရမှုမှာတွေ့ရတဲ့ ဘတ်တံဆိပ်ပေါင်းစုံနဲ့ ယူနီဖောင်းတွေ၊ အမြဲတမ်းစာသင်နေရတဲ့သူကို ရှေ့တန်းထွက် စစ်တိုက်ခိုင်းနေရမှုတွေဟာ ဘာကိုဖော်ပြနေသလဲ၊ သံဘိုစခန်း သိမ်းပိုက်ခံရအပြီး မန်းလေးတိုင်းမှူးကိုယ်တိုင် ပြင်ဦးလွင်ဆင်း ကိုင်တွယ်နေတယ် စသဖြင့် CDM ဗိုလ်ကြီး ထက်မြက်ရဲ့ ပြောပြချက်တွေက...

Editorial Talk: "မျက်ဖြူဆိုက်လေ ပေါက်ဖော်ကြိုက်လေပဲ" 25.12.2023

ဧရာဝတီရဲ့ ဒီတပတ် အယ်ဒီတာ့ စကားဝိုင်း အစီအစဉ်မှာတော့ "၂၀၂၄ မှာ အပြောင်းအလဲတွေမြင်ရမလား" ဆိုတဲ့ ခေါင်းစဉ်နဲ့ ဧရာဝတီ အယ်ဒီတာချုပ် အောင်ဇော်၊ မြန်မာပိုင်း သတင်းထောက်ချုပ် ကျော်ခ တို့က ဆွေးနွေးထားပါတယ်။

Listen to the The Irrawaddy Newscast - Burmese Edition podcast in Replaio

Radio and podcasts in one app - free, with no sign-up. Install today and do not miss the launch

Get it on Google Play

Replaio is not a podcast publisher; show names, artwork and audio belong to their authors and are distributed through public RSS feeds.