The Irrawaddy

The Irrawaddy Newscast - Burmese Edition

News EN ↓ 540 episodes

The Irrawaddy Newscast - Burmese Edition သည် ဧရာဝတီ သတင်းဌာန၏ Podcast အသံလွှင့်အစီအစဉ် ဖြစ်ပြီး မြန်မာ့နိုင်ငံရေး စီးပွားရေးနှင့် လူမှုရေးရာ အဖြာဖြာပေါ် သတင်းဝေဖန်သုံးသပ်ချက်၊ တွေ့ဆုံမေးမြန်းခန်း များနှင့် သတင်းဆောင်းပါးများကို နားဆင်နိုင်ပါသည်။

Author

The Irrawaddy

Category

News

Podcast website

burma.irrawaddy.com

Latest episode

Jul 11, 2026

Where to listen?

Podcasts in the app Replaio Radio Coming soon

Podcasts are coming to the app soon. Install now and be the first to see a whole new take on podcasts

Get it on Google Play Install for free Android 5M+ downloads · 4.8 rating iOS soon

Episodes

CDM Soldiers Talk: ရှေ့တန်းသွားဖို့ သွေးပျက်နေတဲ့ စစ်ကောင်စီ တပ်သားတွေ 26.05.2024

ဒီတပတ်ရဲ့ ပြည်သူ့စစ်သား ရင်တွင်းစကား အစီစဉ်မှာတော့ စစ်ကောင်စီက သူရဲ့ မြောက်ပိုင်းတိုင်း တိုင်းစစ်ဌာနချုပ် မကျဖို့ နဲ့ ရခိုင်စစ်မြေပြင်မှာ ဘယ်လို တန်ပြန်တိုက်ခိုက်မှုတွေ လုပ်လာမလဲ၊ ရှေ့တန်းသွားရမယ်ဆိုတဲ့ အသံကြားတာနဲ့ သွေးပျက်နေတဲ့ စစ်ကောင်စီ တပ်သားတွေ စတဲ့ အကြောင်းအရာတွေကို နာဆင်နိုင်ပါပြီ။

CDM Soldiers Talk: ဗုံးကြဲနေကြတဲ့ စစ်ကောင်စီ ပိုင်းလော့တွေ 19.05.2024

စစ်ကောင်စီက တိုက်ပွဲဖြစ်ပွားရာ ဒေသတွေ အပါအဝင် အညာဒေသမှာ လေကြောင်းနဲ့ ဗုံးကြဲတာ၊ စက်သေနတ်နဲ့ ပစ်ခတ်တာ၊ အစုလိုက်အပြုံလိုက် သတ်ဖြတ်တာတွေကို ပြုလုပ်လာတဲ့အကြောင်း၊ စစ်ကောင်စီက လေယာဉ်ဆီရဖို့အတွက် ဘယ်လိုလမ်းကြောင်းတွေက သယ်ယူလာနိုင်လဲ စတဲ့ အကြောင်းအရာတွေကို အခုတပတ်ရဲ့ "ပြည်သူ့စစ်သားရင်တွင်းစကား အစီစဥ်" မှာ နားဆင်ရမှာဖြစ်ပါတယ်။

Saturday Roundtable: မြဝတီက ကျားဖြန့်တွေကို တကယ်နှိမ်နင်းမှာလား 18.05.2024

ဒီတပတ် စနေသတင်းစကားဝိုင်းမှာ ကရင် BGF ထိန်းချုပ်နယ်မြေထဲက အွန်လိုင်းငွေလိမ်လုပ်ငန်းတွေကို တကယ်နှိမ်နင်းမှာလား၊ ကွယ်လွန်သူ ဒူကဘာ ဂွ ခေါ် ဒုဗိုလ်ချုပ်ကြီး အာရ်ခေါင်လွမ်း အမှတ်တရ အဆိုတော် မွန်းအောင်ရဲ့ အလွမ်းတွေကို နားဆင်နိုင်ကြပါတယ်။

Editorial Talk: သက်ဆင်နဲ့ ဟွန်ဆန်ရဲ့ မြန်မာ့အရေးကြားဝင်မှု အလုပ်ဖြစ်မှာမဟုတ် 12.05.2024

သက်ဆင်နဲ့ ဟွန်ဆန်ရဲ့ မြန်မာ့အရေးကြားဝင်မှု အလုပ်ဖြစ်မှာမဟုတ် 

CDM Soldiers Talk: စစ်မှုထမ်းဟောင်းတွေပါ ထွက်ပြေးနေရပြီ 12.05.2024

စစ်တပ်ရဲ့ အရေးပါတဲ့ တပ်စခန်းကြီးတွေကို KIA က ထပ်မံသိမ်းပိုက်လိုက်မှု၊ စစ်ကောင်စီအတွက် သယ်ယူပို့ဆောင်ရေးရဟတ်ယာဉ်တွေ မလုံလောက်တော့ဘူးလား၊ စစ်မှုထမ်းဟောင်းတွေပါ စစ်မှုမထမ်းချင်လို့ ထွက်ပြေးတိမ်းရှောင်နေရပြီ စတဲ့ အကြောင်းအရာတွေကို ဒီတပတ်ရဲ့ “ပြည်သူ့စစ်သား ရင်တွင်းစကား” အစီအစဉ်မှာ နားဆင်နိုင်ပါပြီ။ This article is supported by the Transition Promotion Programme, Ministry of Foreign Affairs of the Czech...

Saturday Roundtable: စစ်ရှုံးနေတဲ့ စစ်ကောင်စီကို ဟွန်ဆန်နဲ့ သက်ဆင်လည်း မကယ်နိုင် 11.05.2024

ဒီတပတ် စနေသတင်းစကားဝိုင်းမှာ မြန်မာ့အရေး ချဉ်းကပ်လာတဲ့ ဟွန်ဆန်နဲ့ သက်ဆင်တို့ရဲ့ ခြေလှမ်းများ၊ အရှိန်မြင့်လာနေတဲ့ စစ်ကောင်စီဆန့်ကျင်ရေး စစ်ပွဲအပေါ် ဒေါ်မီမီဝင်းဘတ်ရဲ့ သုံးသပ်ချက်တွေကို နားဆင်နိုင်ပါတယ်။

Editorial Talk: မြဝတီ အခြေအနေဟာ အဖြူ၊ အမဲ မသဲကွဲသေးတဲ့ အနေအထားဖြစ်တယ် 28.04.2024

မြဝတီ အခြေအနေဟာ အဖြူ၊ အမဲ မသဲကွဲသေးတဲ့ အနေအထားဖြစ်တယ် 

CDM Soldiers Talk: မြဝတီ မဆုံးရှုံးစေဖို့ စစ်ကောင်စီ နည်းမျိုးစုံကြိုးစားနေ 28.04.2024

ဒီတပတ်ရဲ့ ပြည်သူ့စစ်သားရင်တွင်းစကား အစီစဉ်မှာ ပြည်သူတွေကြား လှုပ်လှုပ်ခတ်ခတ်နဲ့ စိုးရိမ်ပူပန်မှု၊ ဝေဖန်မှုတွေ ဖြစ်နေတဲ့ မြဝတီအခြေအနေ၊ အပတ်စဉ် ၂ စစ်သင်တန်းအတွက် အတင်းအဓမ္မ စုဆောင်းမှုတွေ လုပ်လာတဲ့အကြောင်း၊ စစ်မှုမထမ်းချင်တဲ့သူတွေ အနေနဲ့ ဘာတွေ သိထားသင့်လဲ စတဲ့ ဆွေးနွေးချက်တွေကို နားဆင်ရမှာ ဖြစ်ပါတယ်။

Saturday Roundtable: ကရင်အချင်းချင်းပြန်ပစ်မှာလား 27.04.2024

ဒီတပတ် စနေစကားဝိုင်းမှာ စောချစ်သူ ပဲ ဆက်လုပ်မယ်ဆိုတာ ကရင်အချင်းချင်းပြန်ပစ်ဖို့လားနဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေရော သတင်းလွတ်လပ်ခွင့် အာမခံမှာလား စတဲ့ အကြောင်းတွေ ဆွေးနွေးထားတာ နားဆင်နိုင်ပါတယ်။

Editorial Talk: ဒေါ်အောင်ဆန်းစုကြည်ကို ရွှေ့မရွှေ့ ခိုင်မာတဲ့ အချက်အလက် မရှိသေးဘူး 21.04.2024
CDM Soldiers Talk: အရှုံးပေါ်အရှုံးဆင့်နေတဲ့ စစ်ခေါင်းဆောင် 21.04.2024

စစ်ခေါင်းဆောင်နဲ့ ဒုစစ်ခေါင်းဆောင်တို့ကြားက ပိုမိုပြင်းထန်လာတဲ့ အကွဲအပြဲ၊ အာဏာလုဖို့ ကြံစည်လို့ ဖမ်းဆီးခံလိုက်ရတဲ့ စစ်ဗိုလ်ချုပ်ဟောင်းတွေ၊ စစ်ခေါင်းဆောင်တွေ သွားလေရာ ဘေးထိနေပြီလား၊ နိုင်ငံတော်အဆင့် အောင်ဇေယျစစ်ကြောင်း မြဝတီကို ရောက်နိုင်မလား စတဲ့ ဆွေးနွေးချက်တွေကို ဒီတပတ်ရဲ့ “ပြည်သူ့စစ်သား ရင်တွင်းစကား” အစီအစဉ်မှာ နားဆင်နိုင်ပြီ။ This article is supported by the Transition Promotion Programme, Min...

Saturday Roundtable: မြဝတီက အဆုံးအဖြတ် တိုက်ပွဲ 20.04.2024

ဒီတပတ် စနေသတင်းစကားဝိုင်းမှာ ဒေါ်အောင်ဆန်းစုကြည် အပြောင်းအရွှေ့သတင်းမှားကို စစ်ကောင်စီ ဘာကြောင့်ထုတ်လာသလဲနဲ့ တနိုင်ငံလုံးရဲ့ စစ်ပွဲချိန်ခွင်လျှာကို မြဝတီတိုက်ပွဲက ပြောင်းပစ်နိုင်တယ် စတဲ့အကြောင်းတွေ ဆွေးနွေးထားတာ နားဆင်နိုင်ပါတယ်။

Editorial Talk: စစ်ခေါင်းဆောင်တွေ ကောင်းကင်မော့ကြည့်ပြီး သင်္ကြန်ရေကစားရမယ့် အခြေအနေမျိုးပါ 14.04.2024

ဧရာဝတီရဲ့ ဒီတပတ် အယ်ဒီတာ့ စကားဝိုင်း အစီအစဉ်မှာတော့ "မြဝတီ ဘယ်လောက် အရေးပါလဲ" ဆိုတဲ့ ခေါင်းစဉ်နဲ့ ဧရာဝတီအယ်ဒီတာချုပ် အောင်ဇော်နဲ့ မြန်မာပိုင်း အယ်ဒီတာ ကျော်ခ တို့က ဆွေးနွေးထားတာဖြစ်ပါတယ်။

CDM Soldiers Talk: မတိုက်ဖို့ ညှိနှိုင်းတဲ့အဆင့်ထိ ဖြစ်နေပြီ 07.04.2024

နေပြည်တော် အေလာ လေဆိပ်တိုက်ခိုက်ခံရမှု အပါအဝင် ယောယုံ၊ စိန်လုံတို့လို စခန်းကြီးတွေကို သိမ်းပိုက်လိုက်နိုင်ခြင်းက KIA အတွက် စစ်ရေးအရ ဘယ်လိုအားသာချက်တွေ ရှိလာနိုင်မလဲ၊ ပြည်သူလူထုရဲ့ အိုးအိမ်တွေကို တွေ့ကရာ တံဆိပ်ကပ် စွပ်စွဲပြီး မတရားချိတ်ပိတ်ခဲ့တဲ့သူတွေ လွယ်ဂျယ်မှာ ဝဋ်လည်နေပြီ စတဲ့ CDM ဗိုလ်ကြီး ထက်မြတ်ရဲ့ ဆွေးနွေးချက်တွေကို ဒီတပတ်ရဲ့ "ပြည်သူ့စစ်သား ရင်တွင်းစကား" အစီအစဥ်မှာ နားဆင်နိုင်ပါပြီ...

Saturday Roundtable: တရုတ်ကြောင့် ရခိုင်နဲ့ ကချင်က စစ်ပွဲတွေ ရပ်သွားမလား 06.04.2024

ဒီတပတ် စနေသတင်းစကားဝိုင်းက နယ်စပ်မှာ စစ်ရေးလေ့ကျင့်ပြီး နေပြည်တော်မှာ စစ်ခေါင်းဆောင် အသစ်ရော အဟောင်းရောတွေနဲ့ပါ သွားတွေ့ခဲ့တဲ့ တရုတ်နိုင်ငံဟာ မြန်မာပြည်က စစ်ပွဲတွေ ရပ်ဖို့ ဖိအားပေးနေတာကြောင့် လတ်တလော ရခိုင်နဲ့ ကချင်က စစ်ဆင်ရေးတွေ ရပ်သွားမလား၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဂွင်ပျက်လို့ အသစ်ပြန်ဖွဲ့တဲ့ အပစ်ရပ် မဟာမိတ် ၇ ဖွဲ့ရဲ့ ခြေလှမ်းတွေ ဘာလဲ ဘယ်လဲ စတဲ့အကြောင်းတွေ ဆွေးနွေးသုံးသပ်ထားပါတယ်။  

CDM Soldiers Talk : မဟူရာသချိုင်း၊ ပြည်သူ့ကျိန်စာနဲ့ မင်းအောင်လှိုင်စစ်တပ် 31.03.2024

စစ်တပ်ရဲ့ ဖွဲ့စည်းပုံ ပျက်နေတာ ပြသလိုက်တဲ့ တပ်မတော်နေ့ အခမ်းအနား၊ မဟူရာသချိုင်းမှာ ပျက်ကျသွားတဲ့ ရဟတ်ယာဉ်နဲ့ လေတပ်ထဲက ယတြာတွေ စတဲ့ ဆွေးနွေးချက်တွေကို ဒီတပတ်ရဲ့ “ပြည်သူ့စစ်သား ရင်တွင်းစကား” အစီအစဉ်မှာ နားဆင်နိုင်ပါပြီ။

Saturday Roundtable: မိသားစုအတွင်းရေးထက် ကျော်လွန်နေတဲ့ ခြံအမှတ် ၅၄ 30.03.2024

ဒီတပတ်စနေသတင်းစကားဝိုင်းမှာ ဗေဒင်ယတြာများကြားက တပ်မတော်နေ့ စစ်ရေးပြပွဲနဲ့ မိသားစုအတွင်းရေးထက် ကျော်လွန်နေတဲ့ ခြံအမှတ် ၅၄ အကြောင်းတွေ ဆွေးနွေးသုံးသပ်ထားတာ နားဆင်နိုင်ပါတယ်။ စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။ Support The Irrawaddy: https://bit.ly/3btQYpR

CDM Soldiers Talk: စစ်မှုထမ်းဥပဒေဆိုတာ အတင်းအဓမ္မ လူသစ်စုဆောင်းတာပါ 24.03.2024

စစ်မှုထမ်းဥပဒေကို အသုံးချပြီး အတင်းအကျပ် စစ်သားသစ် စုဆောင်းလာနေတဲ့ စစ်ကောင်စီ၊ လူငယ်တွေ တကယ်ပဲ စစ်မှုထမ်းရတော့မလား၊ စစ်တပ်ရဲ့ လေ့ကျင့်ရေးတပ်တွေအကြောင်းနဲ့ အဲဒီကျောင်းတွေမှာ လူငယ်တွေအနေနဲ့ ဘာတွေကြုံရနိုင်မလဲ စတဲ့ ဆွေးနွေးချက်တွေကို ဒီတပတ်ရဲ့ “ပြည်သူ့စစ်သား ရင်တွင်းစကား” အစီအစဉ်မှာ နားဆင်နိုင်ပါပြီ။

Editorial Taik: စစ်တပ်က မြေပြင်မှာ စစ်ရှုံးနေပြီ 17.03.2024

ဧရာဝတီရဲ့ ဒီတပတ် အယ်ဒီတာ့ စကားဝိုင်းအစီအစဉ်မှာတော့ "စစ်တပ်ကို အပြတ်ချေမှုန်းမလား" ဆိုတဲ့ ခေါင်းစဉ်နဲ့ ဧရာဝတီ မြန်မာပိုင်း အယ်ဒီတာ ကျော်ခနဲ့ အယ်ဒီတာချုပ် အောင်ဇော် တို့က ဆွေးနွေးထားပါတယ်။

CDM Soldiers Talk: မခံတမ်း ဆုတ်စစ်ဖြစ်သွားတဲ့ ဖလူးစခန်း 17.03.2024

ကရင်နဲ့ ကချင်ဘက်က စစ်ရေးအခြေအနေတွေ အပါအဝင် ၅ မိနစ်နဲ့ KNLA ပူးပေါင်းတပ်တွေ သိမ်းပိုက်နိုင်ခဲ့တဲ့ ကရင်ပြည်နယ်က ဖလူး မဆုတ်တမ်းခံစစ်စခန်းဆိုတာ ဘယ်လိုစခန်းမျိုးလဲ၊ ဘယ်လောက်ထိအရေးပါလဲ စသဖြင့် CDM ဗိုလ်ကြီး ထက်မြတ်ရဲ့ ပြောပြချက်တွေကို ဒီတပတ်ရဲ့ “ပြည်သူ့စစ်သား ရင်တွင်းစကား” အစီအစဉ်မှာ နားဆင်နိုင်ပါပြီ။

Saturday Roundtable: ဒီနှစ်အတွင်း ကချင်ပြည်ကို ကေအိုင်အေ သိမ်းမလား 16.03.2024

ဒီတပတ် စနေသတင်းစကားဝိုင်းမှာ ရွှေလုပ်ငန်းရှင်တွေကို စစ်ကောင်စီ ဖမ်းနေတယ်နဲ့ ဒီနှစ်အတွင်း ကချင်ပြည်ကို ကေအိုင်အေ သိမ်းမလား အကြောင်းတွေ ဆွေးနွေးတင်ပြထားတာ နားဆင်နိုင်ပါတယ်။

CDM Soldiers Talk: ဖိုဝါဒကြီးစိုးတဲ့ တပ်တွင်းက အမျိုးသမီးတွေရဲ့ ဘဝ 10.03.2024

ဖိုဝါဒကြီးစိုးတဲ့ စစ်တပ်တွင်းက အမျိုးသမီးတွေရဲ့ဘဝ၊ အမျိုးသမီးတွေအပေါ် စစ်တပ်ရဲ့ ပစ်မှတ်ထား ခြိမ်းခြောက် တိုက်ခိုက်မှုတွေအကြောင်း တော်လှန်အမျိုးသမီးတဦးဖြစ်သူ မစုသစ်ရဲ့ ပြောပြချက်တွေကို ဒီတပတ်ရဲ့ “ပြည်သူ့စစ်သား ရင်တွင်းစကား” အစီအစဉ်မှာ နားဆင်နိုင်ပါပြီ။

Editorial Talk: မင်းအောင်လှိုင်အလွန် ကာလကို ကြည့်နေပြီလား 10.03.2024

ဧရာဝတီရဲ့ ဒီတပတ် အယ်ဒီတာစကားဝိုင်းအစီအစဉ်မှာတော့ "ထိုင်းပါလီမန်မှာ ကျင်းပခဲ့တဲ့ မြန်မာ့အရေးဆွေးနွေးပွဲ" နဲ့ပတ်သက်ပြီး ဧရာဝတီ မြန်မာပိုင်း တာဝန်ခံ အယ်ဒီတာ ရဲနည်နဲ့ အယ်ဒီတာချုပ် အောင်ဇော် တို့က ဆွေးနွေးထားကြပါတယ်။

Saturday Roundtable: ဘာလဲဟဲ့ အမျိုးသမီးများနေ့ 09.03.2024

ဒီတပတ် စနေသတင်းစကားဝိုင်းမှာ  အမျိုးသမီး အယ်ဒီတာတွေ ဆွေးနွေးထားတဲ့ အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ အထိမ်းအမှတ် စကားဝိုင်းနဲ့ ထိုင်းပါလီမန်ရဲ့ ပထမဆုံး မြန်မာ့အရေး ဆွေးနွေးပွဲ တက်ရောက်ခဲ့သူတွေနဲ့ စကားဝိုင်း ၂ ဝိုင်း နားဆင်နိုင်ပါတယ်။

Editorial Talk: ချိနဲ့နေတဲ့ စစ်ကောင်စီကို အားဆေးသွားတိုက်ရင် ပြည်သူ့ဒေါသသင့်လိမ့်မယ် 03.03.2024

ဧရာဝတီရဲ့ ဒီတပတ် အယ်ဒီတာ့ စကားဝိုင်း အစီအစဉ်မှာတော့ "တရုတ်ရဲ့ကြားဝင်မှုက တော်လှန်ရေးအပေါ် ဘယ်လောက်ရိုက်ခတ်လဲ" ဆိုတဲ့ ခေါင်းစဉ်နဲ့ ဧရာဝတီ အယ်ဒီတာချုပ် အောင်ဇော်၊ မြန်မာပိုင်း အယ်ဒီတာ ကျော်ခ တို့က ဆွေးနွေးထားပါတယ်။

Listen to the The Irrawaddy Newscast - Burmese Edition podcast in Replaio

Radio and podcasts in one app - free, with no sign-up. Install today and do not miss the launch

Get it on Google Play

Replaio is not a podcast publisher; show names, artwork and audio belong to their authors and are distributed through public RSS feeds.