The Irrawaddy

The Irrawaddy Newscast - Burmese Edition

News EN ↓ 540 episodes

The Irrawaddy Newscast - Burmese Edition သည် ဧရာဝတီ သတင်းဌာန၏ Podcast အသံလွှင့်အစီအစဉ် ဖြစ်ပြီး မြန်မာ့နိုင်ငံရေး စီးပွားရေးနှင့် လူမှုရေးရာ အဖြာဖြာပေါ် သတင်းဝေဖန်သုံးသပ်ချက်၊ တွေ့ဆုံမေးမြန်းခန်း များနှင့် သတင်းဆောင်းပါးများကို နားဆင်နိုင်ပါသည်။

Author

The Irrawaddy

Category

News

Podcast website

burma.irrawaddy.com

Latest episode

Jul 11, 2026

Where to listen?

Podcasts in the app Replaio Radio Coming soon

Podcasts are coming to the app soon. Install now and be the first to see a whole new take on podcasts

Get it on Google Play Install for free Android 5M+ downloads · 4.8 rating iOS soon

Episodes

Editorial Talk: ခြောက်လသက်တမ်းတိုးပြီး ဘာလုပ်မှာလဲ 04.08.2024

ဧရာဝတီရဲ့ ဒီတပတ် အယ်ဒီတာ စကားဝိုင်းမှာတော့ "ခြောက်လသက်တမ်းတိုးပြီး ဘာလုပ်မှာလဲ " ဆိုတဲ့ခေါင်းစဉ်နဲ့ အယ်ဒီတာချုပ် အောင်ဇော်နဲ့ မြန်မာပိုင်း အယ်ဒီတာ ကျော်ခ တို့က ဆွေးနွေးထားပါတယ်။

CDM Soldiers Talk: စစ်ကောင်စီက စစ်မှူထမ်း လူငယ်တွေကို သေလမ်းပို့နေတယ် 04.08.2024

ရှမ်းပြည်နယ်မြောက်ပိုင်းနဲ့ ရခိုင်ပြည်နယ် စတဲ့ ဒေသတွေ မှာ တိုက်ပွဲတွေ ပြင်းထန်နေတဲ့ အချိန်မှာပဲ စစ်ကောင်စီက စစ်အင်အားဖြည့်တင်းဖို့ စစ်မှုထမ်းအပတ်စဉ် ၄ ထပ်မံခေါ်ယူလိုက်တဲ့အကြောင်းနဲ့ စစ်ကောင်စီက လေယာဉ်ဆီရအောင် ဘယ်လိုတွေ စုဆောင်းနေလဲ စတဲ့ အကြောင်းအရာတွေကို “ပြည်သူ့စစ်သား ရင်တွင်းစကား အစီအစဉ်”မှာ နားဆင်နိုင်ပါပြီ။ This article is supported by the Transition Promotion Programme, Ministry of Foreign Af...

Saturday Roundtable : စစ်ခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ သားဝ မယားဝ သမဝါယမ 03.08.2024

ဒီတပတ် စနေသတင်းစကားဝိုင်းမှာ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ပြောတဲ့ သမဝါယမ စီးပွားရေး ဘာလဲ ဘယ်လဲနဲ့ ရာသီဥတု ဘေးအန္တရာယ်ကို ဘယ်လိုတုန့်ပြန်ကြမလဲ စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။

Editorial Talk: အတင်း သမ္မတ 29.07.2024

ဧရာဝတီ ဧရာဝတီရဲ့ ဒီတပတ် အယ်ဒီတာ စကားဝိုင်းမှာတော့ "ယာယီသမ္မတနဲ့ လားရှိုးမြို့သိမ်းတိုက်ပွဲ" ဆိုတဲ့ခေါင်းစဉ်နဲ့ အယ်ဒီတာချုပ် အောင်ဇော်နဲ့ မြန်မာပိုင်း အယ်ဒီတာ ကျော်ခ တို့က ဆွေးနွေးထားပါတယ်။ This podcast is supported by the Transition Promotion Programme, the Ministry of Foreign Affairs of the Czech Republic.

CDM Soldiers Talk: တပ်ပျက်နေတဲ့ စစ်ကောင်စီတပ် 28.07.2024

စစ်ကောင်စီရဲ့ ရမခ တိုင်းစစ်ဌာနချုပ်ကို ကိုးကန့်တပ်မတော် MNDAA က သိမ်းပိုက်လိုက်ပြီလို့ ကြေညာပြီးတဲ့နောက်နဲ့ အာဏာသိမ်း စစ်ခေါင်းဆောင် သမ္မတရာထူးလွှဲယူလိုက်ပြီးတဲ့နောက် တပ်တွင်းမှာ ဘယ်လောက်ထိ တပ်ပျက်နေလဲ ဆိုတာ ဒီတပတ် “ပြည်သူ့စစ်သား ရင်တွင်းစကားအစီအစဉ်”မှာ နားဆင်နိုင်ပါပြီ။

Saturday Roundtable: စစ်ခေါင်းဆောင် မင်းအောင်လှိုင် ရန်သူပတ်လည် ဝိုင်းနေပြီ 27.07.2024

ဒီတပတ် စနေသတင်းစကားဝိုင်းမှာ လားရှိုး ရမခ စစ်တိုင်း ကျသွားချိန်မှာ ဦးသန်းရွှေနဲ့ ဦးသိန်းစိန်တို့ကို မယုံသင်္ကာ ဖြစ်လာတဲ့အထိ စစ်ခေါင်းဆောင် မင်းအောင်လှိုင် ရန်သူပတ်လည် ဝိုင်းနေတဲ့အကြောင်းနဲ့ ကွယ်လွန်သူ ကိုဖြိုးဇေယျာသော်ရဲ့ ဘဝလက်တွဲဖော် မသဇင်ညွန့်အောင်နဲ့ စကားစမြည်ပြောထားတွေကို နားဆင်နိုင်ကြပါတယ်။ 

Editorial Talk: လူထုကို လှုပ်ခတ်စေခဲ့တဲ့ နိုင်ငံရေးလုပ်ကြံမှုတွေ 22.07.2024

ဒီတပတ် အယ်ဒီတာ့စကားဝိုင်းမှာ လူထုကို လှုပ်ခတ်စေခဲ့တဲ့ နိုင်ငံရေးလုပ်ကြံမှုတွေ အကြောင်း ဆွေးနွေးတင်ပြထားပါတယ်။ 

CDM Soldiers Talk: စစ်တပ်က အရူးမီးဝိုင်းသလို ဖြစ်နေပြီ 21.07.2024

စစ်တပ်က အရူးမီးဝိုင်းသလို ဖြစ်နေပြီ ဒီတပတ်မှာ စစ်ကောင်စီ ရုံးချုပ်အခြေစိုက် နေပြည်တော် အေလာလေတပ် စခန်းက တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ တိုက်ခိုက်မှုကို ဘာကြောင့် ခဏခဏ ခံနေရတာလဲ၊ အာဏာသိမ်း စစ်တပ်နဲ့ အပေါင်းအပါ ခရိုနီကြီးတွေရဲ့ အကျိုးစီးပွားတွေ ရှိနေတဲ့ သံတွဲမြို့ကို  အာရက္ခတပ်တော် (AA) က ထိန်းချုပ်ဖို့ ပြင်ဆင်နေတာ၊ ရှမ်းမြောက်က စခဲ့တဲ့ ၁၀၂၇ စစ်ဆင်ရေးက မန္တလေး မြို့နားအထိ ရောက်လာပြီး စစ်တပ်ရဲ့ အာဏာကို စိန...

Editorial Talk: အသံတွေကြားနေရတယ် … ၆ လသက်တမ်းတိုးရင် တရုတ်လက်ခံပါ့မလား 16.07.2024

ဒီတပတ် အယ်ဒီတာ့စကားဝိုင်းမှာ အသံတွေကြားနေရတယ် … ၆ လသက်တမ်းတိုးရင် တရုတ်လက်ခံပါ့မလား ဆိုတဲ့ အကြောင်း ဆွေးနွေးတင်ပြထားပါတယ်။ 

Editorial Talk: ဦးသိန်းစိန်ရဲ့ တရုတ်ခရီးစဉ်နဲ့ အရှိန်မြင့်လာတဲ့ ၁၀၂၇ စစ်ဆင်ရေး 08.07.2024

ဒီတပတ် အယ်ဒီတာ့စကားဝိုင်းမှာ ဦးသိန်းစိန်ရဲ့ တရုတ်ခရီးစဉ်နဲ့ အရှိန်မြင့်လာတဲ့ ၁၀၂၇ စစ်ဆင်ရေးအကြောင်း ဆွေးနွေးတင်ပြထားပါတယ်။ 

CDM Soldiers Talk: အဖျက်အမှောက်လုပ်ငန်းတွေကို ပေါ်ပေါ်တင်တင် စစ်တပ်က လုပ်လာပြီ 07.07.2024

ဒီတပတ်မှာတော့ ရမခဆိုတဲ့ အရှေ့မြောက်ပိုင်း စစ်ဌာနချုပ်ကြီး ဘယ်လိုခုခံစစ်မျိုးတွေသုံးပြီး ခုခံနေရလဲ နဲ့ ရေကြီးရေလျှံမှုတွေ ဖြစ်နေတဲ့ ကချင်ပြည်နယ်မှာ ရှိတဲ့ စစ်ကောင်စီတပ်က တပ်သားတွေ ထွက်ပြေးကုန်ပြီ စတဲ့ တပ်တွင်းက အကြောင်းတွေကို နားဆင်ရမှာပဲ ဖြစ်ပါတယ်။ This article is supported by the Transition Promotion Programme, Ministry of Foreign Affairs of the Czech Republic.

Saturday Roundtable: ကျရှုံးနေတဲ့ စစ်ကောင်စီ တရားခံ ရှာနေသည် 06.07.2024

ဒီတပတ် စနေသတင်းစကားဝိုင်းမှာ ၁၀၂၇ စစ်ဆင်ရေး ဒုတိယပိုင်းကို တရုတ်ဝင်တားဦးမလားနဲ့ ဘဏ် ၇ ဘဏ်ကို စစ်ကောင်စီက အရေးယူမယ်ဆိုတဲ့အပေါ် စီးပွားရေးပညာရှင် ဦးစိန်ဌေးရဲ့ သုံးသပ်ချက်တွေကို နားဆင်နိုင်ပါတယ်။

Editorial Talk: ရှမ်းပြည်နယ်မြောက်ပိုင်းက ၁၀၂၇ နောက်ဆက်တွဲ စစ်ဆင်ရေး 01.07.2024

  ဒီတပတ် အယ်ဒီတာ့စကားဝိုင်းမှာ ရှမ်းပြည်နယ်မြောက်ပိုင်းက ၁၀၂၇ နောက်ဆက်တွဲ စစ်ဆင်ရေး အကြောင်း ဆွေးနွေးတင်ပြထားပါတယ်။ 

CDM Soldiers Talk: ၁၀၂၇ စစ်ဆင်ရေး ဒုတိယပိုင်းမှာ PDF တွေ ရှေ့ထွက်လာပြီ 30.06.2024

ဒီတပတ်မှာတော့ တရုတ်ရဲ့ ကြားဝင်မှုကြောင့် ယာယီအပစ်ရပ်စဲမှုပျက်သွားပြီး ရှမ်းမြောက် ၁၀၂၇ စစ်ဆင်ရေးရဲ့ အပိုင်း ၂ အနေနဲ့ တကျော့ပြန် တိုက်ပွဲတွေ ပြင်းထန်နေတာ၊ စစ်တပ်အထင်သေးခဲ့တဲ့  PDF တွေ ရှေ့ထွက်လာတာတွေကြောင့် တိုင်းမှူးတယောက်ပြုတ်တော့မယ့် အကြောင်းကို နားဆင်ရမှာပဲ ဖြစ်ပါတယ်။

CDM Soldiers Talk: ဆရာတော်ကြီးတွေကိုတောင် စစ်တပ်က ရက်ရက်စက်စက် သတ်နေပြီ 24.06.2024

အခုတပတ်မှာတော့ ပြည်သူတွေကြား အထိတ်တလန့် တုန်လှုပ်မှုဖြစ်ခဲ့ရတဲ့ ပဲခူးဝင်းနိမ္မိတာရုံ ဆရာတော်ကြီးကို စစ်တပ်က သတ်ဖြတ်ခဲ့ပြီး ပြည်သူကို လိမ်လည်ခဲ့တာ ပေါ်ခဲ့ပေမယ့် အမှားကို ဝန်မခံပဲ ထပ်လိမ်ဖို့ ကြိုးစားနေတဲ့အကြောင်းတွေကို ကိုယ်တိုင်လည်း စစ်တပ်ရဲ့ သတ်ဖြတ်မှုတွေကို ကြုံတွေ့ခဲ့ရဖူးတဲ့ စီဒီအမ် စစ်ဗိုလ်တဦးက ပြောပြတာကို “ပြည်သူ့စစ်သားရင်တွင်းစကား အစီစဉ်”မှာ နားဆင်နိုင်ပါပြီ။

Editorial Talk: မြန်မာပြည်က မာဇီးဒီးစီးတဲ့ ဘုန်းကြီးတွေ 24.06.2024

ဒီတပတ် အယ်ဒီတာ့စကားဝိုင်းမှာ မြန်မာပြည်က မာဇီးဒီးစီးတဲ့ ဘုန်းကြီးတွေအကြောင်း ဆွေးနွေးတင်ပြထားပါတယ်။ 

Saturday Roundtable: သံဃာကို သတ်ဖြတ်တဲ့ စစ်ကောင်စီ ညာနေသည် 22.06.2024

ဒီတပတ် စနေသတင်းစကားဝိုင်းမှာ ပဲခူး ဝင်းနိမ္မိတာရုံကျောင်းတိုက်ဆရာတော် ပစ်ခတ်သတ်ဖြတ်ခံရမှုအပေါ် ဆရာတော် မင်းသုည (ဗုဒ္ဓတက္ကသိုလ်)ရဲ့ ဆွေးနွေးချက်၊ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ ၂၀၂၅ ရွေးကောက်ပွဲနဲ့ တရုတ်သဘောထားအပေါ် သုံးသပ်ချက်တွေကို နားဆင်နိုင်ပါတယ်။

CDM Soldiers Talk: အမျိုးသမီးတွေ စစ်မှုထမ်းဖို့ စစ်ကောင်စီ စာရင်းကောက်နေပြီ 16.06.2024

နေ့စဉ်နဲ့အမျှ တိုက်ခိုက်ရေး အင်အားနည်းလာတဲ့ စစ်ကောင်စီက စစ်မှုထမ်းဟောင်းတွေကို မက်လုံးပေးစည်းရုံးကာ စစ်တပ်ထဲ ပြန်ခေါ်နေသလို အမျိုးသမီးတွေကိုလည်း စစ်မှုထမ်းဖို့ စာရင်း စတင်ကောက်ယူတာတွေ လုပ်နေတဲ့ စစ်တပ်ရဲ့ စစ်အင်အား ဖြည့်တင်းနေတဲ့ အကြောင်းအရာတွေကို ဒီတပတ် ပြည်သူ့စစ်သား ရင်တွင်းစကား အစီအစဉ်မှာ နားဆင်ရမှာပါ။

Editorial Talk: ဟိုင်ဂင်အပစ်ရပ် သဘောတူညီချက် ပျက်နိုင်သလား 16.06.2024

ဒီတပတ် အယ်ဒီတာ့စကားဝိုင်းမှာ ဟိုင်ဂင်အပစ်ရပ် သဘောတူညီချက် ပျက်နိုင်သလား ဆိုတဲ့အကြောင်း ဆွေးနွေးတင်ပြထားပါတယ်။  -~~~~~- စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။ Support The Irrawaddy: https://bit.ly/3btQYpR

Saturday Roundtable: ရုရှ နျူကလီးယားဓာတ်အားပေးစက်ရုံက တကယ်ဆောက်ဖြစ်မှာလား 15.06.2024

ဒီတပတ် စနေသတင်းစကားဝိုင်းမှာ ရုရှ နျူကလီးယားဓာတ်အားပေးစက်ရုံက တကယ်ဆောက်ဖြစ်မှာလားဆိုတဲ့ ဆွေးနွေးချက်နဲ့ ILO အုပ်ချုပ်ရေးအဖွဲ့ထဲ ရွေးကောက်တင်မြှောက်ခံခဲ့ရတဲ့ မြန်မာနိုင်ငံ အလုပ်သမား ကိုယ်စားလှယ် ဒေါ်ဖြိုးစန္ဒာစိုးနဲ့ ဆက်သွယ်မေးမြန်းချက်တွေကို နားဆင်နိုင်ပါတယ်။ 

Editorial Talk: စစ်ကောင်စီဟာ လိုင်စင်ရလူသတ်သမားလို ဖြစ်နေပြီ 09.06.2024

ဒီတပတ် အယ်ဒီတာ့စကားဝိုင်းမှာ စစ်ကောင်စီဟာ လိုင်စင်ရလူသတ်သမားလို ဖြစ်နေပြီ ဆိုတဲ့အကြောင်း ဆွေးနွေးတင်ပြထားပါတယ်။  -~~~~~- စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။ Support The Irrawaddy: https://bit.ly/3btQYpR

CDM Soldiers Talk: စစ်တပ်က အရူးပါမကျန် တပ်သားသစ်စုနေတယ် 09.06.2024

ဒီတပတ်ရဲ့ ပြည်သူ့စစ်သား ရင်တွင်းစကား အစီစဉ်မှာတော့ စစ်ကောင်စီရဲ့ တိုက်ခိုက်ရေးတပ်ကနေ လက်နက်နဲ့ အတူ CDM ပြုလုပ်ခဲ့တဲ့ တပ်သားတဦးက သူကိုယ်တိုင်ကြုံတွေ့ခဲ့ရတဲ့ တပ်တွင်းက အခြေအနေတွေကို ပြောပြပေးသွားမှာပဲဖြစ်ပါတယ်။ This article is supported by the Transition Promotion Programme, Ministry of Foreign Affairs of the Czech Republic.

Saturday Roundtable: စစ်တပ်က အပေါက်တိုင်းကို လိုက်မပိတ်နိုင်ဘူး 08.06.2024

ဒီတပတ် စနေသတင်းစကားဝိုင်းမှာ အဖမ်းအဆီးတွေကြောင့် ထိုင်းကွန်ဒိုတွေ အဝယ်ရပ်သွားမလားနဲ့ တရုတ်လို အင်တာနက်အလုံးစုံထိန်းချုပ်ရေး စစ်ကောင်စီ တည်ဆောက်နိုင်မလား စတဲ့အကြောင်းတွေ ဆွေးနွေးသုံးသပ်ထားပါတယ်။

Editorial Talk: စစ်ဗိုလ်ချုပ်တွေ ဘယ်လို ထွက်ပေါက် ရှာနေသလဲ 02.06.2024

စစ်ဗိုလ်ချုပ်တွေ ဘယ်လို ထွက်ပေါက် ရှာနေသလဲ

Saturday Roundtable: ကျပ်ငွေတန်ဘိုး တဟုန်ထိုး ဘာကြောင့်ကျဆင်းနေသလဲ 01.06.2024

ဒီတပတ်စနေစကားဝိုင်းမှာ လတ်တလော ကျပ်ငွေတန်ဘိုး တဟုန်ထိုး ကျဆင်းနေရတဲ့အကြောင်း စီးပွားရေးပညာရှင် ဦးစိန်ဌေးရဲ့ သုံးသပ်ချက်နဲ့ ဉာဏ်ပညာကြီးကြီး တည်တည်ငြိမ်ငြိမ် ကိုင်တွယ်ဖြေရှင်းရမယ့် ရခိုင်-ရိုဟင်ဂျာ ပဋိပက္ခအကြောင်းတွေကို နားဆင်နိုင်ပါတယ်။

Listen to the The Irrawaddy Newscast - Burmese Edition podcast in Replaio

Radio and podcasts in one app - free, with no sign-up. Install today and do not miss the launch

Get it on Google Play

Replaio is not a podcast publisher; show names, artwork and audio belong to their authors and are distributed through public RSS feeds.