Padamyar FM

ဒီနေ့အတွက်စကား

နေ့စဉ်ဘဝအတွက် စိတ်ခွန်အားပေးမည့် စကားလုံးများနှင့် အတွေးအမြင်များ။

Be sure to visit the podcast's website and support the creator: padamyarfm.com.mm

Author

Padamyar FM

Category

Education

Podcast website

padamyarfm.com.mm

Latest episode

Oct 4, 2026

Where to listen?

Podcasts in the app Replaio Radio Coming soon

Podcasts are coming to the app soon. Install now and be the first to see a whole new take on podcasts

Get it on Google Play Install for free Android almost 10M downloads · 4.8 rating iOS soon

Episodes

Failure is the best teacher for success. Don't be afraid of losing. 29.10.2025

ပတ်ဝန်းကျင်က ဘယ်လောက်ပဲ တိတ်ဆိတ်နေပါစေ၊ အားလုံးရဲ့ ခေါင်းထဲမှာ အသံတစ်ခုစီရှိပါတယ်။ ဒီအသံက တစ်ခါတလေ ကျယ် လောင်စွာ ထွက်ပေါ်နေသလို တစ်ခါတစ်လေမှာတော့ ခပ်တိုးတိုးသာ ထွက်ပေါ်နေနိုင်ပါတယ်။တစ်ခါတလေမှာ ကျိုး ကြောင်းမဆီလျော်တဲ့ တောင်းဆိုမှုတွေဖြစ်နိုင်သလို တစ်ခါတစ်လေမှာအသုံးဝင်တဲ့ အကြံဉာဏ်တွေ ပေးနိုင်ပါတယ်။ ခေါင်းထဲကအသံက ပြောင်းလဲဖို့ လိုနေပြီ၊ ပြောင်းလဲမှပိုကောင်းတော့မယ်လို့ ပြောနေပြီဆိုရင်ဘာတွေ ပြောင်းလဲရ...

You will become rich only if you have necessary knowledge and a strategic plan to utilize your skills. 28.10.2025

သန်းကြွယ်သူဌေးတစ်ယောက်ဖြစ်ဖို့က လွယ်ကူတဲ့ကိစ္စတစ်ခုတော့ မဟုတ်ပါဘူး။ ဒါပေမယ့် မဖြစ်နိုင်တာလည်းမဟုတ်ပါဘူး။ ဘ၀တိုးတက်အောင်မြင်ပြီး ချမ်းသာကြွယ်ဝလာနိုင်မယ့် နည်းလမ်းအမျိုးမျိုးကို ကြားဖူးမှာပါ။ ဒီ နည်းလမ်းတွေကို သိထားရုံ၊ ရည်မှန်း ချက်ထားပြီးလက်တွေ့လုပ်နေရုံနဲ့ သန်းကြွယ်သူဌေးတစ်ယောက်ဖြစ်မလာနိုင်ပါဘူး။ လိုအပ်တဲ့ အသိပညာ၊အရည်အချင်းနဲ့ အခွင့်အလမ်းတွေကို အသုံးချပြီး မဟာဗျူဟာ ကျကျ အစီအစဉ်တွေ ရှိမှသာ ဖြစ်နို...

If you really want to succeed, you have to put in 100% effort. 27.10.2025

လေကြီးလေကြယ်ပြောနေရုံသပ်သပ်ပဲဆိုရင်တော့ ဘာမှဖြစ်မလာနိုင်ဘူး။လူတိုင်းကတော့ အောင်မြင်ချင်ကြသူတွေ၊ ချမ်းသာချင် ကြသူတွေ ချည်း ပါပဲ။သို့သော် ကြိုးစား အားထုတ်မှုကတော့ လူတိုင်းမှာ ရှိမနေပါဘူး။ ငါကတော့ တစ်နေ့ကျရင် ဘယ်လိုချမ်းသာ လာမှာ၊ ဘယ်လို အောင်မြင်လာမှာဆိုပြီး လေကျယ်ရုံ သပ်သပ်ပဲရှိပြီး ကြိုးစားအားထုတ်မှု မရှိဘူးဆိုရင်တော့ ဘာမှ ဖြစ်မလာနိုင်ပါ ဘူး။ အမှန်တကယ်အောင်မြင်ချင်တယ်ဆိုရင် ကြိုးစားအားထုတ်မှုကို ရာ...

Anyone can become a future millionaire if they invest some time and effort in a methodical manner. 26.10.2025

ဒီကမ္ဘာပေါ်မှာလူတိုင်းကချမ်းသာချင်ကြတာချည်းပါပဲ။သို့သော်လည်းအကြောင်းအမျိုးမျိုးကြောင့် ချမ်းသာကြွယ်ဝခြင်းကို လူတိုင်း မပိုင်ဆိုင်နိုင်ကြပါဘူး။ဒါပေမဲ့အနာဂတ်မှာချမ်းသာကြွယ်ဖို့ဆိုတာမဖြစ်နိုင်တဲ့အိပ်မက်တစ်ခုတော့မဟုတ်ပါဘူး။ ကြိုးစားအားထုတ် မှုနဲ့ နည်းစနစ်တကျနဲ့ အချိန်တစ်ခု ရင်းနှီးမြှပ်နှံလိုက်ရင် နားဆင်သူတွေလည်း အနာဂတ် သူဌေးလောင်း တွေ ဖြစ်လာနိုင်ပါတယ်။     ငွေကို စောစောစုပါ။ ချွေတာစုဆောင်း သူဌေးလောင်...

A lot of unpleasant things may be because we define an event as "unpleasant" and think about it over and over again. 25.10.2025

“ငါအကောင်းဆုံးကြိုးစားခဲ့ပေမယ့် ဘာဖြစ်လို့ အဆိုးတွေပဲဖြစ်လာရတာလဲ” “ဒီနေ့လည်း အမှားတစ်ခုလုပ်မိပြန်ပြီ” “ငါ့မှာ ဘာ အရည်အချင်းမှမရှိသလိုခံစားရတယ်။ ဘာတန်ဖိုးမှ မရှိသလိုမျိုး ခံစားနေရတယ်” ဒီလိုမျိုးစကားတွေကို အဆင်မပြေမှုတွေ ကြုံတွေ့ရတိုင်း ထပ်တလဲလဲပြောဖူးကြတယ်မလား?  တကယ်တမ်းမှာကိုယ်ကိုယ်တိုင်က အားသွန်ခွန်စိုက်ကြိုးစားခဲ့ပေမဲ့ ထင်သလောက် ဖြစ်မလာတာတွေ၊ ကံဆိုးမှုတွေကြောင့်ပဲ လားမသိပဲ အလုပ်မှာ အမှားလုပ်မိနေ...

Loneliness is felt by you and me and all human beings. But It can be cured. 24.10.2025

အထီးကျန်ခြင်းဟာ လူတန်းစားမျိုးစုံ ကျားမ,မရွေး ကြုံတွေ့ရနိုင်တဲ့ စိတ်အခြေအနေတစ်ရပ်ပါ။ ဆိုရှယ်မီဒီယာပေါ်မှာ Like တွေ အများကြီး ရနေသူတွေ ၊ လူတွေနဲ့ နေ့စဉ် ထိတွေ့ဆက်ဆံနေရသူတွေတောင်အထီးကျန်မှု ဝေဒနာကို ခံစားရနိုင်ပါတယ်။ တကယ် တော့ လူတွေမှာ ဝမ်းနည်းခြင်းတွေ ၊ မြိုသိပ်ထားရခြင်းတွေ များလာတဲ့အခါ နောက်ဆက်တွဲအနေနဲ့ အထီးကျန်ခြင်း ဆိုတဲ့ ဝေဒနာ ကိုခံစားရလာတာ ဖြစ်ပါတယ်။ အထီးကျန်ခြင်း ဝေဒနာကို ရာနှုန်းပြည့် တားဆီး...

Practice will add up to noticeable results over time. 23.10.2025

ဘဝမှာ တိုးတက်အောင်မြင်ဖို့အတွက် ကြိုးစားဖို့ လိုသလို အလေ့အကျင့်ကောင်းတွေကလည်း လိုအပ်ပါတယ်။ အလေ့အကျင့် တွေဟာ အချိန်ကြာလာတာနဲ့အမျှ သိသာထင်ရှားတဲ့ ရလဒ်အဖြစ် ပေါင်းထည့်ပေးပါလိမ့်မယ်။ ဒါကြောင့် အလေ့အကျင့် ကောင်း တွေနဲ့ ပြုမူနေထိုင်မှုတွေကအောင်မြင်မှုနဲ့ ဘဝ ပန်းတိုင်ဆီသို့ အရောက်ပို့ပေးပါမယ်လို့ ဆိုလိုချင်ပါတယ်။                     မနက်ပိုင်းကို အလေးထားတဲ့ အကျင့်ကို မွေးမြူပါ။ အခြေခံအကျဆုံးနဲ့အရေးကြီးဆု...

Be enthusiastic. Don't be controlled by fear. Don't blame others and Don't Make excuses about something else and Be confident in yourself. 22.10.2025

လူတစ်ယောက်မှာရည်မှန်းချက်တွေ၊စိတ်ကူးအိမ်မက်တွေ ရှိသင့်ပါတယ်။ စိတ်ကူးအိမ်မက်မရှိတဲ့ဘဝဟာဆားမပါတဲ့ဟင်းတစ်ခွက် လိုပါပဲပေါ့ရွှတ်ရွှတ် ဖြစ်နေမှာပါ။ ဒါကြောင့် အိမ်မက်က ကြီးသည်ဖြစ်စေ၊ သေးသည်ဖြစ်စေအရေးမကြီးပါဘူး။ အဓိကကတော့ စိတ်ကူးအိမ်မက်ရှိဖို့နဲ့အဲဒီအိပ်မက်ကိုလက်တွေ့အကောင်အထည်ဖော်နိုင်ဖို့တစိုက်မတ်မတ်လျှောက်လှမ်းနေဖို့ပဲလိုပါတယ်။   စိတ်အားထက်သန်မှု ရှိပါစေ။ ဘာပဲလုပ်လုပ်စိတ်အားထက်သန်မှုက အရေးကြီးပါတယ်။ စိတ...

Try to disconnect from toxic friendships. 21.10.2025

မိတ်ဆွေ၊ သူငယ်ချင်းဆိုတာ ဘဝရဲ့ အစိတ်အပိုင်းအတော်များများမှာပါဝင်ပြီး ကိုယ်ရဲ့နေ့စဉ်ဘဝအကြောင်းအရာတွေကစလို့တိုးတက်ကြီးပွားရေးအထိပါ တစ်မျိုးတဖုံနဲ့ ပါဝင်ပတ်သတ်နေကြသူတွေပါ။ခင်မင်ရင်းနှီးလာတဲ့ကာလတစ်လျှောက်လုံး ကိုယ့် အတွက် အားကိုးရာလက်တစ်ဖက်လို၊နွေးထွေးတဲ့အသိုက်အဝန်းဖြစ်စေတဲ့ သူငယ်ချင်းတွေရှိပေမယ့်လည်း တချို့ကျတော့ ကိုယ့် ဘဝအတွက်အဆိပ်အတောက်ဖြစ်ပြီး အကောင်းအဆိုး အတူတူမျှဝေ ခံစား မပေးနိုင်တဲ့သူမျိုးနဲ့မိ...

If you can't move forward, you will have to work twice as hard. 20.10.2025

အပြောင်းအလဲ ဖြစ်ချင်ရင် ကြီးကြီးမားမား လုပ်ပြစရာမလိုဘူး။ ကိုယ့်ရဲ့ နေ့စဉ်ရွေးချယ်မှုတွေက ကိုယ်ရောက်မယ့် ပန်းတိုင်ကိုဆုံးဖြတ်ပေးသွားလိမ့်မယ်။ မနက်ဖြန်မှာ မသာယာနဲ့။ ဆိုလိုချင်တာကတော့ ဒီနေ့လုပ်နိုင်တဲ့အလုပ်ကို မနက်ဖြန် ဘယ်တော့မှ မရွှေ့နဲ့။ တစ်ရက်‌ နောက်ဆုတ်ရင် ရည်မှန်းချက်တွေဆီက တစ်ရက် နောက်ကျတတ်တယ်။ လုပ်စရာရှိတာ နိုင်အောင် လုပ်ပြီး နောက်တစ်နေ့ကို ဆက်သွားဖို့ပဲလိုတယ်။   တိုးတက်မှုရဲ့နောက်မှာ ပေးဆပ်မှ...

Love is something as powerful as it is subtle. 19.10.2025

လူတစ်ယောက်ကို ချစ်နေရင်းနဲ့ ဖြတ်သန်းရတဲ့ နေ့ရက်တွေကပိုပြီး အဓိပ္ပာယ် ရှိလာတတ်တယ်။ တစ်စုံတစ်ယောက်ကို ချစ်ရင်းနဲ့ ကိုယ်ဟာ ပိုပြီး လိမ္မာလာတာမျိုး၊ဘ၀ကို ပိုပြီးကြိုးစားချင်လာတာမျိုး၊ ကိုယ့်ကိုယ်ကိုယ် ပိုပြီးကောင်းမွန်တဲ့လူတစ်ယောက် ဖြစ်ချင် လာမျိုးပေါ့။ ချစ်ခြင်းမေတ္တာတွေ စစ်မှန်တဲ့အခါ ဘဝတွေကိုပြောင်းလဲစေနိုင်တဲ့အထိ အင်အားကြီးမားပါတယ်။      ချစ်သူရည်းစားပဲ ဖြစ်ဖြစ်၊ အိမ်ထောင်တစ်ခုပဲ ဖြစ်ဖြစ် သူစိမ်းနှ...

Self-Confidence Is Directly Related To Success In Life. 18.10.2025

ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု ရှိပါသလား။ယုံကြည်မှုလို့ ပြောလိုက်ရင် အရိုးရှင်းဆုံး အဓိပ္ပာယ်ဖွင့်ဆိုချက်ကတော့တစ်စုံတစ်ခု ကို ယုံကြည်တဲ့ ခံစားချက် ဖြစ်ပါတယ်။ ကိုယ့်ကိုယ်ယုံကြည်ချက်ရှိခြင်းဆိုတာကတော့ ကိုယ်ကိုယ်တိုင်နဲ့ ကိုယ့် အရည်အချင်း ဒါမှ မဟုတ်အသိပညာကိုယုံကြည်စိတ်ချတယ်ဆိုတဲ့သဘောပါပဲ။ ဘဝတိုးတက်အောင်မြင်ဖို့ဆိုရင်ကိုယ့်ကိုယ့်ကိုယ် ယုံကြည်မှုက မရှိမဖြစ်လိုအပ်ပါတယ်။   ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိသူတွ...

It is Necessary To Have An Organized Mind In Order To Achieve Everything That Is Planned And Expected. 16.10.2025

တကယ်လို့ ကျွန်တော်တို့ရဲ့ ဦးနှောက်ကသာ အိမ်အကြီးကြီးတစ်လုံး ဖြစ်မယ်ဆိုရင်ဆိုပြီး တွေးမိဖူးပါသလား။ အဲလိုတွေးမိခဲ့ ရင် အဲဒီအိမ်အကြီးကြီးထဲမှာ ဘာတွေကို ဖြည့်သွင်းထားရမယ်လို့ ထင်ပါသလဲ။ တကယ်တော့ ကျွန်တော်တို့ရဲ့ ဦးနှောက်စာ လှပပြီး သန့်ရှင်းသပ်ရပ်တဲ့ အိမ်တစ်လုံးအနေနဲ့ မဟုတ်ဘဲ အချိန်တိုင်း ထပ်ခါထပ်ခါ ပြင်ဆင်မှုတွေ ပြုလုပ်နေရတဲ့ အိမ်အို ဟောင်းကြီး တစ်ခုလိုဖြစ်နေပါလိမ့်မယ်။ဒီအိမ်ကြီးလိုပဲ ကျွန်တော်တို့ရဲ့ ဦ...

Conscientiousness, Agreeableness, Neuroticism, Openness And Extraversion Are 5 Main Characteristics That Determine Personality. 15.10.2025

ကိုယ်ရည်ကိုယ်သွေးကို ဆုံးဖြတ်ပေးတဲ့ အဓိကလက္ခဏာကြီး၅ ခုရှိပါတယ်တဲ့။ အဲဒီPersonality Test တွေကလူတစ်ယောက် ရဲ့ ကိုယ်ရည်ကိုယ်သွေးကို အတိုင်းအတာ တစ်ခုအထိဖော်ပြပေးနိုင်တဲ့အတွက်ကိုယ့်ကိုယ်ကိုယ်တိုးတက်စေဖို့ အထောက်အကူပြုနိုင် ပါတယ်။ Personality Test မှာ အဆုံးအဖြတ်ပေးတဲ့ အဓိကလက္ခဏာတစ်ခုက Conscientiousnessလို့ခေါ်တဲ့ အသိဉာဏ်ရှိရှိ လုပ် ဆောင် တတ်တဲ့ တာဝန်သိစိတ်ဖြစ်ပါတယ်။ အရာရာကို စနစ်တကျ လုပ်ဆောင်တတ်ပြီး ဆုံး...

Some People Are Poor Without Knowing It. 14.10.2025

ကိုယ့်ကိုယ်ကိုယ် ဆင်းရဲတယ်လို့ ထင်ပါသလား။ ပုံမှန်ဝင်ငွေတစ်ခုရှိပြီးလူတန်းစေ့နေနိုင်တာနဲ့ ကိုယ့်ကိုကိုယ် မဆင်းရဲဘူးလို့ ထင်ကောင်းထင်နေနိုင်ပါတယ်။ ကိုယ့်ရဲ့ဝင်ငွေ ဘယ်လောက်ပဲရှိရှိ၊ လက်ရှိပိုင်ဆိုင်မှု ဘယ်လောက်ပဲများများ၊ လက်ရှိဘဝ နေထိုင်မှုပုံစံနဲ့ အချိန်သုံးလလောက် ဘာမှမလုပ်ပဲ ရှင်သန်ရပ်တည်နေနိုင်လား။ ကိုယ့်ကိုယ်ကိုယ်ပြန်မေးကြည့်ပါ။ အဖြေက မဖြစ်နိုင်ဘူး ဆိုရင် ကိုယ်တိုင်တောင်မသိပဲ ဆင်းရဲနေတာပဲဖြစ်ပါတ...

As Long As You Stay In Your Comfort Zone, You Are Far From Successful. 13.10.2025

သူစိမ်းတစ်ယောက်နဲ့မိတ်ဆွေဖွဲ့ပါ၊ စကားစမြည်ပြောပါ။ သူစိမ်းတစ်ယောက်နှင့်စကားစမြည်ပြောခြင်းကနှစ်ဦးစလုံးအနေနဲ့အကြောက် တရားဇုန်ထဲသို့ ဝင်ရောက်ပြီး သင်ယူမှုဇုန်တွင် ရောက်နေပါပြီ။ ပုဂ္ဂိုလ်ရေးချိတ်ဆက်မှုဖြစ်စေတာဒါမှမဟုတ် အသစ် အဆန်းတစ်ခုကို သင်ယူ ရရှိနိုင်ပါတယ်။ ကိုယ့်ကိုယ် ကို ယုံကြည်မှုလည်းတိုးတတ်လာစေပါတယ်။သေးငယ်တဲ့ အလုပ်ကနေ စတင်တတ်လှမ်းပါ။ လုပ်ရိုးလုပ်စဉ်ကို အနည်းငယ်ပြောင်းလဲဖို့ လိုပါတယ်။ သေးငယ်သော ဒါ...

Don’t Forget To Take Care Of Your Loved Ones While They Are Still Alive. 13.10.2025

လူသားတွေဟာ တစ်ဦးနဲ့တစ်ဦး အပြန်အလှန်ဂရုစိုက်ချစ်ခင်မှုကို အခြားအရာတွေထက် ပိုမိုလိုလားကြပါတယ်။ချစ်ခင်ဂရုစိုက် ခံရတဲ့ ခံစားချက်ဟာ လူတစ်ယောက်အတွက် ဘာနဲ့မှ အဖိုးဖြတ်လို့မရအောင်တန်ဖိုးရှိတဲ့ ခံစားချက်ပါပဲ။ လူအများစုက သူတို့ ပတ်ဝန်းကျင်က အခြားသူတွေကိုချစ်ခင်ဂရုစိုက်ကြပေမယ့် မြင်သာအောင် မပြသတတ်ကြပါဘူး။ ကိုယ်တိုင်ရော ချစ်ရတဲ့သူ တွေကိုဂရုစိုက်ကြောင်း ဖော်ပြဖို့ အခက်တွေနေပါသလား။                              ...

If There Are Bad Habits, Prepare As Necessary. 12.10.2025

ကိုယ့်မှာရှိတဲ့ မကောင်းတဲ့အမူအကျင့်တွေကိုသိပါသလား။ ကိုယ့်ရဲ့ ကိုယ်ရည်ကိုယ်သွေးကို ပြောင်းလဲနိုင်မယ်လို့ ထင်ပါ သလား။ကောင်းမွန်တဲ့ အမူအကျင့်ကောင်းတွေ ပိုင်ဆိုင်ချင်ပါသလား။ လူတစ်ယောက်ရဲ့အမူအကျင့်တွေဆိုတာဟာ နှစ်ပေါင်းများစွာ အချိန်ယူဖြစ်တည်လာတဲ့အရာတွေဖြစ်ပါတယ်။တစ်မျိုးအမူအကျင့်တွေက လူကောင်းတစ်ယောက် ဖြစ်စေနိုင်ပြီး တစ်ချို့တွေက တော့မကောင်းတဲ့လူတစ်ယောက်လို ဖြစ်လာစေနိုင်ပါတယ်။ အဆိုးမြင်စိတ်များတယ်ဆိုတာ ဘ...

It Is Not Impossible To Get The Workplace And Position You Really Want. 11.10.2025

သာမန်လူတစ်ယောက်က ဘဝသက်တမ်းရဲ့ သုံးပုံတစ်ပုံကိုအလုပ်လုပ်ရင်း ကုန်ဆုံးနေရပါတယ်။ နောက်ပြီး လူအများစုက သူတို့ရဲ့ အလုပ်မှာမပျော်ရွှင်ကြပါဘူး။ ဒါကြောင့် သင်က ဒါတွေကို ရှောင်ရှားချင်တဲ့ အခုမှအလုပ်ခွင်ကို စဝင်မယ့် လူတစ်ယောက်၊ ဒါမှ မဟုတ် အလုပ်မှာ မပျော်ရွှင်ရဘဲပိတ်မိနေတဲ့ လူတစ်ယောက်ဆိုရင်တော့ အခုချိန်ကစပြီး သေချာလေးတွေး ကြည့်သင့်ပါပြီ။ အလုပ်မှာစိတ်တိုင်းမကျဖြစ်ပြီး စိတ်ဓာတ်ကျနေရတာတွေကြောင့် စိတ်ကူးထဲက Drea...

Quality is Not An Act. It Is A Habit. 09.10.2025

လူတစ်ယောက်ရဲ့ အရည်အသွေးကို ဘာတွေနဲ့ တိုင်းတာလို့ရမလဲ? လူတစ်ယောက်ရဲ့ အရည်အသွေးကို ကုန်ပစ္စည်းတွေလိုမျိုး စံနှုန်းတွေနဲ့တိုင်းတာလို့မရတာကတော့ သေချာပါတယ်။ လူတိုင်းက ကိုယ့်ကိုယ်ကိုယ်သက်ဆိုင်ရာနယ်ပယ်မှာ အရည်အသွေး ပြည့်မှီတဲ့ လူတစ်ယောက်ဖြစ်အောင် ကြိုးစားနေကြပါတယ်။ဒီအရည်အသွေးက နေ့ချင်းညချင်း ရလာနိုင်တဲ့ အရာမဟုတ်သလိုကိုယ်ဖန်တီးခဲ့ဖူးတဲ့ အကောင်းဆုံး လက်ရာတစ်ခုနဲ့လဲ သတ်မှတ်လို့မရပါဘူး။ တချို့ကကိုယ်အကောင်းဆု...

Start From Where You Arrived. Do What You Can With What You Already Have. 08.10.2025

ပစ္စုပ္ပန်ထက် ပိုကောင်းတဲ့ အချိန်ဆိုတာမရှိပါဘူး။ အလုပ်တစ်ခုကို စလုပ်ဖို့ အကောင်းဆုံး အချိန်ကလဲ လက်ရှိအချိန်ပဲ ဖြစ်ပါ တယ်။ဒါဆို ကျွန်တော်တို့အနေနဲ့ ကိုယ့်ရဲ့ အိပ်မက်တွေ နောက်ကို လိုက်ဖို့ ဘာတွေကိုစောင့်ဆိုင်းနေမိတာလဲ။                      ပထမဆုံးအနေနဲ့ ကိုယ့်ကိုယ်ကိုယ် အဆင်သင့်မဖြစ်သေးဘူးလို့ ထင်တတ်ကြပါတယ်။ပြည့်စုံတဲ့ အချိန်ထိ စောင့်နေမယ်ဆိုရင် ဘယ်တော့မှ စတင်ဖြစ်တော့မှာ မဟုတ်ပါဘူး။ဒီနေ့ မပြည့်မစုံန...

Always Evaluate Your Self, Progress Slowly And Steadily, Never Fear. 07.10.2025

လူတိုင်းမှာ ဖြစ်ချင်တဲ့ စိတ်ကူးအိမ်မက်တွေရှိပေမဲ့ လူတိုင်းတော့ ၎င်းတို့ရဲ့ စိတ်ကူး အိမ်မက်တွေကို အောင်မြင်အောင် မစွမ်း ဆောင်နိုင်ကြပါဘူး။အိမ်မက်တွေက လက်တွေ့ဖြစ်မလာဘဲ အိမ်မက်တွေ အဖြစ်နဲ့သာ ပြီးဆုံးသွားကြပါတယ်။ ဒီလိုအောင်မြင်မှု ဆီကိုမတက်လှမ်းနိုင်တဲ့ အကြောင်းပြချက်တွေကတော့ မိမိကိုယ်ကိုယ်သံသယဖြစ်ခြင်း၊ စိတ်အားထက်သန်မှုမရှိခြင်း၊ လမ်းညွှန် မှုမရှိခြင်း သို့မဟုတ်မိမိတို့ကိုယ်တိုင် လိုချင်သည့်အရာကိုပင်...

Be Sure To Know What You Want, Always Try To Improve Your Life, Keep Positive Thoughts. 06.10.2025

လူတိုင်းမှာ ဖြစ်ချင်တဲ့ စိတ်ကူးအိမ်မက်တွေရှိပေမဲ့ လူတိုင်းတော့ သူတို့ရဲ့ စိတ်ကူး အိမ်မက်တွေကို အောင်မြင်အောင်မစွမ်းဆောင် နိုင်ကြပါဘူး။ အိမ်မက်တွေက လက်တွေ့ဖြစ်မလာဘဲ အိမ်မက်တွေ အဖြစ်နဲ့သာပြီးဆုံးသွားကြပါတယ်။ ဒီလို အောင်မြင်မှုဆီကို မတက်လှမ်းနိုင်တဲ့အကြောင်းပြချက်တွေကတော့ မိမိကိုယ်ကိုယ် သံသယဖြစ်ခြင်း၊ စိတ်အားထက်သန်မှု မရှိခြင်း၊လမ်းညွှန်မှု မရှိ ခြင်း သို့မဟုတ် မိမိတို့ကိုယ်တိုင် လိုချင်သည့်အရာကိုပင်...

Don't be a planter in a pot. Just as bad habits can turn a cobweb into a steel wire, good habits tend to strengthen in the same way. 05.10.2025

ပန်းအိုးထဲမှာ သစ်ပင်စိုက်သူ မဖြစ်ပါစေနဲ့။ လူအများစုဟာ ပန်းအိုးထဲမှာစိုက်ထားတဲ့ သစ်ပင်တွေလိုဘဲ ကြီးထွားနိုင်တဲ့ အောင်မြင် နိုင်တဲ့  အတိုင်းအတာ ပမာဏရှိသလောက် ဘယ်တော့မှမကြီးထွားနိုင်ဘဲ ရှိတတ်ကြတယ်။ သစ်ပင်တွေ ကြီးထွားဖို့ကျယ်ဝန်းတဲ့ မြေနဲ့ ရှည်လျားသန်မာတဲ့ အမြစ်တွေရှိဖို့လိုသလို လူပုဂ္ဂိုလ်တွေအောင်မြင်ကြီးထွားဖို့ မိမိကိုယ်ကို ယုံကြည် လေးစားမှုဆိုတဲ့ အခြေခံ ရေသောက်မြစ်လိုပါတယ်။ဒါဟာ အရမ်းကို အရေးကြီးတယ...

Save most of your income. Be debt free. Invest proportionally. 04.10.2025

လူတိုင်းက သူဌေးတွေလိုပဲ ငွေသုံးချင်ကြပါတယ်။တကယ်က သူဌေးတွေ ဘယ်လိုမျိုး ငွေရှာပြီး၊ ငွေစုလဲဆိုတာကို သိရဖို့ ပိုအရေး ကြီးပါတယ်။ဝင်ငွေနဲ့ ထွက်ငွေမျှတမှသာ အကြွေးအမြီကင်းပြီး စိတ်ချရတဲ့အနာဂတ်ဆီလျှောက်နိုင်မှာဖြစ်ပါတယ်။ ဒီတော့ သူဌေးကြီးမဖြစ်ခင် သူဌေး တစ်ယောက်လို ငွေစုနည်းဆိုရင်ဘာတွေများဖြစ်မလဲ။                                                                                                                ...

Listen to the ဒီနေ့အတွက်စကား podcast in Replaio

Radio and podcasts in one app - free, with no sign-up. Install today and do not miss the launch

Get it on Google Play

Replaio is not a podcast publisher; show names, artwork and audio belong to their authors and are distributed through public RSS feeds.