Burma Podcast Network
Digital သင်ပုန်းကြီး
ဒစ်ဂျစ်တယ် သင်ပုန်းကြီး Podcast တစ်ပုဒ်ချင်းစီတိုင်းမှာ ရပ်ကွက်ထဲက အလိုရှိနေတဲ့ အင်တာနက်နဲ့သက်ဆိုင်တဲ့ မေးခွန်းတွေကို အားလုံးနားလည်တဲ့ အသုံးအနှုန်းဝေါဟာရတွေနဲ့ဖြေရှင်းထားပေးလို့ နည်းပညာနဲ့မဝေးကွာချင်တဲ့ မိတ်ဆွေများမြင်သာအောင် Share ပေးခြင်းဖြင့် ပိုကောင်းမွန်လုံခြုံသော အင်တာနက် ရပ်ဝန်းတစ်ခု တည်ဆောက်ရာမှာ ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ ဒါနဲ့ - ငါးမန်းကိုက်ရင် လိုင်းတကယ်ကျတာလား?
Be sure to visit the podcast's website and support the creator: burmapodcast.network
Author
Burma Podcast Network
Category
Podcast website
Latest episode
Nov 19, 2026
Where to listen?
Podcasts in the app Replaio Radio Coming soonPodcasts are coming to the app soon. Install now and be the first to see a whole new take on podcasts
Episodes
EP006: ဒီဂျစ်တယ်လုံခြုံရေးနှင့်လူငယ်များ 19.11.2026 7:16
“ကျွန်မတို့ တစ်နေ့တာမှာ ဖုန်းကို ဘယ်နှစ်ကြိမ်လောက် သုံးဖြစ်ကြလဲ? 📱💭” နေ့စဉ် Social Media သုံးတာ၊ သူငယ်ချင်းတွေနဲ့ စကားပြောတာ၊ သတင်းရှာတာကနေ အခုနောက်ပိုင်း AI နည်းပညာတွေကိုပါ သုံးစွဲလာကြတဲ့အထိ ကျွန်မတို့ လူငယ်တွေရဲ့ ဘဝဟာ Digital ကမ္ဘာနဲ့ မကင်းကွာတော့ပါဘူး။ဒါပေမဲ့ Digital နည်းပညာကို အသုံးပြုတတ်ရုံနဲ့ မလုံလောက်ပါဘူး။ “လုံခြုံစွာ အသုံးပြုတတ်ဖို့” က ပိုပြီး အရေးကြီးလာပါတယ်။ 🔐✨လူငယ်တိုင်း မဖြစ်မနေ သ...
EP004: Privacy ဘယ်လိုကာကွယ်ကြမလဲ။ 27.08.2026 30:36
CCTV များနှင့် ထုပ်စီးတိုးကစားခြင်း (ခေတ်သစ် လူသားတွေရဲ့ နေ့စဥ်ဘဝမှာ ရုံးခန်း၊ လမ်းမ၊ မီးပွိုင့်၊ ခြံရှေ့ နေရာတိုင်းက ကင်မရာတွေပါပဲ။ အနီးဆုံးမှာရှိနေတဲ့ ဖုန်းကင်မရာ၊ ကွန်ပျူတာကင်မရာတွေကိုရော ကိုယ်တကယ် ထိန်းချုပ်နိုင်ရဲ့လား။ ဒီကင်မရာတွေက ဘာတွေ မှတ်တမ်းယူလဲ၊ ဘယ်မှာသိမ်းထားလဲ၊ ဘာဆက်ဖြစ်မှာလဲ နားဆင်ကြရအောင်)
EP005: လုံခြုံတဲ့ VPN ဘယ်လိုရွေးရမလဲ။ 27.08.2026 31:10
Chat ထဲမှ အကြောင်းအရာများ စောင့်ကြည့်ခံရခြင်း (မာလာရှမ်းကောစားချင်ကြောင်း စာပို့လိုက်တာနဲ့ မာလာရှမ်းကောဆိုင် ကြော်ငြာတွေတက်လာတဲ့ အဖြစ်အပျက်အား စုံစမ်း ထောက်လှမ်းကြည့်ခြင်း)
EP003 : AI နှင့် ZERO Trust ပေါ်လစီ 25.05.2026 12:37
Nike လို ကမ္ဘာကျော် Brand တွေရဲ့အရောင်းမြင့်တင်ရေး စာသားတွေကနေ LinkedIn မှာ မရှိရှိတာ ထုတ်ကြွားကြရဲ့ အရေးအသားတွေအထိ AI လက်ရာ မကင်းကြတော့ပါဘူး။ ဖွံ့ဖြိုးမှု နောက်ကျတဲ့ ဒေသတွေက အရပ်စကားဝိုင်းထဲတောင် ChatGPT ရောက်နေပြီမို့ AI ကို ဘယ်လောက်ယုံလို့ရမလဲဆိုတာကို ဆွေးနွေးအဖြေရှာထားပါတယ်။
EP002: ဘဝပျက်သွားနိုင်သည့် ဆိုက်ဘာခြိမ်းခြောက်မှုများ 25.05.2026 23:42
မြန်မာနိုင်ငံ NGO ၊ CSO ၊ Start Up အသင်းအဖွဲ့များမှာ ဒစ်ဂျစ်တယ်လုံခြုံရေး ပြင်ဆင်ထားမှုတွေဟာ လုံးဝမရှိတာ သို့မဟုတ် အဖြစ်သဘောစာရွက်ပေါ်က လူနားမလည်တဲ့ IT စည်းကမ်းများအဖြစ်ရှိနေကြခြင်းအပေါ် ၁၃ နှစ်ကျော် ဆိုက်ဘာလုံခြုံရေးအတွေ့ကြုံရှိ Expert တစ်ယောက်နဲ့ ဆွေးနွေးအဖြေရှာကြည့်ခြင်း။
EP001: အင်တာနက်အလုပ်လုပ်ပုံကို ရပ်ကွက်အထာဖြင့် ရှင်းပြနည်း 20.12.2025 7:58
ဒစ်ဂျစ်တယ် သင်ပုန်းကြီး (သို့) ဒစ်ဂျစ်တယ်လုံခြုံရေးကို ရပ်ကွက်အထာဖြင့် ချဥ်းကပ်ကြည့်ခြင်း မြန်မာပြည်မှာ အင်တာနက် အသုံးပြုသူ သန်း ၃၀ ကျော်ရှိနိုင်ပါတယ်။ ဒီထဲမှာ နည်းပညာနဲ့ မနီးစပ်တဲ့ လူကြီးလူငယ်၊ နယ်ပယ်အသီးအသီးက လုပ်သားတွေ၊ အတတ်ပညာရှင်တွေ သန်းပေါင်းများစွာ ပါဝင်နိုင်ပါတယ်။ အင်တာနက်အသုံးပြုသူအားလုံးဆီမှာ အဖြေမရသေးတဲ့ မေးခွန်းတွေ ရှိတတ်ကြပါတယ်။ အင်တာနက် ဘယ်လိုအလုပ်လုပ်သလဲ ၊ အင်တာနက်ကို ဘယ်သူကပိုင်သလဲ...
Similar podcasts
Replaio is not a podcast publisher; show names, artwork and audio belong to their authors and are distributed through public RSS feeds.