Burma Podcast Network
Podcast For Change
Podcast For Change အစီစဥ်မှာ တင်ဆက်သွားမှာတွေက တော်လှန်ရေးမဟုတ်သလို၊ နိုင်ငံရေးလည်း မဟုတ်ပါဘူး။ လူမှုဘဝကို ရှေးရှုသော အကြောင်းအရာများ ဖြစ်ပါတယ်။ အာဏာသိမ်းပြီး (၄) နှစ်အတွင်း မြန်မာနိုင်ငံသူ/သားများရဲ့ လူမှု့ဘဝ နိမ့်ပါးလာမှုအပေါ် ဝိုင်းဝန်းအဖြေရှာကြဖို့အတွက် သက်ဆိုင်ရာ ကျွမ်းကျင်သူ၊ အတွေ့အကြုံများပြားသူတွေရဲ့ အကူညီကို ရယူပြီး ထုတ်လွှင့်တင်ဆက်သွားမှာဖြစ်ပါတယ်။ အခု Podcast For Change ဆိုတဲ့အစီအစဥ်က တင်ဆက်မယ့်အကြောင်းအရာတွေက Entertainment ဆိုတဲ့ ဖျော်ဖြေရေးသဘောထက် လူမှုရေးနီတိအရ လိုအပ်နေတဲ့ တာဝန်ထမ်းပိုးဖို့ ထုတ်လွှင့်ခြင်းဖြစ်ပါတယ်။
Autor
Burma Podcast Network
Categoría
Web del podcast
Último episodio
6 de jun. de 2026
¿Dónde escuchar?
Podcasts en la app Replaio Radio Muy prontoLos podcasts llegarán muy pronto a la app. Instálala ahora y sé el primero en descubrir una forma totalmente nueva de vivir los podcasts
Episodios
ဒေါ်နယ်ထရမ့်ကသိတယ် 06.06.2026 17:42
လူ့အဖွဲ့စည်းဟာ ယဉ်ကျေးမှုအသီးသီးကိုဖြတ်သန်းလာပြီးနောက် အိမ်တွင်းစည်းကမ်း၊ ရုံးတွင်း၊ လမ်းတွင်းစည်းကမ်းတွေလည်းပြောင်းလဲလာခဲ့ပါတယ်။ လုပ်ငန်းခွင်အမျိုးစားမျိုးစုံမှာ လိင်ပိုင်းဆိုင်ရာစော်ကားနှောင့်ယှက်မှု၊ အမြတ်ထုတ်မှုတွေကို ကာကွယ်တားဆီးမယ့်မူဝါဒတွေ ထည့်သွင်းကျင့်သုံးလာကြပါတယ်။ ဒီမူဝါဒတွေမှာ လုပ်ငန်းနယ်ပယ်အလိုက် အသေးစိတ်ကျင့်ဝတ်တွေ၊ ပဋိညာဉ်တွေရှိပါတယ်။ ယေဘုယျအားဖြင့်တော့ ရာထူးအာဏာအားကိုး၊ ရိက္ခာ၊ ငွေ...
ပြောပြီးရင်းပြောနေရမယ့် အကြောင်းတစ်ခု 30.05.2026 12:16
လူမျိုးနွယ်တွေဟာ ဗြောက်အိုးကနေ အနုမြူဗုံးထိ ကောင်းနိုးရာရာ ရည်ရွယ်ချက်တွေနဲ့ တီထွင်ဖန်တီးခဲ့ကြပါတယ်။ ဒါပေမဲ့ လူမျိုးနွယ်ရဲ့ အမွေဆိုးဖြစ်တဲ့ စစ်ပွဲတွေမှာ၊ တစ်ဖက်နဲ့တစ်ဖက် သေကြေပျက်စီးကြတဲ့ ပဋိပက္ခတွေမှာသာ ဒီတီထွင်မှုတွေကို အသုံးချခဲ့ကြတဲ့အတွက် တီထွင်သူတွေမှာလည်း စိတ်ဒဏ်ရာကြီးတွေနဲ့ ကွယ်လွန်ခဲ့ကြရရှာပါတယ်။ နှစ်ပေါင်းများစွာကြာခဲ့ မျိုးဆက်တွေပြောင်းခဲ့ပေမဲ့ စစ်ပွဲတွေဟာ မပြီးနိုင် မစီးနိုင်သေးပါဘူး။ စ...
ခေတ်သစ်ကမ္ဘာ့ပထမဆုံး ဓါတ်ပုံတစ်ပုံအကြောင်း 16.05.2026 19:11
နက္ခတ္တသိပ္ပံပညာဟာ ၂၀ ရာစုကစပြီး အရှိန်ဟုန်နဲ့ တိုးတက်ခဲ့ပါတယ်။ ခေတ်ဟောင်း စိတ်ကူးယဉ်သိပ္ပံဝတ္ထုတွေမှာဆို ၂၀၀၀ ခုနှစ် အစောပိုင်းကာလကိုတောင် ခေတ်လွန်သိပ္ပံကမ္ဘာကြီးအဖြစ် ပုံဖော်ခဲ့ကြတယ်။ ဒါပေမဲ့ လက်ရှိ ၂၀၂၆ ထိ လူတိုင်းမိုးပျံကားတွေစီး၊ စက်ရုပ်တွေနဲ့ ချနေတာမျိုး မလုပ်နိုင်ကြသေးပါဘူး။ မဖြစ်နိုင်ဘူးထင်ရတဲ့ အယူအဆတွေလည်း ကမ္ဘေကမ္ဘာကျန်နေပါသေးတယ်။ ဒီအပိုင်းမှာ လူတွေက မဖြစ်နိုင်လောက်ဘူးလို့ သတ်မှတ်ထားတဲ့...
ဝေမျှ၍အသက်ရှင်ခြင်း 09.05.2026 27:25
အကြပ်တည်းကာလဟု မကြာခဏသုံးစွဲရသည်ကို ငြီးငွေ့လှပြီ။ သို့သော် ပကတိအခြေနေကိုလည်း မေ့ပစ်၍ မရနေကြ။ လူ့အဖွဲ့အစည်းသည် ဝေမျှ၍ ရှင်သန်၊ မျိုးဆက်တွေပွားစီး သယ်ဆောင်ကြသည်။ တစ်ဦးနှင့်တစ်ဦး စောင့်ရှောက်သောဗီဇက လူသားများကို အစာကွင်းဆက်ထိပ်ဆုံးကို ရောက်သွားစေခဲ့၏။ ထိုဗီဇသည် သမိုင်းဦးကတည်းက တိုးတက်မှုသဘောကိုဆောင်ကြောင်း အသက်နှင့်ရင်းပြီး သက်သေထူနိုင်သည်။ မိမိတို့အသက်သည်ပင် ထိုဗီဇ၏ အကျိုးကြောင့်ဖြစ်သည်။ သို့သော် လ...
သဘာဝဘေးနဲ့ လူလုပ်ဘေး 21.02.2026 13:26
အာကာသပုံရိပ်တွေမှာ ဆန်းကြယ်လှပစွာမြင်ရတဲ့ ကမ္ဘာဂြိုလ်ပြာလေးဟာ ရွေ့လျားနေတဲ့အရာတစ်ခုပါပဲ။ အဲ့ဒီရွေ့နေတဲ့ အလုံးကြီးမျက်နှာပြင်မှာ ရွေ့နေတဲ့ကျောက်ပြားတွေရှိပြီး ကျောက်ပြားတွေအပေါ်မှာတစ်ခါ ထပ်ရွေ့နေတဲ့ သက်ရှိတွေကလည်းရှိပြန်ပါတယ်။ ဘဝဆိုတာကိုက ရွေ့လျားမှုဖြစ်စဉ်ကြီးတစ်ခုပဲမလား။ ကမ္ဘာ့ရာသီဥတုအခင်းအကျင်းက ငြိမ်သက်အေးဆေးခဲ့တာတော့မဟုတ်ပါဘူး။ တောက်လျှောက် သဘာဝဘေးတွေနဲ့ ယှဉ်တွဲနေခဲ့ရတယ်။ ကမ္ဘာကြီးဖြစ်ပေါ်လာပု...
မစ်ရှဲလ်နဲ့ အိမ်ထောင်မှုသဟဇာတ 07.02.2026 12:20
“ကျရှုံးမှုဆိုတာ ခံစားချက်တစ်ခုပါပဲ” ဒီစကားဟာ အောင်မြင်သူဌေးဖြစ်ရေးကျမ်းတစ်ခုထဲက စကားတစ်ခုနဲ့ ဆင်တူပါလိမ့်မယ်။ ဒါပေမဲ့ ဒါဟာ လက်တွေ့မပါတဲ့ စိတ်ကူးယဉ်အကောင်းမြင်မှုတွေသိုင်းဝိုင်းပြီး ပျားရည်နဲ့ဝမ်းချနေတဲ့လောကကြီးမှာ ကိုယ့်ဘဝကို လက်တွေ့ကျကျ ဖြတ်သန်းခဲ့တဲ့သူတစ်ယောက်ရဲ့ စကားဖြစ်ပါတယ်။ သူက ခွဲခြားဆက်ဆံမှုတွေပြည့်နေတဲ့ ကမ္ဘာဂြိုလ်ပေါ်က အမျိုးသမီးတစ်ယောက်။ သည့်ပြင် အာဖရိကန်နွယ်ဖွား တစ်ခါဖြစ်နေပြန်ပါတယ်။...
စစ်အလွန်ကမ္ဘောဒီးယားနဲ့ စစ်အတွင်းက မြန်မာပြည် 15.11.2025 9:30
"မြေကြီးဆိုတာ လူတွေရဲ့အတိတ်၊ ပစ္စုပ္ပန်၊ အနာဂတ် အားလုံးကို အမြစ်တွယ်ထားပေးတဲ့ အိမ်ပါပဲ" လူတွေဟာ ကမ္ဘာမြေကြီးဆိုတဲ့ အိမ်အပေါ်မှာမှ အဖီသဘောနဲ့ အကာကွယ်ဆောက်နေကြရတယ်။ မြေကြီးကိုပဲ ယုံကြည်ရာ ကိုးကွယ်ရာအနေနဲ့ လမိုင်းတွေတင်ကြ၊ ပူဇော်ပသကြ။ ဟော မြေကြီးက ပြောင်းလဲပြီး ဘေးအန္တရာယ်ဆိုးတွေ ဖြစ်လာတဲ့အခါမှာလည်း ခိုကိုးရာမဲ့မဲ့နဲ့ စိတ်ကစဉ့်ကလျားဖြစ်ကြရတယ်။ ဒါပေမဲ့လူတွေဟာ အခြေနေတွေ တည်ငြိမ်ပြီထင်တာနဲ့ သ...
ခွဲခြားမဆက်ဆံတတ်တဲ့ ပေါက်ကွဲပစ္စည်းများအန္တရာယ် 25.10.2025 11:53
ကမ္ဘာ့လူသားထုရဲ့ ပန်းတိုင်တွေထဲက တစ်ခုက “ခွဲခြားဆက်ဆံမှုကင်းဝေးရေး” လို့ဆိုကြပါတယ်။ လူသားသမိုင်းကိုပြန်ကြည့်ရင် သမိုင်းတင်ကတည်းက ခွဲခြားဆက်ဆံမှုရှိခဲ့တာဆိုတော့ ဒီပန်းတိုင်ရောက်ဖို့ လူတွေရှိသရွေ့ ကြိုးစားကြရမယ့် သဘောရှိတယ်။ ပန်းတိုင်ထားတယ်သာ ပြောတယ် အမျိုး၊ ဘာသာ၊ သာသနာ၊ ဥစ္စာဓန၊ ဂုဏ်ရည်၊ သူ့ဖက်ကိုယ့်ဖက်တွေနဲ့ ရှုပ်ယှက်နေတဲ့လူတွေဟာ လက်နက်ကိုင် စစ်ပွဲတွေမှာတော့ ဆိုင်ရာဖက်ခြမ်းအသီးသီးက လူသတ်လက်နက်ကိုယ...
ထူးမခြားနားတဲ့ ထူးခြားဖြစ်စဉ် 06.09.2025 9:23
ကျေးလက်ဒေသတွေဆိုတာ တစ်ချိန်က ကိုယ်စီလောကနိဗ္ဗာန်လေးတွေနဲ့ ပျော်စရာဓလေ့တွေ အများကြီးရှိခဲ့ပါတယ်။ ချောင်းနားနီးတဲ့ ရွာတွေဆိုရင်တော့ ကလေးတွေအတွက် စပါယ်ရှယ်ပေါ့။ ဒီအပိုင်းမှာ ချောင်းနားနီးတဲ့ရွာတစ်ရွာက ကလေးတစ်သိုက် ကစားကြရင်း ကြုံလိုက်ရတဲ့ အဖြစ်အပျက်တစ်ခုကို အသက် ၁၂ နှစ်အရွယ် မောင်မောင်က ပြန်ပြောပြထားတာပါ။ အလားတူအဖြစ်အပျက်တွေဟာ ပျော်စရာနိဗ္ဗာန်လေးတွေဖြစ်ခဲ့တဲ့ ကျေးလက်ဒေသတွေမှာ ဖြစ်ပျက်နေတဲ့ ထူးမခြားနာ...
Podcasts similares
Replaio no es editor de podcasts; los nombres de los programas, las portadas y el audio pertenecen a sus autores y se distribuyen a través de canales RSS públicos