BurmaPodcastNetwork
"အထက်ဆင်" Podcast
အမျိုးသမီးအရေး ၊ နိုင်ငံအရေး ၊ လူငယ်အရေး ၊ ငြိမ်းချမ်းမေ ပြောသည်။ Burma Podcast Network တင်ဆက်သည်။
No dejes de visitar la web del podcast y apoyar a su creador: podcasters.spotify.com
Autor
BurmaPodcastNetwork
Categoría
Web del podcast
Último episodio
21 de jun. de 2025
¿Dónde escuchar?
Podcasts en la app Replaio Radio Muy prontoLos podcasts llegarán muy pronto a la app. Instálala ahora y sé el primero en descubrir una forma totalmente nueva de vivir los podcasts
Episodios
ငရဲခွေးကြီးများ လွတ်နေသည်။ 21.06.2025 16:49
ကျွန်မတို့ ငယ်ငယ်ကတည်းက "ဒါကတော့ဖြင့် လိင်ပိုင်းဆိုင်ရာ ကျူးလွန်စော်ကားတာဟဲ့"လို့ မိဘ အသိုင်းအဝိုင်း၊ မိသားစုအသိုင်းအဝိုင်းထဲမှာ သေချာ ခွဲခြမ်းစိတ်ဖြာ ပြောဆိုပြတာ ရှားပါတယ်။ တစ်ခုခုဆို “ဟယ် စတာ နေမှာပါ။ သည်းခံလိုက်” “ဒါလေးများဟယ် အသားပဲ့ပါသွားတာမှ မဟုတ်တာ” “ဒါ သူ ရည်ရွယ်တာ ဟုတ်ချင်မှ ဟုတ်မှာပါ” “နင် ကိုက အကဲဆတ်လွန်းတာ၊ ဆန်းဆန်းတင့်လွန်းတာ” ဆိုပြီး တပြောတည်း ပြောကြပါတယ်။အထက်ဆင် ကနေ တစ်ခါတ...
ဂျာမနီသို့ ရွေ့ပြောင်းနေထိုင်ခြင်းနှင့် မြန်မာနိုင်ငံမှ ခိုလှုံခွင့်တောင်းခံသူတို့ ကြုံတွေ့နေရတဲ့ စိန်ခေါ်မှုများ 12.04.2025 40:03
မိတ်ဆွေတွေအားလုံးစောင့်မျှော်နေတဲ့ အထက်ဆင် Podcast ယခုတစ်ပတ်မှာပြန်လာပါပြီ။ ဒီတစ်ပတ်မှာတော့ ဂျာမနီမှ ရွေ့ပြောင်းနေထိုင်မှု နှင့် နိုင်ငံရေးခိုလှုံခွင့်ဥပဒေဆိုင်ရာ ကျွမ်းကျင် ရှေ့နေ Mr. Christopher Wohnig နဲ့ ဆွေးနွေးသွားမှာဖြစ်ပါတယ်။ ဒီပေါ့ဒ်ကတ်စ်မှာ.. ဂျာမနီရဲ့ နိုင်ငံရေးခိုလှုံခွင့်ဆိုင်ရာမူဝါဒက ဘယ်လိုရှိလဲ? ဂျာမနီကို ခိုလှုံခွင့်လျှောက်ထားသူမြန်မာနိုင်ငံသားတွေထဲမှာ ဘယ်လိုလူမျိုးတွေပါဝင်လဲ? မအလန...
အထက်ဆင်နဲ့ ဖက်ရှင် 08.02.2025 32:13
ဘတ်စ်ကားပေါ် ဖင်နှိုက်ခံရပါတယ်ဆိုမှ ဘာဝတ်ထားလို့လဲ မမေးကြပါနဲ့ ကိုကိုမမ ဦးဦးဒေါ်ဒေါ်တို့ရေ...“တောင်းမှာ အကွပ် လူမှာအဝတ်” ဆိုတာ ရှိသည်မှန်သော်လည်း ကျမတို့ရဲ့ အဝတ်အစားရွေးချယ်မှုက နှာဘူးများအတွက် ကျူးလွန်ခွင့်လက်မှတ်လား? တော်တို့ပဲ စဥ်းစားကြပါလေ။ စဥ်းစားရခက်ရင်တော့ "အထက်ဆင်နဲ့ဖက်ရှင်" ဆိုတဲ့မငြိမ်းမေနဲ့ တော်လှန်သော ဖက်ရှင်ဒီဇိုင်နာ Nico တို့ အကြိတ်အနယ်ဆွေးနွေးတင်ဆက်ထားတဲ့အပိုင်းလေး နားဆင်က...
ဖိုဝါဒကြီးစိုးတဲ့ တော်လှန်ရေးကြီးတော့ မဖြစ်စေလိုပါဘူး 21.12.2024 16:56
တစ်ဦးတစ်ယောက်ချင်းကြုံရတဲ့ ပြဿနာမဟုတ်တဲ့ ဖိုဝါဒကို ဘယ်လိုတိုက်ထုတ်ကြမလဲ? တရားမျှတကို ရှာဖွေဖော်ဆောင်ဖို့အတွက် ဘာတွေလုပ်လို့ရနိုင်လဲ?ပြီးခဲ့တဲ့ ရက်အနည်းငယ်က တော်လှန်ရေးနယ်မြေထဲမှာ သတင်းသမားတစ်ဦးဖြစ်တဲ့ မငြိမ်းချမ်းစုကြည်နဲ့ သူမရဲ့ ပါတနာတို့ကို အမျိုးသားတစ်ဦးက ကိုယ်ထိလက်ရောက် အကြမ်းဖက်ခြင်းကို ကြုံတွေ့ခဲ့ရတဲ့ဖြစ်ရပ်အပေါ်မှာ ကာယကံရှင်နဲ့အတူ အထက်ဆင်က ငြိမ်းချမ်းမေက တွေ့ဆုံဆွေးနွေးထားပါတယ်။ Burma Podca...
စွတ်ချစ်တဲ့သူနဲ့ စွတ်မုန်းတဲ့သူ နှစ်မျိုးပဲရှိတဲ့ ဖိမနစ် နိုင်ငံခြားရေးဝါဒ 07.09.2024 18:13
အထက်ဆင် မိတ်ဆွေတို့ရေ နိုင်ငံခြားရေးမူဝါဒ ဘယ်ကစလဲ၊ မြန်မာလို ဘယ်လိုဘာသာပြန်ဆိုထားလဲဆိုတာကို ငြိမ်းချမ်းမေက ဒီအပိုင်းမှာ တင်ဆက်ဆွေးနွေးထားပါတယ်။ မိတ်ဆွေတို့ရဲ့ သဘောထားက ဘယ်လိုရှိလဲ၊ နားဆင်ပြီး လွတ်လပ်စွာဖြင့် မျှဝေပေးကြပါဦးနော်။ Burma Podcast Network ကနေ နယ်ပယ်စုံ အကြောင်းအရာစုံတို့ကို မိတ်ဆွေတို့အတွက် အားကျိုးတက်ဖွယ် တင်ဆက်နေပါတယ်။ Burma Podcast Network ရဲ့ podcasts များကို YouTube, Facebook, MMI...
လိင်ပိုင်းဆိုင်ရာ စော်ကားမှုကို လက်ခံလား 05.08.2024 15:56
အထက်ဆင် Podcast က ငြိမ်းချမ်းမေ က “Sexual harassment” ဆိုတဲ့ စကားလုံးကို “လိင်ပိုင်းဆိုင်ရာ ထိပါးစော်ကားအနှောင့်အယှက်ပေးခြင်း” လို့ အဓိပ္ပါယ် ဖွင့်ပါတယ်။လိင်ပိုင်းဆိုင်ရာ ထိပါးစော်ကားနှောင့်ယှက်မှုတွေဟာ စနစ်တကျ တိုက်ဖျက်ရမယ့် မှုခင်း၊ လူယဉ်ကျေးတွေနေတဲ့ လူ့အဖွဲ့အစည်းနဲ့ ကမ္ဘာမှာ မရှိသင့်တဲ့ အလေ့အထ အဖြစ်အပျက် လို့ဆိုပါတယ်။မိတ်ဆွေတို့ကရော ငြိမ်းချမ်းမေနဲ့ သဘောထားတိုက်ဆိုင်ရဲ့လား။ Burma Podcast Networ...
အထက်ဆင် ပျံ/ ပြန်လာပြီ။ 04.07.2024 9:32
အထက်ဆင် ပျံ/ ပြန်လာပြီ။ ပြောစရာတွေက များလွန်လို့ အပိုင်းတွေ ခွဲပြောမယ့် အထက်ဆင်က ငြိမ်းချမ်းမေ ပြန်လာပါပြီ။ လက်နက်ကိုင်ဆွဲမှ လမ်းပေါ်ထွက်မှ ထင်သာမြင်သာအောင် တစ်ခုခုလုပ်ပြမှ ရန်လိုနေမှ အော်ပြနေမှ တိုက်ပွဲရယ်လို့ အမည်မြောက်တာ မဟုတ်ပါဘူး တဲ့။ အပြည်ပြည်ဆိုင်ရာ တိုက်ပွဲဝင်နေ့အကြောင်းကို ငြိမ်းချမ်းမေက သူ့အယူအဆ နဲ့ ရှုမြင်တင်ဆက်ပုံနဲ့ တင်ဆက်ထားပါတယ်။ မိတ်ဆွေတို့ကို တစ်ခုခု ပြောင်းလဲစေပါလိမ့်မယ်။ နားသ...
Special Episode: Myanmar in 2021 and 2024: Resilience and Voice of People 01.02.2024 44:03
ဒီနေ့ဟာ မြန်မာနိုင်ငံစစ်အာဏာသိမ်းမှုရဲ့ ၃ နှစ်ပြည့် နေ့ဖြစ်ပါတယ်။ ပြည်သူလူထုတစ်ရပ်လုံး စစ်အာဏာရှင်ကိုတွန်းလှန်နေကြတဲ့ ဒီတော်လှန်ရေးကြီးထဲမှာ နယ်ပယ်အသီးသီးက လူကြီး၊ လူငယ်များဟာ တတ်စွမ်းသမျှ တစ်ရက်မှမနားဘဲ ပါဝင်နေကြပါတယ်။ ဒီလိုလှုပ်ရှားမှုတွေကို နိုင်ငံတကာမိတ်ဆွေတွေနဲ့ အဖွဲ့အစည်းတွေ သိရှိနိုင်ဖို့ Burma Podcast Network မှ အထက်ဆင် Podcast ရဲ့ Host မငြိမ်းချမ်းမေနဲ့အတူ Stiftung Asienhaus Germany မှ မြ...
Special Episode: ငါတို့လုံချည် ငါတို့အောင်ပွဲ 30.12.2023 51:39
၂၀၂၁ မတ်လ ဝန်းကျင်က စလို့ အမျိုးသမီးများရဲ့ ထမီကို လေပေါ်လွှင့်တင်ပြီး သပိတ်ထွက်လာတော့ စစ်မိစ္ဆာတွေကြောက်တယ်၊ ရှေးရိုးစွဲတွေက ခပ်တွန့်တွန့်လုပ်တယ်၊ ဘာသာရေးအစွန်းရောက်တွေ လန့်ကုန်ကြတယ်။ ထမီလောက်မကြီးပေမဲ့ သူ့ထက်တော့ ကွန်ဆာဗေးတိုက်တွေကို စိတ်ဒုက္ခပေးဖို့ မလျော့ပါဘူးလို့ ကြွေးကြော်ခဲ့တဲ့ အထက်ဆင် ပေါ့ဒ်ကတ်စ်က မငြိမ်းချမ်းမေက "ငါတို့လုံချည် ငါတို့အောင်ပွဲ" လှုပ်ရှားမှုမှာ ပါဝင်ဆောင်ရွက်နေတဲ့...
မိန်းမဖြစ်ခြင်းနှင့် အကြမ်းဖက်မှုအထွေထွေ အပိုင်း(၂) 10.12.2023 9:11
မငြိမ်းချမ်းမေက မြန်မာနိုင်ငံရဲ့ မိန်းမ (သို့) အမျိုးသမီး များအပေါ် ထားရှိတဲ့ ရှုထောင့် ပုံသေနည်းများကို အရွေ့တစ်ခုဖြစ်ဖို့ အားထုတ်နေကြတဲ့ မိတ်ဆွေများထဲကတစ်ယောက်ဖြစ်ပါတယ်။ သူ့အယူအဆ ရှုမြင်တင်ဆက်ပုံက ခင်ဗျားတို့ကို တစ်ခုခုပြောင်းလဲစေပါလိမ့်မယ်။ ဒါနဲ့ ၁၆ ရက်တာ လှုပ်ရှားမှုဆိုတာကို ခင်ဗျား သိဖို့အတွက်လည်း ဒီအပိုင်းက အထောက်ကူကောင်းကောင်းပေးပါလိမ့်မယ်။ နားဆင်ကြပါအုံး။
မိန်းမဖြစ်ခြင်းနှင့် အကြမ်းဖက်မှုအထွေထွေ အပိုင်း(၁) 10.12.2023 12:13
မငြိမ်းချမ်းမေက မြန်မာနိုင်ငံရဲ့ မိန်းမ (သို့) အမျိုးသမီး များအပေါ် ထားရှိတဲ့ ရှုထောင့် ပုံသေနည်းများကို အရွေ့တစ်ခုဖြစ်ဖို့ အားထုတ်နေကြတဲ့ မိတ်ဆွေများထဲကတစ်ယောက်ဖြစ်ပါတယ်။ သူ့အယူအဆ ရှုမြင်တင်ဆက်ပုံက ခင်ဗျားတို့ကို တစ်ခုခုပြောင်းလဲစေပါလိမ့်မယ်။ ဒါနဲ့ ၁၆ ရက်တာ လှုပ်ရှားမှုဆိုတာကို ခင်ဗျား သိဖို့အတွက်လည်း ဒီ အပိုင်းက အထောက်ကူကောင်းကောင်းပေးပါလိမ့်မယ်။ နားဆင်ကြပါအုံး။
အထက်ဆင် အစကနဦး 24.11.2023 10:18
ငြိမ်ချမ်းမေ ဒီအပိုင်းမှာ ပြောချင်တာကတော့ "ပြောမှား ဆိုမှား ရှိတာတွေအတွက် ခွင့်မလွှတ်ကြပါနဲ့ရှင်" ဖြစ်ပါတယ်။ Burma Podcast Network မှ ထုတ်လွှင့်ထားသော Podcast များကို နားဆင်နိုင်ရန် https://linktr.ee/burmapodcastnetwork
Podcasts similares
Replaio no es editor de podcasts; los nombres de los programas, las portadas y el audio pertenecen a sus autores y se distribuyen a través de canales RSS públicos