Padamyar FM

ဒီနေ့အတွက်စကား

နေ့စဉ်ဘဝအတွက် စိတ်ခွန်အားပေးမည့် စကားလုံးများနှင့် အတွေးအမြင်များ။

Autor

Padamyar FM

Kategorie

Education

Podcast-Website

padamyarfm.com.mm

Neueste Folge

11. Jul 2026

Wo hören?

Podcasts in der App Replaio Radio Bald verfügbar

Podcasts kommen bald in die App. Installiere sie jetzt und erlebe als Erster einen ganz neuen Blick auf Podcasts

Bei Google Play herunterladen Kostenlos installieren Android 5 Mio.+ Downloads · Bewertung 4,8 iOS bald

Folgen

Achieve Daily Success By Integration. 09.03.2026

အရာအားလုံးကဆက်စပ်နေကြတယ်၊ပစ္စည်းတစ်ခုထုတ်လုပ်ဖို့ အစအဆုံးဆိုရင် လေ့လာထားတဲ့ဘာသာရပ်တွေပေါင်းစပ် ထားကြ တယ်၊ဥပမာ ကုန်ပစ္စည်းတစ်ခုထုတ်ကြမယ်ဆိုပါစို့။ စက်ရုံတွေမှာ နယ်ပယ်စုံကကျွမ်းကျင်သူတွေကိုခေါ်ထည့်ထားရ တယ်မဟုတ် လား။ ဘယ်အပိုင်းက စက်ပိုင်းဆိုင်ရာကိုကြီးကြပ်၊ ဘယ်အပိုင်းက ဒီဇိုင်းအပိုင်း၊ အချိုးအစားရောထည့်ရမည့် အပိုင်းစသဖြင့်လူစုံ သက်စုံအောင်ပါပဲ။ ပေါင်းစပ်လုပ်ကိုင်ခြင်း integration ဆိုတဲ့၀ေါဟာရဟာလူတွေရ...

Register, Release and Return. 08.03.2026

စိတ်ပိုင်းဆိုင်ရာကြံ့ခိုင်မှုအတွက်ဘာတွေလုပ်ကြမလဲ? ရုပ်ပိုင်းဆိုင်ကြံ့ခိုင်ဖို့အတွက်ဆိုရင်ကျွန်တော်တို့က Gymဆော့ကြတယ်Body Bulidingလုပ်ကြတယ် ရေကူးတာတို့ ပြေးတာတို့စသဖြင့်ပေါ့အစားသောက်နဲ့လည်းထိန်းကြတယ် ဒါပေမယ့် ရုပ်ပိုင်း ဆိုင်ရာ ဘယ်လောက်ကြံ့ခိုင်ကြံ့ခိုင် စိတ်ပိုင်းဆိုင်ရာကြံ့ခိုင်မှုမရှိရင်ခဏလေးအတောအတွင်းမှာတင်ပြိုလဲပြီး နလန်မထူနိုင်တော့အောင်ကို ဖြစ်တာပဲ။                                            ...

   The Feeling of not being Recognized Can Lead To Resentment And 07.03.2026

 ကိုယ့်ကို ဘယ်သူကမှ အသိအမှတ်မပြုဘူးလို့ ခံစားနေရပြီလား။ ကိုယ့်ကိုလေးစားအထင်ကြီးခံရဖို့ဆိုတာ ခက်ခဲသလို အချိန်​တွေနဲ့ ကိုယ်တိုင်စိုက်ထုတ်ရတဲ့ကြိုးစားမှု တွေ များစွာလိုအပ်ပါ တယ်။ အဲ့တာ​​တွေကို လူ​တွေက သတိမထားမိတဲ့အခါ၊သတိမပြုမိတဲ့ အခါတွေမှာ​တော့ ကိုယ့်ကိုအသိအမှတ်မပြုကြသလို၊ တန်ဖိုးမထားကြသလိုခံစားရနိုင်ပါတယ်။ ကိုယ့်ကို အသိ အမှတ်ပြုမခံရဘူး ဆိုတဲ့ခံစားချက်က မ​ကျေမချမ်းမှုresentment နဲ့ ​ဒေါသ​တွေကိုဖြစ်လာ...

Don't do it later so you don't regret it. 20.02.2026

ဘ၀မှာ အရွယ် (၃)ပါးရှိတဲ့အလျောက်ဘယ်အရွယ်အပိုင်းအခြားမှာ ဘာတွေလုပ်နေသင့်သလဲဆိုတာလေးတွေရှိပါတယ်။ ဒီ တော့ရရှိထားတဲ့ ဘ၀ရဲ့ အချိန်တွေကို ပြည့်၀စွာ ခံစားစံစားဖို့လုပ်သင့်လုပ်ထိုက်တာတွေကို လုပ်ကြပါလို့ ဆိုချင်ပါတယ်။ နောင်တမရဖို့နောင်ကျမှမလုပ်ပါနဲ့။                                                                                                                                         ကိုယ့်အတွေးထဲမှာရှိနေတဲ...

It took five years for the bamboo to take root underground so that it could see the view from the height of eighty feet 19.02.2026

တာထွက်မှာတင် အပြစ်ကင်းချင်ရင် ရှေ့မရောက်တတ်ဘူး။ ဘယ်အလုပ်မဆိုအစပိုင်းမှာ အမြဲခက်လေ့ရှိတယ်။ ဒါကြောင့် ရှေ့ ရောက်ချင်ရင် တာထွက်မှာအပြစ်ကင်းစရာမလိုဘူး။ အလုပ်စစဝင်ချင်းမှာ အမှားကင်းဖို့ လိုချင်မှ လိုချင်မယ်။ ဝလုံးစစရေးချင်းမှာ မဝိုင်းတာ အပြစ်ဖြစ်ချင်မှ ဖြစ်မယ်။အပြောင်းအလဲ စစလုပ်ချင်းမှာရလဒ်မတွေ့ရဖို့ သေချာသလောက်ရှိတယ်။ အရေးကြီးတာက ဒီနေ့လုပ်ခဲ့တဲ့ အလုပ်ကိုမနက်ဖြန်များစွာမှာ အထွန့်မတက်ဘဲ ယုံယုံကြည်ကြည်နဲ...

If you want to enjoy the outcome of your efforts, you must be persistent and diligent. 18.02.2026

လူသားတိုင်းက ဘဝမှာ အောင်မြင်မှု အနှစ်သာရကိုခံစားချင်ကြသူတွေချည်းပါပဲ။ ကြိုးစားမှုရဲ့ အသီးအပွင့်ကို ရရှိပိုင်ဆိုင် ချင် တယ်ဆိုရင်တော့မဆုတ်မနစ်တဲ့ ဇွဲနဲ့ လုံ့လ ဝီရိယ စိုက်ထုတ်တတ်ရမှာဖြစ်ပါတယ်။ ဒီလိုမှ မဟုတ်ဘဲလမ်းတစ်ဝက်မှာ အရှုံး ပေးလိုက်မယ်ဆိုရင်တော့ အရှေ့ပိုင်းမှာ ကြိုးစားထားသမျှတွေသဲထဲ ရေသွန် ဖြစ်သွားမှာ အသေအချာပါပဲ။ တကယ်အောင်မြင်ချင်တယ်ဆိုရင် “မဖြစ်ဖြစ်အောင် လုပ်မယ်ကွာ၊ ချမယ်ကွာ” ဆိုတဲ့တုံးတိုက်တ...

It's okay to be happy alone. 17.02.2026

တချို့သောလူတွေက တစ်ယောက်တည်းလည်း နေရတာ အဆင်ပြေပြီးပျော်ပေမယ့် အချို့သူတွေအတွက်တော့ တစ်ကိုယ် တည်း အဆင်ပြေဖို့ ပျော်ဖို့ကစိန်ခေါ်မှုတစ်ခုပါ။ ချစ်ခင်ရသူတွေရဲ့ အနားမှာရှိပြီး ဘဝကို အတူတူဖြတ်သန်းရခြင်းကအမှန်တကယ်ကို ပျော်ရွှင်မှု တစ်ခုပါ။ ဒါပေမယ့် အကြောင်းအမျိုးမျိုးကြောင့်သော်လည်းကောင်း၊ကိုယ်တိုင်ရွေးချယ်မှုကြောင့် သော်လည်းကောင်း တစ်ကိုယ်တော် ဖြတ်သန်းဖို့ဆုံးဖြတ်တဲ့အခါမှာ ဘာမှမစိုးရိမ်ပါနဲ့။ လုပ်ဆောင်ရ...

Uncertainty is the only certainty there is, and knowing how to live with insecurity is the only security. 16.02.2026

ထိန်းချုပ်လို့ရတဲ့အရာတွေပေါ်မှာပဲအာရုံစိုက်ပါ။စိတ်တွေမပျော်ရတဲ့အချက်တစ်ခုက ကျွန်တော်တို့ ရဲ့ထိန်းချုပ်မှု အောက်မှာမရှိနေတဲ့အရာတွေကို သွားပြီး ထိန်းချုပ်ချင်ကြတဲ့ အကျင့်တွေကြောင့်ဖြစ်ပါတယ်။အဓိကတော့ ကိုယ်ဖြစ်စေချင်သလို မဖြစ် လာတဲ့အခါ စိတ်ထဲမချမ်းမကျေ ဖြစ်ကြတယ်။ မဖြစ်လာမဲ့အရာတွေကိုတွေးပူပြီး ကြောက်ရွံ့နေခြင်း။ ကျွန်တော်တို့ယာဥ်တွေစီးပြီး ခရီးသွားကြ တဲ့အခါ ကြုံရတဲ့အချက်လေး တွေရှိတယ်။ အဲ့ဒါက လေယာဥ်၊ကား...

Blame is a main source of problems that can grow. 15.02.2026

 ကျွန်တော်တို့ လုပ်ငန်းခွင်မှာပဲဖြစ်စေ ၊ ပတ်ဝန်းကျင်မှာပဲဖြစ်စေတအားကို အပြစ်တင်တတ်တဲ့သူတွေကို ကြုံတွေ့ခဲ့ရဖူးပါလိမ့် မယ်။ ရံဖန်ရံခါမှာကိုယ့်ဘာသာတောင် မသိပဲနဲ့ ကိုယ်ဟာ ဒီလူတွေထဲမှာ ပါဝင်သွားတတ်ပါတယ်။ အခုလိုမျိုးအခက်အခဲတွေ စိတ်ဖိဆီးစရာတွေများပြားလာတဲ့အချိန် ၊ အခြေအနေ အရပ်ရပ်က ခက်ခဲတဲ့အချိန်၊ ကိုယ့်အတွက် ဖိအားတွေများလာတဲ့အချိန် တွေမှာ လူတွေဟာ အလွယ်တကူ အပြစ်တတ်ကြပါတယ်။ဒီလိုအပြစ်တင်လိုက်ခြင်းအားဖြင့် က...

It doesn't matter how someone treats you. The important thing is not to accept it. 14.02.2026

တစ်စုံတစ်ယောက်ကြောင့် စိတ်ထိခိုက်နာကျင်ခံစားရဖူးပါလား။ သူတို့ရဲ့ ပြောစကား၊ လုပ်ရပ်တွေက သိမ်ငယ် အား နည်း သွားစေပါသလား။ ဒီလို မဖြစ်အောင် ဘယ်လိုပြောင်းလဲလို့ ရနိုင်မလဲ။ ပထမဆုံးအချက်ကကိုယ်တိုင်က ခွင့် မပြုရင် ကိုယ့်ကို ဘယ်သူကမှ ထိခိုက်ခံစားရအောင်မလုပ်နိုင်ဘူးဆိုတာပါပဲ။ ကိုယ်တိုင်က ခွင့်ပြုပေးထားမှသာ ဖြစ်နိုင် တာပါ။ ကိုယ့်အနေနဲ့ဘယ်လိုတုံ့ပြန်မလဲဆိုတာကို စိတ်တိုင်းကျ ရွေးချယ်နိုင်ပါတယ်။ ဒေါသဖြစ်မလား၊စိတ...

Treat money like a friend. 12.02.2026

အတွေးအခေါ်တွေက ဘဝအပေါ်မှာ သက်ရောက်မှုရှိတာကိုသတိထားမိပါသလား။ ခေါင်းထဲ မှာ ရှိတဲ့ တွေးခေါ် စဉ်းစားမှု တွေကငွေကြေးအခြေအနေအပါအဝင် ဘဝကို အဆုံးအဖြတ်ပေးနိုင်ပါတယ်။ ချမ်းသာချင်တယ်ဆိုရင်ငွေကြေးနဲ့ပတ်သက်တဲ့ အတွေး အခေါ်တွေကို အရင်ဆုံးသတိထားဂရုစိုက်ဖို့ လိုပါတယ်။ငွေကြေးနဲ့ပတ်သက်ပြီး မကောင်းတဲ့ အတွေးအခေါ် အယူ အဆတွေ ရှိနေမယ်ဆိုရင် အမြန်ဆုံးပြောင်းလဲပစ်ဖို့ လိုပါတယ်။  နားဆင်သူလည်း ချမ်းသာနိုင်တယ်လို့ ယုံကြည်ထား...

Hope is the belief in living life. It can be said that it is a small support that gives energy. 11.02.2026

မျှော်လင့်ချက်ဆိုတဲ့ စကားလုံးအပေါ်အဓိပ္ပာယ်ဖွင့်ရရင် အကောင်းဆုံးတွေဖြစ်လာနိုင်မယ့်အချိန်တစ်ခု (ဒါမှ မဟုတ်) ကိုယ် ဖြစ်ချင်တဲ့ဆန္ဒတစ်ခုဖြစ်မြောက်ဖို့ကို ကိုယ်တိုင်အလုပ်မလုပ်ပဲ မျှော်လင့်စောင့်ဆိုင်းနေခြင်းမျိုးလို့ မဆိုလိုချင်ပါဘူး။ ကိုယ် ဖြစ်ချင်တဲ့ ဆန္ဒလေးတစ်ခု အကောင်အထည်ဖော်နိုင်ဖို့အတွက် မျှော်လင့်ချက်ကိုဆွဲကိုင်ရင်း ကိုယ်တိုင်ကြိုးစားစွမ်းဆောင် နေခြင်းလို့ ခံယူ ထားပါတယ်။                        ...

We didn't come into this world just to work. 10.02.2026

ကျွန်တော်တို့ဟာ စိတ်ရော ၊ လူပါ မဖြစ်မနေအနားယူဖို့ လိုအပ်ပါတယ်။ ပျော်စရာအချိန်အတွက် အနားယူဖို့လိုတယ် ၊ စိတ်ကိုအနားပေးဖို့လိုပါတယ် ၊၊ ရည်မှန်းချက်ကြီးသူတွေဟာ တစ်ခုခုကို စိတ်အားထက်သန်နေတဲ့အခါအနားယူဖို့ မေ့သွား တတ်ကြ ပါတယ်။ နားလိုက်ရင် သူများထက်နောက်ကျသွားမှာ ၊ဆုံးရှုံးသွားမှာ ကြောက်ကြပါတယ် ။အလုပ်ကို မနားမနေလုပ်နေတဲ့အချိန် ၊ ထမင်းမေ့ဟင်းမေ့ ဖြစ်သွားကြပါတယ် ။ ဒါကြောင့် ကျန်းမာရေးတွေ ထိခိုက်စေတယ်။ မိသား...

Feeling inferior can be a source of strength to move forward, and it can also be that you can't get out of the deep feelings. 09.02.2026

သိမ်ငယ်စိတ်ဆိုတာ လူတိုင်းနီးပါးကြုံဖူး၊ခံစားဖူးကြတဲ့ ခံစားချက်တခုပါ။ အခြားသူများနဲ့ယှဉ်ပြီး ကိုယ့်ကိုယ်ကိုမပြည့်စုံဘူး၊ အသုံးမကျဘူး၊ ချို့ယွင်းချက်တွေရှိတယ် အစရှိသဖြင့် ခံစားရတဲ့အချိန်တွေ ရှိကောင်းရှိနိုင်ပါတယ်။ ဒါဟာ အလုပ်မှာ မိမိတို့ မျှော်လင့်ထားသလောက်ရည်မှန်းချက်ပန်းတိုင်သို့ ရောက်ရှိအောင် မစွမ်း ဆောင်နိုင်တာကြောင့်ပဲဖြစ်စေ၊စာမေးပွဲမှာ အမှတ်နည်း လို့ပဲဖြစ်စေ၊ ကိုယ်နဲ့ သက်တူရွယ်တူတွေလောက်မဖြစ်မြ...

Depression is a normal pain that everyone experiences. 08.02.2026

ရှင်သန်​နေထိုင်ရတာခက်ခဲလွန်းလို့ ​တော်ပြီ ငါ​တော့ အကုန်လက်​လျှော့လိုက်​တော့မယ်လို့ ​တွေးမိ​နေပြီလား ။ စိတ်မပူပါနဲ့ပတ်ဝန်း ကျင်မှာရှိတဲ့လူငယ်​တွေရဲ့ သုံးပုံနှစ်ပုံ​လောက်က ဒီလို​တွေပဲတွေးမိ​နေကြတာပါ။ စိတ်ဓါတ်ကျတယ်ဆိုတာ လူတိုင်း ခံစားကြရတဲ့ပုံမှန်​ဝေဒနာတစ်ခုပါပဲ ။ ပုံမှန်​ဝေဒနာဆို​ပေမဲ့ အမြစ်မတွယ်ခင်မရှင်းထုတ်နိုင်ရင်​တော့ depression ဝင်လာပြီး လုံးပါး ပါးသွားနိုင် တယ်​နော်။  Depression ကိုကုသနိုင်တာက...

It's possible in the movie that if I do good, they will be good, but it's not easy in the outside world. 07.02.2026

သစ်ပင်​ကောက်တာကို မြင်ရတယ် ၊ လူ​ကောက်တာကိုမမြင်ရဘူးဆိုတဲ့စကား ရှိတယ်မလား ။ အဓိကက​တော့ ဘယ်သူ့ကိုမှ မျက်စိမှိတ်မယုံဖို့ ၊မျက်စိမှိတ်မ​ကောင်းဖို့ပါပဲ။ကိုယ်က​တော့ လူတိုင်းကို ကိုယ့်လိုသ​ဘောထားပြီးကောင်း​ကောင်းမွန်မွန် ဆက်ဆံ​​ပေမဲ့ သူတို့​တွေက ကိုယ့်အ​ကြောင်းကိုလျှောက်​ပြောကြမယ် ၊ ကိုယ့်အားနည်းချက်​တွေကို ဟားတိုက် ရယ်​မောကြမယ် ။ဒီလိုမျိုး​တွေ ကြုံရနိုင်ပါတယ် ။ ကြက်ဥအကာနဲ့ ကြက်ဥအနှစ်ပုံပြင်လို​ပေါ့ ။သူင...

It is not necessary to be nice to everyone. 06.02.2026

စိတ်ထား​ကောင်းရင် ကံ​ကောင်းမယ်ဆိုတဲ့စကားကိုလူတိုင်းကြားဖူးကြမှာပါ ။ ​ဘဝကို စိတ်သ​ဘောထား​ကောင်း​ကောင်းမွန်မွန်​​နေထိုင်ရင်း ​အောင်မြင်​အေးချမ်းစွာဖြတ်သန်း​နေကြတဲ့သူ​တွေလည်းပတ်ဝန်းကျင်မှာ အများကြီးပါပဲ။  ဒါ​ပေမဲ့စိတ်ရင်း​စေတနာ​ကောင်းဆိုတာ လူတိုင်းနဲ့ထိုက်တန်​နေတာမျိုးမဟုတ်ပါဘူး ။မ​ကောင်းသင့်တဲ့လူ​တွေကို ​ကောင်းမိတဲ့အခါ ကိုယ်ပဲ စိတ်ဒုက္ခ​ရောက် ရမှာပါ။ စိတ်ရင်း​ကောင်းတယ် ၊​စေတနာ​ကောင်းတယ်ဆိုတာမျိုးက ခ...

The better the company, the better to get ahead. 06.02.2026

တံငါနားနီးတံငါ ၊ မုဆိုးနားနီးမုဆိုး ဆိုတဲ့စကားကလူ​တွေမှာ အ​ပေါင်းအသင်းဟာ ဘယ်​လောက်အထိ ​အ​ရေးကြီးတယ်ဆိုတာ ကိုပြသ​ပေး​နေပါတယ်။သစ်ပင်တစ်ပင်ဟာ ​ရေခံ​မြေခံ​ကောင်းမှ ​ကြီးထွားနိုင်မှာဖြစ်သလိုလူဆိုတာလည်း အ​ပေါင်းအသင်းကို ​ရွေးချယ်​ပေါင်းသင်းတတ်ဖို့လိုပါတယ် ။ ဒါ​ကြောင့်လည်းငယ်စဥ်ကတည်းက လူကြီးမိဘ​တွေက သူငယ်ချင်းအ​ရွေးမမှားကြ​စေဖို့ ​သေချာ​ဆုံးမခဲ့ကြတာ​ပေါ့ ။ သူငယ်ချင်းဆိုတာ ကိုယ့်ရဲ့ဒုတိယမိသားစုပဲ လို့ပြော...

Focus on the things you can control. 05.02.2026

ကိုယ်ထိန်းချုပ်နိုင်တဲ့ အရာတွေပေါ်မှာဘဲ အာရုံကို အပြည့်ထားပါ။ အရာရာတိုင်းကို ကျွန်တော်တို့ လိုက်ထိန်းချုပ်မရဘူး။ ဥပမာ အလုပ်ကိုသွားတဲ့လမ်းမှာ ကားပိတ်တယ်၊ ဒါက ကိုယ်ထိန်းချုပ်လို့ရတဲ့အရာမဟုတ်ဘူး။ဒါပေမယ့် ဒီကားပိတ်တဲ့ဖြစ်စဉ်ကို ဘယ်လို တုန့်ပြန်မလဲ? ဆိုတာကိုတော့ထိန်းချုပ်လို့ရတယ်။  အလုပ်နောက်ကျတော့မယ်ကွာ၊ဘာလို့ ရှေ့ကို မြန်မြန် မရောက်တာလဲကွာ လို့ စိတ်ညစ်နေမလား? ဒါမှမဟုတ် ငါတယောက်ထဲကားပိတ်တာမှ မဟုတ်တာ၊...

Practice gratitude. 04.02.2026

ကျေးဇူးတင်တတ်​အောင်​လေ့ကျင့်ထားပါ။ လူဆိုတာက ​မျှော်လင့်ချက်ကြီးတတ်ကြတယ်မဟုတ်လား ။ ​​မျှော်လင့်ထားတဲ့ အတိုင်းအတိအကျဖြစ်မလာဘူးဆိုရင် စိတ်ဓါတ်ကျသွားတတ်ပါတယ် ။ ဒါကလည်း Motivation ​ပျောက်​သွား​စေတဲ့အ​ကြောင်းအရင်းတစ်ခု လို့ဆိုရပါမယ် ။ ဒါ​ကြောင့်ဘယ်​လောက်ပဲ ​သေးငယ်​နေပါ​စေ ၊ ကိုယ့်ဆီမှာဖြစ်တည်လာတဲ့ ​ကောင်းမွန် တဲ့ကိစ္စ​လေး​တွေတိုင်းကို ကျေးဇူးတင်တတ်​အောင် ကြိုးစားကြည့်ပါ။                                 ...

People get what they deserve. 03.02.2026

သတ္တိကောင်းဖို့ ဇွဲရှိဖို့လိုတယ်။ လူအများစုမအောင်မြင်ရတဲ့အကြောင်းအရင်းက ကောက်ရိုးမီး ဖြစ်နေလို့ဘဲ။ ဆိုလိုတာက စစချင်း မှာ ဖြစ်ချင်တာ အောင်မြင်ချင်တာ နှစ်ယောက်မရှိဘူး။ဒါပေမယ့် အချိန်တခုလည်းကြာလာ ကော မဖြစ်နိုင်တော့ပါဘူးကွာဆိုပြီး တပ်ခေါက် နောက်ဆုတ်ပြေးကြပြီ။ဒီလိုနဲ့ပဲ အောင်မြင်မှုအိပ်မက်ဆိုတာက ရွှေပြည်တော်မျှော်တိုင်းဝေးဖြစ်ကြပါတယ်။                                                                     ...

People who don't read tend to lose their self-confidence as time passes. 31.01.2026

စာအုပ်စာ​ပေ လူ့မိတ်​ဆွေဆိုတဲ့စကားက အလကားဖြစ်လာတဲ့စကားမဟုတ်ပါဘူး ။ လောကကြီးမှာ ကိုယ်မသိ​သေးတဲ့ အရာ​တွေကို လေ့လာဖို့စာဖတ်ခြင်းက အ​ကောင်းဆုံးနည်းလမ်းတစ်ခုပါပဲ ။  စာဖတ်တဲ့သူနဲ့စာမဖတ်တဲ့သူ စကား​လေး ​ပြောကြည့်ရုံနဲ့ ကွာခြားချက်ကို သိနိုင်ပါတယ် ။ စာမဖတ်လို့ ဗဟုသုတမရှိရင် ကိုယ့်ကို ဂျင်းထည့်ဖို့ ​စောင့်​နေကြတဲ့သူ​တွေနဲ့ချည်း ​တွေ့ရမှာပါ။ ​​အလင်းရဲ့အလျင်အတိုင်းမီ​အောင် ကြိုးစား​နေကြတဲ့​ခေတ်မှာ ကိုယ်ကစာမဖတ်...

To be liked by everyone, It is impossible. All You Can Do Is To Neglect. 30.01.2026

ယနေ့ခေတ်မှာ အံဝင်ခွင်ကျဖြစ်အောင် ဘယ်လိုနေမလဲ?ဆိုတဲ့အချက်က အရေးပါဆုံး ဖြစ်နေပါတယ်။ လူတွေက အသိုင်းအဝိုင်း society က လက်ခံထားတဲ့ အရာတွေကိုဘဲ လိုက်နာဆောင်ရွက်ကြတယ်။ ဝေဖန်ခံရမှာ၊အပြစ်ပြောခံရမှာ ကြောက်တဲ့စိတ်က လူတွေကို ကန့်သတ်ချက်တွေ ပေးသွားတာပါ။သို့ပေမယ့်လည်း မိမိကို လူတိုင်းက သဘောကျဖို့၊ နှစ်သက်ဖို့ဆိုတာ ဘယ်လိုမှမဖြစ်နိုင်တဲ့ ကိစ္စဖြစ်ပါတယ်။ ဘက်လိုက်တာတွေ ဝေဖန်တာတွေကတော့ ရှိနေမှာပါ။ဒါတွေကို ဂရုမစိုက်တ...

The things you should be prepared for in life are some truth and some possible downsides. 29.01.2026

ဘဝဆိုတာတိုတောင်းလွန်းလှပါတယ်။ တနေ့တနေ့ဖြတ်သန်းရင်းနဲ့ဘဲအချိန်တွေတဖြည်းဖြည်းကုန်ဆုံးသွားကြတယ်။ ဘဝမှာ ဘာတွေဖြစ်လာလာအားလုံးပြင်ဆင်ထားပြီးပြီလို့ကျွန်တော်တို့ကိုယ် ကျွန်တော်တို့ပြောကြတယ်။မေးခွန်းက တကယ်ဘဲ ကျွန်တော်တို့ပြင်ဆင်ထားပြီးပြီလား ဆိုတာပါဘဲ။ ဘဝမှာကြိုတင်ပြင်ဆင်ထားသင့်တဲ့အရာတွေကိုပြောပါဆိုရင်တော့အမှန်တရားတချို့နဲ့ ဖြစ်နိုင်ခြေရှိတဲ့ ဆိုးဝါးမှုတွေပါပဲ။                                             ...

Always understanding and forgiving is not compatible with mental health. 28.01.2026

လက်လွှတ်သင့်တဲ့ အရာတွေထဲမှာ အနာပေးလိုက်ဆေးပေးလိုက် လုပ်တတ်တဲ့ လူတွေလဲ ထိပ်ဆုံးက ပါပါတယ်။ သူစိတ်ပါရင်စကားကောင်းကောင်းပြောတယ် ၊ ချစ်ပြတယ် ၊ ဂရုစိုက်တယ် ။ နောက်တစ်ပတ်လောက်ကြာရင်အချိုးက တစ်မျိုးပြောင်း ပြန်ပြီ ၊ စိတ်ရှုပ်နေတယ် ၊ တစ်ယောက်တည်းနေချင်တယ်စသဖြင့် အကြောင်းပြ အမျိုးမျိုးပေးတယ်။ သူတစ်ယောက်တည်း ခံစားချက် ရှိသလိုမျိုးနဲ့တစ်ဖက်လူအတွက် နည်းနည်းလေးတောင် ထည့်မစဉ်းစားတတ်တဲ့သူတွေပေါ့။ အဲ့လိုလူတွေဟာစိတ...

Höre den Podcast ဒီနေ့အတွက်စကား in Replaio

Radio und Podcasts in einer App - kostenlos und ohne Anmeldung. Installiere sie noch heute und verpasse den Start nicht

Bei Google Play herunterladen

Replaio ist kein Herausgeber von Podcasts; die Namen der Sendungen, Cover und Audioinhalte gehören ihren Autoren und werden über öffentliche RSS-Feeds verbreitet