Padamyar FM

ဒီနေ့အတွက်စကား

နေ့စဉ်ဘဝအတွက် စိတ်ခွန်အားပေးမည့် စကားလုံးများနှင့် အတွေးအမြင်များ။

Besuch unbedingt die Website des Podcasts und unterstütze die Macher: padamyarfm.com.mm

Autor

Padamyar FM

Kategorie

Education

Podcast-Website

padamyarfm.com.mm

Neueste Folge

4. Okt 2026

Wo hören?

Podcasts in der App Replaio Radio Bald verfügbar

Podcasts kommen bald in die App. Installiere sie jetzt und erlebe als Erster einen ganz neuen Blick auf Podcasts

Bei Google Play herunterladen Kostenlos installieren Android fast 10 Mio. Downloads · Bewertung 4,8 iOS bald

Folgen

Start by Believing In Yourself. End With Confidence in Yourself. 21.07.2026

အလုပ်တစ်ခုစပြီးလုပ်တော့မယ်ဆိုရင် ဘေးကလူတွေကနေပြီးတော့ကိုယ့်ကို ကိုယ်ဟာ “လုပ်နိုင်ပါတယ်” “အရည်အချင်း ရှိပါတယ်” “ကိုယ်ဟာ ဖြစ်မြောက်မှာပါ”ဆိုပြီး ကိုယ့်ကို ယုံကြည်ကြတာကို လိုချင်တယ်။ထောက်ခံအားပေးပြီး ပြောတာကို လိုချင်ကြတယ်။အဲဒီတော့ ကိုယ်က ကိုယ်တစ်ခုခုလုပ်တော့မယ်ဆို ဘေးကလူတွေကို တိုင်ပင်တယ်။ ကိုယ့်ကို အားပေးစေချင်တယ်၊ ထောက်ခံစေချင်တယ်။  ကိုယ်တိုင်ပင်တဲ့သူတွေကကိုယ်ထင်သလို အားမပေးတဲ့အခါ၊ မထောက်ခံ တဲ့အခါ...

You Can Be Happy And Peaceful If You Have A Good Attitude. 20.07.2026

ကိုယ့်ရဲ့ အတွေးတွေကို ဂရုစိုက်ပါ။ တစ်ခုခုကိုတွေးနေပြီဆိုရင် အဲ့အတွေးတွေထဲနစ်မြှုပ်မသွားအောင် ချက်ချင်း သတိပြန် ဝင်ဖို့လိုပါတယ်။ ကိုယ်က စိတ်လွင့်ပြီး တစ်ခုခုကိုတွေးမိနေမှန်း သတိရတာနဲ့ ချက်ချင်း တခြား အလုပ်တစ်ခုကို ထလုပ် လိုက်ပါ။ အတွေးတွေကို ပြန်သုံးသပ်ဖို့လိုအပ်ပါတယ်။အမေးရှိရင် အဖြေရှိတယ်ဆိုတဲ့ စကားအတိုင်း ကိုယ့်ရဲ့ အတွေးတွေမှာလည်းအဖြေတစ်ခု ရှိပါလိမ့်မယ်။ အဲ့အဖြေကို ကိုယ် ကိုတိုင် ဖော်ထုတ်ရမှာပါ။  ...

Don’t Lose Your Heart Whenever You Face Pain In Life. 19.07.2026

အမှန်တရားတစ်ခု ရှိပါတယ်။ ဒါကတော့ဘဝဆိုတာ အမြဲတမ်း ကိုယ်ဖြစ်ချင်တဲ့အတိုင်း သာယာချောမွေ့နေမှာ မဟုတ်ဘူး ဆိုတာပါပဲ။ တစ်ခါတစ်လေမှာသင်မကြုံချင်တဲ့ နာကျင်မှု ဝေဒနာတွေကို ကောင်းကောင်းကြီး ကြုံတွေ့ ခံစားရနိုင်ပါတယ်။ဒါဟာ ဝမ်းနည်းစရာတော့ မဟုတ်ပါဘူး။ တကယ်တော့ နာကျင်မှုတွေဆိုတာ လူတွေကို ပြောင်းလဲသွားစေတဲ့ဆရာသခင်ပါ။ နာကျင်မှု တွေကပဲ ပိုရင့်ကျက်လာစေတယ် ၊ ပိုကောင်းတဲ့ လူတစ်ယောက်အဖြစ်ကိုပြောင်းလဲပေးနိုင်တာပါ။   ဘဝမ...

After Reading A Book, Review It. 18.07.2026

ဘဝတိုးတက်ချင်လို့ဆိုပြီး တချို့လူငယ်တွေ တက်ကျမ်းချည်း တစ်ချိန်လုံး လှိမ့်ဖတ်တာတွေ မြင်ဖူးတယ်။ အဲလို တက်ကျမ်း ကြိုက် လူငယ်တွေပဲ ဒီလို ပြောကြပြန်ရော၊ အဲဒါတွေ ဖတ်ပြီး ဘာမှ မတိုးတက်ဘူး တဲ့။ တော်တော်များများ သိထားကြတာ က စာဖတ်တာ ကောင်းတယ်၊  စာဖတ်ရင်တိုးတက်တယ်။ စာဖတ်ရင် ကိုယ့်လူမျိုး ကိုယ့်တိုင်းပြည်တိုးတက်လာ၊ ချမ်းသာကြွယ်ဝ လာမယ်။ ထိုနည်းတူ တိုးတက်နေကြတဲ့ လူတွေကလဲပဲ စာအုပ်တွေ အရမ်းဖတ်ကြတာပေါ့။ ဒါပေမဲ့ တက...

Build Your Strong Mental Fortification. 17.07.2026

ခံတပ်ဆိုတာ အင်္ဂလိပ်လို Fortification, ခိုင်ခံ့စွာတည်ဆောက်ထားခြင်း၊အားဖြည့်စေခြင်း စသော နေရာများ ကိုဆိုလိုတယ်။ စစ်ဘက်ဆိုင်ရာအရ ‘ရန်သူကိုခုခံရန်အုတ်၊ကျောက်၊သစ်စသည်တို့ဖြင့်အခိုင်အခံ့လုပ်ထားသောစစ်စခန်း’ဟု၍ခေါ်ဆိုကြပါတယ်။ ခံတပ်ခိုင်ခံစွာတည်ဆောက်ထားမှုအပြင် ခံတပ်အတွင်းနေသော စစ်သည်များအနေဖြင့်လည်း ရဲစွမ်းသတ္တိရှိမှု၊ စည်းလုံး ညီညွတ်မှုတွေရှိမှ ရန်သူ့ကိုတော်လှန်နိုင်မှာဖြစ်တယ်။ထို့နည်းတူ မိမိတို့ရဲ့ ဘ၀မ...

We All Need to Respect Self-Value. 16.07.2026

တန်ဖိုး − အလွယ်ပြောရရင် ကိုယ့်အတွက်အရေးကြီးတဲ့အရာ၊ တန်ဖိုးထားဦးစားပေးတဲ့အရာပဲ ဖြစ်ပါတယ်။ ကိုယ် ဘယ်လို ပြုမူမှာလဲ၊ဘယ်လို ဆုံးဖြတ်ချက်တွေ လုပ် ဆောင်မှာလဲ၊ ဘယ်လို ရွေးချယ်မှုတွေလုပ်မှာလဲစတာတွေကို ပုံပေါ်လာအောင် လမ်းညွှန်ပုံဖော်ပေးတဲ့ စံတွေ၊ ယုံကြည်မှုတွေလို့လည်းဆိုနိုင်ပါသေးတယ်။ ဒီတန်ဖိုးတွေ ဘယ်လိုပုံပေါ်လာလဲ? တန်ဖိုးတွေ ဆိုတာ ကိုယ့်ရဲ့ဘဝအတွေ့အကြုံ၊ ဖြတ် သန်းလာမှုပုံစံ၊ ယဉ်ကျေးမှု ဓလေ့ ထုံးတမ်းဆိုင်ရ...

𝗪𝗵𝗲𝗻 𝗼𝗻𝗲 𝗱𝗼𝗼𝗿 𝗰𝗹𝗼𝘀𝗲𝘀, 𝗮𝗻𝗼𝘁𝗵𝗲𝗿 𝗱𝗼𝗼𝗿 𝗼𝗽𝗲𝗻𝘀. 15.07.2026

ငြင်းဆိုခံရခြင်း ဆိုတာ ဘဝမှာ မလွှဲသာမရှောင်သာကြုံတွေ့ရတတ်တဲ့ ဘဝအစိတ်အပိုင်းတစ်ခုဆိုလည်း မမှားပါဘူး။ ကိုယ် ချစ်တဲ့ သူ (သို့)သံယောဇဉ်ရှိသူရဲ့ ငြင်းဆိုမှုကို ခံရတယ်။ ကိုယ်လျှောက်တဲ့ အလုပ်မှာ ကိုယ့်ကိုငြင်းပယ်ခံရတယ်။ ကိုယ် တီထွင် ဖန်တီးထားတဲ့တန်ဖိုးထားတဲ့အရာတွေအပေါ် ငြင်းဆိုခံရတယ်။ အလုပ်မှာ ကိုယ်တင်သွင်းတဲ့အဆိုကိုငြင်းပယ်ခံရတယ်။ အနီးရှိသူတွေထံက ကိုယ့်တောင်းဆိုမှုတွေအပေါ် ငြင်းပယ်ခံရတယ် စသဖြင့်အမျိုးမျ...

Self-Inflicted Injuries are worse. 14.07.2026

အခြားသူတွေပေးတဲ့ ဒဏ်ရာတွေထက် ကိုယ့်ကိုကိုယ်ပေးထားတဲ့ ဒဏ်ရာတွေဟာ ပိုနက်ပြီး ၊ ပိုနာကျင်ရတတ်ပါတယ်။ အခြားသူဆီက ရခဲ့တဲ့ အနာဟာ ၊အခြားလူတစ်ယောက်ကြောင့် ပျောက်ကင်းပါတယ် ။ ကိုယ်တိုင်က ပေးထားရင်တော့ ကိုယ် တိုင်ပြန်ကုသရမယ်။မချစ်သင့်သူကို ချစ်မိလို့ ရတဲ့ ဒဏ်ရာဟာ ကိုယ်တိုင်ဖန်တီးတာပဲ။ နာကျင်မှန်းသိရက်ရုန်းမထွက်နိုင် တာဟာလည်း ကိုယ်တိုင်ပေးတဲ့ ဒဏ်ရာပဲ။ ကိုယ့်ကိုကိုယ် အားမလိုအားမရဖြစ်လို့ ၊ မကျေနပ်နိုင်လို့လည်း...

Mutual Respect is Everything. 13.07.2026

   Mutual respect ဆိုတာ ဘယ်လို ဆက်ဆံရေးမျိုးမဆို လိုတာဖြစ်လို့သမီးရည်းစားတွေကြားမှာလည်း အချင်းချင်း အပြန် အလှန်လေးစားမှုဆိုတာ ရှိသင့်ပါတယ်။မတူကွဲပြားမှုတွေကို လက်ခံပေးခြင်းက Mutual Respect ရှိတာပါ။လူတိုင်းက တစ်ယောက်နဲ့တစ်ယောက် မတူကြပါဘူး၊ သီချင်းတစ်ပုဒ်ကို ကိုယ်က ကြိုက်ပေမယ့်သူ့အကြိုက်ဟုတ်ချင်မှ ဟုတ်မှာဖြစ် သလို သူကြိုက်တဲ့ဇာတ်ကားကိုကိုယ်ကြိုက်ဖို့ဆိုတာကလည်း မလွယ်ပါဘူး။ ဒါက ဥပမာပါ၊ ဘဝမှာ ဒီထက်ပိုပ...

Believe that you can have success and happiness at the same time. 11.07.2026

အောင်မြင် ခြင်းနဲ့ ပျော်ရွှင်ခြင်းတို့ကို ဘဝမှာတစ်ပြိုင်နက်တည်း ပိုင်ဆိုင် နိုင်တယ်ဆိုရင် ယုံမှာလား။ တကယ်တော့ ထိုအရာ နှစ်ခုကိုတစ်ပြိုင်နက်တည်း ပိုင်ဆိုင်နိုင်ပါတယ်။ ကျန်းမာခြင်းသည် လာဘ်တစ်ပါးဆိုတာကိုသတိရပါ။ ရုပ်ပိုင်းဆိုင်ရာ ကျန်း မာရေးနဲ့ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေး တို့ကိုလျစ်လျူရှုလိုက်မယ်ဆိုရင်တော့ နောက်ဆက်တွဲ ဆိုးကျိုးတွေ အများကြီးကိုခံစားရနိုင်ပါတယ်။ ကိုယ်ရော စိတ်ပါ ကျန်းမာနေမယ်ဆိုရင်တော့ က...

Learn to see your own worth in every face of criticism. 11.07.2026

တစ်ဦးတစ်ယောက် (သို့) လူအများဆီကနေ ကိုယ့်အပေါ်ဦးတည်တိုက်ခိုက်လာတဲ့ ဝေဖန်ကဲ့ရဲ့ မှု၊ အပြစ်တင်မှုတွေ ကြုံတွေ့ ဖူး ကြလား လို့မေးကြည့်ချင်ပါတယ်။ ဝေဖန်အပြစ်တင်မှုဆိုကတည်းက ကိုယ့်ရဲ့တိုးတက်နိုင်ရေး၊ပြုပြင်နိုင်ရေးကိုအကြောင်းပြုပြီး ကောင်းမွန်သောရည်ရွယ်ချက်နဲ့အကြုံပြုချက်ပေးတာမျိုး၊ ဆွေး နွေး ညှိနှိုင်းမှုလုပ် ဆောင်တာမျိုး မဟုတ်ပဲအပြုသဘော မဖြစ် စေတဲ့ စကားလုံးတွေ၊ အထင်အမြင် တွေနဲ့ စွပ်စွဲပြောဆိုခြင်း ကို ဆ...

Let Your Life Be BLESSed. 10.07.2026

အနာဂတ်စီမံခန့်ခွဲမှုလို့ပြောလိုက်ရင်နောက် လာမဲ့၃-၅နှစ်တာကို ယခုကာလကနေထည့်သွင်းစဥ်းစားရတာကို ဆိုလိုပါတယ်။ တစ်နှစ်တာဆိုတဲ့အချိန်ဟာကုန်တာ မြန်ဆန်ပါတယ်။ကိုယ့်အနေနဲ့ လုပ်စရာတွေ၊ သင်စရာတွေ၊ကိုယ့်အတွက်နဲ့ ဘေးကလူတွေအတွက်ပါထည့်သွင်းစဥ်းစားလိုက်တဲ့အခါအလွန်မှအချိန်တွေဟာပိုလျှံနေတယ်လို့မမြင်နိုင်တော့ပါ။ အနာဂတ်လို့အဝေးကြီးတွေးလိုက်ရင်အကြီးကြီးတွေလုပ်နေရမယ်လို့အထင်မမှားသင့်ပါဘူး။ အကြောင်းကကိုယ့်အနေနဲ့တရက်တာကို...

Don’t Dwell On Superfacial Truths And Live In Harmony With Authenticity. 09.07.2026

သာမန် ပုထုဇဥ်တွေအနေနဲ့ လောကမှာ ဘယ်သူတွေကမှန်တယ်၊ဘယ်သူတွေကတောဖြင့် မမှန်ဘူး ဆိုပြီး မိမိတို့ရဲ့ခေါင်းထဲမှာ မှတ်ချက်တွေ၊အမြင်တွေ၊ အတွေးတွေ တစ်ပုံတစ်ခေါင်းကြီးနဲ့ရှုမြင်ပြီးနေ့စဥ်ဘ၀ကိုရွက်လွှင့်နေကြတယ်။ ဒီရဲ့နောက်ကွယ်မှာ သိနိုင်တဲ့အတိအကျအဖြေဆိုလို့အတိအကျ ဘာမှမသိတာပဲ ဖြစ်နေ တယ်။ အတွေးအမြင်တွေ မှတ်ချက်တွေပေးရတာလွယ် တယ်။ ပြီးရင်ဒီအရှုပ်ထုတ် တွေ၊ အမှိုက်တွေနဲ့ သံသရာလည်နေတတ်ကြပါတယ်။   လူတွေကအမှားအမှန်တွေက...

Jealousy Burns Very Hot. 08.07.2026

မနာလိုမှုဟာ ပုံစံအမျိုးမျိုးနဲ့တည်ရှိနေတတ်ပါတယ်။ မနာလိုမုန်းထားခြင်းဟာ ကိုယ့်ကိုကိုယ် မီးပြန်ရှို့သလိုပဲကိုယ့်စိတ်နဲ့ ကိုယ် ပူလောင်ရပါတယ်။ ကိုယ့်ထက်သာသွားလို့ မနာလိုတာ၊ကိုယ်မပျော်နိုင်ပေမဲ့ သူပျော်နေရလို့ မနာလိုတာ၊ ကြိုးစားတာ ချင်း တူ တာတောင် သူကပိုအောင်မြင်လို့ စသဖြင့် မနာလိုမှုတွေဟာ အမျိုးမျိုးပါပဲ။                                                                    မနာလိုလို့ ကွယ်ရာမှာအပုတ်ချပြေ...

Be Your Life Blessed. 06.07.2026

သင်ဟာပြိုင်ဘက်ကင်းတယ်ဆိုတာ အမှတ်ရပါ။ အနာဂတ်စီမံခန့်ခွဲမှုလို့ပြောလိုက်ရင်နောက်လာမဲ့ ၃-၅နှစ်တာကို ယခုကာလ ကနေထည့်သွင်းစဥ်းစားရတာကိုဆိုလိုပါတယ်။တစ်နှစ်တာဆိုတဲ့အချိန်ဟာကုန်တာ မြန်ဆန်ပါတယ်။ ကိုယ့်အနေနဲ့ လုပ်စရာတွေ၊ သင်စရာတွေ၊ကိုယ့်အတွက်နဲ့ဘေးကလူတွေအတွက်ပါထည့်သွင်းစဥ်းစားလိုက်တဲ့ အခါအလွန်မှအချိန်တွေဟာ ပိုလျှံနေတယ်လို့ မမြင်နိုင်တော့ပါ။ အနာဂတ်လို့အဝေးကြီးတွေးလိုက်ရင်အကြီးကြီး တွေလုပ်နေရမယ်လို့အထင်မမှား သ...

Always review your life because its too short. 05.07.2026

ကိုယ့်အနေနဲ့ကြီးပွားတိုးတက်ချင်ပေမဲ့မှန်ကန်တဲ့ချဥ်းကပ်မှုတွေ မလုပ်နေဘူး ဆိုရင် နှစ်တွေသာကြာနိုင်ပြီး မှန်းထားသလောက် ဖြစ်လာဖို့ခဲယဥ်းပါတယ်ဆိုတာကို လူတိုင်းသိထားကြပါတယ်။ သို့သော်လည်းတစ်ဖက်မှာအကြောင်းကြောင်းကြောင့် လက် လျှော့ လိုက်မိတာ၊ နေမြဲနေဆဲနေရာမှာပဲ လွယ်လင့်တကူရပ်နေလိုက်တော့တာ မျိုး ဖြစ်နေနိုင်ပါတယ်။ ကိုယ့်အတွက်တစ်ခုခုလုပ်တဲ့အခါကောက်ကာငင်ကာနဲ့ လုပ်ဖို့အခွင့်အရေးမပေးတာ၊ အခြားလူတွေအတွက် မနက်ဖြန်...

Always Separate Work And Personal Life. 04.07.2026

လုပ်ငန်းခွင်မှာအလုပ်လုပ်ကိုင်တဲ့အခါ အရေးအကြီးဆုံး အချက်ကတော့ အလုပ် နဲ့ ကိုယ်ရေး ကိုယ်တာခွဲခြားထားခြင်းပဲ ဖြစ်ပါ တယ်။ အလုပ် နဲ့ ကိုယ်ရေး ကိုယ်တာကို မခွဲခြားထားတဲ့အခါစိတ်ဖိစီးမှုများလာမယ်၊ မိမိရဲ့ စွမ်းဆောင်ရည် ကျလာမယ်၊ မနိုင်ဝန် ထမ်းနေရမယ်။မိမိရဲ့ လုပ်ဖော်ကိုင်ဖက်နဲ့ပဲဖြစ်ဖြစ်၊ အထက်လူကြီးနဲ့ပဲဖြစ်ဖြစ် ပုဂ္ဂိုလ်ရေးအရခင်မင်မှုရှိတဲ့အတွက်ကြောင့် ကိုယ့်ဘက်က အားနာနေရင် ကိုယ်ပဲ ခံစားသွားရပါလိမ့်မယ်။     ...

Self-Acceptance is Lifelong commitment process and journey. 03.07.2026

Self-Acceptance ဆိုတာ မိမိမှာရှိတဲ့ ကောင်းခြင်း၊ဆိုးခြင်း၊ အားနည်းချက်၊အားသာချက်၊ ရုပ်ရည်ပုံပန်းသဏ္ဍန်၊ ကိုယ်ရေကိုယ် သွေးစတဲ့အချင်းအရာတွေအပေါ် ကြိုဆိုလက်ခံတတ်ခြင်းနဲ့ သက်တောင့်သက်သာ ရှိနေခြင်းဟုဆိုလိုခြင်းဖြစ်တယ်။ နားဆင်သူ တွေရော Self-Acceptanceနဲ့ပတ်သက်လာရင်ဘယ်လိုနားလည်ခံယူထားလဲ?မိမိအနေနဲ့ Self-Acceptance ရဖို့ဘယ်အရာတွေကတားဆီးနေလဲ? အမှတ် (၁-၁၀) ပေးရရင် မိမိရဲ့ Self-Acceptance level ဘယ်လောက်ရှိနေပ...

When pettiness consumes life, many negative consequences are experienced. 02.07.2026

သိမ်ငယ် စိတ် ဆိုတာသည် လူတိုင်းနီးပါးကြုံတွေ့ရတဲ့အရာတစ်ခုဖြစ်ပါတယ်။ အကြောင်းအမျိုးမျိုးကြောင့် သိမ်ငယ်စိတ်ကိုခံစားရတတ်ပါတယ်။ ဥပမာ ငယ်ရွယ်စဥ်က လူကြီးတစ်ယောက်ယောက်က ကိုယ့်ကို အခြားသူများနဲ့နှိုင်းယှဥ်ပြီး ကိုယ့်ကို သူ့ရဲ့ ခြေဖျားတောင် မမှီဘူးဆိုပြီး လိုက်နှိုင်းယှဥ်လွန်းတဲ့အခါမှာလည်းသိမ်ငယ်စိတ်က တဖြည်းဖြည်း ခိုအောင်းလာတတ်ပါတယ်။ တဖြည်းဖြည်းနဲ့ အချိန်ကြာလာတဲ့အခါသိမ်ငယ်စိတ်က တဖြည်းဖြည်း ကြီးထွားလာပြီး ဘ...

Difficulties in life make you stronger. 01.07.2026

အခက်ခဲတွေ ၊ ပြဿနာတွေကို ဘယ်သူမှ မလိုချင်ကြပါဘူး။ ဒါပေမဲ့လဲ မတွေ့ချင်လို့ ရှောင်နေလို့ရတဲ့အထဲမှာ အခက်နဲ့ ပြဿနာ တွေက မပါဘူး ။ကိုယ်တိုင် မကျူးလွန်ရင်တောင်မှ မထင်မှတ်ပဲ ရောက်လာတဲ့အခက်ခဲတွေ ၊ ရှောင်နေရင်းကတမင်ဝင်တိုးလာတဲ့ ပြဿနာတွေဟာ နေ့စဉ်နဲ့အမျှကြုံနေရဦးမှာပဲ။                                                                                                            အခက်ခဲတွေဟာ ဘယ်နေရာကိုရောက်ရောက် တွေ...

Try To Accept The Changes Lightly. 01.07.2026

နေ့စဉ် စိတ်လက်ပေါ့ပါးချင်ရင်ကိုယ့်အတွေးတွေကိုလည်း ပေါ့ပေါ့ပါးပါး တွေးတတ်ဖို့လိုပါတယ်။ ကြုံတွေ့ရတဲ့ အခြေနေ ၊ကြားရတဲ့ စကား အားလုံးကို ရင်ထဲထည့်ပြီး ခံစားနေလို့ မရပါဘူး။ တချို့သော အရာတွေကိုမသိသလိုနေပြီး ၊ တချို့သော စကားများကို မကြားသလိုသာ သဘောထားတတ်ဖို့ လိုပါတယ်။အားလုံးကို အလေးနက်ထားပြီး လိုက်ခံစားနေရင် ကိုယ်ပဲ ပင်ပန်းရပါလိမ့်မယ်။                                                                       ...

If there are people who comfort you, who always listen to you with interest and kindness, be sure to appreciate it. 30.06.2026

တစ်စုံတစ်ယောက်ရဲ့ နေ့စဉ်ဘဝကို စိတ်ဝင်တစားနားထောင်ပေးတတ်ခြင်းဟာလည်း နွေးထွေးစေတဲ့ ချစ်ခြင်းမေတ္တာ တစ်မျိုးပဲ။ မနက်မိုးလင်းကစလို့ညအိပ်ယာဝင်တဲ့အထိ ဒီနေ့ ဘာတွေလုပ်တယ်၊ ဒီနေ့ ဘယ်တွေသွားတယ်၊ ဘယ်သူကတော့ ကိုယ့်ကိုဘယ် လိုပြောတယ်၊ ရာသီဥတု ကြည်လင်တာကစလို့၊ ညနက်သန်းခေါင်တွေမှာအထီးကျန်ရကြောင်းအထိ ကိုယ့်ဘဝ ရဲ့ ပျော်ရွှင်မှုတွေ၊ ဝမ်းနည်းမှုတွေကိုမျှဝေနားထောင်ပေးမယ့်သူတွေရှိတာ ဘာနဲ့မှ အစားထိုးလို့ မရနိုင်တဲ့ကံကော...

Free yourself from the feelings that tire you and give yourself freedom. 29.06.2026

ကျွန်တော်တို့ရဲ့ စိတ်ခံစားချက်တွေကအင်အားကြီးပါတယ်။ ကောင်းမွန်တဲ့ခံစားချက်က စိတ်ငြိမ်းချမ်းမှုတွေပေးနိုင်ပြီးမကောင်းတဲ့ ခံစားချက်တွေက တော့ စိတ်ဒဏ်ရာအမျိုးမျိုးပေးနိုင်ပါတယ်။ ကျွန်တော်တို့ရဲ့နေ့စဉ်ဘဝမှာစိတ်အနှောင့်ယှက် တွေ၊ စိတ်ရှုပ်စရာ တွေက နေ့စဉ်လိုလိုကြုံရတတ်ပါတယ်။ ဥပမာ -တစ်ခါတလေမှာ မနက်မိုးလင်းက တည်းက စိတ်မကြည်တဲ့ အခါ တစ်နေ့လုံး အဆင်မပြေတာ၊ကိစ္စတစ်ခုအပေါ်ဖြစ်တဲ့ ဒေါသစိတ်ကနောက်ကိစ္စတွေမှာပါ ဆက်သွ...

Falling in love with someone is not scary, but not being able to get out of a wrong relationship is scary. 28.06.2026

အချစ်က ပျော်စရာပဲ ဖြစ်သင့်တယ်။ ဆယ်ကျော်သက်အရွယ်မှာလူတိုင်းက မှားယွင်းစွာ ချစ်ခဲ့ဖူးကြတယ် ။ ကိုယ့်အပေါ် မကောင်း တဲ့သူ ၊ကိုယ့်ကိုဆက်တိုက် နာကျင်စေတဲ့သူကို ချစ်ခဲ့မိတာမျိုးပေါ့ ။ ကိုယ်တိုင်လဲအဲ့ဒီလိုပဲ ။ နောက်ဆုံး ကိုယ့်ကိုကိုယ် ပြန်ရှာမ တွေ့တော့တဲ့အထိ ၊ဘာတန်ဖိုးမှမရှိအောင် တွယ်ကပ်မိတဲ့အထိပဲ။ အချစ်က နာကျင်စေတတ် မှန်းသိခဲ့တာအဲ့ဒီအချိန်ကပေါ့ ။ သူခေါ်ရင်ပျော်တယ် ၊ သူပစ်ထားရင် ငိုတယ်။လူတစ်ယောက်ကိုအလွန်ကျ...

Being forced to cling to a situation with a low percentage to be comfortable is not compatible with mental health. 27.06.2026

တွေဝေရခက်တဲ့ ဆက်ဆံရေးထဲပိတ်မိနေတဲ့အခါဒီအချက်လေးကို သေချာတွေးကြည့်ပါ။ ကိုယ်က ဒီလူတစ်ယောက်ကို စွန့်လွှတ်ရမလား။ ဆက်ပြီး ဖမ်းဆုပ်ထားသင့်သေးလားဆိုတဲ့ အတွေးမျိုးနဲ့နာကျင်ရတဲ့အခြေနေမျိုးမှာ ဆိုပါတော့။ ဒီအခြေနေကို ဘာကြောင့်ရောက်လာခဲ့သလဲအဖြေရှာကြည့်ရင် ပြဿနာတွေ ခဏခဏဖြစ်ပြီး ဒီဆက်ဆံရေးဟာ Toxic ဖြစ်လာပြီ လို့ ထင်လို့ပဲ မဟုတ်လား။ ဒါဆို ဘာ့ကြောင့် လက်လွှတ်ဖို့ခက်ခဲနေရသေးလဲ ။ သေချာတာတော့ သူ့အပေါ်ထားတဲ့ ကိုယ့်ရဲ...

Höre den Podcast ဒီနေ့အတွက်စကား in Replaio

Radio und Podcasts in einer App - kostenlos und ohne Anmeldung. Installiere sie noch heute und verpasse den Start nicht

Bei Google Play herunterladen

Replaio ist kein Herausgeber von Podcasts; die Namen der Sendungen, Cover und Audioinhalte gehören ihren Autoren und werden über öffentliche RSS-Feeds verbreitet