Padamyar FM

ဒီနေ့အတွက်စကား

နေ့စဉ်ဘဝအတွက် စိတ်ခွန်အားပေးမည့် စကားလုံးများနှင့် အတွေးအမြင်များ။

Skapare

Padamyar FM

Kategori

Education

Poddens webbplats

padamyarfm.com.mm

Senaste avsnittet

11 jul 2026

Var kan du lyssna?

Poddar i appen Replaio Radio Kommer snart

Poddar kommer snart till appen. Installera nu och bli först med att uppleva ett helt nytt sätt att lyssna på poddar

Ladda ned på Google Play Installera gratis Android nästan 10 mn nedladdningar · betyg 4,8 iOS snart

Avsnitt

If you don’t try hard after reaching the age of 30, you won’t be able to achieve success 13.11.2025

အသက်၃၀ဆိုတဲ့အရွယ်ဟာဘဝရဲ့ ပျှမ်းမျှတစ်ဝက်အချိန်လို့ဆိုနိုင်သလို တစ်ဆစ်ချိုးကာလလို့လည်းပြောနိုင်သလို အောင်မြင်တိုးတက်ရေးအတွက်မဖြစ်မနေစတင်လုပ်ဆောင်ရတော့မယ့်အချိန်လည်းဖြစ်ပါတယ်။ အသက်၃၀အရွယ် မှာမှကြိုးစားတာမျိုးမလုပ်ခဲ့ရင် ကျန်သေးတဲ့ ဘဝအသက်တာမှာ ဘယ်လိုအကြောင်းအရာတွေဖြစ်လာမလဲဆိုတာကို ဆုံးဖြတ်ပေးသွားတော့မှာပါ။                                                                                                ...

Perfectionism Is The Main Enermy of Happiness. 12.11.2025

လောကမှာ မချမ်းသာချင်တဲ့သူ၊ မအောင်မြင်ချင်တဲ့သူ ရှိချင်ရှိမယ်။ဒါပေမဲ့ မပျော်ချင်တဲ့သူဆိုတာ မရှိဘူး။ သူများနဲ့ နည်းတူ မပျော်နိုင်ဘူးဆိုရင်တော့ကိုယ့်တစ်ကိုယ်ရည် စိတ်ထဲမှာတော့ စိတ်ချမ်းမြေ့ချင်ကြတာ လူ့သဘာဝပဲ။ လူ့ဘဝမှာပျော်ရွှင်မှု ဆိုတာ အရေးအကြီးဆုံး အခန်းကဏ္ဍထဲမှာ ပါပါတယ်။ လူအားလုံးကလည်းပျော်ရွှင်ဖိုပဲ အလုပ်လုပ်နေကြတာ ဖြစ်ပါတယ်။ ဒီနေရာမှာ ပျော်ရွှင်မှုဆိုတာဟာတစ်ဖက်သူဆီမှာ သွားရှာဖွေရမယ့် ပျော်ရွှင်မှ...

Complimenting Another Person Is Free. 11.11.2025

ဒီနေ့အတွက်စကားနေ့စဉ်ဘဝကိုဖြတ်သန်းရာမှာ ဘယ်အရာမဆို စိတ်ထဲ ဝမ်းနည်းရတဲ့ အချိန်တွေ ရှိတတ်ပါတယ်။ ဒီလိုအချိန်မျိုး မှာစိတ်ကြည်လင်လန်းဆန်းလာဖို့ အကောင်းဆုံးနည်းလမ်းက တစ်ယောက်ယောက်ကို ချီးကျူးစကားပြောလိုက်တာပါပဲ။ တစ်ခြား သူတွေကို ချီးကျူးစကားပြောတာကသင့်ရဲ့စိတ်ခံစားမှုကိုလည်း ကြည်လင်လန်းဆန်းစေနိုင်တာဖြစ်ပါတယ်။ ဒါတင်မက သေးပါ ဘူး။ချီးကျူးစကားပြောခြင်းရဲ့ အခြားအကျိုးကျေးဇူးတွေရှိပါသေးတယ်။                    ...

You teach people how to treat you by what you allow, what you stop, and what you reinforce. 10.11.2025

ပေါင်းသင်းဆက်ဆံရေးဆိုတာသိပ်ကိုမှခက်ခဲတဲ့ဘာသာလို့လူတိုင်းကလက်ခံထားကြတယ်။ ပေါင်းသင်းဆက်ဆံရေးပြေပြစ်တဲ့ သူကစီးပွားဥစ္စာရှာဖွေတဲ့အခါမှာပဲဖြစ်ဖြစ် အကူအညီလိုတဲ့အခါမှာပဲဖြစ်ဖြစ် အထောက်အကူရနိုင်ချေပိုပြီးများတတ်တယ်။ ဒါပေမယ့် ပေါင်းသင်းဆက်ဆံရေးတိုင်းဟာ ကြည်လင်တဲ့ကန်ရေပြင်လိုထွင်းဖောက်မြင်နိုင်ဖို့ မလွယ်ပါဘူး။ အထူးသဖြင့် လူတစ်ယောက်ရဲ့ အတွင်းစိတ်အခြေအနေကိုဖောက်ထွင်းသိမြင်နိုင်ဖို့ ဘယ်ပညာရပ်ကမှ အလုံးစုံအသုံးမ...

Place your hand over your heart… Feel That? That’s called purpose. You’re alive for a reason. Find time for the things that make you feel happy to be alive today. 09.11.2025

သင်ဘာလို့ ဒီနေ့အသက်ရှင်နေတာလဲ။ ဒီမေးခွန်းကိုမေးကြည့်ဖူးပါသလား။ဒီနေ့မှာလူတွေ လောကထဲကိုရောက်လာသလို ဒီနေ့မှာတချို့လူတွေ လောကထဲကနေလက်ပြနှုတ်ဆက်သွားကြပြီ။သင်ကတော့ အခုထိအသက်ရှင်နေသေးတယ်။ သင် ဘာကြောင့် ဒီနေ့အသက်ရှင်နေတာလဲ။ ရှင်ခြင်းနဲ့ သေခြင်းသိပ်ကိုမှ နီးစပ်တဲ့ ဒီလောကကြီးထဲမှာရှင်သန်နေတဲ့သူတွေ၊ သေဆုံးသွားတဲ့သူတွေ၊ ရှင်လျှက်သေနေတဲ့သူတွေ အများကြီးပါ။သင်ကရောပထမအမျိုးအစားလား၊ တတိယအမျိုးအစားလား။ အသက်ရှင်နေရင...

Respect is for those who deserve it, not for those who demand it. 07.11.2025

လေးစားမှု။ စာလုံးသုံးလုံးထဲပေမယ့် အဓိပ္ပာယ်လေးနက်မှုနဲ့သက်ရောက်မှုက အနှိုင်းမဲ့ပါ။ လူတစ်ယောက်ကိုလေးစားဖို့ ဘာတွေ လိုလဲ။ ဂုဏ်တွေလား။ ပညာတွေလား။ငွေကြေးဥစ္စာတွေလား။ ရုပ်ရည်ရူပကာလား။ အောင်မြင်မှုလား။ လူတစ်ယောက် ဆီက လေးစားမှုရဖို့အတွက်ကရောဘာတွေလိုမလဲ။ပေးဆပ်ခြင်းလား။ အောင်နိုင်ခြင်းလား။ မေးစရာမေးခွန်းတွေအများကြီးပါ။ အရိုးရှင်းဆုံးအဖြေတစ်ခုကတော့ လေးစားထိုက်ဖို့ပါ။တစ်ယောက်နဲ့တစ်ယောက်သတ်မှတ်ထားတဲ့ စံနှုန်း...

Stop Overthinking, Enjoy your life, Just relax, Let it go, Reframing. These Are The 5 Things To Do to Get Out of Our Stressful Life. 07.11.2025

အနားယူတဲ့နေရာမှာလည်း စိတ်ရော၊ ကိုယ်ပါ အနားယူပါ။ပင်ပန်းနေလို့ ခရီးတော့ထွက်လိုက်ပါတယ်။ အလုပ်အကြောင်းပဲတွေး၊ အလုပ်ပဲလုပ်နေတာမျိုးကလည်း ကျွန်တော်တို့ကို ပြည့်ပြည့်ဝဝ အနားရတယ်လို့ခံစားရစေမှာ မဟုတ်ပါဘူး။အနားယူတဲ့အချိန် စိတ်ရော၊ ကိုယ်ပါအနားယူပြီး အလုပ်လုပ်တဲ့အချိန် စိတ်ရော၊ကိုယ်ပါနှစ်ပြီး အလုပ်လုပ်ပါ။တစ်ခါတစ်လေ မှာ လွှတ်ချသင့်တဲ့ အရာတွေကိုလွှတ်ချလိုက်တာ အကောင်းဆုံးပါပဲ။ မိသားစုကြား၊ မိတ်ဆွေ သူငယ်ချင်း၊ချ...

Silence is the best answer to someone who doesn’t value your words. 06.11.2025

ကျွန်တော်တို့လူသားတွေဆိုတာ ခံစားတတ်တဲ့ အသည်းနှလုံးပိုင်ရှင်တွေဆိုတော့ ချစ်တတ်တယ်။ကြည်နူးတတ်တယ်။ ပျော်ရွှင် ဝမ်းသာတတ်တယ်။ ခင်မင်တွယ်တာတတ်တယ်။ အဲဒီအလားတူ မုန်းတီးတတ်၊ရွံရှာတတ်ကြပါတယ်။ အသက်ရှင်နေသမျှ ကာလ ပတ်လုံးမှာ တစ်ယောက်မဟုတ်တစ်ယောက်ကတော့ ကိုယ့်အပေါ်ယုတ်မာကောက်ကျစ်တဲ့စိတ်နဲ့ ဆက်ဆံတာ၊ လိမ်လည်လှည့် ဖြားခံရတာ၊ အသုံးချခံရတာမျိုးတွေကြုံတွေ့ရတတ်ပါတယ်။ ထိုနည်းတူ စွာပဲ ကိုယ့်ဘက်က ပေးဆပ်သမျှကို တွေ့အောင်မရ...

Waste your money and you only lose your money; but waste your time and you lost the part of your life. 05.11.2025

ပိုက်ဆံကိုဖြုန်းလိုက်တာက ပိုက်ဆံကိုပဲဆုံးရှုံးမှာဖြစ်ပေမယ့် အချိန်ကိုသာဖြုန်းခဲ့မယ်ဆိုရင်တော့သင့်ရဲ့ဘဝတစ်စိတ်တစ်ပိုင်းကို ဆုံးရှုံးလိုက်ရမှာပါ။ တန်ဖိုးကြီးမားတဲ့ အချိန်ကို ရည်ညွန်းတင်စားထားတဲ့ဘဝရဲ့အချိန်တွေကို အလဟာသ မဖြုန်းတီးပစ်စေဖို့ သတိပေးဆုံးမနေတဲ့စကားတစ်ခွန်းပါ။  ပိုက်ဆံဆိုတဲ့အရာကို ဖြုန်းတီးလိုက်မိရင်တောင်မှ အဲဒီပိုက်ဆံကိုပဲ ဆုံးရှုံးလိုက်ရမှာပါ။ ကုန်သွားတဲ့အဲဒီငွေပမာဏအတိုင်း ဒါမှ မဟုတ် အဲဒီ...

Never ignore a person who loves you, cares for you and misses you because one day you might wake up and realize that you lost the moon 04.11.2025

မိသားစုတစ်ခုမှာ ငွေကြေးဆိုတာ ရာခိုင်နှုန်း တစ်ချို့ တစ်ဝက်ကို အရေးကြီးတာမှန်ပေမယ့် ရာနှုန်းပြည့်တော့အရေးမကြီးနိုင်ပါဘူး။ တကယ်တမ်းမိသားစုထဲမှာ အချင်းချင်း ရင်းနှီးနွေးထွေးမှု၊ ချစ်ခင်ကြင်နာမှု၊ အမြတ်တနိုးဂရုစိုက်တတ်မှုတွေကသာ သာယာ ပျော် ရွှင်တဲ့မိသားစုဘဝကိုရရှိနိုင်တာပါ။ ကိုယ့်အတွက် အရေးကြီးဆုံးကကိုယ်ကိုတိုင်နဲ့ ကိုယ့်ရဲ့မိသားစုဆိုတာကိုအားလုံးလက်ခံထား ကြမှာပါ။ ဒါဆိုရင်တော့ ကိုယ့်ရဲ့ မိသားစုထဲမှာဘယ်အ...

It takes years of honesty to build a relationship and only one lie to break it forever. 03.11.2025

ကောင်းမွန်မှန်ကန်တဲ့ဆက်ဆံရေးတစ်ခုဖြစ်ဖို့ ရိုးသားမှုတွေနှစ်ပေါင်းများစွာနဲ့တည်ဆောက်ရပေမယ့် တစ်ခုတည်းသောမုသားက တော့ ထာဝရပျက်စီးသွားစေနိုင်ပါတယ်။ ပေါင်းသင်းဆက်ဆံရေးဆိုတာလည်းကျွန်တော်တို့ရဲ့ဘဝမှာ အရေးပါတဲ့ကိစ္စတွေထဲက တစ်ခုဖြစ်ပါတယ်။  ကောင်းမွန်မှန်ကန်တဲ့ ဆက်ဆံရေး တစ်ခု Relationship တစ်ခုဆိုတဲ့နေရာမှာ အလုပ်ခွင်ထဲကလုပ်ဖော် ကိုင်ဘက် အချင်းချင်းကြားက ဆက်ဆံရေးလည်းပါတယ်။အလုပ်ရှင်နဲ့အလုပ်သမားကြားက ဆက်ဆံရေးလ...

You cannot travel back in time to fix your mistakes, bit you can learn from them and forgive yourself 02.11.2025

နောင်တဆိုတဲ့သဘောအတိုင်းနောင်မှတရတာဖြစ်တဲ့အတွက် မှားခဲ့တဲ့အမှားတွေကတော့ ကိုယ်ကလုပ်ဆောင်ကျူးလွန်ပြီးနေပါပြီ။ဘယ်နည်းနဲ့မှ ပြန်လည်ပြီးတော့ ပြင်ဆင်ဖို့ အချိန်ကိုနောက်ပြန်လှည့်လို့မရတော့ပါဘူး။ဒါကြောင့် ကိုယ်မှားတာကိုသိပြီ လက်ခံ လိုက်ပြီဆိုတာနဲ့ နောင်တရနေတာမျိုးထက် ဘာကြောင့်အဲဒီအချိန်တွေတုန်းကငါလုပ်မိတယ်။ ငါပြောမိတယ်ဆိုတာကို သေသေ ချာချာတွေးတောဆင်ခြင်သုံးသပ်ကြည့်ပါ။တစ်ခါတစ်ရံကိုယ်ကမသိလို့မှားတာမျိုးလည်းဖြ...

Money can't buy happiness. Money can't buy success. You can't buy love with money. But Having money is very important in solving real practical problems. 01.11.2025

ငွေနဲ့ ပျော်ရွှင်မှု‌တွေကို ဝယ်လို့မရဘူး။ ‌ငွေနဲ့အောင်မြင်မှုကို ဝယ်လို့မရဘူး။ ငွေနဲ့ ချစ်ခြင်းမေတ္တာကို ဖန်တီးယူလို့မရဘူး။ ဒါပေမယ့် တကယ့်လက်တွေ့ကျတဲ့ ပြဿနာတွေနဲ့ အခြေခံစားဝတ်နေရေးကို ဖြေရှင်းဖို့အတွက်တော့ ငွေက မဖြစ်မနေ လိုအပ်တယ်။ ငွေရှိခြင်းရဲ့ အကြီးမားဆုံး အကျိုးကျေးဇူးက မိတ်ဆွေအနေနဲ့ ‌အခြေခံစားဝတ်နေရေးနဲ့ပက်သတ်ပြီးစိတ်ပူစရာမလိုတာပဲ။ တစ်လတစ်လ မီတာဆောင်ဖို့၊ အခြား Bills တွေဆောင်ဖို့ စိတ်ပူနေစရာမလ...

Wanting to be perfect in everything can also have negative effects. 31.10.2025

ဘယ်အရာဖြစ်ဖြစ် ပြီးပြည့်စုံတဲ့ အကောင်းဆုံးရလဒ်ကိုသာ လိုချင်တာ၊ အမှားအယွင်းတွေ၊ လိုအပ်ချက်တွေကို လုံးဝ သည်းမခံ တတ်တာတွေကအမြင့်မားဆုံးအောင်မြင်မှုရယူလိုသူတွေရဲ့ စရိုက်လက္ခဏာတွေအဖြစ် ရှုမြင်ခံရပါတယ်။အရာရာမှာ စံနှုန်း မြင့် မြင့် ထားတက်တဲ့ ဒီလိုစိတ်သဘောထားဟာ  အကောင်းဖက်က ရှုမြင်ခံရမှုများပေမယ့် ဆိုးကျိုးတွေလည်း ရှိနေပါသေးတယ်။ အရာရာပြီးပြည့်စုံလိုစိတ်နဲ့ အကောင်းဆုံးဖန်တီးလိုစိတ်။ ဒီနှစ်မျိုးဟာ အတော်လေး...

Overcoming fear and making life decisions are two skills that everyone who has successfully realized every dreams. 30.10.2025

စိတ်ကူးအိပ်မက်တိုင်းကို အောင်မြင်စွာ အကောင်အထည်ဖော်နိုင်ခဲ့သူတိုင်းမှာ ဒီအရည်အချင်းနှစ်ခု ရှိပါတယ်။ ဒီအရည်အချင်း နှစ်ခုကမွေးရာပါ မဟုတ်သည့်တိုင်အောင် မိမိကိုယ်ကိုပြောင်းလဲခြင်းအားဖြင့်မွေးမြူပိုင်ဆိုင်နိုင်ပါတယ်။ ဒီအရည်အချင်းနှစ်ခု က အကြောက်တရားကိုရင်ဆိုင်ကျော်လွှားခြင်းနဲ့ ဘဝဆုံးဖြတ်ချက် ချမှတ်ခြင်းပဲ ဖြစ်ပါတယ်။  အကြောက်တရားကို ရင်ဆိုင်ကျော်လွှားခြင်း။ အကြောက်တရားတွေကိုမကျော်ဖြတ်နိုင်သ၍ ဘယ်သူမှ ဘဝ...

Failure is the best teacher for success. Don't be afraid of losing. 29.10.2025

ပတ်ဝန်းကျင်က ဘယ်လောက်ပဲ တိတ်ဆိတ်နေပါစေ၊ အားလုံးရဲ့ ခေါင်းထဲမှာ အသံတစ်ခုစီရှိပါတယ်။ ဒီအသံက တစ်ခါတလေ ကျယ် လောင်စွာ ထွက်ပေါ်နေသလို တစ်ခါတစ်လေမှာတော့ ခပ်တိုးတိုးသာ ထွက်ပေါ်နေနိုင်ပါတယ်။တစ်ခါတလေမှာ ကျိုး ကြောင်းမဆီလျော်တဲ့ တောင်းဆိုမှုတွေဖြစ်နိုင်သလို တစ်ခါတစ်လေမှာအသုံးဝင်တဲ့ အကြံဉာဏ်တွေ ပေးနိုင်ပါတယ်။ ခေါင်းထဲကအသံက ပြောင်းလဲဖို့ လိုနေပြီ၊ ပြောင်းလဲမှပိုကောင်းတော့မယ်လို့ ပြောနေပြီဆိုရင်ဘာတွေ ပြောင်းလဲရ...

You will become rich only if you have necessary knowledge and a strategic plan to utilize your skills. 28.10.2025

သန်းကြွယ်သူဌေးတစ်ယောက်ဖြစ်ဖို့က လွယ်ကူတဲ့ကိစ္စတစ်ခုတော့ မဟုတ်ပါဘူး။ ဒါပေမယ့် မဖြစ်နိုင်တာလည်းမဟုတ်ပါဘူး။ ဘ၀တိုးတက်အောင်မြင်ပြီး ချမ်းသာကြွယ်ဝလာနိုင်မယ့် နည်းလမ်းအမျိုးမျိုးကို ကြားဖူးမှာပါ။ ဒီ နည်းလမ်းတွေကို သိထားရုံ၊ ရည်မှန်း ချက်ထားပြီးလက်တွေ့လုပ်နေရုံနဲ့ သန်းကြွယ်သူဌေးတစ်ယောက်ဖြစ်မလာနိုင်ပါဘူး။ လိုအပ်တဲ့ အသိပညာ၊အရည်အချင်းနဲ့ အခွင့်အလမ်းတွေကို အသုံးချပြီး မဟာဗျူဟာ ကျကျ အစီအစဉ်တွေ ရှိမှသာ ဖြစ်နို...

If you really want to succeed, you have to put in 100% effort. 27.10.2025

လေကြီးလေကြယ်ပြောနေရုံသပ်သပ်ပဲဆိုရင်တော့ ဘာမှဖြစ်မလာနိုင်ဘူး။လူတိုင်းကတော့ အောင်မြင်ချင်ကြသူတွေ၊ ချမ်းသာချင် ကြသူတွေ ချည်း ပါပဲ။သို့သော် ကြိုးစား အားထုတ်မှုကတော့ လူတိုင်းမှာ ရှိမနေပါဘူး။ ငါကတော့ တစ်နေ့ကျရင် ဘယ်လိုချမ်းသာ လာမှာ၊ ဘယ်လို အောင်မြင်လာမှာဆိုပြီး လေကျယ်ရုံ သပ်သပ်ပဲရှိပြီး ကြိုးစားအားထုတ်မှု မရှိဘူးဆိုရင်တော့ ဘာမှ ဖြစ်မလာနိုင်ပါ ဘူး။ အမှန်တကယ်အောင်မြင်ချင်တယ်ဆိုရင် ကြိုးစားအားထုတ်မှုကို ရာ...

Anyone can become a future millionaire if they invest some time and effort in a methodical manner. 26.10.2025

ဒီကမ္ဘာပေါ်မှာလူတိုင်းကချမ်းသာချင်ကြတာချည်းပါပဲ။သို့သော်လည်းအကြောင်းအမျိုးမျိုးကြောင့် ချမ်းသာကြွယ်ဝခြင်းကို လူတိုင်း မပိုင်ဆိုင်နိုင်ကြပါဘူး။ဒါပေမဲ့အနာဂတ်မှာချမ်းသာကြွယ်ဖို့ဆိုတာမဖြစ်နိုင်တဲ့အိပ်မက်တစ်ခုတော့မဟုတ်ပါဘူး။ ကြိုးစားအားထုတ် မှုနဲ့ နည်းစနစ်တကျနဲ့ အချိန်တစ်ခု ရင်းနှီးမြှပ်နှံလိုက်ရင် နားဆင်သူတွေလည်း အနာဂတ် သူဌေးလောင်း တွေ ဖြစ်လာနိုင်ပါတယ်။     ငွေကို စောစောစုပါ။ ချွေတာစုဆောင်း သူဌေးလောင်...

A lot of unpleasant things may be because we define an event as "unpleasant" and think about it over and over again. 25.10.2025

“ငါအကောင်းဆုံးကြိုးစားခဲ့ပေမယ့် ဘာဖြစ်လို့ အဆိုးတွေပဲဖြစ်လာရတာလဲ” “ဒီနေ့လည်း အမှားတစ်ခုလုပ်မိပြန်ပြီ” “ငါ့မှာ ဘာ အရည်အချင်းမှမရှိသလိုခံစားရတယ်။ ဘာတန်ဖိုးမှ မရှိသလိုမျိုး ခံစားနေရတယ်” ဒီလိုမျိုးစကားတွေကို အဆင်မပြေမှုတွေ ကြုံတွေ့ရတိုင်း ထပ်တလဲလဲပြောဖူးကြတယ်မလား?  တကယ်တမ်းမှာကိုယ်ကိုယ်တိုင်က အားသွန်ခွန်စိုက်ကြိုးစားခဲ့ပေမဲ့ ထင်သလောက် ဖြစ်မလာတာတွေ၊ ကံဆိုးမှုတွေကြောင့်ပဲ လားမသိပဲ အလုပ်မှာ အမှားလုပ်မိနေ...

Loneliness is felt by you and me and all human beings. But It can be cured. 24.10.2025

အထီးကျန်ခြင်းဟာ လူတန်းစားမျိုးစုံ ကျားမ,မရွေး ကြုံတွေ့ရနိုင်တဲ့ စိတ်အခြေအနေတစ်ရပ်ပါ။ ဆိုရှယ်မီဒီယာပေါ်မှာ Like တွေ အများကြီး ရနေသူတွေ ၊ လူတွေနဲ့ နေ့စဉ် ထိတွေ့ဆက်ဆံနေရသူတွေတောင်အထီးကျန်မှု ဝေဒနာကို ခံစားရနိုင်ပါတယ်။ တကယ် တော့ လူတွေမှာ ဝမ်းနည်းခြင်းတွေ ၊ မြိုသိပ်ထားရခြင်းတွေ များလာတဲ့အခါ နောက်ဆက်တွဲအနေနဲ့ အထီးကျန်ခြင်း ဆိုတဲ့ ဝေဒနာ ကိုခံစားရလာတာ ဖြစ်ပါတယ်။ အထီးကျန်ခြင်း ဝေဒနာကို ရာနှုန်းပြည့် တားဆီး...

Practice will add up to noticeable results over time. 23.10.2025

ဘဝမှာ တိုးတက်အောင်မြင်ဖို့အတွက် ကြိုးစားဖို့ လိုသလို အလေ့အကျင့်ကောင်းတွေကလည်း လိုအပ်ပါတယ်။ အလေ့အကျင့် တွေဟာ အချိန်ကြာလာတာနဲ့အမျှ သိသာထင်ရှားတဲ့ ရလဒ်အဖြစ် ပေါင်းထည့်ပေးပါလိမ့်မယ်။ ဒါကြောင့် အလေ့အကျင့် ကောင်း တွေနဲ့ ပြုမူနေထိုင်မှုတွေကအောင်မြင်မှုနဲ့ ဘဝ ပန်းတိုင်ဆီသို့ အရောက်ပို့ပေးပါမယ်လို့ ဆိုလိုချင်ပါတယ်။                     မနက်ပိုင်းကို အလေးထားတဲ့ အကျင့်ကို မွေးမြူပါ။ အခြေခံအကျဆုံးနဲ့အရေးကြီးဆု...

Be enthusiastic. Don't be controlled by fear. Don't blame others and Don't Make excuses about something else and Be confident in yourself. 22.10.2025

လူတစ်ယောက်မှာရည်မှန်းချက်တွေ၊စိတ်ကူးအိမ်မက်တွေ ရှိသင့်ပါတယ်။ စိတ်ကူးအိမ်မက်မရှိတဲ့ဘဝဟာဆားမပါတဲ့ဟင်းတစ်ခွက် လိုပါပဲပေါ့ရွှတ်ရွှတ် ဖြစ်နေမှာပါ။ ဒါကြောင့် အိမ်မက်က ကြီးသည်ဖြစ်စေ၊ သေးသည်ဖြစ်စေအရေးမကြီးပါဘူး။ အဓိကကတော့ စိတ်ကူးအိမ်မက်ရှိဖို့နဲ့အဲဒီအိပ်မက်ကိုလက်တွေ့အကောင်အထည်ဖော်နိုင်ဖို့တစိုက်မတ်မတ်လျှောက်လှမ်းနေဖို့ပဲလိုပါတယ်။   စိတ်အားထက်သန်မှု ရှိပါစေ။ ဘာပဲလုပ်လုပ်စိတ်အားထက်သန်မှုက အရေးကြီးပါတယ်။ စိတ...

Try to disconnect from toxic friendships. 21.10.2025

မိတ်ဆွေ၊ သူငယ်ချင်းဆိုတာ ဘဝရဲ့ အစိတ်အပိုင်းအတော်များများမှာပါဝင်ပြီး ကိုယ်ရဲ့နေ့စဉ်ဘဝအကြောင်းအရာတွေကစလို့တိုးတက်ကြီးပွားရေးအထိပါ တစ်မျိုးတဖုံနဲ့ ပါဝင်ပတ်သတ်နေကြသူတွေပါ။ခင်မင်ရင်းနှီးလာတဲ့ကာလတစ်လျှောက်လုံး ကိုယ့် အတွက် အားကိုးရာလက်တစ်ဖက်လို၊နွေးထွေးတဲ့အသိုက်အဝန်းဖြစ်စေတဲ့ သူငယ်ချင်းတွေရှိပေမယ့်လည်း တချို့ကျတော့ ကိုယ့် ဘဝအတွက်အဆိပ်အတောက်ဖြစ်ပြီး အကောင်းအဆိုး အတူတူမျှဝေ ခံစား မပေးနိုင်တဲ့သူမျိုးနဲ့မိ...

If you can't move forward, you will have to work twice as hard. 20.10.2025

အပြောင်းအလဲ ဖြစ်ချင်ရင် ကြီးကြီးမားမား လုပ်ပြစရာမလိုဘူး။ ကိုယ့်ရဲ့ နေ့စဉ်ရွေးချယ်မှုတွေက ကိုယ်ရောက်မယ့် ပန်းတိုင်ကိုဆုံးဖြတ်ပေးသွားလိမ့်မယ်။ မနက်ဖြန်မှာ မသာယာနဲ့။ ဆိုလိုချင်တာကတော့ ဒီနေ့လုပ်နိုင်တဲ့အလုပ်ကို မနက်ဖြန် ဘယ်တော့မှ မရွှေ့နဲ့။ တစ်ရက်‌ နောက်ဆုတ်ရင် ရည်မှန်းချက်တွေဆီက တစ်ရက် နောက်ကျတတ်တယ်။ လုပ်စရာရှိတာ နိုင်အောင် လုပ်ပြီး နောက်တစ်နေ့ကို ဆက်သွားဖို့ပဲလိုတယ်။   တိုးတက်မှုရဲ့နောက်မှာ ပေးဆပ်မှ...

Lyssna på podden ဒီနေ့အတွက်စကား i Replaio

Radio och poddar i en och samma app - gratis och utan konto. Installera redan idag och missa inte premiären

Ladda ned på Google Play

Replaio är ingen poddutgivare; programnamn, omslag och ljud tillhör sina upphovspersoner och distribueras via offentliga RSS-flöden