ဗွီအိုအေ

မြန်မာ - ဗွီအိုအေ

News MY ↓ 50 episódios

ဗွီအိုအေအသံလွှင့်ဌာနသည် အလယ်ပိုင်းနှင့် အရှေ့ပိုင် းဥရောပဒေသ၊ ကော့ကေးဆပ်စ်ဒေသ၊ ဗဟိုအာရှဒေသ၊ ရုရှား၊ အရှေ့အလယ်ပိုင်းနှင့် ဘော်လ်ကန်နိုင်ငံများသို့ အစီအစဉ်များ ထုတ်လွှင့်နေသည့် နိုင်ငံတကာ အသံလွှင့်ဌာနဖြစ်ပါသည်။

Não deixe de visitar o site do podcast e apoiar quem o produz: burmese.voanews.com

Autor

ဗွီအိုအေ

Categoria

News

Site do podcast

burmese.voanews.com

Último episódio

15 de mar de 2025

Onde ouvir?

Podcasts no app Replaio Radio Em breve

Os podcasts estão chegando ao app. Instale agora e seja o primeiro a descobrir um jeito totalmente novo de curtir podcasts

Baixe no Google Play Instale grátis Android 5 mi+ downloads · nota 4,8 iOS em breve

Episódios

ရိုဟင်ဂျာ အထောက်အပံ့ဖြတ်တောက်မှု ဟန့်တားဖို့ ကုလအကြီးအကဲ ကြိုးပမ်းမည် - မတ္ ၁၅, ၂၀၂၅ 15.03.2025

ဘင်္ဂလာဒေ့ရှ်ကို ရောက်နေတဲ့ ကုလအတွင်းရေးမှုးချုပ် Antonio Guterres ဟာ သောကြာနေ့မှာ Cox's Bazar ကိုသွားရောက်ခဲ့ပြီး ဒုက္ခသည်တွေ အတွက် ထောက်ပံ့မှုတွေ ဖြတ်တောက်မယ့် အစီစဉ်ကို သူတတ်နိုင်သမျှ တားဆီးဖို့ လုပ်ဆောင်မှာ ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

စစ်ကောင်စီနဲ့ ရုရှားကြား စာချုပ်များ အကျိုးမဲ့ကြောင်း NUG က ရုရှားကို စာပို့ - မတ္ ၁၁, ၂၀၂၅ 11.03.2025
ရနောင်းဆိပ်ကမ်း ထိုင်း တိုးချဲ့မည် - မတ္ ၀၉, ၂၀၂၅ 09.03.2025

ထိုင်းနိုင်ငံ ရနောင်းမြို့ဆိမ်ကမ်းမှာ လုပ်ငန်းများပိုတွင်ကျယ်အောင် အခြေခံအဆောက်အအုံတွေ ထပ်မံဆောက်လုပ်သွားဖို့ ထိုင်း ပို့ဆောင်ဆက်သွယ်ရေး ဝန်ကြီးဌာနက စီစဥ်နေပါတယ်။

မြန်မာနဲ့ ဆက်ဆံရေးတိုးမြှင့်ဖို့ ဘဲလားရု(စ်) လိုလား - မတ္ ၀၇, ၂၀၂၅ 07.03.2025

ဘယ်လ်လာရုစ်နိုင်ငံဟာ မြန်မာနဲ့ ၂ နိုင်ငံကုန်သွယ်ရေးမှာရော စီးပွါးဆက်ဆံမှုမှာပါ တိုးမြှင့်ဆောင်ရွက်ဖို့ စိတ်ဝင်စားကြောင်း ဘယ်လ်လာရုစ်နိုင်ငံ Minsk မြို့ကိုရောက်နေတဲ့ မြန်မာစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှုးကြီး မင်းအောင်လှိုင်နဲ့ တွေ့ဆုံ အပြီးမှာ ဒုဝန်ကြီးချုပ် Yuri Shuleiko က ကြေညာချက် ထုတ်ပြန်ပါတယ်။

ကျောက်ဖြူ မကျအောင် စစ်ကောင်စီ အင်အားဖြည့် - မတ္ ၀၁, ၂၀၂၅ 01.03.2025

ရခိုင်ပြည်နယ်တောင်ပိုင်း ကျောက်ဖြူမြို့နယ်မှာ စစ်တပ်နဲ့ အာရက္ခတပ်တော် AA ကြားမှာ တိုက်ပွဲမှာ လေကြောင်း တိုက်ခိုက်မှုတွေ၊ လက်နက်ကြီးနဲ့ ပတ်ခတ်မှုတွေကြောင့် ဒေသခံတွေ စိုးရိမ်နေကြပါတယ်။

ကမ္ဘာ့လူ့အခွင့်အရေး အဆိုးဆုံးထဲ မြန်မာပါဝင် - မတ္ ၀၁, ၂၀၂၅ 01.03.2025

ကမ္ဘာတလွှား လူ့အခွင့်ရေး အခြေအနေ အဆိုးဝါးဆုံး ဖြစ်နေတဲ့ နိုင်ငံတွေထဲမှာ မြန်မာနိုင်ငံ ပါဝင်နေတယ်လို့ ကုလသမဂ္ဂ လူ့အခွင့်ရေး မဟာမင်းကြီး Volker Türk က ဖေဖေါ်ဝါရီ ၂၈ သောကြာနေ့ မှာ ကြေညာချက် ထုတ်ပြန်ပြောဆိုပါတယ်။

အရပ်သားတွေအပေါ် အကြမ်းဖက်တဲ့ စစ်ကောင်စီ EU ရှုတ်ချ - မတ္ ၀၁, ၂၀၂၅ 01.03.2025

မြန်မာစစ်တပ်က အရပ်သားတွေကိုပါမချန် အကြမ်းဖက် ပစ်ခတ် တိုက်ခိုက်တာတွေ လုပ်နေတာကို ရှုတ်ချကြောင်း အီးယူ ဥရောပသမဂ္ဂက သောကြာနေ့မှာ ကြေညာချက် ထုတ်ပြန်ပါတယ်။

ကျားဖြန့်အရေး မြန်မာစစ်ခေါင်းဆောင် နဲ့ ထိုင်းနိုင်ငံခြားရေးဝန်ကြီး ဆွေးနွေး - ေဖေဖာ္၀ါရီ ၂၃, ၂၀၂၅ 23.02.2025

ထိုင်း-မြန်မာ နယ်စပ်က ကျားဖြန့် လိမ်လည်တဲ့ လုပ်ငန်းတွေကြောင့် ဖိအားတွေ ရင်ဆိုင်နေရချိန်မှာပဲ ထိုင်း နိုင်ငံခြားရေး ဝန်ကြီး Maris Sangiampongsa ဟာ အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ ဖေဖော်ဝါရီလ ၂၂ ရက် (စနေနေ့) မနက်ပိုင်းက နေပြည်တော်မှာ တွေ့ဆုံခဲ့ပါတယ်။

အထောက်ထားမဲ့ မြန်မာ ၅၀၀ ကျော် မလေးရဲ ဖမ်းဆီး - ေဖေဖာ္၀ါရီ ၂၃, ၂၀၂၅ 23.02.2025

မလေးရှားနိုင်ငံ၊ ဆလန်ဂေါပြည်နယ်ထဲက ကလန်း မဲရူးဈေးကြီးမှာ ဖေဖေါ်ဝါရီလ ၂၂ ရက် မနေ့ မနက်ပိုင်းက အထောက်အထားမဲ့ မြန်မာနိုင်ငံသား ၅၃၀ ဖမ်းဆီးခံရပါတယ်။

စစ်ကောင်စီ ဗုံးကြဲလို့ ရခိုင်ပြည်နယ် ပေါက်တော အရပ်သားတွေ ထိခိုက် - ေဖေဖာ္၀ါရီ ၂၂, ၂၀၂၅ 22.02.2025

ဖေဖော်ဝါရီလ ၂၀ ရက်နေ့က ရခိုင်ပြည်နယ်၊ ပေါက်တောမြို့နယ်က ကျေးရွာတချို့ကို စစ်ကောင်စီက လေကြောင်းက ဗုံးကြဲခဲ့တာကြောင့် အရပ်သားတချို့ ထိခိုက် သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်ကောင်စီ-PNO တိုက်ပွဲ အင်းလေးဒေသခံတို့ ဒုက္ခ - ေဖေဖာ္၀ါရီ ၂၂, ၂၀၂၅ 22.02.2025

ရှမ်းပြည်တောင်ပိုင်း ညောင်ရွှေမြို့နယ် အင်းလေးဒေသ ရေပူကျေးရွာအနီးက တိုက်ပွဲကြောင့် ဒေသခံတွေ ထောင်နဲ့ချီ နေရပ်စွန့်ခွာ တိမ်းရှောင်နေကြရပါတယ်။

နိုင်ငံရေးအကျဉ်းသူတဦး အိုးဘိုထောင်တွင်း သေဆုံး - ေဖေဖာ္၀ါရီ ၂၂, ၂၀၂၅ 22.02.2025

နှစ်ရှည်ထောင်ဒဏ် ကျခံနေရတဲ့ နိုင်ငံရေးအကျဉ်းသူတဦး မန္တလေးတိုင်း၊ အိုးဘိုအကျဉ်းထောင်မှာ ပြီးခဲ့တဲ့ ရက်ပိုင်းက သေဆုံးသွားခဲ့ပါတယ်။

ဆွေးနွေးဘက်TNLA ထိန်းချုပ် နောင်ချို စစ်ကောင်စီဗုံးကြဲ - ေဖေဖာ္၀ါရီ ၂၁, ၂၀၂၅ 21.02.2025

တရုတ်နိုင်ငံ ကူမင်းမြို့ ဆွေးနွေးပွဲမှာ ရလဒ်မထွက်ဘဲ အဆုံးသတ်ခဲ့ပြီး ရက်ပိုင်းအတွင်းမှာပဲ TNLA ထိန်းချုပ်ရာ နောင်ချိုမြို့ကို ဖေဖော်ဝါရီလ ၁၉ ရက်နေ့ ညပိုင်းက စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အရပ်သား ၃ ဦး သေဆုံးပြီး ၄ ဦး ထိခိုက်ခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။

မြန်မာကက်သလစ် ဘုန်းတော်ကြီး အသတ်ခံရမှု ကန်-မြန်မာ ကတ်သလစ်တို့ သဘောထား - ေဖေဖာ္၀ါရီ ၂၁, ၂၀၂၅ 21.02.2025

မြန်မာ ကက်သလစ် ဘုန်းတော်ကြီး တပါး သတ်ဖြတ်ခံရတဲ့ ဖြစ်စဥ်က မြန်မာနိုင်ငံကို ကိုယ်စားမပြုဘဲ အကြမ်းဖက်တဲ့ လူတစု လုပ်ရပ်သာ ဖြစ်တယ်လို့ အမေရိကန် မြန်မာ ကက်သလစ် အသိုင်းအဝန်းက ပြောပါတယ်။

ခရစ်ယာန်ဘုန်းတော်ကြီးတပါး ရွှေဘိုခရိုင်မှာ အသတ်ခံရ - ေဖေဖာ္၀ါရီ ၁၆, ၂၀၂၅ 16.02.2025

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်မှာ ကက်သလစ် ခရစ်ယာန် ဘုန်းတော်ကြီးတပါး သတ်ဖြတ်ခံခဲ့ရတဲ့ သတင်းကြောင့် ဒေသခံနဲ့ ခရစ်ယာန် အသိုင်းအဝန်းကြား ထိတ်လန့် တုန်လှုပ်သွားစေတယ်လို့ ဗာတီကန် သတင်းဌာန Fides က ဖေဖော်ဝါရီလ ၁၅ ရက်က ဖော်ပြပါတယ်။

အိန္ဒိယ- မြန်မာ နယ်စပ်ကုန်သွယ်ရေး ပြန်စဖို့ဆွေးနွေး - ေဖေဖာ္၀ါရီ ၁၆, ၂၀၂၅ 16.02.2025

မြန်မာနဲ့ အိန္ဒိယ နှစ်နိုင်ငံကြား ကုန်းလမ်းကတဆင့် နယ်စပ်ကုန်သွယ်ရေး ပြန်လည် စတင်နိုင်ရေး ဆက်လက် လုပ်ဆောင်ဖို့ သဘောတူခဲ့ကြောင်း ဖေဖော်ဝါရီလ ၁၅ ရက် နေ့စွဲနဲ့ အိန္ဒိယအစိုးရ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ကန်မှာကျင်းပတဲ့ မြန်မာ့အရေး ညီလာခံ - ေဖေဖာ္၀ါရီ ၁၆, ၂၀၂၅ 16.02.2025

၄ ကြိမ်မြောက် Spring Flowers မြန်မာ့အရေး နိုင်ငံတကာ ညီလာခံကို ကျင်းပရတဲ့ အကြောင်းတွေထဲမှာ မြန်မာ့ ဒီမိုကရေစီအရေး လှုပ်ရှားမှုကို အမေရိကန် အစိုးရက ပိုပြီး ကူညီ ပံ့ပိုးလာအောင် တွန်းအားပေးဖို့ ကြိုးပမ်းမှုလည်း ပါဝင်တယ်လို့ ညီလာခံကို ဦးဆောင် ကျင်းပသူတွေက ပြောပါတယ်။

ကျားဖြန့်နှိမ်နင်းရေး ထိုင်းမြန်မာ နယ်ခြားကော်မတီ ညှိနှိုင်း - ေဖေဖာ္၀ါရီ ၁၆, ၂၀၂၅ 16.02.2025

ထိုင်းမြန်မာ နယ်စပ် မြ၀တီ ခရိုင်ထဲက ကျားဖြန့် လိမ်လည် ဂိုဏ်းတွေ နှိမ်နင်းဖို့နဲ့ လူကုန်ကူးခံရတဲ့ သူတွေကို ပြန်လည် လွှဲပြောင်းပေးဖို့ ထိုင်းမြန်မာ နယ်ခြား ကော်မတီ အစည်းအဝေးကို ဖေဖော်ဝါရီလ ၁၅ ရက်နေ့က မဲဆောက်မြို့မှာ ကျင်းပခဲ့ပါတယ်။

ထိုင်းစစ်သားများလက်ချက်နဲ့ မြန်မာတဦးသေဆုံးခဲ့ရမှု ထိုင်းရှေ့နေများ စစ်ဆေးမည် - ေဖေဖာ္၀ါရီ ၁၄, ၂၀၂၅ 14.02.2025

ပြီးခဲ့တဲ့ နှစ်က မြန်မာအမျိုးသား တဦးဖြစ်တဲ့ အောင်ကိုကို သေဆုံးမှုဟာ ထိုင်းစစ်သားတွေ   ကြောင့်လို့ စွပ်စွဲထားတဲ့ အမှု အတွက် ပြန်လည် စုံစမ်းဖေါ်ထုတ်ဖို့ လုပ်နေပြီ ဖြစ်ကြောင်း သြဇာကြီးတဲ့ ထိုင်းရှေ့နေများအဖွဲ့ ဖြစ်တဲ့ LCT -ထိုင်းရှေ့နေများ ကောင်စီက ပြောပါတယ်။

စစ်ကောင်စီလေကြောင်းတိုက်ခိုက်မှု စစ်ကိုင်း မကွေးဘက် အရပ်သားတွေသေဆုံး - ေဖေဖာ္၀ါရီ ၁၄, ၂၀၂၅ 14.02.2025

စစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့် မုံရွာမြို့နဲ့ ချောင်းဦး မြို့နယ်ထဲမှာ ဒေသခံ ၁၀ ဦးထက်မနည်း သေဆုံးခဲ့ပြီး ဒေသခံတွေ ဘေးလွတ်ရာ တိမ်းရှောင်နေရပါတယ်။ မကွေးတိုင်း ပွင့်ဖြူမြို့နယ်နဲ့ ရေစကြိုမြို့နယ်တို့မှာလည်း လေကြောင်းတိုက်ခိုက်တာတွေ ရှိခဲ့ပါတယ်။

ကန်-ထိုင်း သဘောတူထားတဲ့ မြန်မာဒုက္ခသည်ခေါ်ယူရေး ရပ်ဆိုင်းနေ  - ေဖေဖာ္၀ါရီ ၀၉, ၂၀၂၅ 09.02.2025

အမေရိကန်က ဒုက္ခသည်ခေါ်ယူတဲ့ အစီအစဉ်ကို ရပ်ဆိုင်းလိုက်တာဟာ ထိုင်းနဲ့ အမေရိကန်ကြား ပြီးခဲ့တဲ့နှစ်က သဘောတူညီခဲ့တဲ့ မြန်မာ ဒုက္ခသည်မိသားစု ထောင်ပေါင်းများစွာကို အမေရိကန်ပြည်ထောင်စုမှာ အခြေချနေထိုင်ခွင့် ပြုဖို့ အစီအစဉ် တခုလုံးကိုပါ ရပ်သွားစေတယ်လို့ ထိုင်းလွှတ်တော်အမတ်တဦးက ပြောပါတယ်။

မြန်မာဘက်တင်ပို့မယ့် လောင်စာဆီ ထိုင်းနယ်ခြားစောင့်တပ် ဖမ်းဆီး - ေဖေဖာ္၀ါရီ ၀၉, ၂၀၂၅ 09.02.2025

ထိုင်းနိုင်ငံ၊ တာ့ခ်ခရိုင်၊ မဲဆောက် ရပ်ချမနူ နယ်ခြားစောင့်တပ်နဲ့ ဖွတ်ဖရ (Phop Phra) ရဲစခန်းက ရဲအရာရှိတွေက ဖွတ်ဖရမြို့နယ်ထဲမှာ လုံခြုံရေးဂိတ် ၃ နေရာချပြီး စစ်ဆေးနေတာမှာ မြန်မာနိုင်ငံဘက်ကို တင်ပို့ဖို့ လုပ်ထားတဲ့ လောင်စာဆီ လီတာ ၆၀၀ ကို ဖေဖော်ဝါရီလ ၇ ရက်နေ့ညက ဖမ်းဆီးလိုက်ပါတယ်။

အမေရိကန်ကိုသွားချင်တဲ့ မြန်မာဒုက္ခသည်တွေ သတိပြုရမယ့် ကိစ္စ - ေဖေဖာ္၀ါရီ ၀၇, ၂၀၂၅ 07.02.2025

ဒုက္ခသည်ခေါ်ယူရေး အစီအစဉ်တွေကို အမေရိကန်က ဆိုင်းငံ့ထားတဲ့အတွက် အရဲစွန့်ပြီး ထွက်ခွာဖို့ကြိုးပမ်းတာတွေကို မလုပ်ကြဖို့ မလေးရှားက ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ အေဂျင်စီက ဗုဒ္ဓဟူးနေ့မှာ သတိပေးလိုက်ပါတယ်။

ပြည်တွင်းနဲ့ ပြည်ပရောက် မြန်မာတွေ စစ်အာဏာသိမ်း ဆန့်ကျင်ဆန္ဒပြ - ေဖေဖာ္၀ါရီ ၀၂, ၂၀၂၅ 01.02.2025

ဖေဖေါ်ဝါရီလ ၁ ရက် စနေနေ့ဟာ မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းတာ ၄ နှစ်ပြည့်တဲ့ နေ့ဖြစ်ဖြစ်ပြီး အာဏာသိမ်းမှုကို လက်မခံတဲ့ ပြည်သူတွေက ပြည်တွင်းမှာ လုံခြုံရေးတင်းကြပ်တဲ့ကြားက ဆန္ဒထုတ်ဖေါ်နေကြတာ တွေ့ရသလို ၊ ပြည်ပရောက် မြန်မာတွေကလည်း နိုင်ငံအသီးသီးက မြန်မာသံရုံးတွေ ရှေ့မှာ ဆန္ဒပြကြပါတယ်။

ကျားဖြန့်ဂိုဏ်းတွေ ထိုင်းမြန်မာနယ်စပ် တောင်ပိုင်းရွှေ့ပြောင်းတိုးချဲ့ - ေဖေဖာ္၀ါရီ ၀၂, ၂၀၂၅ 01.02.2025

မြန်မာနိုင်ငံထဲ အခြေစိုက်ပြီး ထိုင်းမြန်မာ နယ်စပ်တလျှောက်လှုပ်ရှားနေတဲ့ အွန်လိုင်းလိမ်လည်ဂိုဏ်းတွေဟာ အခုဆို နယ်စပ်တလျှောက် တောင်ဘက်ပိုင်းကို တိုးချဲ့လုပ်ကိုင်လာနေတယ်လို့ ထိုင်းအာဏာပိုင်တွေကရော လိမ်လည်ဂိုဏ်းဝင်ဟောင်း တွေကပါ ပြောပါတယ်။

Ouça o podcast မြန်မာ - ဗွီအိုအေ no Replaio

Rádio e podcasts em um só app - grátis e sem cadastro. Instale hoje e não perca o lançamento

Baixe no Google Play

O Replaio não é o publicador dos podcasts; os nomes dos programas, as capas e o áudio pertencem aos seus autores e são distribuídos por feeds RSS públicos