ဗွီအိုအေ

မြန်မာ - ဗွီအိုအေ

News MY ↓ 50 episódios

ဗွီအိုအေအသံလွှင့်ဌာနသည် အလယ်ပိုင်းနှင့် အရှေ့ပိုင် းဥရောပဒေသ၊ ကော့ကေးဆပ်စ်ဒေသ၊ ဗဟိုအာရှဒေသ၊ ရုရှား၊ အရှေ့အလယ်ပိုင်းနှင့် ဘော်လ်ကန်နိုင်ငံများသို့ အစီအစဉ်များ ထုတ်လွှင့်နေသည့် နိုင်ငံတကာ အသံလွှင့်ဌာနဖြစ်ပါသည်။

Não deixe de visitar o site do podcast e apoiar quem o produz: burmese.voanews.com

Autor

ဗွီအိုအေ

Categoria

News

Site do podcast

burmese.voanews.com

Último episódio

15 de mar de 2025

Onde ouvir?

Podcasts no app Replaio Radio Em breve

Os podcasts estão chegando ao app. Instale agora e seja o primeiro a descobrir um jeito totalmente novo de curtir podcasts

Baixe no Google Play Instale grátis Android 5 mi+ downloads · nota 4,8 iOS em breve

Episódios

မြဝတီကျားဖြန့် လုပ်ငန်းသုံးပစ္စည်း မဲဆောက်မှာဖမ်းမိ - ေဖေဖာ္၀ါရီ ၀၂, ၂၀၂၅ 01.02.2025

ထိုင်း−မြန်မာနယ်စပ် မြဝတီမြို့က သယ်လာတဲ့ ကျားဖြန့် အွန်လိုင်း လိမ်လည်ဂိုဏ်းတွေရဲ့ ဆက်သွယ်ရေး လုပ်ငန်းသုံး ပစ္စည်းတချို့ကို ထိုင်းဘက်ခြမ်း တာ့ခရိုင် မဲဆောက် မြို့နယ်ထဲမှာ ထိုင်းနယ်ခြားစောင့်တပ်တွေက ဖေဖော်ဝါရီလ ၁ ရက်နေ့က ဖမ်းဆီး သိမ်းယူခဲ့ပါတယ်။

မြဝတီ အွန်လိုင်းငွေလိမ်ဂိုဏ်းလက်က တရုတ်(၅)ဦး ထွက်ပြေးလွတ်မြောက် - ေဖေဖာ္၀ါရီ ၀၁, ၂၀၂၅ 01.02.2025

ထိုင်း-မြန်မာနယ်စပ်က အွန်လိုင်း ငွေလိမ်ဂိုဏ်းတွေထံ ရောက်နေတဲ့ တရုတ်နိုင်ငံသား ၅ ဦးဟာ ဇန်နဝါရီလ ၃၀ ရက်နေ့က ထိုင်းနိုင်ငံ တာ့ခ်ခရိုင် မဲဆောက်ဘက်ကို ထွက်ပြေးလွတ်မြောက်လာတယ်လို့ ထိုင်းနယ်ခြားစောင့်တပ်က သတင်းထုတ်ပြန်ပါတယ်။

မြန်မာနိုင်ငံအတွင်း သတ်ဖြတ်မှု ၂၀၂၄ မှာ မကြုံစဖူး များပြား (OHCHR) - ေဖေဖာ္၀ါရီ ၀၁, ၂၀၂၅ 01.02.2025

မြန်မာနိုင်ငံမှာ စစ်တပ် အာဏာသိမ်းတာ ၄ နှစ်တာကာလအတွင်း အသတ်ဖြတ်ခံရမှုဟာ ၂၀၂၄ ခုနှစ်အတွက် မကြုံစဖူး များနေတာ တွေ့ရတယ်လို့ ဂျနီဗာ ကုလ လူ့အခွင့်ရေးရုံးက သောကြာနေ့သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

စစ်ကောင်စီစခန်ဟောင်း အနီး ဗုံးဆော့ကစားလို့ ကလေးတချို့ ထိခိုက်သေဆုံး - ဇန္နဝါရီ ၃၁, ၂၀၂၅ 31.01.2025

ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ်၊ထဲ တိုက်ပဲွေ တွေဖြစ်ပွားပြီးနောက် ကွီလုံတိုင်ကျေးရွာမှာ မပေါက်ကွဲသေးတဲ့ ဗုံးတလုံးကို ကလေးတွေ တွေ့ရှိပြီး ဆော့ကစားကာ ဗုံးပေါက်ကဲွခဲ့တာကြောင့် ကလေး ၂ဦးသေဆုံးပြီး ၂ဦးဒဏ်ရာရခဲ့ပါတယ်

စစ်ကောင်စီကို လက်နက်နဲ့ လေယာဥ်ဆီ ပိတ်ပင်ဖို့  ဦးကျာ်မိုးထွန်း ထပ်မံ တောင်းဆို - ဇန္နဝါရီ ၃၁, ၂၀၂၅ 31.01.2025

အာဏာသိမ်းစစ်ကောင်စီ ကျင်းပဖို့ စီစဥ်နေတဲ့ ရွေးကောက်ပွဲကို ကန့်ကွက်ပြီး စစ်ကောင်စီကို လက်နက်နဲ့ လေယာဥ်ဆီ ပိတ်ပင်ဖို့ ကုလသမဂ္ဂဆိုင်ရာ မြန်မာ အမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက နိုင်ငံတကာ အသိုင်းအဝိုင်းကို ထပ်မံ တောင်းဆိုလိုက်ပါတယ်။

မြန်မာဘက်ကလာတဲ့ မူးယစ်ဆေးပြား (၁၅)သန်းကျော် ထိုင်းဘက်မှာ ဖမ်းမိ - ဇန္နဝါရီ ၃၁, ၂၀၂၅ 31.01.2025

ထိုင်းမြန်မာနယ်စပ် ချင်းမိုင်ခရိုင် ဖန်မြို့နယ်မှာ ပစ်ကပ်ကားပေါ် ဆာလာအိတ် ၇၈ အိတ်နဲ့ တင်လာတဲ့ စိတ်ကြွဆေးပြား ၁၅ သန်း ၆ သိန်းကို ဇန်နဝါရီ ၃၀ က ဖမ်းမိခဲ့တယ်လို့ ထိုင်း မူးယစ်ဆေးဝါးနှိမ်နင်းရေး အာဏာပိုင်တွေက ပြောပါတယ်။

အွန်လိုင်းငွေလိမ်ဂိုဏ်း ပူးတွဲနှိမ်နင်းရေး တရုတ် နဲ့ ထိုင်းစီစဉ် - ဇန္နဝါရီ ၂၉, ၂၀၂၅ 29.01.2025

ထိုင်းမြန်မာနယ်စပ်အပါအဝင်ထိုင်းနယ်စပ်တလျှောက်မှာလှုပ်ရှားနေတဲ့အွန်လိုင်းလိမ်လည်ဂိုဏ်းတွေကို ထိုင်းနဲ့ ပူးပေါင်းနှိမ်နင်းဖို့အတွက် တရုတ်ပြည်သူ့လုံခြုံရေးဌာန လက်ထောက်ဝန်ကြီး ဘန်ကောက်မြို့မှာ တွေ့ဆုံဆွေး‌ ခဲ့ပါတယ် ။

နယ်စပ်လုံခြုံရေး ထိုင်းအာဏာပိုင်တွေ မဲဆောက်မှာဆွေးနွေး - ဇန္နဝါရီ ၁၉, ၂၀၂၅ 19.01.2025

အွန်လိုင်း ငွေလိမ်လည်ဂိုဏ်းတွေရဲ့ ဖြားယောင်း သွေးဆောင်ပြီး ရောင်းစားမှု ကြုံနေကြရတဲ့ ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့မှာ ဇန်နဝါရီလ ၁၇ ရက်နေ့က ထိုင်းရဲချုပ် ကိုယ်တိုင်လာရောက်ပြီး တာ့ခ်ခရိုင် အာဏာပိုင်တွေနဲ့ နယ်စပ်လုံခြုံရေး အရေးပေါ် အစည်းအဝေးပြုလုပ်ခဲ့ပါတယ်။

ဆိုက်ဘာလိမ်လည်မှု မြန်မာနဲ့ထိုင်းက တရုတ်သံရုံးတွေ သတိပေး - ဇန္နဝါရီ ၁၂, ၂၀၂၅ 12.01.2025

တရုတ်နိုင်ငံသားတွေ အနေနဲ့ "လစာ အများအပြားနဲ့ နိုင်ငံရပ်ခြား အလုပ်ခေါ်ယူ လိမ်လည်လှည့်ဖြားမှုတွေကို မယုံကြည်ကြဖို့ မြန်မာနိုင်ငံနဲ့ ထိုင်းနိုင်ငံက တရုတ်သံရုံးတွေက သတိပေးချက် ထုတ်ပြန်ကြောင်း တရုတ် အစိုးရသတင်းစာ Global Times မှာ စနေနေ့က ဖော်ပြပါတယ်။

ရခိုင်ဒေသ အရပ်သား ထိခိုက်သေဆုံးမှု ကုလ အထူးစိုးရိမ် - ဇန္နဝါရီ ၁၁, ၂၀၂၅ 11.01.2025

ရခိုင်ပြည်နယ်အတွင်း စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုအတွင်း အရပ်သား အများအပြား သေဆုံးခဲ့ရတဲ့ သတင်းတွေကြောင့် ကုလသမဂ္ဂအနေနဲ့ အလွန်အမင်း စိုးရိမ်ကြောင်း မြန်မာနိုင်ငံ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ညှိနှိုင်းရေးမှူး Marcoluigi Corsi က သောကြာနေ့ (ဇန်နဝါရီ ၁၀ ရက်) က ကြေညာချက်ထုတ်ပြန်ပါတယ်။

ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ရ NLD စွမ်းအင်ဝန်ကြီး ကွယ်လွန် - ႏိုဝင္ဘာ ၁၀, ၂၀၂၄ 10.11.2024

NLD အစိုးရရဲ့ လျှပ်စစ်နဲ့ စွမ်းအင်ဝန်ကြီး ဦးဝင်းခိုင်ဟာ မန္တလေးအိုးဘိုအကျဉ်းထောင်မှာ ထောင်ဒဏ် ၂၈ နှစ် ကျခံနေရာကနေ စစ်ကောင်စီက လွတ်ငြိမ်းချမ်းသာခွင့်ပေးပြီး ၁၁ ရက်အကြာ နိုဝင်ဘာလ ၈ ရက်နေ့က မန္တလေးဆေးရုံကြီး ICU အထူးကြပ်မတ်ကုသဆောင်မှာ ကွယ်လွန်သွားခဲ့ပါတယ်။

နိုင်ငံကူးလက်မှတ် တရားမဝင် သက်တမ်းမတိုးဖို့ ဆိုးလ်စစ်ကောင်စီသံရုံးကြေညာ - ႏိုဝင္ဘာ ၁၀, ၂၀၂၄ 10.11.2024

နိုင်ငံကူးလက်မှတ်တွေမှာ တရားမဝင် တံဆိပ်တုံးအတုအပတွေ လုပ်တာကို စီစစ်တွေ့ရှိရတဲ့အတွက်ဆိုပြီး တောင်ကိုရီးယားနိုင်ငံ ဆိုလ်းမြို့က စစ်ကောင်စီရဲ့ မြန်မာသံရုံးကနေ နိုင်ငံကူးလက်မှတ် ဖျက်သိမ်းတာမျိုး၊ အမည်မည်းစာရင်း သွင်းတာမျိုးလုပ်သွားမယ်လို့ နိုဝင်ဘာလ ၉ ရက်နေ့မှာ ကြေငြာချက် ထုတ်ပြန်ခဲ့ပါတယ်။

ထိုင်းတောင်ပိုင်း ယာဉ်တိုက်မှု မြန်မာနိုင်ငံသားလေးဦးသေဆုံး - ႏိုဝင္ဘာ ၀၇, ၂၀၂၄ 07.11.2024

ထိုင်းတောင်ပိုင်း ဆူရတ်ဌာနီ ခရိုင် ထချနမြို့နယ် အဝေးပြေးလမ်းမတခုမှာ နိုဝင်ဘာလ ၆ ရက်နေ့မှာ တရားမ၀င် မြန်မာ ၁၅ ဦး တင်ဆောင်လာတဲ့ ပစ်ကပ်ကားငယ် နဲ့ ကုန်တင်ကားတစီး တို့ တိုက်မိခဲ့ကြရာမှာ မြန်မာနိုင်ငံသား ၄ ဦးသေဆုံးပြီး ၉ ဦး ဒဏ်ရာရခဲ့ကြောင်း ဆူရတ်ဌာနီ ခရိုင် လူမှုကယ်ဆယ်ရေးအဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။

စစ်ပွဲကြောင့် မြန်မာသတင်းသမား သတ်ဖြတ်သူတွေ ကင်းလွတ်ခွင့်ရနေ - ႏိုဝင္ဘာ ၀၃, ၂၀၂၄ 03.11.2024

စစ်ပွဲတွေ ဖြစ်ပွားနေတာဟာ သတင်းသမားတွေကို သတ်ဖြတ်သူတွေ တာဝန်ခံ တာဝန်ယူမှု ရှိအောင် လုပ်ဖို့ ခက်ခဲစေ ကြောင်းနဲ့ အထူးသဖြင့် မြန်မာ၊ ယူကရိန်းနဲ့ အစ္စရေး မှာ ဖြစ်ပွားနေတဲ့ စစ်ပွဲတွေက သတင်းထောက်တွေကို အကြီးအကျယ် ထိခိုက်မှု ရှိစေတယ်လို့ ကျွမ်းကျင်သူတွေက ပြောပါတယ်။

စစ်ကောင်စီရွေးကောက်ပွဲ အပေါ် SNLD သဘောထား - ေအာက္တိုဘာ ၂၇, ၂၀၂၄ 26.10.2024

SNLD ရဲ့ ၃၆နှစ်ပြည့်အခမ်းအနားမှာ ပါတီဥက္ကဌ စိုင်းညွှန်လွင်က စစ်ကောင်စီအနေနဲ့ ရွေးကောက်ပွဲ ကျင်းပမယ်ဆိုရင် ရွေးကောက်ပွဲကော်မရှင်ကို ပြန်လည်ဖွဲ့စည်းဖို့နဲ့ ရွေးကောက်ပွဲမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါဝင်ဖို့ လိုအပ်ကြောင်း ပြောဆိုပါတယ်။

အနန်းကွင်း စစ်ဗျူဟာစခန်း KNLA/PDF တိုက်ခိုက် - ေအာက္တိုဘာ ၂၇, ၂၀၂၄ 26.10.2024

ကြာအင်းဆိပ်ကြီးမြို့နယ် အနန်းကွင်းကျေးရွာက စစ်ကောင်စီရဲ့ အနန်းကွင်း စစ်ဗျူဟာစခန်းကို KNLA/ PDF နဲ့ ဒေသခံ ပူးပေါင်းတပ်ဖွဲ့တွေက သွားရောက်တိုက်ခိုက်နေရာမှာ တိုက်ပွဲတွေ ပြင်းထန်နေသလို စစ်ကောင်စီဘက်ကလည်း လက်နက်ချသူတွေ ပိုများ လာနေတယ်လို့ ပူးပေါင်းတပ်ဖွဲ့တွေက ပြောပါတယ်။

စစ်ကောင်စီ စစ်ကြောင်းထိုးနေတဲ့ ဘုတလင်အခြေအနေ - ေအာက္တိုဘာ ၂၀, ၂၀၂၄ 20.10.2024

စစ်တပ် နယ်မြေရှင်းလင်းနေတဲ့ ဘုတလင်မြို့နယ်ထဲက စီပါကျေးရွာမှာ သတ်ဖြတ်ခံထားရတဲ့ ရုပ်အလောင်းတွေတွေ့ရှိရပြီး နေအိမ် ၂၀၀ နီးပါးလည်း မီးရှို့ခံထားရတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဒေသခံ အများအပြားလည်း စစ်ဘေးတိမ်းရှောင်နေပြီး အကူအညီတွေ လိုအပ်နေပါတယ်။

ဘုတလင်တိုက်ပွဲ ပြင်းထန်ဆဲ - ေအာက္တိုဘာ ၁၉, ၂၀၂၄ 19.10.2024

စစ်ကောင်စီတပ်ရဲ့ နယ်မြေရှင်းလင်း စစ်ကြောင်းထိုးခံနေရတဲ့ ဘုတလင် နယ်တဝိုက်က ကျေးရွာတွေ မီးဆက်ရှို့ခံနေရပြီး၊ အဲဒီ စစ်တပ်စစ်ကြောင်းကိုလည်း ကာကွယ်ရေးတပ်တွေက ပြန် မိုင်းဆွဲတိုက်ခိုက်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မြန်မာဘက်ပို့မယ့် မူးယစ်ကုန်ကြမ်း တန်(၈၀၀)ကျော် မဲဆောက်မှာ ဖမ်းမိ - ေအာက္တိုဘာ ၁၉, ၂၀၂၄ 19.10.2024

ထိုင်းမြန်မာနယ်စပ် မဲဆောက်မြို့မှာ မဲကမ်ဆာကျေးရွာအုပ်စု Ban Mae Kuet Sam အိမ်ယာဝန်းမှာ မြန်မာနိုင်ငံ ဘက်ကိုပို့မယ် မူးယစ်ကုန်ကြမ်း ဓါတုဆေးဝါးတန်ချိန် ၈၃၀ ကိုဖမ်းမိသိမ်းဆည်း နိုင်ခဲ့ကြောင်း ထိုင်းအမှတ်(၆)ဒေသ မူးယစ်နိမ်နင်းရေးဗျူရိုက သတင်းထုတ်ပြန်ခဲ့ပါတယ်၊

မြန်မာ့အကြပ်အတည်းအတွက် ထိတွေ့ဆက်ဆံမှု တိုးမြှင့်မည် (မလေးရှားဝန်ကြီးချုပ်) - ေအာက္တိုဘာ ၁၃, ၂၀၂၄ 13.10.2024

မြန်မာ့အကြပ်အတည်း ဖြေရှင်းရေးနဲ့ ပတ်သက်ပြီး မလေးရှားနိုင်ငံဟာ သက်ဆိုင်ရာအဖွဲ့အစည်းတွေနဲ့ ထိတွေ့ဆက်ဆံမှု တိုးမြှင့်လုပ်ဆောင် သွားမှာ ဖြစ်ကြောင်း မလေးရှားဝန်ကြီးချုပ် Anwar Ibrahim က လာအိုမှာကျင်းပတဲ့ အာဆီယံထိပ်သီး အစည်းဝေးနဲ့ ဆက်စပ်အစည်းဝေး တွေအပြီး သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

တနှစ်နီးပါးပိတ်ထားတဲ့ အာရှ လမ်းမကြီး ပြန်ဖွင့်နိုင်ပါ့မလား - ေအာက္တိုဘာ ၁၂, ၂၀၂၄ 12.10.2024

ထိုင်း-မြန်မာ နှစ်နိုင်ငံကုန်သွယ်ရေးအတွက် အဓိကရည်ရွယ်ပြီးဖွင့်ထားတဲ့ ကော့ကရိတ်မြဝတီအာရှလမ်းပြန်ဖွင့်နိုင်ရေးအတွက် စစ်ကောင်စီဘက်ကကြိုးစားနေသလို ကရင်လက်နက်ကိုင်အဖွဲ့တွေကြားမှာလည်းအာရှလမ်းပြန်ဖွင့်ရေးမဖွင့်ရေးကိစ္စအပေါ်ကွဲလွဲမူ့တွေလည်းရှိနေ တယ်လို့ စစ်ရေးသုံးသပ်သူတွေက ပြောပါတယ်

စစ်တွေထောင် အကျဉ်းသား ၄၀၀ ကျော် ထောင်ပြောင်း - ေအာက္တိုဘာ ၁၂, ၂၀၂၄ 12.10.2024

ရခိုင်ပြည်နယ် စစ်တွေအကျဉ်းထောင်က အကျဉ်းသား ၄ဝဝ လောက်ကို ဒီရက်ပိုင်း အတွင်း စစ်ကောင်စီက ပြည်မဘက်ကို ရွှေ့ပြောင်းခဲ့တာပါ။ ရွှေ့ပြောင်းခံရသူတွေထဲမှာ နိုင်ငံရေးအကျဉ်းသားတွေ ပါဝင်သလို အကြမ်းဖက်ပုဒ်မနဲ့ ထောင်ကျနေတဲ့ ရခိုင်အခြေစိုက် DMG သတင်းထောက်နဲ့ ရုံးဝန်ထမ်းလည်း ပါဝင်တယ်လို့ မိသားစုဝင်တွေ က ပြောပါတယ်။

မတ္တရာဝန်းကျင် စစ်ကောင်စီ လေကြောင်း တိုက်ခိုက် - ေအာက္တိုဘာ ၁၂, ၂၀၂၄ 12.10.2024

မတ္တရာမြို့နယ်၊ ဝေါစုကျေးရွာက စစ်ဘေးရှောင်တွေ ခိုလှုံနေတဲ့ ဘုန်းကြီးကျောင်းကို စစ်တပ်ဘက်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ လူ တဒါဇင်ထက် မနည်းသေဆုံးပြီး ၂၀ ကျော် ဒဏ်ရာရရှိခဲ့ပါတယ်။ ဝေါစုကျေးရွာ ဗုံးကြဲတိုက်ခိုက်ခံရပြီးနောက် ညနေပိုင်းမှာလည်း လေကြောင်းတိုက်ခိုက်မှုတွေ ဆက်ရှိနေပါတယ်။

IIMM နဲ့ ကုလလူ့အခွင့်ရေးမဟာမင်းကြီးရဲ့ အစီရင်ခံစာ စစ်ကောင်စီဝေဘန် - ေအာက္တိုဘာ ၁၂, ၂၀၂၄ 12.10.2024

ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံနဲ့ ပတ်သက်တဲ့ အစီရင်ခံစာတွေနဲ့ ဆွေးနွေးမှုတွေမှာ မြန်မာနိုင်ငံဘက်က အပြုသဘော ပူးပေါင်းဆောင်ရွက်မှုတွေကို အသိအမှတ်ပြုဖော်ပြသင့်တယ်လို့ စစ်ကောင်စီက အောက်တိုဘာ ၁၁ ရက်နေ့က စာထုတ်ပြန်ခဲ့ပါတယ်။

မြန်မာကိုပစ်ပယ်မထားဖို့ အရှေ့အာရှညီလာခံမှာ အိန္ဒိယသတိပေး - ေအာက္တိုဘာ ၁၂, ၂၀၂၄ 12.10.2024

မြန်မာကို အထီးကျန်အောင် ပစ်ပယ်မထားသင့်ဘူးလို့ အိန္ဒိယဝန်ကြီးချုပ် Narendra Modi က လာအိုနိုင်ငံ ဗီယင်ကျန်းမှာကျင်းပတဲ့ အရှေ့အာရှ ထိပ်သီးညီလာခံမှာ ပြောကြားခဲ့တယ်လို့ နိုင်ငံခြားရေး အတွင်းဝန် Jaideep Mazumdar က သောကြာနေ့ အိန္ဒိယနိုင်ငံခြားရေးဌာန အထူး သတင်းစာရှင်းလင်း ပွဲမှာ ပြောပါတယ်။

Ouça o podcast မြန်မာ - ဗွီအိုအေ no Replaio

Rádio e podcasts em um só app - grátis e sem cadastro. Instale hoje e não perca o lançamento

Baixe no Google Play

O Replaio não é o publicador dos podcasts; os nomes dos programas, as capas e o áudio pertencem aos seus autores e são distribuídos por feeds RSS públicos