Padamyar FM

ဒီနေ့အတွက်စကား

နေ့စဉ်ဘဝအတွက် စိတ်ခွန်အားပေးမည့် စကားလုံးများနှင့် အတွေးအမြင်များ။

Não deixe de visitar o site do podcast e apoiar quem o produz: padamyarfm.com.mm

Autor

Padamyar FM

Categoria

Education

Site do podcast

padamyarfm.com.mm

Último episódio

20 de out de 2026

Onde ouvir?

Podcasts no app Replaio Radio Em breve

Os podcasts estão chegando ao app. Instale agora e seja o primeiro a descobrir um jeito totalmente novo de curtir podcasts

Baixe no Google Play Instale grátis Android 5 mi+ downloads · nota 4,8 iOS em breve

Episódios

Mutual Respect is Everything. 13.07.2026

   Mutual respect ဆိုတာ ဘယ်လို ဆက်ဆံရေးမျိုးမဆို လိုတာဖြစ်လို့သမီးရည်းစားတွေကြားမှာလည်း အချင်းချင်း အပြန် အလှန်လေးစားမှုဆိုတာ ရှိသင့်ပါတယ်။မတူကွဲပြားမှုတွေကို လက်ခံပေးခြင်းက Mutual Respect ရှိတာပါ။လူတိုင်းက တစ်ယောက်နဲ့တစ်ယောက် မတူကြပါဘူး၊ သီချင်းတစ်ပုဒ်ကို ကိုယ်က ကြိုက်ပေမယ့်သူ့အကြိုက်ဟုတ်ချင်မှ ဟုတ်မှာဖြစ် သလို သူကြိုက်တဲ့ဇာတ်ကားကိုကိုယ်ကြိုက်ဖို့ဆိုတာကလည်း မလွယ်ပါဘူး။ ဒါက ဥပမာပါ၊ ဘဝမှာ ဒီထက်ပိုပ...

Believe that you can have success and happiness at the same time. 11.07.2026

အောင်မြင် ခြင်းနဲ့ ပျော်ရွှင်ခြင်းတို့ကို ဘဝမှာတစ်ပြိုင်နက်တည်း ပိုင်ဆိုင် နိုင်တယ်ဆိုရင် ယုံမှာလား။ တကယ်တော့ ထိုအရာ နှစ်ခုကိုတစ်ပြိုင်နက်တည်း ပိုင်ဆိုင်နိုင်ပါတယ်။ ကျန်းမာခြင်းသည် လာဘ်တစ်ပါးဆိုတာကိုသတိရပါ။ ရုပ်ပိုင်းဆိုင်ရာ ကျန်း မာရေးနဲ့ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေး တို့ကိုလျစ်လျူရှုလိုက်မယ်ဆိုရင်တော့ နောက်ဆက်တွဲ ဆိုးကျိုးတွေ အများကြီးကိုခံစားရနိုင်ပါတယ်။ ကိုယ်ရော စိတ်ပါ ကျန်းမာနေမယ်ဆိုရင်တော့ က...

Learn to see your own worth in every face of criticism. 11.07.2026

တစ်ဦးတစ်ယောက် (သို့) လူအများဆီကနေ ကိုယ့်အပေါ်ဦးတည်တိုက်ခိုက်လာတဲ့ ဝေဖန်ကဲ့ရဲ့ မှု၊ အပြစ်တင်မှုတွေ ကြုံတွေ့ ဖူး ကြလား လို့မေးကြည့်ချင်ပါတယ်။ ဝေဖန်အပြစ်တင်မှုဆိုကတည်းက ကိုယ့်ရဲ့တိုးတက်နိုင်ရေး၊ပြုပြင်နိုင်ရေးကိုအကြောင်းပြုပြီး ကောင်းမွန်သောရည်ရွယ်ချက်နဲ့အကြုံပြုချက်ပေးတာမျိုး၊ ဆွေး နွေး ညှိနှိုင်းမှုလုပ် ဆောင်တာမျိုး မဟုတ်ပဲအပြုသဘော မဖြစ် စေတဲ့ စကားလုံးတွေ၊ အထင်အမြင် တွေနဲ့ စွပ်စွဲပြောဆိုခြင်း ကို ဆ...

Let Your Life Be BLESSed. 10.07.2026

အနာဂတ်စီမံခန့်ခွဲမှုလို့ပြောလိုက်ရင်နောက် လာမဲ့၃-၅နှစ်တာကို ယခုကာလကနေထည့်သွင်းစဥ်းစားရတာကို ဆိုလိုပါတယ်။ တစ်နှစ်တာဆိုတဲ့အချိန်ဟာကုန်တာ မြန်ဆန်ပါတယ်။ကိုယ့်အနေနဲ့ လုပ်စရာတွေ၊ သင်စရာတွေ၊ကိုယ့်အတွက်နဲ့ ဘေးကလူတွေအတွက်ပါထည့်သွင်းစဥ်းစားလိုက်တဲ့အခါအလွန်မှအချိန်တွေဟာပိုလျှံနေတယ်လို့မမြင်နိုင်တော့ပါ။ အနာဂတ်လို့အဝေးကြီးတွေးလိုက်ရင်အကြီးကြီးတွေလုပ်နေရမယ်လို့အထင်မမှားသင့်ပါဘူး။ အကြောင်းကကိုယ့်အနေနဲ့တရက်တာကို...

Don’t Dwell On Superfacial Truths And Live In Harmony With Authenticity. 09.07.2026

သာမန် ပုထုဇဥ်တွေအနေနဲ့ လောကမှာ ဘယ်သူတွေကမှန်တယ်၊ဘယ်သူတွေကတောဖြင့် မမှန်ဘူး ဆိုပြီး မိမိတို့ရဲ့ခေါင်းထဲမှာ မှတ်ချက်တွေ၊အမြင်တွေ၊ အတွေးတွေ တစ်ပုံတစ်ခေါင်းကြီးနဲ့ရှုမြင်ပြီးနေ့စဥ်ဘ၀ကိုရွက်လွှင့်နေကြတယ်။ ဒီရဲ့နောက်ကွယ်မှာ သိနိုင်တဲ့အတိအကျအဖြေဆိုလို့အတိအကျ ဘာမှမသိတာပဲ ဖြစ်နေ တယ်။ အတွေးအမြင်တွေ မှတ်ချက်တွေပေးရတာလွယ် တယ်။ ပြီးရင်ဒီအရှုပ်ထုတ် တွေ၊ အမှိုက်တွေနဲ့ သံသရာလည်နေတတ်ကြပါတယ်။   လူတွေကအမှားအမှန်တွေက...

Jealousy Burns Very Hot. 08.07.2026

မနာလိုမှုဟာ ပုံစံအမျိုးမျိုးနဲ့တည်ရှိနေတတ်ပါတယ်။ မနာလိုမုန်းထားခြင်းဟာ ကိုယ့်ကိုကိုယ် မီးပြန်ရှို့သလိုပဲကိုယ့်စိတ်နဲ့ ကိုယ် ပူလောင်ရပါတယ်။ ကိုယ့်ထက်သာသွားလို့ မနာလိုတာ၊ကိုယ်မပျော်နိုင်ပေမဲ့ သူပျော်နေရလို့ မနာလိုတာ၊ ကြိုးစားတာ ချင်း တူ တာတောင် သူကပိုအောင်မြင်လို့ စသဖြင့် မနာလိုမှုတွေဟာ အမျိုးမျိုးပါပဲ။                                                                    မနာလိုလို့ ကွယ်ရာမှာအပုတ်ချပြေ...

Be Your Life Blessed. 06.07.2026

သင်ဟာပြိုင်ဘက်ကင်းတယ်ဆိုတာ အမှတ်ရပါ။ အနာဂတ်စီမံခန့်ခွဲမှုလို့ပြောလိုက်ရင်နောက်လာမဲ့ ၃-၅နှစ်တာကို ယခုကာလ ကနေထည့်သွင်းစဥ်းစားရတာကိုဆိုလိုပါတယ်။တစ်နှစ်တာဆိုတဲ့အချိန်ဟာကုန်တာ မြန်ဆန်ပါတယ်။ ကိုယ့်အနေနဲ့ လုပ်စရာတွေ၊ သင်စရာတွေ၊ကိုယ့်အတွက်နဲ့ဘေးကလူတွေအတွက်ပါထည့်သွင်းစဥ်းစားလိုက်တဲ့ အခါအလွန်မှအချိန်တွေဟာ ပိုလျှံနေတယ်လို့ မမြင်နိုင်တော့ပါ။ အနာဂတ်လို့အဝေးကြီးတွေးလိုက်ရင်အကြီးကြီး တွေလုပ်နေရမယ်လို့အထင်မမှား သ...

Always review your life because its too short. 05.07.2026

ကိုယ့်အနေနဲ့ကြီးပွားတိုးတက်ချင်ပေမဲ့မှန်ကန်တဲ့ချဥ်းကပ်မှုတွေ မလုပ်နေဘူး ဆိုရင် နှစ်တွေသာကြာနိုင်ပြီး မှန်းထားသလောက် ဖြစ်လာဖို့ခဲယဥ်းပါတယ်ဆိုတာကို လူတိုင်းသိထားကြပါတယ်။ သို့သော်လည်းတစ်ဖက်မှာအကြောင်းကြောင်းကြောင့် လက် လျှော့ လိုက်မိတာ၊ နေမြဲနေဆဲနေရာမှာပဲ လွယ်လင့်တကူရပ်နေလိုက်တော့တာ မျိုး ဖြစ်နေနိုင်ပါတယ်။ ကိုယ့်အတွက်တစ်ခုခုလုပ်တဲ့အခါကောက်ကာငင်ကာနဲ့ လုပ်ဖို့အခွင့်အရေးမပေးတာ၊ အခြားလူတွေအတွက် မနက်ဖြန်...

Always Separate Work And Personal Life. 04.07.2026

လုပ်ငန်းခွင်မှာအလုပ်လုပ်ကိုင်တဲ့အခါ အရေးအကြီးဆုံး အချက်ကတော့ အလုပ် နဲ့ ကိုယ်ရေး ကိုယ်တာခွဲခြားထားခြင်းပဲ ဖြစ်ပါ တယ်။ အလုပ် နဲ့ ကိုယ်ရေး ကိုယ်တာကို မခွဲခြားထားတဲ့အခါစိတ်ဖိစီးမှုများလာမယ်၊ မိမိရဲ့ စွမ်းဆောင်ရည် ကျလာမယ်၊ မနိုင်ဝန် ထမ်းနေရမယ်။မိမိရဲ့ လုပ်ဖော်ကိုင်ဖက်နဲ့ပဲဖြစ်ဖြစ်၊ အထက်လူကြီးနဲ့ပဲဖြစ်ဖြစ် ပုဂ္ဂိုလ်ရေးအရခင်မင်မှုရှိတဲ့အတွက်ကြောင့် ကိုယ့်ဘက်က အားနာနေရင် ကိုယ်ပဲ ခံစားသွားရပါလိမ့်မယ်။     ...

Self-Acceptance is Lifelong commitment process and journey. 03.07.2026

Self-Acceptance ဆိုတာ မိမိမှာရှိတဲ့ ကောင်းခြင်း၊ဆိုးခြင်း၊ အားနည်းချက်၊အားသာချက်၊ ရုပ်ရည်ပုံပန်းသဏ္ဍန်၊ ကိုယ်ရေကိုယ် သွေးစတဲ့အချင်းအရာတွေအပေါ် ကြိုဆိုလက်ခံတတ်ခြင်းနဲ့ သက်တောင့်သက်သာ ရှိနေခြင်းဟုဆိုလိုခြင်းဖြစ်တယ်။ နားဆင်သူ တွေရော Self-Acceptanceနဲ့ပတ်သက်လာရင်ဘယ်လိုနားလည်ခံယူထားလဲ?မိမိအနေနဲ့ Self-Acceptance ရဖို့ဘယ်အရာတွေကတားဆီးနေလဲ? အမှတ် (၁-၁၀) ပေးရရင် မိမိရဲ့ Self-Acceptance level ဘယ်လောက်ရှိနေပ...

When pettiness consumes life, many negative consequences are experienced. 02.07.2026

သိမ်ငယ် စိတ် ဆိုတာသည် လူတိုင်းနီးပါးကြုံတွေ့ရတဲ့အရာတစ်ခုဖြစ်ပါတယ်။ အကြောင်းအမျိုးမျိုးကြောင့် သိမ်ငယ်စိတ်ကိုခံစားရတတ်ပါတယ်။ ဥပမာ ငယ်ရွယ်စဥ်က လူကြီးတစ်ယောက်ယောက်က ကိုယ့်ကို အခြားသူများနဲ့နှိုင်းယှဥ်ပြီး ကိုယ့်ကို သူ့ရဲ့ ခြေဖျားတောင် မမှီဘူးဆိုပြီး လိုက်နှိုင်းယှဥ်လွန်းတဲ့အခါမှာလည်းသိမ်ငယ်စိတ်က တဖြည်းဖြည်း ခိုအောင်းလာတတ်ပါတယ်။ တဖြည်းဖြည်းနဲ့ အချိန်ကြာလာတဲ့အခါသိမ်ငယ်စိတ်က တဖြည်းဖြည်း ကြီးထွားလာပြီး ဘ...

Difficulties in life make you stronger. 01.07.2026

အခက်ခဲတွေ ၊ ပြဿနာတွေကို ဘယ်သူမှ မလိုချင်ကြပါဘူး။ ဒါပေမဲ့လဲ မတွေ့ချင်လို့ ရှောင်နေလို့ရတဲ့အထဲမှာ အခက်နဲ့ ပြဿနာ တွေက မပါဘူး ။ကိုယ်တိုင် မကျူးလွန်ရင်တောင်မှ မထင်မှတ်ပဲ ရောက်လာတဲ့အခက်ခဲတွေ ၊ ရှောင်နေရင်းကတမင်ဝင်တိုးလာတဲ့ ပြဿနာတွေဟာ နေ့စဉ်နဲ့အမျှကြုံနေရဦးမှာပဲ။                                                                                                            အခက်ခဲတွေဟာ ဘယ်နေရာကိုရောက်ရောက် တွေ...

Try To Accept The Changes Lightly. 01.07.2026

နေ့စဉ် စိတ်လက်ပေါ့ပါးချင်ရင်ကိုယ့်အတွေးတွေကိုလည်း ပေါ့ပေါ့ပါးပါး တွေးတတ်ဖို့လိုပါတယ်။ ကြုံတွေ့ရတဲ့ အခြေနေ ၊ကြားရတဲ့ စကား အားလုံးကို ရင်ထဲထည့်ပြီး ခံစားနေလို့ မရပါဘူး။ တချို့သော အရာတွေကိုမသိသလိုနေပြီး ၊ တချို့သော စကားများကို မကြားသလိုသာ သဘောထားတတ်ဖို့ လိုပါတယ်။အားလုံးကို အလေးနက်ထားပြီး လိုက်ခံစားနေရင် ကိုယ်ပဲ ပင်ပန်းရပါလိမ့်မယ်။                                                                       ...

If there are people who comfort you, who always listen to you with interest and kindness, be sure to appreciate it. 30.06.2026

တစ်စုံတစ်ယောက်ရဲ့ နေ့စဉ်ဘဝကို စိတ်ဝင်တစားနားထောင်ပေးတတ်ခြင်းဟာလည်း နွေးထွေးစေတဲ့ ချစ်ခြင်းမေတ္တာ တစ်မျိုးပဲ။ မနက်မိုးလင်းကစလို့ညအိပ်ယာဝင်တဲ့အထိ ဒီနေ့ ဘာတွေလုပ်တယ်၊ ဒီနေ့ ဘယ်တွေသွားတယ်၊ ဘယ်သူကတော့ ကိုယ့်ကိုဘယ် လိုပြောတယ်၊ ရာသီဥတု ကြည်လင်တာကစလို့၊ ညနက်သန်းခေါင်တွေမှာအထီးကျန်ရကြောင်းအထိ ကိုယ့်ဘဝ ရဲ့ ပျော်ရွှင်မှုတွေ၊ ဝမ်းနည်းမှုတွေကိုမျှဝေနားထောင်ပေးမယ့်သူတွေရှိတာ ဘာနဲ့မှ အစားထိုးလို့ မရနိုင်တဲ့ကံကော...

Free yourself from the feelings that tire you and give yourself freedom. 29.06.2026

ကျွန်တော်တို့ရဲ့ စိတ်ခံစားချက်တွေကအင်အားကြီးပါတယ်။ ကောင်းမွန်တဲ့ခံစားချက်က စိတ်ငြိမ်းချမ်းမှုတွေပေးနိုင်ပြီးမကောင်းတဲ့ ခံစားချက်တွေက တော့ စိတ်ဒဏ်ရာအမျိုးမျိုးပေးနိုင်ပါတယ်။ ကျွန်တော်တို့ရဲ့နေ့စဉ်ဘဝမှာစိတ်အနှောင့်ယှက် တွေ၊ စိတ်ရှုပ်စရာ တွေက နေ့စဉ်လိုလိုကြုံရတတ်ပါတယ်။ ဥပမာ -တစ်ခါတလေမှာ မနက်မိုးလင်းက တည်းက စိတ်မကြည်တဲ့ အခါ တစ်နေ့လုံး အဆင်မပြေတာ၊ကိစ္စတစ်ခုအပေါ်ဖြစ်တဲ့ ဒေါသစိတ်ကနောက်ကိစ္စတွေမှာပါ ဆက်သွ...

Falling in love with someone is not scary, but not being able to get out of a wrong relationship is scary. 28.06.2026

အချစ်က ပျော်စရာပဲ ဖြစ်သင့်တယ်။ ဆယ်ကျော်သက်အရွယ်မှာလူတိုင်းက မှားယွင်းစွာ ချစ်ခဲ့ဖူးကြတယ် ။ ကိုယ့်အပေါ် မကောင်း တဲ့သူ ၊ကိုယ့်ကိုဆက်တိုက် နာကျင်စေတဲ့သူကို ချစ်ခဲ့မိတာမျိုးပေါ့ ။ ကိုယ်တိုင်လဲအဲ့ဒီလိုပဲ ။ နောက်ဆုံး ကိုယ့်ကိုကိုယ် ပြန်ရှာမ တွေ့တော့တဲ့အထိ ၊ဘာတန်ဖိုးမှမရှိအောင် တွယ်ကပ်မိတဲ့အထိပဲ။ အချစ်က နာကျင်စေတတ် မှန်းသိခဲ့တာအဲ့ဒီအချိန်ကပေါ့ ။ သူခေါ်ရင်ပျော်တယ် ၊ သူပစ်ထားရင် ငိုတယ်။လူတစ်ယောက်ကိုအလွန်ကျ...

Being forced to cling to a situation with a low percentage to be comfortable is not compatible with mental health. 27.06.2026

တွေဝေရခက်တဲ့ ဆက်ဆံရေးထဲပိတ်မိနေတဲ့အခါဒီအချက်လေးကို သေချာတွေးကြည့်ပါ။ ကိုယ်က ဒီလူတစ်ယောက်ကို စွန့်လွှတ်ရမလား။ ဆက်ပြီး ဖမ်းဆုပ်ထားသင့်သေးလားဆိုတဲ့ အတွေးမျိုးနဲ့နာကျင်ရတဲ့အခြေနေမျိုးမှာ ဆိုပါတော့။ ဒီအခြေနေကို ဘာကြောင့်ရောက်လာခဲ့သလဲအဖြေရှာကြည့်ရင် ပြဿနာတွေ ခဏခဏဖြစ်ပြီး ဒီဆက်ဆံရေးဟာ Toxic ဖြစ်လာပြီ လို့ ထင်လို့ပဲ မဟုတ်လား။ ဒါဆို ဘာ့ကြောင့် လက်လွှတ်ဖို့ခက်ခဲနေရသေးလဲ ။ သေချာတာတော့ သူ့အပေါ်ထားတဲ့ ကိုယ့်ရဲ...

In Order To Succeed, We Need To Move Forward With The Right Steps. 26.06.2026

ဒီနေ့မှာ အောင်မြင်နေသူတွေကို ကြည့်လိုက်ပါ။ အကုန်လုံးက နေ့ချင်းညချင်းလွယ်လွယ်ကူကူ အောင်မြင်လာကြတာ မဟုတ်ပါ ဘူး။ ၎င်းတို့ရဲ့ အောင်မြင်မှုနောက်ကွယ်မှာပေးဆပ်ခဲ့ရတဲ့ အရာတွေ ရှိပါတယ်။ လူတိုင်းက အောင်မြင်တိုးတက် ချင်တယ်ဆိုတာ အသေအချာပါပဲ။ သို့သော်လည်း လူတိုင်းကအောင်မြင်နေတာ မဟုတ်တာကို တွေ့ရမှာပါ။ သတ်မှတ်ထားတဲ့ ပန်းတိုင်တွေ၊အောင်မြင်မှုတွေ ရယူပိုင်ဆိုင်ချင်တယ်ဆိုရင် အောင်မြင်ဖို့ဆိုရင် မှန်ကန်သောခြေလှမ်းနဲ့...

Emphasize Self-Discipline. 25.06.2026

Self-Discipline လို့ သုံးနှုန်းကြတဲ့ မိမိကိုယ်ကို စည်ကမ်းရှိခြင်းကလူတိုင်းအတွက် လိုအပ်တဲ့ အရာတစ်ခုဖြစ်ပါတယ်။ မိမိ ကိုယ် ကိုယ်စည်းကမ်းရှိခြင်းဆိုတာ ကဏ္ဍအလိုက်အဓိပ္ပါယ်အမျိုးမျိုး သတ်မှတ်နိုင်သော်လည်း ယေဘုယျအားဖြင့်တော့ မိမိရဲ့ အတွေးအခေါ်၊ အပြုအမူနဲ့ ကိုယ့်ရဲ့ ခံစားချက်များကို ကိုယ်တိုင်ထိန်းချုပ်နိုင်တဲ့ စွမ်းရည်တစ်ခုပဲ ဖြစ်ပါတယ်။                                     ကိုယ်လုပ်ချင်တဲ့ အရာတွေ ထက် ကိုယ...

Just Sit And Never Get In Front Of Others. 24.06.2026

အခုလက်ရှိမှာမိမိအမှန်တကယ်လိုချင်တဲ့နေရာကို ရောက်ရှိနေပါသလား။ကြိုးစားအားထုတ်မှုတွေ၊အချိန်ကိုကောင်းကောင်း အသုံးချမှုပေါ် မူတည်ပြီး လူတွေရဲ့ဘဝအခြေအနေတွေက ကွာခြားသွားပါတယ်။ လူတိုင်း တိုးတတ်အောင်မြင်တဲ့သူ ဖြစ်ချင် ကြတာချည်းပါပဲ။ လက်ရှိမှာအောင်မြင်နေတဲ့သူတွေကထိုက်တန်တဲ့အားထုတ်မှုတွေ ရှိခဲ့ပါတယ်။ ဘယ်လောက်ပဲ အောင် မြင် တိုးတတ်ချင်ပါတယ် ပြောပြောလက်တွေ့ကြိုးစားအားထုတ်မှုမရှိဘဲ ထိုင်နေရင်တော့ ဘယ်တော့ မှ ရှေ့...

The More You Refuse To Accept, The More You Have To Survive In The Midst of Pain. 23.06.2026

ပြောင်းလဲလို့မရတာကိုလက်ခံလိုက်ပါ။ ထိန်းချုပ်လို့မရတာကို လက်ခံလိုက်ပါ။ အခြေအနေအမှန်ကို လက်ခံလိုက်ပါ။ လက်ခံ လိုက်ပါ ဆိုတဲ့ စကားလေးကသာ လွယ်ကူရိုးရှင်းပြီးအကောင်းဆုံးအဖြေတွေဆီ ခေါ်ဆောင် သွားနိုင်တာမှန်ပေမယ့် လည်း တကယ့်တကယ်ကိုယ်တိုင်ကိုယ်ကျ ပါဝင်ပတ်သက်နေတဲ့အခြေ အနေတွေအပေါ် လက်ခံနိုင်ဖို့ဆိုရာမှာတော့ ဖြတ်သန်းရတဲ့လူ အတွက် ခက်ခဲလွန်း လှပါတယ်။                                                                ...

Without good communication, you can’t coorperate with others. 22.06.2026

လူမှုဆက်ဆံရေး ကောင်းခြင်း မကောင်းခြင်းသည်အလုပ်အကိုင် ပေါ်မှာ များစွာ အကျိုးသက်ရောက်မှု ရှိပါတယ်။ လူမှု ဆက်ဆံ ရေးမကောင်းဘူး၊ အသင်းအဖွဲ့ စိတ်ဓာတ်လည်း မရှိဘူးဆိုရင်တော့ ဘယ်သူကမှ အတူတူ လက်တွဲ ပြီးအလုပ်လုပ်ချင်မှာ မဟုတ်ပါဘူး။                                                                                                                             အဆက်အသွယ်ကောင်းဆိုတာကတော့ Visiting Card လေး လဲလှယ်လိုက်...

Value True Friends. 21.06.2026

သူငယ်ချင်း ဆိုတာ ကျွန်တော်တို့ဘဝမှာဒုတိယမိသားစုဝင်တွေလို့ ပြောရင်မှားနိုင်မယ် မထင်ပါဘူး။ သူငယ်ချင်း တွေ အများကြီးရှိတာထက် ကိုယ့်အကြောင်းကို ကောင်းကောင်းနားလည်ပြီး ဘေးမှာ ဘဝရဲ့အနိမ့်အမြင့်အတက်အကျ အလိုက်အမြဲအတူ ရှိနေ နိုင်တဲ့ သူငယ်ချင်းကောင်းတွေအချို့ ရှိရင်ပဲကံကောင်းတယ်လို့ ပြောလို့ ရပါပြီ။ အောင်မြင်ချိန်မှာ ရင်ထဲကနေ လှိုက်လှိုက် လှဲလှဲဝမ်းသာဂုဏ်ယူပေးနိုင်သူ ၊ လဲပြိုချိန်မှာ ကမ်းပေးမယ့် လက်စုံဖြစ်န...

Replace a lazy mind with diligent mind. Don’t Waste time. 20.06.2026

အခြားသူတွေထက် ခြေတစ်လှမ်း သာ ချင်တယ်ဆိုရင် ဘာတွေပြုလုပ်ဖို့ လိုမလဲဆိုတာ သိပြီးပါပြီ လား။ များများစားစားတော့ မလိုအပ်ပါဘူး။  အရင်ဆုံးပျင်းရိတတ်တဲ့ စိတ်ကို လုံ့လ ဝီရိယ စိုက် ထုတ်တတ်တဲ့ စိတ်နဲ့ အစားထိုးပါ။အောင်မြင်နေတဲ့ လူ အများစုကို ကြည့်လိုက်မယ်ဆိုရင် သူတို့ ဟာ သူတို့လိုချင်တဲ့အရာ ကို မရ မချင်း တစိုက်မတ်မတ်နဲ့ ဇွဲ ရှိရှိ လုပ်တတ်ကြပါတယ်။အောင်မြင် ဖို့အတွက် ယတြာ တွေ ထိုင်လုပ်နေကြတဲ့အစား သူတို့သည် ဝီရိ...

The roots need to be watered to keep the leaves and flowers blooming. 19.06.2026

ကိုယ့်ကိုယ်ကိုယုံကြည်မှု မြင့်မားလာစေဖို့ဘာလုပ်ရမလဲ? Self-confidence ဆိုတဲ့ကိုယ့်ကိုယ်ကိုယုံကြည်မှု က ဘဝမှာ ထင်ထား တာထက် အရေးပါကြောင်း ကို ကြုံခဲ့ရတဲ့အကြိမ်တွေ အများကြီး ရှိပါတယ်။ လူကြီးသူမတွေ ဆုပေးကြတဲ့ “သူများနဲ့ပြိုင် နိုင် ပါစေ၊ သူများနဲ့ပြော ချောပါစေ” ဆိုတာမျိုးကိုခဏခဏကြားဖူးပါလိမ့်မယ်။ အဲဒီလို ပြိုင်တဲ့အခါနိုင်ဖို၊ ပြောတဲ့အခါ ချောမွေ့ဖို့ ဆိုရင်ကိုယ့်ကိုယ်ကိုယုံကြည်မှုက ရာခိုင်နှုန်းတွေ အမျာ...

Ouça o podcast ဒီနေ့အတွက်စကား no Replaio

Rádio e podcasts em um só app - grátis e sem cadastro. Instale hoje e não perca o lançamento

Baixe no Google Play

O Replaio não é o publicador dos podcasts; os nomes dos programas, as capas e o áudio pertencem aos seus autores e são distribuídos por feeds RSS públicos