The Irrawaddy
The Irrawaddy Newscast - Burmese Edition
The Irrawaddy Newscast - Burmese Edition သည် ဧရာဝတီ သတင်းဌာန၏ Podcast အသံလွှင့်အစီအစဉ် ဖြစ်ပြီး မြန်မာ့နိုင်ငံရေး စီးပွားရေးနှင့် လူမှုရေးရာ အဖြာဖြာပေါ် သတင်းဝေဖန်သုံးသပ်ချက်၊ တွေ့ဆုံမေးမြန်းခန်း များနှင့် သတင်းဆောင်းပါးများကို နားဆင်နိုင်ပါသည်။
Be sure to visit the podcast's website and support the creator: burma.irrawaddy.com
Where to listen?
Podcasts in the app Replaio Radio Coming soonPodcasts are coming to the app soon. Install now and be the first to see a whole new take on podcasts
Episodes
Editorial Talk : "Walk for Peace နဲ့ မြန်မာပြည်က ဘုန်းကြီးတွေ ဆန့်ကျင်ဘက်ဖြစ်နေ" 26.01.2026 17:21
ဧရာဝတီရဲ့ ဒီတပတ် အယ်ဒီတာ့ စကားဝိုင်း အစီအစဉ်မှာတော့ "Walk for Peace နဲ့မြန်မာပြည်ကဘုန်းကြီးတွေဆန့်ကျင်ဘက်ဖြစ်နေ " ဆိုတဲ့ ခေါင်းစဉ်နဲ့ ဧရာဝတီ အယ်ဒီတာချုပ် အောင်ဇော်၊ အမှုဆောင် အယ်ဒီတာ ရဲနည် တို့က ဆွေးနွေးထားပါတယ်။
Saturday Roundtable: ဦးနေဝင်း ၂၆ နှစ်၊ ဦးသန်းရွှေ ၁၉ နှစ်၊ မင်းအောင်လှိုင် ဘယ်လောက်ကြာမလဲ 24.01.2026 36:48
ဒီတပတ် စနေသတင်းစကားဝိုင်းမှာ စစ်ခေါင်းဆောင် မင်းအောင်လှိုင် သမ္မတ ဆက်လုပ်ဖြစ်ခဲ့ရင် စစ်တပ်ကို ဘယ်လိုဆက်ချုပ်ကိုင်နိုင်မလဲဆိုတာ မြန်မာ့ မဟာဗျူဟာနှင့် မူဝါဒ လေ့လာရေး အင်စတီကျု (ISP-Myanmar) ရဲ့ သုတေသီ ကိုနိုင်မင်းခန့်ရဲ့ ဆွေးနွေးသုံးသပ်ချက်တွေကို နားဆင်နိုင်ပါတယ်။
Opinion Talk : “မြန်မာအာဏာရှင်တွေ ဘာလို့ကံကောင်းနေတာလဲ" 21.01.2026 13:32
အီရတ်က ဆက်ဒမ်ဟူစိန်ကနေ ဗင်နီဇွဲလားရဲ့ မာဒူရိုအထိ ကမ္ဘာ့အာဏာရှင်တွေ နည်းမျိုးစုံနဲ့ ဇာတ်သိမ်းခဲ့ပေမယ့် မြန်မာအာဏာရှင်တွေကတော့ ဘာကြောင့် အခုထိ "ကံကောင်း" ပြီး လွတ်မြောက်နေရသလဲဆိုတာနဲ့ ပတ်သက်ပြီး ဧရာ၀တီရဲ့ ဒီတပတ် Opinion Talk အစီအစဉ်မှာ အယ်ဒီတာ ကျော်စွာမိုး သုံးသပ်ထားတာကို နားဆင်နိုင်ပါပြီ။ Podcast #မြန်မာ #အာဏာရှင် #ကဒါဖီ #ဆက်ဒမ်ဟူစိန် #မင်းအောင်လှိုင် #ခုံရုံး #စစ်ခေါင်းဆောင် #Myanmar #j...
Editorial Talk : ကော်သူးလေအိပ်မက်နဲ့ သမ္မတများ မြန်မာနိုင်ငံတော် 19.01.2026 30:49
ဧရာဝတီရဲ့ ဒီတပတ် အယ်ဒီတာ့ စကားဝိုင်း အစီအစဉ်မှာတော့ "ကော်သူးလေအိပ်မက်နဲ့သမ္မတများမြန်မာနိုင်ငံတော် (ရုပ်/သံ) " ဆိုတဲ့ ခေါင်းစဉ်နဲ့ ဧရာဝတီ အယ်ဒီတာချုပ် အောင်ဇော်၊ သတင်းစာဆရာ ဦးကျော်ဇံသာ တို့က ဆွေးနွေးထားပါတယ်။
မင်းအောင်လှိုင်ကို ထားဝယ်သားလို့ မခံယူကြဘူး 17.01.2026 32:37
ဒီတပတ် စနေသတင်းစကားဝိုင်းမှာ တနင်္သာရီဒေသက ရွေးကောက်ပွဲနဲ့ လက်နက်ကိုင်တိုက်ပွဲတွေ၊ စစ်ရှောင်ဒုက္ခသည်တွေနဲ့ သဘာဝပတ်ဝန်းကျင် ပျက်စီးမှုတွေ၊ ထားဝယ်အထူးစီးပွားရေးဇုန်နဲ့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်တို့အကြောင်းတွေကို Dawei Watch သတင်းဌာနရဲ့ အယ်ဒီတာချုပ် ကိုကျော်ဆန်းမင်း ဆွေးနွေးထားတာ နားဆင်နိုင်ပါတယ်။
Editorial Talk : "တိုက်ပွဲကြားက ရွေးကောက်ပွဲနဲ့ တရုတ်ခြေလှမ်း" 12.01.2026 20:43
ဧရာဝတီရဲ့ ဒီတပတ် အယ်ဒီတာ့ စကားဝိုင်း အစီအစဉ်မှာတော့ "တိုက်ပွဲကြားကရွေးကောက်ပွဲနဲ့တရုတ်ခြေလှမ်း " ဆိုတဲ့ ခေါင်းစဉ်နဲ့ ဧရာဝတီ အယ်ဒီတာချုပ် အောင်ဇော်၊ မြန်မာပိုင်း အယ်ဒီတာ ကျော်ခ တို့က ဆွေးနွေးထားပါတယ်။
မြန်မာပြည်ရဲ့ ပြဿနာက တပ်ဘေးဖြစ်တယ် 10.01.2026 35:41
ဒီတပတ် စနေသတင်းစကားဝိုင်းမှာ စာရေးဆရာ တင်မောင်သန်း (သင့်ဘဝ)က ရွေးကောက်ပွဲလွန်ကာလ မြန်မာ့နိုင်ငံရေးမြင်ကွင်း၊ တရုတ်နိုင်ငံရဲ့ အခန်းကဏ္ဍနဲ့ အမေရိကန်အစိုးရ အနေအထားတွေကို သုံးသပ်ဆွေးနွေးထားပါတယ်။
Opinion Talk : “၂၀၂၆ သို့ မျှော်ကြည့်ခြင်း - တိုက်ပုံဝတ် စစ်အာဏာရှင်ခေတ် ဆီသို့...” 07.01.2026 13:20
၂၀၂၆မှာ ဘာအပြောင်းအလဲတွေရှိလာမလဲ၊ ဘယ်လို နိုင်ငံရေးပုံစံတွေ ဖြစ်လာနိုင်သလဲ။ ပြည်သူတွေအပေါ် ဘယ်လို သက်ရောက်မှုတွေရှိလာနိုင်မလဲ။ နှစ်ဟောင်းကို ပြန်သုံးသပ်ပြီး နှစ်သစ်အတွက် ဘာတွေပြင်ဆင်သင့်လဲ ဆိုတာနဲ့ပတ်သက်ပြီး ဧရာ၀တီရဲ့ ဒီတပတ် Opinion Talk အစီအစဉ်မှာ အယ်ဒီတာ ကျော်စွာမိုး သုံးသပ်ထားတာကို နားဆင်နိုင်ပါပြီ။
Editorial Talk: "ရွေးကောက်ပွဲက ထွက်ပေါက်လား၊ ပဋိပက္ခ မီးစာလား" 29.12.2025 21:07
ဧရာဝတီရဲ့ ဒီတပတ် အယ်ဒီတာ့ စကားဝိုင်း အစီအစဉ်မှာတော့ "ရွေးကောက်ပွဲကထွက်ပေါက်လား၊ပဋိပက္ခမီးစာလား " ဆိုတဲ့ ခေါင်းစဉ်နဲ့ ဧရာဝတီ အယ်ဒီတာချုပ် အောင်ဇော်၊ မြန်မာပိုင်း အယ်ဒီတာ ကျော်ခ တို့က ဆွေးနွေးထားပါတယ်။
ပုံပျက်ပန်းပျက် ရွေးကောက်ပွဲ 27.12.2025 27:13
ဒီတပတ် စနေသတင်းစကားဝိုင်းမှာ စစ်တပ်ရဲ့ ရွေးကောက်ပွဲဟာ ဒီမိုကရေစီနည်းလမ်းတကျ ကိုယ်စားပြုမှုကို အကောင်အထည်မဖော်နိုင်ဘဲ ပုံပျက်ပန်းပျက်ဖြစ်လွန်းနေတယ်လို့ ရွေးကောက်ပွဲစောင့်ကြည့်လေ့လာသူတဦးဖြစ်တဲ့ ကိုထင်ကျော်အေးရဲ့ သုံးသပ်ဆွေးနွေးချက်တွေကို နားဆင်နိုင်ပါတယ်။
Editorial Talk : "ဧရာဝတီ မြစ်ဆုံဆည်စီမံကိန်း ပြန်စတော့မလား" 22.12.2025 17:37
ဧရာဝတီရဲ့ ဒီတပတ် အယ်ဒီတာ့ စကားဝိုင်း အစီအစဉ်မှာတော့ "ဧရာဝတီမြစ်ဆုံဆည်စီမံကိန်းပြန်စတော့မလား " ဆိုတဲ့ ခေါင်းစဉ်နဲ့ ဧရာဝတီ အယ်ဒီတာချုပ် အောင်ဇော်၊ မြန်မာပိုင်း အယ်ဒီတာ ကျော်ခ တို့က ဆွေးနွေးထားပါတယ်။
ရွေးကောက်ပွဲကနေ ဘာတွေမျှော်လင့်မှာလဲ 20.12.2025 22:24
ဒီတပတ် စနေသတင်းစကားဝိုင်းမှာ စစ်ကော်မရှင်ရဲ့ ရွေးကောက်ပွဲပေါ် အမျိုးသမီးရေး ရှုထောင့်ကနေ တိုင်းရင်းသားသတင်းမီဒီယာတွေ ဖွဲ့စည်းထားတဲ့ Burma News International-BNI ရဲ့ Managing Director ဒေါ်တင်တင်ညိုက ဆွေးနွေးထားချက်ကို နားဆင်နိုင်ပါတယ်။
Opinion Talk : “စစ်တပ်က နိုင်ငံကို ဘယ်လို စစ်ကျွန်လုပ်ခဲ့လဲ” 18.12.2025 16:37
စစ်တပ်က နိုင်ငံကို စစ်ကျွန်လုပ်တဲ့ ၆၃နှစ်အတွင်း စစ်ခေါင်းဆောင်တွေ နိုင်ငံနဲ့ ပြည်သူကို ရေရှည်အုပ်ချုပ်ဖို့ အဆင့် ၃ ဆင့် နဲ့ ဘာတွေလုပ်ခဲ့ကြလဲ။ သူတို့အမြဲသုံးတဲ့ စစ်ကျွန် formula ကိုသိထားပြီး ရှေ့မှာ ဘာတွေဖြစ်လာနိုင်မလဲ၊ ဘယ်လို ချိုးဖောက်ကြမလဲ ဆိုတာတွေနဲ့ ပတ်သက်ပြီး ဧရာ၀တီရဲ့ ဒီတပတ် Opinion Talk အစီအစဉ်မှာ အယ်ဒီတာ ကျော်စွာမိုး သုံးသပ်ထားတာကို နားဆင်နိုင်ပါပြီ။
Editorial Talk : စစ်တပ်က ရခိုင်ပြည်နယ်ကို ပစ်မှတ်ထားနေပြီလား 15.12.2025 17:16
ဧရာဝတီရဲ့ ဒီတပတ် အယ်ဒီတာ့ စကားဝိုင်း အစီအစဉ်မှာတော့ "စစ်တပ်ကရခိုင်ပြည်နယ်ကိုပစ်မှတ်ထားနေပြီလား " ဆိုတဲ့ ခေါင်းစဉ်နဲ့ ဧရာဝတီ အယ်ဒီတာချုပ် အောင်ဇော်၊ မြန်မာပိုင်း အယ်ဒီတာ ကျော်ခ တို့က ဆွေးနွေးထားပါတယ်။
သေနတ်မကိုင်သူတွေကို ဖယ်ထုတ်တဲ့ နိုင်ငံရေးပဲ ဖြစ်လိမ့်မယ် 13.12.2025 18:25
ဒီတပတ် စနေသတင်းစကားဝိုင်းမှာ မကြာခင် စစ်တပ်က ကျင်းပမယ့် ရွေးကောက်ပွဲမှာ ဝင်ပြိုင်ကြမယ့် တိုင်းရင်းသားပါတီတွေရဲ့ အခန်းကဏ္ဍပေါ် မူတည်ပြီး ကိုယ်ပိုင်အုပ်ချုပ်ခွင့်နဲ့ ဖယ်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးလမ်းကြောင်းကို စာရေးဆရာ တင်မောင်သန်း(သင့်ဘဝ)က မျှော်ကြည့် သုံးသပ် ဆွေးနွေးထားပါတယ်။
Editorial Talk : ပြောင်းပြန်ယူရမယ့် တပ်ချုပ်မိန့်ခွန်း 08.12.2025 21:02
ဧရာဝတီရဲ့ ဒီတပတ် အယ်ဒီတာ့ စကားဝိုင်း အစီအစဉ်မှာတော့ "ပြောင်းပြန်ယူရမယ့်တပ်ချုပ်မိန့်ခွန်း " ဆိုတဲ့ ခေါင်းစဉ်နဲ့ ဧရာဝတီ အယ်ဒီတာချုပ် အောင်ဇော်၊ မြန်မာပိုင်း အယ်ဒီတာ ကျော်ခ တို့က ဆွေးနွေးထားပါတယ်။
ကျားဖြန့်တိုက်ဖျက်ရေးကြောင့် ကရင်အချင်းချင်း ပစ်ကြတော့မလား 06.12.2025 28:22
မြန်မာစစ်တပ်၊ ကရင်နယ်ခြားစောင့် လက်နက်ကိုင်တပ်ဖွဲ့တွေရဲ့ အယောင်ပြကျားဖြန့်နှိမ်နင်းရေးနဲ့ ကရင်အမျိုးသားအစည်းအရုံး KNU ရဲ့ ကျားဖြန့်တိုက်ဖျက်ရေး ဘာကွာလဲ ၊ KNU ရဲ့ ကျားဖြန့်နှိမ်နင်းရေးကြောင့် ကရင်အချင်းချင်း ပြန်ပစ်ကြတော့မလား စတဲ့အကြောင်းတွေကို ကရင်နယ်စပ်တကြော ကျားဖြန့်လုပ်ငန်းတွေ လေ့လာနေသူ စောသူးဘီးနဲ့ ဒီတပတ်ဆွေးနွေးထားပါတယ်။
Opinion Talk : “ဘိန်းဘုရင် နဲ့ Scam ဘုရင်တွေ ခိုလှုံရာ စစ်ဗိုလ်ချုပ်တွေ ရင်ခွင်” 03.12.2025 16:04
မြန်မာ စစ်တပ်ခေါင်းဆောင်တွေဟာ နိုင်ငံတကာက လိုချင်နေတဲ့ ဘိန်းဘုရင် ခွန်ဆာ တို့လို ရာဇဝတ်သားတွေကို ဘယ်လို အကာအကွယ်ပေးခဲ့သလဲ။ တကယ်လို့များ စောချစ်သူအပါအဝင် ငွေလိမ်ဂိုဏ်းတွေနဲ့ ပတ်သက်နေတဲ့သူတွေကို ထိထိရောက်ရောက် အရေးယူဖို့ပြောလာရင် စစ်အုပ်စုက ဘာလုပ်မလဲဆိုတာတွေနဲ့ ပတ်သက်ပြီး ဧရာ၀တီရဲ့ ဒီတပတ် Opinion Talk အစီအစဉ်မှာ အယ်ဒီတာ ကျော်စွာမိုး သုံးသပ်ထားတာကို နားဆင်နိုင်ပါပြီ။
Editorial Talk : ကျားဖြန့် ရွေးကောက်ပွဲ 01.12.2025 32:48
ဧရာဝတီရဲ့ ဒီတပတ် အယ်ဒီတာ့ စကားဝိုင်း အစီအစဉ်မှာတော့ " ကျားဖြန့်ရွေးကောက်ပွဲ " ဆိုတဲ့ ခေါင်းစဉ်နဲ့ ဧရာဝတီ အယ်ဒီတာချုပ် အောင်ဇော်၊ သတင်းစာဆရာ ဦးကျော်ဇံသာ တို့က ဆွေးနွေးထားပါတယ်။
စစ်ခေါင်းဆောင်အပြောင်းအလဲ တပ်ထဲက မျှော်လင့်နေတယ် 29.11.2025 28:56
ဒီတပတ် စနေသတင်းစကားဝိုင်းမှာ စစ်တပ်နဲ့ ကျားဖြန့်နှိမ်နင်းရေး၊ ရွေးကောက်ပွဲအလွန် စစ်ခေါင်းဆောင် အပြောင်းအလဲနဲ့ အနာဂတ်မျိုးဆက်သစ် စစ်ခေါင်းဆောင်တွေအကြောင်း စီဒီအမ်ဗိုလ်မှူးနောင်ရိုးရဲ့ ဆွေးနွေးချက်တွေကို နားဆင်နိုင်ပါတယ်။
Opinion Talk : ရွေးကောက်ပွဲ — စစ်တပ်ရဲ့ တကျော့ပြန် နိုင်ငံရေးလိမ်ပွဲကြီး 26.11.2025 13:25
ဧရာဝတီရဲ့ ဒီတပတ် Opinion Talk အစီအစဉ်မှာတော့ အခုလာမယ့် ရွေးကောက်ပွဲနဲ့ ပတ်သက်ရင် ပြည်သူတွေက စိတ်ဝင်စားမှု မရှိပေမယ့် ပါတီတွေက ရင်ခုန်နေကြတာ ဘာကြောင့်လဲ။ စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ရွေးကောက်ပွဲအလွန် သူ့ အစိုးရသစ်အတွက် ဘာတွေကြံစည်နေပြီလဲဆိုတာတွေနဲ့ ပတ်သက်ပြီး ဧရာ၀တီ အင်္ဂလိပ်ပိုင်း အယ်ဒီတာ ကျော်စွာမိုး သုံးသပ်ထားတာကို နားဆင်နိုင်ပါပြီ။
Editorial Talk : ရွှေကုက္ကိုလ် ဘယ်လိုစခဲ့ပြီး ဘယ်လိုဆုံးမလဲ 24.11.2025 22:58
ဧရာဝတီရဲ့ ဒီတပတ် အယ်ဒီတာ့ စကားဝိုင်း အစီအစဉ်မှာတော့ " ရွှေကုက္ကိုလ်ဘယ်လိုစခဲ့ပြီးဘယ်လိုဆုံးမလဲ " ဆိုတဲ့ ခေါင်းစဉ်နဲ့ ဧရာဝတီ အယ်ဒီတာချုပ် အောင်ဇော်၊ မြန်မာပိုင်း အယ်ဒီတာ ကျော်ခ တို့က ဆွေးနွေးထားပါတယ်။
စစ်တပ်ရဲ့ ခြင်းထဲကကြက် မဖြစ်ချင်တဲ့ ဒါရိုက်တာ ကိုပေါက် 22.11.2025 33:22
ဒီတပတ် စနေသတင်းစကားဝိုင်းမှာ ရွေးကောက်ပွဲ ဝါဒဖြန့်ချိရေး ပြည်တွင်းနေ အနုပညာရှင်တွေကို စစ်အုပ်စုက အဓမ္မဖိအားပေးခိုင်းစေမှုအကြောင်း ဒါရိုက်တာကိုပေါက်ရဲ့ ဆွေးနွေးပြောဆိုချက်တွေကို နားဆင်နိုင်ပါတယ်။
Opinion Talk : အာဏာရှင်တွေ မြူးတဲ့ကမ္ဘာနဲ့ မိတ်ဆွေမဲ့မြန်မာ 19.11.2025 14:26
ကမ္ဘာတလွှားနိုင်ငံရေး မတည်ငြိမ်မှုတွေ နဲ့ ဒီမိုကရေစီဆုတ်ယုတ်မှုတွေရဲ့ မြန်မာနိုင်ငံ အပေါ်သက်ရောက်မှု အပါအဝင် အာဏာရှင်တွေခေါင်းထောင်လာတဲ့ ယနေ့ ကမ္ဘာမှာ မိတ်ဆွေကောင်းမရှိတော့တဲ့ မြန်မာရဲ့ အလားအလာတွေနဲ့ ပတ်သက်ပြီး ဧရာ၀တီ အင်္ဂလိပ်ပိုင်း အယ်ဒီတာ ကျော်စွာမိုး Opinion Talk မှာသုံးသပ်ထားတာကို နားဆင်နိုင်ပါပြီ။
ဇေယျာသော်သို့ လွမ်းချင်း 15.11.2025 19:46
ဒီတပတ် စနေသတင်းစကားဝိုင်းမှာ စစ်အုပ်စုရဲ့ အကျဉ်းထောင်ထဲမှာ တိတ်တဆိတ် ကြိုးပေးသတ်ဖြတ်ခံခဲ့ရတဲ့ ကိုဖြိုးဇေယျာသော်အကြောင်း ဘဝလက်တွဲဖော်ဖြစ်ခဲ့သူ မသဇင်ညွန့်အောင်က အမှတ်တရ လွမ်းဆွတ်တမ်းတချက်တွေကို နားဆင်နိုင်ပါတယ်။
Similar podcasts
Replaio is not a podcast publisher; show names, artwork and audio belong to their authors and are distributed through public RSS feeds.