The Irrawaddy
The Irrawaddy Newscast - Burmese Edition
The Irrawaddy Newscast - Burmese Edition သည် ဧရာဝတီ သတင်းဌာန၏ Podcast အသံလွှင့်အစီအစဉ် ဖြစ်ပြီး မြန်မာ့နိုင်ငံရေး စီးပွားရေးနှင့် လူမှုရေးရာ အဖြာဖြာပေါ် သတင်းဝေဖန်သုံးသပ်ချက်၊ တွေ့ဆုံမေးမြန်းခန်း များနှင့် သတင်းဆောင်းပါးများကို နားဆင်နိုင်ပါသည်။
Where to listen?
Podcasts in the app Replaio Radio Coming soonPodcasts are coming to the app soon. Install now and be the first to see a whole new take on podcasts
Episodes
Editorial Talk : " လူထုထောက်ခံမှုမရှိတဲ့ သမ္မတ" 13.04.2026 17:10
ဧရာဝတီရဲ့ ဒီတပတ် အယ်ဒီတာ့ စကားဝိုင်း အစီအစဉ်မှာတော့ "လူထုထောက်ခံမှုမရှိတဲ့သမ္မတ" ဆိုတဲ့ ခေါင်းစဉ်နဲ့ ဧရာဝတီ အယ်ဒီတာချုပ် အောင်ဇော်၊ မြန်မာပိုင်း အယ်ဒီတာ ကျော်ခ တို့က ဆွေးနွေးထားပါတယ်။
ဆိုရှယ်မီဒီယာက သုံးတတ်ရင် ဆေး၊ မသုံးတတ်ရင် ဘေး 12.04.2026 22:41
ရုပ်ရှင်သရုပ်ဆောင် ဒေါင်းနဲ့ အက်စ်သာဇီနောတို့ ဧရာဝတီနဲ့ တွေ့ဆုံမေးမြန်းခန်း ဒုတိယပိုင်းမှာ ဆိုရှယ်မီဒီယာနဲ့ အေအိုင်တို့ရဲ့ ကောင်းကျိုး ဆိုးပြစ်တွေ၊ ဒီနေ့ခေတ်လူငယ်တွေက လူကြီးတွေအပေါ် ဘယ်လိုမြင်သလဲဆိုတဲ့အကြောင်းတွေ ဆွေးနွေးပြောဆိုထားကြတာ နားဆင်နိုင်ပါတယ်။
ဒေါင်းနဲ့ အက်စ်သာဇီနောတို့ ထူထောင်ထားတဲ့ ပညာရေးဖောင်ဒေးရှင်း 11.04.2026 23:36
ဒီတပတ် စနေသတင်းစကားဝိုင်းမှာ နွေဦးတော်လှန်ရေးထဲ ထင်ရှားသူ ၂ ဦးဖြစ်တဲ့ ရုပ်ရှင်သရုပ်ဆောင် ဒေါင်းနဲ့ အက်စ်သာဇီနောတို့ ပူးတွဲတည်ထောင်ထားတဲ့ Our Trees Education Foundation တို့သစ်ပင်များပညာရေးဖောင်ဒေးရှင်းအကြောင်း ဧရာဝတီကို ပြောပြထားတာ နားဆင်နိုင်ပါတယ်။ ပဋိပက္ခဒေသတွင်းက ပညာရှာလိုသူ ကျောင်းသူကျောင်းသားတွေအတွက် ရည်ရွယ်တည်ထောင်ထားတာလို့ သူတို့က ပြောပါတယ်။
Editorial Talk : " စစ်ခေါင်းဆောင် သမ္မတဖြစ်တော့ နိုင်ငံတကာက ဘယ်လိုတုန့်ပြန်မလဲ" 06.04.2026 18:50
ဧရာဝတီရဲ့ ဒီတပတ် အယ်ဒီတာ့ စကားဝိုင်း အစီအစဉ်မှာတော့ "စစ်ခေါင်းဆောင်သမ္မတဖြစ်တော့နိုင်ငံတကာကဘယ်လိုတုန့်ပြန်မလဲ " ဆိုတဲ့ ခေါင်းစဉ်နဲ့ ဧရာဝတီ အယ်ဒီတာချုပ် အောင်ဇော်၊ မြန်မာပိုင်းအယ်ဒီတာ ကျော်ခ တို့က ဆွေးနွေးထားပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ကို မြန်မာစာရေးဆရာတဦးက ရှုမြင်သုံးသပ်ခြင်း 04.04.2026 23:59
ဒီတပတ်စနေသတင်းစကားဝိုင်းအစီအစဉ်မှာ မကြာခင် ပင်ဂွင်းစာအုပ်တိုက်ကနေ အင်္ဂလိပ်ဘာသာနဲ့ ထွက်လာတော့မယ့် Aung San Suu Kyi: The Realities of Power in Burma's Authoritarian Legacy အမည်ပေးထားတဲ့ ဒေါ်အောင်ဆန်းစုကြည်အကြောင်း စာအုပ်ကို ရေးသားသူ ဒေါ်မွန်မွန်မြတ်နဲ့ ဆွေးနွေးပြောဆိုထားတာ နားဆင်နိုင်ပါတယ်။
Editorial Talk : " တပ်ချုပ်ပဲဖြစ်ဖြစ်၊ သမ္မတဖြစ်ဖြစ် အာဏာဆက်ယူထားမယ်ဆိုတာ မြင်နေရပြီ " 30.03.2026 19:01
ဧရာဝတီရဲ့ ဒီတပတ် အယ်ဒီတာ့ စကားဝိုင်း အစီအစဉ်မှာတော့ "တပ်ချုပ်ပဲဖြစ်ဖြစ်၊သမ္မတဖြစ်ဖြစ်အာဏာဆက်ယူထားမယ်ဆိုတာမြင်နေရပြီ " ဆိုတဲ့ ခေါင်းစဉ်နဲ့ ဧရာဝတီ အယ်ဒီတာချုပ် အောင်ဇော်၊ မြန်မာပိုင်းအယ်ဒီတာ ကျော်ခ တို့က ဆွေးနွေးထားပါတယ်။
အားလုံးပါရင်ပါ မပါရင် ဆွေးနွေးပွဲ မထိုင်ဘူးလို့ တသံတည်း ထွက်ဖို့ လိုတယ် 28.03.2026 19:53
ဒီတပတ်စနေသတင်းစကားဝိုင်းမှာ တိုင်းရင်းသားတော်လှန်ရေးတပ်ဖွဲ့တွေနဲ့ နွေဦးတော်လှန်ရေးတပ်ဖွဲ့တွေ ဘယ်လိုမူတွေနဲ့ ငြိမ်းချမ်းရေးစကားပြောမလဲ ဆိုတာ စာရေးဆရာ တင်မောင်သန်း သင့်ဘဝရဲ့ ဆွေးနွေးချက်ကို နားဆင်နိုင်ပါတယ်။
Editorial Talk : " စစ်ခေါင်းဆောင်ရဲ့ "တောင်စဉ်ရေမရ" မိန့်ခွန်းများ" 23.03.2026 21:21
ဧရာဝတီရဲ့ ဒီတပတ် အယ်ဒီတာ့ စကားဝိုင်း အစီအစဉ်မှာတော့ "စစ်ခေါင်းဆောင်ရဲ့ "တောင်စဉ်ရေမရ" မိန့်ခွန်းများ " ဆိုတဲ့ ခေါင်းစဉ်နဲ့ ဧရာဝတီ အယ်ဒီတာချုပ် အောင်ဇော်၊ မြန်မာပိုင်းအယ်ဒီတာ ကျော်ခ တို့က ဆွေးနွေးထားပါတယ်။
Opinion Talk : “အာဏာရှင်တွေရဲ့ နိုင်ငံရေးသားကောင်များ" 19.03.2026 14:37
စစ်ကောင်စီက မကြာသေးခင်က နိုင်ငံရေးအကျဉ်းသား ထောင်ချီကို ဘာကြောင့် လွှတ်ပေးခဲ့တာလဲ။ ပြည်သူရွေးချယ်ထားတဲ့ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးဝင်းမြင့် အပါအဝင်ကျန်နေသေးတဲ့ နိုင်ငံရေးအကျဉ်းသားတွေကိုရော မကြာခင် လွှတ်ရဲမလား။ အကျဉ်းထောင်တွေဟာ ဘာကြောင့် နိုင်ငံရေးလွတ်လပ်မှုကို တိုင်းတာနိုင်တဲ့ barometer ဖြစ်နေတာလဲ။ ဒီအကြောင်းတွေကို Opinion Talk မှာ အယ်ဒီတာ ကျော်စွာမိုး သုံးသပ်ထားတာကိုနားဆင်နိုင်ပါပြီ။ #...
Editorial Talk : " ဆီဘေးကြုံနေတဲ့ ပြည်သူနဲ့ ဗုံးလိုက်ကြဲနေတဲ့ စစ်တပ် " 16.03.2026 18:19
ဧရာဝတီရဲ့ ဒီတပတ် အယ်ဒီတာ့ စကားဝိုင်း အစီအစဉ်မှာတော့ "ဆီဘေးကြုံနေတဲ့ပြည်သူနဲ့ဗုံးလိုက်ကြဲနေတဲ့စစ်တပ် " ဆိုတဲ့ ခေါင်းစဉ်နဲ့ ဧရာဝတီ အယ်ဒီတာချုပ် အောင်ဇော်၊ မြန်မာပိုင်းအယ်ဒီတာ ကျော်ခ တို့က ဆွေးနွေးထားပါတယ်။
တံဆိပ်ပြန်ကပ်ရုံနဲ့ အနာဂတ်ကို ဆက်လျှောက်မရဘူး 14.03.2026 20:41
ဒီတပတ်စနေသတင်းစကားဝိုင်းမှာ ရွေးကောက်ပွဲသစ်ကတဆင့် တက်လာတဲ့ လွှတ်တော်သစ်တွေ အစိုးရသစ်တွေနဲ့ အရေခွံလဲတဲ့ မြန်မာစစ်တပ် အလုပ်ဖြစ်မလားဆိုတာ စာရေးဆရာ တင်မောင်သန်း (သင့်ဘဝ)ရဲ့ ဆွေးနွေးချက်တွေကို နားဆင်နိုင်ပါတယ်။
Editorial Talk : " ဗိုလ်ချုပ်ကြီး ရဲဝင်းဦး လက်ထဲ စစ်တပ်အပ်မှာလား" 09.03.2026 19:03
ဧရာဝတီရဲ့ ဒီတပတ် အယ်ဒီတာ့ စကားဝိုင်း အစီအစဉ်မှာတော့ "ဗိုလ်ချုပ်ကြီးရဲဝင်းဦးလက်ထဲစစ်တပ်အပ်မှာလား" ဆိုတဲ့ ခေါင်းစဉ်နဲ့ ဧရာဝတီ အယ်ဒီတာချုပ် အောင်ဇော်၊ မြန်မာပိုင်းအယ်ဒီတာ ကျော်ခ တို့က ဆွေးနွေးထားပါတယ်။
အကျဉ်းသားတွေ စစ်တပ်က လွှတ်ပေးတာ နိုင်ငံရေးဖိအားကြောင့်ပါ 07.03.2026 16:21
ဒီတပတ် စနေသတင်းစကားဝိုင်းမှာ နိုင်ငံရေးအကျဉ်းသားတွေ စစ်တပ်က လွှတ်ပေးခဲ့မှု၊ စစ်တပ် ရွေးကောက်ပွဲကတဆင့် တက်လာမယ့် အစိုးရသစ်နဲ့ အလုပ်သမားအခွင့်အရေး၊ မတ်လထဲ ကျင်းပဖို့ရှိနေတဲ့ အိုင်အယ်လ်အို အစည်းအဝေးနဲ့ ပုဒ်မ ၃၃ အရေးယူမှု နောက်ဆက်တွဲတွေအကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားသမဂ္ဂများ အဖွဲ့ချုပ် (CTUM)ရဲ့ တွဲဘက်အထွေထွေအတွင်းရေးမှူး ဒေါ်ဖြိုးစန္ဒာစိုးနဲ့ မေးမြန်းဆွေးနွေးထားတာ နားဆင်နိုင်ပါတယ်
Editorial Talk : "သမ္မတ ဘယ်သူ လုပ်မှာလဲ" 02.03.2026 18:20
ဧရာဝတီရဲ့ ဒီတပတ် အယ်ဒီတာ့ စကားဝိုင်း အစီအစဉ်မှာတော့ "သမ္မတဘယ်သူလုပ်မှာလဲ" ဆိုတဲ့ ခေါင်းစဉ်နဲ့ ဧရာဝတီ အယ်ဒီတာချုပ် အောင်ဇော်၊ မြန်မာပိုင်းအယ်ဒီတာ ကျော်ခ တို့က ဆွေးနွေးထားပါတယ်။
မင်းအောင်လှိုင် တပ်ချုပ်ရာထူးက ထွက်မယ့်အခါ 28.02.2026 21:32
ဒီတပတ် စနေသတင်းစကားဝိုင်းမှာ စစ်ခေါင်းဆောင် မင်းအောင်လှိုင် ယူနီဖောင်းချွတ်ပြီး တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ရာထူးက ထွက်မယ့် အကြောင်းနဲ့ပတ်သက်ပြီး စီဒီအမ် ဗိုလ်မှူးနောင်ရိုးရဲ့ ဆွေးနွေးချက်တွေကို နားဆင်နိုင်ပါတယ်။
Editorial Talk : "စစ်တပ်ခေါ်မယ့် ငြိမ်းချမ်းရေးစားပွဲဝိုင်း ဘယ်သူသွားမလဲ" 23.02.2026 17:32
ဧရာဝတီရဲ့ ဒီတပတ် အယ်ဒီတာ့ စကားဝိုင်း အစီအစဉ်မှာတော့ "စစ်တပ်ခေါ်မယ့်ငြိမ်းချမ်းရေးစားပွဲဝိုင်းဘယ်သူသွားမလဲ " ဆိုတဲ့ ခေါင်းစဉ်နဲ့ ဧရာဝတီ အယ်ဒီတာချုပ် အောင်ဇော်၊ မြန်မာပိုင်းအယ်ဒီတာ ကျော်ခ တို့က ဆွေးနွေးထားပါတယ်။
လွတ်နေတဲ့ခုံတွေ အာဆီယံ ပြန်ထိုင်ခွင့်ပေးမလား 21.02.2026 18:36
ဒီတပတ် စနေသတင်းစကားဝိုင်းမှာ စစ်တပ်ရဲ့ရွေးကောက်ပွဲလွန် မြန်မာ့နိုင်ငံရေး အခင်းအကျင်းတွေပေါ်မူတည်ပြီး အာဆီယံအသင်းရဲ့ သဘောထားအပြောင်းအလဲ ဖြစ်နိုင်ခြေတွေအပေါ် အာဆီယံရေးရာကျွမ်းကျင်သူ ကိုဝင်းမင်းရဲ့ ဆွေးနွေးချက်တွေကို နားဆင်နိုင်ပါတယ်။ #မြန်မာ #ဧရာဝတီ #စနေသတင်းစကားဝိုင်း #ရဲနည် #ကိုဝင်းမင်း #အာဆီယံ #စစ်တပ် #ရွေးကောက်ပွဲ #နိုင်ငံရေး
Opinion Talk : “တိုင်းပြည်ဖျက်တဲ့ ကြံရာပါများ" 18.02.2026 12:30
အာဏာရှင်ဆိုတာ တယောက်တည်း မရပ်တည်နိုင်ပါဘူး။ သူတို့ လိုအပ်ချက်တွေ ထောက်ပံ့နိုင်ဖို့၊ ဒီမိုကရေစီ စနစ်ကို ဖျက်ဆီး၊ တိုင်းပြည်ကို စစ်ဖိနပ်အောက်ကို ပြန်ရောက်စေဖို့ အတူတကွ ဆောင်ရွက် ပေးမယ့် “ကြံရာပါ”တွေလိုပါတယ်။ ကြံရာပါတွေက ဘယ်သူတွေလဲ၊ ဘာအတွက်ကြောင့် ကြံရာပါ အနေနဲ့ ပါဝင်နေတာလဲ စတဲ့ အကြောင်းအရာတွေကို ဧရာဝတီရဲ့ ဒီတပတ် Opinion Talk အစီအစဉ်မှာ အယ်ဒီတာ ကျော်စွာမိုး သုံးသပ်ထားတာကို နားဆင်နိုင်ပါပြီ။ Podcast...
Editorial Talk : "ထိုင်းအစိုးရသစ်နဲ့ မြန်မာ့အရေး" 16.02.2026 22:38
ဧရာဝတီရဲ့ ဒီတပတ် အယ်ဒီတာ့ စကားဝိုင်း အစီအစဉ်မှာတော့ "ထိုင်းအစိုးရသစ်နဲ့မြန်မာ့အရေး " ဆိုတဲ့ ခေါင်းစဉ်နဲ့ ဧရာဝတီ အယ်ဒီတာချုပ် အောင်ဇော်၊ တာ၀န်ခံအယ်ဒီတာ ရဲနည် တို့က ဆွေးနွေးထားပါတယ်။
Saturday Roundtable: ပါချုပ်ဆရာတော်ရဲ့ သဝဏ်လွှာ၊ Walk for Peace နဲ့ ICJ ရောက် မဘသဘုန်းကြီးများ 14.02.2026 38:00
ဒီတပတ် စနေသတင်းစကားဝိုင်းမှာ ပါချုပ်ဆရာတော် အရှင်နန္ဒမာလာဘိဝံသရဲ့ ရွှေကျင်ဂိုဏ်းအစည်းအဝေးကို တင်သွင်းတဲ့ သဝဏ်လွှာ၊ ဝါရှင်တန်မှာ အောင်မြင်စွာ စခန်းသိမ်းခဲ့တဲ့ ငြိမ်းချမ်းရေးခရီး နဲ့ အိုင်စီဂျေ လူမျိုးတုံးသတ်ဖြတ်မှုစွပ်စွဲချက်မှာ ဖော်ပြခံရတဲ့ ရွှေကျင်သာသနာပိုင် အရှင်ဉာဏိဿရတို့အကြောင်းတွေ ဆရာတော်မင်းသုည (ဗုဒ္ဓတက္ကသိုလ်)ဆီ ဧရာဝတီက မေးမြန်းလျှောက်ထားထားပါတယ်။
Editorial Talk : " ပျောက်နေသူကြီး ပြန်ပေါ်လာတဲ့အခါ " 09.02.2026 19:53
ဧရာဝတီရဲ့ ဒီတပတ် အယ်ဒီတာ့ စကားဝိုင်း အစီအစဉ်မှာတော့ "ပျောက်နေသူကြီးပြန်ပေါ်လာတဲ့အခါ " ဆိုတဲ့ ခေါင်းစဉ်နဲ့ ဧရာဝတီ အယ်ဒီတာချုပ် အောင်ဇော်၊ တာ၀န်ခံအယ်ဒီတာ ရဲနည် တို့က ဆွေးနွေးထားပါတယ်။
အတိုင်ပင်ခံကောင်စီဖွဲ့တာ တရုတ်ကြောင့်ပါ 07.02.2026 2:05
လတ်တလော ယူဆချက် အမြင် ရှုထောင့်အမျိုးမျိုး ဖြစ်ပေါ်စေတဲ့ ပြည်ထောင်စုအတိုင်ပင်ခံကောင်စီ ဖွဲ့စည်းဖို့ စစ်ခေါင်းဆောင် မင်းအောင်လှိုင် အလောတကြီး ထုတ်ပြန်လာရတဲ့အကြောင်းဟာ တရုတ်ကြောင့်လို့ ဧရာဝတီကို ပြောပါတယ်။ ဆွေးနွေးချက် အစအဆုံးကို ဒီတပတ် စနေသတင်းစကားဝိုင်းမှာ နားဆင်ကြည့်ကြပါ။
Opinion Talk: “ရွေးကောက်ပွဲလား လက်စားချေပွဲလား” 04.02.2026 12:27
စစ်တပ်ဟာ ပြည်သူတွေကို လက်စားချေဖို့ ရွေးကောက်ပွဲကို ဘယ်လို ဆင်နွှဲခဲ့သလဲ။ စစ်တပ်ပါတီ ရွေးကောက်ပွဲတွေမှာ ဘာကြောင့် နိုင်တာလဲ၊ အဖြည့်ခံပါတီတွေရဲ့ အရှုံးနဲ့ ဇာတ်သိမ်းရတဲ့ ကံကြမ္မာ၊ ဂုဏ်ယူစရာ လက်သန်းတွေကနေ ရှက်စရာ လက်သန်းတွေအဖြစ် ဘာလို့ ပြောင်းသွားလဲ စတဲ့ အကြောင်းအရာတွေကို ဧရာဝတီရဲ့ ဒီတပတ် Opinion Talk အစီအစဉ်မှာ အယ်ဒီတာ ကျော်စွာမိုး သုံးသပ်ထားတာကို နားဆင်နိုင်ပါပြီ။
Editorial Talk : "သူခိုးကြီးများနဲ့ ရွေးကောက်ပွဲ" 02.02.2026 22:27
ဧရာဝတီရဲ့ ဒီတပတ် အယ်ဒီတာ့ စကားဝိုင်း အစီအစဉ်မှာတော့ "သူခိုးကြီးများနဲ့ရွေးကောက်ပွဲ " ဆိုတဲ့ ခေါင်းစဉ်နဲ့ ဧရာဝတီ အယ်ဒီတာချုပ် အောင်ဇော်၊ အယ်ဒီတာ ကျော်ခ တို့က ဆွေးနွေးထားပါတယ်။
လူထုနွေဦးရန်ပုံငွေ တနှစ်ပြည့်ပြီ 31.01.2026 32:40
ဒီတပတ် စနေသတင်းစကားဝိုင်းမှာ တနှစ်ပြည့်ပြီဖြစ်တဲ့ Spring Crowdfund- SCF လူထုနွေဦးရန်ပုံငွေအကြောင်း အဖွဲ့တာဝန်ခံ မအမ်မလီယာလိုဂန်နဲ့ အဖွဲ့အကြံပေး ကိုမင်းကွန်းတို့ရဲ့ ရှင်းလင်းပြောကြားချက်တွေကို နားဆင်နိုင်ပါတယ်။
Similar podcasts
Replaio is not a podcast publisher; show names, artwork and audio belong to their authors and are distributed through public RSS feeds.