Insight Myanmar

Myanmar Revolutionary Tales (တော်လှန်ခြင်းများနှင့်ခေတ်သစ်မြန်မာပြည်)

Religion MY ↓ 38 episodes

တော်လှန်ခြင်းများနှင့် ခေတ်သစ်မြန်မာပြည် ဆိုသော ခေါင်းစဉ်တခုနှင့်ပင် ဖတ်ရှုလေ့လာသူများနှင့် podcast နားထောင်သူများ ကျနော်တို့၏ ရည်ရွယ်ချက်ကို အကြမ်းဖျင်းသဘောပေါက်နားလည်မည် ထင်ပါသည်။ မြန်မာနိုင်ငံတွင် ဘာသာတရား၏ လွမ်းမိုးမှု၊ ဘာသာရေးခေါင်းဆောင်များ၏ ချုပ်ကိုင်မှုနှင့် ရှေးရိုးစွဲအစဉ်အလာများစွာ၊ လူမျိုးစုများစွာ၏ ကွဲပြားခြားနားမှုများ၊ ပြည်တွင်းစစ်များ၊ ဘာသာရေးပြဿနာများဖြင့် ပြည့်နှက်နေသည်မှာ နှစ်အတော်ပင် ကြာခဲ့ပြီဖြစ်ပါသည်။ အဖက်ဖက်က တိုးတက်သောနိုင်ငံတခုဖြစ်ဖို့ ပြုပြင်ပြောင်းလဲဖို့ရာ များစွာကို ခွဲခြမ်းရလျှင် အချို့ကို ညှိနှိုင်း၍ရသည်၊ အချို့က တော်လှန်ရသည်၊ အချို့က ဆွေးနွေးလက်ခံရသည် အစရှိသဖြင့်...

Author

Insight Myanmar

Category

Religion

Podcast website

mrt.captivate.fm

Latest episode

Apr 22, 2026

Where to listen?

Podcasts in the app Replaio Radio Coming soon

Podcasts are coming to the app soon. Install now and be the first to see a whole new take on podcasts

Get it on Google Play Install for free Android 5M+ downloads · 4.8 rating iOS soon

Episodes

Episode #38: နိုင်ငံတစ်ခု၏ ပြောင်းလဲမှုအလယ်မှာ 22.04.2026

ဤအပိုင်းတွင် စစ်အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံတွင် ဆက်လက်တိုးတက်ပြောင်းလဲနေသော အကျပ်အတည်းကို လေ့လာတင်ပြထားပြီး၊ စစ်ပွဲ၏ ဖွဲ့စည်းပုံဆိုင်ရာ လှုပ်ရှားမှုများနှင့် လူသားဘဝအပေါ် သက်ရောက်မှုများကိုပါ အလေးပေး ဆွေးနွေးထားပါသည်။ တစ်နိုင်ငံလုံးအနှံ့ ဆက်လက်တည်ရှိနေသော မတည်ငြိမ်မှုများကို ဆန်းစစ်လေ့လာထားပြီး၊ အထူးသဖြင့် တောင်ပိုင်းရှမ်းပြည်နယ်တွင် ဆက်တိုက်ဖြစ်ပွားနေသော တိုက်ပွဲများကြောင့် ရှေ့တန်းအပြောင်းအ...

Episode #37: မရေရာမှုများကြားက နိုင်ငံ 11.04.2026

မြန်မာနိုင်ငံသည် စစ်အာဏာသိမ်းမှု ၅ နှစ်ကြာမြင့်လာသည်အထိ အခြေအနေတည်ငြိမ်ခြင်းမရှိသေးဘဲ ပြည်သူများ၏ နေထိုင်မှုဘဝ၊ လုံခြုံရေးနှင့် အနာဂတ်အလားအလာတို့မှာ မရေရာနေဆဲဖြစ်သည်။ မန္တလေးတိုင်းအပါအဝင် ဒေသအချို့တွင် တိုက်ပွဲများ၊ လှုပ်ရှားမှုများနှင့် လူရွှေ့ပြောင်းမှုများ ဆက်လက်ဖြစ်ပွားနေပြီး ယင်းအခြေအနေများကြောင့် လူမှုအသိုင်းအဝိုင်းများသည် နေရပ် ပြောင်းရွှေ့ရခြင်း၊ လုံခြုံရေးအတွက် ကိုယ်တိုင်ဖြေရှင်းရခြင်းမျာ...

Episode #36: အာဏာရှင်ရွေးကောက်ပွဲနှင့် ပြည်သူ့မျက်ရည် 05.04.2026

လူဦးရေ သန်း ၅၀ ကျော်တဲ့ မြန်မာပြည်သူတွေဟာ ကမ္ဘာ့ကပ်ရောဂါရဲ့ နောက်ဆက်တွဲဒဏ်ကိုသာမက၊ မတရားစစ်အာဏာသိမ်းမှုကြောင့် ဖြစ်ပေါ်လာတဲ့ အဖက်ဖက်က ယိုယွင်းပျက်စီးမှုတွေကိုပါ ခါးစည်းခံစားနေကြရပါတယ်။ ဒီလိုအကျပ်အတည်းတွေကြားက အာဏာရှင်တွေဟာ သူတို့အာဏာတည်မြဲရေးအတွက် "တရားမဝင် အတုအယောင်ရွေးကောက်ပွဲ" ကို အတင်းအကျပ် ဖန်တီးပုံဖော်လာခဲ့ကြပါတယ်။ ဒီနေ့ Podcast အပိုင်းမှာကတော့... စစ်အာဏာရှင်တို့ရဲ့ ရွေးကောက်ပွဲကို အများပြည်...

Episode #35: စိုက်ပျိုးတော်လှန် စစ်ကျွန်မခံ 10.01.2024

မျိုးစေ့ပညာကို တစိုက်မတ်မတ် လေ့လာခုံမင်တတ်သော သူမ။ ပြည်သူ့အစိုးရလက်ထက်တွင် မိမိကျွမ်းကျင်ရာဖြင့် နိုင်ငံ့၀န်ထမ်းအဖြစ် တာ၀န်ယူခဲ့သည်။ သူမသတိမထားမိခဲ့သည်ကား မျိုးစေ့နှင့်ပတ်သတ်လျှင် ချဉ်ပေါင် ကန်စွန်းလောက် ဗဟုသုတဖြင့် ပညာရှင်များကို အမိန့်ပေးမည့် မိုးကျရွှေကိုယ် တဖြစ်လဲ စစ်အရာရှိဟောင်း အထက်လူကြီးများကိုပင် ဖြစ်သည်။ ကဏ္ဍပေါင်းစုံကို အုပ်ချုပ်နိုင်သည်ဟူသော ကလေးအတွေးဖြင့် နေရာယူခဲ့ကြသည့် စစ်တန်းလျားပြန...

Episode #34: ခိုင်မာသော နှလုံးသားနှင့် လေးစားထိုက်သော မိခင် 25.11.2023

သူမကို ခင်မင်သူတွေက မသော် ဟု ခေါ်ကြသည်။ သူမ၏ဘ၀သည် အာဏာမသိမ်းခင်က ရိုးရှင်းသည်။ ဘာသာပြန်၊ အင်္ဂလိပ်စာဆရာမအဖြစ် Professional ကျကျ လုပ်ကိုင်သူ၊ သူမ၏ကလေးတွေအတွက် မအားမလပ်သည့်ကြားက အချိန်ပေးတတ်သူ၊ ဘ၀ကို ခေတ်မီမီ ဖြတ်သန်းနေသော မိခင်ကောင်း၊ အမျိုးသမီးကောင်း တစ်ဦးဖြစ်သော သူမ။ စစ်အာဏာသိမ်းမှု စတင်ချိန်တွင် သူမ၏ဘ၀တွေ ဇောက်ထိုးမိုးမျှော် ဖြစ်တော့သည်။ စစ်အာဏာသိမ်းမှု၏ နောက်ဆက်တွဲပြဿနာများကို သူမ ကောင်းကောင်းန...

Episode #33: စိတ်ရောကိုယ်ပါ ကြံ့ခိုင်ပါမှ 06.09.2023

လူငယ်လုပ်ငန်းရှင်တစ်ယောက် ဖြစ်လာဖို့ စိတ်အားထက်သန်သူ၊ အင်ဂျင်နီယာတစ်ယောက်အနေနဲ့ အသက်မွေးရင်း မြို့နယ်တိုင်းမှာ အားကစားရုံဖွင့်ချင်သူတစ်ယောက်၊ အိပ်မက်တွေကို အကောင်အထည်ဖေါ်ရင်း စစ်အုပ်စု၏ မတော်လောဘကြောင့် အကုန်ပျက်စီးသွားရသော ပြည်သူထဲက လူငယ်တစ်ဦး။ သူ့အိပ်မက်တွေအကောင်အထည်ဖော်နေသော်လည်း အာဏာသိမ်းမှုဖြစ်လာသည့်အချိန်တွင် တုံ့ဆိုင်းမနေ။ ရသည့်နည်းဖြင့် ဆန္ဒပြသည်။ သို့သော် စစ်ကောင်စီက အလွတ်မပေး၊ အင်းစိန်ထေ...

Episode #32: လူထဲက လူ 24.07.2023

LGBT အခွင့်အရေးအတွက် တက်ကြွလှုပ်ရှားသူ။ သူမ ပေးတဲ့ သင်တန်းတွေကနေ တဆင့် မိမိကိုယ်မိမိ လက်ခံသွားနိုင်တဲ့သူတွေ၊ ကိုယ့်ဘ၀ကိုယ် ယုံကြည်တတ်သွားသူတွေ မနည်း။ သူ့အမည်ကား ပိုင်။ အမျိုးသမီးချင်း စိတ်၀င်စားသူတစ်ယောက်အဖြစ် မိမိကိုယ် မိမိ လက်ခံခဲ့သူ၊ ခန္ဓာကိုယ်အောက်ပိုင်း ဆုံးရှုံးလုနီးပါးအထိ ဆန္ဒပြခဲ့သူ၊ ပုံမှန်လမ်းပြန်လျှောက်ဖို့ တစ်နှစ်ကျော်ကြာ ကြိုးစားခဲ့ရသူ အခက်အခဲများစွာကို မေတ္တာဖြင့် ကျော်ဖြတ်ခဲ့သူတစ်ယေ...

Episode #31: ဦးဂမ်ဘီယာနှင့် ရွှေဝါရောင်တော်လှန်ရေး 02.06.2023

၂၀၀၇ ဩဂုတ်၊ စက်တင်ဘာ လများတွင် ဖြစ်ပွားခဲ့သော ရွှေဝါရောင်တော်လှန်ရေး၏ ခေါင်းဆောင်တစ်ဦးဖြစ်ခဲ့သော ဥူးဂမ်ဘီရ။ ငယ်ရွယ်စဉ်ကတည်းက စစ်အာဏာရှင်၏ ဆ်ိုးသွမ်းရက်စက်မှုကို စာအုပ်စာပေမှတဆင့် ကိုယ်တွေ့ကြုံရပြီး ရဟန်းဘ၀မှစ၍ စစ်အာဏာရှင်ဆန့်ကျင်ရေး မြေအောက်တော်လှန်ရေးကို ဦးဆောင်ခဲ့သူ။ ဘာသာ သာသနာကို ခုတုံးလုပ်တတ်သော စစ်အာဏာရှင်၏ ကြောင်သူတော်မျက်နှာဖုံးကို ခွါချပေးနိုင်ခဲ့သောသူ။ ပြည်သူလူထု၏ အခက်အခဲနှင့် ဆင်းရဲမွဲတေ...

Episode #30: ခွဲခြားခံရမှု၊ နိုမ့်ချမှုများနှင့် ရှေးရိုးစွဲကို လွန်၍ 11.05.2023

ကိုဗစ်တာ၊ LGBT ဆရာ၀န်တ‌စ်ယောက်၊ နွေဦးတော်လှန်ရေးကို ဘ၀နဲ့ရင်း ခေါင်းတိုး၀င်ခဲ့သူ။ နိုင်ရာ၀န်ထမ်းရုံသာမက မနိုင်၀န်ကိုပါ တော်လှန်ရေးအတွက် ထမ်းပေးသူ။ မိဘပတ်၀န်းကျင်ရဲ့ ဖိနိုပ်ရှုတ်ချမှုတွေကြားက ဘ၀ရပ်တည်ချက်ကို ရဲရဲရင့်ရင့် ဖွင့်ဟ၍ ရှေ့ဆက်ရဲသူ။ တော်လှန်ရေးဆိုသည်မှာ ကိုဗစ်တာနဲ့ မစိမ်း။ ငယ်ငယ်ကတည်းက တော်လှန်ခြင်းနှင့် ရင်းနီးခဲ့ရပြီး ရပ်တည်ချက်ခိုင်မာသူ။ ထိုသို့သော ဆရာ၀န်တစ်ယောက်၏ တော်လှန်ရေးခရီးကြမ်းကာ...

Episode #29: ဒီတက်နဲ့မရရင် ဟိုတက်နဲ့လှော် 18.03.2023

ကိုကျော်၊ အင်ဂျင်နီယာ၊ သိပ်သဘောကောင်း၊ လူချစ်လူခင်ပေါတဲ့သူ။ အာဏာစသိမ်းပါပြီဆိုကတည်းက ဆန္ဒပြသူ။ အစောဆုံးစစ်သင်တန်းတက်သူ။ နွေဦးတော်လှန်ရေးကို ကျရာနေရာကနေ သူထမ်းသည်။ ကျတော် မထင်ထားသည်ကိုပင် သူလုပ်သည်။ နောက်ဆုံး အဆင်မပြေဖြစ်သည့်ကြားမှ ရသမျှရှေ့ဆက်ရင်း နောက်ဆုံး လက်နက်ကိုင်လမ်းစဉ်ကို စွန့်လွတ်ရသည်။ သို့သော် သူရသမျှ အိမ်နှင့်အတိုက်အခံလုပ်ကာ ရှေ့သို့ပို့သည်။ ရှာသမျှ မလောက်၊ စိတ်၀င်တစား မေးမိသည်။ သူ့အဖြေက...

Episode #28: ကြယ်ငါးကောက်သူနှင့် ကြယ်ကြွေနိုင်ငံ(၂) 16.02.2023

ဆရာဇင်ဇေလွင်၏ ကြယ်ငါးကောက်သူနှင့်ကြယ်ကြွေနိုင်ငံ ပထမပိုင်းကို နားဆင်ပြီး ဒုတိယပိုင်းအတွက် စောင့်မျှော်နေမည်ကို ယုံကြည်ပါတယ်။ Podcast ရဲ့ အနှစ်သာရဖြစ်တဲ့ နားဆင်ရင်း တွေးခေါ်နိုင်မယ့် အကြောင်းအရာတော်တော်များများကို ဆွေးနွေးပြောပြသွားတဲ့ podcast တစ်ခုလည်း ဖြစ်တာကြောင့် ပေါ့ပေါ့ပါးပါးနားဆင်ရင်း လေးလေးနက်နက်တွေးစရာတွေ လုပ်စရာတွေ မြင်လာမယ်လို့ ယုံကြည်ပါတယ်။ ကျတော်တို့နိုင်ငံမှာ ဆရာဇင်ဇေလွင်လို ကြယ်ငါးကေ...

Episode #27: ကြယ်ငါးကောက်သူနှင့် ကြယ်ကြွေနိုင်ငံ(၁) 29.01.2023

ဆရာဇင်ဇေလွင်၊ မှန်တယ်ထင်ရင် လူတိုင်းကို သူတင်ကိုယ်တင် ပြောတတ်သူ၊ စာပေကို မြတ်နိုးပြီး မိမိကြိုးစားမှုဖြင့် မိမိဘ၀ကို ပြုပြင်ပြောင်းမနိုင်သည်ဟု ယုံကြည်တတ်သူ၊ ပညာကို လေးစားပြီး ပညာဖြင့် အသက်မွေး၀မ်းကြောင်းပြုရင်း နာမည်တစ်လုံးဖြင့် ရပ်တည်နိုင်သူတဦး။ ဆရာဇင်ဇေလွင်ဟာ တချိန်က စစ်ကောင်စီကို ဆွေးနွေးညှိုနှိုင်းပြီး တရားမ၀င် အာဏာသိမ်းမှုကို အဆုံးသတ်နိုင်သည်ဟု ယုံကြည်ဖူးသည်။ ကိုယ့်ဘ၀ကိုယ် ပြောင်းလဲနိုင်စွမ်း...

Episode #26: အနုပညာသမားတစ်ယောက်၏ အမုန်း 17.01.2023

သူအမည်ကား ကိုနစ်ကီ။ ဂီတကို မြတ်နိုးသူ၊ အင်ဂျင်နီယာတစ်ယောက်။ ဘ၀ကို ပျော်ပျော်ရွှင်ရွှင်ဖြတ်သန်းတတ်သူ။ သို့သော် သူဘ၀ကို အလှည့်အပြောင်းဖြစ်စေသည်ကား စစ်အာဏာသိမ်းမှုပင်။ မကြုံဖူးတာတွေကြုံရ ကြားရသည့်အခါ သူအံ့ဩရသည်။ ဘ၀မှာ မကြုံဖူး မကြားဖူးသည်များကို မျက်ဝါးထင်ထင်တွေရချိန်တွင် အရင်ဆုံး ကိုယ်ချင်းစာမိသည်ကား တိုင်းရင်းသားများ။ ဘ၀ကို ခပ်ပေါ့ပေါ့ဖြတ်သန်းခဲ့သည်မဟုတ်သော်လည်း ပေါ့ပေါ့ပါးပါးနေတတ်ခဲ့သော သူကိုယ်သူရ...

Episode #24: မျိုးစေ့မှန်၊ အပင်သန်ချင်သော်လည်း 24.12.2022

ကိုထက်၊ စက်မှုအင်ဂျင်နီယာ ဘွဲ့ရတစ်ယောက်။ ထိုဘွဲ့ကို လွယ်လွယ်နဲ့ ရသည်မဟုတ်။ ကျန်းမာရေးမကောင်းတဲ့ အဖေ ကားထွက်ပြီး အမကြီး အလုပ်လုပ်၊ အမေက ချွေချွေတာတာဖြင့် ပံ့ပိုးပြီး သူရခဲ့သော အင်ဂျင်နီယာဘွဲ့။ နည်းပညာကို စိတ်၀င်စားပြီး စာဖတ်ခြင်းနဲ့ ဂီတကို ခုံမင်သော ကိုထက်။ ဦးသိန်းစိန်၊ အမေစု ဒီမိုကရေစီ အစိုးရလက်ထက်များတွင် ၀င်ရောက်လာသော နိုင်ငံခြား telecom company တခုတွင် မဆိုးလှသော လစာနှင့် လုပ်ငန်းအတွေ့အကြုံရသည်...

Episode #25: စကားပြောသော ဓာတ်ပုံများနှင့် ဖန်တီးပုံဖော်သူ 23.12.2022

သူမအမည်ကား ငြိမ်း။ အမည်နာမက ငြိမ်းဆိုပေမယ့် သူမကား တဇွတ်ထိုးသမား။ ဖြစ်ချင်တာကို ဖြစ်အောင်လုပ်တတ်သူ၊ ရည်ရွယ်ချက်ကို လက်မလျော့တတ်သူ။ သူမ၏ စိတ်ပိုင်းဖြတ်မှုဖြင့် မိဘပြောသော ဆရာ၀န် အင်ဂျင်နီယာဆိုသော ဘ၀တွေကို မျက်ကွယ်ပြုပြီး photo Journalist ဘ၀ထဲကို ခုန်၀င်ခဲ့သည်။ သူမ ဘ၀ကို ပုံမှန်ဖြတ်သန်းနေရသော်လည်း သူမခုံမင်သည်။ မငြိမ်း မမြင်သည်ကား သူမကို စောင့်ကြိုနေသော ဘ၀လှည့်ကွက်များ သမိုင်းဓာတ်ပုံများ။ သူမပြောပြသ...

Episode #23: အလှတရားများပေါင်းစုရာ၊ သို့မဟုတ် ဒုက္ခ ပင်လယ်ဝေရာ နေရာ 13.12.2022

ကိုဒေးဗစ်၏ မွေးရပ်မြေကား ချင်းပြည်နယ်။ အလွန်လှသော ပတ်၀န်းကျင်နှင့်အလွန်ရိုးသားကြိုးစားသော လူများရှိရာနေရာ။ စား၀တ်နေရေးအတွက် မွေးမြူရေး၊စိုက်ပျိုးရေးကို တစိုက်မတ်မတ် အားကြိုးမာန်တက် လုပ်ကိုင်ကြပြီး ပညာရေး၊ ကျန်းမာရေးကို ခက်ခက်ခဲခဲ ကြိုးစားကြရသော နေရာ။ စစ်အစိုးရအဆက်ဆက်ရဲ့ ဖိနိုပ်မှုကို ခါးစီးခံပြီး ဘ၀ကို ခက်ခက်ခဲခဲ အသက်မွေးရသော နေရာ။ ကိုဒေးဗစ်ဟာ သူ့ဘ၀ကို အရှုံးမပေး၊ ဆရာ၀န်တစ်ယောက်ဖြစ်လာသည်အထိ ရုံးကန...

Episode #22: အရိုးရှင်းဆုံးသော အဖြေနှင့် ရှုပ်ထွေးသော ‌တော်လှန်ရေးပုစ္ဆာ 09.12.2022

ပြည်သူ့၀န်ထမ်းဘ၀ကို နှစ်ချိုက်သူ၊ မြန်မာပြည်၏ ၀န်ထမ်းများ ပြုပြင်ပြောင်းလဲရေးကို တစိုက်မတ်မတ်ကြိုးပမ်းခဲ့သော သူမ၊ စစ်အာဏာသိမ်းမှုနှင့်အတူ မျှော်လင့်ချက်တွေ ရိုက်ချိုးခံရသော သူမ။ သူမအကြောင်းကို နားထောင်ရင်း အားလျော့ အားပျော့သံမကြားရ၊ တည်ငြိမ်ပြီး စိတ်အေးချမ်းမှုသာ ပေးသော သူမ။ မကြာဖြူဟူသော အမည်ဖြင့်လိုက်ဖက်အောင် ကြိုးစားရင်း CDM ၀န်ထမ်းဘ၀ကို ကျေကျေနပ်နပ်ခံယူထားရင်း တော်လှန်ရေးခရီးကို တရွေ့ရွေ့ဆက်နေသ...

Episode #21: နိုင်ငံ့အရေးနှင့် စာပေယဉ်ကျေးမှု 27.11.2022

သူ့အမည်က Kenneth Wong။ မြန်မာစာ‌ပေ လေ့လာနေကြသော နိုင်ငံခြားသားများ ကျောင်းသားများအတွက် မစိမ်းသော အမည်ဖြစ်ပေမယ့် မြန်မာပြည်ထဲက မြန်မာပြည်သားများအတွက် စိမ်းနေသေးသည်။ ကျတော်တို့အများစုက စစ်အာဏာရှင်တော်လှန်ရေးကြောင့် စိတ်ပင်ပန်း လူပင်ပန်းဖြစ်ပြီး အထီးကျန်ဆန်သော ခံစားချက်ကို ခပ်စိတ်စိတ် တွေးမိ စဉ်းစားမိဖြစ်လာတတ်ပါတယ်။ ကိုယ်နဲ့အတူ စိတ်တူကိုယ်တူ ပြည်သူများစွာက အတွင်းရော အပြင်မှာပါ အရှိန်အဟုန်နဲ့ ရှေ့ဆက်န...

မြို့ပြစစ်ဘေး သက်မရွေး 22.11.2022

Episode #20: ကရင်တိုင်းရင်းသူ အမိုးဖေါ။ သူမကား ပညာတတ်တစ်ယောက်။ ၈၈ မတိုင်ခင်က ပညာတတ်ရှားသည်။ တော်ရုံသူ ဆယ်တန်းမအောင်။ သို့သော် သူမ မိဘကံကောင်းသည်။ ငယ်စဉ်ကပင် ရန်ကုန်ရောက်ပြီး ပညာရေးကို ကြိုးစားခဲ့သည်။ ဆယ်တန်းအောင် ဘွဲ့ရပြီး သာယာသော မိသားစုနှင့်သူမ။ မင်းအောင်လှိုင် အာဏာမသိမ်းခင်အထိ အကုန် အဆင်ပြေသည်။ သို့သော် စစ်အာဏာရှင်၏ စနက်ကို မည်မှ ပြေးမလွတ်၊ အကုန် ခါးစည်းခံကြရသည်။ သူမ၏ သားတစ်ယောက် သမီးနှစ်ယောက်...

Episode #18: ကိုတေဇာဆန်းနှင့်ပုံပြင်ဆန်သောဘ၀များ 22.10.2022

ကိုတေဇာဆန်းဟု ဆိုလျှင် တန်းမြင်ရမည်ကား သူ့အပြုံး။ အမြဲ တက်ကြွလန်းဆန်းနေပြီး အရာရာကို နှိုင်းယှဉ်သုံးသပ်တတ်သူ။ အမှန်တရားအတွက်နှင့် အများအကျိုးရှိမည်ဆိုလျှင် သူ့ပညာရေး စီးပွားရေးက ဒုတိယ။ ထို့သို့သော စိတ်စေတနာတွေကြောင့် စစ်ကောင်စီ၏ ပိုက်စိပ်တိုက် ရှာဖွေဖမ်းဆီးခြင်းမှ ခဏခဏ လွတ်သူ။ မြန်မာပြည်အနှံ ခြေဆန့်ပြီး ဘ၀များစွာနဲ့ ထိတွေ့နေသူ။ သူ၏ ခံယူချက်၊ အတွေးအမြင်များနှင့် လုပ်ဆောင်ချက်များက လေးစားစရာကောင်းသည...

Episode #19: ရိုးရှင်းသော‌ ပြည်သူနှင့် ရှုပ်ထွေးသော တော်လှန်ရေး 18.10.2022

ကိုပုလေးက လူငယ်တက်ကြွသူတစ်ယောက်။ သူ၏အမြင် အတွေးကား ရိုးရှင်းသည်။ သူယုံကြည်ရာကို သူလုပ်သည်။ ရပ်ရွာအကျိုးလည်း လက်မနှေး။မိသားစုကို သိတတ်သောသူ ဖခင်တစ်ယောက်လည်း ဖြစ်သည်။ တနေ့ သူမမျှော်လင့်ထားသည့်အခြေအနနှင့် နဖူးတွေ့ဒူးတွေ့ တွေ့ရတော့သည်။ အာဏာသိမ်းပြီး သူသေချာတွေးမိသည်။ သူအနေနဲ့ အဆင်ပြေနိုင်သေးသော်လည်း သူ့သူငယ်ချင်းတွေ အလုပ်ပြုတ်ကြသည်။ ထမင်းငတ်ကြသည်။ သူ့အလုပ်သမားအချို့ ဖြုတ်ရတော့သည်။ ထို့နောက် သူမိသားစုန...

တိုင်းပြည်၏အုတ်မြစ် သို့မဟုတ် ဖိနိုပ်ခံလူတန်းစား 15.09.2022

မဝေဟာ ခေတ်စနစ်ရဲ့ သားကောင်တစ်ယောက်ဖြစ်ခဲ့ရသူပါ။ ၁၃နှစ်သမီးအရွယ်မှာ မိသားစုအရေးအတွက် အထည်ချုပ်စက်ရုံလုပ်ကိုင်ခဲ့ရပြီး အတန်းပညာနဲ့အလှမ်းဝေးခဲ့ရပါတယ်။ လုပ်ငန်းခွင် ဖိနိုပ်မှုတွေကို အရွယ်နဲ့မလိုက်အောင် ကြုံတွေ့ခဲ့ရပြီး သူမရဲ့ အတိတ်ဆိုးတွေကို အခုထိ မှတ်မိနေဆဲလို့ ဆိုပါတယ်။ အရွယ်နဲ့မလိုက် ဆဲဆိုကြိမ်းမောင်းခံရတာတွေ၊ မနိုင်၀န်ထမ်းရတာတွေဟာ သူမအတွက် ပုံမှန်လိုပင် ဖြစ်ခဲ့ရသည်။ သို့သော် သူမစိတ်ပျက်မသွား၊ သူမက...

ဒီမိုကရေစီ နှင့် ဗုဒ္ဓဘာသာ 11.09.2022

ဆရာ‌တော်၏ ဘွဲ့ကား အများသူငှာနှင့် မစိမ်း၊ အရှင်မင်းသုည ဗုဒ္ဓတက္ကသိုလ် ပင်။ ဆရာတော်သည် ဗုဒ္ဓဘာသာဘုန်းတော်ကြီးပင် ဖြစ်လင့်ကစား ခေတ်ဆန်သည်။ လူငယ်တွေ၏ သဘောသဘာ၀ကို နားလည်သည်။ ဘာသာရေးအပေါ် ခုတုံးလုပ်သော သံဃာတော်များကိုလည်း ပြင်းပြင်းထန်ထန်ဝေဖန်တတ်သူလည်း ဖြစ်သည်။ လက်ရှိနိုင်ငံရေးနှင့် သံဃာများ နိုင်ငံရေးမလုပ်ရဟူသော စည်းမျဉ်းကား ဘုရားဝိနည်းမဟုတ်၊ စစ်အာဏာရှင်၏ ဂျင်းဟု မိန့်သည်။ နိုင်ငံအရေးသည် အများသူငှာ အေ...

တန်းတူညီမျှခြင်းဟူသည် 01.09.2022

ခက်ခက်ခဲခဲကြမ်းကြမ်းဖြင့် ပညာရေးကို သူရအောင်ယူခဲ့သည်။ သို့သော် သူထင်ထားသည်ကား ပညာတတ်လျှင် အဆင်ပြေပြီ။ သို့သော် ပညာတတ်ဘွဲ့ရ အလုပ်လက်မဲ့ဂုဏ်ပုဒ်ဖြင့်သာ မိန်းမရသွားသည်။ သူရင်းခဲ့ရသည်နှင့်ကား မတန်။ ထို့နောက် အဝေးသင်ဘွဲ့ဖြင့် အစိုးရ၀န်ထမ်းလျှောက်ပြီး လူ၀င်မှုကြီးကြပ်ရေးတွင် ၀န်ထမ်းဖြစ်လာခဲ့သည်။ ထိုသူကား ကချင်အမျိုးသား ကိုရဲဒီး။ ထို့နောက် ၀န်ထမ်းဘ၀တွင် သူအလွန်မျှော်လင့်ခဲ့သော ဘ၀ရပြီဟု ထင်မြင်ခဲ့မိသည်။ ထ...

ရွှံ့နွံကြားမှ ပေါက်ဖွားလာသော သဇင် 27.08.2022

သဇင်ဟု အမည်ကြားလျှင် မြန်မာအမျိုးသမီးတို့ အမြတ်တနိုးပန်ကြသော ပင်မြင့်စံ။ ကျတော်တို့၏ နွေဦးတော်လှန်ရေး သဇင်ကား ထို့သို့မဟုတ်။ အေးချမ်းသောဘ၀မှနေ၍ မတရားမှုကို ဆန့်ကျင်ရင်း စစ်ကောင်စီ၏ ယုတ်မာရက်စက်မှုများကြားမှ ပေါက်ဖွားလာသော သဇင်ပင်ဖြစ်ပါသည်။ တိုင်ပင်မကိုက်သော စစ်ဖိနပ်သံများကား စက်ရုံလိုင်းတန်းအတွင်း ခပ်သွက်သွက်ကြားနေရသည့်အချိန်တွင် မသဇင် ဟန်မပျက် အလုပ် ဆက်လုပ်နေသည်။ သို့သော် သူမ၏ အနီးဆုံးနေရာတွင် စစ...

Listen to the Myanmar Revolutionary Tales (တော်လှန်ခြင်းများနှင့်ခေတ်သစ်မြန်မာပြည်) podcast in Replaio

Radio and podcasts in one app - free, with no sign-up. Install today and do not miss the launch

Get it on Google Play

Replaio is not a podcast publisher; show names, artwork and audio belong to their authors and are distributed through public RSS feeds.