Insight Myanmar
Myanmar Revolutionary Tales (တော်လှန်ခြင်းများနှင့်ခေတ်သစ်မြန်မာပြည်)
တော်လှန်ခြင်းများနှင့် ခေတ်သစ်မြန်မာပြည် ဆိုသော ခေါင်းစဉ်တခုနှင့်ပင် ဖတ်ရှုလေ့လာသူများနှင့် podcast နားထောင်သူများ ကျနော်တို့၏ ရည်ရွယ်ချက်ကို အကြမ်းဖျင်းသဘောပေါက်နားလည်မည် ထင်ပါသည်။ မြန်မာနိုင်ငံတွင် ဘာသာတရား၏ လွမ်းမိုးမှု၊ ဘာသာရေးခေါင်းဆောင်များ၏ ချုပ်ကိုင်မှုနှင့် ရှေးရိုးစွဲအစဉ်အလာများစွာ၊ လူမျိုးစုများစွာ၏ ကွဲပြားခြားနားမှုများ၊ ပြည်တွင်းစစ်များ၊ ဘာသာရေးပြဿနာများဖြင့် ပြည့်နှက်နေသည်မှာ နှစ်အတော်ပင် ကြာခဲ့ပြီဖြစ်ပါသည်။ အဖက်ဖက်က တိုးတက်သောနိုင်ငံတခုဖြစ်ဖို့ ပြုပြင်ပြောင်းလဲဖို့ရာ များစွာကို ခွဲခြမ်းရလျှင် အချို့ကို ညှိနှိုင်း၍ရသည်၊ အချို့က တော်လှန်ရသည်၊ အချို့က ဆွေးနွေးလက်ခံရသည် အစရှိသဖြင့်...
Author
Insight Myanmar
Category
Podcast website
Latest episode
Apr 22, 2026
Where to listen?
Podcasts in the app Replaio Radio Coming soonPodcasts are coming to the app soon. Install now and be the first to see a whole new take on podcasts
Episodes
နယ်စပ်စည်းမျဉ်းပေါ်က ကွက်လပ်များ 16.08.2022 41:43
သူကား ကျောင်းဆရာ။ ကိုယ်ပိုင်ကျောင်း အထက်တန်းကျောင်း အပြင်ကျောင်း အစုံက ကလေးများ၏ ဆရာ။ ဆရာပီသသောဆုံးဖြတ်ချကါဖြင့် စစ်အာဏာရှင်ကို ဆန္ဒပြသည်၊နောက်ဆုံး လက်နက်ကိုင်သည်။ ထိုမှတဖန် နယ်စပ်စည်းမျဉ်းပေါ်က အလုပ်သမားများ၏ကလေးများကို ၏စာသင်ရင်း ကလေးများ၏ဘ၀ကို နိုင်သလောက်ပြုပြင်နေသူ။ သူဆန္ဒကား ရှင်းသည်။ မြန်မာပြည်ကိုပြန်လည်ဦးမော့လာနိုင်ရန် အဓိကအချက်သည် ပညာရေးပင်။ အနှစ်သာရမရှိ စာရွက်ပေါ်ကပညာရေးကို သူမနှစ်မြို့။...
လျှောက်သောလမ်းတိုင်း ဖြူးပါစေ 10.08.2022 55:09
သူအမည်ကား ကိုစိုး။ တချိန်က ကိုယ်ပိုင် company တစ်ခုကို ကြိုးစားတည်ထောင်ပြီး အောင်မြေသို့ ရွတ်လွှင့်နေသော လူငယ်တစ်ယောက်။ စစ်အာဏာရှင် မင်းအောင်လှိုင်၏ကျေးဇူးဖြင့် တဖက်နိုင်ငံသို့ ထွက်ပြေးတိမ်းရှောင်နေရသူ။ မြန်မာနိုင်ငံသည် ခေတ်အဆက်ဆက် စစ်အာဏာရှင်များလက်အောက်တွင် မွဲပြာကျနေခဲ့သည်။ အတော်အသင့်လွတ်လပ်ပြီး ပြန်လည်ဦးမော့ဖို့ အရာရာ အားယူနေရချိန်တွင် ဖြတ်ရိုက်ချခံရသလို ကိုစိုးခံစားရသည်။ လူငယ်များ၏အနာဂါတ်ကား...
အာဏာရှင်ကို မေးခွန်းသတ်သော သတင်းသမား (သို့ ) ပြည်သူ့မျက်၀န်း 27.07.2022 45:03
ကိုအောင်သူရတို့ ခေတ်ကာလကား န၀တအစိုးရ၏ နောက်ဆုံး သက်တမ်းကာလဖြစ်သည့် အချိန်၊ နာဂစ်ကို အစပြု၍ သတင်းလောကထဲကို ခြေစုံပစ်၀င်ရောက်လာခဲ့သူဖြစ်သည်။ သတင်းနဲ့ပတ်သတ်လျှင် သတင်းသမားတစ်ယောက်၏တာ၀န်ကို ကောင်းစွာသဘောပေါက်သည်။ အာဏာရှင်သော ဒီမိုကရေစီသော သိပ်ဂရုမစိုက်၊ ဖြစ်သင့်ဖြစ်ထိုက်သည်များကို နိုင်သည့်ဖက္မှ အစွမ်းကုန်ထမ်းသည်။ သတင်းမီဒီယာလွတ်လပ်ခွင့်နှင့် လုပ်ပိုင်ခွင့်ကို ရရှိရန် အမြဲကြိုးစားအားထုတ်ခဲ့သူ။ သူ၏ကြို...
နိုင်ရာ၀န် ထမ်းကြသော ပြည်ပြေးများ(၁) 20.07.2022 41:33
မငယ်၏ဘ၀ကား အာဏာမသိမ်းခင် ကာလတွင် အလွန် သာယာလျက်ရှိသည်။ မျှော်လင့်ချက်တွေ တပွေ့တပိုက်ဖြင့် ခိုင်မာသော အသက်မွေး၀မ်းကျောင်းနှင့် သူမ။ Covid အလွန်ကာလတွင် ရှိသမျှအားကုန် ရုန်းပြီး ကြိုးစားဖို့ပြင်ဆင်ပြီးချိန်လည်း ဖြစ်သည်။ စာသင်ကြားရေးကို ကိုယ်တိုင်ဦးစီးပြီး တဖက်က အထည်အလိပ်လုပ်ငန်းအတွက် ဆိုင်ခန်းပင် ခြောက်လစာ ချေပြီးဖြစ်သည်။ သို့သော် အရာရာအားလုံး သဲထဲရေသွန်ဖြစ်ကာ အဓိပ္ပါယ်မဲ့ခဲ့ရသော နေ့ကား တရားမ၀င်အာဏာသ...
CDM သို့မဟုတ် မေ့လျော့ခံ သူရဲကောင်းများ(၁) 05.07.2022 58:09
သူမအလုပ်ကား သူနာပြု။ အတန်းပညာပင်စုံအောင်မထားနိုင်ကြသော သူမ၏ရွာတွင် သူမကား အထက်တန်းသူနာပြု။ သူမ၏အလုပ်ကို သူမလေးစားသည်၊ မြတ်နိုးသည်၊ ဘယ်လောက်ပင်ပန်းပင်ပန်း သက်သာသွားသောလူနာ၏ စိတ်ချမ်းသာမှုဖြင့် ပင်ပန်းမှုကို ဖြေဖြောက်တတ်သူ။ မိဘ မောင်နှမများကြောင့် သူမဖြစ်ချင်သော သူနာပြုဘ၀ကို ရရှိခဲ့ပြီး ဆယ်နှစ်ကျော် တာ၀န်ထမ်းခဲ့သည်။ သားသမီးနှစ်ဦးထွန်းကားပြီး ကလေးများအတွက် ပညာရေးမျှော်လင့်ချက်ရှိသူဖြစ်သည်။ တရားမ၀င်စစ...
အနိုင်ကျင့်တတ်သော လောကဓံနှင့် အရှုံးမပေးတတ်သော သူမ 21.06.2022 1:09:48
အဖေနဲ့အမေပြီးရင် လက်ချိုးရေတွက်စရာက သူမတစ်ယောက်တည်းသာ။ မကြာသေးခင်ကမှ အစားထိုးမရသော အမေ လောကကြီးရဲ့အပြင်ဖက်ကို သူမတို့ သားအဖအား နှုတ်ဆက်ထွက်ခွါသွားသည်။ အရာရာကို အသားကျဖို့ လုံးပန်းနေရသော သူမရဲ့ နေ့ရက်တိုင်းက ကြိုးဝိုင်းနှင့် ပြိုင်ဖက်။ အဆိုးတရားများကား တစ်ယောက်တည်း မနေတတ်၊ အဖော်အပေါင်းနဲ့လာသကဲ့သို့ မနိုနိုနှင့် တနိုင်ငံလုံးအတွက် အပူမီးကား အားပြင်းပြင်းနှင့် လောင်တော့သည်။ မြန်မာ၏စစ်တပ်၏ တရားမ၀င် အာဏ...
သူမ၏ ဂီတ၊ ဘ၀နှင့် ကိုဇေယျာသော် 16.06.2022 47:54
သူမအမည်ကား မသဇင်ညွှန်အောင်၊ တော်လှန်ရေးအတွက် အကုန်စွန့်ထားသူများထဲမှ တစ်ဦး။ ချစ်မြတ်နိုးလေးစားရသူ ကိုဇေယျာသော်၏ ဇနီးလောင်းတယောက်ဖြစ်သလို ရှေ့ဆက် ဘ၀ကို ဂီတဖြင့် မြုပ်နှံထားသူတစ်ယောက်လည်း ဖြစ်သည့်သူမ၊ မဟုတ်မခံချင်စိတ်ဖြင့် အားနည်းသူကို အမြဲဖေးမကူရင်း နွေဦးတော်လှန်ရေးကို ခရီးဆက်နေသည်။ စစ်ကောင်စီက ကိုဇေယျာသော်အပါအ၀င် လေးဦးကို ကြိုးမိန့်ပေးရန် ပြင်ဆင်နေချိန်တွင် သူမ၏စိတ်ဓာတ်ရင့်ကျက်မှုအတိမ်အနက်ကို ပို...
ကဗျာဆရာတစ်ယောက်၏ ကဗျာမဆန်သော ခရီးကြမ်း 06.06.2022 38:58
ကိုထူးသည် ကဗျာတွေကို ခုံမင်သည်။ အမှန်တရားကို လေးစားယုံကြည်သည်။ စာပေရဲ့ အနှစ်သာရကို အမြဲရှာဖွေပြီး မိမိကိုယ်တိုင်ရဲ့ ဘ၀ကို စာပေဖြင့်တည်ဆောက်ရန် လမ်းကြောင်းကိုလည်း ရွေးချယ်ထားခဲ့သည်။ သို့သော် ဘ၀က ရိုးရှင်းသယောင်ယောင်ဖြင့် ဆန်းသည်။ သေချာပြီဟု ထင်ထားသမျှ အကုန် ပျောက်လေပြီ။ စစ်တပ်က တရားမ၀င် အာဏာသိမ်းသည်။ စာအုပ်တိုက်တော်တော်များများ ပိတ်သွားသည်။ ပြည်သူအများစုလည်း စတင်သပိတ်မှောက်တော့သည်။ ကိုထူးကို စာအုပ်...
လွတ်မြောက်နယ်မြေ (သို့မဟုတ်) ခိုကိုးသူတို့ အိမ်ယာ 03.06.2022 45:10
ဘ၀ကို ရိုးရိုးရှင်းရှင်းဖြတ်သန်းချင်သော ကိုခန့်။ Company တခုတွင် အခြေကျနေရင်း ကမ္ဘာကပ်ရောဂါ၏ ထိုးနှက်ချက်တွေကြောင့် အလုပ်နားခဲ့ရပြီး ရရာအလုပ်ကို ၀င်လုပ်ခဲ့ရသည်ည်။ အာဏာသိမ်းမှုဖြစ်ပွားပြီးချိန်တွင် ရှိတဲ့အလုပ်ပါထွက်ပြီး ဆန္ဒပြပွဲများတွင် ပါ၀င်ခဲ့တော့သည်။ သို့သော် ကိုယ်တိုင်ရပ်တည်နိုင်ရေးအတွက် အလုပ်ပြန်၀င်ခဲ့ရပြီး အခြေအနေကို စောင့်ကြည့်နေခဲ့သည်။ မိမိအိမ်သို့ စစ်ဆေးမေးမြန်းလာချိန်တွင် လွတ်မြောက်နယ်မြ...
ဝေဝါးသော အတိတ်တို့နှင့် ကြည်လင်သော အနာဂါတ်၊ ရှာဖွေဆဲ ပစ္စုပ္ပန် 26.05.2022 48:01
လူသားတိုင်း အကောင်းအဆိုး အနည်းနှင့်အများ ဒွန်တွဲနေကြသည်။ ထိုလူသားများ စုဝေးကြသော အဖွဲ့အစည်းတိုင်းတွင် အားနည်းချက် အားသာချက်တို့ရှိကြသည်မှာ မထူးဆန်းတော့။ အားသာချက်ကို ပံ့ပိုးရန်နှင့် အားနည်းချက်ကို ဖာထေးရန် စည်းမျည်း စည်းကမ်းများဖြင့် အဖွဲ့အစည်းများကို ထိန်းချုပ်လာကြသည်။ သို့သော် ဦးဆောင်သူများ စည်းမျည်းဆွဲကြသူများက အဖွဲ့အစည်းအတွက်မဟုတ်ဘဲ မိမိကိုယ်ကျိုးဖက်လာသည့်အခါ အများအတွက်လူ့ပတ်၀န်းကျင်အတွက် ထိခိ...
နူးညံ့သိမ့်မွေ့ခြင်း၊ ကြမ်းကြုပ်ခတ်ထန်ခြင်း သို့မဟုတ် လူသားဆန်ခြင်း 20.05.2022 1:00:22
ကိုဒေးဗစ် ရဲ့ ဘ၀ဟာ အပူအပင်ကင်းသည်။ ကိုယ်ဝါသနာပါရာ သီချင်း ဂီတ ဓာတ်ပုံ အကုန်လုပ်ခွင့်ရသည်။ ကိုယ်တိုင်ရဲ့ ကြိုးစားရုန်းကန်မှုနှင့်အတူ သာယာမှု အဆင်ပြေမှုတွေက ယှဉ်လျက်ရှိသော ကို David အတွက်ကား စိတ်ကူးအိမ်မက်တွေနောက် ကခုန်၍ လိုက်ရုံပင်။ နိုင်ငံရေးကို သိစရာမလိုဟု ခတ်ပေါ့ပေါ့သာ တွေးသည်။ စိတ်လည်းမ၀င်စား။ သို့သော် အနုပညာဆန်သော စိတ်ဓာတ်နှင့် လူသားဆန်မှုကို သူ့ဝါသနာနှင့် သူချစ်သော ခွေးကလေးက သက်သေ။ တနေ့ သူအိပ...
အပြီးသတ်တိုက်ပွဲ သို့မဟုတ် ကျရှုံးခြင်းများ၏နိဒါန်း 13.05.2022 1:10:59
လက်နက်စွဲကိုင်ခြင်းကို ကိုဖြိုးနားလည်ထားသည်မှာ လူလိမ္မာတွေရဲ့ လုပ်ရပ်မဟုတ်။ သို့သော် စက္ကူကပ်ကိုင်သောကြောင့် ကျည်အစစ်နှင့် အပစ်ခံရချိန်မှာ ကိုဖြိုးနားလည်လာသည်ကား မြန်မာစစ်တပ်၏ မြန်မာနိုင်ငံသားအချင်းချင်းအပေါ် ရက်စက်တတ်ခြင်းပင်။ အရာရာကို ပညာဖြင့်ဖြေရှင်းလိုသော ကိုဖြိုး၏ခံစားချက် လုပ်ဆောင်ချက်တို့ ရေစုန်မျောရတော့သည်။ လွတ်မြောက်အေးချမ်းရာ နေရာတစ်ခုတွင် သွားရောက်နေထိုင်ရင်း နေမထိမထိုင်သာ ထဖြစ်နေရသည်မှ...
ကျောင်းသူ၊ ဦးဆောင်သူ၊ သို့မဟုတ် ဂုဏ်ယူဖွယ်သမီးလတ် 30.04.2022 45:26
မဆုမြတ်ဟာ နွေဦးတော်လှန်ရေးအတွက် အားကြိုးမာန်တက် ပါ၀င်လှုပ်ရှားခဲ့တဲ့ တက္ကသိုလ်ကျောင်းသားများထဲမှ တစ်ယောက်လည်း ဖြစ်ပါတယ်။ လက်နက်ကိုင်တော်လှန်ရေးကို လုံး၀ဆန့်ကျင်ပြီး အကြမ်းမဖက် ဆန္ဒထုတ်ဖော်ရေးကိုသာ ရှေးရှုခဲ့သူ ကျောင်းသားသမဂ္ဂဥက္ကဌတစ်ဦးလည်း ဖြစ်ပါတယ်။ သူမဘာကြောင့် EAOs တွေဆီ သွားရောက်ခိုလှုံရတာလဲ၊ လက်နက်ကိုင်တော်လှန်ရေးကို ဘာကြောင့် ရွေးချယ်ခဲ့တာလဲဆိုတဲ့ အကြောင်းပြချက်တွေက သိပ်ကို ရိုးရှင်းပြီး လက်...
Similar podcasts
Replaio is not a podcast publisher; show names, artwork and audio belong to their authors and are distributed through public RSS feeds.