Padamyar FM

ဒီနေ့အတွက်စကား

နေ့စဉ်ဘဝအတွက် စိတ်ခွန်အားပေးမည့် စကားလုံးများနှင့် အတွေးအမြင်များ။

Be sure to visit the podcast's website and support the creator: padamyarfm.com.mm

Author

Padamyar FM

Category

Education

Podcast website

padamyarfm.com.mm

Latest episode

Oct 4, 2026

Where to listen?

Podcasts in the app Replaio Radio Coming soon

Podcasts are coming to the app soon. Install now and be the first to see a whole new take on podcasts

Get it on Google Play Install for free Android almost 10M downloads · 4.8 rating iOS soon

Episodes

Trust Your Intuition. Believe in your own worth. Practice Self-love. Listen to your talents. Prioritize your joy. 13.04.2026

မိမိတို့ရဲ့ရင်တွင်းစကားသံ(အလိုအလျှောက်ဖြစ်လာတဲ့စိတ်သတိ) ကိုယုံကြည်ပါ။ ပုံမှန်အားဖြင့် မိမိတို့ရဲ့အောက်ဆုံးအလွှာမှာရှိတဲ့ ရင်တွင်းကလာတဲ့အသံတွေက လိမ်ညာမှုမရှိကြပါဘူး။ကိုယ့်အနေနဲ့ဘာလိုချင်တာလဲ၊ ဘာလိုနေတာလဲ၊ ဘယ်သွားချင်တာလဲကို သူကသိနေပေမဲ့ကိုယ်ကသေချာ ကိုယ့်ရဲ့ အတွင်းစကားသံကိုနားထောင်ဖို့အချိန်ပေးလေ့မရှိတာတွေ ကြောင့်လက်ခံဖို့ခက်နေတတ်တယ်။ တကယ်တော့ မိမိရဲ့ intuition ကိုနားထောင်နိုင်တာကမိမိတို့ရဲ့ superpo...

Habits define the future. 12.04.2026

အလေ့အကျင့်တွေက အနာဂတ်ကို သတ်မှတ်ပေးပါတယ်။ဘာကြောင့် တချို့လူတွေက သူတို့ရဲ့ အိပ်မက်တွေကို အလွယ်တကူ ရယူနိုင်တယ်လို့ထင်ရပြီး တချို့ကတော့ တိုးတက်ပြောင်းလဲမှုတွေ လုပ်ဖို့အတွက် ရုန်းကန်နေရတာလဲ? ဒီမေးခွန်းအတွက်အဖြေကတော့ သူတို့ရဲ့ အလေ့အကျင့်တွေကြောင့်ပဲ ဖြစ်ပါတယ်။ အလေ့အကျင့်တွေဆိုတာကျွန်တော် စိတ်ထဲကနေ တွေးနေ စရာမလိုဘဲ ထပ်ခါတလဲလဲ လုပ်မိနေတဲ့ အရာတွေ ဖြစ်ပါတယ်။ကျွန်တော်တို့ရဲ့ ဘဝကို ပုံသွင်းပေးနိုင်တဲ့ အရာတွေ...

We All Have A Strong Reason To Be Happy. 11.04.2026

မိမိကိုယ်ကို Focus ထားတဲ့အခါ ကိုယ့်ဘဝရဲ့ ရှင်သန်ချင်စရာကောင်းတဲ့ အကြောင်းပြချက်တွေ ရှာတွေ့နိုင်ပြီး၊ အရှုပ်ထုပ်တွေကို Focusထားရင်တော့ ဘဝမှာ မလိုလားအပ်တဲ့ စိတ်ညစ်စရာတွေသာပိုမိုများပြာလာပါလိမ့်မယ် ။ ပျော်ရွှင်ခြင်းကို အနှောင့်ယှက် ပေးတတ်တဲ့ အတိတ်ကအရိပ်မဲတွေကိုလည်း မေ့ထားလိုက်ပါ ။ နေ့သစ်မှာ ဘဝသစ်နဲ့ပိုပျော်တဲ့သူဖြစ်အောင်သာနေထိုင်ပါ ။ အတိတ်ဟာ ပြီးဆုံးသွားပြီး ၊ အမှားတွေဟာ နောက်မှာကျန်ခဲ့ပါပြီ ။ အမှားမ...

Learn from past failures and create a ladder to success. 10.04.2026

ပြီးခဲ့တဲ့အတိတ်မှာ ကျွန်တော်တို့အတွက် စိတ်တိုင်းမကျတာ၊ကိုယ်လိုချင်တဲ့အတိုင်း ဖြစ်မလာတာတွေ ရှိခဲ့မှာပါ။ ဒါတွေကို အတိတ်ကာလမှာပဲထားခဲ့လိုက်ပြီးတော့ နောင်လာမယ့်အနာဂတ်နေ့ရက်တွေမှာ ပိုမိုကောင်းမွန်တိုးတက်တဲ့ဘဝကို ပိုင်ဆိုင်ဖို့ပဲ အာရုံစိုက်ပါ။                                                                                                                                            အတိတ်က နောင်တတွေ၊ အမှား...

If You Don't Use Your Brain, You Become Lethargic. 09.04.2026

ကျွန်တော်တို့ အသက်ရှင်နေသမျှ ကာလပတ်လုံး လုပ်ငန်းခွင်မှာသာမက ကိစ္စတော်တော်များများကို ဦးနှောက် ကို အသုံးချပြီး ဆုံးဖြတ်ရတာပါ။ ဦးနှောက်ကို မသုံးပဲထားရင် ထုံထိုင်းသွားတတ်ပြီး အမြဲတမ်းသွေးနေမှာထက်မြက်လာမှာပါ။ ဦးနှောက်ကို အမြဲတမ်းသွေးနေခြင်းက မယုံနိုင်လောက်အောင်ကောင်းကျိုးတွေ ရှိပါတယ်။ ဥပမာအားဖြင့် မှတ်ဉာဏ်စွမ်းရည် တိုးလာခြင်း၊အိုမင်းခြင်းမှ ဖြစ်ပေါ်လာသော စိတ်ပိုင်းဆိုင်ရာ ကျဆင်းမှု နှောင့်နှေးခြင်း၊သိ...

Remember it’s okay to not to be okay. 08.04.2026

ကျွန်တော်တို့တွေ တစ်နေ့တာမှာ စိတ်တွေတင်းရင်းပြီးနေတာ၊ ငါအဆင်မပြေနေတာမှန်းသိပြီး လက်မလျှော့ချင်ဖြစ်နေမိလား...?လက်မခံချင်နေတာမျိုး...၊ ငါစိတ်ဓာတ်ကျသွားလိုက်ရင် ငါများတခုခုမှားသွားမှာလား၊ငါကမူမှန်တော့ရဲ့လား စတဲ့ ကြိုတင်စိုးရိမ်မှု တွေနဲ့ တစ်နေ့တာမှာခံစားချက်တွေမြိုသိမ့် ရတာတွေများလို့ မွန်းကျပ်မှုတွေပြည့်နှက်နေနိုင်ပါတယ်။ဒီလိုမျိုးအတွေ့အကြုံကို ခံစားရတဲ့ရက်တွေရှိခဲ့ဖူးကြမယ်ထင်တယ်။    မိမိအနေနဲ့အတွေးတ...

Rediscover Yourself And Step Forward With Full Energy. 07.04.2026

လူ့သဘာ၀အရ ဘေးကဘာဖြစ်နေလဲ၊ ဘာပျက်နေလဲဆိုတဲ့အပေါ်မှာ စိတ်၀င်တစားရှိနေကြတာတော့မဆန်းပါဘူး။ ဘယ်သူ တော့ဘာဖြစ်သွားပြီး၊ဘာလုပ်လိုက်ပြီး၊ ဘယ်သွားပြီး ဘာစားလိုက်ပြီးနဲ့ သတင်းတွေကို လိုက်လှန်လောနေမိတာကဖြစ်တတ်တဲ့ အကျင့်တွေပါ။ တွေ့မြင်နေတာတွေကို အားကျမိတယ်၊ ဒါမှမဟုတ် မနာလိုမိတယ်၊မိမိဘ၀နဲ့ တိုင်းတာပြီးအလိုမကျဖြစ်မိတယ်၊ ခံစားရတယ်၊ ငါကတော့ဖြင့် သူတို့လိုဘယ်တော့များဖြစ်မလဲနဲ့ ရင်ထဲမကောင်းတာ၊ ၀မ်းနည်းတာ၊ ယူကျုံးမရဖ...

No One Can Stand High Without Self-Awareness. 06.04.2026

မိမိလက်ရှိရောက်နေတဲ့နေရာဌာန၊လုပ်နေကိုင်နေတဲ့အလုပ်၊ သင်ယူနေတဲ့အရာ စတဲ့အရာတွေဆီ တွန်းပို့ လိုက်တဲ့ နောက်ကွယ် ကကြိုးကိုင်ထားတဲ့အချက်က ‘မိမိကိုယ်ကိုယ် နားလည်သိရှိမှု’ self-awareness ပဲဖြစ်ပါတယ်။ ဒီလိုအသိ တွေမရှိရင် လောကမှာ ရပ်တည်ဖို့တောင်မလွယ်ပါဘူး။အကြောင်းက ဒီလိုနားလည်သိရှိမှု မရှိရင် မိမိက အထိန်းအကွပ်လွတ်သွား ပြီးလုပ်ချင်ရာကို လုပ်နေမိတော့မှာဖြစ်လို့ပါ။                                               ...

Self-awareness Is The Main Key. 05.04.2026

မိမိလက်ရှိရောက်နေတဲ့ဘ၀ အပိုင်းအခြားကိုပြန်ပြီးကြည့်လိုက်ပါ။ ဘယ်နေရာမှာလဲ? ဘာလုပ်ကိုင်နေလဲ? ဘယ်ကိုဦးတည်သွား နေလဲ? ပြီးရင် ဘာကြောင့်မို့လို့ ဒီနေရာကြီးကိုရောက်နေရလဲ? ဒါမျိုးတွေကိုပြန်မေးကြည့်ဖြစ်လား၊မေးကြည့်ပြီးရင်ရော ဘာ အဖြေတွေထွက်လာလဲ?                                                                                                                  ထွက်လာတဲ့အဖြေတွေထဲမှာ ဖြစ်နိုင်ချေတွေက ဒီနေရာကိုငါက...

Some Optimism Can Cause Toxic. 04.04.2026

လူတွေက အကောင်းမြင်ခြင်းကိုကောင်းမွန်တဲ့အရာတစ်ခုလို့ သတ်မှတ်ကြတယ်။ အကောင်းမြင်စိတ်ရှိတဲ့သူတွေဟာ ကောင်း တယ်။အကောင်းမြင်စိတ်ရှိတဲ့သူဟာ ဘယ်နေရာမှာမဆို နေပျော်တယ်ဆိုပြီး တွေးထင်တတ်ကြပါတယ်။ဒါတွေဟာ တကယ်ကော မှန်ရဲ့လား။ ဘယ်လိုအခြေအနေမျိုးမဆို အကောင်းမြင်တာဟာ တကယ်ကော ပျော်ရွှင်စေရရဲ့လား။ အဆင်ပြေစေရဲ့လားဆိုတာ ဟာ မေးခွန်းထုတ်စရာတစ်ခုဖြစ်လာပါတယ်။     အကောင်းမြင်စိတ်ရှိတယ်ဆိုတာနဲ့မကောင်းတဲ့ အရာတွေကို ဘာမှလက်မခံ...

Our Daily Habits, Attitudes Are The Foundation Of Our Future. 03.04.2026

ကျွန်တော်တို့ရဲ့ နိစ္စဓူဝအကျင့်စရိုက်တွေ စိတ်နေစိတ်ထားတွေဟာ ကျွန်တော်တို့ရဲ့ အနာဂတ်အပေါ်မှာ သက်ရောက်မှု များစွာ ရှိပါတယ်။စည်းစနစ်တကျ နဲ့ ပုံမှန်တည်ဆောက်ပြီး လည်ပတ်နေတဲ့သူဟာ အနာဂတ်ဟာ တည်ငြိမ်မှုရှိသလို စည်းစနစ် မရှိပဲ ပရမ်းပတာ လှုပ်ရှားသွားလာနေရင်တော့ ကျွန်တော်တို့ရဲ့ အနာဂတ်ပန်းတိုင်ဟာ တည်ငြိမ်မှုမရှိပဲ အရလှမ်းနိုင်ဖို့ ခဲယဉ်း နေပါလိမ့် မယ်။ကျွန်တော်တို့ရဲ့ နေ့စဉ် အကျင့်စရိုက်တွေ ၊ စိတ်နေစိတ်ထားတွေ...

Some Expectations Can Lead To Success In Life and Some Expectations Can Cause Pain. 02.04.2026

ကိုယ်စေတနာထားရင် ထားသလောက်အဲ့ဒီလူဆီက စေတနာတွေပြန်ရမယ်။ ကိုယ်ချစ်ရင် ချစ်သလောက် အဲ့ဒီလူဆီက အချစ် တွေ ပြန်ရမယ်။ ကိုယ်ကောင်းရင်ကောင်းသလောက် အဲ့ဒီလူဆီက အကောင်းတွေ ပြန်ရမယ်။ လူတွေအပေါ်မှာ ကိုယ်ပေးရင် ပေးသလောက်သူတို့ဆီက ပြန်ရမယ်လို့ လူတော်တော်များများတွက်ကြလိမ့်မယ်လို့ထင်ပါတယ်။အရိုးသားဆုံးဝန်ခံရမယ်ဆိုရင် ကျွန်တော်ကိုယ်တိုင်လည်းတွက်ခဲ့မိပါတယ်။ အဲ့လိုတွက်ခဲ့မိတဲ့အတွက်ဘဝတစ်လျှောက် ကျွန်တော် ပူလောင်ခဲ့ရတာ အ...

The Past Is Irrelevant To The Present And The Future. 01.04.2026

အတိတ်က ကိုယ်ဘာလုပ်ခဲ့သလဲ ၊ကိုယ်ဘယ်လိုလူဖြစ်ခဲ့သလဲ ဆိုတာ ကိုယ်ပဲသိလိမ့်မယ် ။ သေချာတာတော့ အဲ့ဒီအတိတ်တွေကခုချိန်မှာ သိပ်အရေးမပါတော့ဘူး ။ ဒါ့ကြောင့် အတိတ်က မပြည့်ဝမှုတွေကိုနောင်တရမနေပါနဲ့တော့။ အတိတ်က ကိုယ့်ကို မလိုအပ် တော့ဘူး။ ရှေ့လျှောက်ရမဲ့အနာဂတ်ကသာ ကိုယ့်ကိုအလိုရှိနေတာ ။ ကိုယ်ဖြစ်ချင်တဲ့ အိပ်မက်တွေ ၊ ရည်မှန်းချက်တွေကကိုယ့်ကို လိုအပ်နေတာ ။ ဒါ့ကြောင့် မလိုအပ်တဲ့အရာအတွက် ကိုယ့် Energy တွေကို အသုံးမချပ...

If You Go Through The Day With A Fixed System, You Will Not Be Able To Achieve Huge Success. 31.03.2026

ပေါင်းစပ်လုပ်ကိုင်ခြင်းဖြင့် တစ်နေ့တာကိုအောင်မြင်မှုရယူပါ။ ဒီအချက်လေးကို ဘယ်ကနေ ပိုပြီးမြင်တတ်သွားလဲဆိုရင် သန်း ကြွယ်သူဌေးကြီးDan Lok ရဲ့ ဗီဒီယိုတစ်ခုမှာ သူပြောသွားခဲ့တယ်၊ အဲ့ဒါက ကိုယ့်ရဲ့တစ်နေ့တာမှာဘယ်အချိန်ထ ဘယ်အချိန် ဘာလုပ်ဆိုတဲ့ ပုံသေစနစ်ချည်းနဲ့ သွားရင် လူတော်တော် များများအတွက်ခရီးမရောက်ကြဘူးတဲ့။ အကြောင်းကတော့ ကျွန်တော် တို့ အားလုံးက များသောအားဖြင့်ပျင်းရိကြတဲ့ထဲမှာ ပါတယ်။ ဒါ့ကြောင့်လည်း တကယ့...

Really Useful People Are Honest People. 30.03.2026

  လောကမှာဘယ်နေရာမှ အသုံးမဝင်တဲ့လူရယ်လို့ မရှိပါဘူး။ တစ်ဦးတစ်ယောက်အတွက်“သို့မဟုတ်” တစ်နေရာရာမှာတော့အသုံးဝင်စမြဲပါပဲ။  တချို့က ပညာတတ်လို့ ငွေကြေးချမ်းသာလို့  အသိုင်းအဝိုင်းကောင်းလို့ရုပ်ရည်လှပလို့ စကားပြောကြွယ်ဝလို့ ဆိုပြီး ဒီလို စသည် စသည့်အကြောင်းတွေကြောင့်အသုံးဝင်ကြ  နေရာတွေ ရတတ်ကြပါတယ်။ သေချာစဉ်းစားကြည့်တဲ့အခါ ကျတော့ ဒါတွေကအကန့်အသတ်တစ်ခုရဲ့ ဘောင်အတွင်းမှာပဲ အသုံးဝင်နိုင်တာပါ။ တကယ်တော့ လောကကြီးမှာ...

To inspire people, you need to be a leader. 29.03.2026

Creator တွေ coach တွေအနေနဲ့မိမိတို့ကိုယ်တိုင်ပြော နေကြတာတွေကိုကိုယ်တိုင်လည်းလိုက်လုပ်ဖို့ဆိုတဲ့မေးခွန်းကို ဖြေရတာ အလွန်တာ၀န်ကြီးပါတယ်။ ပွင့်ပွင့်လင်းလင်းပြောရင်ကိုယ်တိုင်မလျှောက်လှမ်းဖူးတဲ့လမ်းကို သူများကို လျှောက်ပါလို့ ပြောနေတာ မျိုးနဲ့တူပါတယ်။ဒါမျိုးက ပြောနေတာသာ အဖတ်တင်သွားတယ်၊ မိမိအနေနဲ့ လက်ဆုတ်လက်ကိုင်မပြနိုင်တာမျိုးဖြစ်နေတတ်ပါ တယ်။ စာသားတွေကို ဖတ်ရသူ၊ မြင်ရသူတွေအတွက်ခွန်အားဖြစ်စေတာတော့အမှန်...

If you want to be successful in life, you need to invest in yourself. 28.03.2026

ဘဝမှာ အောင်မြင်တိုးတက်ချင်ရင် မိမိကိုယ်ကိုယ်ရင်းနှီးမြုပ်နှံမှုလုပ်ဖို့ လိုပါတယ်။ မိမိကိုယ်ကိုယ် ရင်းနှီးမြုပ်နှံတယ်ဆိုတာကလက်ရှိအရည်အချင်းတွေကို တိုးတက်အောင်လုပ်ပြီး နောက်ထပ် အရည်အချင်းအသစ်တွေကိုလေ့လာသင်ယူတာပဲဖြစ်ပါတယ်။ ပိုမိုကောင်းမွန်တဲ့ ပြောင်းလဲမှုတွေ ရရှိနိုင်ဖို့မိမိကိုယ်ကို ရင်းနှီးမြုပ်နှံနိုင်မယ့် နည်းလမ်းတချို့ဆိုရင် စိတ်ဝင်စားမလား။ စာဖတ်ခြင်းဟာအောင်မြင်မှုအတွက် အရေးပါးတဲ့အလေ့အကျင့်တစ်ခု...

Uncertainty is the only certainty there is, and knowing how to live with insecurity is the only security. 27.03.2026

ထိန်းချုပ်လို့ရတဲ့အရာတွေပေါ်မှာပဲအာရုံစိုက်ပါ။စိတ်တွေမပျော်ရတဲ့အချက်တစ်ခုက ကျွန်တော်တို့ ရဲ့ထိန်းချုပ်မှု အောက်မှာမရှိနေတဲ့အရာတွေကို သွားပြီး ထိန်းချုပ်ချင်ကြတဲ့ အကျင့်တွေကြောင့်ဖြစ်ပါတယ်။အဓိကတော့ ကိုယ်ဖြစ်စေချင်သလို မဖြစ် လာတဲ့အခါ စိတ်ထဲမချမ်းမကျေ ဖြစ်ကြတယ်။       မဖြစ်လာမဲ့အရာတွေကိုတွေးပူပြီး ကြောက်ရွံ့နေခြင်း။ ကျွန်တော်တို့ယာဥ်တွေစီးပြီး ခရီးသွားကြ တဲ့အခါ ကြုံရတဲ့အချက်လေး တွေရှိတယ်။ အဲ့ဒါက လေယာ...

Blame is a main source of problems that can grow. 26.03.2026

ကျွန်တော်တို့ လုပ်ငန်းခွင်မှာပဲဖြစ်စေ ၊ပတ်ဝန်းကျင်မှာပဲဖြစ်စေ တအားကို အပြစ်တင်တတ်တဲ့သူတွေကို ကြုံတွေ့ခဲ့ရဖူးပါလိမ့် မယ်။ရံဖန်ရံခါမှာ ကိုယ့်ဘာသာတောင် မသိပဲနဲ့ ကိုယ်ဟာ ဒီလူတွေထဲမှာ ပါဝင်သွားတတ်ပါတယ်။ အခုလိုမျိုး အခက်အခဲတွေ စိတ်ဖိဆီးစရာတွေများပြားလာတဲ့အချိန် ၊ အခြေအနေ အရပ်ရပ်က ခက်ခဲတဲ့အချိန် ၊ ကိုယ့်အတွက် ဖိအားတွေများလာတဲ့အချိန် တွေမှာ လူတွေဟာ အလွယ်တကူအပြစ်တတ်ကြပါတယ်။ ဒီလိုအပြစ်တင်လိုက်ခြင်းအားဖြင့်...

It doesn't matter how someone treats you. The important thing is not to accept it. 25.03.2026

တစ်စုံတစ်ယောက်ကြောင့် စိတ်ထိခိုက်နာကျင်ခံစားရဖူးပါလား။ သူတို့ရဲ့ ပြောစကား၊ လုပ်ရပ်တွေက သိမ်ငယ် အား နည်းသွားစေပါသလား။ ဒီလို မဖြစ်အောင် ဘယ်လိုပြောင်းလဲလို့ ရနိုင်မလဲ။ ပထမဆုံးအချက်ကကိုယ်တိုင်က ခွင့် မပြုရင် ကိုယ့်ကို ဘယ်သူကမှ ထိခိုက်ခံစားရအောင်မလုပ်နိုင်ဘူးဆိုတာပါပဲ။ ကိုယ်တိုင်က ခွင့်ပြုပေးထားမှသာ ဖြစ်နိုင် တာပါ။ ကိုယ့်အနေနဲ့ ဘယ်လိုတုံ့ပြန်မလဲဆိုတာကို စိတ်တိုင်းကျ ရွေးချယ်နိုင်ပါတယ်။ ဒေါသဖြစ်မလား၊ စိ...

Treat money like a friend. 24.03.2026

အတွေးအခေါ်တွေက ဘဝအပေါ်မှာ သက်ရောက်မှုရှိတာကိုသတိထားမိပါသလား။ ခေါင်းထဲ မှာ ရှိတဲ့ တွေးခေါ် စဉ်းစားမှု တွေကငွေကြေးအခြေအနေအပါအဝင် ဘဝကို အဆုံးအဖြတ်ပေးနိုင်ပါတယ်။ ချမ်းသာချင်တယ်ဆိုရင်ငွေကြေးနဲ့ပတ်သက်တဲ့ အတွေး အခေါ်တွေကို အရင်ဆုံးသတိထားဂရုစိုက်ဖို့ လိုပါတယ်။ငွေကြေးနဲ့ပတ်သက်ပြီး မကောင်းတဲ့ အတွေးအခေါ် အယူ အဆတွေ ရှိနေမယ်ဆိုရင်အမြန်ဆုံးပြောင်းလဲပစ်ဖို့ လိုပါတယ်။ နားဆင်သူလည်း ချမ်းသာနိုင်တယ်လို့ ယုံကြည်ထားပါ...

Hope is the belief in living life. It can be said that it is a small support that gives energy. 23.03.2026

မျှော်လင့်ချက်ဆိုတဲ့ စကားလုံးအပေါ်အဓိပ္ပာယ်ဖွင့်ရရင် အကောင်းဆုံးတွေဖြစ်လာနိုင်မယ့်အချိန်တစ်ခု (ဒါမှ မဟုတ်) ကိုယ် ဖြစ်ချင်တဲ့ဆန္ဒတစ်ခုဖြစ်မြောက်ဖို့ကို ကိုယ်တိုင်အလုပ်မလုပ်ပဲ မျှော်လင့်စောင့်ဆိုင်းနေခြင်းမျိုးလို့ မဆိုလိုချင်ပါဘူး။ ကိုယ် ဖြစ်ချင်တဲ့ ဆန္ဒလေးတစ်ခု အကောင်အထည်ဖော်နိုင်ဖို့အတွက် မျှော်လင့်ချက်ကိုဆွဲကိုင်ရင်း ကိုယ်တိုင်ကြိုးစားစွမ်းဆောင် နေခြင်းလို့ ခံယူ ထားပါတယ်။                        ...

We didn't come into this world just to work. 22.03.2026

ကျွန်တော်တို့ဟာ စိတ်ရော ၊ လူပါ မဖြစ်မနေ အနားယူဖို့ လိုအပ်ပါတယ်။ ပျော်စရာအချိန်အတွက် အနားယူဖို့လိုတယ် ၊ စိတ်ကိုအနားပေးဖို့လိုပါတယ် ၊၊ ရည်မှန်းချက်ကြီးသူတွေဟာ တစ်ခုခုကို စိတ်အားထက်သန်နေတဲ့အခါ အနားယူဖို့ မေ့သွား တတ်ကြ ပါတယ်။ နားလိုက်ရင် သူများထက်နောက်ကျသွားမှာ ၊ဆုံးရှုံးသွားမှာ ကြောက်ကြပါတယ် ။အလုပ်ကို မနားမနေလုပ်နေတဲ့အချိန် ၊ ထမင်းမေ့ ဟင်းမေ့ ဖြစ်သွားကြပါတယ် ။ ဒါကြောင့် ကျန်းမာရေးတွေ ထိခိုက်စေတယ်။ မိ...

Feeling inferior can be a source of strength to move forward, and it can also be that you can't get out of the deep feelings. 21.03.2026

သိမ်ငယ်စိတ်ဆိုတာ လူတိုင်းနီးပါးကြုံဖူး၊ခံစားဖူးကြတဲ့ ခံစားချက်တခုပါ။ အခြားသူများနဲ့ယှဉ်ပြီး ကိုယ့်ကိုယ်ကိုမပြည့်စုံဘူး၊ အသုံးမကျဘူး၊ ချို့ယွင်းချက်တွေရှိတယ် အစရှိသဖြင့် ခံစားရတဲ့အချိန်တွေ ရှိကောင်းရှိနိုင်ပါတယ်။ ဒါဟာ အလုပ်မှာ မိမိတို့ မျှော်လင့်ထားသလောက်ရည်မှန်းချက်ပန်းတိုင်သို့ ရောက်ရှိအောင် မစွမ်း ဆောင်နိုင်တာကြောင့်ပဲဖြစ်စေ၊စာမေးပွဲမှာ အမှတ်နည်း လို့ပဲဖြစ်စေ၊ ကိုယ်နဲ့ သက်တူရွယ်တူတွေလောက်မဖြစ်မြ...

To be a successful young person, the first thing you need to change is yourself.          20.03.2026

ငယ်ငယ်ရွယ်ရွယ်နဲ့ လမ်းကြောင်းတစ်ခု ပေါ်ရောက်ပြီးအောင်မြင်နေကြသူတွေကို ကြည့်ရင် အားကျစရာပါပဲ။ ဒီလို အောင်မြင်တဲ့ လူငယ်တစ်ယောက် ဖြစ်ဖို့ အရင်ဆုံး ပြောင်းလဲရမှာကတော့ သင်ကိုယ်တိုင်ပါ။ လူငယ်ဘဝမှာ တန်ဖိုးရှိတဲ့အချိန်တွေကို ဖြုန်းတီး မပစ်ပဲ ခိုင်မာပြတ်သားတဲ့ ရည်မှန်းချက် ၊ မဆုတ်မနစ်တဲ့ကြိုးစားအားထုတ်မှုတွေနဲ့ အောင်မြင်မှုလမ်းကြောင်း ပေါ်ရောက်အောင် ဆွဲခေါ်ရမှာသင်ကိုယ်တိုင်ပဲ ဖြစ်ပါတယ်။  အောင်မြင်ချင်ရင် န...

Listen to the ဒီနေ့အတွက်စကား podcast in Replaio

Radio and podcasts in one app - free, with no sign-up. Install today and do not miss the launch

Get it on Google Play

Replaio is not a podcast publisher; show names, artwork and audio belong to their authors and are distributed through public RSS feeds.