Dawei Watch

Dawei Watch Podcast

News MY ↓ 1755 episodes

တနင်္သာရီတိုင်းထဲ တစ်ပတ်အတွင်း ဖြစ်ပျက်ခဲ့တဲ့ ထူးထူးခြားခြားသတင်းတွေကို သောတရှင်တွေ နားဆင်နိုင်ဖို့ တစ်ပတ်အတွင်းသတင်းကဏ္ဍကို တင်ဆက်လိုက်ပါတယ်။

Author

Dawei Watch

Category

News

Podcast website

daweiwatch.com

Latest episode

May 25, 2026

Where to listen?

Podcasts in the app Replaio Radio Coming soon

Podcasts are coming to the app soon. Install now and be the first to see a whole new take on podcasts

Get it on Google Play Install for free Android 5M+ downloads · 4.8 rating iOS soon

Episodes

မြန်မာ့ရေးရာ 02.04.2023

မြန်မာနိုင်ငံတစ်ဝန်း ဖြစ်ပျက်နေတဲ့ အဖြစ်အပျက်တွေကို Dawei Watch ပရိတ်သတ်တွေ သိရှိစေဖို့ မြန်မာ့ရေးရာအစီအစဉ်ကို မိတ်ဆက်လိုက်ပါတယ်။ ဒီတစ်ပတ် မြန်မာ့ရေးရာအစီအစဉ်မှာတော့ မတ်လ ၂၆ ရက်ကနေ ဧပြီလ ၁ရက်အထိ တစ်ပတ်တာအတွင်း ဖြစ်ပျက်ခဲ့တဲ့ အဖြစ်အပျက်တွေထဲက ထူးခြားဖြစ်စဉ်တွေကို စီစဉ်တင်ဆက်ထားတာဖြစ်ပါတယ်။ ဒီအစီအစဉ်ကို အပတ်စဉ် တနင်္ဂနွေနေ့တိုင်း တင်ဆက်သွားမှာဖြစ်ပါတယ်။

တစ်ပတ်အတွင်း တနင်္သာရီသတင်း (မတ် ၂၇ ရက်ကနေ ၃၁ ရက်နေ့အထိ) 01.04.2023

တနင်္သာရီတိုင်းထဲ တစ်ပတ်အတွင်း ဖြစ်ပျက်ခဲ့တဲ့ ထူးထူးခြားခြားသတင်းတွေကို သောတရှင်တွေ နားဆင်နိုင်ဖို့ တစ်ပတ်အတွင်းသတင်းကဏ္ဍကို တင်ဆက်လိုက်ပါတယ်။

"ထိုင်းရွေးကောက်ပွဲနဲ့ မြန်မာလုပ်သားတွေ အခြေအနေ" 01.04.2023

"ထိုင်းရွေးကောက်ပွဲနဲ့ မြန်မာလုပ်သားတွေ အခြေအနေ" -------------- မကြာခင်ကာလမှာ ထိုင်းနိုင်ငံရဲ့ အထွေထွေရွေးကောက်ပွဲရှိပါတယ်။ ထိုင်းရွှေးကောက်ပွဲ ကော်မရှင်က မေလ ၁၄ ရက်မှာ ပြုလုပ်မယ်လို့ ကြေညာထားပါတယ်။ ထိုင်းနိုင်ငံအတွင်းမှာ မြန်မာရွှေ့ပြောင်းအလုပ်သမားတွေ သန်းနဲ့ချီရှိနေပါတယ်။ ဒီလိုရွှေ့ပြောင်းအလုပ်သမားတွေကို ရွေးကောက်ပွဲတွေမှာ အသုံးချတာမျိုးတွေ ယခင်ကာလတွေတုန်းက ရှိခဲ့ဖူးပါတယ်။ ဒီလိုအခြေအနေ...

ရင်ခုန်ခံစား တစ်ပတ်တာအကောင်းဆုံး လိဂ်ပွဲစဉ်များ 01.04.2023

Dawei Watch က တင်ဆက်ပေးနေတဲ့ ရင်ခုန်ခံစား တစ်ပတ်တာအားကစားရဲ့ပွဲကြိုကဏ္ဍအစီအစဉ်ကနေ ပြန်လည် ကြိုဆိုလိုက်ပါတယ်။ ပြီးခဲ့တဲ့သီတင်းပတ်တုန်းက နိုင်ငံတကာပွဲစဉ်တွေ ရှိနေတဲ့အတွက် လိဂ်ပွဲစဉ်တွေ ရပ်နားထားခဲ့ပါတယ်။ အခုတစ်ပတ်မှာတော့ ပရိသတ်မျှော်လင့်နေတဲ့ လိဂ်ပွဲစဉ်တွေ ပြန်လည်ဝင်ရောက်လို့ လာခဲ့ပါပြီ။ ဒါပေမဲ့ အသင်းတိုင်းဆီက အဓိကပွဲထွက်ကစားသမားတွေဟာ နိုင်ငံတကာပွဲစဉ်တွေ ကစားခဲ့ရတဲ့အတွက် ပွဲပန်းနေတာကို သတိပြုရပါလိမ့...

တစ်ပတ်အတွင်း နိုင်ငံတကာရေးရာ 01.04.2023

ကမ္ဘာတစ်ဝန်းဖြစ်ပျက်နေတဲ့ အဖြစ်အပျက်များစွာကို Dawei Watch ပရိသတ်တွေ သိရှိစေဖို့ တစ်ပတ်အတွင်း နိုင်ငံတကာရေးရာ အစီအစဉ်ကို မိတ်ဆက်လိုက်ပါတယ်။ ဒီတစ်ပတ် နိုင်ငံတကာရေးရာမှာတော့ မတ် ၂၅ ရက်နေ့ကနေ ၃၁ ရက်နေ့အထိ တစ်ပတ်တာအတွင်း အဖြစ်အပျက်အချို့ကို စီစဉ်တင်ဆက်ထားတာ ဖြစ်ပါတယ်။

တနင်္သာရီနေ့စဉ်သတင်း အစီအစဉ် (မတ်လ ၃၁ ရက်) 31.03.2023

Dawei Watch ရဲ့ နေ့စဉ်သတင်းအစီအစဉ်အတွက် ဒီနေ့တင်ဆက်ပေးမယ့် သတင်းတွေကတော့ - မိုင်းမတော်ဆပေါက်ကွဲလို့ လောင်းလုံးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးကျဆုံးခဲ့တဲ့အကြောင်း - ပုလောမြို့က ရဲစခန်းနဲ့ စစ်ဆေးရေးဂိတ်တစ်ခု ဗုံးချတိုက်ခိုက်ခံရတဲ့အကြောင်း - လောင်းလုံးဆေးရုံမှာ ကလေးတွေကို ကာကွယ်ဆေးပြန်ထိုးပေးနေတာ - ထားဝယ်မြို့ လမ်းဘေးတစ်နေရာမှာ အမျိုးသားအလောင်းတစ်လောင်းကိုတွေ့ရှိခဲ့တဲ့အခြေအနေ - ဌာနဆိုင်ရာရုံး...

လိင်ပိုင်းဆိုင်ရာ စော်ကားခံရမှုတွေကို ဘယ်လိုတားဆီးကြမလဲ‌ 31.03.2023

လိင်ပိုင်းဆိုင်ရာနဲ့ ကျား/မအခြေပြု အကြမ်းဖက်မှုတွေက ဘယ်သူဘယ်ဝါရယ်လို့ သတ်မှတ်ပြီးမှ ဖြစ်တာမဟုတ်သလို အသက်အရွယ်၊ ကျား/မ၊ လူမျိုး၊ အပြုအမူအနေအထိုင် ဘယ်လိုပဲ ဖြစ်နေပါစေ၊ အချိန်နေရာမရွေး ကြုံတွေ့နိုင်ပါတယ်။ ဒါတွေကို ဘယ်လိုကာကွယ်တားဆီးကြပါမလဲ...............

တနင်္သာရီနေ့စဉ်သတင်း အစီအစဉ် (မတ်လ ၃၀ ရက်) 30.03.2023

Dawei Watch ရဲ့ နေ့စဉ်သတင်းအစီအစဉ်အတွက် ဒီနေ့တင်ဆက်ပေးမယ့် သတင်းတွေကတော့ - ပုလော မင်းထိန်ရွာထဲ လက်နက်ကြီးကျလို့ တစ်နှစ်ခွဲကလေးနဲ့မိခင်ဖြစ်သူ ဒဏ်ရာရတဲ့အကြောင်း - ဖမ်းဆီးခံထားရတဲ့ လောင်းလုံးမြို့နယ်က စစ်ဘေးရှောင်အများစု ပြန်လွတ်လာတဲ့အကြောင်း - လာမယ့်စနေ ထားဝယ်ခရိုင်တစ်ခုလုံး ဆယ်နာရီလောက် လျှပ်စစ်မီးပြတ်တောက်မယ်ဆိုတဲ့အကြောင်း - ရေဖြူမြို့နယ် ညင်းထွေးရွာနဲ့ ဇီးကျရွာကြားက လမ်းဘေးဝဲယာကို စစ်ကောင်စီတပ်က...

စစ်သားတစ်ယောက် ရာဇဝတ်မှုကျူးလွန်သောအခါ 30.03.2023

စစ်သားတွေ ရာဇဝတ်မှု ကျူးလွန်တဲ့အခါ အရပ်ဖက်တရားရုံးနဲ့ မစီရင်ဘဲ စစ်အုပ်ချုပ်ရေး တရားရုံးက ကိုင်တွယ်ကြပါတယ်။ စစ်အုပ်ချုပ်ရေး တရားရုံးရဲ့ စီရင်ချက်တွေက မျှတမှုရှိပါသလား.... တရားသူကြီး ဒေါ်ဇီးကွက်ရဲ့ ဒီဇာတ်လမ်းမှာရော ဘာတွေဖြစ်သွားပါသလဲ.........

ချိုသောမုသား (သို့မဟုတ်) အမေ့လျော့ခံ အညတြသူရဲကောင်း (သို့မဟုတ်) Jakob the Liar 30.03.2023

သေနတ်ကိုင်ထားပြီး အာဏာကိုလည်း စိုးပိုင်ထားတဲ့သူဟာ ရယ်သံတစ်ခုကို ကြောက်ရွံ့တုန်လှုပ်ခဲ့ပါတယ်။ ယေးကော့ဘ် ဟာ ဂျူးလူမျိုး အညတြလေးတစ်ယောက်ပါ။ ဒါပေမဲ့ ထိန်းသိမ်းရေးစခန်းထဲက ဂျူးတွေအတွက် မျှော်လင့်ချက်တစ်ခုကို သူ့အသက်နဲ့ရင်းပြီး ယေးဘော့ဘ်က ထွန်းညှိပေးသွားခဲ့ပါတယ်။ မြန်မာ့နွေဦးမှာရော အဲ့ဒီလို အမေ့လျော့ခံ သူရဲကောင်းတွေ၊ လူမသိ သူမသိလိုက်ဘဲ ကိုယ့်ရွာ၊ ကိုယ့်နယ်၊ ကိုယ့်ဒေသအတွက် အသက်ရင်းပေးခဲ့သူတွေ ဘယ်လောက်မျာ...

တနင်္သာရီနေ့စဉ်သတင်း အစီအစဉ် (မတ်လ ၂၉ ရက်) 29.03.2023

Dawei Watch ရဲ့ နေ့စဉ်သတင်းအစီအစဉ်အတွက် ဒီနေ့တင်ဆက်ပေးမယ့် သတင်းတွေကတော့ - NLD ပါတီနဲ့ ထားဝယ်တိုင်းရင်းသားများ ပါတီ အပါအဝင် ပါတီ ၄၀ ကို ဖျက်သိမ်းလိုက်တဲ့အကြောင်း - စစ်‌ေကာင်စီကို စစ်အသုံးစရိတ် ထောက်ပံ့ပေးနေတဲ့ PTT ကုမ္ပဏီကို သပိတ်မှောက်ဖို့ တိုက်တွန်းလိုက်တဲ့အကြောင်း - တနင်္သာရီ-မောတောင်သွားတဲ့လမ်းမှာ တိုက်ပွဲပြင်းထန်နေတဲ့ အကြောင်း - ထားဝယ်နည်းပညာတက္ကသိုလ်ကျောင်းသားနှစ်ဦး ထောင်ဒဏ် ၁၀ နှစ်စီ ချမှတ်...

ဆွေမျိုးတော်စပ်သူက သက်ငယ်မုဒိမ်း ပြုကျင့်ခြင်း 29.03.2023

သက်ငယ်မုဒိမ်းမှုတွေရဲ့ ရာခိုင်နှုန်းအများစုက မုဒိမ်းကျင့်ခံရသူနဲ့ ရင်းနှီးသိရှိသူတွေ၊ ဆွေမျိုးရင်းချာတွေ ဖြစ်တာ များပါတယ်။ ဘယ်လိုပဲ ဆွေမျိုးနီးစပ်တော်နေပေမယ့် မတရားခံရတာကို ငြိမ်ခံမနေဘဲ တိုင်တန်းမှသာ ကိုယ့်လိုခံရသူတွေ ထပ်ပေါ်မလာတော့မှာ။ ဒီဇာတ်လမ်းမှာ တူမတွေကို မုဒိမ်းပြုကျင့်ခဲ့တာ သိသွားတဲ့ အဒေါ်က ဘယ်လိုဆုံးဖြတ်မလဲ.......... ဘာတွေ ဆက်ဖြစ်မလဲ........ဆိုတာ ကြည့်ရှုလိုက်ပါဦး.......

တနင်္သာရီနေ့စဉ်သတင်း အစီအစဉ် (မတ်လ ၂၈ ရက်) 28.03.2023

Dawei Watch ရဲ့ နေ့စဉ်သတင်းအစီအစဉ်အတွက် ဒီနေ့တင်ဆက်ပေးမယ့် သတင်းတွေကတော့ - ပုလောမြို့နယ်ထဲ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ် တိုက်ခိုက်ခံရတဲ့အကြောင်း - မသေကျေးရွာအုပ်စုက ပျူစောထီးခေါင်းဆောင်နဲ့ ဒုခေါင်းဆောင်ကို ပစ်ခတ်ရှင်းလင်းခဲ့တဲ့အကြောင်း - လောင်းလုံးမြို့ပေါ် ရပ်ကွက်အုပ်ချုပ်ရေးမှူးတစ်ဦးပစ်သ တ်ခံရတဲ့အကြောင်း - ကျေးလက်‌ဒေသ ဖွံ့ဖြိုးရေးဌာနက လက်ထောက်ကြီးကြပ်ရေးမှူးတစ်ဦး ပစ်သ တ်ခံရတဲ့အကြောင်း - ထား...

သက်ငယ်မုဒိမ်းမှုကို ကျေအေးလို့ရလား 28.03.2023

ကျေးလက်ဒေသတွေမှာ မသိနားမလည်သူတွေကို ငွေကြေးပြည့်စုံသူတွေက နိုင်ထက်စီးနင်း ပြုလုပ်နေကြတဲ့ အထဲမှာ သက်ငယ်မုဒိမ်းမှုကို လျော်ကြေးပေးကျေအေးစေတာလည်း တစ်ခုအပါအဝင်ပါပဲ။ သက်ငယ်မုဒိမ်းမှုကို ကျေအေးလို့ရပါသလား..... စာရှုသူကကော ဘယ်လိုမြင်ပါသလဲ... သက်ငယ်မုဒိမ်းမှုကို တရားသူကြီး ဒေါ်ဇီးကွက်က ဘယ်လိုဆုံးဖြတ်သွားမလဲဆိုတာကို ကြည့်ရှုလိုက်ပါ။

အမေရိကန် လက်ကြီးစီးပွားရေးသမားတွေ အခက်ကြုံနေချိန်မှာ ဂလေဇာတွေက မန်ယူကို ထိထိမိမိ အသုံးချပြီး အမြတ်ထုတ်တော့မှာလား 28.03.2023

မန်ယူကို ရောင်းချလိုက်ပြီဆိုပြီး တချို့သော Page တွေက သတင်းရေးသားလာလို့ ပရိသတ်တွေက ထင်ယောင်ထင်မှား ဖြစ်နေကြရပါတယ်။ တကယ်တော့ မန်ယူကို ဝယ်ယူဖို့အတွက် ကမ်းလှမ်းမှုတွေ တိုးမြှင့်ဆောင်ရွက်ထားဆဲအဆင့်မှာသာ ရှိသေးပြီး ပိုင်ဆိုင်မှုက ဂလေဇာညီအစ်ကိုရဲ့လက်ထဲမှာသာ ရှိနေတုန်းပါပဲ။ ဒီနေရာမှာ မန်ယူကို ဂလေဇာညီအစ်ကိုတွေ ဘာကြောင့် ရောင်းချင်လာသလဲဆိုတာက စိတ်ဝင်စားစရာဖြစ်နေပါတယ်။ အမေရိကန်စီးပွားရေးဂယက်၊ ဘဏ်ပြိုလဲမှု၊ M...

တနင်္သာရီနေ့စဉ်သတင်း အစီအစဉ် (မတ်လ ၂၇ ရက်) 27.03.2023

မင်္ဂလာပါခင်ဗျား တနင်္သာရီသတင်းအစီအစဉ်ကနေ ကြိုဆိုလိုက်ပါတယ်။ ဒီအစီအစဉ်ကို Dawei Watch ဝိုင်းတော်သားတွေက စီစဉ်တင်ဆက်ထားတာပါ။ ဒီနေ့တင်ဆက်ပေးမယ့် သတင်းတွေကတော့ - NUG နဲ့ တော်လှန်ရေးကိုပံပိုးကူညီနေတဲ့ တိုင်းရင်းသားလက်နက်ကိုင်အချို့ကို ပြတ်ပြတ်သားသား အရေးယူမယ်လို့ စစ်ကောင်စီဥက္ကဌက ပြောခဲ့တဲ့အကြောင်း - ကမြောကင်းတံတားနဲ့ဘေးချင်းကပ်နေတဲ့ ထားဝယ်မြစ်ကူးတံတားအသစ်ကို စစ်ကောင်စီက ဖွင့်လှစ်တဲ့အကြောင်း - ရေဖြူမြ...

မြန်မာ့ရေးရာ 26.03.2023

မြန်မာနိုင်ငံတစ်ဝန်း ဖြစ်ပျက်နေတဲ့ အဖြစ်အပျက်တွေကို Dawei Watch ပရိတ်သတ်တွေ သိရှိစေဖို့ မြန်မာ့ရေးရာအစီအစဉ်ကို မိတ်ဆက်လိုက်ပါတယ်။ ဒီတစ်ပတ် မြန်မာ့ရေးရာအစီအစဉ်မှာတော့ မတ်လ ၁၉ ရက်ကနေ ၂၅ရက်အထိ တစ်ပတ်တာအတွင်း ဖြစ်ပျက်ခဲ့တဲ့ အဖြစ်အပျက်တွေထဲက ထူးခြားဖြစ်စဉ်တွေကို စီစဉ်တင်ဆက်ထားတာဖြစ်ပါတယ်။ ဒီအစီအစဉ်ကို အပတ်စဉ် တနင်္ဂနွေနေ့တိုင်း တင်ဆက်သွားမှာဖြစ်ပါတယ်။

တံခါးပေါက်များနဲ့ နေပြည်တော် 26.03.2023

ထားဝယ် သာဂရမြို့ဟောင်းကို ခရစ် ၇၅၁ ခုလို့ တွေ့ရတဲ့အတွက် ထိုင်းနိုင်ငံ သမိုင်းတွေအရ ဒွါရဝတီ-မွန် အကြီးအကျယ်ထွန်းကားချိန်နဲ့ တိုက်ဆိုင်နေပါတယ်။ ဒီအကြောင်းကို ယခုအပတ် Dawei Watch ‘ဓလေ့ သမိုင်း’ အစီအစဉ်မှာ တင်ဆက်ပေးလိုက်ပါတယ်။ တနင်္သာရီတိုင်းရဲ့ ခမ်းနားလှတဲ့ ရှေးဟောင်းသမိုင်းတွေ၊ စိတ်ဝင်စားဖွယ် ရိုးရာဓလေ့တွေအကြောင်းကို Dawei Watch မီဒီယာက အပတ်စဉ် ပုံမှန်တင်ဆက်ပေးနေတာပါ။ တောင်ပိုင်းသားတွေရဲ့ ခမ်းနားလှတ...

တစ်ပတ်အတွင်း တနင်္သာရီသတင်း (မတ် ၁၉ ရက်ကနေ ၂၅ ရက်နေ့အထိ) 25.03.2023

တနင်္သာရီတိုင်းထဲ တစ်ပတ်အတွင်း ဖြစ်ပျက်ခဲ့တဲ့ ထူးထူးခြားခြားသတင်းတွေကို သောတရှင်တွေ နားဆင်နိုင်ဖို့ တစ်ပတ်အတွင်းသတင်းကဏ္ဍကို တင်ဆက်လိုက်ပါတယ်။

တစ်ပတ်အတွင်း နိုင်ငံတကာရေးရာ 25.03.2023

ကမ္ဘာတစ်ဝန်းဖြစ်ပျက်နေတဲ့ အဖြစ်အပျက်များစွာကို Dawei Watch ပရိသတ်တွေ သိရှိစေဖို့ တစ်ပတ်အတွင်း နိုင်ငံတကာရေးရာ အစီအစဉ်ကို မိတ်ဆက်လိုက်ပါတယ်။ ဒီတစ်ပတ် နိုင်ငံတကာရေးရာမှာတော့ မတ် ၁၉ ရက်နေ့ကနေ ၂၅ ရက်နေ့အထိ တစ်ပတ်တာအတွင်း အဖြစ်အပျက်အချို့ကို စီစဉ်တင်ဆက်ထားတာ ဖြစ်ပါတယ်။

ကလေးတွေအပေါ် လိင်ပိုင်းဆိုင်ရာ ကျူးလွန်မှုတွေ လျော့ကျဖို့ 25.03.2023

ကလေးတွေက အပြစ်ကင်းပြီး လူတွေအကြောင်းကို သင်ယူစဖြစ်တာကြောင့် သူတို့ကို တစ်စုံတစ်ယောက်က ထိခိုက်နာကျင်အောင် လုပ်တဲ့အခါ ပြန်မပြောပြတတ်ကြပါဘူး။ ကလေးတွေ က များသောအားဖြင့် ဆွေမျိုးအရင်းအချာ၊ သူငယ်ချင်း၊ အိမ်နီးချင်းစတဲ့ ကလေးတွေနဲ့ အနီးစပ်ဆုံးမှာရှိတဲ့လူတွေရဲ့ ကျူးလွန်မှုကို ခံစားကြရပါတယ်။

တနင်္သာရီနေ့စဉ်သတင်း အစီအစဉ် (မတ်လ ၂၄ ရက်) 24.03.2023

Dawei Watch ရဲ့ နေ့စဉ်သတင်းအစီအစဉ်အတွက် ဒီနေ့တင်ဆက်ပေးမယ့် သတင်းတွေကတော့ - စစ်သင်္ဘောရှိနေသဖြင့် ကျောက်နီမော်ရွာအနီးက ငါးဖမ်းလှေတွေ ကမ်း မကပ်ရဲဘဲဖြစ်နေတဲ့အကြောင်း - တိုင်းရင်းသားအခွင့်အရေး ဖိုရမ်ကျင်းပနေတဲ့ မြိတ်မြို့ကို နေပြည်တော်က စစ်ကောင်စီအရာရှိတွေရောက်နေကြတဲ့‌အကြောင်း - လောင်းလုံးမှာ ဖမ်းခံလိုက်ရတဲ့ စစ်ဘေးရှောင်မိသားစုဝင်တွေ အဆက်အသွယ်မရဘဲ အစအနပျောက်နေတဲ့အခြေအနေ - ထားဝယ်မှာ ယပက်လက်နံပါတ် တစ်ပတ...

လိင်ပိုင်းဆိုင်ရာ ကျူးလွန်ခံရသူတွေကို ကူညီပံ့ပိုးပါ 24.03.2023

လိင်ပိုင်းဆိုင်ရာနဲ့ ကျား/မအခြေပြု အကြမ်းဖက်မှုတွေက ဘယ်သူဘယ်ဝါရယ်လို့ သတ်မှတ်ပြီးမှ ဖြစ်တာမဟုတ်ဘဲ အသက်အရွယ်၊ ကျား/မ၊ လူမျိုး၊ အပြုအမူအနေအထိုင် ဘယ်လိုပဲ ဖြစ်နေပါစေ၊ အချိန်နေရာမရွေး ကြုံတွေ့နိုင်ပါတယ်။

တနင်္သာရီနေ့စဉ်သတင်း အစီအစဉ် (မတ်လ ၂၃ ရက်) 23.03.2023

Dawei Watch ရဲ့ နေ့စဉ်သတင်းအစီအစဉ်အတွက် ဒီနေ့တင်ဆက်ပေးမယ့် သတင်းတွေကတော့ - ထားဝယ်ခရိုင် သပိတ်ကော်မတီဝင်နေအိမ် စစ်တပ်ကဝင်ရောက်ရှာဖွေပြီး ပစ္စည်းတွေယူဆောင်သွားခဲ့တဲ့အကြောင်း - လောင်းလုံးမြို့နယ်ထဲ စစ်ကောင်စီက စစ်‌‌ကြောင်းထိုးနေတဲ့ကြားက လူထုသပိတ်လှုပ်ရှားမှုပြုလုပ်ခဲ့တဲ့အကြောင်း - ထိုင်းနိုင်ငံ မဲဆောက်မြို့မှာ မြန်မာတွေနေထိုင်တဲ့ နေရာကို ထိုင်းအာဏာပိုင်တွေ ဝင်စီးပြီး မြန်မာနိုင်ငံသား ၂ ဦးကို ဖမ်းဆီးသ...

ကင်ဆာရောဂါကို အနိုင်တိုက်ပြီး ဘဝကို အရှုံးမပေးခဲ့သူ တင်းနစ်မယ်ကြီး 23.03.2023

သူ့နာမည်က မာတီနာ နတ်ဗ်ရာတီလိုဗာ။ တင်းနစ်လောကရဲ့ဂန္ထဝင် တင်းနစ်မယ်ကြီး။ လက်ရှိမှာ အသက်က ၆၆ နှစ်အရွယ် ရှိနေပါပြီ။ ပြီးခဲ့တဲ့ ဇန်နဝါရီလတုန်းက နတ်ဗ်ရာတီလိုဗာ ဟာ သူ့မှာ ကင်ဆာနှစ်ခု ရှိနေပြီဆိုတာကို ဆေးစစ်ချက်အဖြေတွေအရ သိလိုက်ရပါတယ်။ ဖြစ်နေတာက ရင်သားကင်ဆာနဲ့ လည်ချောင်းကင်ဆာ။ ဂရင်းဆလင်း ချန်ပီယံဆုပေါင်း ၅၉ ခုအထိ ရရှိခဲ့ဖူးတဲ့ ဂန္ထဝင်တင်းနစ်မယ်ကြီး နတ်ဗ်ရာတီလိုဗာ ဟာ အဲ့ဒီလို သိလိုက်ရချိန်မှာ စိတ်ဓာတ်တွေ ဗ...

Listen to the Dawei Watch Podcast podcast in Replaio

Radio and podcasts in one app - free, with no sign-up. Install today and do not miss the launch

Get it on Google Play

Replaio is not a podcast publisher; show names, artwork and audio belong to their authors and are distributed through public RSS feeds.