Dawei Watch
Dawei Watch Podcast
တနင်္သာရီတိုင်းထဲ တစ်ပတ်အတွင်း ဖြစ်ပျက်ခဲ့တဲ့ ထူးထူးခြားခြားသတင်းတွေကို သောတရှင်တွေ နားဆင်နိုင်ဖို့ တစ်ပတ်အတွင်းသတင်းကဏ္ဍကို တင်ဆက်လိုက်ပါတယ်။
Where to listen?
Podcasts in the app Replaio Radio Coming soonPodcasts are coming to the app soon. Install now and be the first to see a whole new take on podcasts
Episodes
သင်္ကြန်အကျနေ့ မောင်းမကန်ကမ်းခြေ 14.04.2023 3:36
မြန်မာနိုင်ငံရဲ့ အထင်ရှားဆုံး ကမ်းခြေတစ်ခုဖြစ်တဲ့ တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်က မောင်းမကန်ကမ်းခြေမှာလည်း သင်္ကြန်အကျနေ့ဖြစ်ပေမယ့် လာရောက်လည်ပတ်သူ နည်းပါးနေပါတယ်။
ထားဝယ်မြို့ရဲ့ သင်္ကြန်အကျနေ့ 14.04.2023 3:30
သင်္ကြန်အကျနေ့ရောက်လာပေမယ့် ထားဝယ်မြို့ထဲမှာတော့ ရေကစားသူမတွေ့ရသလို ငွေကုန်ကြေးကျခံပြီး ဆောက်ထားတဲ့ မဏ္ဍပ်တွေကလည်း ခြောက်ကပ်နေပါတယ်။ ဗဟိုမဏ္ဍပ်မှာတော့ စစ်ကောင်စီတပ်၊ ရဲ၊ ယာဉ်ထိန်းရဲတို့က လုံခြုံရေးယူပြီး သီချင်းဆိုနေတာရှိပေမယ့် ကြည့်ရူတဲ့သူကတော့ ဆယ်ဂဏန်းလောက်ပဲ ရှိတာတွေ့ရပါတယ်။
ရဲရင့်နှလုံးသား Brave Heart ဟာ မြန်မာပြည်မှာတော့ နွေဦးဖြစ်သွားခဲ့လေတယ် 13.04.2023 6:55
Dawei Watch ရဲ့ခံစားသက်ဝင် ရုပ်ရှင်အစီအစဉ်မှာ ဒုတိယမြောက်ရွေးချယ်ထားတဲ့ဇာတ်ကားကတော့ Brave Heart ပါပဲ။ ဒီအချိန် ဒီကာလမှာ ဒီဇာတ်ကားက တစ်ခုခုသောခံစားချက်ကို ပရိသတ်တွေအတွက် မမေ့နိုင်အောင် ချန်ထားရစ်ခဲ့မှာ သေချာလို့နေပါတယ်။ ကိုယ်တိုင် မခံစားဖူးရင် တချို့အဖြစ်အပျက်တွေက တကယ်ပဲ မဟုတ်သလိုလို လူတွေက ခံစားတတ်လေ့ရှိပါတယ်။ ဒါကြောင့်လည်း မယုံဘူး၊ ကြုံဖူးမှ ယုံတယ်ကွယ်လို့ ကဗျာစာချိုး ထွက်ပေါ်ခဲ့တာပါ။ ဒီဇာတ်ကားရဲ...
ဧပြီလ ၁၂ ရက် တနင်္သာရီနေ့စဉ်သတင်း အစီအစဉ် 12.04.2023 5:19
Dawei Watch က စီစဉ်တင်ဆက်နေတဲ့ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို နားဆင်ရမှာပါ။ ဒီနေ့အတွက် တင်ဆက်ပေးမယ့် သတင်းတွေကတော့ - စော်ဖျားရွာနဲ့ ပကာရီရွာတိုက်ပွဲတွေမှာ စစ်ကောင်စီတပ်ဘက်က ၂၀ ကျော်သေဆုံးခဲ့တယ်ဆိုတဲ့အကြောင်း - မြိတ်-တနင်္သာရီ လမ်းပေါ်မှာ ငါးရက်အတွင်း တိုက်ပွဲသုံးကြိမ်ဖြစ်ခဲ့တဲ့အကြောင်း - ထားဝယ်ခရိုင်သပိတ်ကော်မတီ ဦးဆောင်သူတစ်ဦးကို စစ်ကောင်စီက ဆုကြေးထုတ်လိုက်တဲ့အကြောင်း - ရေးမြို့နယ်မှာ အိမ်စီးကားတ...
အလဲထိုးစနစ်နဲ့ စိန်ခေါ်ပွဲထိုးတော့မယ့် မြန်မာ့လက်ဝှေ့ချန်ပီယံ ဒေ့ဗ်လက်ဒပ်(ခ)ဒေဝ 12.04.2023 2:59
မြန်မာ့လက်ဝှေ့ချန်ပီယံလည်းဖြစ်၊ ရိုးရာလက်ဝှေ့ ကမ္ဘာ့ချန်ပီယံလည်းဖြစ်တဲ့ ဒေ့ဗ်လက်ဒပ် ခေါ် ဒေဝ ဟာ လာမယ့်မေလ ၂၇ ရက်နေ့ကိုရောက်ရင် စိန်ခေါ်ပွဲထိုးသတ်တော့မယ်လို့ သိရပါတယ်။ အခုစိန်ခေါ်ပွဲမှာ ဒေဝ ရင်ဆိုင်ရမယ့်ပြိုင်ဘက်က ကမ္ဘောဒီးယား လက်ဝှေ့ဘုရင် ပရွမ်း ဆမ်းနန် ပါပဲ။ ပရွမ်း ဆမ်းနန် ဟာ ဒေဝအတွက် ခက်ခဲတဲ့ပြိုင်ဘက်ဖြစ်လာစရာ ရှိနေပါတယ်။ ဘာကြောင့်လဲဆိုတော့ ဆမ်းနန်က အတွေ့အကြုံရင့် လက်ဝှေ့သမား ဖြစ်နေလို့ပါပဲ။ ကစာ...
ဧပြီလ ၁၁ ရက် တနင်္သာရီနေ့စဉ်သတင်း အစီအစဉ် 11.04.2023 5:59
Dawei Watch က စီစဉ်တင်ဆက်နေတဲ့ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို နားဆင်ရမှာပါ။ ဒီနေ့အတွက် တင်ဆက်ပေးမယ့် သတင်းတွေကတော့ - - တိုက်ပွဲကြောင့်ပိတ်ထားတဲ့ မြိတ်-ဘုတ်ပြင်းလမ်းကားတွေ ပြန်လည်သွားလာနေကြတဲ့အကြောင်း - သရက်ချောင်းမြို့နယ် ကင်းရှေ့ရွာနဲ့ ကျောက်လှေကားရွာမှာ နေအိမ်တွေမီးရှို့ခံရပြီး လက်နက်ကြီးထိမှန်တာတွေလည်းရှိနေတဲ့အကြောင်း - လောင်းလုံးမြို့နယ် ပန်းတင်အင်းရွာက ဒေသခံအမျိုးသားတစ်ဦး အသ တ်ခံခဲ့ရတဲ့အကြော...
ဧပြီလ ၁၀ ရက် တနင်္သာရီနေ့စဉ်သတင်း အစီအစဉ် 10.04.2023 7:13
Dawei Watch က စီစဉ်တင်ဆက်နေတဲ့ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို နားဆင်ရမှာပါ။ ဒီနေ့အတွက် တင်ဆက်ပေးမယ့် သတင်းတွေကတော့ - သရက်ချောင်းမြို့မရဲစခန်းမှာ အချင်းချင်းပစ်ခတ်မှုဖြစ်လို့ စခန်းမှူးသေဆုံးသွားတဲ့အကြောင်း - တနင်္သာရီမြို့နယ် သိန်ခွန်းကျေးရွာစုမှာ နေအိမ်နဲ့ ဈေးဆိုင်အချို့ဖျက်ဆီးခံရပြီး ဘုရားကျောင်းလည်း လက်နက်ကြီးထိမှန်ခဲ့တဲ့အကြောင်း - ရေဖြူမြို့နယ် ကလိန်အောင်မြို့ခံအမျိုးသားနှစ်ဦး ဖမ်းဆီးခံခဲ့ရတဲ့...
သင်္ကြန်နဲ့ ထားဝယ်ရိုးရာ ရေးဇီမှန်း 09.04.2023 10:37
အတာသင်္ကြန်ကာလ ရောက်ပြီဆိုတာနဲ့ သင်္ကြန်ထမင်းလို့ခေါ်ကြတဲ့ ထားဝယ်ရိုးရာ ရေးဇီမှန်းကို သတိရကြပါတယ်။ အရင်ခေတ်က သင်္ကြန်ကျပြီဆိုရင် ရေးဇီမှန်းကို အကြီးအကျယ်လှူဒါန်းလေ့ ရှိကြပါတယ်။ ထားဝယ်ရိုးရာ ဓလေ့တွေထဲက ရေးဇီမှန်းလုပ် လှူတဲ့ဓလေ့မှာ တစ်ချိန်တုန်းကတော့ လူသိများ ထင်ရှားလှပါတယ်။ မြန်မာနိုင်ငံ တောင်ပိုင်းက ‘ဓလေ့ သမိုင်း’ တွေကို Dawei Watch မီဒီယာက ပုံမှန်တင်ဆက်ပေးနေပါတယ်။ ဒီအစီအစဉ်ကို Dawei Watch ရဲ့ You...
မြန်မာ့ရေးရာ 09.04.2023 11:12
မြန်မာနိုင်ငံတစ်ဝန်း ဖြစ်ပျက်နေတဲ့ အဖြစ်အပျက်တွေကို Dawei Watch ပရိတ်သတ်တွေ သိရှိစေဖို့ မြန်မာ့ရေးရာအစီအစဉ်ကို မိတ်ဆက်လိုက်ပါတယ်။ ဒီတစ်ပတ် မြန်မာ့ရေးရာအစီအစဉ်မှာတော့ ဧပြီလ ၂ ရက်ကနေ ဧပြီလ ၈ ရက်အထိ တစ်ပတ်တာအတွင်း ဖြစ်ပျက်ခဲ့တဲ့ အဖြစ်အပျက်တွေထဲက ထူးခြားဖြစ်စဉ်တွေကို စီစဉ်တင်ဆက်ထားတာဖြစ်ပါတယ်။ ဒီအစီအစဉ်ကို အပတ်စဉ် တနင်္ဂနွေနေ့တိုင်း တင်ဆက်သွားမှာဖြစ်ပါတယ်။
တစ်ပတ်အတွင်း တနင်္သာရီသတင်း (ဧပြီလ ၃ ရက်ကနေ ၈ ရက်နေ့အထိ) 08.04.2023 13:32
တနင်္သာရီတိုင်းထဲ တစ်ပတ်အတွင်း ဖြစ်ပျက်ခဲ့တဲ့ ထူးထူးခြားခြားသတင်းတွေကို သောတရှင်တွေ နားဆင်နိုင်ဖို့ တစ်ပတ်အတွင်းသတင်းကဏ္ဍကို တင်ဆက်လိုက်ပါတယ်။
Dawei Watch ရဲ့ ရင်ခုန်ခံစား အကောင်းဆုံးဘောလုံးပွဲစဉ်များ 08.04.2023 5:34
Dawei Watch ကနေ အပတ်စဉ် တင်ဆက်ပေးနေတဲ့ ရင်ခုန်ခံစား အကောင်းဆုံး ဘောလုံးပွဲစဉ်များ အစီအစဉ်ကနေပြီး ပြန်လည် ကြိုဆိုလိုက်ပါတယ်။ ဒီတစ်ပတ်မှာလည်း ဥရောပထိပ်သီးလိဂ်ပြိုင်ပွဲကြီးတွေမှာ အားပြိုင်မှုပြင်းထန်မယ့်ပွဲစဉ်တွေ ပါဝင်လို့နေပါတယ်။ အဲ့ဒီပွဲစဉ်တွေထဲက အကောင်းဆုံးဖြစ်နိုင်စရာ ပွဲစဉ်တွေကို ရွေးချယ်ပြီး Dawei Watch ပရိသတ်တွေအတွက် သုံးသပ်တင်ဆက်ပေးလိုက်ပါတယ်။ ပရီးမီးယားလိဂ်မှာဆိုရင် မန်ယူ - အဲဗာတန်၊ လီဗာပူး...
တစ်ပတ်အတွင်း နိုင်ငံတကာရေးရာ 08.04.2023 8:42
ကမ္ဘာတစ်ဝန်းဖြစ်ပျက်နေတဲ့ အဖြစ်အပျက်များစွာကို Dawei Watch ပရိသတ်တွေ သိရှိစေဖို့ တစ်ပတ်အတွင်း နိုင်ငံတကာရေးရာ အစီအစဉ်ကို မိတ်ဆက်လိုက်ပါတယ်။ ဒီတစ်ပတ် နိုင်ငံတကာရေးရာမှာတော့ ဧပြီလ ၁ ရက်နေ့ကနေ ၇ ရက်နေ့အထိ တစ်ပတ်တာအတွင်း အဖြစ်အပျက်အချို့ကို စီစဉ်တင်ဆက်ထားတာ ဖြစ်ပါတယ်။
ကလေးတွေအပေါ် လိင်ပိုင်းဆိုင်ရာ ကျူးလွန်မှုတွေ လျော့ကျဖို့ 08.04.2023 1:16
ကလေးတွေက အပြစ်ကင်းပြီး လူတွေအကြောင်းကို သင်ယူစဖြစ်တာကြောင့် သူတို့ကို တစ်စုံတစ်ယောက်က ထိခိုက်နာကျင်အောင် လုပ်တဲ့အခါ ပြန်မပြောပြတတ်ကြပါဘူး။ ကလေးတွေ က များသောအားဖြင့် ဆွေမျိုးအရင်းအချာ၊ သူငယ်ချင်း၊ အိမ်နီးချင်းစတဲ့ ကလေးတွေနဲ့ အနီးစပ်ဆုံးမှာရှိတဲ့လူတွေရဲ့ ကျူးလွန်မှုကို ခံစားကြရပါတယ်။
ဧပြီလ ၇ ရက် တနင်္သာရီနေ့စဉ်သတင်း အစီအစဉ် 07.04.2023 6:20
Dawei Watch က စီစဉ်တင်ဆက်နေတဲ့ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို နားဆင်ရမှာပါ။ ဒီနေ့အတွက် တင်ဆက်ပေးမယ့် သတင်းတွေကတော့ - အဖွဲ့ဝင်တစ်ဦးပစ်သ တ်ခံရပြီးတဲ့နောက် ကျောက်ရပ်ရွာကို ပျူစောထီးအဖွဲ့က ခြိမ်းခြောက်တာတွေလုပ်ဆောင်လာတဲ့အကြောင်း - တနင်္သာရီမြို့နယ်မှာ ဆိုင်ကယ်စီး လူငယ်နှစ်ဦးကို စစ်ကောင်စီတပ်က ပစ်ခတ်ခံရလို့ တစ်ဦးသေဆုံးပြီး တစ်ဦးဖမ်းဆီးခံရတဲ့အကြောင်း - မြိတ်မြို့မှာ ရေရှားတဲ့ရပ်ကွက်တွေပိုများလာလို့ ရေဂ...
လိင်ပိုင်းဆိုင်ရာ ကျူးလွန်ခံရသူတွေကို ကူညီပံ့ပိုးပါ 07.04.2023 1:06
လိင်ပိုင်းဆိုင်ရာ ကျူးလွန်ခံရသူတွေကို ကူညီပံ့ပိုးပါ ------------ လိင်ပိုင်းဆိုင်ရာနဲ့ ကျား/မအခြေပြု အကြမ်းဖက်မှုတွေက ဘယ်သူဘယ်ဝါရယ်လို့ သတ်မှတ်ပြီးမှ ဖြစ်တာမဟုတ်ဘဲ အသက်အရွယ်၊ ကျား/မ၊ လူမျိုး၊ အပြုအမူအနေအထိုင် ဘယ်လိုပဲ ဖြစ်နေပါစေ၊ အချိန်နေရာမရွေး ကြုံတွေ့နိုင်ပါတယ်။
ယူကရိန်းပြည်သူတွေအတွက် ရန်သူကို လုံးဝလက်ဆွဲနှုတ်မဆက်ဘဲ ဥပက္ခာပြုမှုနဲ့ တော်လှန်တိုက်ပွဲဝင်နေသူ တင်းနစ်မယ် 07.04.2023 4:04
ယူကရိန်းကို ရုရှားကနေ ကျူးကျော်စစ် ဆင်နွှဲနေတဲ့အကြောင်းကို အားလုံး သိနေပြီးသားပါ။ ရုရှားရဲ့ကျူးကျော်မှုတွေကို ခေါင်းငုံ့မခံဘဲ တွန်းလှန်နေသူတွေထဲမှာ ကမ္ဘာနဲ့အတူ ယူကရိန်းနိုင်ငံသူ တင်းနစ်မယ်တစ်ယောက်လည်း ပါဝင်လို့နေပါတယ်။ သူမကတော့ မာတာ ကော့စ်ယတ်ခ် ပါပဲ။ ကော့စ်ယတ်ခ်ဟာ ရုရှားတင်မကဘဲ ရုရှားဘက်က အပေါင်းအပါတွေကိုပါ သူမ တတ်နိုင်စွမ်းတဲ့ စည်းဘောင်ထဲကနေ သူမလုပ်နိုင်တဲ့အရာကို လုပ်ပြပြီး ဆန့်ကျင်လို့နေပါတယ်။ က...
အောင်လအန်ဆန်းရဲ့တပည့် တီရယ်လ်ထန် LFA ပွဲ ထိုးသတ်တော့မယ် 06.04.2023 2:27
ကိုယ်ခံပညာစုံ တိုက်ခိုက်ရေးသမားလည်းဖြစ်၊ အောင်လအန်ဆန်းရဲ့တပည့်လည်းဖြစ်တဲ့ တီရယ်လ်ထန် ဟာ ရှေ့လာမယ့် ၉ ရက်အတွင်း LFA ပွဲ ထိုးသတ်ပါတော့မယ်။ လာမယ့် ဧပြီလ ၁၄ ရက်နေ့ကိုရောက်ရင် တီရယ်လ်ထန် က LFA ဘင်တမ်ဝိတ်တန်းပွဲစဉ်အဖြစ် ဟာနန်ဒက်ဇ်နဲ့ ထိုးသတ်တော့မှာပါ။ တီရယ်လ်ထန် ဟာ One Championship ကို ကျောခိုင်းစွန့်ခွာပြီး LFA ဘက်ကို ကူးပြောင်းလာခဲ့သူ ဖြစ်ပါတယ်။ LFA ဘက်မှာ ထူးချွန်တဲ့ ကစားသမားဖြစ်လာပြီဆိုရင် အဲ့ဒီကစား...
ဧပြီလ ၆ ရက် တနင်္သာရီနေ့စဉ်သတင်း အစီအစဉ် 06.04.2023 6:32
Dawei Watch က စီစဉ်တင်ဆက်နေတဲ့ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို နားဆင်ရမှာပါ။ ဒီနေ့အတွက် တင်ဆက်ပေးမယ့် သတင်းတွေကတော့ - တနင်္သာရီတိုင်းမှာ သင်္ကြန်ကိုခမ်းခမ်းနားနားကျင်းပဖို့ စစ်ကောင်စီက ပြင်ဆင်နေတဲ့အကြောင်း - သင်္ကြန်ကာလ ထားဝယ် ရန်ကုန်အဝေးပြေးယာဉ်လိုင်းအများစုရပ်နားကြဖို့ရှိနေတဲ့အကြောင်း - နှစ်နှစ်အတွင်း တနင်္သာရီတိုင်းမှာ စစ်ကောင်စီတပ်နဲ့ KNU တို့ ထိတွေ့တိုက်ပွဲပေါင်း တစ်ရာကျော်ဖြစ်ပွားခဲ့တဲ့အကြော...
YouTube ဖန်သားပေါ်က မြန်မာတောင်ပိုင်း 06.04.2023 0:58
စစ်အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံအနှံ့မှာ ပဋိပက္ခတွေ၊ မလုံခြုံမှုတွေ၊ အခက်အခဲ အကျပ်အတည်းတွေ ဖြစ်ပေါ်နေပါတယ်။ မြန်မာနိုင်ငံတောင်ပိုင်း တနင်္သာရီတိုင်းမှာလည်း ပြည်သူလူထုဟာ ပဋိပက္ခတွေ ကြုံတွေ့နေရသလို မလုံခြုံမှုနဲ့ အထွေထွေအကျပ်အတည်းတွေကို ရင်ဆိုင်နေကြရပါတယ်။ တနင်္သာရီတိုင်းထဲမှာ ဖြစ်ပျက်နေတာတွေကို Dawei Watch မီဒီယာက အထူးအလေးပေး တင်ဆက်နေတာပါ။ Dawei Watch က တင်ဆက်နေတဲ့ နေ့စဉ် သတင်းတွေ၊ အပတ်စဉ်...
မျှတသော တရားစစ်ဆေးစီရင်ခြင်းဆိုင်ရာအခွင့်အရေးများ 06.04.2023 0:57
ကျား/မဖြစ်ခြင်း၊ အသက်၊ လူမျိုး ဒါမှမဟုတ် အပြုအမူတွေအပေါ် ခွဲခြားခြင်းမရှိဘဲ လူတိုင်းမှာ ဥပဒေရှေ့မှောက် ခြွင်းချက်မရှိ တန်းတူညီမျှစွာ ဆက်ဆံခံခွင့် ရှိပါတယ်။
ဧပြီလ ၅ ရက် တနင်္သာရီနေ့စဉ်သတင်း အစီအစဉ် 05.04.2023 6:24
Dawei Watch က စီစဉ်တင်ဆက်နေတဲ့ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို နားဆင်ရမှာပါ။ ဒီနေ့အတွက် တင်ဆက်ပေးမယ့် သတင်းတွေကတော့ - စစ်ကိုင်းတိုင်း စစ်မြေပြင်မှာ ထားဝယ်သားကိုချစ်ဝေယံဖြိုးတစ်ယောက်ကျဆုံးသွားတဲ့အကြောင်း - ကျွန်းစုမြို့နယ်မှာ ပြည်သူ့ကာကွယ်ရေးအဖွဲ့နာမည်ကိုအသုံးပြုပြီး ခြိမ်းခြောက်ငွေတောင်းခံတာတွေ ရှိတဲ့အကြောင်း - တနင်္သာရီမြို့နယ် ဘန်းလမွတ်ရွာအနီးမှာ စစ်ကောင်စီတပ်ကားမိုင်းဆွဲတိုက်ခိုက်ခံခဲ့ရတဲ့အခြေ...
လိင်ပိုင်းဆိုင်ရာစော်ကားခံရမှုမှာ နစ်နာသူကို အပြစ်ဖို့ခြင်း 05.04.2023 1:01
လိင်ပိုင်းဆိုင်ရာစော်ကားမှု ဒါမှမဟုတ် အကြမ်းဖက်မှုတွေမှာ ကျူးလွန်ခံရသူမှာ ဘယ်သောအခါမှ အပြစ်မရှိပါဘူး။ ကျူးလွန်ခံရသူ (နစ်နာသူ) အပေါ် အပြစ်တင်ခြင်း၊ ကျူးလွန်ခံရသူရဲ့အပြစ်သာ ဖြစ်ခြင်းဆိုတာတွေကို ဆန့်ကျင်တွန်းလှန်ပစ်ရပါမယ်။ လူတိုင်းမှာ အကြမ်းဖက်မှု ကင်းစင်တဲ့ ဘဝတစ်ရပ် ထူထောင်ပိုင်ခွင့်ရှိပါတယ်။
တနင်္သာရီနေ့စဉ်သတင်း အစီအစဉ် (ဧပြီလ ၄ ရက်) 04.04.2023 4:04
Dawei Watch ရဲ့ နေ့စဉ်သတင်းအစီအစဉ်အတွက် ဒီနေ့တင်ဆက်ပေးမယ့် သတင်းတွေကတော့ - ခရီးသည်တင်ကားနဲ့လိုက်လာတဲ့ အမျိုးသမီးလေးဦးနဲ့ အမျိုးသားတစ်ဦးကို ပြည်သူ့ကာကွယ်ရေးအဖွဲ့က ဖမ်းဆီးစစ်ဆေးနေတဲ့အကြောင်း - ပုလောမြို့နယ်က ဒေသခံအမျိုးသားခုနစ်ဦးကို စစ်ကောင်စီတပ်က ဖမ်းဆီးခဲ့တဲ့အခြေအနေ - မလေးရှားနိုင်ငံမှာ မဖြစ်မနေသေဒဏ်ချမှတ်တဲ့စနစ်ကိုဖယ်ရှားဖို့ မဲခွဲဆုံးဖြတ်တဲ့အကြောင်းအပါအဝင် - ရွှေဈေး အတက်အကျ အခြေအနေ စတဲ့သတင်းတွေက...
တနင်္သာရီနေ့စဉ်သတင်း အစီအစဉ် (ဧပြီလ ၃ ရက်) 03.04.2023 7:23
Dawei Watch ရဲ့ နေ့စဉ်သတင်းအစီအစဉ်အတွက် ဒီနေ့တင်ဆက်ပေးမယ့် သတင်းတွေကတော့ - စစ်ကောင်စီတပ်က လောင်းလုံးမြို့ပေါ်မှာ ပိုက်စိပ်တိုက်ရှာဖွေပြီး ဖမ်းဆီးနေတဲ့အကြောင်း - မြိတ်-ဘုတ်ပြင်း ပြည်ထောင်စုလမ်းကို ပိတ်ထားလိုက်ပြီလို့ အရေးပေါ်ထုတ်ပြန်တဲ့အကြောင်း - ထိုင်း-မြန်မာနယ်စပ်သွားတဲ့ မောတောင်လမ်းမှာ နှစ်ရက်တာအတွင်း တိုက်ပွဲလေးကြိမ်အထိ ဖြစ်ခဲ့တဲ့အကြောင်း - တနင်္သာရီမြို့နယ်က စစ်ကောင်စီတပ်ရဲ့ ရေဖြူဗျူဟာကုန်းကို...
ပုလော ကုလားကျားပွဲနှင့် အိန္ဒိယ ပူလီ ကာလီပွဲ 02.04.2023 11:36
ကုလားကျားပွဲကို ၁၉၂၁ ခုနှစ်တွင် ပုလောမြို့၌ စတင်ကပြခဲ့ကြသည်။ ပုလောတွင် ကပြသည့် ကျားအကမှာ မြိတ်မြို့မှ ဂေါ်ရင်ဂျီကုလားများကသည့် အကနှင့်ဆင်တူသဖြင့် မြိတ်မှတစ်ဆင့် ပုလောသို့ရောက်လာသည်ဟု ယူဆကြသည်။ ယင်းကုလားကျားအကမှာ ယခုအခါတွင် တနင်္သာရီ၊ ပုလောနှင့် မြိတ် ၃ မြို့တွင်သာ ဆက်လက်ကပြ ကြတော့သည်။ တနင်္သာရီတိုင်း၏ အဖိုးတန်လှသော ရိုးရာဓလေ့များနှင့် သမိုင်းအချက်အလက်များကို ဖော်ပြနေသည့် ‘ဓလေ့ သမိုင်း’ အစီအစဉ်ကို...
Similar podcasts
Replaio is not a podcast publisher; show names, artwork and audio belong to their authors and are distributed through public RSS feeds.