Dawei Watch

Dawei Watch Podcast

News MY ↓ 1755 episodes

တနင်္သာရီတိုင်းထဲ တစ်ပတ်အတွင်း ဖြစ်ပျက်ခဲ့တဲ့ ထူးထူးခြားခြားသတင်းတွေကို သောတရှင်တွေ နားဆင်နိုင်ဖို့ တစ်ပတ်အတွင်းသတင်းကဏ္ဍကို တင်ဆက်လိုက်ပါတယ်။

Author

Dawei Watch

Category

News

Podcast website

daweiwatch.com

Latest episode

May 25, 2026

Where to listen?

Podcasts in the app Replaio Radio Coming soon

Podcasts are coming to the app soon. Install now and be the first to see a whole new take on podcasts

Get it on Google Play Install for free Android 5M+ downloads · 4.8 rating iOS soon

Episodes

မျှတသော တရားစစ်ဆေးစီရင်ခြင်းဆိုင်ရာအခွင့်အရေးများ 23.03.2023

ကျား/မဖြစ်ခြင်း၊ အသက်၊ လူမျိုး ဒါမှမဟုတ် အပြုအမူတွေအပေါ် ခွဲခြားခြင်းမရှိဘဲ လူတိုင်းမှာ ဥပဒေရှေ့မှောက် ခြွင်းချက်မရှိ တန်းတူညီမျှစွာ ဆက်ဆံခံခွင့် ရှိပါတယ်။

တနင်္သာရီနေ့စဉ်သတင်း အစီအစဉ် (မတ်လ ၂၂ ရက်) 22.03.2023

တနင်္သာရီနေ့စဉ်သတင်း အစီအစဉ် (မတ်လ ၂၂ ရက်) Dawei Watch ရဲ့ နေ့စဉ်သတင်းအစီအစဉ်အတွက် ဒီနေ့တင်ဆက်ပေးမယ့် သတင်းတွေကတော့ - ကမြောကင်းတံတားဖွင့်ပွဲ အကြိုလေ့ကျင့်တဲ့အချိန် အနီးနားမှာ ပေါက်ကွဲမှုဖြစ်တဲ့အကြောင်း - လောင်းလုံးမြို့နယ် အောက်ကျောက်ဝပ်ရွာနဲ့ ညောပြင်ရွာ‌တွေမှာ မီးရရတဲ့နေအိမ် တစ်ရာကျော်လောက်ရှိပြီး ဒေသခံတစ်ဦးလည်ပစ်သ.တ်ခံခဲ့ရတဲ့အကြောင်း - ပုလောမြို့နယ် မင်းထိန်ရွာအနီးမှာ စစ်ကောင်စီတပ်ကား မိုင်းဆွဲတ...

လိင်ပိုင်းဆိုင်ရာစော်ကားခံရမှုမှာ နစ်နာသူကို အပြစ်ဖို့ခြင်း 22.03.2023

လိင်ပိုင်းဆိုင်ရာစော်ကားမှု ဒါမှမဟုတ် အကြမ်းဖက်မှုတွေမှာ ကျူးလွန်ခံရသူမှာ ဘယ်သောအခါမှ အပြစ်မရှိပါဘူး။ ကျူးလွန်ခံရသူ (နစ်နာသူ) အပေါ် အပြစ်တင်ခြင်း၊ ကျူးလွန်ခံရသူရဲ့အပြစ်သာ ဖြစ်ခြင်းဆိုတာတွေကို ဆန့်ကျင်တွန်းလှန်ပစ်ရပါမယ်။ လူတိုင်းမှာ အကြမ်းဖက်မှု ကင်းစင်တဲ့ ဘဝတစ်ရပ် ထူထောင်ပိုင်ခွင့်ရှိပါတယ်။

တနင်္သာရီနေ့စဉ်သတင်း အစီအစဉ် (မတ်လ ၂၁ ရက်) 21.03.2023

Dawei Watch ရဲ့ နေ့စဉ်သတင်းအစီအစဉ်အတွက် ဒီနေ့တင်ဆက်ပေးမယ့် သတင်းတွေကတော့ - လောင်းလုံးမြို့နယ် ညောပြင်ရွာနဲ့ အောက်ကျောက်ဝပ်ရွာက နေအိမ်တွေကို စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးခဲ့တဲ့အကြောင်း - စစ်ကောင်စီတပ်က ဖမ်းသွားတဲ့ မင်းထိန်ရွာသားတွေ ပြန်မလွတ်သေးတဲ့အကြောင်း - ရေဖြူမြို့နယ် မူးဒူးရွာက မိုင်တဲတာဝါတိုင် မီးရှို့ပြီး ဖြိုလှဲခံရတဲ့ အခြေအနေ - တိုက်ပွဲတွေကြောင့် မြို့ပေါ်ရွှေ့ပြောင်းသူများလာပြီး ထားဝယ်မြို...

တနင်္သာရီနေ့စဉ်သတင်း အစီအစဉ် (မတ်လ ၂၀ ရက်) 20.03.2023

Dawei Watch ရဲ့ နေ့စဉ်သတင်းအစီအစဉ်အတွက် ဒီနေ့တင်ဆက်ပေးမယ့် သတင်းတွေကတော့ - ထားဝယ်မြို့အဝင်က စစ်ကောင်စီတပ်စစ်ဆေးရေးဂိတ်မှာ ပစ်ခတ်တိုက်ခိုက်မှုတွေ ဖြစ်ပွားတဲ့အကြောင်း - လောင်းလုံးမြို့နယ် သပြေရှောင်ရွာက ရေလုပ်ငန်းတဲတွေကို စစ်ကောင်စီတပ်က မီးရှို့သွားပြီး ဆိုင်ကယ်တွေကို သိမ်းဆည်းသွားတဲ့ အခြေအနေ - စစ်ရေးတင်းမာနေတဲ့ မောတောင်နယ်စပ်ကုန်သွယ်ရေးလမ်းကို ညဖက်မသွားကြဖို့ ကော်သူးလေတပ်မတော်က သတိပေးလိုက်တဲ့အကြောင...

ထားဝယ်ဒေသမှ ရှေးဟောင်းမြေဆေးတံ 20.03.2023

ထားဝယ်ဒေသမှ ရှေးဟောင်းမြေဆေးတံ ထားဝယ်မြစ်ကမ်းတစ်လျှောက် သဲကျောက်လုပ်ငန်း လုပ်သည့်လုပ်သားများမှာ မြေဆေးတံများ မကြာခဏရလေ့ရှိသည်။ မြေဆေးတံမှာသဲများနှင့် ပွတ်တိုက်ဒဏ် အကြိမ်ကြိမ်ခံထားရမှုကြောင့် ပြောင်ချောချောဖြစ်နေသည်။ ထားဝယ်ဒေသတွင် တွေ့ရသည့် စိတ်ဝင်စားဖွယ် ရှေဟောင်းဆေးတံအကြောင်းကို ယခုအပတ် ‘ဓေလ့ သမိုင်း’ အစီအစဉ်တွင် တင်ဆက်လိုက်ပါသည်။

တစ်ပတ်အတွင်း တနင်္သာရီသတင်း (မတ် ၁၂ ရက်ကနေ ၁၉ ရက်နေ့အထိ) 19.03.2023

တနင်္သာရီတိုင်းထဲ တစ်ပတ်အတွင်း ဖြစ်ပျက်ခဲ့တဲ့ ထူးထူးခြားခြားသတင်းတွေကို သောတရှင်တွေ နားဆင်နိုင်ဖို့ တစ်ပတ်အတွင်းသတင်းကဏ္ဍကို တင်ဆက်လိုက်ပါတယ်။

တစ်ပတ်အတွင်း နိုင်ငံတကာရေးရာ 18.03.2023

ကမ္ဘာတစ်ဝန်းဖြစ်ပျက်နေတဲ့ အဖြစ်အပျက်များစွာကို Dawei Watch ပရိသတ်တွေ သိရှိစေဖို့ တစ်ပတ်အတွင်း နိုင်ငံတကာရေးရာ အစီအစဉ်ကို မိတ်ဆက်လိုက်ပါတယ်။ ဒီတစ်ပတ် နိုင်ငံတကာရေးရာမှာတော့ မတ် ၁၂ ရက်နေ့ကနေ ၁၈ ရက်နေ့အထိ တစ်ပတ်တာအတွင်း အဖြစ်အပျက်အချို့ကို စီစဉ်တင်ဆက်ထားတာ ဖြစ်ပါတယ်။

တနင်္သာရီနေ့စဉ်သတင်း အစီအစဉ် (မတ်လ ၁၇ ရက်) 17.03.2023

Dawei Watch ရဲ့ နေ့စဉ်သတင်းအစီအစဉ်အတွက် ဒီနေ့တင်ဆက်ပေးမယ့် သတင်းတွေကတော့ - - လောင်းလုံးမြို့နယ်တကြောစစ်ကြောင်းထိုးနေပြီး ဒေသခံတွေ ဖမ်းဆီး၊ ပစ်ခတ်ခံနေတဲ့အကြောင်း - သရက်ချောင်းမြို့နယ်မှာ စစ်ကောင်စီတပ်ရင်းတွေကိုဆက်သွယ်ထားတဲ့ရေပိုက်လိုင်း မိုင်းခွဲခံရတဲ့အကြောင်း - ကလိန်အောင်မြို့မှာ ညဘက်လက်နက်ကြီးပစ်ခံသံတွေကြားလာနေရတာ - မြိတ်မြို့မှာ လမ်းလျှောက်နေတဲ့ လူငယ်တစ်ဦးကို ကားတိုက်ပြေးသွားတဲ့အကြောင်း - စစ်ကြေ...

တနင်္သာရီနေ့စဉ်သတင်း အစီအစဉ် (မတ်လ ၁၆ ရက်) 16.03.2023

Dawei Watch ရဲ့ နေ့စဉ်သတင်းအစီအစဉ်အတွက် ဒီနေ့တင်ဆက်ပေးမယ့် သတင်းတွေကတော့  - ရေဖြူမြို့နယ် လဝကရုံး မီးရှို့ခံရတဲ့ အခြေအနေ - ပုလောမှာ စစ်ကောင်စီတပ်တွေ နှစ်ရက်ဆက်တိုက် မိုင်းဆွဲခံရတဲ့အကြောင်း - FOEIM က ကျောင်းသားမိဘတွေ ဖမ်းဆီးခံရတဲ့သတင်းကြောင့် တနင်္သာရီတိုင်းက ကျောင်းသားမိဘ‌တွေ စိုးရိမ်နေကြတဲ့အကြောင်း - မြိတ်မှာ ချက်ကြိုးတန်းလန်းနဲ့ မွေးကင်းစကလေးတစ်ဦး စွန့်ပစ်ခံထားရတာ - ထိုင်းတောင်ပိုင်းမှာ သတ်...

တနင်္သာရီနေ့စဉ်သတင်း အစီအစဉ် (မတ်လ ၁၅ ရက်) 15.03.2023

Dawei Watch ရဲ့ နေ့စဉ်သတင်းအစီအစဉ်အတွက် ဒီနေ့တင်ဆက်ပေးမယ့် သတင်းတွေကတော့  - လောင်းလုံးမြို့နယ်က စစ်ဘေးရှောင်တွေ ကူညီတောင်းခံကြဖို့ မြို့နယ်အုပ်ချုပ်ရေးအဖွဲ့က ထုတ်ပြန်တဲ့အကြောင်း - ပုလောမြို့နယ် ကဗျာရွာအနီးမှာ တိုက်ပွဲနှစ်ကြိမ်ဖြစ်ပွားခဲ့တာ - တနင်္သာရီမြို့နယ်က အမျိုးသမီးတစ်ဦး မိုင်းနင်းမိလို့ ခြေထောက်ပြတ်သွားတဲ့အကြောင်း - စစ်ကောင်စီကကျင်းပမယ့် ရွေးကောက်ပွဲဝင်ဖို့ မှတ်ပုံတင်ထားတဲ့ပါတီ ၂၃ ပါတီရ...

တနင်္သာရီနေ့စဉ်သတင်း အစီအစဉ် (မတ်လ ၁၄ ရက်) 14.03.2023

Dawei Watch ရဲ့ နေ့စဉ်သတင်းအစီအစဉ်အတွက် ဒီနေ့တင်ဆက်ပေးမယ့် သတင်းတွေကတော့  - ရေဖြူမြို့နယ် မိကျောင်းလှောင်းရွာသားနှစ်ဦး သေနတ်နဲ့ အပစ်ခံရတဲ့အကြောင်း - မြိတ်စက်မှုဇုန်မှာ အခုရက်ပိုင်းအတွင်း လုယက်တာတွေ ဆက်တိုက်ဖြစ်လာတဲ့ အကြောင်း - မြိတ်မှာ ဘုန်းတော်ကြီးကျောင်း မုခ်ဦးပြိုကျလို့ ယာဥ်မောင်းတစ်ဦး သေဆုံးခဲ့တဲ့အကြောင်း - မြိတ်မြို့နယ်မှာ လမ်းပေါ်က နွားကိုရှောင်တိမ်းရာက ဘေးတွဲမှောက်ပြီး မောင်းသူသေဆုံးသွ...

တနင်္သာရီနေ့စဉ်သတင်း အစီအစဉ် (မတ်လ ၁၃ ရက်) 13.03.2023

Dawei Watch ရဲ့ နေ့စဉ်သတင်းအစီအစဉ်အတွက် ဒီနေ့တင်ဆက်ပေးမယ့် သတင်းတွေကတော့ - ကျောက်ဆင် ကျေးရွာ အုပ်စုကို စစ်ကောင်စီတပ် စစ်ကြောင်းထပ်ဝင်ပြီး နေအိမ်ဆယ်လုံးထက်မနည်းဖျက်ဆီးခံခဲ့ရ - ဖေဖော်ဝါရီလမှာ တနင်္သာရီတိုင်းအတွင်း စစ်ဘေးရှောင်တစ်သောင်းကျော်တိုးလာတဲ့အကြောင်း - ကျွန်းစုမှာ တိုက်ပွဲဖြစ်ထားလို့ ပြည်သူ‌တွေ ဂရုပြုသွားလာကြဖို့ တိုက်တွန်းထားတဲ့အကြောင်း - တနင်္သာရီမြို့နယ်ထဲမှာစစ်‌ကောင်စီတပ်ယာဥ်တန်းမိုင်းဆွဲ...

အစားအသောက် မဖြုန်းတီးပါနှင့် 13.03.2023

ကိုယ့် ထမင်းစား စားပွဲဝိုင်းထဲ ရောက်လာတဲ့ အစားအသောက် တစ်ခုဟာ အဆင့်ဆင့် ဖြတ်ရပါတယ်။  ကမ္ဘာကြီးမှာ စားသောက်ကုန် သုံးပုံတစ်ပုံလောက်ဟာ မစားမသောက်ရဘဲ အလဟဿ ဖြစ်သွားပါတယ်။

အရက်နဲ့ စိတ်ကျန်းမာရေး 12.03.2023

စိတ်မပြေ လက်မပျောက် -  အရက်သောက်  အသည်းကွဲလို့ ဖြစ်ဖြစ်၊ အလုပ်ပြုတ်လို့ ဖြစ်ဖြစ်၊ အခြားစိတ်ဖိစီးလို့ ဖြစ်ဖြစ် သောက်ကြ စားကြတယ်။ စိတ်ပြေလက်ပျောက် အရက်သောက်ကြတယ် လို့ ဆိုကြတယ်။ ဟုတ်ပါတယ်။ ယမကာက လူကို အိပ်ပျော်စေတယ်၊ ဘီယာလေး နည်းနည်းပါးပါးက လူကို စိတ်အပန်းဖြေစေတယ်၊ သောကတွေကနေ ခဏလေး ဝေးစေတယ်။ ဒါပေမဲ့ ပျော်လို့ သောက်တယ်၊ ပျင်းလို့ သောက်တယ်၊ သောက်ချင်လို့ သောက်တယ်ဆိုတာ ဖြစ်လာပြီဆိုရင်တော့ မပေါ...

မြိတ်မြို့မှ သင်္ချိုင်းစာနှင့် ဆင်မြူရယ်ဝှိုက် 12.03.2023

မြိတ်မြို့မှ သင်္ချိုင်းစာနှင့် ဆင်မြူရယ်ဝှိုက် ၁၉၇၇ ခုနှစ် ဆရာကြီးမြသန်းတင့်တို့ မြိတ်ကိုရောက်စဉ် ကမ်းနားလမ်းမှ ပန်းခြံလေး၏ ထောင့်တစ်နေရာတွင် မေရီပိုဗေး၏ သင်္ချိုင်းစာက သောက်ရေအိုးစင်၏ အောက်ခံခုံလေးအဖြစ်ကို ရောက်ရှိနေပြီဖြစ်သည်။ တနင်္သာရီတိုင်း၏ ရှေးဟောင်းသမိုင်းနေရာများနှင့် တန်ဖိုးထားမြတ်နိုးဖွယ် ရိုးရာဓလေ့များအကြောင်းကို Dawei Watch မီဒီယာက အပတ်စဉ် ပုံမှန်တင်ဆက်ပေးနေပါသည်။

တစ်ပတ်အတွင်း တနင်္သာရီသတင်း (မတ် ၆ ရက်ကနေ ၁၁ ရက်နေ့အထိ) 12.03.2023

တနင်္သာရီတိုင်းထဲ တစ်ပတ်အတွင်း ဖြစ်ပျက်ခဲ့တဲ့ ထူးထူးခြားခြားသတင်းတွေကို သောတရှင်တွေ နားဆင်နိုင်ဖို့ တစ်ပတ်အတွင်းသတင်းကဏ္ဍကို တင်ဆက်လိုက်ပါတယ်။

Dawei Watch ရဲ့တစ်ပတ်တာ အကောင်းဆုံးပွဲစဉ်များ ခံစားရွေးချယ်ခြင်း 11.03.2023

အခုတစ်ပတ်မှာလည်း ပွဲကြီးပွဲကောင်းတွေ အများအပြားရှိလို့နေပါတယ်။  ပြီးခဲ့တဲ့သီတင်းပတ်တုန်းက ချန်ပီယံလိဂ်နဲ့ ယူရိုပါလိဂ်ပွဲစဉ်တွေ ရှိနေသလို ရှေ့လာမယ့်သီတင်းပတ်ထဲမှာလည်း ချန်ပီယံလိဂ်နဲ့ ယူရိုပါလိဂ်ပွဲစဉ်တွေ ကစားရဖို့ ရှိနေတာကြောင့် အသင်းကြီးတွေ ပွဲဆက်များနေပါတယ်။  အခုတစ်ပတ် ယှဉ်ပြိုင်ကစားမယ့် ပွဲစဉ်တွေထဲကနေ အကောင်းဆုံးဖြစ်နိုင်တဲ့ ပွဲစဉ် ၅ ပွဲကို ရွေးချယ်ပြီး Dawei Watch ပရိသတ်တွေအတွက် တင်ဆက...

တစ်ပတ်အတွင်း နိုင်ငံတကာရေးရာ 11.03.2023

ကမ္ဘာတစ်ဝန်းဖြစ်ပျက်နေတဲ့ အဖြစ်အပျက်များစွာကို Dawei Watch ပရိသတ်တွေ သိရှိစေဖို့ တစ်ပတ်အတွင်း နိုင်ငံတကာရေးရာ အစီအစဉ်ကို မိတ်ဆက်လိုက်ပါတယ်။ ဒီတစ်ပတ် နိုင်ငံတကာရေးရာမှာတော့ မတ် ၅ ရက်နေ့ကနေ ၁၁ ရက်နေ့အထိ တစ်ပတ်တာအတွင်း အဖြစ်အပျက်အချို့ကို စီစဉ်တင်ဆက်ထားတာ ဖြစ်ပါတယ်။

တနင်္သာရီနေ့စဉ်သတင်း အစီအစဉ် (မတ်လ ၁၀ ရက်) 10.03.2023

Dawei Watch ရဲ့ နေ့စဉ်သတင်းအစီအစဉ်အတွက် ဒီနေ့တင်ဆက်ပေးမယ့် သတင်းတွေကတော့ - လောင်းလုံးမြို့နယ်က ပျူစောထီးအဖွဲ့ဝင်တွေရဲ့နေအိမ်မီးရှို့ခံရတဲ့အကြောင်း - လောင်းလုံး ကျောက်ဆင်ရွာက လင်မယားနှစ်ဦး ပစ်သတ်ခံလိုက်ရတာ - လောင်းလုံးမြို့နယ် ပညစ်ကျေးရွာကို စစ်ကောင်စီက လက်နက်ကြီးနဲ့ ပစ်ခတ်နေလို့ ဒေသခံတွေ ထွက်ပြေးနေကြရတဲ့အခြေအနေ - တနင်္သာရီမြို့နယ်မှာ လက်နက်ကြီးပစ်ခတ်ခံရလို့ ကလေးငယ်တစ်ဦးသေဆုံးပြီး ရှစ်ဦးဒဏ်ရာရရှိခဲ...

တနင်္သာရီနေ့စဉ်သတင်းအစီအစဉ် (မတ် - ၉) 09.03.2023

မင်္ဂလာပါခင်ဗျား။ တနင်္သာရီ သတင်းအစီအစဉ်ကနေ ကြိုဆိုလိုက်ပါတယ်။ ဒီအစဉ်ကို Dawei Watch ဝိုင်းတော်သားတွေက စုစည်းတင်ဆက်ထားတာပါ။ ဒီကနေ့တင်ဆက်ပေးမယ့်သတင်းတွေကတော့ - ပုလောမြို့နယ် ခန္တီကျေးရွာမှာ တိုက်ပွဲဖြစ်ပွားပြီး နေအိမ်မီးရှို့ခံရတာ - တနင်္သာရီမြို့နယ်မှာ ကော်သူလေးပူးပေါင်းတပ်နဲ့ စစ်ကောင်စီတို့ တိုက်ပွဲပြင်းထန်ခဲ့တာ - စရဖ သတင်းပေးတစ်‌ဦး ပစ်သတ်ခံရတဲ့အကြောင်း - သထုံမြို့မှာ လက်နက်ကြီထိလို့ ကလေးနှစ်ဦးသေ...

လေထုညစ်ညမ်းမှု 09.03.2023

၂၀၂၃ ခုနှစ် မတ်လအတွင်း ကမ္ဘာမှာ လေထု အညစ်ညမ်းဆုံး ဆယ်မြို့ထဲမှာ ရန်ကုန်လည်း ပါနေပါတယ်။ ဘင်္ဂလားဒေ့ရှ် နိုင်ငံ ဒါကာမြို့က အဆိုးဆုံး ဖြစ်နေပါတယ်။  ရန်ကုန်က အညစ်ညမ်းဆုံး ဒုတိယ လိုက်နေပြီး အဲဒီနောက် အိန္ဒိယနိုင်ငံ ဒေလီနဲ့ မွန်ဘိုင်းမြို့တွေက အစဉ်လိုက် တည်ရှိနေပါတယ်။  မြန်မာတွေ အနေများတဲ့ ချင်းမိုင် ကလည်း နံပါတ် ၆ နေရာက လိုက်နေပါတယ်။

ယနေ့(မတ် ၈ ) တနင်္သာရီသတင်း အစီအစဉ် 08.03.2023

တနင်္သာရီသတင်းအစီအစဉ်ကနေ ကြိုဆိုလိုက်ပါတယ်။ ဒီအစီအစဉ်ကို Dawei Watch ဝိုင်းတော်သားတွေက စီစဉ်တင်ဆက်ထားတာပါ။ ဒီနေ့တင်ဆက်ပေးမယ့် သတင်းတွေကတော့  - တနင်္သာရီမှာ ပြည်သူ့ကာကွယ်ရေး ရဲဘော်တစ်ဦးကျဆုံးခဲ့တဲ့အကြောင်း - လောင်းလုံးမြို့နယ် ကရင်ကြီးရွာက နေအိမ်တွေ မီးရှို့ခံနေရတဲ့ကြောင်း ‌ - ကံပေါက်မှာ ညမထွက်ရအမိန့် အချိန်တိုးသတ်မှတ်လိုက်တဲ့အကြောင်း - တနင်္သာရီတိုင်းမှာ တက္ကသိုလ်ဝင်တန်းစာမေးပွဲဖြေဆိုသူ လေးထေ...

အသွင်ကူးပြောင်းမှုဆိုင်ရာ တရားမျှတမှု 08.03.2023

အသွင်ကူးပြောင်းမှုဆိုင်ရာ တရားမျှတမှု (Transitional Justice) မှာ အပိုင်းနှစ်ပိုင်း ပါဝင်ပါတယ်။ အသွင်ကူးပြောင်းမှု (Transition) နဲ့ တရားမျှတမှု (Justice) တို့ပါ။

ယနေ့(မတ် ၇ ) တနင်္သာရီသတင်း အစီအစဉ် 07.03.2023

- မြိတ်မှာ အမျိုးသားနှစ်‌ယောက် ဆိုင်ကယ်အတူစီးရင် ၁၅ ရက်ကြာ ဆိုင်ကယ်သိမ်းဆည်းခံနေရတဲ့အကြောင်း - လက်နက်ကိုင်တစ်စုက ဖမ်းခေါ်သွားတဲ့ ဇဟာရွာသားတစ်ယောက် သေနတ်ဒဏ်ရာတွေနဲ့ အလောင်းစွန့်ပစ်ခံထားရတဲ့အကြောင်း - ဆောက်လုပ်ရေးဝန်ထမ်း‌တွေလိုက်ပါလာတဲ့ကားတစ်စီးကို စစ်ကောင်စီတပ်က ပစ်ခတ်ခဲ့တဲ့အကြောင်း - ကော့သောင်း ရနောင်းနယ်စပ်ဂိတ်ကို ဒီနေ့စဖွင့်လိုက်‌ပေမယ့်သွားလာသူနည်းပါးနေတဲ့အကြောင်း - ပုလောမှာ ကွမ်းသီးခြံ မီးရှို့...

Listen to the Dawei Watch Podcast podcast in Replaio

Radio and podcasts in one app - free, with no sign-up. Install today and do not miss the launch

Get it on Google Play

Replaio is not a podcast publisher; show names, artwork and audio belong to their authors and are distributed through public RSS feeds.