BurmaPodcastNetwork
ဥာဏ်သူပုန် ရေဒီယို
တောထဲ တောင်ထဲမှာ ဆင်းရဲ ပင်ပန်ကြီးစွာ ဖြတ်သန်းခဲ့ကြ ဖြတ်သန်းနေကြဆဲဖြစ်တဲ့ လူငယ်များစွာ သည် ခေတ်ကြီးရဲ့ အရွေ့ကို တွန်းပို့ဖို့ ဥာဏ်သူပုန်ထခဲ့ကြသော မိတ်ဆွေများဖြစ်ပါတယ် ။ ထို မိတ်ဆွေတွေ ကျင်လည် ကျွမ်းကျင်ရာ အင်တာနက် ကမ္ဘာ ၊ စာအုပ် စာတမ်းတွေ ၊ တက္ကသိုလ်တွေကို ကျောခိုင်းပြီး တွေးခြင်း ခေါ်ခြင်း အမှု နဲ့ မေးခွန်းထုတ်ခြင်းကို မကျင့်သုံးနိုင်ကြတဲ့ ကာလတွေမှာ လွတ်သွားသော ကွက်လပ်များအား ဝင်ရောက်ဖြည့်စွက် ဥာဏ်သူပုန် ထရခြင်းဖြစ်ပါတယ်။မြန်မာပြည်ကြီး မှ ချစ်ခင်ရသော ဥာဏ်သူပုန် မိတ်ဆွေများ ရေဒီယို နားဆင်ရင်း တဒင်္ဂဂယ်ပေါက်များ ရှာဖွေ့နိုင်ကြပါစေဗျာ
Author
BurmaPodcastNetwork
Category
Podcast website
Latest episode
Apr 16, 2026
Where to listen?
Podcasts in the app Replaio Radio Coming soonPodcasts are coming to the app soon. Install now and be the first to see a whole new take on podcasts
Episodes
အိမ်တွင်းပုန်းသင်္ကြန် 16.04.2026 1:01:05
မြန်မာပြည်ဖွားတွေဟာ မြန်မာ့ဂီတနဲ့ ဘယ်လိုမှ မကင်းနိုင်ပါဘူး။ ပျင်းတွဲ့တွဲ့ကြီး မကြိုက်ဘူး၊ အိပ်ငိုက်တယ်၊ နားညည်းတယ်ဆိုရင်တောင် သူများဖွင့်ထားတာကနေ ကြားကြရပါတယ်။ ဒီလိုနဲ့ နားထဲမှာ လာစွဲနေတော့တာပါပဲ။ ဟိုးရှေးက မဟာဂီတသီချင်းတွေ၊ နှောင်းခေတ်ကာလပေါ်တေးတွေနဲ့ လက်ရှိ ရီမစ်၊ ဖြူးရှင်းတွေ လုပ်ကြတဲ့ ခေတ်တွေအထိ မြန်မာ့ဂီတသံမျိုးစုံက ဒီတိုင်းပြည်ထဲ မှီတင်းနေကြသူတွေအပေါ် လွှမ်းမိုးမှုရှိတယ်။ ဥပမာ မနက်ပိုင်းမင်္...
အရင်းစစ်တော့ အမြစ်ဘယ်က 28.02.2026 16:12
Season 3 ဉာဏ်သူပုန် အပိုင်းသစ် ဉာဏ်သူပုန်ရဲ့ ဖေဖော်ဝါရီအမီတင်ဆက်တဲ့အပိုင်း ဖြစ်ပါတယ်။ နှစ်ကူးမှာ မင်္ဂလာယူဆဲဆဲလူထုကို အမင်္ဂလာနဲ့အနိဌာရုံတွေပဲ ဖြစ်စေခဲ့တဲ့ကာလအစကို စပ်စုလှတဲ့မောင်ရင်က တစ်စွန်းတစ်စ လှစ်ဟပြမှာပါ။ တကယ်လို့သင်ဟာ မှန်စီရွှေချထားတဲ့နံရံကြီးတစ်ခုကို မျက်နှာမူနေရင် ကွဲပြားလှတဲ့ ဘဝမှန်ကူကွက်တွေထဲက ကိုယ်စိုက်ကြည့်လိုက်တဲ့မှန်ကွက်ကိုပဲ မြင်ရသလိုမျိုး မောင်ရင်မြင်ခဲ့ရတဲ့ ဇာတ်ကွက်တစ်ချို့ကို ထ...
နားငြီးနိုင်ငံရေး 03.01.2026 18:29
Season 3 လူတွေဟာ မိမိတို့ဘဝကို စတေးပြီးတော့ နိုင်ငံရေးတွေလုပ်နေရတာ ကြာမြင့်လှပြီဖြစ်ပါတယ်။ အထူးသဖြင့် မြန်မာလူထုမှာ ပိုကြာပါတယ်။ မျိုးဆက်အသီးသီးကလည်း နားငြီးလှပြီ၊ ဒီအဆင့်ကိုကျော်လွန်ပြီး ကိုယ့်ကံကြမ္မာ ကိုယ်ဖန်တီးဖို့၊ လွတ်လပ်စွာ ဖန်တီးနေထိုင် အသက်ရှင်ဖို့ဆိုတဲ့ မျှော်လင့်ချက်ကြောင့် မျိုးဆက်အသီးသီးလက်ဆင့်ကမ်းပြီး လွတ်မြောက်ရေးခရီးရှည်ကို ချီတက်နေကြတာပေါ့။ လွတ်လပ်မှုဆိုတာ လူတွေရဲ့ ပန်းတိုင်အနေနဲ့...
ဝန်ထမ်းဘဝအက်ဆေးတချို့ 18.10.2025 20:36
Season 2 အရင်လတွေမှာ BPN ရဲ့ ဉာဏ်သူပုန်မောင်ရင်တစ်ယောက် နေထိုင်မကောင်းတာနဲ့ သူ့ရဲ့ဝန်ထမ်းလောကအကြောင်း အပိုင်းဆက်မတင်နိုင်သေးဘဲ သူအရင်ကပြောခဲ့တဲ့ အပိုင်း တစ်ခုတင်ခဲ့ပါတယ်။ ဒီတစ်ခေါက်မှာတော့ ဝန်ထမ်းလောကရဲ့ နောက်ထပ်ဇာတ်လမ်းတိုလေး ခပ်များများနဲ့ ဉာဏ်သူပုန်နောက်တစ်ပိုင်းလာပါပြီ။ ၂၀၀၀ ခုနှစ်ဝန်းကျင်ကနေ ၂၀၂၁ ထိ သူကျင်လည်မြင်တွေ့ခဲ့ရတဲ့ စစ်တပ်နဲ့ ဌာနဆိုင်ရာ ဝန်ထမ်းဘဝတွေအပြင် သူကိုယ်တိုင်တိုက်ရိုက်ကြုံတွေ့...
ဒဏ်ကြေအောင်ဂျင်းအုံခြင်း 16.08.2025 11:48
Season 2 မြန်မာပြည်မှာ ဘာသာလူမျိုး ခေါင်းစဉ်အောက်က အဆင်ခြင်မဲ့ရာဇဝတ်မှုများ နေ့စဉ်ဖြစ်ပွားနေသည်။ ထိုကိစ္စသည် ခုမှဖြစ်နေခြင်းမဟုတ်။ စစ်အာဏာရှင်များကို သက်ဆိုးရှည်စေသည့်အကြောင်းရင်း တစ်ခုမှာလည်း ဘာသာလူမျိုးရေးအရေကို မသူတော်တို့က တစ်ကျိတ်တည်း တစ်ဉာဏ်တည်းခြုံကြခြင်းကြောင့်ဖြစ်သည်။ ယခုတင်သောအပိုင်းသည် ဉာဏ်သူပုန်ပေါ့ဒ်ကတ်စ်၏ "အသစ်တင်အဟောင်းပိုင်း" ဖြစ်ပါသည်။ အဟောင်းဆိုသော်လည်း ယခင်ပလက်ဖောင်းအ...
ဂုဏ်သရေရှိလူကြီးမင်းများခင်ဗျား 02.08.2025 13:38
Season 2 ဘာပွဲလုပ်လုပ် ရှေ့ဆုံးတန်းကနေ ပွဲတိုင်းကျော် အခန့်သားထိုင်ခုံချပေးထားရတဲ့ ဌာနဆိုင်ရာဂုဏ်သရေရှိလူကြီးမင်းများရှိပါတယ်။ အဲ့ဒီလူကြီးမင်းဆိုသူတွေကနေ လမ်းဘေးမှာအော်ဟစ်နေကြတဲ့ ယစ်ထုပ်လူကြီးမင်းတွေအထိ သူတို့ရဲ့ဂုဏ်သရေဆိုတာကြီးကို ထုံးစံအတိုင်း ဉာဏ်သူပုန်ထထားပါတယ်။ ဒီအပိုင်းကနေ နောက်ထပ်အပိုင်းတချို့အတွင်း မြန်မာပြည်က ဝန်ထမ်းလောကနဲ့ ပတ်သက်တဲ့ ကိစ္စတွေကို ကြားသိကြရမှာ ဖြစ်ပါတယ်။ တချိန်က ပြည်သူတွေကိ...
ကိုယ်ကိုးကွယ်တိုင်း အကောင်းဆုံးလား? 07.06.2025 15:06
Season 2 အပိုင်းသစ် မတင်သေးဘူးလားလို့ အမေးများနေတဲ့ ဉာဏ်သူပုန် မိတ်ဆွေများ ခင်ဗျာ ဒီတစ်ပတ်မှာတော့ လက်ရှိခေတ်ရဲ့ ဘာသာရေးဓလေ့တွေနဲ့ မောင်ရင်တို့ကို ချုပ်ခြယ်မောင်းသွင်းခဲ့ကြတဲ့အကြောင်းအရာတွေ၊ မိရိုးဖလာလုပ်လာတာ မဖျက်ကောင်းဘူးဆိုပြီး ရပ်တန့်နေရတဲ့ အကြောင်းတွေကို ဉာဏ်သူပုန်ထထားပါတယ်။ နောက်ပြီးတော့ လူကြီးတွေနဲ့ ဘာသာရေး အကြောင်းကို မျက်ခွက်ပြောင် ပြောမိလို့ မောင်ရင် ကြုံတွေ့ခဲ့ရတဲ့ အကြောင်းလေးတွေကိုပါ မျ...
Special_EP: ဉာဏ်သူပုန်ရဲ့ နှစ်ဦးဂီတလက်ဆောင် 16.04.2025 25:04
Season 2 ပြီးခဲ့တဲ့ သင်္ကြန်အကျနေ့က Fmaj7 မှ ကိုမာကျူရီရဲ့ "သင်္ကြန်သီချင်းများ" Podcast ကို နားထောင်ခဲ့ကြတာ ကြိုက်နှစ်သက်မယ်မျှော်လင့်ပါတယ်။ ဒီနေ့အတွက်ကတော့ ဉာဏ်သူပုန် ဗားရှင်းပေါ့။ သင်္ကြန်ယဥ်ကျေးမှု၊ ဂီတ၊ သံချပ်နဲ့ ရခိုင်ရိုးရာ သင်္ကြန်ပွဲတော်တွေအထိ နားထောင်သူတွေ လိုက်ပါခံစားနိုင်မှာဖြစ်ပါတယ်။ မိတ်ဆွေတို့ သင်္ကြန်မှာ ရေကစားဖို့ အခွင့်မသာရင်တောင် သင်္ကြန်အငွေ့အသက်လေး ရနိုင်ဖို့ ဉာဏ်သူ...
စာကြည့်တိုက် နဲ့ AI 05.04.2025 19:09
Season 2 ဉာဏ်သူပုန်မိတ်ဆွေတွေအားလုံး အကြပ်အတည်းကာလမှာ တဒင်္ဂဂယ်ပေါက်တွေတွေ့ပြီး ဖြေသာနိုင်ကြပါစေလို့ မောင်ရင်က နှုတ်ခွန်းဆက်လိုက်ပါတယ်။"သိပ္ပံကို စိတ်ဝင်စားတဲ့ ကလေးတွေဟာ လက်တွေ့ဘဝ စာသင်ခန်းထဲမှာတော့ အဲ့လိုမဟုတ်နေပါဘူး။ မောင်ရင်တို့ လီပေါင်းတွေကို ဘုန်းကြီးစာကျက်သလိုကျက်ခဲ့ရတာ။ ပြီးတော့ ၁၁ ၁၁ လီနဲ့ ၁၁ ၁၂ လီဆို ဝါးတားတားပဲ။ ခုနေခါ လီပေါင်းဖြောင့်အောင်ဆိုတတ်တာတောင် ကိုယ့်ကိုယ်ကိုကျေးဇူးတင်နေရတဲ့...
သက်ရှိဥာဏ်သူပုန် ဗားရှင်း ၂၀၂၄ 01.02.2025 23:00
Season 2 "ဒီအာဏာသိမ်းမှု ၄ နှစ်ရှိသွားတဲ့ကိစ္စကို ဘယ်လိုခေါင်းစဉ်တပ်မလဲ စဉ်းစားရတာ အတော်ခွကျတဲ့ကိစ္စပါ။ ဖေဖော်ဝါရီ ၁ ရက်နေ့ ရောက်တိုင်း စစ်အာဏာသိမ်းမှုနဲ့ ပတ်သက်ပြီး စည်းရုံးဆော်ဩတာတွေ လုပ်တဲ့အခါ ဘယ်လို ခေါင်းစဉ်တပ်ရမလဲ စဉ်းစားရတာက အလွန်ခွကျကြောင်း ဒီထဲမှာ ပါဝင်နေသူတိုင်း ကြုံကြရပါတယ်။ ဟုတ်တယ်လေ… အာဏာသိမ်း ၄ နှစ်ပြည့်လား၊ အာဏာသိမ်း နှစ်ပတ်လည်လား၊ အာဏာသိမ်း ရတုလား ဘာလား၊ ဒီကိစ္စဟာအနိဌာရုံကိစ္စ...
မိန်းမဆိုရင် ထမ်းပိုးနဲ့ရိုက် 07.12.2024 21:03
Season 1 မိန်းမတွေရဲ့ အခွင့်အရေးကို မသိအမှတ်မပြုတာဟာ မိန်းမတွေကို လူလို့အသိအမှတ်မပြုတဲ့ အတွေးအခေါ်ပဲ ဖြစ်ပါတယ်။ လူ့အဖွဲ့အစည်းရဲ့ ဖွံ့ဖြိုးတိုးတက်မှု၊ ယဉ်ကျေးမှုရေးရာ ကိစ္စတွေ အားလုံးဟာ မိန်းမတွေနဲ့လည်း အကျုံးဝင်တယ်လို့ မောင်ရင်က ဆိုထားပါတယ်။တော်လှန်ရေးကာလအတွင်း ကျဆုံးခဲ့ရတဲ့ မီရာဘာညီအစ်မတွေအတွက် နိုဝင်ဘာလ (၂၅) ရက်နေ့ကို အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ပပျောက်ရေးနေ့အဖြစ် ကုလသမဂ္ဂက သတ်မှတ်ခဲ့ပါတယ်။...
ယာနားနီးချင်းဆွေမျိုးရင်း 03.11.2024 25:45
Season 1 🔊 အပိုင်းသစ်မှာ ထိုင်း-မြန်မာ ဆက်ဆံရေးနှင့် မြန်မာပြည်၏ အရေးပေါ်အခြေအနေကို ဖြေရှင်းရန် အာဆီယံ၏ အခန်းကဏ္ဍကို ဉာဏ်သူပုန် Podcast Host - မောင်ရင်မှ အတွေးချဲ့ထွင်ဆွေးနွေးထားပါတယ်။ 🇹🇭🇲🇲 အဓိကမေးခွန်းတွေက အာဆီယံ ဘယ်လောက် တာဝန်ယူမှုရှိသလဲ? ထိုင်း-မြန်မာ ဆက်ဆံရေး အကောင်းထက် အဆိုးဘက်ဦးတည်နေသလား? အထောက်ထားမဲ့ မြန်မာနိုင်ငံသားများရဲ့ ရုန်းကန်မှုတွေဘယ်တော့ ရပ်တန့်နိုင်မလဲ? 🎧မိတ်ဆွေများ နားဆင်နို...
သဘာဝဘေးမှတ်စု 28.09.2024 19:35
Season 1 ယာဂီတိုင်ဖွန်းမုန်တိုင်းကြောင့် မြန်မာဟာ မူရင်းစွဲရှိတဲ့ ဒုက္ခတွေရဲ့ စံချိန်ကိုကျော်လွန်ပြီး လူဦးရေရဲ့ ၃ ပုံ ၁ ပုံဖြစ်တဲ့ ပြည်သူ ၁၈ သန်းကျော်က အကူအညီလိုအပ်နေတဲ့ ဘဝကို ရောက်နေပါတယ်။ ဒီလိုရေကြီး၊ မြေပြို၊ မုန်တိုင်းတိုက်၊ မိုးခေါင်၊ မိုးကြီး၊ အပူလိုင်းဖြတ် စတဲ့ဘေးတွေဟာ မောင်ရင်တို့ ခေတ်သစ်ကမ္ဘာရဲ့ သာမန်နေ့တွေပါပဲ All friend ဆိုတဲ့သဘောတွေ ဖြစ်လာမှာမို့ ဒါတွေနဲ့ လိုက်လျောညီထွေ နေသားကျအောင် ကြ...
ရေဘေးသင့်ခြင်း 19.09.2024 6:00
Special Episode ရေဘေးသင့်ခြင်း ----------------- မုန်တိုင်းက အခြားနိုင်ငံတွေကိုလည်း ဖြတ်သွားပေမယ့် အနှစ် ၆၀ကျော် အကုသိုလ်တွေကတော့ ကမ္ဘာပေါ်က မြေနိမ့်ရာ နိုင်ငံတစ်ခုဆီကိုပဲ စုပြုံပြီး စီးဝင်လာတယ် ။ ငါတို့ရဲ့ အတိတ်ကံကတော့ မဆလနဲ့ နဝတခေတ်ဖြစ်ပြီး ၂၀၀၈မှာကတည်းက ငါတို့ တခါသေဖူးပြီးသား ။ ငယ်ငယ်တုန်းက မြန်မာ့ရုပ်မြင်သံကြားထဲမှာတော့ ရေက တခါမှ မကြီးခဲ့ဖူးသလိုပဲ ၊ မရှိတော့တဲ့ ဒီရေတောနဲ့ သစ်တောတွေကို စေတီအဆူဆ...
သိုက်ကြိုးဖြတ်ရင် တကယ်ပြတ်လား။ 12.08.2024 16:12
Season 1 မြန်မာ့လူ့အဖွဲ့စည်းမှာ "အောင် လံ ထူ စစ် သူ ကြီး ပွဲ" ဆိုပြီး တတွတ်တွတ်ရွတ်ကြတဲ့ မဟာဘုတ်ဗေဒင်အရ သိုက်ဖွားလို့ သတ်မှတ်ခံရသူတွေကို သိုက်က လာခေါ်တတ်တယ်လို့ ပြောကြတယ်။ တကယ့်သိုက်ဖွားအဟောမှာ ဒါတွေမပါပေမဲ့ လုပ်စားတွေရဲ့ အဟောမှာ သိုက်ကလာမခေါ်ချင်ရင် သိုက်ကြိုးဖြတ်ပေးရတယ်လို့ ဆိုကြတယ်။ ဒီအပိုင်းမှာ သိုက်ကြိုးဖြတ်ဖူးတဲ့ မောင်ရင့် အတွေ့အကြုံတချို့ကို ဖောက်သည်ချထားပါတယ်။ ပြီးတော့ လူတကာသတ်မှတ်တဲ့...
နှစ်ပြန်ကြော်သာ အမိ နှစ်ပြန်ကြော်သာ အဖ 28.07.2024 12:10
Season 1 ကိုယ့်လူတို့ရေ ဒီတိုင်းပြည်က လူငယ်မှန်ရင် နှစ်ပြန်ကြော်ကိုတော့ ဖြတ်သန်းဖူးတာပဲလို့ မောင်ရင်က ဆိုပါတယ်။ မိတ်ဆွေတို့ရော မောင်ရင်နဲ့ အတွေးသဘောထားချင်း ထပ်တူကျရဲ့လား။ လူငယ်တွေ၊ အခြေခံလူတန်းစားတွေအတွက် ပေါင်းကူးတံတားလို ဖြစ်နေတဲ့ နှစ်ပြန်ကြော်ဋီကာကို မောင်ရင်က ဉာဏ်သူပုန် ထ ထားပါတယ်။ Burma Podcast Network ကနေ နယ်ပယ်စုံ အကြောင်းအရာစုံတို့ကို မိတ်ဆွေတို့အတွက် အားကျိုးတက်ဖွယ် တင်ဆက်နေပါတယ်။ Burma...
အယ်ဖရက်နိုဘယ် မှသည် အောင်ဆန်းစုကြည် 19.06.2024 15:10
Season 1 ၁၉၄၅ ခုနှစ် ဇွန်လ ၁၉ ရက်နေ့မှာ မြန်မာမြေမှာ နိုဘယ်ဆုရှင်တစ်ဦး မွေးဖွားခဲ့ပါတယ်။အဆိုပါ ရှားရှားပါးပါး မြန်မာပြည်က အာဂအမျိုးသမီးကြီးတစ်ဦးရဲ့ (၇၉) နှစ်ပြည့် မွေးနေ့အကြောင်းပြုပြီး နိုဘယ်ဆုရှင်တွေအကြောင်းကို မောင်ရင်က ဉာဏ်သူပုန်ထလိုက်ရပါတယ်။ Burma Podcast Network မှ ထုတ်လွှင့်ထားသော Podcast များကို နားဆင်နိုင်ရန် https://linktr.ee/burmapodcastnetwork
သိန်းဖေ၊ မောင်ရင် ပြောသည့် Podcastဆိုသည်မှာ 30.01.2024 28:52
Season 1 Burma Podcast Network ဆိုတဲ့ မြန်မာပြည်ရဲ့ ပထမဆုံးသော Podcast Network ပေါ်ပေါက်လာဖို့ အားထုတ်ခဲ့ကြတဲ့ မောင်ရင်နဲ့သိန်းဖေ ဆိုတဲ့ လူငယ်နှစ်ယောက် အာထုကြတဲ့ အပိုင်းဖြစ်ပါတယ်။ ဒီအပိုင်းမှာ မြန်မာပြည်ရဲ့ ရှေးယခင်ထဲက ဆရာကြီးဦးဂုဏ်မာန်တို့၊ ဦးသုမောင်၊ ဦးဝင်ဖေအစရှိတဲ့ ဆရာကြီးများကစလို့ ယနေ့ခေတ် ဉာဏ်သူပုန်၊ ကိုကျားပေါက်၊ စကားမစပ်၊ ဦးငြိမ်းဝေ အစရှိတဲ့ Podcasters များအကြောင်း ဉာဏ်မှီသလောက် ဆွေး...
Special_Ep: ဆူးများကို ထွင်နှုတ်ခြင်း အပိုင်း ၂ 17.01.2024 30:55
Season 1 ကြာရှည်သွားတဲ့ မပြေလည်မှုတွေမှာ မိတ်ဆွေတို့ ထုံသွားကြပြီလား။ အမှန်တရားအတွက် တိုက်ပွဲဝင်နေရတဲ့ ခင်ဗျားတို့ ကျွန်တော်တို့ မိတ်ဆွေလူငယ်တွေ၊ ပညာတတ်ချစ်စရာ လူသားတွေကို စစ်ပွဲတွေက ဘယ်လို ပြောင်းလဲပစ်လိုက်မလဲ။ ဘယ်အချိန် နှုတ်ဆက်သွားရမလဲမသိတဲ့ စိတ်တွေနဲ့ ကျုပ်တို့ ဘယ်လို ရှေ့ဆက်ကြမလဲ။ လေးလေးပင်ပင်နဲ့ပဲ Season 1 ကို နှုတ်ဆက်လိုက်ပါတယ်။ ဉာဏ်သူပုန်ထ နိုင်ကြပါစေ။ Burma Podcast Network မှ ထုတ်လွှင့်ထာ...
Special_Ep: ဆူးများကို ထွင်နှုတ်ခြင်း အပိုင်း ၁ 15.01.2024 31:10
Season 1 အိပ်ပျော်ရဲ့လား မိတ်ဆွေ၊ စိတ်ပျော်ရဲ့လား မိတ်ဆွေ။ ကျွန်တော်တို့ ဉာဏ်သူပုန် မိတ်ဆွေတွေလည်း တွေးရင်း ရုန်းကန်ရင်း ဒီခေတ်ပျက်ကြီးကို လှော်ခတ်လျှက်ရှိပါတယ်။ မောင်ရင်နဲ့သိန်းဖေက ဒီအပိုင်းမှာ ဆရာကြီး ရွှေဥဒေါင်း စကားဖြစ်တဲ့ ဆူးလေးတွေ စိတ်မှာ တစ်ချောင်းပြီး တစ်ချောင်း စိုက်ခဲ့တဲ့အကြောင်းကို ချဲ့ကား ဉာဏ်သူပုန်ထကြတာလေး နားဆင်ကြပါဦး။ Burma Podcast Network မှ ထုတ်လွှင့်ထားသော Podcast များကို နားဆင်န...
သရော်တဲ့ ယဥ်ကျေးမှု 12.01.2024 14:40
Season 1 ဒီနှစ်ကတော့ ၂၀၂၄ ဖြစ်နေပါပြီ။ ၂၀၂၁ ရဲ့ အကျည်းတန် နေ့ရက်တွေထဲက ချစ်စရာလူထုလှုပ်ရှားမှုတွေ မှိုလိုပေါက်ခဲ့ပါတယ်။ Gen Z ဆိုတဲ့မျိုးဆက်ဟာ နှစ် ၇၀ Standard Army ဆိုတဲ့ ဖက်ဆစ် စစ်တပ်ကြီးကို တော်လှန်သရော်ခဲ့ကြသူများ ဖြစ်ပါတယ်။ ဖက်ဆစ်စစ်တပ်က လူရမ်းကားတွေကို "မင်းတို့ ကောင်တွေ လက်နက်ချ မဟုတ်ရင် မူစကူးဒူးတွေ ဖြစ်ကုန်မယ်" လို့ အော်ခဲ့ကြတဲ့ သရော်တတ်သော တိုင်းပြည်အတွက် ဘဝပေးနေကြတဲ့ လူငယ်တွေအကြောင်း နာ...
ငါတို့ခေတ်ရဲ့ အစုအဖွဲ့ 10.01.2024 13:33
Season 1 ပါဝါရိန်းဂျားတောင် လူဆိုးကိုနိုင်ဖို့ ပေါင်းစပ် စက်ရုပ်လုပ်ပြီး ချကြရပါတယ် ဆိုတော့ အစုအဖွဲ့စိတ်က ဘယ်လောက်အရေးကြီးလဲ မိတ်ဆွေစဥ်းစားပေါ့။ ဒီအပိုင်းကတော့ ကမ္ဘာ့ဖလားဘောလုံးပွဲကျင်းပနေချိန်ကာလမှာ မောင်ရင်တစ်ယောက် ကမ္ဘာကြည့်ကြည့်ဖို့ ခေါင်းပြူကြည့်ရင်း မြန်မာနိုင်ငံကြီးမှာ အစုအဖွဲ့လိုက် ခေတ်အဆက်ဆက် ရန်ဖြစ်နေကြတာတွေ၊ စုစည်းညီညွတ်ဖို့ မဖြစ်နိုင်အောင် စစ်တပ်က သင်းခွဲသတ်ထားတာတွေ၊ မတူယဥ်တွဲနေထိုင်နိ...
ဝါသနာကို ဖျာကာမရ 08.01.2024 14:34
Season 1 ဒီအပိုင်းကတော့ ဆရာဝန်၊ စစ်ဗိုလ်၊ အင်ဂျင်နီယာ ခေတ်စားတဲ့ မြန်မာပြည်မှာ လူငယ်တွေအတွက် ဝါသနာနဲ့ အလုပ်အကိုင် ထပ်တူကျဖို့၊ ရူပဗေဒ ပညာရှင်တစ်ယောက်၊ သင်္ချာပညာရှင်တစ်ယောက်၊ ဂီတပါရဂူတစ်ယောက်ဖြစ်လာဖို့ ဘယ်လောက်ခက်ခဲမလဲဆိုတာ မိတ်ဆွေတို့နဲ့အတူ ဉာဏ်သူပုန်ထကြည့်ချင်ပါတယ်။ နားဆင်ကြပါဦးဗျာ။ Burma Podcast Network မှ ထုတ်လွှင့်ထားသော Podcast များကို နားဆင်နိုင်ရန် https://linktr.ee/burmapodcastnetwork
ဒစ်ဂျစ်တယ်လူ့အန္တများ 07.10.2023 14:56
Season 1 ဒီနေ့ကတော့ သိန်းဖေ သူပုန်ထမယ့် အလှည့်ဖြစ်ပါတယ်။ သိန်းဖေတို့လို ဝူခုန်းကားကို သူများအိမ်လှေကားခွင်မှာ တိုးဝှေ့ကြည့်ခဲ့ရတဲ့ မျိုးဆက်တွေဟာ အခုဆို ၂၉-၃၀ အရွယ်တွေ ဖြစ်လောက်ရောပေါ့။ ငါကြီးလာရင် တီဗီအပိုင်နဲ့ အဝကြည့်မယ်ဆိုတဲ့ အချိန်မှာ နိုင်ငံတော်ဆိုတာကြီးက မီးဖြတ်ချလိုက်တယ်။ လူတစ်ယောက် ဖုန်းတစ်လုံးကိုင်နိုင်ချိန်မှာ အင်တာနက်တွေ ဖြတ်တောက်ပစ်လိုက်တယ်။ လူငယ်တွေ တကယ် နှုတ်ဆိတ်သွားပြီလား? ရှေးရိုးစွ...
ငယ်ဘဝ ပညာရပ်ဝန်း 07.10.2023 30:40
Season 1 ဉာဏ်သူပုန်မိတ်ဆွေတို့ရေ..ခင်ဗျားတို့ ကျုပ်တို့ စာတတ်၊ ပညာတတ်ကြီးဖြစ်ဖို့ ကျောင်းမှာဘာတွေသင်ခဲ့ကြရလဲ? မောင်ရင်ပြောတဲ့ ငယ်ဘဝပညာရပ်ဝန်းအကြောင်း နားသောတဆင်ကြည့်ကြရအောင်ဗျို့! Spotify, Apple Podcasts နဲ့ BPN ရဲ့ YouTube Channel တွေမှာ Podcast အစအဆုံးကို နားသောတ ဆင်နိုင်ပါပြီ။ နားထောင်ပြီး သဘောကျတယ်ဆိုရင် BPN ရဲ့ Facebook နဲ့ YouTube Channel တွေကို Like, Subscribe & Share လုပ်ပေးခြင်းအားဖြင...
Similar podcasts
Replaio is not a podcast publisher; show names, artwork and audio belong to their authors and are distributed through public RSS feeds.