ဗွီအိုအေ
အသံဖိုင်များ - ဗွီအိုအေ
ဗွီအိုအေအသံလွှင့်ဌာနသည် အလယ်ပိုင်းနှင့် အရှေ့ပိုင် းဥရောပဒေသ၊ ကော့ကေးဆပ်စ်ဒေသ၊ ဗဟိုအာရှဒေသ၊ ရုရှား၊ အရှေ့အလယ်ပိုင်းနှင့် ဘော်လ်ကန်နိုင်ငံများသို့ အစီအစဉ်များ ထုတ်လွှင့်နေသည့် နိုင်ငံတကာ အသံလွှင့်ဌာနဖြစ်ပါသည်။
Koniecznie odwiedź stronę podcastu i wesprzyj twórcę: burmese.voanews.com
Gdzie słuchać?
Podcasty w aplikacji Replaio Radio Już wkrótcePodcasty trafią do aplikacji już wkrótce. Zainstaluj teraz i jako pierwszy zobacz nowe podejście do podcastów
Odcinki
သင်္ကြန်တွင်း နေရပ်ပြန်ကြမယ့် ထိုင်းရောက်ရွှေ့ပြောင်းလုပ်သားတွေ ပြန်ဝင်ခွင့်ဗီဇာတုံး ထုစရာမလို - မတ္ ၁၂, ၂၀၂၅ 12.03.2025 1:01
ထိုင်းရောက်မြန်မာ၊ ကမ္ဘောဒီးယား၊ လာအို စတဲ့ အိမ်နီးချင်းနိုင်ငံတွေက ရွှေ့ပြောင်းအလုပ်သမားတွေ ဧပြီလ ၁ ရက်ကနေ မေလ ၁၅ ရက်အကြား သင်္ကြန်မှာကိုယ့်နိုင်ငံအသီးသီးကို ပြန်ကြတဲ့အခါ ပြန်ဝင်ခွင့်ဗီဇာတုံး (Re-entry permit) ထုစရာမလိုဘူးလို့ ထိုင်း အလုပ်သမားဝန်ကြီးဌာနက မနေ့ မတ်လ ၁၁ ရက်နေ့မှာ ကြေညာပါတယ်။
အကူအညီဖြတ်တောက်မှုကြောင့် ရိုဟင်ဂျာကလေးငယ်တွေ အာဟာရချို့တဲ့မဲ့အရေး ကုလသတိပေး - မတ္ ၁၂, ၂၀၂၅ 12.03.2025 1:48
ရိုဟင်ဂျာဒုက္ခသည်သိန်းနဲ့ချီရှိနေတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံ Cox’s Bazar ဒုက္ခသည်စခန်းမှာ ကလေးငယ် တွေအာဟာရချို့တဲ့မှု အဆိုးဆုံးအခြေအနေရောက်နေပြီး နိုင်ငံတကာအကူအညီတွေ ဖြတ်တောက်ခံရရင် လူသားချင်းစာနာမှုဆိုင်ရာ ဘေးဒုက္ခဆိုးကြီးကို ရင်ဆိုင်ရနိုင်ကြောင်း ကုလကလေးများ ရံပုံငွေအဖွဲ့ UNICEF က ဒီနေ့ သတိပေးပါတယ်။
ကုလအတွင်းရေးမှူးချုပ်နဲ့ ဘင်္ဂလားဒေ့ရှ်အကြီးအကဲတို့ ရိုဟင်ဂျာဒုက္ခသည်စခန်းသွားမည် - မတ္ ၁၂, ၂၀၂၅ 12.03.2025 1:19
ကုလသမဂ္ဂ အတွင်းရေးမှုးချုပ် António Guterres ဟာ ဘင်္ဂလားဒေ့ရှ် ယာယီအစိုးရ အကြံပေး Muhammad Yunus နဲ့အတူ မတ်လ ၁၄ ရက်၊ သောကြာနေ့မှာ Cox’s Bazar မှာရှိတဲ့ ရိုဟင်ဂျာဒုက္ခသည်စခန်းတွေကို သွားရောက်မှာဖြစ်ကြောင်း Muhammad Yunus ရဲ့ လက်ထောက် ပြောခွင့်ရ Abul Kalam Azad Majumder က ပြောပါတယ်။
သံမဏိနဲ့ အလျူမီနီယံ သွင်းကုန်ခွန် တိုးတဲ့အစီအစဉ် အမေရိကန် ကုန်သွယ်ဖက်တွေတုံ့ပြန် - မတ္ ၁၂, ၂၀၂၅ 12.03.2025 1:29
အမေရိကန်ပြည်ထောင်စုက သံမဏိနဲ့ အလျူမီနီယံသွင်းကုန်တွေအပေါ် မတ်လ ၁၂ ရက်နေ့ကစလို့ ၂၅ ရာခိုင်နှုန်း အခွန်တိုးကောက်လိုက်ပြီး မဟာမိတ်နိုင်ငံတချို့အပေါ် အစောပိုင်းက ကင်းလွတ်ခွင့် ပေးထားတဲ့ အစီအစဉ်ကို အဆုံးသတ်လိုက်ပါတယ်။
၀န်ထမ်းအင်အား လျှော့ချမယ့်အစီအစဉ် ပညာရေးဝန်ကြီးဌာန ကြေညာ - မတ္ ၁၂, ၂၀၂၅ 12.03.2025 1:33
အမေရိကန်ပြည်ထေင်စုပညာရေးဝန်ကြီးဌာနအနေနဲ့ သူ့ရဲ့ဝန်ထမ်း ၁၃၀၀ ကျော်ကိုအလုပ်ကနေထုတ်ပယ်သွားမယ်လို့ အင်္ဂါနေ့တုန်းကကြေငြာပါတယ်။ ဒါဟာဝန်ထမ်း ၄၁၀၀ လောက်ရှိတဲ့ ပညာရေးဝန်ကြီးဌာနရဲ့ ထက်ဝက်နီးပါးကို လျှော့ချမယ့်အစီစဉ်ရဲ့ တစိတ်တပိုင်းဖြစ်ပါတယ်။
ယူကရိန်းအရေး ကနေဒါနိုင်ငံ G7 အစည်းအဝေးမှာ ဆွေးနွေးမည် - မတ္ ၁၂, ၂၀၂၅ 12.03.2025 1:27
G7 စက်မှုထိပ်သီး (၇) နိုင်ငံက နိုင်ငံခြားရေးဝန်ကြီးတွေ ကနေဒါနိုင်ငံ Quebec မှာ တွေ့ဆုံကြဖို့ ရှိပါတယ်။ ဒီအစည်းအဝေးအတွင်း ယူကရိန်းအပေါ် ရုရှားကျူးကျော်စစ်နဲ့ ပတ်သက်လို့လည်း ဆွေးနွေးမှာပါ။
မြန်မာဘဏ် ငွေထုတ်စက်တွေမှာ ငွေသားထုတ်ဖို့ အခက်ကြုံ - မတ္ ၁၂, ၂၀၂၅ 12.03.2025 5:22
မြန်မာနိုင်ငံဘဏ်လုပ်ငန်းတွေက ငွေထုတ်စက်တွေမှာ မကြာသေးခင်ကစလို့ ငွေသားထုတ်ယူရတာ အခက်အခဲတွေ ကြုံနေရတယ်လို့ ကိုယ်တိုင်သုံးစွဲသူတွေက ပြောပါတယ်။
KIO ဌာနချုပ် အနီး စစ်ကောင်စီ ဒရုန်းနဲ့တိုက်ခိုက် - မတ္ ၁၂, ၂၀၂၅ 12.03.2025 1:52
ကချင်တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ရဲ့ ဌာနချုပ် လိုင်ဇာမြို့အနီး စစ်ကောင်စီက ဒီကနေ့ အစောပိုင်းမှာ ဒရုန်းနဲ့တိုက်ခိုက်ခဲ့ကြောင်း KIO အဖွဲ့ ပြန်ကြားရေးတာဝန်ခံက ပြောလိုက်ပါတယ်။ လူနေရပ်ကွက်တွေအနီး တိုက်ခိုက်ခံရမှုမှာ သေကျေထိခိုက်တာတော့ မရှိဘူးလို့လည်း ပြောပါတယ်။
ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ရုရှားခရီးစဉ် ဘာတွေထူး - မတ္ ၁၂, ၂၀၂၅ 12.03.2025 11:22
အာဏာသိမ်းပြီးကတည်းက ပထမဦးဆုံး နိုင်ငံတော်အလည်အပတ် ခရီးစဉ်အဖြစ် သွားရောက်ခွင့်ရခဲ့တဲ့ စစ်ကောင်စီ အကြီးအကဲရဲ့ ရုရှားခရီးစဉ်ဟာ အနောက်နိုင်ငံတွေရဲ့ ဒဏ်ခတ်ပိတ်ဆို့မှု ခံနေရတဲ့ ရုရှား-မြန်မာ နှစ်နိုင်ငံအတွက် ဘယ်လို အကျိုးသက်ရောက်မှုတွေ ရှိနိုင်ပါသလဲ။
သမ္မတအိမ်ဖြူတော်အနီး ပစ်ခတ်မှု ရဲတပ်ဖွဲ့စုံစမ်းစစ်ဆေး - မတ္ ၁၀, ၂၀၂၅ 10.03.2025 0:52
အမေရိကန် သမ္မတအိမ်ဖြူတော်အနီး အထူးလုံခြုံရေးတပ်ဖွဲ့ Secret Service က အမျိုးသားတဦးကို မနေ့၊ တနင်္ဂနွေနေ့က ပစ်ခတ်ခဲ့တဲ့ကိစ္စကို ဝါရှင်တန်ရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးနေပါတယ်။
ရုရှား-ယူကရိန်းစစ် အဆုံးသတ်ရေးဆွေးနွေးဖို့ ကန်နိုင်ငံခြားရေးဝန်ကြီး ဆော်ဒီနိုင်ငံရောက်ရှိ - မတ္ ၁၀, ၂၀၂၅ 10.03.2025 1:07
အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Marco Rubio ဟာ ဒီနေ့ Saudi Arabia နိုင်ငံကို Jeddah မြို့ကို ရောက် သွားပြီး သမ္မတ Donald Trump ဖိအားပေးတိုက်တွန်းနေတဲ့ ရုရှား-ယူကရိန်းစစ်ပွဲ အဆုံးသတ်ရေး ဆွေးနွေးပွဲကို တက်ရောက်ဖို့ရှိပါတယ်။
အွန်လိုင်းငွေလိမ်ဂိုဏ်းက အိန္ဒိယနိုင်ငံသား (၃၀၀) နီးပါး နေရပ်ပြန်ပို့ - မတ္ ၁၀, ၂၀၂၅ 10.03.2025 1:01
မြန်မာနိုင်ငံအခြေစိုက် အွန်လိုင်းငွေလိမ်ဂိုဏ်းတွေက လွတ်မြောက်လာတဲ့ အိန္ဒိယနိုင်ငံသား (၃၀၀) နီးပါးကို ထိုင်းနိုင်ငံကတဆင့် နေရပ်ပြန်ပို့ပေးလိုက်ကြောင်း ထိုင်းတာဝန်ရှိသူတွေက ဒီကနေ့ပဲ ပြောလိုက်ပါတယ်။
ပဲ့ထိန်းဒုံးအများအပြား မြောက်ကိုရီးယား ပစ်ခတ်စမ်းသပ် - မတ္ ၁၀, ၂၀၂၅ 10.03.2025 1:17
မြောက်ကိုရီးယားက တနင်္လာနေ့မှာ ပဲ့ထိန်းဒုံးကျည်တော်တော်များများကို ပင်လယ်ထဲ ပစ်လွှတ်ခဲ့ ကြောင်း တောင်ကိုရီးယားက ပြောပါတယ်။
Podobne podcasty
Replaio nie jest wydawcą podcastów; nazwy audycji, okładki i audio należą do ich autorów i są rozpowszechniane przez publiczne kanały RSS