Padamyar FM

ဒီနေ့အတွက်စကား

နေ့စဉ်ဘဝအတွက် စိတ်ခွန်အားပေးမည့် စကားလုံးများနှင့် အတွေးအမြင်များ။

Bezoek zeker de website van de podcast en steun de maker: padamyarfm.com.mm

Auteur

Padamyar FM

Categorie

Education

Website van de podcast

padamyarfm.com.mm

Nieuwste aflevering

19 okt. 2026

Waar luisteren?

Podcasts in de app Replaio Radio Binnenkort beschikbaar

Podcasts komen binnenkort naar de app. Installeer nu en zie als eerste een compleet nieuwe kijk op podcasts

Download het op Google Play Gratis installeren Android bijna 10 mln downloads · beoordeling 4,8 iOS binnenkort

Afleveringen

Some Optimism Can Cause Toxic. 04.04.2026

လူတွေက အကောင်းမြင်ခြင်းကိုကောင်းမွန်တဲ့အရာတစ်ခုလို့ သတ်မှတ်ကြတယ်။ အကောင်းမြင်စိတ်ရှိတဲ့သူတွေဟာ ကောင်း တယ်။အကောင်းမြင်စိတ်ရှိတဲ့သူဟာ ဘယ်နေရာမှာမဆို နေပျော်တယ်ဆိုပြီး တွေးထင်တတ်ကြပါတယ်။ဒါတွေဟာ တကယ်ကော မှန်ရဲ့လား။ ဘယ်လိုအခြေအနေမျိုးမဆို အကောင်းမြင်တာဟာ တကယ်ကော ပျော်ရွှင်စေရရဲ့လား။ အဆင်ပြေစေရဲ့လားဆိုတာ ဟာ မေးခွန်းထုတ်စရာတစ်ခုဖြစ်လာပါတယ်။     အကောင်းမြင်စိတ်ရှိတယ်ဆိုတာနဲ့မကောင်းတဲ့ အရာတွေကို ဘာမှလက်မခံ...

Our Daily Habits, Attitudes Are The Foundation Of Our Future. 03.04.2026

ကျွန်တော်တို့ရဲ့ နိစ္စဓူဝအကျင့်စရိုက်တွေ စိတ်နေစိတ်ထားတွေဟာ ကျွန်တော်တို့ရဲ့ အနာဂတ်အပေါ်မှာ သက်ရောက်မှု များစွာ ရှိပါတယ်။စည်းစနစ်တကျ နဲ့ ပုံမှန်တည်ဆောက်ပြီး လည်ပတ်နေတဲ့သူဟာ အနာဂတ်ဟာ တည်ငြိမ်မှုရှိသလို စည်းစနစ် မရှိပဲ ပရမ်းပတာ လှုပ်ရှားသွားလာနေရင်တော့ ကျွန်တော်တို့ရဲ့ အနာဂတ်ပန်းတိုင်ဟာ တည်ငြိမ်မှုမရှိပဲ အရလှမ်းနိုင်ဖို့ ခဲယဉ်း နေပါလိမ့် မယ်။ကျွန်တော်တို့ရဲ့ နေ့စဉ် အကျင့်စရိုက်တွေ ၊ စိတ်နေစိတ်ထားတွေ...

Some Expectations Can Lead To Success In Life and Some Expectations Can Cause Pain. 02.04.2026

ကိုယ်စေတနာထားရင် ထားသလောက်အဲ့ဒီလူဆီက စေတနာတွေပြန်ရမယ်။ ကိုယ်ချစ်ရင် ချစ်သလောက် အဲ့ဒီလူဆီက အချစ် တွေ ပြန်ရမယ်။ ကိုယ်ကောင်းရင်ကောင်းသလောက် အဲ့ဒီလူဆီက အကောင်းတွေ ပြန်ရမယ်။ လူတွေအပေါ်မှာ ကိုယ်ပေးရင် ပေးသလောက်သူတို့ဆီက ပြန်ရမယ်လို့ လူတော်တော်များများတွက်ကြလိမ့်မယ်လို့ထင်ပါတယ်။အရိုးသားဆုံးဝန်ခံရမယ်ဆိုရင် ကျွန်တော်ကိုယ်တိုင်လည်းတွက်ခဲ့မိပါတယ်။ အဲ့လိုတွက်ခဲ့မိတဲ့အတွက်ဘဝတစ်လျှောက် ကျွန်တော် ပူလောင်ခဲ့ရတာ အ...

The Past Is Irrelevant To The Present And The Future. 01.04.2026

အတိတ်က ကိုယ်ဘာလုပ်ခဲ့သလဲ ၊ကိုယ်ဘယ်လိုလူဖြစ်ခဲ့သလဲ ဆိုတာ ကိုယ်ပဲသိလိမ့်မယ် ။ သေချာတာတော့ အဲ့ဒီအတိတ်တွေကခုချိန်မှာ သိပ်အရေးမပါတော့ဘူး ။ ဒါ့ကြောင့် အတိတ်က မပြည့်ဝမှုတွေကိုနောင်တရမနေပါနဲ့တော့။ အတိတ်က ကိုယ့်ကို မလိုအပ် တော့ဘူး။ ရှေ့လျှောက်ရမဲ့အနာဂတ်ကသာ ကိုယ့်ကိုအလိုရှိနေတာ ။ ကိုယ်ဖြစ်ချင်တဲ့ အိပ်မက်တွေ ၊ ရည်မှန်းချက်တွေကကိုယ့်ကို လိုအပ်နေတာ ။ ဒါ့ကြောင့် မလိုအပ်တဲ့အရာအတွက် ကိုယ့် Energy တွေကို အသုံးမချပ...

If You Go Through The Day With A Fixed System, You Will Not Be Able To Achieve Huge Success. 31.03.2026

ပေါင်းစပ်လုပ်ကိုင်ခြင်းဖြင့် တစ်နေ့တာကိုအောင်မြင်မှုရယူပါ။ ဒီအချက်လေးကို ဘယ်ကနေ ပိုပြီးမြင်တတ်သွားလဲဆိုရင် သန်း ကြွယ်သူဌေးကြီးDan Lok ရဲ့ ဗီဒီယိုတစ်ခုမှာ သူပြောသွားခဲ့တယ်၊ အဲ့ဒါက ကိုယ့်ရဲ့တစ်နေ့တာမှာဘယ်အချိန်ထ ဘယ်အချိန် ဘာလုပ်ဆိုတဲ့ ပုံသေစနစ်ချည်းနဲ့ သွားရင် လူတော်တော် များများအတွက်ခရီးမရောက်ကြဘူးတဲ့။ အကြောင်းကတော့ ကျွန်တော် တို့ အားလုံးက များသောအားဖြင့်ပျင်းရိကြတဲ့ထဲမှာ ပါတယ်။ ဒါ့ကြောင့်လည်း တကယ့...

Really Useful People Are Honest People. 30.03.2026

  လောကမှာဘယ်နေရာမှ အသုံးမဝင်တဲ့လူရယ်လို့ မရှိပါဘူး။ တစ်ဦးတစ်ယောက်အတွက်“သို့မဟုတ်” တစ်နေရာရာမှာတော့အသုံးဝင်စမြဲပါပဲ။  တချို့က ပညာတတ်လို့ ငွေကြေးချမ်းသာလို့  အသိုင်းအဝိုင်းကောင်းလို့ရုပ်ရည်လှပလို့ စကားပြောကြွယ်ဝလို့ ဆိုပြီး ဒီလို စသည် စသည့်အကြောင်းတွေကြောင့်အသုံးဝင်ကြ  နေရာတွေ ရတတ်ကြပါတယ်။ သေချာစဉ်းစားကြည့်တဲ့အခါ ကျတော့ ဒါတွေကအကန့်အသတ်တစ်ခုရဲ့ ဘောင်အတွင်းမှာပဲ အသုံးဝင်နိုင်တာပါ။ တကယ်တော့ လောကကြီးမှာ...

To inspire people, you need to be a leader. 29.03.2026

Creator တွေ coach တွေအနေနဲ့မိမိတို့ကိုယ်တိုင်ပြော နေကြတာတွေကိုကိုယ်တိုင်လည်းလိုက်လုပ်ဖို့ဆိုတဲ့မေးခွန်းကို ဖြေရတာ အလွန်တာ၀န်ကြီးပါတယ်။ ပွင့်ပွင့်လင်းလင်းပြောရင်ကိုယ်တိုင်မလျှောက်လှမ်းဖူးတဲ့လမ်းကို သူများကို လျှောက်ပါလို့ ပြောနေတာ မျိုးနဲ့တူပါတယ်။ဒါမျိုးက ပြောနေတာသာ အဖတ်တင်သွားတယ်၊ မိမိအနေနဲ့ လက်ဆုတ်လက်ကိုင်မပြနိုင်တာမျိုးဖြစ်နေတတ်ပါ တယ်။ စာသားတွေကို ဖတ်ရသူ၊ မြင်ရသူတွေအတွက်ခွန်အားဖြစ်စေတာတော့အမှန်...

If you want to be successful in life, you need to invest in yourself. 28.03.2026

ဘဝမှာ အောင်မြင်တိုးတက်ချင်ရင် မိမိကိုယ်ကိုယ်ရင်းနှီးမြုပ်နှံမှုလုပ်ဖို့ လိုပါတယ်။ မိမိကိုယ်ကိုယ် ရင်းနှီးမြုပ်နှံတယ်ဆိုတာကလက်ရှိအရည်အချင်းတွေကို တိုးတက်အောင်လုပ်ပြီး နောက်ထပ် အရည်အချင်းအသစ်တွေကိုလေ့လာသင်ယူတာပဲဖြစ်ပါတယ်။ ပိုမိုကောင်းမွန်တဲ့ ပြောင်းလဲမှုတွေ ရရှိနိုင်ဖို့မိမိကိုယ်ကို ရင်းနှီးမြုပ်နှံနိုင်မယ့် နည်းလမ်းတချို့ဆိုရင် စိတ်ဝင်စားမလား။ စာဖတ်ခြင်းဟာအောင်မြင်မှုအတွက် အရေးပါးတဲ့အလေ့အကျင့်တစ်ခု...

Uncertainty is the only certainty there is, and knowing how to live with insecurity is the only security. 27.03.2026

ထိန်းချုပ်လို့ရတဲ့အရာတွေပေါ်မှာပဲအာရုံစိုက်ပါ။စိတ်တွေမပျော်ရတဲ့အချက်တစ်ခုက ကျွန်တော်တို့ ရဲ့ထိန်းချုပ်မှု အောက်မှာမရှိနေတဲ့အရာတွေကို သွားပြီး ထိန်းချုပ်ချင်ကြတဲ့ အကျင့်တွေကြောင့်ဖြစ်ပါတယ်။အဓိကတော့ ကိုယ်ဖြစ်စေချင်သလို မဖြစ် လာတဲ့အခါ စိတ်ထဲမချမ်းမကျေ ဖြစ်ကြတယ်။       မဖြစ်လာမဲ့အရာတွေကိုတွေးပူပြီး ကြောက်ရွံ့နေခြင်း။ ကျွန်တော်တို့ယာဥ်တွေစီးပြီး ခရီးသွားကြ တဲ့အခါ ကြုံရတဲ့အချက်လေး တွေရှိတယ်။ အဲ့ဒါက လေယာ...

Blame is a main source of problems that can grow. 26.03.2026

ကျွန်တော်တို့ လုပ်ငန်းခွင်မှာပဲဖြစ်စေ ၊ပတ်ဝန်းကျင်မှာပဲဖြစ်စေ တအားကို အပြစ်တင်တတ်တဲ့သူတွေကို ကြုံတွေ့ခဲ့ရဖူးပါလိမ့် မယ်။ရံဖန်ရံခါမှာ ကိုယ့်ဘာသာတောင် မသိပဲနဲ့ ကိုယ်ဟာ ဒီလူတွေထဲမှာ ပါဝင်သွားတတ်ပါတယ်။ အခုလိုမျိုး အခက်အခဲတွေ စိတ်ဖိဆီးစရာတွေများပြားလာတဲ့အချိန် ၊ အခြေအနေ အရပ်ရပ်က ခက်ခဲတဲ့အချိန် ၊ ကိုယ့်အတွက် ဖိအားတွေများလာတဲ့အချိန် တွေမှာ လူတွေဟာ အလွယ်တကူအပြစ်တတ်ကြပါတယ်။ ဒီလိုအပြစ်တင်လိုက်ခြင်းအားဖြင့်...

It doesn't matter how someone treats you. The important thing is not to accept it. 25.03.2026

တစ်စုံတစ်ယောက်ကြောင့် စိတ်ထိခိုက်နာကျင်ခံစားရဖူးပါလား။ သူတို့ရဲ့ ပြောစကား၊ လုပ်ရပ်တွေက သိမ်ငယ် အား နည်းသွားစေပါသလား။ ဒီလို မဖြစ်အောင် ဘယ်လိုပြောင်းလဲလို့ ရနိုင်မလဲ။ ပထမဆုံးအချက်ကကိုယ်တိုင်က ခွင့် မပြုရင် ကိုယ့်ကို ဘယ်သူကမှ ထိခိုက်ခံစားရအောင်မလုပ်နိုင်ဘူးဆိုတာပါပဲ။ ကိုယ်တိုင်က ခွင့်ပြုပေးထားမှသာ ဖြစ်နိုင် တာပါ။ ကိုယ့်အနေနဲ့ ဘယ်လိုတုံ့ပြန်မလဲဆိုတာကို စိတ်တိုင်းကျ ရွေးချယ်နိုင်ပါတယ်။ ဒေါသဖြစ်မလား၊ စိ...

Treat money like a friend. 24.03.2026

အတွေးအခေါ်တွေက ဘဝအပေါ်မှာ သက်ရောက်မှုရှိတာကိုသတိထားမိပါသလား။ ခေါင်းထဲ မှာ ရှိတဲ့ တွေးခေါ် စဉ်းစားမှု တွေကငွေကြေးအခြေအနေအပါအဝင် ဘဝကို အဆုံးအဖြတ်ပေးနိုင်ပါတယ်။ ချမ်းသာချင်တယ်ဆိုရင်ငွေကြေးနဲ့ပတ်သက်တဲ့ အတွေး အခေါ်တွေကို အရင်ဆုံးသတိထားဂရုစိုက်ဖို့ လိုပါတယ်။ငွေကြေးနဲ့ပတ်သက်ပြီး မကောင်းတဲ့ အတွေးအခေါ် အယူ အဆတွေ ရှိနေမယ်ဆိုရင်အမြန်ဆုံးပြောင်းလဲပစ်ဖို့ လိုပါတယ်။ နားဆင်သူလည်း ချမ်းသာနိုင်တယ်လို့ ယုံကြည်ထားပါ...

Hope is the belief in living life. It can be said that it is a small support that gives energy. 23.03.2026

မျှော်လင့်ချက်ဆိုတဲ့ စကားလုံးအပေါ်အဓိပ္ပာယ်ဖွင့်ရရင် အကောင်းဆုံးတွေဖြစ်လာနိုင်မယ့်အချိန်တစ်ခု (ဒါမှ မဟုတ်) ကိုယ် ဖြစ်ချင်တဲ့ဆန္ဒတစ်ခုဖြစ်မြောက်ဖို့ကို ကိုယ်တိုင်အလုပ်မလုပ်ပဲ မျှော်လင့်စောင့်ဆိုင်းနေခြင်းမျိုးလို့ မဆိုလိုချင်ပါဘူး။ ကိုယ် ဖြစ်ချင်တဲ့ ဆန္ဒလေးတစ်ခု အကောင်အထည်ဖော်နိုင်ဖို့အတွက် မျှော်လင့်ချက်ကိုဆွဲကိုင်ရင်း ကိုယ်တိုင်ကြိုးစားစွမ်းဆောင် နေခြင်းလို့ ခံယူ ထားပါတယ်။                        ...

We didn't come into this world just to work. 22.03.2026

ကျွန်တော်တို့ဟာ စိတ်ရော ၊ လူပါ မဖြစ်မနေ အနားယူဖို့ လိုအပ်ပါတယ်။ ပျော်စရာအချိန်အတွက် အနားယူဖို့လိုတယ် ၊ စိတ်ကိုအနားပေးဖို့လိုပါတယ် ၊၊ ရည်မှန်းချက်ကြီးသူတွေဟာ တစ်ခုခုကို စိတ်အားထက်သန်နေတဲ့အခါ အနားယူဖို့ မေ့သွား တတ်ကြ ပါတယ်။ နားလိုက်ရင် သူများထက်နောက်ကျသွားမှာ ၊ဆုံးရှုံးသွားမှာ ကြောက်ကြပါတယ် ။အလုပ်ကို မနားမနေလုပ်နေတဲ့အချိန် ၊ ထမင်းမေ့ ဟင်းမေ့ ဖြစ်သွားကြပါတယ် ။ ဒါကြောင့် ကျန်းမာရေးတွေ ထိခိုက်စေတယ်။ မိ...

Feeling inferior can be a source of strength to move forward, and it can also be that you can't get out of the deep feelings. 21.03.2026

သိမ်ငယ်စိတ်ဆိုတာ လူတိုင်းနီးပါးကြုံဖူး၊ခံစားဖူးကြတဲ့ ခံစားချက်တခုပါ။ အခြားသူများနဲ့ယှဉ်ပြီး ကိုယ့်ကိုယ်ကိုမပြည့်စုံဘူး၊ အသုံးမကျဘူး၊ ချို့ယွင်းချက်တွေရှိတယ် အစရှိသဖြင့် ခံစားရတဲ့အချိန်တွေ ရှိကောင်းရှိနိုင်ပါတယ်။ ဒါဟာ အလုပ်မှာ မိမိတို့ မျှော်လင့်ထားသလောက်ရည်မှန်းချက်ပန်းတိုင်သို့ ရောက်ရှိအောင် မစွမ်း ဆောင်နိုင်တာကြောင့်ပဲဖြစ်စေ၊စာမေးပွဲမှာ အမှတ်နည်း လို့ပဲဖြစ်စေ၊ ကိုယ်နဲ့ သက်တူရွယ်တူတွေလောက်မဖြစ်မြ...

To be a successful young person, the first thing you need to change is yourself.          20.03.2026

ငယ်ငယ်ရွယ်ရွယ်နဲ့ လမ်းကြောင်းတစ်ခု ပေါ်ရောက်ပြီးအောင်မြင်နေကြသူတွေကို ကြည့်ရင် အားကျစရာပါပဲ။ ဒီလို အောင်မြင်တဲ့ လူငယ်တစ်ယောက် ဖြစ်ဖို့ အရင်ဆုံး ပြောင်းလဲရမှာကတော့ သင်ကိုယ်တိုင်ပါ။ လူငယ်ဘဝမှာ တန်ဖိုးရှိတဲ့အချိန်တွေကို ဖြုန်းတီး မပစ်ပဲ ခိုင်မာပြတ်သားတဲ့ ရည်မှန်းချက် ၊ မဆုတ်မနစ်တဲ့ကြိုးစားအားထုတ်မှုတွေနဲ့ အောင်မြင်မှုလမ်းကြောင်း ပေါ်ရောက်အောင် ဆွဲခေါ်ရမှာသင်ကိုယ်တိုင်ပဲ ဖြစ်ပါတယ်။  အောင်မြင်ချင်ရင် န...

You need to live your life in your own way and on your own terms. 19.03.2026

ကိုယ် ပြောင်းလဲချင်တဲ့အရာ (သို့) လိုချင်တဲ့အရွေ့တစ်ခုကို အကောင်အထည်ဖော်တဲ့နေရာမှာ Patience(စိတ်ရှည်မှု)၊ Consistency(တစိုက်မတ်မတ်လုပ်ဆောင်မှု) နဲ့ Practice (လေ့ကျင့်မှု)တို့ လိုအပ်ပါတယ်။ ကျွန်တော်တို့ဟာ များသောအားဖြင့် သူစိမ်းတရံတွေနဲ့ဆိုရင်ကိုယ့်ရဲ့ Boundary သတ်သတ်မှတ်မှတ် ထားနိုင်ပေမယ့်ကိုယ်ချစ်ခင်တန်ဖိုးထားရတဲ့ မိသားစုဝင်တွေနဲ့ ဆိုရင်တော့ Boundary ထားဖို့ အခက်အခဲရှိပါတယ်။ကိုယ်က ထားလို့မရတာရော၊...

Live as you truly feel. 18.03.2026

ခံစားမှုအစစ်အမှန်အတိုင်း ရှင်သန်ပါ။ People Pleasing ဆိုကတည်းက ကိုယ့်လိုအင်၊ ကိုယ့်ခံစားချက်၊ ကိုယ်ဖြစ်ချင်တဲ့ဆန္ဒတွေကိုစတေးပြီး အများအကြိုက် လိုက်လျောဦးစားပေးတတ်တာမျိုးပေါ့။ သူကြိုက်သလို နေလိုက်မယ်၊သူဖြစ်စေချင်သလို ဖြစ်ပေးလိုက် မယ်၊ သူပြောသလို လက်ခံလိုက်မယ်၊ သူတောင်းဆိုသလိုလိုက်လျောလိုက်မယ် စသဖြင့် ကိုယ့်ရဲ့ ခံစားချက် “အစစ်အမှန်” တွေကို ဖိနှိပ်ထားပြီး တစ်ဖက် ကျေနပ်အောင်အမြဲခေါင်းငြိမ့်နေတာမျိုးပါ။...

Do The Job Professionally. Be Open And Honest. 17.03.2026

လုပ်ငန်းခွင်မှာ အလုပ်တာဝန်ပြီးမြောက်အောင်လုပ်ဆောင်ချင်တယ်ဆိုရင်တော့ နိုး လို့ ငြင်းရမှာ အားမနာပါနဲ့။ လူတစ်ယောက်မှာခံနိုင်ရည်ဆိုတာ အတိုင်းအတာတစ်ခုအထိပဲရှိပါတယ်။ ကိုယ့်ရဲ့ အလုပ်တာဝန်မဟုတ်ဘဲ အပို တာဝန်တွေပေးအပ်လာတဲ့အခါမှာ ကိုယ် လုပ်နိုင်တယ်ဆိုမှ လက်ခံပါ။ ငြင်းရမှာ အားနာတဲ့အခါ ကျွန်တော်တို့ရဲ့အားလပ်ချိန်တွေ၊ နားချိန်တွေ ကုန်ဆုံးသွားပါလိမ့်မယ်။ ဥပမာ ဆိုကြပါစို့။ ကျွန်တော်တို့နေ့လည်စာ စားချိန်မှာ မီတင်တ...

Always Keep Work And Personal Life Separated. 16.03.2026

လုပ်ငန်းခွင်မှာ အလုပ်လုပ်ကိုင်တဲ့အခါအရေးအကြီးဆုံး အချက်ကတော့ အလုပ် နဲ့ ကိုယ်ရေး ကိုယ်တာ ခွဲခြားထား ခြင်းပဲဖြစ်ပါတယ်။အလုပ် နဲ့ ကိုယ်ရေး ကိုယ်တာကို မခွဲခြားထားတဲ့အခါ ခံစားရမယ့် အကျိုးအပြစ်များကဘာတွေ ဖြစ်မလဲဆိုတာ သိပါသလား။                                                                                                      စိတ်ဖိစီးမှုများလာခြင်း၊ မိမိရဲ့ စွမ်းဆောင်ရည်ကျလာခြင်း၊ အလုပ် မနိုင်ဝန်များ ထမ...

Behind Every Success, There Are Many Things That Pay Off. 15.03.2026

ယနေ့မှာ အောင်မြင်နေသူတွေကို ကြည့်လိုက်ပါ။အကုန်လုံးက နေ့ချင်းညချင်း လွယ်လွယ်ကူကူ အောင်မြင်လာကြ တာမဟုတ်ပါဘူး။ သူတို့ရဲ့အောင်မြင်မှုနောက်ကွယ်မှာ ပေးဆပ်ခဲ့ရတဲ့ အရာတွေ ရှိပါတယ်။ လူတိုင်းက အောင်မြင် တိုးတက်ချင်တယ်ဆိုတာအသေအချာပါပဲ။ ဒါပေမယ့် လူတိုင်းက အောင်မြင်နေတာ မဟုတ်တာကို တွေ့ရမှာပါ။ ကျွန်တော်တို့အနေနဲ့သတ်မှတ်ထားတဲ့ ပန်းတိုင်တွေ၊ အောင်မြင်မှုတွေ ရယူပိုင်ဆိုင်ချင်တယ်ဆိုရင်အောင်မြင်ဖို့ဆို ရင် မှန်ကန်သေ...

Self-Discipline Can Lead To Success In Life. 14.03.2026

Self-Discipline လို့ သုံးနှုန်းကြတဲ့ မိမိကိုယ်ကိုစည်ကမ်းရှိခြင်းက လူတိုင်းအတွက် လိုအပ်တဲ့ အရာတစ်ခုဖြစ်ပါတယ်။မိမိကိုယ်ကိုယ်စည်းကမ်းရှိခြင်းဆိုတာ ကဏ္ဍအလိုက် အဓိပ္ပါယ်အမျိုးမျိုးသတ်မှတ်နိုင်သော်လည်း ယေဘုယျ အားဖြင့် တော့ မိမိရဲ့ အတွေးအခေါ်၊ အပြုအမူနဲ့ကိုယ့်ရဲ့ ခံစားချက်များကို ကိုယ်တိုင်ထိန်းချုပ်နိုင်တဲ့ စွမ်းရည်တစ်ခုပဲ ဖြစ်ပါ တယ်။ကိုယ်လုပ်ချင်တဲ့ အရာတွေထက် ကိုယ်လုပ်သင့်တဲ့အရာ၊ မှန်ကန်တဲ့ လမ်းကြောင်း...

You Can Never Get Ahead Of Others Just By Sitting. 13.03.2026

အခုလက်ရှိမှာ မိမိအမှန်တကယ်လိုချင်တဲ့နေရာကို ရောက်ရှိနေပါသလား။ ကြိုးစားအားထုတ်မှုတွေ၊ အချိန်ကို ကောင်း ကောင်းအသုံးချမှုပေါ်မူတည်ပြီး လူတွေရဲ့ဘဝအခြေအနေတွေက ကွာခြားသွားပါတယ်။ လူတိုင်းတိုးတက်အောင်မြင် တဲ့သူ ဖြစ်ချင်ကြတာချည်းပါပဲ။ ဘယ်လောက်ပဲအောင်မြင်တိုးတတ်ချင်ပါတယ်ပြောပြော လက်တွေ့ ကြိုးစားအား ထုတ်မှု မရှိဘဲထိုင်နေရင်တော့ ဘယ်တော့မှ ရှေ့ကိုရောက်ပြီး အောင်မြင်နိုင်မှာ မဟုတ်ပါဘူး။   ကမ္ဘာပေါ်မှာ လူတိုင်းအ...

Living better in the present than in the past or future can help you avoid regrets and 12.03.2026

လူတော်တော်များများဟာ What If ဆိုတဲ့စကားလုံးကိုကိုယ့်ဘဝရဲ့ အတိတ်နဲ့အနာဂတ်အပေါ်မှာ သုံးလေ့ရှိတတ်ကြတယ်။ အကယ်၍များစောစောသာ လုပ်ခဲ့မိရင် အကယ်၍များ ပိုပြီး ဂရုစိုက်ခဲ့မိရင် အကယ်၍များအချိန်များများသာ ရခဲ့လိုက် ရင် ဒါတွေဟာ အချိန်လွန်နောင်တတွေ၊ အားမရမှု တွေနဲ့အတူပြန်လည်ပြင်ဆင်ခွင့်မရှိတော့တဲ့အရာတွေအပေါ် မျှော် လင့်တောင့်တမိတတ်တဲ့စကားလုံးတွေပေါ့။ ဒီလိုပဲ ဖြစ်မလာသေးတဲ့ အနာဂတ်အပေါ်ဆိုရင်လည်းအကယ်၍များ အဆိုး တွ...

Accept that you cannot change. Accept that you cannot control. Accept the reality of the situation. 11.03.2026

ပြောင်းလဲလို့မရတာကို လက်ခံလိုက်ပါ။ ထိန်းချုပ်လို့မရတာကိုလက်ခံလိုက်ပါ။ အခြေအနေအမှန်ကို လက်ခံလိုက် ပါ။ လက်ခံလိုက်ပါ ဆိုတဲ့ စကားလေးကသာလွယ်ကူရိုးရှင်းပြီး အကောင်းဆုံးအဖြေတွေဆီ ခေါ်ဆောင် သွားနိုင်တာ မှန်ပေမယ့်လည်းတကယ့်တကယ် ကိုယ်တိုင်ကိုယ်ကျ ပါဝင်ပတ်သက်နေတဲ့ အခြေ အနေတွေအပေါ် လက်ခံနိုင်ဖို့ ဆိုရာမှာတော့ဖြတ်သန်းရတဲ့လူအတွက် ခက်ခဲလွန်း လှပါတယ်။                                           အန္တရာယ်တွေကြုံလာရင်တ...

Luister naar de podcast ဒီနေ့အတွက်စကား in Replaio

Radio en podcasts in één app - gratis en zonder account. Installeer vandaag nog en mis de lancering niet

Download het op Google Play

Replaio is geen uitgever van podcasts; namen van shows, covers en audio zijn eigendom van hun makers en worden verspreid via openbare RSS-feeds