Padamyar FM

ဒီနေ့အတွက်စကား

နေ့စဉ်ဘဝအတွက် စိတ်ခွန်အားပေးမည့် စကားလုံးများနှင့် အတွေးအမြင်များ။

Bezoek zeker de website van de podcast en steun de maker: padamyarfm.com.mm

Auteur

Padamyar FM

Categorie

Education

Website van de podcast

padamyarfm.com.mm

Nieuwste aflevering

21 okt. 2026

Waar luisteren?

Podcasts in de app Replaio Radio Binnenkort beschikbaar

Podcasts komen binnenkort naar de app. Installeer nu en zie als eerste een compleet nieuwe kijk op podcasts

Download het op Google Play Gratis installeren Android bijna 10 mln downloads · beoordeling 4,8 iOS binnenkort

Afleveringen

What do you think about the difference between motivation and discipline? 10.12.2025

ကိုယ့်အကြောင်းကို အရင်စဉ်းစားကြည့်ကြပါစို့။ ကိုယ်ဟာ လုပ်ငန်းတစ်ခုကို မလုပ်ခင်မှာ ဒါမှမဟုတ် လုပ်ကိုင်တဲ့အခါမှာ ဘယ်လို မျိုးလုပ်ကိုင်တတ်ပါသလဲ။စိတ်အားတက်ကြွမှ လုပ်ကိုင်တတ်သူလား ၊ ဒါမှမဟုတ် စည်းကမ်းတွေ ဥပဒေသတွေ သတ်မှတ်ပြီး တော့မှလုပ်ကိုင်တတ်သူလား။                                                                                                                                              တစ်ချို့ အလုပ်တ...

Are you a motivated person? Or someone who works after setting rules and laws? 09.12.2025

ကျွန်တော်တို့ဟာ နေ့စ္စဓူဝ လှုပ်ရှားသွားလာ လုပ်ကိုင်နေကြရပါတယ်။ တစ်နေ့တာ လုပ်ငန်းစဉ်တွေမှာ တစ်ချို့ကိစ္စတွေက အစီ အစဉ်အတိုင်းပြီးသွားပေမယ့် အစီအစဉ်မရှိပဲနဲ့ လုပ်ဖြစ်သွားတဲ့ ကိစ္စမျိုးတွေလည်း အများကြီးရှိပါတယ်။ ဒါပေမယ့်တကယ်တမ်း လုပ်ကိုင်ကြတဲ့အခါ အရင်းခံကို စဉ်းစားကြည့်ရင် စိတ်အားတက်ကြွမှု နဲ့လုပ်ဆောင်တာရယ် ဒါမှမဟုတ်ပဲနဲ့ စည်းကမ်းသတ်မှတ် ထားလို့ လုပ်ကြတာရယ်ဆိုပြီး ၂မျိုးသီးသန့်ခွဲခြားနိုင်ပါတယ်။ လုပ်င...

Don't beat yourself up for past mistakes. It is very important to forgive yourself. 08.12.2025

ကျွန်တော်တို့ရဲ့ဘ၀မှာ ဆုံးဖြတ်ချက်အမှားတွေ၊မရည်ရွယ်ဘဲ တခြားသူတွေအပေါ်မှာ ထိခိုက်နာကျင်စေခဲ့တာတွေ၊ နောင်တ ရစေ နိုင်တဲ့ပြင်မရတဲ့ အမှားများစွာကို ပြုလုပ်ခဲ့မိကြပါတယ်။ အတိတ်ကဖြစ်ခဲ့တဲ့ အမှားတွေအတွက်ကျွန်တော်တို့ဟာ ကိုယ့် ကိုယ်ကို အပြစ်မြင်တယ်၊ နာကြည်းမုန်းတီးကြတယ်၊တနုံ့နုံ့နဲ့ နာကျင် ခံစားကြပါတယ်။                                                             ဒီလိုမျိုး ဖြစ်ပျက်ခဲ့ပြီးတဲ့ အမှားတွေနဲ့ အတိ...

The more you practice, the better you get. 07.12.2025

အရင်တုန်းက ဆရာတွေအမြဲပြောခဲ့ဖူးတာက Practice MakesPerfect ဆိုတဲ့စကားသံလေးကို အခုထိလဲနားထဲကနေမထွက် သေးပါဘူး။ တဖြည်းဖြည်းခြင်း မြင်လာတာက ပြီးပြည့်စုံတာမရှိလို့ ဒီဆိုရိုးလေးက နှစ်တွေကြာလာတာနဲ့အမျှ ပြောင်းလဲခဲ့ တယ်လို့ ဆိုနိုင်ပါတယ်။ အဲ့ဒါက perfect ကနေ better ဆိုတဲ့ ဖြစ်စဥ်ပါပဲ။များများလေ့ကျင့်လေ ပိုပိုပြီး ကောင်းလာလေလေ လို့ အဓိပ္ပါယ် ရပါတယ်။                                                             ...

There is no mental security that can be done. 06.12.2025

ဘယ်ဆက်ဆံရေးမှာမဆို စိတ်လုံခြုံမှုဆိုတာအရမ်းလိုအပ်တဲ့အရာတစ်ခုပါ။မိသားစုဆက်ဆံရေးဖြစ်ဖြစ် သူငယ်ချင်းဆက်ဆံ ရေး ဖြစ်ဖြစ် သမီးရည်းစားဆက်ဆံရေးဖြစ်ဖြစ် ဒီလူဟာကိုယ့်လူပါ။ဒီလူကတော့ငါ့ကိုထိခိုက်နာကျင်အောင်လုပ်မယ့်သူမျိုး မဟုတ်ပါ ဘူး။ ဒီလူဟာငါပြိုလဲနေတဲ့အချိန်မှာစွန့်ခွာသွားမယ့်သူမျိုးမဟုတ်ဘူးဆိုတဲ့စိတ်မျိုးအပြည့်အဝရှိတာဟာစိတ်လုံခြုံမှုပဲဖြစ်ပါတယ်။စိတ်လုံခြုံမှုဆိုတာကလဲ လုပ်ယူလို့ရတဲ့အရာမဟုတ်ပါဘူး။တစ်ဖက်သူကလိ...

The beginning of the problems is the value. 05.12.2025

လူ့လောကမှာအသက်ဆက်ရှင်နေသရွေ့ပြဿနာပေါင်းသောင်းခြောက်ထောင်နဲ့ကင်း၀ေးတဲ့နေရာ မှာသွားနေဖို့ မဖြစ်နိုင်ပါဘူး။ လူ့ဘောင်မှာ နောက်ခံမတူကြတဲ့လူများအချင်းချင်း တွေ့ဆုံဆက်ဆံရတာမို့ ဘယ်ဟာတွေက လက်ခံလို့ရသလဲ ဘယ်ဟာတွေက ကိုယ့်ရဲ့ လက်ခံနိုင်စွမ်းမှာ ရှိမနေဘူးလဲဆိုတာကို သိထားရမှာဖြစ်ပါတယ်။ဒါ့အပြင် ကိုယ်ကလူတွေနဲ့ ပြဿနာဖြစ်လာရင်ဘယ်လို ကိုယ်တွယ်ဖြေရှင်းမလဲ၊ဘယ်နေရာကနေမြင်မလဲဆိုတာကို အသိနဲ့ယှဥ်ပြီး ထိရောက်စွာဆုံးဖြတ်ဖို...

When faced with a problem, do you ever think of running away? 04.12.2025

ကျွန်တော်တို့ နိစ္စဓူဝရင်ဆိုင်ကြုံတွေ့ရတဲ့အခက်အခဲတွေ ၊ ပြဿနာတွေ ၊ စိန်ခေါ်မှုတွေက ကျွန်တော်တို့အတွက် ပိုကောင်းတဲ့အခြေအနေတစ်ရပ်ရောက်လာအောင် ဆွဲတင်ပေးတဲ့အရာတွေပါ။ တစ်ယောက်နဲ့ တစ်ယောက်ရင်ဆိုင်ကြုံတွေ့ရတာခြင်း မတူ သလို ၊ ဖြေရှင်းတဲ့ ပုံတွေလည်း ကွဲပြားခြားနားမှုရှိပါတယ်။ အဲ့သလိုတွေကြောင့်မို့ တစ်ယောက်နဲ့ တစ်ယောက် တိုးတက်မှုတွေဟာကွာခြားသွားပါတယ်။                                                          ...

If you encounter difficulties, don't run away. 03.12.2025

ကျွန်တော်တို့ နိစ္စဓူဝရင်ဆိုင်ကြုံတွေ့ရတဲ့ အခက်အခဲတွေ ၊ ပြဿနာတွေ ၊ စိန်ခေါ်မှုတွေက ကျွန်တော်တို့အတွက် ပိုကောင်းတဲ့အခြေအနေတစ်ရပ်ရောက်လာအောင် ဆွဲတင်ပေးတဲ့အရာတွေပါ။ တစ်ယောက်နဲ့ တစ်ယောက်ရင်ဆိုင်ကြုံတွေ့ရတာခြင်း မတူ သလို ၊ ဖြေရှင်းတဲ့ ပုံတွေလည်း ကွဲပြားခြားနားမှုရှိပါတယ်။ အဲ့သလိုတွေကြောင့်မို့ တစ်ယောက်နဲ့ တစ်ယောက် တိုးတက်မှုတွေဟာကွာခြားသွားပါတယ်။                                                         ...

The only secret to change is your self-imposed identity. 02.12.2025

ဘယ်သူကြောင့်၊ ဘယ်အခြေအနေတစ်ခုကြောင့် လုပ်ရင်းစွဲအရာတွေကို ကျောခိုင်းပြီး ပြောင်းလဲလိုက်တာဆိုပြီး ကြားဖူးကြ မယ် ထင်ပါတယ်။ဒီအရာတွေရဲ့ နောက်ကွယ်ကအချက်တစ်ခုရှိနေပါတယ်။ ဥပမာ လူတစ်ယောက်ကဆေးလိပ်ကိုသောက်နေကျ ဖြစ်တဲ့အခါ စွဲလမ်း မှုရှိတယ်၊ ဖြတ်ဖို့လည်းစိတ်ရှိပေမဲ့ထပ်ခါထပ်ခါ သောက်ဖြစ်နေတယ်၊ ရက်ပိုင်းဖြတ်ကြည့်တယ်... ဘေးကလူတွေသောက်နေတာတို့၊ အနံ့တို့ ရတဲ့အခါ အလိုလိုစိတ်ထိန်း နိုင်စွမ်းကျလာတယ်...။ဒီလိုနဲ့ နေပါဦ...

Clarity is Power. 01.12.2025

စဥ်းစားကြည့်ပါ... ကျွန်တော်တို့ လျှောက်တဲ့လမ်းတွေ၊ ဖတ်တဲ့ စာသားတွေ၊ ကြည့်တဲ့ ရုပ်ရှင်တွေ... မြင်တဲ့ရှုခင်းတွေကို ကိုမှုံ၀ါးပြီး ၀ိုးတိုး၀ါးတား ပြထားလိုက်မယ်ဆိုရင်သင့်အတွက်အဆင်ပြေမယ်လို့ထားပါသလား... သေချာတာကတော့ လုံး၀အဆင်မပြေနိုင် ပါဘူး။ဘာကြောင့်လဲဆိုရင် ဒီအရာတွေက ဘာကိုပြောနေတာလဲ။ ဘယ်လိုသတင်းစကားတွေပေးနေတာလဲ..ဘယ်လိုမျိုး ဖော်ကျူး နေတာတွေလဲဆိုတာကို မြင်ဖို့ခဲယဥ်းတဲ့အတွက်ကြောင့် ဘာမှအဓိပ္ပါယ်ကိုသေချာ...

Some behaviors are subtle and affect us. 01.12.2025

ကျွန်တော်တို့ တွေမှာ တစ်ဦးနဲ့ တစ်ဦးမတူညီကြတဲ့ အမူအကျင့်တွေ တွေးခေါ်မှုတွေ ပိုင်ဆိုင်ထားကြပါတယ်။ များသော အားဖြင့်ကျွန်တော်တို့ရဲ့ အမူအကျင့်တွေ ၊ အတွေးအခေါ်တွေက ကျွန်တော်တို့ ကြီးပြင်းလာခဲ့တဲ့ မိသားစု ၊ ပတ်ဝန်းကျင် ၊ အသိုင်းအဝိုင်း တွေနဲ့ များစွာ သက်ဆိုင်နေပါတယ်။ဒီအမူအကျင့်တွေ တွေးခေါ်မှုတွေကို မူတည်ပြီးတော့ ကျွန်တော်တို့ ဘဝမှာ အရေးပါတဲ့လုပ်ငန်းစဉ်တွေ ၊ ဆုံးဖြတ်ချချတာတွေ ၊ ခံယူချက်ထားတာတွေ ပြုလုပ်တတ...

It's never too late for entrepreneurship. 30.11.2025

စွန့်ဦးတီထွင်ဆိုတာ စူပါပါဝါ စွမ်းအား မဟုတ်ပါဘူး။ အခုခေတ်မှာနိုင်ငံရေး ခေါင်းဆောင်တွေ၊ စီးပွားရေးခေါင်းဆောင်တွေကနေ စွန့်ဦးတီထွင်စီးပွားရေးသမားတွေကို သူတို့ရဲ့ လုပ်ငန်းတွေ အရှိန်အဟုန်မြှင့်ဆောင်ရွက်နိုင်စေဖို့ ထောက်ပံ့ပေးတဲ့ အစီအစဉ်တ ွေများလာပါတယ်။ဒီလို အစီအစဉ်တွေ၊ဆွေးနွေးပြောဆိုမှု‌တွေကိုလဲ မကြာခဏ တွေ့ရမှာပါ။ဒီလိုမျိုး ဆွေးနွေးပွဲတွေက Apple တို့၊ Facebook တို့နဲ့ ဆင်တူတဲ့ငယ်ရွယ်တဲ့ Start-up Founder...

Anyway, as long as you're thinking ideas, think big. In order to use time properly, it is necessary to establish strategies and manage it properly. 29.11.2025

တွေးခေါ်နေတဲ့ အတွေးတွေက အရေးကြီးတယ်။ကျွန်တော်တို့အနေနဲ့ လှုပ်ရှားမှုတွေကို ရပ်တန့်လို့ရပေမဲ့ ဦးနှောက်ထဲက အတွေး အခေါ်တွေကိုတော့ ရပ်တန့်လို့မရပါဘူး။လေ့လာချက်တွေအရ ကျွန်တော်တို့ဟာ တစ်ရက်ကို အတွေးပေါင်း ခုနစ်သောင်းလောက် တွေးခေါ်နေကြပါတယ်။ဒီအတွေးတွေထဲမှာ ပုံမှန်လုပ်ဆောင်နေကျ အရာတွေ၊ ပြဿနာတွေ၊ပေါင်းသင်းဆက်ဆံရေးတွေက အစ လေ့လာမှုတွေ၊ ကိုယ့်ကို တိုးတက်စေမယ့်အတွေးအခေါ်တွေ၊အိုင်ဒီယာအသစ်တွေလဲပါဝင်ပါတယ်။ဒါကြောင...

If you want to be successful, don't delay, choose and associate with people who can support you, try it slowly 27.11.2025

သစ်တစ်ပင်တည်းနဲ့ တောအုပ်ဖြစ်မလာနိုင်ပါဘူး။ အောင်မြင်မှု ကြီးကြီးမားမားတည်ဆောက်ချင်ရင် ပတ်ဝန်းကျင်က လူတွေရဲ့ အကူအညီအထောက်အပံ့ကို လိုအပ်ပါတယ်။ ဒါ့ကြောင့် ပတ်ဝန်းကျင်မှာ တိုးတက်အောင်မြင်မှုကို ပါဝင်ပံ့ပိုးပေးနိုင်မယ့်သူတွေ ရှိနေဖို့က အရေးကြီးပါတယ်။ သက်ဆိုင်ရာနယ်ပယ်အလိုက် ကျွမ်းကျင်သူတွေ၊ အောင်မြင်ပြီးသားလူတွေကို ချဉ်းကပ်ပေါင်းသင်း ပါ။ သူတို့ရဲ့ နည်းပေးလမ်းပြမှုကို ခံယူပါ။နောက်ပြီးအောင်မြင်မှုဆီကို လှ...

Less Ego, more happiness. 26.11.2025

လူတွေ မပျော်နိုင်ခြင်းရဲ့ အကြောင်းပြချက် တော်တော်များဟာ “အတ္တ” ကနေ တစ်ဆင့်လာပါတယ်။ အတ္တဆိုတာကတော့ လူတိုင်း မှာ ရှိတဲ့ စိတ်ခံစားချက်တစ်မျိုး ဖြစ်ပါတယ်။ အင်္ဂလိပ်လိုဆိုရင်တော့ Egoပေါ့။ မိမိကိုယ်မိမိ ရှေ့တန်းတင်တဲ့စိတ်၊ မိမိကိုယ်မိမိ အရေးပါချင်တဲ့ စိတ် တစ်နည်းအားဖြင့် မိမိကိုယ်မိမိ ဗဟိုပြုလည်ပတ်တဲ့ စိတ်ခံစားချက်လို့ ​ပြောလို့ရပါတယ်။အဲ့တော့ အတ္တက ကောင်းလားမေးရင် မကောင်းဘူး။မကောင်းပေမဲ့ အတ္တရှိတာ အပြစ်...

Every problem has an optimal solution, So don't overthink it. 25.11.2025

Overthinking ဖြစ်တဲ့ ပြဿနာက လူတိုင်းမဟုတ်တောင် တော်တော်များများမှာ ရှိပါတယ်။ ကိစ္စတိုင်းကို Overthinking လုပ်ပြီး အတွေးနယ်ကျွံ တဲ့အခါ လက်တလော လုပ်ရမယ့် အခြေအနေတွေပါပျောက်ခြင်းမလှ လမ်းပျောက်ပြီး စိတ်ရောကိုယ်ရော ဒုံးဒုံးကျသွားနိုင်ပါတယ်။  ခေါင်းထဲမှာ ပိတ်မိနေတဲ့ အတွေးတွေကို ဆွဲထုတ်ပါ။ အတွေးနယ်ကျွံတယ်ဆိုတာ အချိန်ကြာလာနဲ့အမျှ လုပ်မှန်းမသိ လုပ်နေမိတဲ့ အလေ့အကျင့် တစ်ခုဖြစ်လာနိုင်ပါတယ်။အတွေးပေါင်း သောင်း...

If you want to be a millionaire, you must first have a millionaire mentality. 25.11.2025

ဘယ်သူမဆို ငွေကြေးအပူအပင်ကင်းအောင် ချမ်းသာကြွယ်ဝမှုကို လိုလားတောင့်တလေ့ရှိပါတယ်။ ဒါပေမယ့် ဒီလိုချမ်းသာကြွယ်ဝ လာဖို့ကလူအများစုအတွက် အိပ်မက်တစ်ခုသာဖြစ်ပြီး လက်တွေ့ဖြစ်မလာကြပါဘူး။ ဘာကြောင့်ဖြစ်မလဲ။ ချမ်းသာကြွယ်ဝချင် ပေမယ့် လက်တွေ့ဖြစ်မလာရတဲ့အကြောင်းရင်း ဖြစ်အောင်လုပ်မယ်ဆိုတဲ့ စိတ်ဓာတ်မရှိလို့ပါပဲ။ လူအများစုက လက်ရှိအခြေအနေ မှာ မပျော်ကြပေမယ့် သက်တောင့်သက်သာရှိနေတာကို အသားကျနေတတ်ကြပါတယ်။ ဒီလို သက်တောင့်သ...

A person's desires and dreams should not only verbally expressed. 24.11.2025

ကိုယ့်ကိုယ်ကိုယ် နှိမ့်ချပါ။ ကိုယ့်ကိုယ်ကိုယ် နှိမ့်ချတက်ခြင်းဟာ ကောင်းမွန်တဲ့ အမူအကျင့်တစ်ခု ဖြစ်သလို စစ်မှန်တဲ့ ယောကျာ်းပီသသူတို့ရဲ့ သွင်ပြင်လက္ခဏာတစ်ရပ်လည်း ဖြစ်ပါတယ်။ ဘဝဆိုတာ အသက်ရှင်နေသ၍ လေ့လာသင်ယူစရာတွေနဲ့ ပြည့်နှက်နေ တာပါ။ အဘက်ဘက်က ပြီးပြည့်စုံနေတဲ့ လူရယ်ဆိုတာ မရှိနိုင်ဘူး မဟုတ်လား။ နောက်ထပ်တစ်ချက်ကတော့ ကိုယ့်ဘဝကိုယ် ထိန်းချုပ်ပါဆိုတဲ့အချက်ပါ။ ယောကျာ်းပီသသူ တစ်ယောက်ဟာ ကိုယ့်ဘဝကိုယ် အပြည့်အဝ...

Are you paying attention to others people words? Do you tend to blame others for your problems? Do you not know what is most important? 23.11.2025

ဘယ်နေရာပဲရောက်ရောက် ကိုယ့်ကိုယ်ကိုယ် တိုးတက်အောင် အမြဲကြံဆောင်နေသင့်ပါတယ်။ ဒီနေ့ခေတ်က ပြိုင်ဆိုင်မှု ပြင်းထန် တာကြောင့် အမြဲကြိုးစားနေပြီး ကောင်းမွန်သော အလေ့အကျင့်ကောင်းများကို ပျိုးထောင်ထားမှသာ သူများနဲ့ တန်းတူ သို့မဟုတ် သူများရှေ့ကို ရောက်မှာပါ။ ကျွန်တော်တို့ နေ့စဉ်လုပ်နေတဲ့ အပြုအမူတွေနဲ့ အလေ့အကျင့်တွေက ဘဝရဲ့ အခြေခံအုတ်မြစ် ဖြစ်လာ ပြီးအနာဂတ်ကိုလည်း ဖော်ဆောင်ပေးပါတယ်။ ဒါပေမယ့် တချို့အဖျက်သဘောဆောင...

Don't forget the day you decided to change. Don't sit comfortably. Don't be lazy. 22.11.2025

ပြောင်းလဲဖို့ ဆုံးဖြတ်ခဲ့တဲ့နေ့ကို မမေ့နဲ့။ ခက်ခဲမှုတွေကြောင့်ပြိုလဲချင်လာရင် ကိုယ်ဘာကြောင့်စတင်ခဲ့သလဲ ပြန်သတိရဖို့လိုတယ်။ မှန်ထဲ ပြန်မြင်နေရတဲ့ ကိုယ့်ကို အားမရလို့ဖြစ်စေ၊ လူတွေရဲ့ စကားလုံးတွေအောက်ကျရှုံးနေရတာ စိတ်ကုန်လာလို့ဖြစ်စေ၊ မတိုး တက်ရင် ဒီထက်ပိုနာကျင်စရာတွေ ဖြစ်လာမယ်မှန်း ရိပ်မိလို့ဖြစ်စေ၊ဘာကြောင့်ဖြစ်ဖြစ် သွေးနဲ့ချွေးတွေရင်းရဲလောက်အောင် ကိုယ့်မှာ ဆာလောင်မှုရှိခဲ့ပြီးပြီပဲ။စပြောင်းလဲဖို့ဆု...

It is your responsibility to overcome and protect yourself from being hurt by anyone. 21.11.2025

စိတ်ဒဏ်ရာတွေကို ကိုယ်ကတော့ မေ့လောက်ပြီ ထင်လို့မေ့မေ့ ပျောက်ပျောက် နေပေမဲ့ ခန္ဓာကိုယ်က မှတ်ထားတတ်လို့ လွယ် လွယ်နဲ့ပျောက်မသွားတတ်ပါဘူး။ ကျွန်တော်တို့ရဲ့ ခန္ဓာကိုယ်ဟာ စိတ်ဒဏ်ရာ (Trauma) တွေကို လက်ခံ သိမ်းဆည်းထားနိုင်စွမ်း ရှိပါတယ်။မတော်တဆမှုတွေ ကြုံရတဲ့အခါ၊ သေစေနိုင်လောက်တဲ့ အဖြစ်အပျက်တွေ၊ စိတ်ဒဏ်ရာတွေနဲ့ ကြုံတွေ့ပြီးတဲ့ နောက်မှာ စိတ်မှာ လည်း ဒဏ်ရာရရှိစေတတ်သလို ကျွန်တော်တို့ရဲ့ဦးနှောက်မှာလည်း Trigge...

Lack of goals, Self-doubt; No respect for time; Comparing with others are the factors that slows progress. 20.11.2025

ဘယ်နေရာပဲရောက်ရောက် ကိုယ့်ကိုယ်ကိုယ် တိုးတက်အောင် အမြဲကြံဆောင်နေသင့်ပါတယ်။ ဒီနေ့ခေတ်က ပြိုင်ဆိုင်မှု ပြင်းထန် တာကြောင့်အမြဲကြိုးစားနေပြီး ကောင်းမွန်သော အလေ့အကျင့်ကောင်းများကို ပျိုးထောင်ထားမှသာသူများနဲ့ တန်းတူ သို့မဟုတ် သူများရှေ့ကို ရောက်မှာပါ။ ကျွန်တော်တို့နေ့စဉ်လုပ်နေတဲ့ အပြုအမူတွေနဲ့ အလေ့အကျင့်တွေက ဘဝရဲ့ အခြေခံအုတ်မြစ် ဖြစ်လာ ပြီးအနာဂတ်ကိုလည်း ဖော်ဆောင်ပေးပါတယ်။ ဒါပေမယ့် တချို့အဖျက်သဘောဆောင်တဲ...

Life should be meaningful and based on love and happiness. 19.11.2025

ဘဝကို အဓိပ္ပါယ်ရှိရှိ ဖြတ်သန်းဖို့ ဆိုရင် ကိုယ်အမှန်တကယ် လိုချင်၊ ဖြစ်ချင်တဲ့ အရာ သို့မဟုတ် ဘဝပန်းတိုင်ကို သိဖို့လိုပါတယ်။ ကိုယ်လိုချင်တဲ့အရာကို သေချာမသိတာက ပန်းတိုင်ကို မသိတာနဲ့ အတူတူပါပဲ။ ရည်မှန်းချက်ပန်းတိုင် မရှိတဲ့ ဘဝက ကြိုးပျက် နေတဲ့ စွန်လိုအဓိပ္ပါယ်မရှိ လေနှင်ရာ လွင့်နေတာနဲ့ တူပါတယ်။ ဒါ့ကြောင့် မိမိကိုယ်တိုင်အတွက်ဖြစ်ချင်တဲ့ ရည်မှန်းချက်ပန်းတိုင် ကို ရှာဖွေပါ။ ရည်မှန်းချက်ရှိပြီးပန်းတိုင်ရေ...

Do you know what is most important if you really want to be successful in life? 18.11.2025

ဘဝမှာ အမှန်တကယ် အောင်မြင်ချင်ရင် ဘယ်အရာကအရေးကြီးဆုံးလဲဆိုတာ သိပါသလား။ စိတ်ကသာ အဓိက အကျဆုံးပဲဖြစ် ပါတယ်။ ကိုယ့်ရဲ့ စိတ်ကကိုယ်တိုင် နိုးထ တက်ကြွတဲ့ အချိန် ရောက်မှသာလျှင် စိတ်ဓာတ် တက်ကြွပြီးကြိုးစားချင်စိတ် ရှိလာကာ အောင်မြင်ဖို့အတွက် လုပ်ဆောင်မှာပဲဖြစ်ပါတယ်။ တကယ်အောင်မြင်ချင်တယ်ဆိုရင် “မဖြစ်ဖြစ်အောင် လုပ်မယ်ကွာ၊ ချမယ်ကွာ” ဆိုတဲ့တုံးတိုက်တိုက်၊ ကျားကိုက်ကိုက် စိတ်ဓာတ်မျိုး လိုအပ်ပါတယ်။ဒီလိုစိတ်မျိုးရရ...

Don't limit yourself. 17.11.2025

ငါ ဒီလောက်အထိ လုပ်နိုင်ပါ့မလား။ ငါကိုယ်တိုင်ကအမှားဖြစ်နေတာပါလား။ ဒီစကားတွေက တခါတလေ စိတ်အလိုမကျမှုတွေ ကျရှုံးမှုတွေကြုံလာရတိုင်း ကိုယ်တိုင် ရေရွတ်မိတဲ့ စကားတွေပေါ့။ ပစ္စည်းတွေကို သူ့နေရာသူစနစ်တကျရှိနေဖို့အတွက် Label တပ်ပြီး ဘယ်နေရာမှာ ဘာရှိလဲ ရှင်းရှင်းလင်းလင်းသိစေနိုင်ပေမယ့် ကိုယ့်ရဲ့ ဖြစ်တည်မှု၊ အမူအကျင့်လေးတွေကိုတော့ Label တပ်နေဖို့ မလိုပါဘူး။                                                     ...

Luister naar de podcast ဒီနေ့အတွက်စကား in Replaio

Radio en podcasts in één app - gratis en zonder account. Installeer vandaag nog en mis de lancering niet

Download het op Google Play

Replaio is geen uitgever van podcasts; namen van shows, covers en audio zijn eigendom van hun makers en worden verspreid via openbare RSS-feeds