Mratt Kyaw Thu

The Mratt Podcast

News MY ↓ 119 episodios

An independent journalist engages in conversations with commentators, researchers, and experts, primarily focusing on topics such as politics, war, and religion. Occasionally, I share insights about my own experiences, love, and society. If you would like to support my journalistic work, please consider contributing here: https://buymeacoffee.com/mratt. Thank you for your support!

No dejes de visitar la web del podcast y apoyar a su creador: redcircle.com

Autor

Mratt Kyaw Thu

Categoría

News

Web del podcast

redcircle.com

Último episodio

2 de may. de 2026

¿Dónde escuchar?

Podcasts en la app Replaio Radio Muy pronto

Los podcasts llegarán muy pronto a la app. Instálala ahora y sé el primero en descubrir una forma totalmente nueva de vivir los podcasts

Descárgala en Google Play Instálala gratis Android casi 10 M de descargas · valoración de 4,8 iOS muy pronto

Episodios

ထိုင်း မြန်မာ နှစ်နိုင်ငံလုံးကို ထိခိုက်နေတဲ့ ‘ဝ’ နယ်ထဲက မြေရှားတူးဖော်မှု 21.07.2025

စစ်ကောင်စီက အာဏာသိမ်းထားတဲ့ ကာလလည်း ဖြစ်ပြန်၊ တရုတ်နဲ့အနီးစပ်ဆုံးလည်းဖြစ် တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့ထဲမှာ အင်အားအကြီးဆုံးလည်းဖြစ်တဲ့ UWSA နယ်ထဲမှာလည်း ဖြစ်နေတာကြောင့် ဒီနေရာက မြေရှားသတ္တုတွင်းတွေရဲ့ ဆိုးကျိုးတွေကို ကြီးကြပ်စစ်ဆေးတာမျိုးတွေလုပ်ဖို့ကတော့ ဝေးနေဦးမှာပါ။ Support this podcast at — https://redcircle.com/the-mratt-podcast/exclusive-content

ဒလိုင်း လားမားသစ် ရွေးချယ်ရေးနဲ့ တိဗက်တို့ရဲ့ အနာဂတ် 18.07.2025

ဒလိုင်းလားမား ဦးဆောင်တဲ့ တိဗက်နိုင်ငံရေးဟာ ခေတ်အဆက်ဆက် အကြမ်းမဖက်တဲ့ နည်းလမ်းနဲ့ တရုတ်ကွန်မြူနစ်အစိုးရကို ဆန့်ကျင်နေတဲ့ အရှည်ကြာဆုံး တွန်းလှန်မှုတခုလည်းပဲ ဖြစ်ပါတယ်။ ဒီဆောင်းပါးထဲမှာတော့ တိဗက်ရဲ့ ကွန်မြူနစ်အစိုးရ ဆန့်ကျင်ရေးသမိုင်းကြောင်းနဲ့ ဒလိုင်းလားမားသစ် ရွေးချယ်ရေးအပေါ် အခြေတည်နေတဲ့ တိဗက်နိုင်ငံရေးကို လေ့လာကြည့်ရအောင်ပါ။ Support this podcast at — https://redcircle.com/the-mratt-podcast/exclus...

အမေရိကန်က စစ်ကောင်စီကို အသိအမှတ်ပြုလိုက်ပြီလား 12.07.2025

စစ်ကောင်စီ ဝါဒဖြန့်သတင်းစာတွေမှာ ဒေါ်နယ်ထရမ့်ကို စာပို့တဲ့ အကြောင်းကို မျက်နှာဖုံးမှာ ဖော်ပြခဲ့ပါတယ်။ ခေါင်းစဉ်မှာတော့ သဝဏ်လွှာ/အကြောင်းကြားစာလို့ ရေးထားပါတယ်။ တကယ်က တောင်းပန်ခယတဲ့ အသနားခံစာတစောင်ပါပဲ။ ရှင်းရှင်းပြောရရင်တော့ မာဖီးယား ခေါင်းဆောင်က ဆက်ကြေးအခွန်တောင်းတဲ့စာပို့တာကို မာဖီးယားခေါင်းဆောင်က ငါ့ကိုတောင် စာပို့တယ်ဆိုပြီး ဂုဏ်ဆာပြတဲ့သဘောပါပဲ။ Support this podcast at — https://redcircle.com/t...

ရှီကျင့်ဖျင်နဲ့ နိုင်ငံရေး ဝိရောဓိများ 10.07.2025

ရှီကျင့်ဖျင် လူမြင်ကွင်းကနေ ပျောက်နေတဲ့အပေါ် မီဒီယာတွေက ကောက်ယူမှန်းဆချက်အမျိုးမျိုး ပြောခဲ့ပေမဲ့ ပြီးခဲ့တဲ့တရက်ကပဲ လူရှေ့ကို ပြန်ပေါ်လာပါတယ်။ ဒါပေမဲ့ BRICs အစည်းအဝေးပွဲကို မတက်တာနဲ့ ဒီမတိုင်ခင် ဖခင်ဖြစ်တဲ့ ရှီကျုံ့ရွှင်းနာမည်နဲ့ ခန်းမကိစ္စ၊ ဗဟိုစစ်ကော်မရှင်ထဲက ဗိုလ်ချုပ်ကြီးတွေ ရှင်းခံရတဲ့ကိစ္စတွေကြောင့် တရုတ်နိုင်ငံရေးဟာ အတွင်းကြိတ် မုန်တိုင်းထန်နေပြီလားဆိုတဲ့ ယူဆချက်တွေရှိနေပါတယ်။  Support this...

စစ်တပ်လုပ်မဲ့ ရွေးကောက်ပွဲနဲ့ တော်လှန်ရေးအရွေ့ 04.07.2025

နိုင်ငံတကာက မလွတ်လပ်ဘူး၊ တရားမျှတမှု မရှိဘူးလို့ ဘယ်လောက်ပဲ ပြောပြော၊ ပွင့်လင်းမြင်သာမှု မရှိဘူး၊ စစ်ကောင်စီအတွက် အသက်ဆက်ရေးပဲလို့ တော်လှန်ရေးတပ်ဖွဲ့တွေက ဘယ်လောက်ပြောပြော စစ်ကောင်စီကတော့ ရွေးကောက်ပွဲကို ဖြစ်အောင်လုပ်မှာကို မြင်နေရပါတယ်။ တကယ်လို့ ရွေးကောက်ပွဲ ဖြစ်လာခဲ့ပြီးတော့ စစ်ကောင်စီဟာ သူလက်လွှတ်ခဲ့ရတဲ့ မြို့တွေထဲက တချို့ကိုလည်း ပြန်သိမ်းလာနိုင်ခဲ့ရင် အခြေအနေတွေ တမျိုး တဖုံ ပြောင်းလဲသွားမလား။ S...

နိုင်ငံ​ရေးမုန်တိုင်းကြားက ထိုင်းဝန်ကြီးချုပ် အနာဂတ် 23.06.2025

ထိုင်းဝန်ကြီးချုပ်ကတော့ နုတ်မထွက်ဘူးလို့ ကြေညာထားပါတယ်။ ထိုင်းနဲ့ ကမ္ဘောဒီယားကြားက နယ်စပ်အရေး အရှုပ်အထွေး၊ ဟွန်ဆန်ဆိုတာ ဘယ်လိုလူလဲ၊ အသံဖိုင်ပေါက်ကြားမှု နောက်ကွယ်က မကြေနပ်ချက်တွေနဲ့ နောက်ဆုံးရ ထိုင်းနိုင်ငံရေး အခြေအနေတွေကို လေ့လာကြည့်ရအောင်ပါ။ Support this podcast at — https://redcircle.com/the-mratt-podcast/exclusive-content

ဒေါ်နယ်ထရမ့် စစ်တိုက်ပြီ 22.06.2025

အမေရိကန်ပါဝင်လာချိန်မှာ အစ္စရေး-အီရန် စစ်ပွဲက ဘယ်လိုပုံစံမျိုး ဖြစ်သွားနိုင်သလဲဆိုတာကို စစ်ရေးလေ့လာသူတွေ သုံးသပ်နေကြပြီးတော့ အခြေအနေ ၄ မျိုး ဖြစ်နိုင်ခြေရှိတယ်လို့ ဆိုပါတယ်။ အမေရိကန် ပါဝင်မှု နောက်ဆုံးရ အချက်အလက်တွေနဲ့ ဖြစ်နိုင်ခြေအလားအလာတွေကို လေ့လာကြည့်ကြရမှာပါ။ Support this podcast at — https://redcircle.com/the-mratt-podcast/exclusive-content

အစ္စရေး-အီရန်စစ်ပွဲမှာ အမေရိကန် ပေါ်တင် ပါလာတော့မလား 20.06.2025

ဒီနေ့တော့ အစ္စရေး-အီရန် နောက်ဆုံးရ သတင်းအချက်အလက်တွေနဲ့ ဇွန် ၁၃ ရက်နေ့ကတည်းက အမေရိကန် စစ်တပ်တွေရဲ့ လှုပ်ရှားမှု၊ အစ္စရေးက ဘာကြောင့် အမေရိကန်ကို အကူအညီလိုရသလဲ၊ ဒီစစ်ပွဲမှာ အမေရိကန် ပါဝင်လာနိုင်ချေရှိသလားဆိုတာတွေကို လေ့လာကြည့်ရအောင်ပါ။ Support this podcast at — https://redcircle.com/the-mratt-podcast/exclusive-content

အလီ ခါမေနီ နောက်ဆုံးတိုက်တဲ့ စစ်ပွဲလား 17.06.2025

အစောပိုင်းမှာတော့ အစ္စရေးဟာ အီရန်အနေနဲ့ နျူကလီးယားလက်နက်ပိုင်ဆိုင်လာမှာကို ဟန့်တားလိုတာကြောင့် တိုက်ခိုက်မှုကို လုပ်ရတာလို့ ဆိုထားပေမဲ့ ခုတော့ လေသံပြောင်းလာတာ တွေ့ရပါတယ်။ အဲ့ဒါကတော့ အီရန်အစိုးရ အပြောင်းအလဲ ဖြစ်သွားနိုင်တယ်လို့ ပြောလာတာပါ။ ဒါ ဖြစ်နိုင်ပါ့မလား။ အစ္စရေး အီရန် စစ်ပွဲ နောက်ဆုံးအခြေအနေနဲ့ အလီ ခါမေနီအကြောင်းကို နားဆင်ရမှာ ဖြစ်ပါတယ်။ Support this podcast at — https://redcircle.com/the-mra...

ထရမ့် အီလွန် အကွဲအပြဲ 15.06.2025

အကြောင်းရင်းကတော့ One Big Beautiful Bill လို့ နာမည်ပေးထားတဲ့ ဒေါ်နယ်ထရမ့်ရဲ့ အခွန်ဆိုင်ရာ ဥပဒေမူကြမ်းကြောင့်ပဲ ဖြစ်ပါတယ်။ ဒီဥပဒေမူကြမ်းအပြင် နောက်ထပ် စိတ်ဝင်စားစရာ နောက်ကွယ်က ဇာတ်လမ်းတွေလည်း ရှိပါသေးတယ်။ ဒီနေ့တော့ ကမ္ဘာ့အချမ်းသာဆုံးလူနဲ့ ကမ္ဘာ့အင်အားအကြီးဆုံးနိုင်ငံရဲ့ ခေါင်းဆောင်ကြားက အကွဲအပြဲဇာတ်လမ်းကို ဖြစ်လာစေခဲ့တဲ့အကြောင်းရင်းတွေကို လေ့လာကြည့်ရအောင်ပါ။ Support this podcast at — https://redcir...

အစ္စရေးနဲ့ အီရန် 14.06.2025

အမေရိကန်အနေနဲ့ ဒီစစ်ပွဲမှာ မပါဘူးလို့ ငြင်းထားပေမဲ့ ဒေါ်နယ်ထရမ့်ကတော့ အီရန်အနေနဲ့ သဘောတူညီမှုလုပ်ဖို့အတွက် “အရမ်းကြီး နောက်မကျသေးပါဘူး” ဆိုပြီး ပြောထားပါတယ်။ လက်ရှိ ဒေါ်နယ်ထရမ့်ရဲ့ နျူကလီးယားသဘောတူညီမှုကို အီရန်အနေနဲ့ လက်ခံလိုက်ရင်တော့ အစ္စရေး-အီရန် စစ်ပွဲရဲ့ အခြေအနေက တမျိုးပြောင်းသွားနိုင်မလား။ Support this podcast at — https://redcircle.com/the-mratt-podcast/exclusive-content

တောင်တရုတ်ပင်လယ် ဟိန်းသံဟောက်သံများ 05.06.2025

အမေရိကန် ကာကွယ်ရေးဝန်ကြီးပြောသွားခဲ့တဲ့ အရှေ့တောင်အာရှက နိုင်ငံတွေ စစ်ရေးပြင်ဆင်သင့်တဲ့အကြောင်း၊ ထိုင်ဝမ်၊ တောင်တရုတ်ပင်လယ်အရေးနဲ့ ပတ်သက်လို့ တင်းမာမှု နောက်ဆုံးအခြေအနေတို့ကို လေ့လာကြရမှာပဲ ဖြစ်ပါတယ်။ Support this podcast at — https://redcircle.com/the-mratt-podcast/exclusive-content

အာဆီယံကို ဘယ်လောက်ထိ ယုံကြည်ရသလဲ 31.05.2025

မလေးရှားဝန်ကြီးချုပ် အန်နဝါ အီဘရာဟင်က မြန်မာ့အရေးမှာ တိုးတက်မှုတွေ ရှိတယ်လို့ ဆိုပါတယ်။ ဒါပေမဲ့ အမျိုးသားညီညွတ်ရေးအစိုးရကတော့ အာဆီယံဟာ သူတို့အပေါ် ဖိအားပေးအကြပ်ကိုင်တာမျိုး ရှိနေတယ်လို့လည်း ဆိုလာပြန်ပါတယ်။ ဒီတကြိမ်တော့ စပိန်နိုင်ငံ မာဒရိမြို့ကို ရောက်နေတဲ့ မြန်မာ-အာဆီယံ ရေးရာ ကျွမ်းကျင်သူ ကိုဝင်းမင်းနဲ့ တွေ့ဆုံမေးမြန်းထားပါတယ်။ Support this podcast at — https://redcircle.com/the-mratt-podcast/excl...

ရခိုင်အရေး၊ ရွေးကောက်ပွဲပြဿနာနဲ့ ဘင်္ဂလားဒေ့ရှ်က စစ်အေးတိုက်ပွဲ 28.05.2025

ဘင်္ဂလားဒေ့ရှ် ယာယီအစိုးရ ယူနွတ်နဲ့ ဘင်္ဂလားဒေ့ရှ် စစ်တပ်ခေါင်းဆောင် ဝါကာ အူဇ် ဇာမန်တို့ကြားက စစ်အေးတိုက်ပွဲ၊ စစ်တပ်ခေါင်းဆောင် စိတ်ပူတဲ့ ရခိုင်ပြည်အရေး၊ ဝါကာ အူဇ် ဇာမန်ရဲ့ နောက်ကြောင်း ရာဇဝင်၊ ဘင်္ဂလားဒေ့ရှ်မှာ စစ်တပ် အာဏာသိမ်းမှု ဖြစ်လာနိုင်သလား ဆိုတာတွေကို လေ့လာကြည့်ကြည့်ရအောင်ပါ။ Support this podcast at — https://redcircle.com/the-mratt-podcast/exclusive-content

လက်ဝဲ၊ လက်ယာ သံသရာစက်ဝန်းနဲ့ နိုင်ငံရေး 23.05.2025

အမြဲတမ်းပြောနေရတဲ့ ရွှေ့ပြောင်းဝင်ရောက်လာသူတွေအရေး၊ ခွဲခြားဆက်ဆံမှုတွေ မြင်တက်လာတာ၊ အမျိုးဘာသာ သာသနာ အရေးလှုပ်ရှားမှုတွေအားကောင်းလာတာနဲ့အတူ ကမ္ဘာ့နိုင်ငံရေးမှာ လက်ယာစွန်းတွေ အားကောင်းလာတာဟာ ငြင်းမရနိုင်ပါဘူး။ ဒါက ဘယ်ဆီ ဦးတည်နေသလဲ။ မြန်မာနိုင်ငံမှာရော လက်ဝဲ လက်ယာ ဘယ်အယူအဆတွေ အားကောင်းသလဲ။ Support this podcast at — https://redcircle.com/the-mratt-podcast/exclusive-content

အဘူဒါဘီ ဗလီထဲက သမ္မတ ဒေါ်နယ်ထရမ့် 21.05.2025

မွတ်ဆလင်တွေရဲ့ ဗလီထဲ တခါမှ မဝင်ဖူးတဲ့ ထရမ့်၊ အရင်က အမေရိကန်သမ္မတတွေက ဒီလိုမျိုး ဗလီကို ဝင်ရောက်လည်ပတ်ဖူးသလား၊ ပြီးတော့ ဆီးရီးယားခေါင်းဆောင် မိုဟာမက် အာ ရှားရားနဲ့ တွေ့ဆုံမှု၊ ကာတာ၊ ဆော်ဒီနဲ့ ယူအေအီတို့က အာရပ်စော်ဘွားတွေနဲ့ ထရမ့်တို့ ဘယ်လို ရင်းနှီးမြှုပ်နှံမှု သဘောတူညီချက်တွေ လုပ်ခဲ့ကြသလဲဆိုတာအပြင် ထရမ့်ရဲ့ အရှေ့အလယ်ပိုင်းခရီးစဉ်တလျှောက် ဘာတွေထူးခြားမှုရှိသလဲဆိုတာတွေကို လေ့လာကြရမှာပဲ ဖြစ်ပါတယ်။ Su...

လေကြောင်းတိုက်ခိုက်မှုနဲ့ စစ်ကောင်စီ ဝါဒဖြန့်ချိရေး 17.05.2025

စစ်ကောင်စီဟာ လေကြောင်းတိုက်ခိုက်မှုတွေ တောက်လျှောက်လုပ်နေချိန်မှာ တဖက်မှာ ဝါဒဖြန့်ချိရေးကို စနစ်တကျ လုပ်နေတာလည်း တွေ့ရပါတယ်။ လူတွေရဲ့ စိတ်ကို ဝေဝါးစေအောင်၊ သံသယဝင်စေအောင် စနစ်တကျ သတင်းမှားတွေ ဖြန့်နေတာလည်း တွေ့ရပါတယ်။ ဒီ Podcast မှာတော့ ဒီအကြောင်းကို သုံးသပ်ထားပါတယ်။ Support this podcast at — https://redcircle.com/the-mratt-podcast/exclusive-content

သံသရာလည်နေအုံးမဲ့ ရန်ဘက်များ 12.05.2025

ကက်ရှ်မီးယား နယ်မြေအငြင်းပွားမှုနဲ့ ဒီနယ်မြေကြားက ပဋိပက္ခတွေကြောင့် ဖြစ်ခဲ့တဲ့ စစ်ပွဲတွေအကြောင်းနဲ့ မေ ၇ ရက်နေ့ကနေ ၁၀ ရက်နေ့ထိ ဖြစ်ခဲ့တဲ့ စစ်ပွဲမှာ နှစ်နိုင်ငံစလုံးက သုံးခဲ့တဲ့ လက်နက်တွေ တိုက်လေယာဉ်တွေနဲ့ စစ်မြေပြင်မဟုတ်ဘဲ သံတမန်ရေးနဲ့ နိုင်ငံတကာမှာပါ အိန္ဒိယက ပါကစ္စတန်ကို ဘယ်လိုတိုက်ခဲ့သလဲဆိုတာတွေကို လေ့လာကြည့်ကြရအောင်ပါ။ Support this podcast at — https://redcircle.com/the-mratt-podcast/exclusive...

အာဆတ်အလွန် ဆီးရီးယား 09.05.2025

ဆီးရီးယားမှာ အာဏာရှင် အာဆတ်ထွက်ပြေးသွားပြီး အိမ်စောင့်အစိုးရထိန်းချုပ်ထားတာ ခုဆို ၅ လကျော်ရှိသွားပါပြီ။ ဒီကြားထဲမှာ လူပေါင်း ၆ ထောင်ကျော် သေကြေခဲ့ပါတယ်။ အရင် အာဏာရှင်ထောက်ခံသူတွေနဲ့ နောက်ထပ်တက်လာတဲ့အစိုးရထောက်သူတွေကြား၊ ဘာသူလူမျိုး မတူ၊ ဂိုဏ်းကွဲတွေကြားက ပဋိပက္ခတွေဟာ ကြီးမားလာပါတယ်။ ဒီနေ့တော့ ဆီးရီးယားမှာ လက်ရှိပြဿနာတက်နေတဲ့ ဒရုဇ်လူမျိုးစု၊ သူတို့ရဲ့ အရေးပါပုံ၊ အာ့လာဝိုက်တွေရဲ့ အခန်းကဏ္ဍ၊ ပြီးတော့...

NUG ပြုပြင်ပြောင်းလဲရေး 11.09.2024

အမျိုးသားညီညွတ်ရေးအစိုးရ NUG ဖွဲ့စည်းစဉ်ကတည်းက ပါဝင်သူတွေနဲ့အတူ ရှိခဲ့ပြီး NUG ထဲမှာလည်း ထဲထဲဝင်ဝင် ပါဝင်ခဲ့တဲ့ လွတ်လပ်တဲ့ နိုင်ငံရေးလေ့လာသုံးသပ်သူ ကိုစစ်မော်က NUG အစိုးရအနေနဲ့ လက်ရှိဖွဲ့စည်းပုံတွေကို ပြင်ဆင်ဖွဲ့စည်းသင့်တယ်လို့ ပြောပါတယ်။ ဒီအကြောင်းကို အပြည့်အစုံ မေးမြန်းထားပါတယ်။ Support this podcast at — https://redcircle.com/the-mratt-podcast/exclusive-content

ခါးသီးသောပြိုင်ဘက်များ - နိဂုံး 30.07.2024

အပိုင်း (၁) ကနေ အပိုင်း (၈) အထိ အစအဆုံး နားဆင်ကြည့်ရှုပေးခဲ့ကြသူတိုင်းကို ကျေးဇူးတင်ပါတယ်။ ဒီ ခါးသီးသောပြိုင်ဘက်များကို နားဆင်ပြီး အနောက်နိုင်ငံတွေ အင်အားကြီးနိုင်ငံတွေဆိုတာ နိုင်ငံတနိုင်ငံမှာ တော်လှန်ရေးဖြစ်ရင် သူပုန်ထရင် ဘာကြောင့် ကူညီပေးကြသလဲ ဘယ်လိုအခြေအနေမှာ ကူညီပေးကြသလဲဆိုတာကို ထင်ထင်ရှားရှား တွေ့ကြမယ် ထင်ပါတယ်။ ဒါ့အပြင် လက်ရှိ နေ့စဉ်သတင်းတွေမှာ မပါမဖြစ် ဟဇ်ဘိုလာ၊ ဟူသီတို့နဲ့ အရှေ့အလယ်ပိုင်းက...

ခါးသီးသောပြိုင်ဘက်များ - အပိုင်း (၇) 29.07.2024

ဒီအပိုင်းမှာတော့ ဆော်ဒီနဲ့အီရန်တို့ရဲ့ ပေါ်တင်တိုက်ကြတဲ့ ဆီးရီးယားက ပြည်တွင်းစစ်အကြောင်းနဲ့ အိုင်းဆစ်ပါဝင်လာမှု နောက်ဆုံး ရုရှားက ပူတင်ပါ ပါဝင်လာတဲ့အထိ အပြည့်အစုံ နားဆင်ရမှာ ဖြစ်ပါတယ်။ Support this podcast at — https://redcircle.com/the-mratt-podcast/exclusive-content

ခါးသီးသောပြိုင်ဘက်များ - အပိုင်း (၆) 28.07.2024

ဒီအပိုင်းမှာတော့ ဆက်ဒမ်ဟူစိန်ရဲ့ ကူဝိတ်ကျူးကျော်မှုနဲ့ သူ့နောက်ပိုင်းမှာ ဖြစ်လာခဲ့တဲ့ 9/11 တိုက်ခိုက်မှုအပါအဝင် အီရတ်မှာ ဆွန္နီ-ရှိယိုက်စစ်ပွဲတွေ ဘယ်လိုစခဲ့သလဲဆိုတာတွေကို အပြည့်အစုံ နားဆင်ရမှာ ဖြစ်ပါတယ်။ Support this podcast at — https://redcircle.com/the-mratt-podcast/exclusive-content

ခါးသီးသောပြိုင်ဘက်များ - အပိုင်း (၅) 28.07.2024

ဒီအပိုင်းမှာတော့ အီရန်-အီရတ်စစ်ပွဲမှာ ဆော်ဒီရဲ့ အခန်းကဏ္ဍက ဘယ်နေရာကနေ ပါဝင်ခဲ့သလဲ၊ ဆက်ဒမ်ဟူစိန်ရဲ့ ဓာတုဗုံးအသုံးပြုမှုတွေနဲ့ အမေရိကန်ရဲ့ ပါဝင်မှုတို့ကို နားဆင်ရမှာ ဖြစ်ပါတယ်။ Support this podcast at — https://redcircle.com/the-mratt-podcast/exclusive-content

ခါးသီးသောပြိုင်ဘက်များ - အပိုင်း (၄) 27.07.2024

ဒီအပိုင်းမှာတော့ ဟဇ်ဘိုလာ ဘယ်လိုပေါ်လာသလဲ၊ လက်ဘနွန်မှာ အီရန်ရဲ့ အခန်းကဏ္ဍနဲ့ အစ္စရေးနဲ့ လက်ဘနွန်ရဲ့ အတိတ်က မကြေပွဲတွေအပြင် အသေခံဗုံးဖောက်ခွဲမှုတွေ ဘယ်လို စတင်ခဲ့သလဲဆိုတာကို နားဆင်ရမှာဖြစ်ပါတယ်။ Support this podcast at — https://redcircle.com/the-mratt-podcast/exclusive-content

Escucha el podcast The Mratt Podcast en Replaio

Radio y podcasts en una sola app - gratis y sin registro. Instálala hoy y no te pierdas el estreno

Descárgala en Google Play

Replaio no es editor de podcasts; los nombres de los programas, las portadas y el audio pertenecen a sus autores y se distribuyen a través de canales RSS públicos