ဗွီအိုအေ

နံနက်ပိုင်း ၆း၀၀-၇း၀၀ - ဗွီအိုအေ

News MY ↓ 50 episodios

အပြည်ပြည်ဆိုင်ရာ စံတော်ချိန် ၂၃၃၀ ၊ မြန်မာစံတော်ချိန် နံနက် ၆ နာရီကနေ ၇ နာရီထိ (၁) နာရီကြာ ထုတ်လွှင့်နေတဲ့ ဒီ ရေဒီယိုအစီအစဉ်မှာ မြန်မာ၊ ဒေသတွင်းနဲ့ နိုင်ငံတကာ သတင်းနဲ့ သတင်းဆောင်းပါးတွေ သီတင်းပတ်စဉ်ကဏ္ဍတွေကို နားဆင်နိုင်ပါတယ်။

No dejes de visitar la web del podcast y apoyar a su creador: burmese.voanews.com

Autor

ဗွီအိုအေ

Categoría

News

Web del podcast

burmese.voanews.com

Último episodio

31 de mar. de 2025

¿Dónde escuchar?

Podcasts en la app Replaio Radio Muy pronto

Los podcasts llegarán muy pronto a la app. Instálala ahora y sé el primero en descubrir una forma totalmente nueva de vivir los podcasts

Descárgala en Google Play Instálala gratis Android casi 10 M de descargas · valoración de 4,8 iOS muy pronto

Episodios

ဗွီအိုအေ မြန်မာနံနက်ခင်း (မတ် ၇၊ ၂၀၂၅) - မတ္ ၀၇, ၂၀၂၅ 06.03.2025

မက္ကဆီကို ကုန်စည်တွေအပေါ် အခွန်တိုးမြှင့်ရေး Trump ဆိုင်းငံ့၊ တိုင်ဝမ်မှာ ဒေါ်လာ ၁၀၀ ဘီလီယံ အမေရိကန် မြှုပ်နှံမည်၊ ရခိုင်မှာ တိုက်ပွဲပြင်းထန် စတဲ့ သတင်းတွေနဲ့အတူ ဦးအောင်ခင်ရဲ့ မြန်မာ့အရေး သုံးသပ်ချက်၊ ကျန်းမာရေး၊ တိုင်းရင်းသတင်းလွှာ အစီအစဉ်တွေ တင်ဆက်ထားပါတယ်။

ဗွီအိုအေ မြန်မာနံနက်ခင်း (မတ်လ ၆ ရက်၊ ၂၀၂၅) - မတ္ ၀၆, ၂၀၂၅ 05.03.2025

ယူကရိန်းကို ထောက်လှမ်းရေးအချက်အလက် ပေး နေတာ အမေရိကန် ရပ်ဆိုင်း၊ ဟားမတ်စ်နဲ့ အမေရိကန်ညှိနှိုင်း၊ ရိုဟင်ဂျာတို့အတွက် စားနပ်ရိက္ခာ ထောက်ပံ့ကြေး ဖြတ်တောက်ဖို့ရှိ၊ မြန်မာနိုင်ငံ အလယ်ပိုင်းဒေသက တိုက်ပွဲအခြေအနေ စတာတွေနဲ့အတူ အပတ်စဥ် အစီအစဉ်တွေတင်ပြထားပါတယ်။

ဗွီအိုအေ မြန်မာနံနက်ခင်း (မတ်လ ၅၊၂၀၂၅) - မတ္ ၀၅, ၂၀၂၅ 04.03.2025

လုံခြုံရေး တိုးမြှင့်ဖို့ ဥရောပခေါင်းဆောင်တွေ ဆွေးနွေးမည်၊ ကန် ကုန်စည်အပေါ် ကနေဒါ မက္ကဆီကို နဲ့ တရုတ်တို့ အခွန်တိုးမည်၊ အီဂျစ်အဆိုပြုတဲ့ ဂါဇာအစီအစဉ် အာရပ်ခေါင်းဆောင်တွေ လက်ခံ စတာတွေအပြင် မြေကြီးသြဇာ၊ အမေရိကန်နိုင်ငံရေး၊ ကမ္ဘာတလွှား ခရီးသွား အစီအစဉ်တွေကို တင်ဆက်ထားပါတယ်။

ဗွီအိုအေ မြန်မာ နံနက်ခင်း (မတ် ၄ ၊ ၂၀၂၅) - မတ္ ၀၄, ၂၀၂၅ 03.03.2025

ယူကရိန်းစစ်ပွဲ အရေးနဲ့ ပတ်သက်ပြီး အမေရိကန် သမ္မတ က ယူကရိန်း သမ္မတကို ထပ်မံ ဝေဖန်၊ တရုတ်မှာ နိုင်ငံရေး ဆွေးနွေးပွဲကြီး စတင်၊ ရန်ကုန်မှာ ပုဂ္ဂလိက ဆေးရုံ တချို့ပိတ် စတာတွေနဲ့ အတူ ဆက်သွယ်မေးမြန်းခန်း၊ စီးပွားရေး၊ လူမှုရှုခင်း ၊ သက်တံ့ရောင် သတင်းလွှာတို့ကို ထုတ်လွှင့်ပါမယ်။

ဗွီအိုအေ မြန်မာနံနက်ခင်း (မတ်လ ၃၊ ၂၀၂၅) - မတ္ ၀၃, ၂၀၂၅ 02.03.2025

ကနေဒါနဲ့မက္ကဆီကို အပေါ်သွင်းကုန်ခွန်တိုးကောက်မယ့်အခြေအနေ၊ ဂါဇာကိုပစ္စည်းအဝင်အားလုံး အစ္စရေးလ်ရပ်ဆိုင်း၊ လှိုင်းဘွဲ့တိုက်ပွဲတွေကြောင့် မြန်မာဒုက္ခသည်ထိုင်းဘက်တိမ်းရှောင်စတာတွေ အပြင်ဒီမိုကရေစီရေးရာဆွေးနွေးခန်း၊ကမ္ဘာ့မြန်မာ့မီဒီယာမြင်ကွင်း၊ ထူးခြားဆန်းပြားသတင်းများအစီအစဉ်တို့ကိုထုတ်လွှင့်ပါမယ်။ 

ဗွီအိုအေ မြန်မာနံနက်ခင်း (မတ်လ ၂ ရက် ၊ ၂၀၂၅) - မတ္ ၀၂, ၂၀၂၅ 01.03.2025

ဗွီအိုအေ မြန်မာနံနက်ခင်း (မတ်လ ၂ ရက် ၊ ၂၀၂၅) − ရုရှားသမ္မတနဲ့ မြန်မာစစ်ခေါင်းဆောင် တွေ့ဆုံဖို့ရှိတာ၊ ရာမာဒန် ဥပုသ်လ ခုသီတင်းပတ်ကုန် စတင်တဲ့ သတင်းတွေနဲ့အတူ အပတ်စဉ်ကဏ္ဍတွေ တင်ပြထားပါတယ်။

ဗွီအိုအေ မြန်မာနံနက်ခင်း (မတ်လ ၁၊ ၂၀၂၅) - မတ္ ၀၁, ၂၀၂၅ 28.02.2025

ဗွီအိုအေ မြန်မာနံနက်ခင်း (မတ်လ ၁၊ ၂၀၂၅) အမေရိကန်နဲ့ ယူကရိန်း သမ္မတနှစ်ဦး ဆွေးနွေးပွဲ ပြန်လှန် အော်ဟစ် ရပ်ဆိုင်း၊ ကမ္ဘာ့လူ့အခွင့်အရေး အဆိုးဆုံးထဲ မြန်မာပါဝင်၊ ကျောက်ဖြူ မကျအောင် စစ်ကောင်စီ အင်အားဖြည့် စတဲ့သတင်းတွေနဲ့ အမျိုးသမီး၊ သုတစုံလင် အမေရိကန်တခွင်၊ သိပ္ပံနဲ့နည်းပညာ ကဏ္ဍတွေ တင်ဆက်ထားပါတယ်။

ဗွီအိုအေ မြန်မာနံနက်ခင်း (ဖေဖေါ်ဝါရီ ၂၈ ၊ ၂၀၂၅) - ေဖေဖာ္၀ါရီ ၂၈, ၂၀၂၅ 27.02.2025

ဗွီအိုအေ မြန်မာနံနက်ခင်း (ဖေဖေါ်ဝါရီ ၂၈ ၊ ၂၀၂၅) − Donald Trump ကို ရုရှားသမ္မတ Putin ချီးကျူး၊ ဝှီးဂါတွေ ထိုင်းကနေ တရုတ်ကို ပို့မယ့်ကိစ္စ ကန် ဝန်ကြီးရှုတ်ချ၊ ကုလအကြီးအကဲ မွတ်ဆလင်ဥပုသ်လမှာ ရိုဟင်ဂျာဒုက္ခသည်စခန်း သွားမည် စတဲ့ သတင်းတွေနဲ့အတူ အပတ်စဥ်အစီအစဉ်တို့ကို တင်ဆက်ထားပါတယ်။

ဗွီအိုအေ မြန်မာနံနက်ခင်း (ဖေဖော်ဝါရီ ၂၇ ၊ ၂၀၂၅) - ေဖေဖာ္၀ါရီ ၂၇, ၂၀၂၅ 26.02.2025

မြေရှားသတ္တု တူးဖော်ရေး ယူကရိန်းနဲ့ အမေရိကန်ကြားက သဘောတူညီချက်၊ အမေရိကန်မှာ အိမ်ဝယ်ယူရေး အိမ်နီးချင်းတွေရဲ့ နိုင်ငံရေး ယုံကြည်ချက်ကိုပါ ထည့်သွင်းစဉ်းစားလာကြတဲ့အကြောင်း၊ မြန်မာ တရုတ် ထိုင်း ၃ နိုင်ငံ ကျားဖြန့်နှိမ်နင်းရေး အကျိုးဆက် စတာတွေအပြင် အပတ်စဥ်အစီအစဉ်တွေကို တင်ပြထားပါတယ်။

ဗွီအိုအေ မြန်မာနံနက်ခင်း (ဖေဖော်ဝါရီ ၂၆၊ ၂၀၂၅) - ေဖေဖာ္၀ါရီ ၂၆, ၂၀၂၅ 25.02.2025

ဗြိတိန် ကာကွယ်ရေးအသုံးစရိတ် တိုးမြှင့်မည်၊ ပါလက်စတိုင်းအကျဉ်းသားတွေ ပြန်လွှတ်ဖို့ ဆိုင်းငံ့မှု အပစ်ရပ် ပျက်နိုင် (Hamas)၊ စစ်ကောင်စီ နယ်မြေရှင်း အရပ်သားတွေ ထိခိုက်ထွက်ပြေး စတာတွေအပြင် မြေကြီးသြဇာ၊ အမေရိကန်နိုင်ငံရေး၊ ကမ္ဘာတလွှား ခရီးသွား အစီအစဉ်တွေကို တင်ဆက်ထားပါတယ်။

ဗွီအိုအေ မြန်မာ နံနက်ခင်း (ဖေဖော်ဝါရီ ၂၅၊ ၂၀၂၅) - ေဖေဖာ္၀ါရီ ၂၅, ၂၀၂၅ 24.02.2025

ယူကရိန်းစစ်အဆုံးသတ်ရေး အဆိုပြုချက် ကုလသမဂ္ဂမှာ မဲခွဲဆုံးဖြတ်၊ နောင်ချို၊ မကွေးတို့မှာ လေကြောင်း တိုက်ခိုက်ခံရ၊ ရန်ကုန်မှာ ရခိုင် စစ်ရှောင် စာရင်းကောက်ယူ စတဲ့ သတင်းတွေ အပြင် ဆက်သွယ်မေးမြန်းခန်း စီးပွားရေး၊ လူမှုရှုခင်း အစီအစဉ်တို့ကို ထုတ်လွှင့်ပါမယ်။

ဗွီအိုအေ မြန်မာ နံနက်ခင်း (ဖေဖော်ဝါရီ ၂၄၊ ၂၀၂၅) - ေဖေဖာ္၀ါရီ ၂၄, ၂၀၂၅ 23.02.2025

အမေရိကန်နဲ့ ယူကရိန်းကြား မြေရှားသတ္တု တူးဖော်ခွင့်၊ ပုပ်ရဟန်းမင်းကြီးရဲ့ ကျန်းမာရေး၊ ဂျာမနီ ရွေးကောက်ပွဲ ရလဒ် စတဲ့ ထိပ်တန်းရောက်သတင်းတွေ အပြင် ဒီမိုကရေစီရေးရာ ဆွေးနွေးခန်း၊ ကမ္ဘာ့မြန်မာ့ မီဒီယာမြင်ကွင်း၊ မြန်မာပြည်မှပေးစာ၊ မြင်ကွင်းကျယ်မှတ်စု၊ ထူးခြားဆန်းပြား အစီအစဉ်တို့ကို နားဆင်ရပါမယ်။

ဗွီအိုအေ မြန်မာနံနက်ခင်း (ဖေဖေါ်ဝါရီ ၂၃ ၊ ၂၀၂၅) - ေဖေဖာ္၀ါရီ ၂၃, ၂၀၂၅ 22.02.2025

ဗွီအိုအေ မြန်မာနံနက်ခင်း (ဖေဖေါ်ဝါရီ ၂၃ ၊ ၂၀၂၅) − ကွန်ဆာဗေးတစ် ညီလာခံမှာ သမ္မတထရမ့် မိန့်ခွန်းပြောတာ၊ အစ္စရေးဓါးစာခံ ၆ ဦး ပြန်လွတ်လာတဲ့ သတင်းနဲ့အတူ ဒို့အသံ၊ အာရှနိုင်ငံရေး၊ ဒီမိုကရေစီ နဲ့ခေတ်ပြိုင်ကမ္ဘာ၊ လယ်ယာစီးပွား၊ ဥတုရာသီနဲ့အနာဂတ်ကမ္ဘာ၊ သတင်းတွေထဲကသုတ စတဲ့အပတ်စဥ်ကဏ္ဍတွေကို တင်ဆက်ထားပါတယ်။

ဗွီအိုအေ မြန်မာနံနက်ခင်း (ဖေဖေါ်ဝါရီ ၂၂ ၊ ၂၀၂၅) - ေဖေဖာ္၀ါရီ ၂၂, ၂၀၂၅ 21.02.2025

ဗွီအိုအေ မြန်မာနံနက်ခင်း (ဖေဖေါ်ဝါရီ ၂၂ ၊ ၂၀၂၅) − အနောက်ဘက်ကမ်း အကြမ်းဖက်နှိမ်နင်းရေး အစ္စရေးအရှိန်မြှင့်၊ အကြမ်းဖက်တိုက်ခိုက်မှု အာဖဂန်က လာနိုင်သေးလို့ Marko Rubio ပြော၊ အငြင်းပွါးဝေဟင် ဖိလစ်ပိုင်ချိုးဖောက်ဟု တရုတ်စွပ်စွဲ စတဲ့သတင်းတွေနဲ့အတူ အပတ်စဥ် အစီအစဉ်တွေ တင်ဆက်ထားပါတယ်။

ဗွီအိုအေ မြန်မာနံနက်ခင်း (ဖေဖော်ဝါရီ ၂၁ ၊ ၂၀၂၅) - ေဖေဖာ္၀ါရီ ၂၁, ၂၀၂၅ 20.02.2025

ဗွီအိုအေ မြန်မာနံနက်ခင်း (ဖေဖော်ဝါရီ ၂၁ ၊ ၂၀၂၅) − အမေရိကန် သံတမန် ယူကရိန်းသမ္မနဲ့ဆွေးနွေး၊ ဥရောပနဲ့ သွင်းကုန်ခွန်ကိစ္စ တရုတ် ညှိနှိုင်းမည်၊ TNLA ထိန်းချုပ်တဲ့နောင်ချိုကို စစ်ကောင်စီဗုံးကြဲ စတဲ့သတင်းတွေနဲ့အတူ အပတ်စဉ်ကဏ္ဍတွေ တင်ဆက်ထားပါတယ်။

ဗွီအိုအေ မြန်မာနံနက်ခင်း (ဖေဖော်ဝါရီ ၂၀ ၊ ၂၀၂၅) - ေဖေဖာ္၀ါရီ ၂၀, ၂၀၂၅ 19.02.2025

ဗွီအိုအေ မြန်မာနံနက်ခင်း (ဖေဖော်ဝါရီ ၂၀ ၊ ၂၀၂၅) - ယူကရိန်းသမ္မတကို အာဏာရှင်လို့ အမေရိကန်သမ္မတက ပြောလိုက်တဲ့အကြောင်း၊ နိုင်ငံခြားသားတွေ လက်နက်ကိုင်လုံခြုံရေးကုမ္ပဏီ ခွင့်ပြုမယ့် စစ်ကောင်စီရဲ့ဥပဒေသစ်၊ ဘန်ကောက်မှာ ကျားဖြန့်တွေ ဖမ်းမိတဲ့အကြောင်းနဲ့အတူ အပတ်စဥ်ကဏ္ဍတွေ နားဆင်ရပါမယ်။

ဗွီအိုအေ မြန်မာနံနက်ခင်း (ဖေဖော်ဝါရီ ၁၉၊ ၂၀၂၅) - ေဖေဖာ္၀ါရီ ၁၉, ၂၀၂၅ 18.02.2025

G-20 အစည်းအဝေး အမေရိကန်တက်မည် မဟုတ်၊ ဓားစာခံ (၆) ယောက်နဲ့ ရုပ်အလောင်း (၄) ခု Hamas ပြန်အပ်မည်၊ စစ်ကောင်စီဗုံးကြဲလို့ ကနီမှာ လူ (၅) ဦးသေဆုံး၊ စတာတွေအပြင် မြေကြီးသြဇာ၊ အမေရိကန်နိုင်ငံရေး၊ ကမ္ဘာတလွှား ခရီးသွား အပတ်စဉ်အစီအစဉ်တွေကို တင်ဆက်ထားပါတယ်။

ဗွီအိုအေ မြန်မာ နံနက်ခင်း (ဖေဖော်ဝါရီ ၁၈၊ ၂၀၂၅) - ေဖေဖာ္၀ါရီ ၁၈, ၂၀၂၅ 17.02.2025

အစ္စရေးလ်နဲ့ ဟားမတ်စ်ကြား အပစ်ရပ်ရေး၊ ဂါဇာကမ်းမြှောင်အရေး အမေရိကန်နဲ့ ဆော်ဒီ ဆွေးနွေး၊ ယူကရိန်း ရုရှားငြိမ်းချမ်းရေးဆွေးနွေးပွဲ အရေး ပြင်သစ်အရေးပေါ်အစည်းအဝေးခေါ်ယူ၊ စစ်ကိုင်းနဲ့ ရှမ်းဖက်က တိုက်ပွဲသတင်းတွေနဲ့အတူ ဆက်သွယ်မေးမြန်းခန်း၊စီးပွားရေး၊လူမှုရှုခင်း၊သက်တံ့ရောင် သတင်းလွှာတို့ကို ထုတ်လွှင့်ပါမယ်။

ဗွီအိုအေ မြန်မာနံနက်ခင်း - ေဖေဖာ္၀ါရီ ၁၇, ၂၀၂၅ 16.02.2025

ဟားမတ်စ် ကို အမြစ်ဖြတ် ရှင်းလင်းဖို့ အမေရိကန် ပြောဆို၊ အထောက်အထားမဲ့ ရွှေ့ပြောင်းတွေ ပိုပြီး ဖမ်းဖို့ အမေရိကန် တာဝန်ရှိသူ တိုက်တွန်း၊ အင်းစိန် ထောင်ကနေ ရိုဟင်ဂျာ အကျဉ်းသားတွေကို စစ်တွေကို ရွှေ့ပြောင်း စတဲ့ သတင်းဆောင်းပါးတွေနဲ့ အတူ အပါတ်စဉ် အစီအစဉ်တွေကို တင်ပြပါမယ်။

ဗွီအိုအေ မြန်မာနံနက်ခင်း (ဖေဖေါ်ဝါရီ ၁၆၊ ၂၀၂၅) - ေဖေဖာ္၀ါရီ ၁၆, ၂၀၂၅ 15.02.2025

ဗွီအိုအေ မြန်မာနံနက်ခင်း (ဖေဖေါ်ဝါရီ ၁၆၊ ၂၀၂၅) ယူကရိန်းငြိမ်းချမ်းရေး G7 ဆက်ပြီး လက်တွဲ ဆောင်ရွက်မယ့်အကြောင်းနဲ့ ကျားဖြန့်နှိမ်နင်းရေး ထိုင်းမြန်မာ ညှိနှိုင်းတဲ့သတင်းတွေနဲ့အတူ ဝါရှင်တန်က မြန်မာ့အရေး၊ ဒီမိုကရေစီ လူ့အခွင့်ရေး၊ အာရှနိုင်ငံရေး၊ ဥတုရာသီ၊ သတင်းတွေထဲက သုတ အစီအစဉ်တွေ တင်ပြပေးပါမယ်။

ဗွီအိုအေ မြန်မာနံနက်ခင်း (ဖေဖေါ်ဝါရီ ၁၅ ၊ ၂၀၂၅) - ေဖေဖာ္၀ါရီ ၁၅, ၂၀၂၅ 14.02.2025

ဗွီအိုအေ မြန်မာနံနက်ခင်း (ဖေဖေါ်ဝါရီ ၁၅ ၊ ၂၀၂၅) - NATO အတွင်းအန္တရာယ် JD Vance သတိပေး၊ ဖိလစ်ပိုင် ကာကွယ်ရေးပူးပေါင်းမှု အရှိန်မြှင့်၊ ကျားဖြန့်နဲ့ပတ်သက်သူ (၅၀၀)ခန့် ကရင် BGF ဖမ်းဆီး စတဲ့သတင်းတွေနဲ့အတူ အမျိုးသမီးကဏ္ဍ၊ သုတစုံလင်အမေရိကန်တခွင်၊ သိပ္ပံနဲ့နည်းပညာ အစီအစဉ်တွေကို တင်ဆက်ထားပါတယ်။

ဗွီအိုအေ မြန်မာနံနက်ခင်း (ဖေဖေါ်ဝါရီ ၁၄ ၊ ၂၀၂၅) - ေဖေဖာ္၀ါရီ ၁၄, ၂၀၂၅ 13.02.2025

ဗွီအိုအေ မြန်မာနံနက်ခင်း (ဖေဖေါ်ဝါရီ ၁၄ ၊ ၂၀၂၅) − ကန် စစ်ပစ္စည်းနဲ့လောင်စာ ပိုဝယ်ယူဖို့ အိန္ဒိယဝန်ကြီးချုပ်ကို သမ္မတ Trump တွန်းအားပေး၊ စစ်အဆုံးသတ်‌ရေး ကန်-ရုရှား ၂ နိုင်ငံတည်းသဘောတူညီချက် သမ္မတ Zarlansky လက်ခံမည်မဟုတ်၊စတဲ့သတင်းတွေနဲ့ အပတ်စဉ်ကဏ္ဍတွေကို တင်ဆက်ထားပါတယ်။

ဗွီအိုအေ မြန်မာနံနက်ခင်း (ဖေဖော်ဝါရီ ၁၃၊ ၂၀၂၅) - ေဖေဖာ္၀ါရီ ၁၃, ၂၀၂၅ 12.02.2025

ယူကရိန်းစစ် အရေး စေ့စပ်မယ်လို့ အမေရိကန် သမ္မတ ကတိပြု၊ စစ်ကိုင်းက တိုက်ပွဲ၊ ရှမ်း တောင်ပိုင်းက စစ်ရှောင်တွေ အရေး၊ ကရင် နယ်ခြားစောင့်တပ် ခေါင်းဆောင်တွေ ထိုင်းဘက်က ဖမ်းမိန့်ထုတ်လာရင် ဖြစ်လာနိုင်တဲ့ သက်ရောက်မှု စတာတွေအပြင် အယ်ဒီတာနဲ့ ဆွေးနွေးခန်း၊ GenZ မျိုးဆက်၊ အားကစား အစီအစဉ်တို့ကို တင်ပြထားပါတယ်။

ဗွီအိုအေ မြန်မာနံနက်ခင်း (ဖေဖော်ဝါရီ ၁၂၊ ၂၀၂၅) - ေဖေဖာ္၀ါရီ ၁၂, ၂၀၂၅ 11.02.2025

ဂျော်ဒန်ဘုရင်ကို သမ္မတ Trump အိမ်ဖြူတော်မှာ တွေ့ဆုံ၊ ဓားစာခံတွေ ပြန်မလွှတ်ရင် ဟားမတ်(စ်)ကိုပြန်တိုက်ဖို့ Netanyah သတိပေး၊ မြန်မာ့အရေး နိုင်ငံတကာညီလာခံ Indiana ပြည်နယ်မှာကျင်းပမည် စတာတွေအပြင် မြေကြီးသြဇာ၊ အမေရိကန်နိုင်ငံရေး၊ ကမ္ဘာတလွှား ခရီးသွား အစီအစဉ်တွေကို တင်ဆက်ထားပါတယ်။

ဗွီအိုအေ မြန်မာနံနက်ခင်း ဖေဖော်ဝါရီ ၁၁၊ ၂၀၂၅ - ေဖေဖာ္၀ါရီ ၁၁, ၂၀၂၅ 10.02.2025

သမ္မတ Trump ရဲ့ ဂါဇာအစီအစဉ်မှာ ပါလက်စတိုင်းတွေ ပြန်နေခွင့် မပါ၊စစ်ကိုင်း၊ မကွေးနဲ့ မန္တလေးတိုင်းတို့က တိုက်ပွဲတွေ အခြေအနေ၊ တရားမဝင် စီးပွားရှာတဲ့ တရုတ်တွေဘုရားသုံးဆူက ထွက်ခွာဖို့ DKBA ထုတ်ပြန်စတဲ့ သတင်းတွေနဲ့ အတူ ဆက်သွယ်မေးမြန်းခန်း၊စီးပွားရေး၊လူမှုရှုခင်း၊ သက်တန့်ရောင် သတင်းလွှာတို့ကို တင်ပြပါမယ်။

Escucha el podcast နံနက်ပိုင်း ၆း၀၀-၇း၀၀ - ဗွီအိုအေ en Replaio

Radio y podcasts en una sola app - gratis y sin registro. Instálala hoy y no te pierdas el estreno

Descárgala en Google Play

Replaio no es editor de podcasts; los nombres de los programas, las portadas y el audio pertenecen a sus autores y se distribuyen a través de canales RSS públicos