Padamyar FM

ဒီနေ့အတွက်စကား

Education MY ↓ Επεισόδια: 392

နေ့စဉ်ဘဝအတွက် စိတ်ခွန်အားပေးမည့် စကားလုံးများနှင့် အတွေးအမြင်များ။

Μην παραλείψεις να επισκεφτείς τη σελίδα του podcast και να στηρίξεις τον δημιουργό: padamyarfm.com.mm

Δημιουργός

Padamyar FM

Κατηγορία

Education

Ιστοσελίδα του podcast

padamyarfm.com.mm

Τελευταίο επεισόδιο

13 Οκτ 2026

Πού να ακούσεις;

Podcast στην εφαρμογή Replaio Radio Έρχεται σύντομα

Τα podcast έρχονται σύντομα στην εφαρμογή. Εγκατάστησέ την τώρα και δες πρώτος μια εντελώς νέα προσέγγιση στα podcast

Κατέβασέ το από το Google Play Δωρεάν εγκατάσταση Android σχεδόν 10 εκατ. λήψεις · βαθμολογία 4,8 iOS σύντομα

Επεισόδια

Try To Live Alone, Survive Alone, Succeed Alone. 13.10.2026

   ဒီနေ့အတွက်စကား သက်ရှိလူသားတိုင်းအတွက် လူမှုပေါင်းသင်း ဆက်ဆံရေးဟာ အရေးကြီးပါတယ်။ လူရယ်လို့ ဖြစ်လာရင်ပတ်ဝန်းကျင် ၊ အသိုက်အဝန်းဆိုတာ ရှိရစမြဲပါ။ ဒါပေမယ့် တစ်ခါတစ်ရံမှာ တစ်ယောက်တည်းနေတက်အောင် ပြင်ဆင်ထားဖို့လည်း လိုပါတယ်။ တစ်ယောက်တည်းနေတာက ဘာတွေကောင်းလဲ ၊ဘယ်လိုအကျိုးကျေးဇူးတွေရှိလဲ။    ကိုယ့်ကိုယ်ကိုယ်အာရုံပိုစိုက်နိုင်မယ်။ တစ်ယောက်တည်း နေထိုင်ခြင်းရဲ့ အကျိုးကျေးဇူးတွေထဲကတစ်ခုကတော့ ကိုယ့်ကိုယ် ကိုယ်...

You are what you repeatedly do. 12.10.2026

တကယ်အတည် ဘာဖြစ်ချင်တာလဲ? အရင်ဆုံးဘာဖြစ်ချင်လဲသိဖို့ဆိုရင်ငါဘယ်လိုလူစားမျိုးဖြစ်ချင်လဲဆိုတာ ရွေးချယ်ရပါမယ်။ အဲ့လိုရွေးချယ်ပြီးရင်တော့ကိုယ်ရွေးချယ်ထားတဲ့ လူစားမျိုးဖြစ်လာအောင် ကိုယ့်ဘဝကိုပြောင်းလဲနေထိုင်မှကိုရပါမယ်။လူငယ် တွေ အတွက်ပြဿနာက ရွေးချယ်စရာအရမ်းများတော့ ဘယ်တစ်ခုကို ကိုယ်တကယ်ကြိုက်မှန်းကိုမသိကြဘူးဖြစ်နေတာပါပဲ။ နာမည်ကြီးတာလောက်ပဲမြင်တယ်အဲ့လိုဖြစ်ဖို့ ဘာပေးဆပ်တယ်ဆိုတဲ့ အပိုင်းကိုကြ မြင်အောင်မကြ...

Do not educate your child to be rich. Educate them to be happy. So when they grow up, they’ll know the value of things, not the price. 11.10.2026

မိဘတွေရဲ့ ဝတ္တရားတွေထဲမှာကိုယ့်ရဲ့သားသမီးတွေကိုငယ်ရွယ်စဉ်အချိန်မှာပညာသင်ကြားပေးဖို့ဆိုတဲ့အချက်တစ်ချက်ကလည်းပါဝင်ပါတယ်။ လောကအလယ်ကို ဖြတ်သန်းဖို့ အခက်အခဲတွေကိုတွေ့ကြုံလာတဲ့အခါမှာအကောင်းဆုံးဖြေရှင်းနိုင်ဖို့အသိပညာ၊ အတတ် ပညာဆိုတာလိုအပ်ပါတယ်။ ဒါပေမယ့် မိဘတွေအနေနဲ့ သားတွေ သမီးတွေကိုပညာတွေသင်ကြားပေးတဲ့အခါမှာနောင်တစ်ချိန် မှာပညာတွေကိုအသုံးပြုပြီးငွေကြေးတွေ ရှာဖွေဖို့၊ ချမ်းချမ်းသာသာနေနိုင်ဖို့ဆိုတဲ့စိတ်မျိ...

You don’t always need a logical reason for doing everything in your life. Do it because you want to, because it’s fun, because it makes you happy. 10.10.2026

ဒီစကားကတော့ အရာတိုင်းမှာ ဖြေရှင်းစရာမလိုဘူးဆိုတာကို ပြောပြထားတာပါ။ တချို့သောသူတွေက ကိုယ့်ရဲ့လုပ်ရပ်တွေ တိုင်းမှာ ဖြေရှင်းနေရမှာကိုစိုးရွံ့နေတတ်ကြပါတယ်။ ဒီလိုနဲ့ပဲ ဘယ်အရာကိုပဲဖြစ်ဖြစ် ကိုယ့်စိတ်ကိုယ့်အကြံနဲ့ ကြံစည်လုပ် ဆောင်မှုတွေမစွမ်းဆောင်နိုင်တော့ပါဘူး။ တကယ်တော့ ကိုယ်လုပ်လိုက်တဲ့အရာတွေအတွက် ကိုယ်တိုင်ဖြေရှင်းနေရတာမျိုးထက် ကိုယ်တိုင်တာဝန်ခံတာဝန်ယူနိုင်ဖို့ပဲလိုပါတယ်။ ကိုယ်ရဲ့လုပ်ဆောင်မှုက အကောင်း...

If you are afraid of failure, you don’t deserve to be successful. 09.10.2026

ရှုံးနိမ့်မှာကို ကြောက်နေမယ်ဆိုရင်တော့အောင်မြင်မှုကိုလည်း ရနိုင်မှာမဟုတ်ဘူး။ဒီစကားကို ပြောခဲ့တဲ့သူကတော့ အမေရိကန် လူမျိုးNBA ဘက်စကတ်ဘောချန်ပီယံ Charles Barkley ပါ။ အားကစားသမားတစ်ယောက်ဖြစ်တဲ့အတိုင်း အောင်မြင်မှုပွဲစဉ်တွေရှိသလို ရှုံးနိမ့်ခြင်းကို ရင်ဆိုင်ရတဲ့ အချိန်မျိုးတွေလည်း သူ့ဘဝမှာ ကြုံတွေ့ဖူးမှာပါ။ဒါပေမယ့် ရှုံးနိမ့်မှာကို ကြောက် ရွံ့ မနေဘဲ ဆက်လက် ကြိုးစားလေ့ကျင့်ခဲ့လို့လာ ကမ္ဘာမှာနံမည် အကြီးဆ...

There are wounds that never show on the body that are deeper and more hurtful than anything that bleeds. 08.10.2026

စိတ်ဆိုတဲ့ စကားလုံးတစ်လုံးမှမသုံးထားဘဲစိတ်ရဲ့ တန်ခိုးကြီးမားမှုကို သွယ်ဝှိုက် လို့ ဖော်ညွှန်းထားတဲ့ စကားတစ်ခွန်းပါ။ တကယ်တော့လူတစ်ယောက်အသက်ရှင်နေထိုင်ဖို့မှာ စိတ်နဲ့ ကိုယ် နှစ်မျိုးလုံးမှာ နှစ်ခုလုံး အရေးကြီးတယ်ဆိုပေမယ့်စိတ်ရဲ့  အခန်းကဏ္ဍက ပိုပြီးတော့ အရေးပါနေပါတယ်။စိတ်ရဲ့ စေစားရာကို ကျွန်တော်တို့တတွေလိုက်လို့လုပ်ရပါတယ်။ တစ်ခါ တစ်လေမှာ ကိုယ်ကမသယ်ချင်လောက်အောင်ပင်ပန်းနေပေမယ့်စိတ်က ဆောင်နေတဲ့အခါမှာ က...

I don’t believe in taking right decisions, I take decisions and make them right. 07.10.2026

မှန်ကန်တဲ့ဆုံးဖြတ်ချက်တွေရယူခြင်းကိုငါအနေနဲ့ ယုံကြည်ခြင်းမရှိပါဘူး။ ချပြီးသားဆုံးဖြတ်ချက်တွေကိုပဲ မှန်အောင် လုပ်တတ်ပါတယ်တဲ့။ကမ္ဘာကျော် သန်းကြွယ်သူဌေးကြီးတစ်ဦးဖြစ်တဲ့ TATA Company ရဲ့ ပဲ့ကိုင်ရှင်အိန္ဒိယလူမျိုးသူဌေးကြီး Ratan Tata က ပြောကြားခဲ့တဲ့ စကားတစ်ခွန်းပဲဖြစ်ပါတယ်။ တကယ့်ကိုနာမည်ကြီး လုပ်ငန်းရှင် သန်းကြွယ်သူဌေးကြီးပြောကြားထားတဲ့စကားကလည်း တကယ့်ကိုမှ မှတ်သားထားစရာကောင်းတဲ့စကားတစ်ခွန်းဖြစ်ပါတယ်။...

Always remember to fall asleep with a dream and wake up with a purpose. 06.10.2026

အိပ်ရာဝင်တဲ့အချိန်နဲ့ အိပ်ရာကနိုးထလာတဲ့အချိန်မှာ ဘာတွေ ကိုလုပ်ဆောင်သင့်သလဲဆိုတာကိုပြောပြထားတဲ့စကားတစ်ခွန်းဖြစ်ပါတယ်။ဒီစကားထဲကအတိုင်းဆိုရင်တော့ အိပ်ရာ ဝင်တဲ့ အချိန်တိုင်းမှာအိပ်မက်တစ်ခုမက်ဖို့ သတိရပါလို့ပြောထားပါတယ်။ အဓိကဆိုလိုချင်တာကတော့ ကိုယ့်မှာ မျှော်လင့်ချက်တွေ လုပ်ဆောင်ရမယ့် လုပ်ငန်းဆောင်တာတွေကိုကိုယ့်ရဲ့အသိစိတ်ထဲမှာမျက်ခြေမပြတ်ဖို့လိုအပ်တယ်ဆိုတဲ့အကြောင်းကိုပြောပြ ထားတာဖြစ်ပါတယ်။ တကယ်တော့ အိပ...

Hope is the only thing stronger than fear. 05.10.2026

မျှော်လင့်ချက်ဆိုတာကြောက်ရွံ့ခြင်းထက်သန်မာတဲ့ တစ်ခုတည်းသောအရာပါတဲ့။ ကျွန်တော်တို့လူသားတွေအနေနဲ့ ကြံစည် လုပ်ဆောင်သမျှတိုင်းမှာအလုံးစုံအောင်မြင်မှုဆိုတာမဖြစ်နိုင်ပါဘူး။ပြီးပြည့်စုံခြင်းဆိုတာမရှိတဲ့အတွက် အမှားအယွင်းတွေ လုပ်မိ ကောင်းလုပ်မိမယ်။ လဲပြိုကျမှုတွေဖြစ်ကောင်းဖြစ်မယ်။ ဒီလိုနဲ့ အောင်မြင်ခြင်းကနေခေတ္တခဏဆိုသလိုလွဲချော်မှုတွေလည်း ကြုံတွေ့နိုင်ပါတယ်။ဒါပေမယ့် အဲဒီလိုလွဲချော်မှုတွေ၊ လဲကျမှုတွေကြားထဲမ...

Time decides who you meet in life, your heart decides who you want in your life and your behavior decides who stays in your life. 04.10.2026

လောကမှာရှင်သန်နေထိုင်တဲ့သူတိုင်းအတွက်ပေါင်းသင်းဆက်ဆံရေးဆိုတာလွန်စွာမှအရေးကြီးတဲ့ အချက်တစ်ခုပါ။ ကျွန်တော် တို့တတွေ မွေးဖွားလာတဲ့အချိန်ကနေစလို့စိတ်အမျိုးမျိုး ပုံသဏ္ဍန်အစုံစုံရှိတဲ့သူတွေနဲ့ တွေ့ဆုံဖူးရမှာပါ။ ပေါင်းသင်းဆက်ဆံဖူးရမှာပါ။ အဲဒီအခါမှာ ဘယ်လိုလူမျိုးကိုတော့ ကိုယ်ကဆုံးဖြတ်ရွေးချယ်နိုင်ပြီးတော့ ဘယ်လိုအမျိုးအစားကိုတော့ ကျွန်တော်တို့ တတွေ ရွေးချယ်ဆုံးဖြတ်နိုင်ခွင့်မရှိဘူးဆိုတာကို ဒီစကားလေးက ပြော...

Be Mature Inside And Out. 03.10.2026

ရင့်ကျက်တယ်ဆိုတာ စကားအရသာ ပြောဖို့ လွယ်တာပါ။တကယ့်လက်တွေ့ဘဝမှာ ဖြတ်သန်းရတဲ့ ဘဝတွေ၊ သင်ခန်း စာတွေ ၊ အတွေ့အကြုံတွေ ၊ဆုံးရှုံးမှုတွေ အများကြီးကို ရင်ဆိုင်ကျော်ဖြတ်ပြီးမှသာ ရင့်ကျက်တဲ့ လူတစ်ယောက်အဖြစ်ကို ပြောင်းလဲ သွားနိုင်တာပါ။  ရင့်ကျက်လာတဲ့သူတစ်ယောက်ဟာ အရင်ဆုံးအနေနဲ့ တည်ငြိမ်လာတယ်။ စိတ်ပိုင်းဆိုင်ရင့်ကျက်လာတာနဲ့အမျှ ဘဝမှာ အစစ အရာရာဟာ ပိုမိုတည်ငြိမ်မှုရှိလာတာကိုတွေ့ရပါတယ်။မလိုလား အပ်တဲ့ စိတ်ခံစားချက်...

Life may change, but you will learn, you will grow and you will have a chance to love even better. Take It. 02.10.2026

ကမ္ဘာကျော်စာရေးဆရာမ Kristen Butler ပြောကြားခဲ့တဲ့ ဒီစကားကတော့ ဘဝတစ်သက်တာမှာရင်ဆိုင်ဖြတ်ကျော်ရမယ့် အခက်အခဲတွေအကြောင်းနဲ့ အမြဲတမ်း တစ်သတ်မှတ်တည်း ဒုက္ခဆိုတာကိုမတွေ့ရအောင် ဘယ်လိုနေထိုင်ရမလဲဆိုတာကို ပြောပြထားတဲ့စကားပါ။သင်ဘယ်တော့မှအရာအားလုံးကိုမဆုံးရှုံးပါဘူး။ကြောက်ရွံ့မနေပါနဲ့။ ဘဝဆိုတာပြောင်းလဲနေတယ်။ သင်ယူရမယ်။ ကြီးပြင်း လာမယ်။ နောက်ထပ်အချစ်တစ်ခုကိုလည်းရဖို့အခွင့်အလမ်းရှိပါသေးတယ်တဲ့။တစ်ခါတစ်လေမှာ ကျွန...

The most important thing is to enjoy your life – to be happy – it’s all that matter. 01.10.2026

တစ်ခါတစ်လေမှာတော့ ကျွန်တော်တို့တတွေကိုယ့်ရဲ့အခုလက်ရှိဘဝကို မနှစ်မြိုသလိုခံစားရတာမျိုးတွေဖြစ်တတ်ပါတယ်။ အထူးသဖြင့် အစစအရာရာအဆင်ပြေနေတဲ့သူတွေကို ကြည့်ရင်း၊ ကိုယ့်ဘက်မှာတော့ အရာတိုင်းနိမ့်ကျတယ်လို့ခံစားနေမိတဲ့အခါမျိုးတွေမှာပါ။ ဒါပေမယ့် ကျမ်းဂန်တွေရဲ့အဆိုအရ အခုလက်ရှိလူသားဘဝဖြစ်တည်နေပြီဆိုကတည်းကဝမ်းမြောက်ဝမ်းသာ ဖြစ်နေရမှာပါ။ ဆင်းရဲသည် ချမ်းသာသည်ဆိုတာက ကိုယ်ကြိုးစားရင်ကြိုးစားသလောက်အရာထင်ဖြစ်တည်လာနိုင်ပါ...

Stop thinking too much. It’s alright not to know all the answers. They will come to you when you least expect it. 30.09.2026

အနှိုင်းမဲ့ ဘုရားရှင်မဟုတ်တဲ့လူသားတွေအဖို့အရာခပ်သိမ်းကို သိမြင်နိုင်ဖို့ဆိုတာ မလွယ်ကူပါဘူး။ အဲဒီအခါမှာလောကရဲ့ စိန်ခေါ်မှုမေးခွန်းတွေကိုမဖြေနိုင်တဲ့ အခိုက်အတန့်တွေလည်းရှိမှာပါ။ အဲဒီလိုမေးခွန်းတွေက ကိုယ့်အတွက် ခက်ခဲလွန်းတဲ့အခါမှာ တအားကြီး စဉ်းစားပြီး စိတ်ရှုပ်ထွေးတတ်ပါတယ်။ စိတ်ထဲက ရှုပ်ထွေးလေလေ ပိုပြီး စဉ်းစားတဲ့အခါမှာခေါင်းတွေကိုက်တဲ့အထိ ဖြစ်လာနိုင်ပါတယ်။ အဲဒီရဲ့ နောက်ဆက်တွဲဒေါသ တွေဖြစ်လာတတ်ပါတယ်။က...

Family is like branches on a tree, we all grow in different directions, but our roots remain as one. 29.09.2026

မိသားစု။ မိသားစုတစ်စုမှာအဖိုးအဖွားကနေစလို့ အဖေ၊အမေ၊ ဦးလေး၊ အဒေါ်၊ ညီအကိုမောင်နှမ၊ သားသမီးစသဖြင့် အစုံစုံအလင်လင် ရှိတတ်ကြစမြဲပါ။အဲဒီလို မိသားစုဝင် အတွင်းမှာပဲတစ်ယောက်နဲ့တစ်ယောက် ဗီဇတွေ၊ ဝါသနာတွေ၊ အတွေးအခေါ်တွေမတူညီနိုင်ကြပါဘူး။ မိသားစုထဲကမိသားစု ဝင်တစ်ယောက် က အနုပညာဝါသနာပါပေမယ့် ကျန်တစ်ယောက်ကအနုပညာနဲ့ပတ်သက်ရင် စိတ်ဝင်စားချင်မှ စိတ်ဝင်စား ပါလိမ့်မယ်။ တစ်ယောက်ကအားကစားကိုခုံမင်ပေမယ့်ကျန်တစ်ယောက်ကတော့...

The three C’s of life: Choices, Chances, Changes. You must make a choice to take a chance or your life will never change. 28.09.2026

Choice ရွေးချယ်မှု။ ကိုယ့်ဘဝတက်လမ်းကိုကိုယ်ကိုတိုင် ရွေးချယ်ရပါမယ်။ အဓိကကတော့ မှန်မှန်ကန်ကန်ရွေးချယ်ဖို့ပါပဲ။ တစ်ခါတစ်လေမှာကျွန်တော်တို့တတွေ ရွေးချယ်စရာ လမ်းစ တွေ များလာတဲ့အခါမျိုးတွေကို တွေ့ကြုံရတတ်ပါတယ်။တက္ကသိုလ်ဝင်တန်း အောင်မြင်ပြီး ဘယ်တက္ကသိုလ်ကို တက်ရမလဲလို့ စဉ်းစားတဲ့အခါမှာလည်းမှန်မှန်ကန်ကန်ရွေးချယ်ဖို့လိုပါ တယ်။ ကိုယ့်တက်မယ့်တက္ကသိုလ်က ကိုယ့်ဘဝအသက်မွေးဝမ်းကျောင်းအတွက် ဘယ်လိုပညာရပ်တွေသင်ပေးမ...

People think being alone makes you lonely, but I don’t think that’s true. Being surrounded by the wrong people is the loneliest thing in the world. 27.09.2026

Lonely။အထီးကျန်ခြင်းဆိုတဲ့ ဝေါဟာရကို လူတွေက တစ်ဦး တည်းနေရာတစ်ခုဒါမှမဟုတ်အချိန်အကြာကြီးရှိနေခြင်းလို့အဓိပ္ပာယ်ဖွင့်တတ်ကြပါတယ်။ ဒါပေမယ့် လောကမှာ တစ်ဦးတည်း ရပ်တည်ရှင်သန်နေတဲ့သူတွေ အောင်မြင်နေကြတာအများ ကြီး ပါပဲ။ အဓိကက လူမှန်နေရာမှန်ဖြစ်ဖို့က အရေးကြီးတယ်လို့ယူဆပါတယ်။ ဆိုလိုချင်တာကကိုယ့်အနေနဲ့ တစ်ယောက် တည် းရှိနေပေမယ့် ကိုယ့်ရှိနေတဲ့နေရာမှာ ကိုယ့်ဘာသာ ပျော်ရွှင်အောင်နေထိုင်နိုင်ခြင်းက လူများပြီး ပွဲမစည...

Two things define you. Your patience when you have nothing. Your attitude when you have everything. 26.09.2026

ဘဝအဓိပ္ပာယ်ကိုဖော်ဆောင်နေတဲ့အရာနှစ်ခု။ ကိုယ့်ဆီမှာ ဘာမှမရှိတဲ့အချိန်မှာထားတဲ့သည်းခံနိုင်စွမ်း။ ဘာမှမရှိဘူးဆိုတာမှာ အောင်မြင်မှုမရှိတာလည်းပါပါတယ်။ ငွေကြေး ဓနဥစ္စာပစ္စည်းမရှိတာလည်းပါပါတယ်။ပညာမရှိတာလည်း ပါပါတယ်။ အင်အားမရှိတာလည်းပါပါတယ်။အဲဒီလိုဘာဆိုဘာမှ မရှိတဲ့အချိန်မျိုးမှာတစ်ခုသောအရာတော့ ရှိရပါမယ်။ အဲဒါကတော့ သည်းခံတဲ့စိတ်ပါ။ ရှေးစကားပုံတစ်ခုလိုပဲ နေရိပ်ကိုလိုချင်ရင် နေပူထဲကနေစောင့်ရပါမယ်။ ဥပမာ တစ်ခု...

Health does not always come from medicine. Most of the time it comes from peace of mind, peace in the heart, peace of soul. It comes from laughter and love. 25.09.2026

အာရောဂျံပရံမံလာဘံ။ ကျန်းမာခြင်းဟာ လာဘ်လာဘတစ်ပါးပါ။ကျန်းမာခြင်းကို လူတိုင်း လိုချင်ကြပါတယ်။ သက်ရှည်ကျန်းမာ နေမှလည်း ဘဝမှာ လုပ်စရာ ရှိတာတွေကိုရာနှုန်းပြည့် အောင်မြင်တဲ့အထိလုပ်ဆောင်နိုင်မှာဖြစ်ပါတယ်။ ကျန်းမာခြင်းဆိုတဲ့ နေရာမှာ ကိုယ်ခန္ဓာရဲ့ ကျန်းမာခြင်းကိုသာ လူတော်တော် များများ သတိထားမိတတ်ပါတယ်။ ကိုယ်တွေလက်တွေကိုက်ခဲနာကျင်တာ၊ ဖျားနာတာ၊ အနာ တွေပေါက်တာ၊ သွေးထွက် သံယိုဖြစ်တာ အဲဒါတွေကို ကောင်းမွန်စေအောင်...

Sometimes you need to be alone and have a serious conversation with your heart. 24.09.2026

ဒီစကားကတော့ မိမိရဲ့စိတ်ထဲ ဖြစ်ချင်တဲ့အကြောင်းအရာတွေကိုကိုယ်တိုင်ကသေသေချာချာနားလည်အောင် ကိုယ်တိုင်ပဲ ကြိုး စား သင့်တဲ့အကြောင်းကိုပြောပြထားတဲ့စကားတစ်ခွန်းပါ။တစ်ခါတစ်လေမှာတော့သင်တစ်ယောက်တည်းနေပြီးသင့်နှလုံးသားနဲ့ လေးလေးနက်နက်စကားတွေပြောဖို့လိုပါတယ်တဲ့။တစ်ခါတစ်လေမှာပေါင်းသင်းဆက်ဆံရေးဆိုတဲ့ကျယ်ပြောနက်နဲတဲ့ နယ်ပယ် ကြီးထဲမှာလူသားတွေ အနေနဲ့ အမျိုးမျိုးသောစိတ်ရောင်စုံရှိတဲ့လူသားတွေကိုတွေ့ဆုံရမယ်။ အဲဒီလူတွေ...

Life has a way of testing a persons will, either by having nothing happen at all or by having everything happen at once. 23.09.2026

ဒီစကားကိုပြောကြားခဲ့တဲ့ မဟာလူသားကတော့ဘရာဇီးလူမျိုး စာရေးဆရာနဲ့ ကဗျာဆရာ Paulo Coelho ပဲဖြစ်ပါတယ်။ ဘဝနဲ့ပတ်သက်တဲ့ ဒဿနစကားတစ်ခွန်းဖြစ်ပါတယ်။လူရယ်လို့ဖြစ်လာရင် ဖြစ်လာတဲ့ဘဝကိုအကောင်း ဆုံးဖြစ်အောင် ထုဆစ် ဖော်ဆောင်ရမှာ ကျွန်တော်တို့အားလုံးရဲ့တာဝန်ပါ။ဘဝကတော့ လူသားတိုင်းရဲ့ ခံနိုင်ရည်စွမ်းနဲ့ စိတ် ဓါတ်ပိုင်းဆိုင်ရာခံယူမှုတွေကို စမ်းသပ်မှာပါပဲ။ဘဝရဲ့စမ်းသပ်မှုတွေကို အောင်မြင်အောင်ကျော်ဖြတ်နိုင်မှလည်း လူတော်တ...

Ten years from now, make sure you can say that you chose your life, you didn’t settle for it. 22.09.2026

ဒီကနေစလို့နောင်၁၀နှစ်အကြာမှာသင့်ဘဝကိုသင်ကိုယ်တိုင်ရွေးချယ်ခဲ့တယ်လို့ပြောနိုင်အောင်ကြိုးစားပါ။ဘဝကိုဖြစ်သလိုအခြေချခဲ့ရတာမျိုးမဖြစ်ပါစေနဲ့။ဒီစကားကတော့မိမိကိုယ်ကိုဘဝကိုတည်ဆောက်နိုင်တဲ့သူ၊ကိုယ့်ရဲ့ရွေးချယ်မှုနဲ့ဆန္ဒအတိုင်း ဘဝကို တည်ဆောက်တဲ့သူတွေအတွက်အားပေးထားတဲ့စကားတစ်ခွန်းဖြစ်ပါတယ်။       ကျွန်တော်တို့တတွေဘဝဆိုတဲ့တိုက်ပွဲလိုခက်ခဲနက်နဲတဲ့အချိန်ကာလကြီးကိုဖြတ်သန်းကျော်လွှားတဲ့နေရာမှာကိုယ့်ရဲ့ဆန္ဒအတိုင်းရ...

You can’t change how people treat you or what they say about you. All you can change is how you react to it. 21.09.2026

ပြောင်းလဲခြင်း၊ တကယ့်ကိုမှ လောကမှာထပ်မံလို့အရေးပါနေတဲ့ အချက်တစ်ခုပါ။ ဘာလို့လည်းဆိုတော့လူတွေကတပါးသူတွေ ကိုလွှမ်းမှိုးပြောင်းလဲနိုင်ဖို့အကြိုးစားဆုံးလူတွေဖြစ်နေလို့ပါပဲ။ ဒါပေမယ့် ပြောင်းလဲတယ်ဆိုတဲ့နေရာကောင်းမွန်တဲ့နေရာ၊ကောင်းမွန်တဲ့ရည်ရွယ်ချက်၊ ကောင်းမွန်ပြီးဓမ္မဓိဌာန် ကျကျ စိတ်ဓါတ် နဲ့  ပြောင်းလဲနိုင်ဖို့လိုပါတယ်။ ထို့နည်းတူစွာပဲသူများကိုပဲ ပြောင်းလဲဖို့ကြိုးစားနေမယ့်အစားမိမိကိုယ်တိုင်ရောဘယ်လိုပြော...

Think like a queen. A queen is not afraid to fail. Failure is another stepping stone to greatness. 20.09.2026

ဘုရင်မတစ်ယောက်လို့တွေးတောပါ။ ဘုရင်မကဘယ်တော့မှရှုံးနိမ့်မှာကိုမကြောက်တတ်ပါဘူး။ ရှုံးနိမ့်ခြင်းဆိုတာကြီးကျယ် အောင်မြင်ခြင်းဆီကိုပို့ဆောင်ပေးမယ့်နောက်ထပ်ခုတုံးတစ်ခုပါတဲ့။ ဒီစကားကိုပြောကြားထားတဲ့သူကတော့ နာမည်ကျော် လူမည်းအမျိုးသမီးအစီအစဉ်တင်ဆက်သူOprah Winfrey ပဲဖြစ်ပါတယ်။ လူမည်းအမျိုးသမီး၊ အမျိုးသားတွေကို ခွဲခြား ဆက်ဆံတတ်တဲ့ခေတ်ကတည်းကကြိုးစားမှုကိုအရင်းတည်ခဲ့တဲ့အတွက် ဒီနေ့ကမ္ဘာကျော် အမျိုးသမီးတစ်ယောက်ဖ...

A friend who understands your tears is much more valuable than a lot of friends who only knew your smile. 19.09.2026

ကဗျာဆန်ဆန်နဲ့ မိတ်ဆွေကောင်းမိတ်ဆွေစစ်ဆိုတာဘယ်လိုလူစားမျိုးလည်းဆိုတာကိုကွက်ကွက်ကွင်းကွင်းမြင်အောင် ပြောပြထားတဲ့စကားတစ်ခွန်းပါ။ကျွန် တော်တို့တတွေမွေးဖွားပြီးအရွယ်ရောက်ကြီးပြင်းတဲ့အချိန်ကနေသေဆုံးသွားတဲ့အချိန်အထိလူဘောင်အဖွဲ့အစည်းထဲမှာနေထိုင်ရှင်သန်နေရင်းသူငယ်ချင်းဆိုတဲ့ မျိုးနွယ်တူလူသားတွေနဲ့တွေ့ဆုံပေါင်းသင်းရမှာပါ။ အဲဒီလိုသူငယ်ချင်းတွေကိုပေါင်းသင်းတယ်ဆိုတဲ့နေရာမှာလည်းကိုယ့်အတွက်ကောင်းကျိုးကိုလိုလားတဲ...

Άκου το podcast ဒီနေ့အတွက်စကား στο Replaio

Ραδιόφωνο και podcast σε μία εφαρμογή - δωρεάν, χωρίς εγγραφή. Εγκατάστησέ την σήμερα και μη χάσεις την πρεμιέρα

Κατέβασέ το από το Google Play

Το Replaio δεν είναι εκδότης podcast - τα ονόματα των εκπομπών, τα εξώφυλλα και ο ήχος ανήκουν στους δημιουργούς τους και διανέμονται μέσω δημόσιων ροών RSS