Padamyar FM

ဒီနေ့အတွက်စကား

နေ့စဉ်ဘဝအတွက် စိတ်ခွန်အားပေးမည့် စကားလုံးများနှင့် အတွေးအမြင်များ။

Husk at besøge podcastens hjemmeside og støtte skaberen: padamyarfm.com.mm

Forfatter

Padamyar FM

Kategori

Education

Podcastens hjemmeside

padamyarfm.com.mm

Seneste episode

16. okt. 2026

Hvor kan du lytte?

Podcasts i appen Replaio Radio Kommer snart

Podcasts kommer snart til appen. Installer nu, og vær den første til at se en helt ny tilgang til podcasts

Hent den på Google Play Installer gratis Android næsten 10 mio. downloads · 4,8 i bedømmelse iOS snart

Episoder

Comparing yourself to others hinders your progress 25.04.2026

ကိုယ့်ကိုယ်ကိုယ် အခြားသူ တွေနဲ့ နှိုင်းယှဥ်နေတုန်းလား။ မိမိကိုယ်ကို အခြားသူ တွေနဲ့ နှိုင်းယှဥ် ပြီး ကိုယ့်ကိုယ်ကိုယ်စိတ်ဒုက္ခ ပြန်ပေးနေမိပါသလား။ ဒါဆိုရင်တော့ ပူလောင်သောကတွေနဲ့ပြည့်နှက်နေမှာအမှန်ပါပဲ။ ဒါ့အပြင် ဆိုးကျိုး တွေကိုလည်း ခံစားရ နိုင်ပါသေးတယ်။​ အသိသာဆုံးကတော့ ကိုယ့်ကိုယ်ကိုယ်ယုံကြည်ချက်တွေ လျော့ကျစေတယ် ဆိုတဲ့အချက်ပါ။  ဒီအချက်ကတော့ အဆိုးရွားဆုံးပါပဲ။ကိုယ့်ကိုယ်ကိုယ် အခြားသူတွေနဲ့ လိုက်ပြိုင...

Face new challenges and improve your skills. 24.04.2026

ကျွန်‌တော်တို့မှာ အိပ်မက်တွေလည်း ရှိတယ်၊ရည်မှန်းချက်တွေလည်း ရှိပေမယ့် ထို အိပ်မက်တွေ ရည်မှန်းချက်တွေကို အမှန်တ ကယ်ဖြစ်မြောက်လာအောင် မလုပ်ဆောင်ဘဲ၊ စိတ်ကူး နဲ့ပဲ ရူးနေမယ်ဆိုရင်တော့ ဘဝက ဒုံရင်း ကဒုံရင်းပဲ ဖြစ်နေမှာပါ။ ဘဝကို ဒီ့ထက် ပိုပြီး တိုးတက်လာချင်တယ်ဆိုရင်တော့ပြုလုပ်ရမယ့် အချက်တွေ ရှိပါတယ်။                                                          အခုချက်ချင်း ထလုပ်ပါ။ တချို့လူတွေကတော့ သူတို့လုပ်...

Live Each Day As If It Were Your Last. 23.04.2026

လက်ရှိ ရှင်သန်နေရတဲ့ ဘဝကို ကျေနပ်နေပြီလား...? လိုချင်တဲ့ဘဝမျိုးရဖို့ ဘာကြောင့် ဒီလောက်ခက်ခဲနေရတာလဲ တွေးမိပါ သလား..? သေချာစဉ်းစားကြည့်မယ်ဆိုရင်ဒါက ကိုယ်ပိုင်ဆိုင်တဲ့ ကိုယ့်ရဲ့ဘဝပါ။ ကိုယ့်မှာ စိတ်ကြိုက်ထိန်းချုပ်ပိုင်ခွ့်ရှိပါတယ်။ ဒါပေမယ့် လိုချင်တဲ့အတိုင်း ဖြစ်မလာနိုင်ရတာဘာကြောင့်ဖြစ်မယ်လို့ ထင်ပါသလဲ။                                                                 အခုအချိန် ရင်ဆိုင်ကြုံတွေ့နေရတဲ့ ပ...

You Have The Right To Control Your Own Life. 22.04.2026

လက်ရှိ ရှင်သန်နေရတဲ့ ဘဝကို ကျေနပ်နေပြီလား...? လိုချင်တဲ့ဘဝမျိုးရဖို့ ဘာကြောင့် ဒီလောက်ခက်ခဲနေရတာလဲ တွေးမိပါ သလား..? သေချာစဉ်းစားကြည့်မယ်ဆိုရင်ဒါက ကိုယ်ပိုင်ဆိုင်တဲ့ ကိုယ့်ရဲ့ဘဝပါ။ ကိုယ့်မှာ စိတ်ကြိုက် ထိန်းချုပ်ပိုင်ခွင့်ရှိပါတယ်။ဒါပေမယ့် လိုချင်တဲ့အတိုင်း ဖြစ်မလာနိုင်ရတာ ဘာကြောင့်ဖြစ်မယ်လို့ ထင်ပါသလဲ။                                                               အခုအချိန် ရင်ဆိုင်ကြုံတွေ့နေရတဲ့ ပ...

Punctuality Is A Simple Habit, But it Can Have Huge Benefits. 21.04.2026

အချိန်တိကျခြင်းဟာ အရေးကြီးတဲ့စည်းမျဉ်းတစ်ခုဖြစ်ပါတယ်။ ဘာကြောင့် အချိန်တိကျဖို့ လိုအပ်တာလဲ။အချိန်တိကျခြင်းဟာဂရုစိုက်ခြင်းကို ဖော်ပြတယ်။အချိန်တိကျခြင်းဟာ တဖက်သူရဲ့ အချိန်ကိုဂရုစိုက်ကြောင်း ဖော်ပြတာပါပဲ။ တိုက်ရိုက်မဟုတ်နိုင်မယ့် အချိန်နောက်ကျမှာရောက်လာတတ်တာဟာ သင့်အနေနဲ့ အချိန်ကို မလေးစားတာ၊ တဖက်သူကို ဂရုမစိုက်တာပါပဲ။ အခုမှစတင်တွေ့ဆုံဖို့ ချိန်းဆိုမှုတွေမှာဆိုရင် အချိန်တိကျခြင်းဟာ ပထမဆုံးအမြင်ကိုကောင်...

At the end of every dark chapter, a stronger you is born. 20.04.2026

အခက်ခဲတွေ ၊ ပြဿနာတွေကို ဘယ်သူမှ မလိုချင်ကြပါဘူး။ ဒါပေမဲ့လဲ မတွေ့ချင်လို့ ရှောင်နေလို့ရတဲ့အထဲမှာ အခက်နဲ့ ပြဿနာ တွေက မပါဘူး ။ကိုယ်တိုင် မကျူးလွန်ရင်တောင်မှ မထင်မှတ်ပဲ ရောက်လာတဲ့အခက်ခဲတွေ ၊ ရှောင်နေရင်းကတမင်ဝင်တိုးလာတဲ့ ပြဿနာတွေဟာ နေ့စဉ်နဲ့အမျှကြုံနေရဦးမှာပဲ ။ အခက်ခဲတွေဟာဘယ်နေရာကိုရောက်ရောက် တွေ့နေရမှာပဲ ၊ ဒါဟာ လောကရဲ့ နိယာမတစ်ခုပါ ။         ငယ်ဘဝက အခက်ခဲတွေ များခဲ့တဲ့ လူတွေဟာ အရွယ်ရောက်ပြီးကြုံရတဲ့...

Never Forget To Love Yourself. 19.04.2026

ကိုယ့်ကိုယ်ကိုယ် ချစ်ဖို့ မမေ့ပါနဲ့။ ကိုယ့်ကိုယ်ကိုချစ်ပါလို့ ပြောတဲ့အခါ တစ်ချို့က နားလည်မှုလွဲ သွားတာမျိုးရှိတယ်။ ကိုယ့်ကိုယ် ကိုချစ်တာက အတ္တကြီးခြင်းတစ်မျိုးလားပေါ့။ တကယ်တော့ကိုယ့်ကိုယ်ကို ချစ်တာကအတ္တကြီးတာမဟုတ်ပါဘူး။ လူတစ်ယောက် က မိမိကိုယ်ကိုလည်း ချစ်ခင်နိုင်ဖို့လိုအပ်ပါတယ်။ လူတွေက များသောအားဖြင့် ကိုယ်ချစ်ရတဲ့ တခြားလူတွေကို ချစ်ခင်ကြောင်းဖော်ပြတတ်ကြပေမယ့် ကိုယ့်ကိုယ်ကိုယ် ချစ်ဖို့၊ ကိုယ့်ကိုယ်...

Money Can't Buy Happiness. 18.04.2026

ငွေဆိုတာ ဒုတိယဘုရားသခင်လို့ လူအများက တင်စားခေါ်ဝေါ်ကြပါတယ်။​ကမ္ဘာပေါ်မှာရှိတဲ့ အရာရာတိုင်းကို ငွေနဲ့ ဝယ်လို့ မရပေမယ့် ငွေရှိတဲ့ သူတွေကတော့ငွေများ တရားနိုင်ဆိုပြီး ကျင့်ကြံနေကြတာပါပဲ။ ငွေရှိရင် ဘာမဆိုလုပ်လို့ရတယ်ဆိုတဲ့စိတ်နဲ့ ပိုက်ဆံ နောက်ကို သည်းကြီး မည်းကြီး လိုက်ရင်း ကုန်းရုန်းပြီးပိုက်ဆံရှာကြရပါတော့တယ်။ ဒီလိုမျိုး သည်းကြီး မည်းကြီး ပိုက်ဆံ နောက် လိုက်လွန်းတဲ့အခါ ဘာတွေဖြစ်တတ်ပါသလဲ။              ...

The Future All Depends On Us. 17.04.2026

အနာဂတ် လှပဖို့က ကျွန်တော်တို့ ပေါ်မှာသာမူတည်နေတာဖြစ်ပါတယ်။ ကျွန်တော်တို့ရဲ့ အနာဂတ် လှပ ပြီး အောင်မြင်ချင်တယ် ဆိုရင်တော့မပျင်းမရိဘဲနဲ့ ကြိုးစားတတ်ဖို့ လိုပါတယ်။ ဒါတင်ပဲလားဆိုတော့ မဟုတ်သေးပါဘူး။ကြိုးစားခြင်းအပြင် အခြားသော လုပ်ဆောင်ရမယ့်အချက်တွေပါ လုပ်ဆောင်မှသာလျှင်အနာဂတ်ကလှပလာမှာပဲဖြစ်ပါတယ်။  အမှားကနေသင်ခန်းစာယူတတ်ခြင်း။ အမှားတွေဆိုတာ တစ်ချိန်လုံး ထွေးပိုက်ထားပြီးတမြေ့မြေ့နဲ့ နောင်တရနေရမယ့် အရာ မဟုတ...

There is only a fine line between self-confidence and arrogance. 16.04.2026

မိမိကိုယ်ကို ယုံကြည်မှုဟာ လူမှုဆက်ဆံရေးနဲ့လုပ်ငန်းခွင်အောင်မြင်ရေးတို့မှာ လိုအပ်တဲ့ အရည်အသွေးတစ်ခု ဖြစ်ပါတယ်။သင့်ကိုယ်သင်နဲ့ သင့်ရဲ့ အလုပ်အကိုင်၊ အရည်အချင်းနဲ့ စွမ်းဆောင်ရည်တွေပေါ်မှာယုံကြည်မှုရှိနေရမှာပါ။ ဒါပေမယ့် မိမိကိုယ် ကိုယ် ယုံကြည်မှုရှိခြင်းနဲ့ထောင်လွှားမောက်မာခြင်းကြားမှာ စည်းလေးတစ်ခုသာ ခြားထားတယ်ဆိုတာကိုလည်းမမေ့သင့်ပါဘူး။  မိမိကိုယ်ကိုယ်ယုံကြည်မှုကအပြုသဘောဆောင်အကောင်းမြင်စိတ်ကို အခြေခံတယ...

Let go of the habit of not valuing time. Let go of the habit of making excuses. Let go of past failures. 15.04.2026

အချိန်ကို တန်ဖိုးမထားတတ်တဲ့ အကျင့်ကိုထားခဲ့လိုက်ပါ။ အချိန်နဲ့ ပတ်သတ်ပြီး ဘယ်လိုခံယူချက် ရှိပါသလဲ။အချိန်ကို လေးစား မှုမရှိခြင်းက ကိုယ့်ဘဝအတွက် မကောင်းသော သက်ရောက်မှုတွေရှိနိုင်ပါတယ်။ ဒါ့အပြင် အချို့သောလူများက တစ်ခါတစ်လေ ကျရင် ချက်ချင်းထလုပ်သင့်တဲ့အရာမျိုးကို မလုပ်ပဲ အချိန်ရှိသေးတယ်၊ ညမှလုပ်မယ်၊ မနက်မှလုပ်မယ် စသည်ဖြင့်အချိန်ဆွဲတတ် ကြပါတယ်။ ဒီလို အကျင့်မျိုးရှိရင် ဒီနှစ်မှာပဲ ထားခဲ့လိုက်ပါ။ယနေ့ခေတ်မှ...

The ability to convince people is a useful skill for success in life. 14.04.2026

ဘဝမှာ တွေ့ဆုံရသူမျှ လူတိုင်းကို ကိုယ့်အပေါ်မှာယုံကြည်အောင် စွမ်းဆောင်နိုင်မယ်ဆိုရင် ဘဝကြီးက ပိုမိုလွယ်ကူသွားမယ် မဟုတ်ပါလား။တကယ်တော့ လူတွေကို ယုံကြည်လာအောင် သိမ်းသွင်းစည်းရုံးနိုင်စွမ်းကဘဝတိုးတက်အောင်မြင်ရေးအတွက် အသုံးဝင်တဲ့ အရည်အချင်းတစ်ခုဖြစ်ပါတယ်။ အခြားသူတွေကိုယုံကြည်လာအောင် သိမ်းသွင်းစည်းရုံးရာမှာ ရိုးသားမှုရှိဖို့ အရေးကြီး ပါတယ်။လှည့်စားတာ၊ ကြိုးကိုင်ချယ် လှယ်တာတွေက ခဏတာအတွက်သာ အသုံးဝင်နိုင်ပြ...

Trust Your Intuition. Believe in your own worth. Practice Self-love. Listen to your talents. Prioritize your joy. 13.04.2026

မိမိတို့ရဲ့ရင်တွင်းစကားသံ(အလိုအလျှောက်ဖြစ်လာတဲ့စိတ်သတိ) ကိုယုံကြည်ပါ။ ပုံမှန်အားဖြင့် မိမိတို့ရဲ့အောက်ဆုံးအလွှာမှာရှိတဲ့ ရင်တွင်းကလာတဲ့အသံတွေက လိမ်ညာမှုမရှိကြပါဘူး။ကိုယ့်အနေနဲ့ဘာလိုချင်တာလဲ၊ ဘာလိုနေတာလဲ၊ ဘယ်သွားချင်တာလဲကို သူကသိနေပေမဲ့ကိုယ်ကသေချာ ကိုယ့်ရဲ့ အတွင်းစကားသံကိုနားထောင်ဖို့အချိန်ပေးလေ့မရှိတာတွေ ကြောင့်လက်ခံဖို့ခက်နေတတ်တယ်။ တကယ်တော့ မိမိရဲ့ intuition ကိုနားထောင်နိုင်တာကမိမိတို့ရဲ့ superpo...

Habits define the future. 12.04.2026

အလေ့အကျင့်တွေက အနာဂတ်ကို သတ်မှတ်ပေးပါတယ်။ဘာကြောင့် တချို့လူတွေက သူတို့ရဲ့ အိပ်မက်တွေကို အလွယ်တကူ ရယူနိုင်တယ်လို့ထင်ရပြီး တချို့ကတော့ တိုးတက်ပြောင်းလဲမှုတွေ လုပ်ဖို့အတွက် ရုန်းကန်နေရတာလဲ? ဒီမေးခွန်းအတွက်အဖြေကတော့ သူတို့ရဲ့ အလေ့အကျင့်တွေကြောင့်ပဲ ဖြစ်ပါတယ်။ အလေ့အကျင့်တွေဆိုတာကျွန်တော် စိတ်ထဲကနေ တွေးနေ စရာမလိုဘဲ ထပ်ခါတလဲလဲ လုပ်မိနေတဲ့ အရာတွေ ဖြစ်ပါတယ်။ကျွန်တော်တို့ရဲ့ ဘဝကို ပုံသွင်းပေးနိုင်တဲ့ အရာတွေ...

We All Have A Strong Reason To Be Happy. 11.04.2026

မိမိကိုယ်ကို Focus ထားတဲ့အခါ ကိုယ့်ဘဝရဲ့ ရှင်သန်ချင်စရာကောင်းတဲ့ အကြောင်းပြချက်တွေ ရှာတွေ့နိုင်ပြီး၊ အရှုပ်ထုပ်တွေကို Focusထားရင်တော့ ဘဝမှာ မလိုလားအပ်တဲ့ စိတ်ညစ်စရာတွေသာပိုမိုများပြာလာပါလိမ့်မယ် ။ ပျော်ရွှင်ခြင်းကို အနှောင့်ယှက် ပေးတတ်တဲ့ အတိတ်ကအရိပ်မဲတွေကိုလည်း မေ့ထားလိုက်ပါ ။ နေ့သစ်မှာ ဘဝသစ်နဲ့ပိုပျော်တဲ့သူဖြစ်အောင်သာနေထိုင်ပါ ။ အတိတ်ဟာ ပြီးဆုံးသွားပြီး ၊ အမှားတွေဟာ နောက်မှာကျန်ခဲ့ပါပြီ ။ အမှားမ...

Learn from past failures and create a ladder to success. 10.04.2026

ပြီးခဲ့တဲ့အတိတ်မှာ ကျွန်တော်တို့အတွက် စိတ်တိုင်းမကျတာ၊ကိုယ်လိုချင်တဲ့အတိုင်း ဖြစ်မလာတာတွေ ရှိခဲ့မှာပါ။ ဒါတွေကို အတိတ်ကာလမှာပဲထားခဲ့လိုက်ပြီးတော့ နောင်လာမယ့်အနာဂတ်နေ့ရက်တွေမှာ ပိုမိုကောင်းမွန်တိုးတက်တဲ့ဘဝကို ပိုင်ဆိုင်ဖို့ပဲ အာရုံစိုက်ပါ။                                                                                                                                            အတိတ်က နောင်တတွေ၊ အမှား...

If You Don't Use Your Brain, You Become Lethargic. 09.04.2026

ကျွန်တော်တို့ အသက်ရှင်နေသမျှ ကာလပတ်လုံး လုပ်ငန်းခွင်မှာသာမက ကိစ္စတော်တော်များများကို ဦးနှောက် ကို အသုံးချပြီး ဆုံးဖြတ်ရတာပါ။ ဦးနှောက်ကို မသုံးပဲထားရင် ထုံထိုင်းသွားတတ်ပြီး အမြဲတမ်းသွေးနေမှာထက်မြက်လာမှာပါ။ ဦးနှောက်ကို အမြဲတမ်းသွေးနေခြင်းက မယုံနိုင်လောက်အောင်ကောင်းကျိုးတွေ ရှိပါတယ်။ ဥပမာအားဖြင့် မှတ်ဉာဏ်စွမ်းရည် တိုးလာခြင်း၊အိုမင်းခြင်းမှ ဖြစ်ပေါ်လာသော စိတ်ပိုင်းဆိုင်ရာ ကျဆင်းမှု နှောင့်နှေးခြင်း၊သိ...

Remember it’s okay to not to be okay. 08.04.2026

ကျွန်တော်တို့တွေ တစ်နေ့တာမှာ စိတ်တွေတင်းရင်းပြီးနေတာ၊ ငါအဆင်မပြေနေတာမှန်းသိပြီး လက်မလျှော့ချင်ဖြစ်နေမိလား...?လက်မခံချင်နေတာမျိုး...၊ ငါစိတ်ဓာတ်ကျသွားလိုက်ရင် ငါများတခုခုမှားသွားမှာလား၊ငါကမူမှန်တော့ရဲ့လား စတဲ့ ကြိုတင်စိုးရိမ်မှု တွေနဲ့ တစ်နေ့တာမှာခံစားချက်တွေမြိုသိမ့် ရတာတွေများလို့ မွန်းကျပ်မှုတွေပြည့်နှက်နေနိုင်ပါတယ်။ဒီလိုမျိုးအတွေ့အကြုံကို ခံစားရတဲ့ရက်တွေရှိခဲ့ဖူးကြမယ်ထင်တယ်။    မိမိအနေနဲ့အတွေးတ...

Rediscover Yourself And Step Forward With Full Energy. 07.04.2026

လူ့သဘာ၀အရ ဘေးကဘာဖြစ်နေလဲ၊ ဘာပျက်နေလဲဆိုတဲ့အပေါ်မှာ စိတ်၀င်တစားရှိနေကြတာတော့မဆန်းပါဘူး။ ဘယ်သူ တော့ဘာဖြစ်သွားပြီး၊ဘာလုပ်လိုက်ပြီး၊ ဘယ်သွားပြီး ဘာစားလိုက်ပြီးနဲ့ သတင်းတွေကို လိုက်လှန်လောနေမိတာကဖြစ်တတ်တဲ့ အကျင့်တွေပါ။ တွေ့မြင်နေတာတွေကို အားကျမိတယ်၊ ဒါမှမဟုတ် မနာလိုမိတယ်၊မိမိဘ၀နဲ့ တိုင်းတာပြီးအလိုမကျဖြစ်မိတယ်၊ ခံစားရတယ်၊ ငါကတော့ဖြင့် သူတို့လိုဘယ်တော့များဖြစ်မလဲနဲ့ ရင်ထဲမကောင်းတာ၊ ၀မ်းနည်းတာ၊ ယူကျုံးမရဖ...

No One Can Stand High Without Self-Awareness. 06.04.2026

မိမိလက်ရှိရောက်နေတဲ့နေရာဌာန၊လုပ်နေကိုင်နေတဲ့အလုပ်၊ သင်ယူနေတဲ့အရာ စတဲ့အရာတွေဆီ တွန်းပို့ လိုက်တဲ့ နောက်ကွယ် ကကြိုးကိုင်ထားတဲ့အချက်က ‘မိမိကိုယ်ကိုယ် နားလည်သိရှိမှု’ self-awareness ပဲဖြစ်ပါတယ်။ ဒီလိုအသိ တွေမရှိရင် လောကမှာ ရပ်တည်ဖို့တောင်မလွယ်ပါဘူး။အကြောင်းက ဒီလိုနားလည်သိရှိမှု မရှိရင် မိမိက အထိန်းအကွပ်လွတ်သွား ပြီးလုပ်ချင်ရာကို လုပ်နေမိတော့မှာဖြစ်လို့ပါ။                                               ...

Self-awareness Is The Main Key. 05.04.2026

မိမိလက်ရှိရောက်နေတဲ့ဘ၀ အပိုင်းအခြားကိုပြန်ပြီးကြည့်လိုက်ပါ။ ဘယ်နေရာမှာလဲ? ဘာလုပ်ကိုင်နေလဲ? ဘယ်ကိုဦးတည်သွား နေလဲ? ပြီးရင် ဘာကြောင့်မို့လို့ ဒီနေရာကြီးကိုရောက်နေရလဲ? ဒါမျိုးတွေကိုပြန်မေးကြည့်ဖြစ်လား၊မေးကြည့်ပြီးရင်ရော ဘာ အဖြေတွေထွက်လာလဲ?                                                                                                                  ထွက်လာတဲ့အဖြေတွေထဲမှာ ဖြစ်နိုင်ချေတွေက ဒီနေရာကိုငါက...

Some Optimism Can Cause Toxic. 04.04.2026

လူတွေက အကောင်းမြင်ခြင်းကိုကောင်းမွန်တဲ့အရာတစ်ခုလို့ သတ်မှတ်ကြတယ်။ အကောင်းမြင်စိတ်ရှိတဲ့သူတွေဟာ ကောင်း တယ်။အကောင်းမြင်စိတ်ရှိတဲ့သူဟာ ဘယ်နေရာမှာမဆို နေပျော်တယ်ဆိုပြီး တွေးထင်တတ်ကြပါတယ်။ဒါတွေဟာ တကယ်ကော မှန်ရဲ့လား။ ဘယ်လိုအခြေအနေမျိုးမဆို အကောင်းမြင်တာဟာ တကယ်ကော ပျော်ရွှင်စေရရဲ့လား။ အဆင်ပြေစေရဲ့လားဆိုတာ ဟာ မေးခွန်းထုတ်စရာတစ်ခုဖြစ်လာပါတယ်။     အကောင်းမြင်စိတ်ရှိတယ်ဆိုတာနဲ့မကောင်းတဲ့ အရာတွေကို ဘာမှလက်မခံ...

Our Daily Habits, Attitudes Are The Foundation Of Our Future. 03.04.2026

ကျွန်တော်တို့ရဲ့ နိစ္စဓူဝအကျင့်စရိုက်တွေ စိတ်နေစိတ်ထားတွေဟာ ကျွန်တော်တို့ရဲ့ အနာဂတ်အပေါ်မှာ သက်ရောက်မှု များစွာ ရှိပါတယ်။စည်းစနစ်တကျ နဲ့ ပုံမှန်တည်ဆောက်ပြီး လည်ပတ်နေတဲ့သူဟာ အနာဂတ်ဟာ တည်ငြိမ်မှုရှိသလို စည်းစနစ် မရှိပဲ ပရမ်းပတာ လှုပ်ရှားသွားလာနေရင်တော့ ကျွန်တော်တို့ရဲ့ အနာဂတ်ပန်းတိုင်ဟာ တည်ငြိမ်မှုမရှိပဲ အရလှမ်းနိုင်ဖို့ ခဲယဉ်း နေပါလိမ့် မယ်။ကျွန်တော်တို့ရဲ့ နေ့စဉ် အကျင့်စရိုက်တွေ ၊ စိတ်နေစိတ်ထားတွေ...

Some Expectations Can Lead To Success In Life and Some Expectations Can Cause Pain. 02.04.2026

ကိုယ်စေတနာထားရင် ထားသလောက်အဲ့ဒီလူဆီက စေတနာတွေပြန်ရမယ်။ ကိုယ်ချစ်ရင် ချစ်သလောက် အဲ့ဒီလူဆီက အချစ် တွေ ပြန်ရမယ်။ ကိုယ်ကောင်းရင်ကောင်းသလောက် အဲ့ဒီလူဆီက အကောင်းတွေ ပြန်ရမယ်။ လူတွေအပေါ်မှာ ကိုယ်ပေးရင် ပေးသလောက်သူတို့ဆီက ပြန်ရမယ်လို့ လူတော်တော်များများတွက်ကြလိမ့်မယ်လို့ထင်ပါတယ်။အရိုးသားဆုံးဝန်ခံရမယ်ဆိုရင် ကျွန်တော်ကိုယ်တိုင်လည်းတွက်ခဲ့မိပါတယ်။ အဲ့လိုတွက်ခဲ့မိတဲ့အတွက်ဘဝတစ်လျှောက် ကျွန်တော် ပူလောင်ခဲ့ရတာ အ...

The Past Is Irrelevant To The Present And The Future. 01.04.2026

အတိတ်က ကိုယ်ဘာလုပ်ခဲ့သလဲ ၊ကိုယ်ဘယ်လိုလူဖြစ်ခဲ့သလဲ ဆိုတာ ကိုယ်ပဲသိလိမ့်မယ် ။ သေချာတာတော့ အဲ့ဒီအတိတ်တွေကခုချိန်မှာ သိပ်အရေးမပါတော့ဘူး ။ ဒါ့ကြောင့် အတိတ်က မပြည့်ဝမှုတွေကိုနောင်တရမနေပါနဲ့တော့။ အတိတ်က ကိုယ့်ကို မလိုအပ် တော့ဘူး။ ရှေ့လျှောက်ရမဲ့အနာဂတ်ကသာ ကိုယ့်ကိုအလိုရှိနေတာ ။ ကိုယ်ဖြစ်ချင်တဲ့ အိပ်မက်တွေ ၊ ရည်မှန်းချက်တွေကကိုယ့်ကို လိုအပ်နေတာ ။ ဒါ့ကြောင့် မလိုအပ်တဲ့အရာအတွက် ကိုယ့် Energy တွေကို အသုံးမချပ...

Lyt til podcasten ဒီနေ့အတွက်စကား i Replaio

Radio og podcasts i én app - gratis og uden tilmelding. Installer i dag, og gå ikke glip af lanceringen

Hent den på Google Play

Replaio er ikke podcastudgiver; programmernes navne, coverbilleder og lyd tilhører deres ophavsmænd og distribueres via offentlige RSS-feeds.