Burma Podcast Network

ခံစားမှုအက်ဆေးများ

Arts MY ↓ Epizody: 6

အက်ဆေးတွေဆိုတာ စာရေးသူရဲ့ ကျင်လည်နှံ့စပ်ပုံ၊ အတွေ့အကြုံ၊ သဘောတရား၊ အချက်အလက်၊ ခံစားမှု စတာတွေရောယှက်သိုင်းဝိုင်းထားတဲ့အရေးအသားတွေဖြစ်လို့ လွတ်လပ်ကျယ်ပြန့်ပါတယ်။ ပုဂ္ဂလဓိဌာန်တွေဖြစ်တယ်လို့လည်းဆိုနိုင်ပါတယ်။ လက်ဖက်ရည်တစ်ကျိုက်သောက်ရင်း လှိုက်ခနဲဝင်လာတဲ့အတွေးစတွေ၊ ဆူသံညံသံကြားမှာ ကိုယ့်သမာဓိစည်းရိုးထဲကျေနပ်လုံခြုံမှုကိုခံစားရတာတွေ၊ မတောက်တခေါက်တီးမှုတ်ခဲ့ကြတဲ့ တူရိယာနေ့စွဲတွေ၊ ဘဝပေါင်းများစွာနဲ့ဆက်စပ်တဲ့ဖြတ်ဆက်အပိုင်းတွေက အက်ဆေးတွေဖြစ်နိုင်ပါတယ်။ ဒီအက်ဆေးတွေကို သောတာရုံခံစားမှုနဲ့ဆင့်ပွားနိုင်အောင် စာရေးဆရာ MYP ကရေးဖွဲ့ပြောပြပြီး BPN က အသံတွေထည့်ထားပါတယ်။

Určitě navštivte web podcastu a podpořte jeho tvůrce: podcasters.spotify.com

Autor

Burma Podcast Network

Kategorie

Arts

Web podcastu

podcasters.spotify.com

Nejnovější epizoda

26. zář 2026

Kde poslouchat?

Podcasty v aplikaci Replaio Radio Už brzy

Podcasty míří do aplikace už brzy. Nainstaluj si ji teď a jako první uvidíš úplně nový pohled na podcasty

Stáhnout z Google Play Nainstaluj zdarma Android téměř 10 mil. stažení · hodnocení 4,7+ iOS už brzy

Epizody

EP006: ဘေထုပ်တန်း 26.09.2026

ဘေထုပ်တန်း ခံစားမှုအက်ဆေးများ (Episode 6) ဗဟုစုံတဲ့ရန်ကုန်၊ အခုတော့ မှောင်အတိမှာပဲ လူတွေတရုန်းရုန်းနဲ့။ တကယ်လို့ တည်ထားတဲ့ဘုရားတွေရဲ့ အံ့ဖွယ်တွေထဲမှာ အမြဲတမ်းလူစည်ကားခြင်းဆိုတာပါခဲ့ရင် ရန်ကုန်ကိုက အဲ့လိုအံ့ဖွယ်ရှိတဲ့မြို့။ ရေကြည်ရာ မြက်နုရာအမှတ်နဲ့ ရန်ကုန်ရောက်ကြသူတွေဟာ အခက်ခဲဆုံးဖြတ်သန်းပြီးမှ ရေကြည်တစ်ပေါက် သောက်ခွင့်ရတဲ့မြို့။ ကြယ်ငါးလုံးဟိုတယ်အပေါ်ဆုံးထပ်ကနေ လမ်းဘေးပလက်ဖောင်းထိ လောကဓံအစုံရှိရာ...

EP005: လမ်းထိပ်က နတ်ကန္နားပွဲ 18.07.2026

ခံစားမှုအက်ဆေးများ အပိုင်း (၅) လမ်းထိပ်က နတ်ကန္နားပွဲ မြန်မာတွေမှာ ဆိုင်းသံကြားတာနဲ့ မရိုးမရွဖြစ်တတ်တဲ့ ဗီဇဓလေ့ရှိတယ်။ နတ်ဆိုင်း၊ ဗလာဆိုင်း၊ ဇာတ်ဆိုင်း၊ အငြိမ့်ဆိုင်း၊ ရုပ်သေးဆိုင်း ဘာဆိုင်းဖြစ်ဖြစ်အသံကြားတာနဲ့ကို ခေါင်းတပြူပြူ ခြေတစ်လှုပ်လှုပ်ဖြစ်ကြတာပဲ။ မားကတ်တင်းအနေနဲ့လည်း များများစားစားမလိုပါဘူး။ ဆိုင်းတခြိမ့်ခြိမ့်နဲ့ဆို လူက အလျိုလျိုရောက်လာပြီးသား။ အထူးသဖြင့် နတ်ပွဲလိုမျိုး နတ်ဒိုးအယိုင်အမြင...

EP004: ဟိုမီးရာ 02.05.2026

"မိမိတို့ရဲ့ ရည်မှန်းချက်က လွတ်လပ်စွာဖော်ထုတ်ခွင့်နဲ့ အားလုံးလွှမ်းခြုံပါဝင်နိုင်မှုအပေါ် ခြေကုပ်ယူအခြေခံပြီး ဖန်တီးနိုင်စွမ်းရဲ့ ကမ္ဘာကြီးအပေါ် ပြောင်းလဲပုံသွင်းနိုင်မှုစွမ်းအားကို ယုံကြည်ပါတယ်" ဒီစကားဟာ ကမ္ဘာကျော်အစီစဉ်တစ်ခုဖြစ်တဲ့ International Writing Program (IWP) စာမျက်နှာမှာ ဖော်ပြထားတဲ့ ကောက်နုတ်ချက်တစ်ခုပါ။ IWP ဆိုတာ ကမ္ဘာ့စာပေကုလသမဂ္ဂလို့တောင် ထင်ရှားတင်စားကြပါတယ်။ လက်ရှိထိ နို...

EP003: ငွေငန်း၊ ရော့ခ်အင်ရိုးမှသည် အမှတ်တရသင်္ကြန်မိုးသို့ 15.04.2026

သင်္ကြန်တွင်းအထူးထုတ် နောက်တစ်ပုဒ်လာပါပြီ။ အလွမ်းဆိုတာ ဆွေးဆွေးမြေ့မြေ့ရှိလှပေမဲ့ အကြည်ဓါတ်တစ်မျိုးရှိပါတယ်။ အဲ့ဒီအရသာက ခံစားရနှစ်သက်မှုနဲ့ ဆန္ဒမကိုက်ညီမှုနှစ်ခု တွဲဖက်ပါမယ် ထင်ပါတယ်။ သင်္ကြန်အရသာကိုလည်း အလားတူ ရသပေါင်းစုံနဲ့ ချဉ်းကပ်ဆင်နွှဲရ၊ ဖြတ်သန်းရပေမဲ့ သင်္ကြန်ရေတစ်စက် တစ်ခွက်ဟာ စိတ်ကိုအများကြီး ထိခိုက်သက်ရောက်စေနိုင်ပါတယ်။ မိတ်ဆွေဟာ သင်္ကြန်ရေကိုရှောင်တိမ်းတတ်သူတစ်ဦးဖြစ်ပေမဲ့ မတော်တဆရေပက်ခံ...

EP002: သင်္ကြန်တမ်းချင်း 13.04.2026

မဟာသင်္ကြန်ကာလအတွင်းမှာ အပန်းအလွမ်းပြေ အနားယူနားဆင်နိုင်ဖို့ ခံစားမှုအက်ဆေးများထဲက သင်္ကြန်တမ်းချင်းဆိုတဲ့ အက်ဆေးတစ်ပုဒ်ကို BPN က ဖန်တီးထားပါတယ်။ ခေတ်သစ်သင်္ကြန်ရဲ့ အနှစ်သာရအသစ်တွေကို စာရေးဆရာက တစ်ကွက်ချင်း ခံစားနှိုက်ထုတ်ပြထားပါတယ်။ ၆ မိနစ်စွန်းလေးပဲရှိတဲ့ ဒီအပိုင်းဟာ မိတ်ဆွေတို့အားလုံးရဲ့ ရင်အစုံကို စူးစူးရှရှ ထိုးဖောက်ခံစားနိုင်စေလိမ့်မယ်လို့ အာမခံပါတယ်။ သင်္ကြန်ကိုယ်၌ကိုက ခေတ်အဆက်ဆက် ဒဏ္ဍာရီအဟ...

EP001: မှတ်စုဟောင်းထဲက ဗန်ဂိုး ထူးအိမ်သင်သမား 14.02.2026

ခံစားမှုအက်ဆေးများ အပိုင်း (၁) မှတ်စုဟောင်းထဲက ဗန်ဂိုး ထူးအိမ်သင်သမား ရေးဖွဲ့ပြောပြသူ MYP ကမ္ဘာ့အခင်းကျင်းက တစ်နေ့အမျိုးမျိုး မရိုးရတဲ့ အချက်အလက်တွေ၊ လူ့အဖွဲ့အစည်းရဲ့ အရှုပ်တော်ပုံတွေနဲ့ ငြီးငွေနောက်ကျိစရာကောင်းလှပါတယ်။ ခေတ်ရေစီးကိုက ဒီလိုမျိုးဆိုတော့ အလုံးစုံမစီးမျှောနိုင်ရင်တောင် လိုအပ်ချက်အရ လိုက်ပါစီးမျှောကြရတယ်။ ရသပိုင်းဆိုရင်လည်း တစ်ကမ္ဘာလုံးပေါကားရိုက်နေကြတဲ့ အနေအထားပါ။ အဲ့ဒီလိုပေါပေါတွေမျာ...

Poslouchej podcast ခံစားမှုအက်ဆေးများ v Replaio

Rádio a podcasty v jedné aplikaci - zdarma a bez registrace. Nainstaluj si ji ještě dnes a nepropásni premiéru

Stáhnout z Google Play

Replaio není vydavatelem podcastů; názvy pořadů, obálky a audio patří jejich autorům a šíří se přes veřejné RSS kanály