Burma Podcast Network
ခံစားမှုအက်ဆေးများ
အက်ဆေးတွေဆိုတာ စာရေးသူရဲ့ ကျင်လည်နှံ့စပ်ပုံ၊ အတွေ့အကြုံ၊ သဘောတရား၊ အချက်အလက်၊ ခံစားမှု စတာတွေရောယှက်သိုင်းဝိုင်းထားတဲ့အရေးအသားတွေဖြစ်လို့ လွတ်လပ်ကျယ်ပြန့်ပါတယ်။ ပုဂ္ဂလဓိဌာန်တွေဖြစ်တယ်လို့လည်းဆိုနိုင်ပါတယ်။ လက်ဖက်ရည်တစ်ကျိုက်သောက်ရင်း လှိုက်ခနဲဝင်လာတဲ့အတွေးစတွေ၊ ဆူသံညံသံကြားမှာ ကိုယ့်သမာဓိစည်းရိုးထဲကျေနပ်လုံခြုံမှုကိုခံစားရတာတွေ၊ မတောက်တခေါက်တီးမှုတ်ခဲ့ကြတဲ့ တူရိယာနေ့စွဲတွေ၊ ဘဝပေါင်းများစွာနဲ့ဆက်စပ်တဲ့ဖြတ်ဆက်အပိုင်းတွေက အက်ဆေးတွေဖြစ်နိုင်ပါတယ်။ ဒီအက်ဆေးတွေကို သောတာရုံခံစားမှုနဲ့ဆင့်ပွားနိုင်အောင် စာရေးဆရာ MYP ကရေးဖွဲ့ပြောပြပြီး BPN က အသံတွေထည့်ထားပါတယ်။
Author
Burma Podcast Network
Category
Podcast website
Latest episode
May 2, 2026
Where to listen?
Podcasts in the app Replaio Radio Coming soonPodcasts are coming to the app soon. Install now and be the first to see a whole new take on podcasts
Episodes
EP004: ဟိုမီးရာ 02.05.2026 12:08
"မိမိတို့ရဲ့ ရည်မှန်းချက်က လွတ်လပ်စွာဖော်ထုတ်ခွင့်နဲ့ အားလုံးလွှမ်းခြုံပါဝင်နိုင်မှုအပေါ် ခြေကုပ်ယူအခြေခံပြီး ဖန်တီးနိုင်စွမ်းရဲ့ ကမ္ဘာကြီးအပေါ် ပြောင်းလဲပုံသွင်းနိုင်မှုစွမ်းအားကို ယုံကြည်ပါတယ်" ဒီစကားဟာ ကမ္ဘာကျော်အစီစဉ်တစ်ခုဖြစ်တဲ့ International Writing Program (IWP) စာမျက်နှာမှာ ဖော်ပြထားတဲ့ ကောက်နုတ်ချက်တစ်ခုပါ။ IWP ဆိုတာ ကမ္ဘာ့စာပေကုလသမဂ္ဂလို့တောင် ထင်ရှားတင်စားကြပါတယ်။ လက်ရှိထိ နို...
EP003: ငွေငန်း၊ ရော့ခ်အင်ရိုးမှသည် အမှတ်တရသင်္ကြန်မိုးသို့ 15.04.2026 13:35
သင်္ကြန်တွင်းအထူးထုတ် နောက်တစ်ပုဒ်လာပါပြီ။ အလွမ်းဆိုတာ ဆွေးဆွေးမြေ့မြေ့ရှိလှပေမဲ့ အကြည်ဓါတ်တစ်မျိုးရှိပါတယ်။ အဲ့ဒီအရသာက ခံစားရနှစ်သက်မှုနဲ့ ဆန္ဒမကိုက်ညီမှုနှစ်ခု တွဲဖက်ပါမယ် ထင်ပါတယ်။ သင်္ကြန်အရသာကိုလည်း အလားတူ ရသပေါင်းစုံနဲ့ ချဉ်းကပ်ဆင်နွှဲရ၊ ဖြတ်သန်းရပေမဲ့ သင်္ကြန်ရေတစ်စက် တစ်ခွက်ဟာ စိတ်ကိုအများကြီး ထိခိုက်သက်ရောက်စေနိုင်ပါတယ်။ မိတ်ဆွေဟာ သင်္ကြန်ရေကိုရှောင်တိမ်းတတ်သူတစ်ဦးဖြစ်ပေမဲ့ မတော်တဆရေပက်ခံ...
EP002: သင်္ကြန်တမ်းချင်း 13.04.2026 6:42
မဟာသင်္ကြန်ကာလအတွင်းမှာ အပန်းအလွမ်းပြေ အနားယူနားဆင်နိုင်ဖို့ ခံစားမှုအက်ဆေးများထဲက သင်္ကြန်တမ်းချင်းဆိုတဲ့ အက်ဆေးတစ်ပုဒ်ကို BPN က ဖန်တီးထားပါတယ်။ ခေတ်သစ်သင်္ကြန်ရဲ့ အနှစ်သာရအသစ်တွေကို စာရေးဆရာက တစ်ကွက်ချင်း ခံစားနှိုက်ထုတ်ပြထားပါတယ်။ ၆ မိနစ်စွန်းလေးပဲရှိတဲ့ ဒီအပိုင်းဟာ မိတ်ဆွေတို့အားလုံးရဲ့ ရင်အစုံကို စူးစူးရှရှ ထိုးဖောက်ခံစားနိုင်စေလိမ့်မယ်လို့ အာမခံပါတယ်။ သင်္ကြန်ကိုယ်၌ကိုက ခေတ်အဆက်ဆက် ဒဏ္ဍာရီအဟ...
EP001: မှတ်စုဟောင်းထဲက ဗန်ဂိုး ထူးအိမ်သင်သမား 14.02.2026 9:32
ခံစားမှုအက်ဆေးများ အပိုင်း (၁) မှတ်စုဟောင်းထဲက ဗန်ဂိုး ထူးအိမ်သင်သမား ရေးဖွဲ့ပြောပြသူ MYP ကမ္ဘာ့အခင်းကျင်းက တစ်နေ့အမျိုးမျိုး မရိုးရတဲ့ အချက်အလက်တွေ၊ လူ့အဖွဲ့အစည်းရဲ့ အရှုပ်တော်ပုံတွေနဲ့ ငြီးငွေနောက်ကျိစရာကောင်းလှပါတယ်။ ခေတ်ရေစီးကိုက ဒီလိုမျိုးဆိုတော့ အလုံးစုံမစီးမျှောနိုင်ရင်တောင် လိုအပ်ချက်အရ လိုက်ပါစီးမျှောကြရတယ်။ ရသပိုင်းဆိုရင်လည်း တစ်ကမ္ဘာလုံးပေါကားရိုက်နေကြတဲ့ အနေအထားပါ။ အဲ့ဒီလိုပေါပေါတွေမျာ...
Similar podcasts
Replaio is not a podcast publisher; show names, artwork and audio belong to their authors and are distributed through public RSS feeds.