Padamyar FM

ဒီနေ့အတွက်စကား

နေ့စဉ်ဘဝအတွက် စိတ်ခွန်အားပေးမည့် စကားလုံးများနှင့် အတွေးအမြင်များ။

Určitě navštivte web podcastu a podpořte jeho tvůrce: padamyarfm.com.mm

Autor

Padamyar FM

Kategorie

Education

Web podcastu

padamyarfm.com.mm

Nejnovější epizoda

15. říj 2026

Kde poslouchat?

Podcasty v aplikaci Replaio Radio Už brzy

Podcasty míří do aplikace už brzy. Nainstaluj si ji teď a jako první uvidíš úplně nový pohled na podcasty

Stáhnout z Google Play Nainstaluj zdarma Android téměř 10 mil. stažení · hodnocení 4,8 iOS už brzy

Epizody

Be Your Life Blessed. 06.07.2026

သင်ဟာပြိုင်ဘက်ကင်းတယ်ဆိုတာ အမှတ်ရပါ။ အနာဂတ်စီမံခန့်ခွဲမှုလို့ပြောလိုက်ရင်နောက်လာမဲ့ ၃-၅နှစ်တာကို ယခုကာလ ကနေထည့်သွင်းစဥ်းစားရတာကိုဆိုလိုပါတယ်။တစ်နှစ်တာဆိုတဲ့အချိန်ဟာကုန်တာ မြန်ဆန်ပါတယ်။ ကိုယ့်အနေနဲ့ လုပ်စရာတွေ၊ သင်စရာတွေ၊ကိုယ့်အတွက်နဲ့ဘေးကလူတွေအတွက်ပါထည့်သွင်းစဥ်းစားလိုက်တဲ့ အခါအလွန်မှအချိန်တွေဟာ ပိုလျှံနေတယ်လို့ မမြင်နိုင်တော့ပါ။ အနာဂတ်လို့အဝေးကြီးတွေးလိုက်ရင်အကြီးကြီး တွေလုပ်နေရမယ်လို့အထင်မမှား သ...

Always review your life because its too short. 05.07.2026

ကိုယ့်အနေနဲ့ကြီးပွားတိုးတက်ချင်ပေမဲ့မှန်ကန်တဲ့ချဥ်းကပ်မှုတွေ မလုပ်နေဘူး ဆိုရင် နှစ်တွေသာကြာနိုင်ပြီး မှန်းထားသလောက် ဖြစ်လာဖို့ခဲယဥ်းပါတယ်ဆိုတာကို လူတိုင်းသိထားကြပါတယ်။ သို့သော်လည်းတစ်ဖက်မှာအကြောင်းကြောင်းကြောင့် လက် လျှော့ လိုက်မိတာ၊ နေမြဲနေဆဲနေရာမှာပဲ လွယ်လင့်တကူရပ်နေလိုက်တော့တာ မျိုး ဖြစ်နေနိုင်ပါတယ်။ ကိုယ့်အတွက်တစ်ခုခုလုပ်တဲ့အခါကောက်ကာငင်ကာနဲ့ လုပ်ဖို့အခွင့်အရေးမပေးတာ၊ အခြားလူတွေအတွက် မနက်ဖြန်...

Always Separate Work And Personal Life. 04.07.2026

လုပ်ငန်းခွင်မှာအလုပ်လုပ်ကိုင်တဲ့အခါ အရေးအကြီးဆုံး အချက်ကတော့ အလုပ် နဲ့ ကိုယ်ရေး ကိုယ်တာခွဲခြားထားခြင်းပဲ ဖြစ်ပါ တယ်။ အလုပ် နဲ့ ကိုယ်ရေး ကိုယ်တာကို မခွဲခြားထားတဲ့အခါစိတ်ဖိစီးမှုများလာမယ်၊ မိမိရဲ့ စွမ်းဆောင်ရည် ကျလာမယ်၊ မနိုင်ဝန် ထမ်းနေရမယ်။မိမိရဲ့ လုပ်ဖော်ကိုင်ဖက်နဲ့ပဲဖြစ်ဖြစ်၊ အထက်လူကြီးနဲ့ပဲဖြစ်ဖြစ် ပုဂ္ဂိုလ်ရေးအရခင်မင်မှုရှိတဲ့အတွက်ကြောင့် ကိုယ့်ဘက်က အားနာနေရင် ကိုယ်ပဲ ခံစားသွားရပါလိမ့်မယ်။     ...

Self-Acceptance is Lifelong commitment process and journey. 03.07.2026

Self-Acceptance ဆိုတာ မိမိမှာရှိတဲ့ ကောင်းခြင်း၊ဆိုးခြင်း၊ အားနည်းချက်၊အားသာချက်၊ ရုပ်ရည်ပုံပန်းသဏ္ဍန်၊ ကိုယ်ရေကိုယ် သွေးစတဲ့အချင်းအရာတွေအပေါ် ကြိုဆိုလက်ခံတတ်ခြင်းနဲ့ သက်တောင့်သက်သာ ရှိနေခြင်းဟုဆိုလိုခြင်းဖြစ်တယ်။ နားဆင်သူ တွေရော Self-Acceptanceနဲ့ပတ်သက်လာရင်ဘယ်လိုနားလည်ခံယူထားလဲ?မိမိအနေနဲ့ Self-Acceptance ရဖို့ဘယ်အရာတွေကတားဆီးနေလဲ? အမှတ် (၁-၁၀) ပေးရရင် မိမိရဲ့ Self-Acceptance level ဘယ်လောက်ရှိနေပ...

When pettiness consumes life, many negative consequences are experienced. 02.07.2026

သိမ်ငယ် စိတ် ဆိုတာသည် လူတိုင်းနီးပါးကြုံတွေ့ရတဲ့အရာတစ်ခုဖြစ်ပါတယ်။ အကြောင်းအမျိုးမျိုးကြောင့် သိမ်ငယ်စိတ်ကိုခံစားရတတ်ပါတယ်။ ဥပမာ ငယ်ရွယ်စဥ်က လူကြီးတစ်ယောက်ယောက်က ကိုယ့်ကို အခြားသူများနဲ့နှိုင်းယှဥ်ပြီး ကိုယ့်ကို သူ့ရဲ့ ခြေဖျားတောင် မမှီဘူးဆိုပြီး လိုက်နှိုင်းယှဥ်လွန်းတဲ့အခါမှာလည်းသိမ်ငယ်စိတ်က တဖြည်းဖြည်း ခိုအောင်းလာတတ်ပါတယ်။ တဖြည်းဖြည်းနဲ့ အချိန်ကြာလာတဲ့အခါသိမ်ငယ်စိတ်က တဖြည်းဖြည်း ကြီးထွားလာပြီး ဘ...

Difficulties in life make you stronger. 01.07.2026

အခက်ခဲတွေ ၊ ပြဿနာတွေကို ဘယ်သူမှ မလိုချင်ကြပါဘူး။ ဒါပေမဲ့လဲ မတွေ့ချင်လို့ ရှောင်နေလို့ရတဲ့အထဲမှာ အခက်နဲ့ ပြဿနာ တွေက မပါဘူး ။ကိုယ်တိုင် မကျူးလွန်ရင်တောင်မှ မထင်မှတ်ပဲ ရောက်လာတဲ့အခက်ခဲတွေ ၊ ရှောင်နေရင်းကတမင်ဝင်တိုးလာတဲ့ ပြဿနာတွေဟာ နေ့စဉ်နဲ့အမျှကြုံနေရဦးမှာပဲ။                                                                                                            အခက်ခဲတွေဟာ ဘယ်နေရာကိုရောက်ရောက် တွေ...

Try To Accept The Changes Lightly. 01.07.2026

နေ့စဉ် စိတ်လက်ပေါ့ပါးချင်ရင်ကိုယ့်အတွေးတွေကိုလည်း ပေါ့ပေါ့ပါးပါး တွေးတတ်ဖို့လိုပါတယ်။ ကြုံတွေ့ရတဲ့ အခြေနေ ၊ကြားရတဲ့ စကား အားလုံးကို ရင်ထဲထည့်ပြီး ခံစားနေလို့ မရပါဘူး။ တချို့သော အရာတွေကိုမသိသလိုနေပြီး ၊ တချို့သော စကားများကို မကြားသလိုသာ သဘောထားတတ်ဖို့ လိုပါတယ်။အားလုံးကို အလေးနက်ထားပြီး လိုက်ခံစားနေရင် ကိုယ်ပဲ ပင်ပန်းရပါလိမ့်မယ်။                                                                       ...

If there are people who comfort you, who always listen to you with interest and kindness, be sure to appreciate it. 30.06.2026

တစ်စုံတစ်ယောက်ရဲ့ နေ့စဉ်ဘဝကို စိတ်ဝင်တစားနားထောင်ပေးတတ်ခြင်းဟာလည်း နွေးထွေးစေတဲ့ ချစ်ခြင်းမေတ္တာ တစ်မျိုးပဲ။ မနက်မိုးလင်းကစလို့ညအိပ်ယာဝင်တဲ့အထိ ဒီနေ့ ဘာတွေလုပ်တယ်၊ ဒီနေ့ ဘယ်တွေသွားတယ်၊ ဘယ်သူကတော့ ကိုယ့်ကိုဘယ် လိုပြောတယ်၊ ရာသီဥတု ကြည်လင်တာကစလို့၊ ညနက်သန်းခေါင်တွေမှာအထီးကျန်ရကြောင်းအထိ ကိုယ့်ဘဝ ရဲ့ ပျော်ရွှင်မှုတွေ၊ ဝမ်းနည်းမှုတွေကိုမျှဝေနားထောင်ပေးမယ့်သူတွေရှိတာ ဘာနဲ့မှ အစားထိုးလို့ မရနိုင်တဲ့ကံကော...

Free yourself from the feelings that tire you and give yourself freedom. 29.06.2026

ကျွန်တော်တို့ရဲ့ စိတ်ခံစားချက်တွေကအင်အားကြီးပါတယ်။ ကောင်းမွန်တဲ့ခံစားချက်က စိတ်ငြိမ်းချမ်းမှုတွေပေးနိုင်ပြီးမကောင်းတဲ့ ခံစားချက်တွေက တော့ စိတ်ဒဏ်ရာအမျိုးမျိုးပေးနိုင်ပါတယ်။ ကျွန်တော်တို့ရဲ့နေ့စဉ်ဘဝမှာစိတ်အနှောင့်ယှက် တွေ၊ စိတ်ရှုပ်စရာ တွေက နေ့စဉ်လိုလိုကြုံရတတ်ပါတယ်။ ဥပမာ -တစ်ခါတလေမှာ မနက်မိုးလင်းက တည်းက စိတ်မကြည်တဲ့ အခါ တစ်နေ့လုံး အဆင်မပြေတာ၊ကိစ္စတစ်ခုအပေါ်ဖြစ်တဲ့ ဒေါသစိတ်ကနောက်ကိစ္စတွေမှာပါ ဆက်သွ...

Falling in love with someone is not scary, but not being able to get out of a wrong relationship is scary. 28.06.2026

အချစ်က ပျော်စရာပဲ ဖြစ်သင့်တယ်။ ဆယ်ကျော်သက်အရွယ်မှာလူတိုင်းက မှားယွင်းစွာ ချစ်ခဲ့ဖူးကြတယ် ။ ကိုယ့်အပေါ် မကောင်း တဲ့သူ ၊ကိုယ့်ကိုဆက်တိုက် နာကျင်စေတဲ့သူကို ချစ်ခဲ့မိတာမျိုးပေါ့ ။ ကိုယ်တိုင်လဲအဲ့ဒီလိုပဲ ။ နောက်ဆုံး ကိုယ့်ကိုကိုယ် ပြန်ရှာမ တွေ့တော့တဲ့အထိ ၊ဘာတန်ဖိုးမှမရှိအောင် တွယ်ကပ်မိတဲ့အထိပဲ။ အချစ်က နာကျင်စေတတ် မှန်းသိခဲ့တာအဲ့ဒီအချိန်ကပေါ့ ။ သူခေါ်ရင်ပျော်တယ် ၊ သူပစ်ထားရင် ငိုတယ်။လူတစ်ယောက်ကိုအလွန်ကျ...

Being forced to cling to a situation with a low percentage to be comfortable is not compatible with mental health. 27.06.2026

တွေဝေရခက်တဲ့ ဆက်ဆံရေးထဲပိတ်မိနေတဲ့အခါဒီအချက်လေးကို သေချာတွေးကြည့်ပါ။ ကိုယ်က ဒီလူတစ်ယောက်ကို စွန့်လွှတ်ရမလား။ ဆက်ပြီး ဖမ်းဆုပ်ထားသင့်သေးလားဆိုတဲ့ အတွေးမျိုးနဲ့နာကျင်ရတဲ့အခြေနေမျိုးမှာ ဆိုပါတော့။ ဒီအခြေနေကို ဘာကြောင့်ရောက်လာခဲ့သလဲအဖြေရှာကြည့်ရင် ပြဿနာတွေ ခဏခဏဖြစ်ပြီး ဒီဆက်ဆံရေးဟာ Toxic ဖြစ်လာပြီ လို့ ထင်လို့ပဲ မဟုတ်လား။ ဒါဆို ဘာ့ကြောင့် လက်လွှတ်ဖို့ခက်ခဲနေရသေးလဲ ။ သေချာတာတော့ သူ့အပေါ်ထားတဲ့ ကိုယ့်ရဲ...

In Order To Succeed, We Need To Move Forward With The Right Steps. 26.06.2026

ဒီနေ့မှာ အောင်မြင်နေသူတွေကို ကြည့်လိုက်ပါ။ အကုန်လုံးက နေ့ချင်းညချင်းလွယ်လွယ်ကူကူ အောင်မြင်လာကြတာ မဟုတ်ပါ ဘူး။ ၎င်းတို့ရဲ့ အောင်မြင်မှုနောက်ကွယ်မှာပေးဆပ်ခဲ့ရတဲ့ အရာတွေ ရှိပါတယ်။ လူတိုင်းက အောင်မြင်တိုးတက် ချင်တယ်ဆိုတာ အသေအချာပါပဲ။ သို့သော်လည်း လူတိုင်းကအောင်မြင်နေတာ မဟုတ်တာကို တွေ့ရမှာပါ။ သတ်မှတ်ထားတဲ့ ပန်းတိုင်တွေ၊အောင်မြင်မှုတွေ ရယူပိုင်ဆိုင်ချင်တယ်ဆိုရင် အောင်မြင်ဖို့ဆိုရင် မှန်ကန်သောခြေလှမ်းနဲ့...

Emphasize Self-Discipline. 25.06.2026

Self-Discipline လို့ သုံးနှုန်းကြတဲ့ မိမိကိုယ်ကို စည်ကမ်းရှိခြင်းကလူတိုင်းအတွက် လိုအပ်တဲ့ အရာတစ်ခုဖြစ်ပါတယ်။ မိမိ ကိုယ် ကိုယ်စည်းကမ်းရှိခြင်းဆိုတာ ကဏ္ဍအလိုက်အဓိပ္ပါယ်အမျိုးမျိုး သတ်မှတ်နိုင်သော်လည်း ယေဘုယျအားဖြင့်တော့ မိမိရဲ့ အတွေးအခေါ်၊ အပြုအမူနဲ့ ကိုယ့်ရဲ့ ခံစားချက်များကို ကိုယ်တိုင်ထိန်းချုပ်နိုင်တဲ့ စွမ်းရည်တစ်ခုပဲ ဖြစ်ပါတယ်။                                     ကိုယ်လုပ်ချင်တဲ့ အရာတွေ ထက် ကိုယ...

Just Sit And Never Get In Front Of Others. 24.06.2026

အခုလက်ရှိမှာမိမိအမှန်တကယ်လိုချင်တဲ့နေရာကို ရောက်ရှိနေပါသလား။ကြိုးစားအားထုတ်မှုတွေ၊အချိန်ကိုကောင်းကောင်း အသုံးချမှုပေါ် မူတည်ပြီး လူတွေရဲ့ဘဝအခြေအနေတွေက ကွာခြားသွားပါတယ်။ လူတိုင်း တိုးတတ်အောင်မြင်တဲ့သူ ဖြစ်ချင် ကြတာချည်းပါပဲ။ လက်ရှိမှာအောင်မြင်နေတဲ့သူတွေကထိုက်တန်တဲ့အားထုတ်မှုတွေ ရှိခဲ့ပါတယ်။ ဘယ်လောက်ပဲ အောင် မြင် တိုးတတ်ချင်ပါတယ် ပြောပြောလက်တွေ့ကြိုးစားအားထုတ်မှုမရှိဘဲ ထိုင်နေရင်တော့ ဘယ်တော့ မှ ရှေ့...

The More You Refuse To Accept, The More You Have To Survive In The Midst of Pain. 23.06.2026

ပြောင်းလဲလို့မရတာကိုလက်ခံလိုက်ပါ။ ထိန်းချုပ်လို့မရတာကို လက်ခံလိုက်ပါ။ အခြေအနေအမှန်ကို လက်ခံလိုက်ပါ။ လက်ခံ လိုက်ပါ ဆိုတဲ့ စကားလေးကသာ လွယ်ကူရိုးရှင်းပြီးအကောင်းဆုံးအဖြေတွေဆီ ခေါ်ဆောင် သွားနိုင်တာမှန်ပေမယ့် လည်း တကယ့်တကယ်ကိုယ်တိုင်ကိုယ်ကျ ပါဝင်ပတ်သက်နေတဲ့အခြေ အနေတွေအပေါ် လက်ခံနိုင်ဖို့ဆိုရာမှာတော့ ဖြတ်သန်းရတဲ့လူ အတွက် ခက်ခဲလွန်း လှပါတယ်။                                                                ...

Without good communication, you can’t coorperate with others. 22.06.2026

လူမှုဆက်ဆံရေး ကောင်းခြင်း မကောင်းခြင်းသည်အလုပ်အကိုင် ပေါ်မှာ များစွာ အကျိုးသက်ရောက်မှု ရှိပါတယ်။ လူမှု ဆက်ဆံ ရေးမကောင်းဘူး၊ အသင်းအဖွဲ့ စိတ်ဓာတ်လည်း မရှိဘူးဆိုရင်တော့ ဘယ်သူကမှ အတူတူ လက်တွဲ ပြီးအလုပ်လုပ်ချင်မှာ မဟုတ်ပါဘူး။                                                                                                                             အဆက်အသွယ်ကောင်းဆိုတာကတော့ Visiting Card လေး လဲလှယ်လိုက်...

Value True Friends. 21.06.2026

သူငယ်ချင်း ဆိုတာ ကျွန်တော်တို့ဘဝမှာဒုတိယမိသားစုဝင်တွေလို့ ပြောရင်မှားနိုင်မယ် မထင်ပါဘူး။ သူငယ်ချင်း တွေ အများကြီးရှိတာထက် ကိုယ့်အကြောင်းကို ကောင်းကောင်းနားလည်ပြီး ဘေးမှာ ဘဝရဲ့အနိမ့်အမြင့်အတက်အကျ အလိုက်အမြဲအတူ ရှိနေ နိုင်တဲ့ သူငယ်ချင်းကောင်းတွေအချို့ ရှိရင်ပဲကံကောင်းတယ်လို့ ပြောလို့ ရပါပြီ။ အောင်မြင်ချိန်မှာ ရင်ထဲကနေ လှိုက်လှိုက် လှဲလှဲဝမ်းသာဂုဏ်ယူပေးနိုင်သူ ၊ လဲပြိုချိန်မှာ ကမ်းပေးမယ့် လက်စုံဖြစ်န...

Replace a lazy mind with diligent mind. Don’t Waste time. 20.06.2026

အခြားသူတွေထက် ခြေတစ်လှမ်း သာ ချင်တယ်ဆိုရင် ဘာတွေပြုလုပ်ဖို့ လိုမလဲဆိုတာ သိပြီးပါပြီ လား။ များများစားစားတော့ မလိုအပ်ပါဘူး။  အရင်ဆုံးပျင်းရိတတ်တဲ့ စိတ်ကို လုံ့လ ဝီရိယ စိုက် ထုတ်တတ်တဲ့ စိတ်နဲ့ အစားထိုးပါ။အောင်မြင်နေတဲ့ လူ အများစုကို ကြည့်လိုက်မယ်ဆိုရင် သူတို့ ဟာ သူတို့လိုချင်တဲ့အရာ ကို မရ မချင်း တစိုက်မတ်မတ်နဲ့ ဇွဲ ရှိရှိ လုပ်တတ်ကြပါတယ်။အောင်မြင် ဖို့အတွက် ယတြာ တွေ ထိုင်လုပ်နေကြတဲ့အစား သူတို့သည် ဝီရိ...

The roots need to be watered to keep the leaves and flowers blooming. 19.06.2026

ကိုယ့်ကိုယ်ကိုယုံကြည်မှု မြင့်မားလာစေဖို့ဘာလုပ်ရမလဲ? Self-confidence ဆိုတဲ့ကိုယ့်ကိုယ်ကိုယုံကြည်မှု က ဘဝမှာ ထင်ထား တာထက် အရေးပါကြောင်း ကို ကြုံခဲ့ရတဲ့အကြိမ်တွေ အများကြီး ရှိပါတယ်။ လူကြီးသူမတွေ ဆုပေးကြတဲ့ “သူများနဲ့ပြိုင် နိုင် ပါစေ၊ သူများနဲ့ပြော ချောပါစေ” ဆိုတာမျိုးကိုခဏခဏကြားဖူးပါလိမ့်မယ်။ အဲဒီလို ပြိုင်တဲ့အခါနိုင်ဖို၊ ပြောတဲ့အခါ ချောမွေ့ဖို့ ဆိုရင်ကိုယ့်ကိုယ်ကိုယုံကြည်မှုက ရာခိုင်နှုန်းတွေ အမျာ...

Review your past relationship. You have to carefully reflect on what lessons You have learned from this. 18.06.2026

မမျှော်လင့်ပဲ Relationship တစ်ခုရပ်တန့်သွားတာဟာ ဘဝမှာ အရမ်းကို ဆိုးဝါးပြီး နာကျင်မှုတွေ ခံစားကြရတဲ့အချိန်အခါလို့ ပြောလို့ ရသလို ဘဝမှာ တကယ့်ကို စိန်ခေါ်မှု Challenge တွေနဲ့ ပြည့်နှက်နေတဲ့ အချိန်အခါတွေလို့ ပြောရင်လဲ မမှားပါဘူး။ ဒါပေမဲ့ဒီအတွေ့အကြုံကနေ ကိုယ့်ကိုယ်ကို ပြန်လည် ရှာဖွေ Self-Discovery လုပ်ဖို့အချိန်ကောင်း တစ်ခုလို့  ပြောလို့တော့ရပါတယ်။                                                       ...

In order to heal and move on from broken relationships, it takes time and effort to get out of this situation. 17.06.2026

မမျှော်လင့်ပဲ Relationship တစ်ခုရပ်တန့်သွားတာဟာ ဘဝမှာ အရမ်းကို ဆိုးဝါးပြီး နာကျင်မှုတွေ ခံစားကြရတဲ့အချိန်အခါလို့ ပြောလို့ ရသလို ဘဝမှာ တကယ့်ကို စိန်ခေါ်မှု Challenge တွေနဲ့ ပြည့်နှက်နေတဲ့ အချိန်အခါတွေလို့ ပြောရင်လဲ မမှားပါဘူး။ ဒါပေမဲ့ဒီအတွေ့အကြုံကနေ ကိုယ့်ကိုယ်ကို ပြန်လည် ရှာဖွေ Self-Discovery လုပ်ဖို့အချိန်ကောင်း တစ်ခုလို့  ပြောလို့တော့ ရပါတယ်။                                                      ...

Self love is too broad. 16.06.2026

လူတွေက ကိုယ့်ကိုယ်ကို အချစ်ဆုံးလို့ ထင်တတ်ကြတယ်။ ဒါပေမယ့်နည်းမှန်လမ်းမှန်နဲ့ ကိုယ့်ကိုယ်ကို ဘယ်လို ချစ်ရမယ်ဆိုတာ သေသေချာချာ မသိကြပါဘူး။ ကိုယ့်ကိုယ်ကိုချစ်ခြင်း 𝗦𝗲𝗹𝗳 𝗟𝗼𝘃𝗲 ဆိုတာ အများကြီးကျယ်ပြန့်လွန်းပါတယ်။                       ကိုယ့်ကိုယ်ကိုချစ်တာက အလွယ်လေး ဆိုပြီး အပေါ်ယံ လွယ်လွယ်ကူကူ ပြောတာမျိုး မဟုတ်ပဲ မိမိရဲ့ ရုပ်ပိုင်းဆိုင်ရာရော စိတ်ပိုင်းဆိုင်ရာ ကောင်းကျိုးတွေကိုပါ သေသေချာချာဂရုစိုက်ပြီး မိ...

How you love yourself is the same as teaching others how to love you. 15.06.2026

ကိုယ့်ကိုယ်ကို တန်ဖိုးရှိအောင် နေပါ။ ကိုယ့်ကိုယ်ကိုသေသေချာချာ ချစ်တတ်အောင် သင်ယူပါ ဆိုတဲ့ စကားတွေက အလကား မဟုတ်ပါဘူး။ လူတွေက တန်ဖိုးရှိတဲ့ပစ္စည်းဆိုရင် ပိုလိုချင်ကြတယ်။ တန်ဖိုးရှိတဲ့ ပစ္စည်းတွေဆိုရင် သေသေချာချာ တယုတယသုံးတယ်။ ထားတယ်။ စောင့်ရှောက်တယ်။ အစွန်းအထင်းအပွန်းအပဲ့ မခံချင်ဘူး။ အခြားလူလဲ လာထိလို့ မရဘူး။ တသသနဲ့။ တန်ဖိုးမရှိတဲ့အရာတွေဆိုရင်တော့ ဟိုနားထား၊ ဒီနားထား၊ ဖုန်တတ် ချင်တတ်၊ လွတ်ကျ ချင်ကျပ...

Don't worry too much about the uncertain future. Also, don't get stuck in the trap of the past. 14.06.2026

မိမိကိုယ် မိမိချစ်ခြင်း၊ ဂရုစိုက်ခြင်း Self – Love, Self-Care လုပ်ဖို့အတွက်ဆိုလျှင် ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေးအတွက် လိုအပ် ရင် လိုအပ်သလို စိတ်ရောကိုယ်ပါ အနားယူပေးပါ။ လုံလောက် ပြည့်ဝတဲ့ အိပ်စက်မှုမျိုး ရှိပါစေ။ ကျန်းမာရေးအတွက် လေ့ ကျင့်ခန်း တစ်ခုခုလုပ်ပါ။ အာဟာရ ပြည့်ဝသော အစားအစာများကို အချိန်မှန် စားပါ။ ယောဂကျင့်တာမျိုး၊ Breath Work အသက်ရှုလေ့ကျင့်ခန်း တွေ လုပ်တာမျိုး တွေလဲ လုပ်လို့ရပါတယ်။       ...

Your Health, Happiness is actually mainly related to yourself. 13.06.2026

ကျန်းမာပျော်ရွှင်တဲ့ လူနေမှုဘဝဆိုတာကိုဘယ်လိုအဓိပ္ပာယ်ဖွင့်ဆိုကြမလဲ။ ငွေတွေအများကြီးရှိရင်ကော တကယ်ပျော်ရွှင်ရရဲ့ လား။ကျန်းမာရေးကောင်းရင်ကော တကယ်ပျော်ရွှင်ရရဲ့လား။ ကိုယ့်ရဲ့ကျန်းမာပျော်ရွှင်မှုဟာဘယ်အပေါ်မှာ အမှီပြုနေပါသလဲ။ တကယ်တမ်းကော ကျန်းမာပျော်ရွှင်တဲ့ လူနေမှုဘဝတစ်ခုကိုရနိုင်ရဲ့လား။      လူတစ်ယောက်ဟာ ကိုယ့်ရဲ့ ကျန်းမာခြင်း ၊ ပျော်ရွှင်ခြင်းဟာ တကယ်တမ်းမှာကိုယ်နဲ့ပဲ အဓိက သက်ဆိုင်နေပါတယ်။ ခက်ခဲတဲ့ အ...

Poslouchej podcast ဒီနေ့အတွက်စကား v Replaio

Rádio a podcasty v jedné aplikaci - zdarma a bez registrace. Nainstaluj si ji ještě dnes a nepropásni premiéru

Stáhnout z Google Play

Replaio není vydavatelem podcastů; názvy pořadů, obálky a audio patří jejich autorům a šíří se přes veřejné RSS kanály